Public Voice Of Shwe Khaing Myae-ရွှေခိုင်မြေလူထုအသံ

  • Home
  • Public Voice Of Shwe Khaing Myae-ရွှေခိုင်မြေလူထုအသံ

Public Voice Of Shwe Khaing Myae-ရွှေခိုင်မြေလူထုအသံ Kutkai(ကွတ်ခိုင်)

မူဆယ်မြို့တွင် ရှမ်းပြည်တိုးတက်ရေးပါတီ အခွန်ဌာန(ဗဟို)ဟုဆိုကာ ​ငွေများလိုက်လံကောက်ခံနေဇွန် ၂၀ ရက် ၂၀၂၅ ခုနှစ်ရှမ်းပြည်နယ်...
21/06/2025

မူဆယ်မြို့တွင် ရှမ်းပြည်တိုးတက်ရေးပါတီ အခွန်ဌာန(ဗဟို)ဟုဆိုကာ ​ငွေများလိုက်လံကောက်ခံနေ
ဇွန် ၂၀ ရက် ၂၀၂၅ ခုနှစ်
ရှမ်းပြည်နယ်မြောက်ပိုင်းမူဆယ်မြို့တွင်းမှာရှမ်းပြည်တိုးတက်ရေးပါတီ အခွန်ဌာန(ဗဟို)SSPPမှ နေအိမ်များ စျေးဆိုင်ခန်းများ နှင့်လိုင်းခန်းများတွင် ယခုလဆန်းပိုင်းတွင် ငွေကြေးများကိုလိပ်စာကဒ်တွေပေးပြီးကောက်ခံလျက်ရှိကြောင်းမြို့ခံများထံမှစုံစမ်းသိရှိရပါသည်။
အဆိုပါငွေကြေးတောင်းခံရာတွင် အနည်းဆုံးငါးသိန်းမှသိန်းရာချီအထိပေးဆောင်နေရကြောင်း မြို့ခံဆိုင်ရှင်တစ်ဦးမှပြောပြလာပါသည်။
ငွေကြေးသွားရောက်ပေးဆောင်ရာတွင် အချို့ရပ်ကွက်တွေဆိုင်တွေက မူဆယ်သုသန်တွင်သွားရောက်ပေးဆောင်ရပြီး အချို့ရပ်ကွက်များတွင်သူတို့ကိုယ်တိုင် လာကောက်ခံကြောင်းကိုယ်တိုင်ပေးဆောင်ခဲ့သူတစ်ဦးကပြောပြပါသည်။
နောက်ထပ်ဆိုင်ရှင်တစ်ဦးကလည်း ကျွန်တော်ကို သိန်းလေးဆယ်တောင်းတယ်ဗျာ ဆိုင်ကနှစ်ပေလောက်ရှိတာကို တောင်းပန်တော့ သိန်နှစ်ဆယ်ပေးလိုက်ရတယ် ပြီးတော့ အဲလက်မှတ်လေးသူတို့ကပြန်ပေးခဲ့တယ် မူဆယ်နေရတာစိတ်ညစ်နေပါပြီဗျာ နက်လက်ကိုင်အားလုံးကိုဆက်ကြေး ပေးနေရတာ လေးငါးဖွဲ့လောက်ရှိတယ်။
မူဆယ်မှာနေတဲ့သူတွေက အားလုံးကိုကြောက်နေရတယ်။ အစစအရာရာစျေးတွေကကြီးနိုင်ငံရေးကမကောင်း ပြည်သူ့စစ်တွေကတမျိုး ဌာနဆိုင်ရာတွေကတမျိုး နဲ့ကျွန်တော်တို့ပြည်သူတွေဆီကပဲအနိုင်ကျင့်နေကြတာ လက်နက်ကိုင်ပြီးတော့ အားလုံးအတူတူပဲဗျာဟု မြို့ခံတစ်ဦးပြောလာပါသည်။

လားရိူးမူဆယ်ပြည်ထောင်စုလမ်းပိုင်းတွင် တွဲကားများမကြာခဏ တိမ်းမှောက်မူ့များနေဇွန် ၁၅ -၂၀၂၅
15/06/2025

လားရိူးမူဆယ်ပြည်ထောင်စုလမ်းပိုင်းတွင် တွဲကားများမကြာခဏ တိမ်းမှောက်မူ့များနေ
ဇွန် ၁၅ -၂၀၂၅

ကိုးကန့်MNDAAထိန်းချုပ်ထားသော သိန်းနီမြို့နယ်တွင် စစ်သားသစ်များမတရားစုဆောင်းနေဇွန် ၁၄ ၂၀၂၅ကိုးကန့် MNDAAထိန်းချုပ်ထားသော...
14/06/2025

ကိုးကန့်MNDAAထိန်းချုပ်ထားသော သိန်းနီမြို့နယ်တွင် စစ်သားသစ်များမတရားစုဆောင်းနေ
ဇွန် ၁၄ ၂၀၂၅
ကိုးကန့် MNDAAထိန်းချုပ်ထားသော သိန်းနီမြို့နယ်ရှိဒေသခံတိုင်းရင်းသားကျေးရွာများတွင်ကိုးကန့်များမှမတရားစစ်သားသစ်များစုဆောင်းနေကြောင်း ဒေသခံတိုင်းရင်းသားများထံမှသိရှိရပါသည်။
အဆိုပါဖြစ်စဥ်ကို သိရှိထားသော ဒေသခံတစ်ဦးပြောပြတာက ဟိုနေ့က အရေးပေါ်အစည်းအဝေးဆိုပြီးသူတို့က ရွာတွေကိုခေါ်တယ် ပြီးတော့ စစ်သားပေးရမယ်လို့ပြောတယ် အရင်တုန်းကလည်း ကျွန်မတို့ရွာနေ ခုနှစ်ယောက် ရှစ်ယောက်ခေါ်ပြီးပြီ အခုလည်းထပ်ပြီး ပေးရအုန်းမယ်ဆိုတော့ အရမ်းများသွားပြီလေ ကျန်ခဲ့တဲ့မိသားစုတွေက စားဝတ်နေရေးအရမ်းခက်ခဲတယ်။ကျွန်မတို့တိုင်းရင်းသားတွေကို လက်နက်နဲ့အနိုင်ကျင့်တာများနေပြီ ဒီလူတွေက သူတို့ဒေသလည်းမဟုတ်ပဲ ဒီလိုပဲခဏခဏလုပ်ကြတယ်ဟု ဒေသခံအမျိုးသမီးတစ်ဦးကပြောပြလာပါသည်။
သိန်းနီမြို့နယ်တွင် ကိုးကန့်တပ်နှင့်ဒေသခံတိုင်းရင်းသားများကြား အငြင်းပွားမူ့များ မကြာခဏဖြစ်ပွားလျက်ရှိကြောင်း စုံးစမ်းသိရှိရပါသည်။

08/06/2025
12/05/2025

ရှမ်းပြည်နယ်(မြောက်ပိုင်း)သိန်းနီမြို့နယ်တွင် မတရားမြေယာများကိုသိမ်းယူမူ့များဖြစ်ပေါ်နေ
မေလ ၁၂ ရက် သိန်းနီ
ရှမ်ပြည်နယ်(မြောက်ပိုင်း)ကိုးကန့်တပ် (MNDAA)ထိန်းချုပ်ထားသော သိန်းနီမြို့နယ်တွင် ဒေသခံတိုင်းရင်းသားများ၏ စိုက်ပျိုးစားသောက်မြေယာများအား ကိုးကန့်တရုတ်များမှမတရား သိမ်းယူပြီး ကြံစိုက်ပျိုးခြင်း တစ်ရူးငှက်ပျောပင်များ စိုက်ပျိုးခြင်းနှင့် အခြားလုပ်ငန်းများ ပြုလုပ်နေကြောင်း ဒေသခံတိုင်းရင်းသားများထံမှ သိရှိရသည်။
အဆိုပါဖြစ်စဥ်ကိုသိရှိသူဒေသခံတစ်ဦးပြောတာက ကိုးကန့်တရုတ်တွေက ကျွန်တော့်တို့ဆီမှာ အတင်းအဓမ္မ​မြေတွေ ​​လာငှားတယ် တချို့လူတွေက ငှားမပေးကြဘူးလေ အဲလိုငှားမပေးတဲ့သူတွေရဲ့ မြေတွေကိုမတရားသိမ်းယူကြတယ်
ပြီးတော့ တရုတ်ပြည်ထဲက သူတွေအများကြီးလာပြီး စိုက်ပျိုးရေးတွေ စျေးဆိုင်တွေလာလုပ်နေကြတယ်။ဒေသခံတိုင်းရင်သားတွေက ဘယ်သူ့မှပြန်မပြော​ ရဲ ကြဘူး ပြောရင်လဲ သေနတ်ပြခြိမ်းခြောက်တယ် မတရားဖမ်းစီးတယ် နှိမ့်စက်တယ် ပြီးတော့သတ်ပစ်တဲ့အထိလုပ်ကြတယ်ဟု ပြောပြလာပါသည်။

09/05/2025

ရှမ်းပြည်နယ် (မြောက်ပိုင်း)သိန်းနီမြို့နယ် ကိုးကန့်တပ်(MNDAA) ထိန်းချုပ်ထားသောစျေးဆိုင်ခန်းများအားလုံး ၏အမည်များအား တရုတ်စာဖြင့်ရေးရမည်ဟုဆို
မေလ ၉ ရက် သိန်းနီ
ရှမ်းပြည်နယ်(မြောက်ပိုင်း)သိန်းနီမြို့နယ်တွင်ကိုးကန့်တပ် (MNDAA)ထိန်းချုပ်ထားသော နေရာအားလုံးရှိ စျေးဆိုင်ခန်းများ ကွမ်းယာဆိုင်များ၏အမည်ကိုတရုတ်စာဖြင့် ရေးသားရမည်ဟု မြို့ခံများထံမှသိရှိရပါသည်။
အထက်ပါအကြောင်းအရာများနှင့်ပါတ်သက်၍မြို့ခံများကမကျေနပ်မူ့ အငြင်းပွားမူ့များဖြစ်ပေါ်လျက်ရှိကြောင်း စုံစမ်းသိရှိရပါသည်။
အဆိုပါအငြင်းပွားမူ့ဖြစ်စဥ်တွင် ဒေသခံတချို့ဖမ်းစီးခံထားရပြီး မည်သူတစ်ဦးတစ်ယောက်နဲ့ တွေ့ခွင့်မပေးကြောင်းမြို့ခံများထံမှ သိရှိရပါသည်။

03/05/2025

မူဆယ်ပြည်သူ့စစ်တွေက ဌာနဆိုင်ရာဝန်ထမ်းမိသားစုများကို သေနတ်ပြခြိမ်းခြောက်မူ့များဖြစ်ပွား ( 3-5-2025) ခုနှစ် မူဆယ်
ရှမ်းပြည်နယ် (မြောက်ပိုင်း)မူဆယ်ခရိုင် မူဆယ်မြို့နယ်တွင် ယခုလ ၁ ရက်နေ့၌မူဆယ်ပြည်သူ့စစ်များက ခရိုင်အဆင့်ရှိဝန်ထမ်းနှင့်လည်းကောင်း၏မိသားစုဝင်များကို သေနတ်များပြပြီးခြိမ်ခြောက်မူ့များ ပြုလုပ်ခဲ့ကြောင်း လည်းကောင်းတို့နှင့်နီစပ်သူထံမှသိရှိရပါသည်။
လည်းကောင်းပြည်သူ့စစ်အဖွဲ့ဝင်များသည် မူဆယ်မြို့ ဌာနဆိုင်ရာ သုံးခုထက်မနည်း သေနတ်ပြခြိမ်းခြောက်ခဲ့ကြောင်း လည်းကောင်းမြို့ခံတစ်ဦးက ဆက်လက်ပြောပြခဲ့သည်။ အဆိုပါခြိမ်းခြောက်မူ့ ဖြစ်စဥ်သည် ဘာကြောင့်ဖြစ်သည်ကို အသေးစိတ်မသိရှိရသေးပါ။
မူဆယ်မြို့သည် တရုတ်မြန်မာနယ်စပ်မြို့ဖြစ်သည့်အလျောက် မူးယစ်ဆေးဝါး အလောင်းကကစားဝိုင်းများ ဒုစရိုက်မူ့များ အပြင် လူသတ်မူ့များမကြာခဏဖြစ်ပေါ်တတ်သောမြို့တမြိုဖြစ်သည်။

ရှမ်းပြည်နယ် မြောက်ပိုင်းတွင်အလောင်းကစားဝိုင်းများဖြင့်ကိုယ်ကျိုးစီးပွားရှာနေ(20-3-2025)လားရှိုးမြို့ (မြောက်ပိုင်း)လားရ...
20/03/2025

ရှမ်းပြည်နယ် မြောက်ပိုင်းတွင်အလောင်းကစားဝိုင်းများဖြင့်ကိုယ်ကျိုးစီးပွားရှာနေ(20-3-2025)လားရှိုးမြို့
(မြောက်ပိုင်း)လားရိူးမြို့ရန်တိုင်းအောင်ဘုရားကြီး သာသနာ့မြေအတွင်း လောင်းကစားဝိုင်းများဖြင့် ကိုယ်ကျိုးစီးပွားရှာလုပ်စားနေကြကြောင်းလားရှိုးမြို့ခံများထံမှသိရှိရပါသည်။ဟုတ်ပါတယ်ဗျ အလောင်းကစားဝိုင်းတွေက ကွင်းအပြည့်ပါပဲလေးကောင်ဂျင်ဝိုင်း ခြောက်ကောင်ဝိုင်း ငါးဂိမ်းပစ်တွေ အခြားအလောင်းကစားဝိုင်းတွေနဲ့ ရေတွက်လို့တောင်မရဘူး အရမ်းများတော့လေ
ရှမ်းပြည်နယ်မြောက်ပိုင်း တိုင်းရင်းသားနက်လက်ကိုင်များ ထိန်းချုပ်ထားသော လားရိူး ကွတ်ခိုင် သိန်းနီ နမ့်ခမ်း နမ့်မဆန် မန်တုံ လောက်ကိုင် ချင်းရွှေဟော် ကွမ်လုံ သီပေါ ကျောက်မဲ နောင်ချို စသည့်မြို့နယ် အားလုံက အလောင်းကစားဝိုင်းများ မူးယစ်ဆေးဝါးများ အနှိမ့်ခန်း KTV ပြည်တန်ဆာ လုပ်ငန်းအများအပြားလုပ်ကိုင်နေကြတာပါဟု မြို့ခံများကပြောပြလာပါသည်။

နိုင်ငံတကာ အမျိုးသမီးများနေ့ အခမ်းအနားကျင်းပ9-3-2025 ခုနှစ် ကွတ်ခိုင်ကွတ်ခိုင်မြို့နယ် ခိုလုံကျေးရွာတွင် နိုင်ငံတကာအမျို...
09/03/2025

နိုင်ငံတကာ အမျိုးသမီးများနေ့ အခမ်းအနားကျင်းပ
9-3-2025 ခုနှစ် ကွတ်ခိုင်
ကွတ်ခိုင်မြို့နယ် ခိုလုံကျေးရွာတွင် နိုင်ငံတကာအမျိုးသမီးများနေ့အခမ်းအနားကို New Land (Cso)မှ ဦးစီးကျင်းပပြုလုပ်ခဲ့ကြောင်းနှင့်အဆိုပါအခမ်းအနားသို့ကျေးရွာအသီးသီးမှတိုင်းရင်းသူတိုင်းရင်းသားများ ပါဝင်တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

28/02/2025

နို့တိုက်ကလေးမိခင်နှင့်အသက် ၁၆ နှစ်အရွယ်မိန်းကလေးတစ်ဦး ပြန်လည်လွတ်မြောက်လာ
ဖေဖော်ဝါရီလ. ၂၈ ကွတ်ခိုင်
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့ ယခုလဆန်းပိုင်းက လက်နက်ကိုင်အဖွဲ့တစ်ခုမှ ဖမ်းစီးခေါ်ဆောင်ထားသော နို့တိုက်ကလေးမိခင်တစ်ဦးနှင့်အသက်၁၆နှစ်အရွယ်မိန်းကလေးတစ်ဦးတို့မှာ ယခုလ ၂၆ ရက်နေ့မှာ ပြန်လည်လွတ်မြောက်လာပြီလို့ လည်းကောင်းတို့နှင့်နီးစပ်သူထံမှ သိရှိရပါသည်။
ဟုတ်ပါတယ်ရှင့် ပြန်လည်လွတ်မြောက်လာတာမှန်ပါတယ် ဘယ်လိုပုံစံနဲ့လွတ်ပေးလိုက်တယ်ဆိုတာတော့ အသေးစိတ်မသိရပါဘူး။
အသက်၁၆နှစ်အရွယ် မိန်းကလေးတစ်ဦးရယ်နို့တိုက်မိခင်ကလေးအမေတစ်ဦးရယ်ပါ။ကလေးက လသားအရွယ်ပဲရှိပါသေး တယ်။
ကျန်တဲ့သူတွေတော့ မသိဘူးရှင့် ။ သူတို့နှစ်ယောက်ကို ပြန်လွတ်လိုက်တာတော့ သေချာပါတယ်ဟု ထပ်လောင်းပြောပြလာပါသည်။

Address


Website

Alerts

Be the first to know and let us send you an email when Public Voice Of Shwe Khaing Myae-ရွှေခိုင်မြေလူထုအသံ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share