31/12/2024
အခုချပြထားတဲ့ ပုံလေး တွေကတော့ ကျွန်တော်တို့ရဲ့ 2024 မှာ မပြီးဆုံးလိုက်တဲ့ "Mechanical Robotic Project" ရဲ့ Sub D modeling အဆင့် ဖြစ်ပါတယ်.
ဒီ Project ရဲ့ ရည်ရွယ်ချက်ကတော့ ကျွန်တော်တို့ရဲ့ mechanical robot model ဟာ
-လူတစ်ယောက်လို လွတ်လပ်ပေါ့ပါးစွာ လှုပ်ရှားနိုင်ရမယ်.
-ရှုပ်ထွေးတဲ့ electrical, hydraulics နဲ့ mechanical အစိတ်အပိုင်းတွေနဲ့ ဖွဲ့စည်းတည်ဆောက်ထားရမယ်
-motion capture အင်္ကျီ သို့မဟုတ် bake လုပ်ပြီးသား animation skeletons တွေနဲ့ လွယ်ကူစွာ အသုံးပြုနိုင်ရမယ်
-3D software နဲ့ game engines တွေကို Maya မှတစ်ဆင့် လွယ်ကူစွာ export လုပ်နိုင်ရမယ်
-ရုပ်ရှင် သို့မဟုတ် video ဇာတ်လမ်းတိုတွေမှာ အသုံးပြုဖို့ ဦးစားပေးထားတဲ့အတွက် model ရဲ့ polygon counts နဲ့ textures တွေကို limit မထားပဲ အသေးစိတ်အကျနိုင်ဆုံး ပုံစံကို ရအောင်လုပ်ရမှာ ဖြစ်ပါတယ်
အခုမြင်တွေရတဲ့ပုံတွေကတော့ texture မထည့်ရသေးတဲ့ ကျွန်တော်တို့ robot model ရဲ့ ခန္ဓာကိုယ် အပေါ်ပိုင်းပဲဖြစ်ပါတယ်.
Robot model ရဲ့ concept နဲ့ block design ကို ရေးဆွဲပြီးထားပြီ ဖြစ်တဲ့အတွက် ဒီ project လေးကို 2025 January လဝက်လောက်မှာ အပြီးသက်ချပြနိုင်တော့မှာဖြစ်ပါတယ်.
"အားလုံးလဲ နှစ်သစ်မှာ စိတ်သစ်လူသစ်နဲ့ အောင်မြင်တဲ့ နေ့ရက်တွေကို ပိုင်ဆိုင်နိုင်ပါစေလ်ု့ ဆုတောင်းရင်း နှုတ်ခွန်းဆက်သလိုက်ပါတယ်"