03/01/2026
ဗိုလ်ချုပ်ပန်းခြံကို လူနေဆိုင်ခန်းတွဲဆောက်လုပ်ရန် တောင်ကြီးစည်ပင်က စီစဉ်နေ .......................
ခမ်းသားငေါဝ်း
ဇန်နဝါရီ ၃၊၂၀၂၆
တောင်ကြီးမြို့ ဗိုလ်ချုပ်ပန်းခြံကို လူနေဆိုင်ခန်းတွဲများ ဆောက်လုပ်ရန် တောင်ကြီးစည်ပင်က စီစဉ်နေကြောင်းစုံစမ်း သိရှိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့အများပြည်သူအပန်းဖြေရန် တစ်နေရာသာကျန်ရှိသည့် ဗိုလ် ချုပ် ပန်းခြံကို လူနေဆိုင်ခန်းတွဲများဆောက်လုပ် ရန် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်နိုဝင်ဘာ ၅ ရက်နေ့က ဆောက်လုပ်ခွင့်ရရှိရန် ပြည်နယ်အစိုးရကို စာတင်ထားကြောင်းသိရသည်။
‘’ မိန်းလမ်းပေါ်မှာရှိတဲ့ တောင်ကြီးမြို့ရဲ့အထင်ကရ နေရာလဲဖြစ်တယ်။ အများပြည်သူ အပန်းဖြေတဲ့နေရာလဲ ဖြစ်တယ်လေ။ ဘယ်လိုမှမဖြစ်သင့်ဘူး။ စည်ပင်နဲ့ ခရိုနီပေါင်းပြီး စားကွက်ဖန်တာပဲပေါ့။ အများပြည်သူအတွက် ဘာအကျိုးမှ ဖြစ်လာမှာမဟုတ်တဲ့ Project လေ” ဟု တောင်ကြီးဒေသခံပြည်သူတစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်။
ဗိုလ်ချုပ်ပန်းခြံအတွင်း အဆောက်အဦ ဆောက် လုပ်ရေးလုပ်ငန်းများကို စည်ပင်နှင့်ရှမ်းချယ်ရီတောင်တန်း ဆောက်လုပ်ရေးကုမ္ပဏီက အကျိုးတူပူးပေါင်းလုပ်ဆောင်ရန်ဖြစ်ကြောင်းသိရသည်။
နောက်ထပ်တောင်ကြီးဒေသခံတစ်ဦးကလည်း’’ ဗိုလ်ချုပ်ပုံရိပ်နဲ့ပတ်သက်တာမှန်သမျ ဖျောက်ဖျက်ချင်နေတာလေ သူတောင်းစားတွေက အခုလော လော ဆယ်ဆိုရင်လူတိုင်းအဆင့်အတန်းတိုင်း အနားယူအပန်း ဖြေနိုင်တာ ဗိုလ်ချုပ်ပန်းခြံတစ်ခုပဲကျန်တော့တာလေ ကျန်တဲ့နေရာတွေကပိုက်ဆံပေးမှဝင်လို့ရတာလေ အခုလိုအဆောက်အဦးတွေဆောက်လိုက်ရင် ပုံမှန်လူတန်းစားတွေ အနားယူဖို့နေရာပျောက်သလို လေကောင်းလေသန့်ပါပျောက်ကုန်မှာ နောက်ပြီး အမှတ်တရအဖြစ်မြင်နေရတဲ့ စိမ်းစိမ်းဆိုဆို နေရာလေးပါ မရှိတော့ဘူးဖြစ်ကုန်မှာ’’ဟုခမ်းသားငေါဝ်းကိုပြောသည်။
လူနေဆိုင်ခန်းတွဲဆောက်လုပ်မည့်အစီစဉ်ကို ပြည်သူလူထုမှသိရှိခြင်းမရှိပဲ ခေတ်ပျက်ကာလကို အခွင့်ကောင်းယူပြီး စည်ပင်က လုပ်စားနေကြောင်း ဒေသခံကဆိုဝေဖန်ပြောဆိုကြသည်။
တောင်ကြီးဗိုလ်ချုပ်ပန်းခြံအတွင်းတွင် ၈၈ အရေးအခင်းလှုပ်ရှားမှု သမိုင်းမှတ်တိုင်အဖြစ် ကျောက် တိုင်စိုက်ထူထားခြင်းလည်းရှိသည်။
တောင်ကြီးမြို့တွင် အထင်ကရနေရာများဖြစ်သည့် မြကန်သာပန်းခြံ၊ ကြိုးတံတားပန်းခြံများတွင် အများပြည်သူ လွတ်လွတ်လပ်လပ် အပန်းဖြေရန်ခက်ခဲသွားပြီဖြစ်ပြီး လက်ရှိ ဗိုလ်ချုပ်ပန်းခြံကိုလည်း ထိုသို့လုပ်ဆောင်မည်ကို ဒေသခံများက စိုးရိမ်ကြသည်။
me
#ဗိုလ်ချုပ်ပန်းခြံ
#စည်ပင်
ခမ်းသားငေါဝ်း Telegram ကြည့်ရန်
https://t.me/thepeoplevoicePaO
youtube channel ကြည့်ရန်
www.youtube.com/
website ကြည့်ရန်
https://mm.thepeoplevoicepaoh.com/
Tiktok ကြည့်ရန်
www.tiktok.com/