Malay Athan

Malay Athan မလေးရှား၊ ထိုင်း၊ စင်ကာပူ​ရောက် မြန်မာ​ရွှေ့​ပြောင်းသတင်းများ

မိန့်ခွန်းတည်းဖြတ်ပြီး ထုတ်လွှင့်မှုကြောင့် BBC ကို တရားစွဲမယ်လို့ ဒေါ်နယ်ထရမ့် ခြိမ်းခြောက်မလေးအသံနိုဝင်ဘာလ ၁၆ ရက် မှတ်...
16/11/2025

မိန့်ခွန်းတည်းဖြတ်ပြီး ထုတ်လွှင့်မှုကြောင့် BBC ကို တရားစွဲမယ်လို့ ဒေါ်နယ်ထရမ့် ခြိမ်းခြောက်

မလေးအသံ

နိုဝင်ဘာလ ၁၆ ရက်

မှတ်တမ်းအစီအစဉ်တစ်ခုမှာ တည်းဖြတ်ထားတဲ့ မိန့်ခွန်းတစ်ခု ထုတ်လွှင့်မှုနဲ့ပတ်သက်လို့ လာ မယ့်အပတ်မှာ ဗြိတိန်သတင်းဌာန BBC ကို အရေးယူမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောပါတယ်။

“လာမယ့်သီတင်းပတ်မှာ ဒေါ်လာ ၁ ဘီလီယံနဲ့ ၅ ဘီလီယံကြား နစ်နာကြေးတောင်းဆိုဖို့ BBC သ တင်းဌာနကို ကျွန်တော်တို့ တရားစွဲဆိုမှာဖြစ်ပါတယ်” လို့ ဒေါ်နယ်ထရမ့်က သောကြာနေ့မှာ Air Force One လေယာဉ်ပေါ်မှာ ပြောပါတယ်။

အဆိုပါကိစ္စနဲ့ပတ်သက်လို့ လာမယ့်အပတ်မှာ ဗြိတိန်ဝန်ကြီးချုပ် ကီယာစတန်မာကို ဖုန်းခေါ်ဆိုမယ်လို့ သူက ဆိုပါတယ်။

ဒေါ်နယ်ထရမ့်ရဲ့ မိန့်ခွန်းတစ်ပိုင်းတစ်စမှာ ၂၀၂၁ ခုနှစ် Capitol Hill အဓိကရုဏ်းအဖြစ် ခေါ်ဆိုခဲ့ တယ်ဆိုတဲ့ ထင်မြင်ယူဆချက်ဖြစ်အောင် ဆက်ထားတယ်လို့ ဗြိတိန်သတင်းစာတစ်စောင်က အစောပိုင်းမှာ ဖော်ပြခဲ့ပါတယ်။

တည်းဖြတ်ထားတဲ့ ဒေါ်နယ်ထရမ့်ရဲ့မိန့်ခွန်းကို ပြီးခဲ့တဲ့နှစ်က BBC အစီအစဉ်တစ်ခုမှာ ထုတ်လွှင့် ခဲ့တာပါ။

ဒေါ်နယ်ထရမ့်ရဲ့ရှေ့နေတွေဟာ BBC သတင်းဌာနသို့ စာတစ်စောင် ပေးပို့ကာ မိန့်ခွန်းထုတ်လွှင့်တဲ့ အစီအစဉ်ကို ပြန်ရုတ်သိမ်းဖို့၊ တောင်းပန်ဖို့နဲ့ သင့်တော်တဲ့ လျော်ကြေးပေးဖို့ တောင်းဆိုခဲ့ပါတယ်။

BBC သတင်းဌာနက ကြာသပတေးနေ့မှာ ကြေညာချက်တစ်ရပ် ထုတ်ပြန်ကာ မိန့်ခွန်းတည်းဖြတ်မှုအတွက် တောင်းပန်ခဲ့ကြောင်း အိမ်ဖြူတော်သို့ စာတစ်စောင် ပေးပို့ခဲ့တယ်လို့ ပြောပါတယ်။

“အသရေဖျက်မှုဆိုတဲ့ ပြောဆိုချက်ကို ကျွန်တော်တို့ လုံးဝ သဘောမတူပါဘူး” လို့ BBC သတင်း ဌာနရဲ့ ထုတ်ပြန်ချက်က ဖော်ပြပါတယ်။

Ref; NHK

ထိုင်ဝမ်သို့ ဒေါ်လာ သန်း ၃၃၀ တန်ကြေးရှိ စစ်လက်နက်တွေ ရောင်းချဖို့ အမေရိကန် အတည်ပြုမလေးအသံနိုဝင်ဘာလ ၁၆ ရက် ထိုင်ဝမ်သို့ ဒ...
16/11/2025

ထိုင်ဝမ်သို့ ဒေါ်လာ သန်း ၃၃၀ တန်ကြေးရှိ စစ်လက်နက်တွေ ရောင်းချဖို့ အမေရိကန် အတည်ပြု

မလေးအသံ

နိုဝင်ဘာလ ၁၆ ရက်

ထိုင်ဝမ်သို့ ဒေါ်လာ သန်း ၃၃၀ တန်ကြေးရှိ စစ်လက်နက်တွေရောင်းချမယ်လို့ အမေရိကန်နိုင်ငံက ကြေညာလိုက်ပါတယ်။

ဇန်နဝါရီလအတွင်း ဒေါ်နယ်ထရမ့် သမ္မတအဖြစ် တာဝန်ယူပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ထိုင်ဝမ်သို့ စစ်လက်နက်ရောင်းချမှု ဖြစ်လာမှာပါ။

ထိုင်ဝမ်သို့ရောင်းချမယ့် စစ်လက်နက်တွေထဲမှာ F-16 ဂျက်တိုက်လေယာဉ်တွေ၊ C-130 စစ် ဘက် သယ်ယူပို့ဆောင်ရေးလေယာဉ်တွေရဲ့ အစိတ်အပိုင်းတွေ၊ နည်းပညာနဲ့ ထောက်ပံ့ပို့ဆောင်ရေး အကူအညီတွေ ပါဝင်တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

စစ်လက်နက်ရောင်းချမှုကြောင့် ထိုင်ဝမ်ဟာ လက်ရှိနဲ့ အနာဂတ် ခြိမ်းခြောက်မှုတွေ ရင်ဆိုင်နိုင်မယ့်စွမ်းရည် တိုးတက်လာမယ်လို့ ပင်တဂွန်က ပြောပါတယ်။

ထိုင်ဝမ်က အမေရိကန်နိုင်ငံရဲ့ ကြေညာချက်ကို ကြိုဆိုခဲ့ပြီး ယခုလုပ်ဆောင်ချက်ဟာ ထိုင်ဝမ်ရဲ့ လုံခြုံရေးအတွက် အမေရိကန်ရဲ့ ကတိကဝတ်ကို ခိုင်မာစွာ စောင့်ထိန်းမှုဖြစ်တယ်လို့ ကြေညာချက်တစ်ခုအတွင်း ပြောပါတယ်။

တရုတ်နိုင်ငံကမူ အမေရိကန်ရဲ့ ကြေညာချက်ကို ပြတ်သားစွာ တုံ့ပြန်ခဲ့ပြီး ထိုင်ဝမ်မေးခွန်းဟာ တရုတ်-အမေရိကန် ဆက်ဆံရေးမှာ စည်းမကျော်ရမယ့် ပထမဆုံး အနီရောင်မျဉ်းဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လင်ကျင်းက ပြောပါတယ်။

“အမေရိကန်က ထိုင်ဝမ်ကို စစ်လက်နက်ရောင်းချဖို့ ကြေညာတာဟာ တရုတ်ရဲ့ အချုပ်အခြာ အာဏာနဲ့ လုံခြုံရေး ချိုးဖောက်မှုဖြစ်ပြီး ထိုင်ဝမ် ခွဲထွက်ရေးတပ်ဖွဲ့အတွက် မှားယွင်းတဲ့ အချက်ပြမှု ဖြစ်ပါတယ်။ အမေရိကန်ရဲ့ ကြေညာချက်ကို တရုတ်က အပြင်းအထန် ဆန့်ကျင်ပါတယ်” လို့ ၎င်းက ဆို ပါတယ်။

Ref; NHK

ဂျပန်က ထိုင်ဝမ်အရေး ဝင်စွက်ဖက်ရင် စိစိညက်ကြေအောင် ချေမှုန်းခံရမယ်လို့ တရုတ်စစ်တပ် ပြောမလေးအသံနိုဝင်ဘာလ ၁၆ ရက် ဂျပန်နိုင်...
16/11/2025

ဂျပန်က ထိုင်ဝမ်အရေး ဝင်စွက်ဖက်ရင် စိစိညက်ကြေအောင် ချေမှုန်းခံရမယ်လို့ တရုတ်စစ်တပ် ပြော

မလေးအသံ

နိုဝင်ဘာလ ၁၆ ရက်

ဂျပန်နိုင်ငံက ထိုင်ဝမ်အရေးမှာ ဝင်စွက်ဖက်ဖို့ တပ်ဖွဲ့အင်အားသုံးဖို့ ကြိုးစားရင် စိစိညက်ကြေအောင် ချေမှုန်းခံရမယ်လို့ တရုတ် ကာကွယ်ရေးဝန်ကြီးဌာနက သောကြာနေ့မှာ ပြောပါတယ်။

ဂျပန်ဝန်ကြီးချုပ် ဆာနေးတာကိုင်ချိရဲ့ ထိုင်ဝမ်အရေး မှတ်ချက်စကားကြောင့် တရုတ်နဲ့ တင်းမာမှုတွေ ဖြစ်စေခဲ့ပါတယ်။ တရုတ်က ထိုင်ဝမ်ကို တိုက်ခိုက်ရင် ဂျပန်က စစ်ရေးအရ လက်တုံ့ပြန်မယ်လို့ ဆာနေးက ပြီးခဲ့တဲ့အပတ် လွှတ်တော်မှာ ပြောဆိုခဲ့တာပါ။

အိုဆာကာမြို့ရှိ ဂျပန် ထိပ်တန်းသံတမန်တစ်ဉီးက တာကာချိရဲ့ ထိုင်ဝမ်အရေးနဲ့ပတ်သက်လို့ မှတ်ချက်စကားပါတဲ့သတင်းကို လူမှုကွန်ရက် X မှာ မျှဝေကာ ဂျပန်ဝန်ကြီးချုပ်ကို ခေါင်းဖြတ်သင့်တယ်လို့ မှတ်ချက်ရေးခဲ့ရာ ပေကျင်းမြို့ရှိ ဂျပန်သံရုံးက တရုတ် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဆွန်ဝေဒေါင်ထံ ကန့်ကွက်ခဲ့ပါတယ်။

ဂျပန်ဝန်ကြီးချုပ် တာကိုင်ချိရဲ့ စကားလုံးတွေဟာ အလွန်အမင်း တာဝန်မဲ့ပြီး အန္တရာယ်များတယ်လို့ တရုတ် ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျင်ဘင်က ပြောပါတယ်။

“ဂျပန်နိုင်ငံက အတိတ်ကနေ သင်ခန်းစာမယူပဲ ထိုင်ဝမ်အရေးမှာ ဝင်စွက်ဖက်ဖို့ အင်အားသုံးရဲရင် တရုတ်စစ်တပ်ရဲ့ စိစိညက်ကြေအောင် ချေမှုန်းတာခံရမှာဖြစ်ပြီး တန်ဖိုးကြီးကြီး ပေးရပါလိမ့်မယ်” လို့ ၎င်းက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။

တရုတ်ဆန့်ကျင်ရေး မြင့်တက်လာမှုကို စိုးရိမ်တာကြောင့် အပြင်ထွက်တာ ရှောင်ကြဉ်ကြဖို့ တိုကျိုမြို့ရှိ တရုတ်သံရုံးက ဝန်ထမ်းတွေကို ညွှန်ကြားထားပါတယ်။

တွေ့ဆုံဆွေးနွေးမှုမှတစ်ဆင့် ငြိမ်းချမ်းသော အဖြေရှာဖို့ ဂျပန်က မျှော်လင့်ကြောင်း ဂျပန်အစိုးရ ပြောရေးဆိုခွင့်ရှိသူ မီနိုရူကီဟာရာက ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ဂျပန်ရဲ့ ထိုင်ဝမ်အရေး ရပ်တည်ချက်အား သတင်းထောက်တွေကို ပြောပါတယ်။

တရုတ်နိုင်ငံဟာ မကြာသေးမီက ထိုင်ဝမ် လွတ်လပ်ရေး ခွဲထွက်ရေးသမားတွေအပေါ် တိုက်ခိုက်မှုတွေ အရှိန်မြှင့်လာခဲ့ပါတယ်။

ဒီသီတင်းပတ်အတွင်း ဂျာမနီသို့ သွားရောက်ခဲ့တဲ့ အာဏာရ DPP မှ လွှတ်တော်အမတ် ပူးမားချန် ကို တရုတ် ထိုင်ဝမ်ရေးရာရုံးက ဝေဖန်ခဲ့ပါတယ်။

ပြည်ပရောက်ရင် ဖမ်းဆီးခံရမယ်လို့ တရုတ်က ခြိမ်းခြောက်နေပေမယ့် သူက မကြောက်ဘူးလို့ ပူးမားချန်က ပြောပါတယ်။

ခွဲထွက်ရေးဝါဒ လုပ်ဆောင်တဲ့ ထိုင်ဝမ်မှ လူမှုကွန်ရက် ထင်ပေါ်ကျော်ကြားသူနှစ်ဉီးအတွက် ဒေါ်လာ ၃၅၀၀၀ ချီးမြှင့်မယ်လို့ တရုတ်ရဲတပ်ဖွဲ့က ဖမ်းဝရမ်းထုတ်ကာ ဆုကြေးထုတ်ခဲ့ပါတယ်။

Ref; The Asahi Shimbun

15/11/2025
ဆော်ဒီအာရေးဘီးယားသို့ F-35 ကိုယ်ပျောက် ဂျက်တိုက်လေယာဉ်တွေ ရောင်းချဖို့ ဒေါ်နယ်ထရမ့် စဉ်းစားမလေးအသံနိုဝင်ဘာလ ၁၅ ရက် ဆော်ဒ...
15/11/2025

ဆော်ဒီအာရေးဘီးယားသို့ F-35 ကိုယ်ပျောက် ဂျက်တိုက်လေယာဉ်တွေ ရောင်းချဖို့ ဒေါ်နယ်ထရမ့် စဉ်းစား

မလေးအသံ

နိုဝင်ဘာလ ၁၅ ရက်

ဆော်ဒီအာရေးဘီးယားနိုင်ငံသို့ လော့ဟိမာတင်ကုမ္ပဏီထုတ် F-35 ကိုယ်ပျောက် ဂျက်တိုက်လေယာဉ်တွေ ရောင်းချမယ့် စာချုပ်တစ်ရပ်ကို သဘောတူညီဖို့ စဉ်းစားနေတယ်လို့ အမေရိကန်သမ္မတ ဒေါ် နယ်ထရမ့်က ပြောပါတယ်။

“ဆော်ဒီအာရေးဘီးယားနိုင်ငံက ဂျက်တိုက်လေယာဉ် အများအပြား ဝယ်ယူလိုပါတယ်” လို့ ဒေါ် နယ်ထရမ့်က Air Force One လေယာဉ်ပေါ်မှာ သတင်းထောက်တွေကို ပြောပါတယ်။

“ဆော်ဒီအာရေးဘီးယားနိုင်ငံကို F-35 ကိုယ်ပျောက် ဂျက်တိုက်လေယာဉ်တွေ ရောင်းချဖို့ ကျွန် တော် စဉ်းစားနေပါတယ်။ ဆော်ဒီအာရေးဘီးယားနိုင်ငံက ဂျက်တိုက်လေယာဉ် အများအပြား ဝယ်ယူလိုပါတယ်” လို့ သူက ဆိုပါတယ်။

လာမယ့်အပတ်မှာ ဒေါ်နယ်ထရမ့်က အိမ်ဖြူတော်မှာ ဆော်ဒီ အိမ်ရှေ့စံမင်းသား မိုဟာမက် ဆော်လ်မန်ကို လက်ခံတွေ့ဆုံကာ စီးပွားရေးနဲ့ ကာကွယ်ရေးဆိုင်ရာ သဘောတူညီချက်တွေ လက်မှတ်ရေးထိုးဖို့ စီစဉ်နေချိန်မှာ သူက အခုလို မှတ်ချက်ပြုတာပါ။

အစ္စရေးနဲ့ မူဆလင်တိုင်းပြည်တွေကြား ဆက်ဆံရေး ပုံမှန်ဖြစ်စေမယ့် အေဘရာဟမ်စာချုပ်မှာ ဆော်ဒီအာရေးဘီးယားနိုင်ငံက မကြာမီ ပူးပေါင်းဖို့ မျှော်လင့်တယ်လို့ ၎င်းက ဆက်ပြောပါတယ်။

အဆိုပါအစီအစဉ်ဟာ ပါလက်စတိုင်းနိုင်ငံတော် လမ်းညွှန်မြေပုံအတွက် သဘောတူညီမှုကို ပျက်ကွက်စေတယ်လို့ဆိုကာ ဆော်ဒီအာရေးဘီးယားနိုင်ငံက ပယ်ချခဲ့ပါတယ်။

ဆော်ဒီအာရေးဘီးယားသို့ F-35 ကိုယ်ပျောက် ဂျက်တိုက်လေယာဉ်တွေ ရောင်းချနိုင်တာကို စိုးရိမ်မိကြောင်း ပင်တဂွန် ထောက်လှမ်းရေး အစီရင်ခံစာတစ်စောင်က ဖော်ပြခဲ့ပါတယ်။

ဆော်ဒီအာရေးဘီးယားသို့ F-35 ကိုယ်ပျောက် ဂျက်တိုက်လေယာဉ်တွေ ရောင်းချမယ့်အစီအစဉ် ရှေ့ဆက်ပါက တရုတ်နိုင်ငံက အဆိုပါလေယာဉ်နည်းပညာ ရရှိသွားနိုင်တယ်လို့ နယူးယောက်တိုင်းမ်သတင်းစာက ဖော်ပြပါတယ်။

Ref; Reuters

နေတိုးအဖွဲ့က ရိုမေးနီးယားမှာ စစ်ရေးလေ့ကျင့်မလေးအသံနိုဝင်ဘာလ ၁၅ ရက် နေတိုးအဖွဲ့ဝင်နိုင်ငံတွေဟာ အရှေ့ပိုင်းစစ်နယ်ဝန်းမှာ အ...
15/11/2025

နေတိုးအဖွဲ့က ရိုမေးနီးယားမှာ စစ်ရေးလေ့ကျင့်

မလေးအသံ

နိုဝင်ဘာလ ၁၅ ရက်

နေတိုးအဖွဲ့ဝင်နိုင်ငံတွေဟာ အရှေ့ပိုင်းစစ်နယ်ဝန်းမှာ အင်အားဖြည့်တင်းဖို့ ကြာသပတေးနေ့က ရိုမေးနီးယားနိုင်ငံမှာ ပမာဏကြီးမားသော စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

တပ်ဖွဲ့များ ပြန်လည်စုဖွဲ့ရေးရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် အမေရိကန်နိုင်ငံက ဥရောပအရှေ့ပိုင်းမှာ တပ်စွဲထားတဲ့တပ်ဖွဲ့တွေကို လျှော့ချနေစဉ် ယခုလို စစ်ရေးလေ့ကျင့်မှု ပြုလုပ်တာပါ။

ရိုမေးနီးယားနိုင်ငံမှာ အမေရိကန်တပ်ဖွဲ့နဲ့အတူ ပြင်သစ်၊ စပိန်၊ ဘယ်လ်ဂျီယမ်နဲ့ လူဇင်ဘတ်ဂ်မှ တပ်ဖွဲ့ဝင် ၁၅၀၀ တပ်စွဲထားပါတယ်။

ပဋိပက္ခတစ်ခုဖြစ်ပါက တပ်ဖွဲ့ဝင် ၅၀၀၀ အထိ မြန်ဆန်စွာ စေလွှတ်ဖို့ရည်ရွယ်ကာ နိုင်ငံ ၁၀ ခုက စစ်ရေးလေ့ကျင့်မှုမှာ ပါဝင်ခဲ့တာပါ။

ကင်းထောက်ဒရုန်းတွေ၊ ရဟတ်ယာဉ်၊ တင့်ကားတွေသုံးပြီး စစ်ရေး လေ့ကျင့်ခဲ့ပြီး အမေရိကန် တပ်ဖွဲ့က လေကြောင်းပံ့ပိုးမှု ပြုလုပ်ပေးခဲ့ပါတယ်။

ရုရှားက ယူကရိန်းကို ကျူးကျော်ပြီးနောက်ပိုင်း အမေရိကန်နိုင်ငံဟာ ရိုမေးနီးယားနိုင်ငံမှာ တပ်မဟာတစ်ခု အလှည့်ကျ စေလွှတ်ခဲ့ပါတယ်။

ကမ္ဘာတစ်ဝှမ်း တပ်ဖွဲ့တွေ ဖြန့်ကြက်မှုကို ပြန်လည်သုံးသပ်နေတာကြောင့် ရိုမေးနီးယားရှိ တပ်မဟာကို အင်အားလျှော့ချမယ်လို့ အမေရိကန်နိုင်ငံက ပြီးခဲ့တဲ့လအတွင်း ပြောကြားခဲ့ပါတယ်။

ဥရောပနိုင်ငံတွေက မဟာမိတ်ပြုမှု အခန်းကဏ္ဍ အရှိန်မြှင့်နိုင်တယ်လို့ ရိုမေးနီးယား နိုင်ငံခြား ရေးဝန်ကြီး Oana Toiu က ပြောပါတယ်။

ရိုမေးနီးယားနဲ့ ဥရောပဟာ နေတိုးအဖွဲ့အတွင်း အင်အားပိုကြီးလာပြီး ဥရောပမဏ္ဍိုင်ကို ထောက်ခံသူတွေလို့ သူက ဆိုပါတယ်။

ဒေသတွင်း ကာကွယ်ရေးမှာ ပိုမို လုပ်ဆောင်ကြဖို့ အမေရိကန်နိုင်ငံက ဥရောပ နေတိုးအဖွဲ့ဝင် တွေကို တိုက်တွန်းနေပါတယ်။

Ref; NHK

ယူကရိန်းသို့ ဒေါ်လာ သန်း ၅၀၀ စစ်ရေးအကူအညီပေးဖို့ နောဒစ်နဲ့ ဘောလ်တစ်နိုင်ငံတွေ ကတိပြုမလေးအသံနိုဝင်ဘာလ ၁၅ ရက် ယူကရိန်းသို့...
15/11/2025

ယူကရိန်းသို့ ဒေါ်လာ သန်း ၅၀၀ စစ်ရေးအကူအညီပေးဖို့ နောဒစ်နဲ့ ဘောလ်တစ်နိုင်ငံတွေ ကတိပြု

မလေးအသံ

နိုဝင်ဘာလ ၁၅ ရက်

ယူကရိန်းသို့ စစ်ရေးအကူအညီ ဒေါ်လာ သန်း ၅၀၀ ပူးပေါင်းကူညီဖို့ နောဒစ်နဲ့ ဘောလ်တစ်နိုင်ငံများမှ ကာကွယ်ရေးဝန်ကြီးတွေနဲ့ အိုက်စလန် နိုင်ငံခြားရေးဝန်ကြီးတို့က ကြာသပတေးနေ့မှာ ကြေညာခဲ့ပါတယ်။

ဟယ်လ်ဆင်ကီးမြို့တော်မှာ တွေ့ဆုံပြီးနောက် ဒိန်းမတ်၊ အက်စတိုနီးယား၊ လတ်ဗီးယား၊ လစ်သူယေးနီးယား၊ နော်ဝေမှ ကာကွယ်ရေးဝန်ကြီးတွေနဲ့ အိုက်စလန် နိုင်ငံခြားရေးဝန်ကြီးတွေဟာ ပူးတွဲ ကြေညာချက်တစ်ရပ် ထုတ်ပြန်ကာ ယူကရိန်းလုံခြုံရေးဟာ ဉရောပလုံခြုံရေးအတွက် အခြေခံကျတယ်လို့ ပြောပါတယ်။

“ယူကရိန်းရဲ့ အချုပ်အခြာအာဏာနဲ့ ပြည်သူတွေရဲ့ မျှော်မှန်းချက်တွေကို အပြည့်အဝ လေးစားသမှုရှိပြီး တာရှည်ခံသော ငြိမ်းချမ်းရေးရရှိဖို့ လုပ်ဆောင်နေပါတယ်” လို့ ထုတ်ပြန်ချက်က ဖော်ပြပါတယ်။

အနာဂတ်မှာ ရုရှားရဲ့ ကျူးကျော်မှုကို ခုခံနိုင်ရေး ရေရှည် စစ်ရေးအကူအညီတွေ ထောက်ပံ့ပေးဖို့လည်း ဝန်ကြီးတွေက ကတိပြုခဲ့တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

ယူကရိန်းနိုင်ငံအတွက် အမေရိကန်ထုတ် စစ်လက်နက်တွေ ဝယ်ယူနိုင်ဖို့ ဉီးစားပေး ယူကရိန်း လိုအပ်ချက်စာရင်း (PURL) အရ ဒေါ်လာ သန်း ၅၀၀ ထောက်ပံ့ကြောင်း ထုတ်ပြန်ချက်က ပြောပါတယ်။

ယခုအကူအညီဟာ ရုရှားရဲ့ ကျူးကျော်မှုကို ခုခံကာကွယ်နေတဲ့ ယူကရိန်းသို့ တိုက်ရိုက် ပေးအပ်မှာဖြစ်ပြီး နောဒစ်နဲ့ ဘောလ်တစ်နိုင်ငံတွေက ယူကရိန်းသို့ ဆက်လက်ပံ့ပိုးတဲ့ နည်းလမ်းတွေထဲက တစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။

“ယူကရိန်းရဲ့လုံခြုံရေးဟာ ကျွန်တော်တို့လုံခြုံရေးနဲ့ တိုက်ရိုက် ဆက်စပ်နေပါတယ်။ ရုရှားကျူးကျော်စစ် အောင်မြင်လို့ မရပါဘူး” လို့ အဆိုပါဝန်ကြီးတွေက ပြောပါတယ်။

Ref: Anadolu

ဂျပန်ဝန်ကြီးချုပ်ရဲ့ ထိုင်ဝမ်အရေး မှတ်ချက်စကား ပြန်မရုတ်သိမ်းရင် အကျိုးဆက်အားလုံး တာဝန်ယူရမယ်လို့ တရုတ် သတိပေးမလေးအသံနို...
14/11/2025

ဂျပန်ဝန်ကြီးချုပ်ရဲ့ ထိုင်ဝမ်အရေး မှတ်ချက်စကား ပြန်မရုတ်သိမ်းရင် အကျိုးဆက်အားလုံး တာဝန်ယူရမယ်လို့ တရုတ် သတိပေး

မလေးအသံ

နိုဝင်ဘာလ ၁၄ ရက်

ထိုင်ဝမ်နဲ့ပတ်သက်တဲ့ ဆိုးရွားသောမှတ်ချက်စကားကို ပြန်ရုတ်သိမ်းဖို့ တရုတ် နိုင်ငံခြားရေးဝန် ကြီးဌာနက ဂျပန်ဝန်ကြီးချုပ် ဆာနေးတာကိုင်ချိကို တောင်းဆိုခဲ့ပြီး မှတ်ချက်အတွက် အကျိုးဆက်အားလုံးကို ဂျပန်က တာဝန်ယူရမယ်လို့ သတိပေးလိုက်ပါတယ်။

တရုတ်က ထိုင်ဝမ်ကို တိုက်ခိုက်ရင် ဂျပန်က စစ်ရေးအရ တုံ့ပြန်နိုင်တယ်လို့ ဆာနေးက ပြီးခဲ့တဲ့အပတ်အတွင်း လွှတ်တော်မှာ မှတ်ချက်ပြုခဲ့ရာ တရုတ်နဲ့ သံတမန်ရေးအရ တင်းမာမှုတွေ ဖြစ်ခဲ့ပါတယ်။

ဆာနေးရဲ့မှတ်ချက်ဟာ တရုတ်ပြည်တွင်းရေးမှာ စွက်ဖက်မှုတစ်ခုဖြစ်ပြီး နှစ်နိုင်ငံဆက်ဆံရေးအတွက် ကြီးမားသော ထိုးနှက်ချက်တစ်ခုလို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ လင်ကျင်းက ပေကျင်းမြို့မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

“ဂျပန်က ထိုင်ဝမ်အရေးမှာ စစ်ရေးအရ ဝင်စွက်ဖက်ရဲရင် တရုတ်က ပြတ်ပြတ်သားသား ပြန်လည်တိုက်ခိုက်သွားမယ်” လို့ သူက ဆိုပါတယ်။

ဂျပန်ဝန်ကြီးချုပ် ဆာနေးဟာ ပြဿနာရှာသူတစ်ဉီးဖြစ်ပြီး စည်းမထားဘဲ ဆက်လက်ပြီး ပြောဆိုပါက တန်ဖိုးကြီးကြီး ပေးဆပ်ရမယ်လို့ တရုတ်နိုင်ငံပိုင် ရုပ်သံဌာန CCTV က ဖော်ပြပါတယ်။

ဆာနေးရဲ့ မှတ်ချက်နဲ့ပတ်သက်တဲ့ သတင်းတစ်ပုဒ်ကို မျှဝေကာ ‘ညစ်ပတ်သောခေါင်းကို ဖြတ်သင့်တယ်” လို့ မှတ်ချက်ရေးခဲ့သူ အိုဆာကာမြို့ရှိ တရုတ်ကောင်စစ်ဝန်ချုပ် Xue Jian ကို နှင်ထုတ်ဖို့ ဂျပန် အကြီးတန်း နိုင်ငံရေးသမားတွေက တောင်းဆိုခဲ့ပါတယ်။

ဂျပန်-တရုတ် ဆက်ဆံရေးကို တိုက်ရိုက် မထိခိုက်စေတဲ့ သင့်တော်သော အရေးယူမှု လုပ်ဆောင်ဖို့ တရုတ်ကို ဂျပန်က တိုက်တွန်းမည်ဖြစ်ကြောင်း ဂျပန် နိုင်ငံခြားရေးဝန်ကြီး တိုရှီမစ်ဆုမိုတီဂီက ပြောပါတယ်။

Ref; Reuters

လုံခြုံရေး သဘောတူညီချက်သစ် လက်မှတ်ထိုးဖို့ သြစတြေးလျနဲ့ အင်ဒိုနီးရှား သဘောတူမလေးအသံနိုဝင်ဘာလ ၁၄ ရက်           သြစတြေးလျန...
14/11/2025

လုံခြုံရေး သဘောတူညီချက်သစ် လက်မှတ်ထိုးဖို့ သြစတြေးလျနဲ့ အင်ဒိုနီးရှား သဘောတူ

မလေးအသံ

နိုဝင်ဘာလ ၁၄ ရက်

သြစတြေးလျနဲ့ အင်ဒိုနီးရှားနိုင်ငံမှ ခေါင်းဆောင်တွေဟာ ဗုဒ္ဓဟူးနေ့က ဆစ်ဒနီမြို့တော်မှာ ဆွေး နွေးမှုတွေ ပြုလုပ်ပြီးနောက် ပိုမိုနီးကပ်သော စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ပါဝင်တဲ့ လုံခြုံရေး စာချုပ်သစ်တစ်ခုကို လက်မှတ်ရေးထိုးဖို့ သဘောတူလိုက်ပါတယ်။

အာရှ-ပစိဖိတ်ဒေသမှာ တရုတ်အင်အားကြီးမားလာမှုကို ဟန့်တားမှုအဖြစ် သြစတြေးလျဟာ ကာလရှည်မဟာမိတ် အမေရိကန်နဲ့ ဆက်ဆံရေး တိုးမြှင့်ခဲ့သလို စစ်အင်အား တိုးမြှင့်လျက်ရှိပါတယ်။

နှစ်နိုင်ငံကြား လုံခြုံရေးဆိုင်ရာ သဘောတူညီချက်သစ်တစ်ရပ် ဆွေးနွေးညှိနှိုင်းမှုတွေ ပြီးစီးပြီလို့ ဆစ်ဒနီမြို့တော်ရှိ ရေတပ်အခြေစိုက်စခန်းတစ်ခုမှာ အင်ဒိုနီးရှားသမ္မတ ပရာဘိုဝိုဆူဘီဘန်တိုနဲ့အတူ သြစတြေးလျဝန်ကြီးချုပ် အန်ထော်နီအယ်လ်ဘာနိစ်က ပြောပါတယ်။

“ဒီစာချုပ်ဟာ ငြိမ်းချမ်းရေးနဲ့တည်ငြိမ်မှု ရရှိစေဖို့ အကောင်းဆုံးနည်းလမ်းဆိုတာ နှစ်နိုင်ငံစလုံးရဲ့ အသိအမှတ်ပြုမှုတစ်ရပ် ဖြစ်ပါတယ်” လို့ အယ်လ်ဘာနိစ်က သတင်းထောက်တွေကို ပြောပါတယ်။

သဘောတူညီချက်သစ်ကို လက်မှတ်ရေးထိုးနိုင်ရေး လာမယ့်နှစ်မှာ အင်ဒိုနီးရှားသို့ လာရောက်ဖို့ မျှော်လင့်တယ်လို့ ၎င်းက ဆက်ပြောပါတယ်။

၂၀၂၄ ခုနှစ် သဘောတူညီချက်ကို လက်မှတ်ရေးထိုးပြီးနောက် နှစ်နိုင်ငံစလုံးမှ ထောင်ချီတဲ့ တပ်ဖွဲ့ဝင်တွေဟာ ဂျာဗားအရှေ့ပိုင်းမှာ ပူးတွဲ စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

သဘောတူညီချက်သစ်အရ နှစ်နိုင်ငံစလုံးက လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေကို ခေါင်းဆောင် သို့မဟုတ် ဝန်ကြီးအဆင့်မှာ ပုံမှန် တွေ့ဆုံဆွေးနွေးရမယ်လို့ အယ်လ်ဘာနိစ်က ဆိုပါတယ်။

သဘောတူညီချက်သစ်အရ နှစ်နိုင်ငံစလုံးဟာ ကာကွယ်ရေးနဲ့ လုံခြုံရေးနယ်ပယ်မှာ နီးကပ်သော ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ရမယ်လို့ ပရာဘိုဝိုက ပြောပါတယ်။

“အင်ဒိုနီးရှားလို နိုင်ငံတွေဟာ အိမ်နီးချင်းတွေကို ရွေးချယ်လို့ မရပါဘူး။ အိမ်နီးချင်းကောင်းတွေဟာ ခက်ခဲတဲ့အချိန်တွေမှာ အပြန်အလှန် ကူညီကြပါတယ်” လို့ ပရာဘိုဝိုက ဆက်ပြောပါတယ်။

အာရှ-ပစိဖိတ်ဒေသဟာ တရုတ်နဲ့ အမေရိကန်ကြား ပြိုင်ဆိုင်ရာနေရာဖြစ်တာကြောင့် သြစတြေးလျက အင်ဒိုနီးရှားနဲ့ နီးကပ်သောဆက်ဆံရေးဖြစ်လာဖို့ မျှော်လင့်နေပါတယ်။

Ref; AFP

ကျားဖြန့်နဲ့ပတ်သက်မှုကြောင့် DKBA အဖွဲ့နဲ့ ခေါင်းဆောင်လေးဉီးကို အမေရိကန် ဒဏ်ခတ်ပိတ်ဆို့မလေးအသံနိုဝင်ဘာလ ၁၄ ရက် ထိန်းချုပ...
14/11/2025

ကျားဖြန့်နဲ့ပတ်သက်မှုကြောင့် DKBA အဖွဲ့နဲ့ ခေါင်းဆောင်လေးဉီးကို အမေရိကန် ဒဏ်ခတ်ပိတ်ဆို့

မလေးအသံ

နိုဝင်ဘာလ ၁၄ ရက်

ထိန်းချုပ်နယ်မြေမှ အမေရိကန်ပြည်သူတွေကို ပစ်မှတ်ထားတဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကို ပံ့ပိုးကူညီမှုကြောင့် အမေရိကန်နိုင်ငံက ဗုဒ္ဓဟူးနေ့မှာ ကရင်လက်နက်ကိုင်အဖွဲ့တစ်ခုအပေါ် ငွေကြေးဆိုင်ရာ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြုလုပ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်တွေအတွင်း အရှေ့တောင်အာရှဒေသရှိ ဆိုက်ဘာရာဇဝတ်ဂိုဏ်းတွေဟာ ထောင်ချီတဲ့ လူတွေကို လူကုန်ကူးကာ မြန်မာနိုင်ငံတွင်းမှာ အများစုတည်ရှိတဲ့ ကျားဖြန့်လုပ်ငန်းတွေက အဓမ္မ ခိုင်းစေခဲ့ပါတယ်။

ကျားဖြန့်လုပ်ငန်းတွေကို အမေရိကန်နိုင်ငံရဲ့ နောက်ဆုံးအကြိမ် ဒဏ်ခတ် ပိတ်ဆို့မှုဟာ DKBA အဖွဲ့နဲ့ ခေါင်းဆောင်လေးဉီး၊ တရုတ်ရာဇဝတ်ဂိုဏ်းနဲ့ပတ်သက်တဲ့ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေကို ရည်ရွယ်တာလို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ပြောပါတယ်။

“မြန်မာနိုင်ငံပြင်ပရှိ ရာဇဝတ်ဂိုဏ်းတွေဟာ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေမှတစ်ဆင့် အမေရိကန်ပြည်သူတွေထံကနေ ဒေါ်လာဘီလီယံချီ ခိုးယူနေပါတယ်” လို့ အမေရိကန် အကြမ်းဖက်မှုနှင့် ဘဏ္ဍာရေး ထောက်လှမ်းရေးဆိုင်ရာ လက်ထောက်ဝန်ကြီး ဂျွန်ဟာလေက ပြောပါတယ်။

ကျားဖြန့်ကွန်ရက်တွေဟာ လူကုန်ကူးနေပြီး မြန်မာပြည်တွင်းစစ်ကို အားပေးနေကြောင်း၊ အမေရိကန်ပြည်သူတွေကို ကာကွယ်ပေးဖို့ ကျားဖြန့်လုပ်ငန်းတွေ မည်သည့်နေရာမှာရှိသည်ဖြစ်စေ အမေရိကန်အစိုးရက အရေးယူမှာဖြစ်ကြောင်း ၎င်းက ဆိုပါတယ်။

Ref; Reuters

ကန် လေယာဉ်တင်သင်္ဘော ကာရစ်ဘီယံဒေသ ရောက်လာလို့ ဗင်နီဇွဲလားက တပ်လှုန့်ထားမလေးအသံနိုဝင်ဘာလ ၁၃ ရက် အမေရိကန် လေယာဉ်တင်သင်္ဘော...
13/11/2025

ကန် လေယာဉ်တင်သင်္ဘော ကာရစ်ဘီယံဒေသ ရောက်လာလို့ ဗင်နီဇွဲလားက တပ်လှုန့်ထား

မလေးအသံ

နိုဝင်ဘာလ ၁၃ ရက်

အမေရိကန် လေယာဉ်တင်သင်္ဘောတစ်စင်း ကာရစ်ဘီယံဒေသသို့ ဆိုက်ရောက်လာခဲ့ရာ ဗင်နီဇွဲလားနိုင်ငံဝန်းကျင်မှာ တင်းမာမှုတွေ မြင့်တက်လာခဲ့ပါတယ်။

မူးယစ်မှောင်ခိုရေယာဉ်တွေကို တိုက်ခိုက်ဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က စက်တင်ဘာလကတည်းက အမိန့်ပေးခဲ့တာပါ။

ပမာဏများပြားသော မူးယစ်ဆေးဝါးတွေကို ဗင်နီဇွဲလားလိုတိုင်းပြည်များမှ အမေရိကန်နိုင်ငံသို့ မှောင်ခိုကူးနေတယ်လို့ သူက ပြောကြားခဲ့ပါတယ်။

မူးယစ်ဆေး မှောင်ခိုကူးမှုတိုက်ဖျက်ဖို့ မြေပြင် ထိုးစစ်ဆင်မှု လုပ်ဆောင်ဖွယ်ရှိတယ်လို့ ဒေါ်နယ်ထရမ့်က ဆိုပါတယ်။

ကမ္ဘာ့အကြီးဆုံး လေယာဉ်တင်သင်္ဘော USS Gerald R. Ford ဉီးဆောင်တဲ့ တိုက်ခိုက်ရေး သင်္ဘောအုပ်စုဟာ လက်တင်အမေရိကနဲ့ ကာရစ်ဘီယံဒေသပါဝင်တဲ့ အမေရိကန် တောင်ပိုင်းကွပ်ကဲမှုဌာနချုပ်ဧရိယာထဲ ဝင်လာခဲ့ပြီလို့ အမေရိကန်ရေတပ်က အင်္ဂါနေ့မှာ ကြေညာခဲ့ပါတယ်။

တိုက်ခိုက်ရေးသင်္ဘောအုပ်စုမှာ တိုမာဟော့ခ်ဒုံးကျည်တွေ တပ်ဆင်ထားတဲ့ ဖျက်သင်္ဘောတွေ ပါဝင်တယ်လို့ အမေရိကန်မီဒီယာတွေက ဖော်ပြပါတယ်။

အဆိုပါစစ်သင်္ဘောတွေရဲ့ ပစ်ခတ်နိုင်စွမ်းဟာ မူးယစ်ဆေး မှောင်ခိုကူးရာမှာ အသုံးပြုတဲ့ လှေငယ်တွေကို တိုက်ခိုက်နိုင်တာထက် ပိုတယ်လို့ သတင်းတွေက ဆိုပါတယ်။

ဗင်နီဇွဲလားနိုင်ငံကလည်း အင်္ဂါနေ့မှာ စစ်ရေးလေ့ကျင့်မှုတွေ စတင်ခဲ့ပါတယ်။ ဗင်နီဇွဲလား ကာကွယ်ရေးဝန်ကြီး ဗလာဒီမာပက်ဒရီနိုက အမေရိကန်အစိုးရကို ဝေဖန်ခဲ့ပြီး ကမ္ဘာမှာ ဗိုလ်ကျလိုတဲ့ အမေရိကန်နိုင်ငံရဲ့ ရည်ရွယ်ချက်ကို တစ်ကမ္ဘာလုံးက တစ်ညီတစ်ညွတ်တည်း ကန့်ကွက်ကြတယ်လို့ ပြောပါ တယ်။

ရွေ့လျားပစ်စင်တွေပေါ်ရှိ ဒုံးကျည်တွေကို စစ်ဆေးနေတဲ့ ကာကွယ်ရေးဝန်ကြီးနဲ့ အခြား တာဝန်ရှိသူတွေရဲ့ ရုပ်သံဖိုင်တွေကို ဗင်နီဇွဲလား နိုင်ငံပိုင်ရုပ်သံလွှင့်ဌာနက ဖော်ပြခဲ့ပါတယ်။

Ref; NHK

Address

Kuala Lumpur

Website

Alerts

Be the first to know and let us send you an email when Malay Athan posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Malay Athan:

Share