27/06/2025
1. အမေရိကန်အစိုးရ အပါအဝင် နိုင်ငံတကာအစိုးရများ၏ ထောက်ခံ၊ အားပေးပံ့ပိုးမှုများပိုမိုရရှိစေရန်။ To gain support from international GOVs and Communities including the U.S.A
2. နွေဦးတော်လှန်ရေးအောင်မြင်ရန် ပြည်ပရောက် မြန်မာပြည်ဖွား တိုင်းရင်းသားများ၏ အခန်းကဏ္ဍသည် အလွန်အရေးကြီးကြောင်း၊ အထူးသဖြင့် (တိုက်တွန်းနှိုးဆော် အသိပညာပေးလုပ်ငန်း (Advocacy) နှင့် အမေရိကန်ပြည်ထောင်စု၏ ဥပဒေပြုရေးလုပ်ငန်းစဉ်များတွင် မြန်မာ့အရေးနှင့်ပတ်သက်၍ ဆွေးနွေးညှိနှိုင်းမှုများ၊ ထိရောက်သည့်ဆံုးဖြတ်ချက်များပြုလုပ်လာနိုင်စေရန် အခွန်ပေးဆောင်နေသူ နိုင်ငံသားများအနေဖြင့် တိုက်တွန်းနှိုးဆော်ရန်မှာ အရေးကြီးပါသောကြောင့် မြန်မာနွယ်ဖွား အမေရိကန်နိုင်ငံသား တိုင်းရင်းသားများအားလုံး ပူးပေါင်းပါဝင်မှုသည် အလွန်အရေးပါကြောင်း အသိပေးတိုက်တွန်း လှုံ့ဆော်စည်းရုံးရန်။
3. (Advocacy) လုပ်ငန်းစဉ်များ၊ (Policy Coordination) မူဝါဒရေးရာ ညှိနှိုင်းဆောင်ရွက်ခြင်းများအပါအဝင် သံတမန်ရေးရာလုပ်ငန်းများကို လုပ်ဆောင်နေကြသည့် တစ်သီးပုဂ္ဂလများ၊ အဖွဲ့အစည်းများအကြား အချင်းချင်း ပိုမိုထိတွေ့ ညှိုနှိုင်းဆောင်ရွက်နိုင်ရန်။(To Gain more coordinations among us.)
4. Media Campaign: သတင်းမီဒီယာကမ်ပိန်းများ ပြုလုပ်ရန်။ (မြန်မာ့အရေးနှင့် ဆက်စပ်ပတ်သက်သော သတင်းများကို ကမ္ဘာ့မီဒီယာများတွင် ပါရှိအောင် ကြိုးပမ်းခြင်း၊ အချိန်နှင့်တစ်ပြေးညီ သတင်းထုတ်ပြန်အသိပေးခြင်း၊ အကြမ်းဖက် စစ်ကောင်စီ၏ မဟုတ်မမှန် ဝါဒဖြန့်မှုများနှင့်၊ လူထုအား ဝေဝါးသံသယဖြစ်စေရန် လုပ်ကြံသတင်းအမှားများ ဖြန့်ဖြူးနေမှုများကို တန်ပြန်ထိုးနှက်ဖြေရှင်းခြင်း၊ တိကျမှန်ကန်သည့် သတင်းများကို လူထုအား အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ရန်လုပ်ဆောင်ခြင်း စသည့် လုပ်ငန်းစဉ်များကို မဟာဗျူဟာမြောက်လုပ်ဆောင်နိုင်ရန်။ (Social media, Video/ letter/page/ YouTube/ instagram, twitter) ဆိုရှယ်မီဒီယာ ပလက်ဖောင်းအမျိုးမျိုးကို အသုံးပြု၍သော်၎င်း၊ ဘာသာစကားအမျိုးမျိုးဖြင့် သတင်းမှန်များကို အချိန်နှင့်တစ်ပြေးညီ ဖြန့်ဝေခြင်း၊ မဟုတ်မမှန် လုပ်ကြံသတင်းအမှားများကို တန်ပြန်ထိုးနှက်နိုင်ရန် ပြင်ဆင်လုပ်ဆောင်ခြင်း၊ လူထုမှ စိတ်ချယံုကြည်ရသည့် သတင်းအရင်းအမြစ်များမှ တိကျမှန်ကန်သော သတင်းအချက်အလက်များကို လက်လှမ်းမှီစေရန် အသိပညာပေး တိုက်တွန်းနှိုးဆော်ရန်။