Voice of Mandalay - PDF

  • Home
  • Voice of Mandalay - PDF

Voice of Mandalay - PDF MDY-PDF သည် NUG-MOD၊ PDF စစ်ရုံးချုပ်၏ တိုက်ရိုက်အမိန့်ပေးကွပ်ကဲမှုအောက်တွင်ရှိသော "အထူးလှုပ်ရှားတပ်မ" ဖြစ်သည်။
(1)

သတင်းထုတ်ပြန်ချက် ၂၀၂၅ ခုနှစ် ၊ နိုဝင်ဘာလ (၃၀)ရက် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)သည် စဉ့်ကူးမြို့နယ်အတွင်းရှိ စစ်ဘေးရ...
30/11/2025

သတင်းထုတ်ပြန်ချက်

၂၀၂၅ ခုနှစ် ၊ နိုဝင်ဘာလ (၃၀)ရက်

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)သည် စဉ့်ကူးမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းများသို့ သွားရောက်၍ စားနပ်ရိက္ခာများဝေမျှခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခြင်းတို့ ပြုလုပ်ခဲ့ပါသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)

သတင်းထုတ်ပြန်ချက် ၂၀၂၅ ခုနှစ် ၊ နိုဝင်ဘာလ (၂၃)ရက် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)သည် စဉ့်ကူးမြို့နယ်နှင့် သပိတ်ကျင်းမ...
23/11/2025

သတင်းထုတ်ပြန်ချက်

၂၀၂၅ ခုနှစ် ၊ နိုဝင်ဘာလ (၂၃)ရက်

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)သည် စဉ့်ကူးမြို့နယ်နှင့် သပိတ်ကျင်းမြို့နယ်တို့တွင် ဒေသတွင်းတော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းကာ စစ်ဘေးရှောင်စခန်းများသို့ စာနပ်ရိက္ခာများ ဝေမျှခြင်း ၊ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခြင်းတို့ ပြုလုပ်ခဲ့ပါသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)

အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနစစ်ရုံးချုပ်ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)ဗဟိုဦးဆောင်ကော်မတီရက်စွဲ။ ၂၁ ရက...
21/11/2025

အမျိုးသားညီညွတ်ရေးအစိုးရ
ကာကွယ်ရေးဝန်ကြီးဌာန
စစ်ရုံးချုပ်
ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)
ဗဟိုဦးဆောင်ကော်မတီ

ရက်စွဲ။ ၂၁ ရက် နိုဝင်ဘာလ ၂၀၂၅ ခု။

“သတင်းထုတ်ပြန်ချက်”

၁။ ပြည်သူ့နွေဦးတော်လှန်ရေးကြီးက ပေါက်ဖွားလာသော ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) သည် “တပ်ပုံကျ၊ စစ်ပုံကျ” သော တပ်ဖွဲ့တရပ်ဖြစ်စေရန် အစွမ်းကုန် ကြိုးပမ်းတည်ဆောက်လျက် ရှိပါသည်။ ဤသို့သော တပ်တည်ဆောက်ရေးလုပ်ငန်းစဉ်တွင် တပ်ဖွဲ့ဝင်များအကြား တာဝန်/ရာထူး/အဆင့်အတန်း မခွဲခြားဘဲ “အပြစ်ရှိသူကို အပြစ်အလျှောက် ထိုက်သင့်သလို အပြစ်ပေးအရေးယူခြင်း၊ ကျင့်ဝတ်စည်းကမ်းထိန်းသိမ်းကြပ်မတ်ခြင်း” (Disciplinary Action) သည်လည်း အထူးအရေးကြီးသည့် ကဏ္ဍတရပ်အနေဖြင့် ပါဝင်သည်နှင့်အညီ မိမိတို့တပ်သည် “တပ်တွင်း စည်းကမ်းထိန်းသိမ်းကြပ်မတ်ခြင်း” ကို အထူးအလေးထား ဆောင်ရွက်လေ့ရှိပါသည်။

၂။ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)၏ ဗဟိုဦးဆောင်ကော်မတီဝင် (၂) ဦးဖြစ်သော ကိုမုန်တိုင်း (စစ်ရေးဌာနကြီးမှူး) နှင့် ကိုနိုင်ကြီး (ဘဏ္ဍာရှာဖွေရေးဌာနကြီးမှူး) တို့သည် ကာလတန်ဖိုးကြီးမားသော တပ်ပိုင်ဘဏ္ဍာပစ္စည်းအချို့ကို တပ်၏ စည်းမျဉ်းစည်းကမ်းနှင့် လုပ်ထုံးလုပ်နည်းများကို ချိုးဖောက်ကာ တရားမဝင် ထုတ်ယူသွားခဲ့ကြောင်း၊ ဤဖြစ်စဉ်အတွက် အပြစ်ရှိကြောင်း၊ အဆိုပါ ဘဏ္ဍာပစ္စည်းများကို တပ်ထံသို့ အမြန်ဆုံး ပြန်လည်အပ်နှံရမည်ဖြစ်ကြောင်း၊ ဤပြစ်မှုအတွက် တပ်က ပေးအပ်သည့် ပြစ်ဒဏ်ကို ခံယူမည်ဖြစ်ကြောင်းကို လွန်ခဲ့သည့် (ဩဂုတ်လ ၂၀၂၅ ခု) တွင် ပြုလုပ်ခဲ့သော ၎င်းတို့ကိုယ်တိုင် ပါဝင်တက်ရောက်သော ဗဟိုဦးဆောင်ကော်မတီအစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ပြီး ဖြစ်ပါသည်။ ဤဆုံးဖြတ်ချက်များကို (စက်တင်ဘာလ ၂၀၂၅ ခု) တွင် ကျင်းပခဲ့သော တပ်၏ တပ်မှူးများ (၆) လပတ်စုံညီအစည်းအဝေးတွင်လည်း ထပ်လောင်း အတည်ပြုပြီး ဖြစ်ပါသည်။

၃။ သို့ဖြစ်သော်လည်း၊ အဆိုပါကာလက တော်လှန်ရေးအခြေအနေအရလည်းကောင်း၊ ၎င်းတို့နှစ်ဦး၏ မေတ္တာရပ်ခံ တင်ပြချက်အရလည်းကောင်း၊ အခြား ထောက်ရှုရမည့်အခြေအနေများအရလည်းကောင်း ပြစ်ဒဏ်များကို လက်တွေ့ ချမှတ်ခြင်း မပြုသေးဘဲ ယာယီဆိုင်းငံ့ခဲ့ပါသည်။

၄။ သို့ရာတွင် ၎င်းတို့သည် ယခုအချိန်အထိ အဆိုပါ ဘဏ္ဍာပစ္စည်းများကို တပ်ထံ ပြန်လည်အပ်နှံခြင်း မရှိသကဲ့သို့ ဤအတွက် မည်သို့သော ဖြေရှင်းမှုမှ အသိပေးပြောဆိုခြင်း မရှိပါ။ သို့ပါ၍ ဤပြစ်မှုသည် တပ်ဖွဲ့တွင်း သာမန် စည်းမျဉ်းစည်းကမ်း ချိုးဖောက်မှုအဆင့်ကိုကျော်လွန်ကာ ကြီးမားသည့် ပြစ်မှုအမျိုးအစားအဆင့်သို့ ရောက်ရှိသွားပြီဖြစ်သည်ဟု ကနဦးအဆင့် ကောက်ချက်ချနိုင်ပါသည်။

၅။ အထက်ပါကိစ္စရပ်များကြောင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ရုံးချုပ်သို့ တင်ပြကာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)၏ ဗဟိုဦးဆောင်ကော်မတီဝင် (၂) ဦးဖြစ်သော ကိုမုန်တိုင်း (စစ်ရေးဌာနကြီးမှူး) နှင့် ကိုနိုင်ကြီး (ဘဏ္ဍာရှာဖွေရေးဌာနကြီးမှူး) တို့ကို (၁၅ ရက် နိုဝင်ဘာလ ၂၀၂၅ ခု) မှစတင်ကာ ကနဦးအားဖြင့် အောက်ပါအတိုင်း အပြစ်ပေး အရေးယူထားပါသည်-

(က) ၎င်းတို့နှစ်ဦးလုံးကို တပ်၏ လက်ရှိတာဝန်အားလုံးမှ ရပ်ဆိုင်းခြင်း၊
(ခ) ၎င်းတို့နှစ်ဦးလုံးကို လက်နက်ဖြုတ်သိမ်း၍ အချုပ်ဖြင့် ထိန်းသိမ်းထားရှိခြင်း။

၆။ ဤတပ်ဖွဲ့ဝင်နှစ်ဦးသည် တပ်၏ ထိပ်ပိုင်းခေါင်းဆောင်များ ဖြစ်နေသည့်အပြင် ပြစ်မှု၏ သဘောသဘာဝအရ ဤအမှုကို သာမန်တပ်တွင်း စီရင်ဆုံးဖြတ်မှုဖြင့် ဆောင်ရွက်ရန် မသင့်သောကြောင့် အထက်ရုံးဖြစ်သော ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ရုံးချုပ်က အမှုတွဲဖြစ်စဉ်ကို လိုအပ်သလို ဆုံးဖြတ် ဆောင်ရွက်နိုင်ရန် သတင်းပို့တင်ပြထားပြီးလည်း ဖြစ်ပါသည်။

၇။ ဤသို့သော စည်းကမ်းထိန်းသိမ်းခြင်းနှင့် အပြစ်ပေးအရေးယူခြင်းတို့သည် သာမာန်အားဖြင့် မိမိတို့ တပ်တွင်းကိစ္စများသာဖြစ်၍ အများပြည်သူသို့ အသိပေးထုတ်ပြန်လေ့ မရှိပါ။ သို့သော် ယခုဖြစ်စဉ်ကို အကြောင်းပြုကာ မလိုလားအပ်သော သတင်း အချက်အလက် အလွဲအမှားများ၊ တော်လှန်ရေးအကျိုးကို ထိခိုက်စေမည့် ကောလဟာလအမှားများ ပေါ်ပေါက််လာမည့် အရိပ်အယောင်များ ကြားသိနေရ၍ တော်လှန်ရေးအကျိုးကို ရှေးရှုကာ ဤကဲ့သို့ သတင်းထုတ်ပြန်ရခြင်း ဖြစ်ပါသည်။

၈။ ယခုကဲ့သို့ တော်လှန်ရေး၏ ခက်ခဲကြမ်းတမ်းသော အခိုက်အတန့်ကာလမျိုးတွင် တော်လှန်ရေးအကျိုးကို ထိခိုက်စေမည့် သတင်းအချက်အလက် အလွဲအမှားများကို မဖန်တီး၊ မဖြန့်ဖြူးကြပါရန်လည်း သက်ဆိုင်သူအားလုံး အလေးအနက် မေတ္တာရပ်ခံအပ်ပါသည်။

၉။ ယခုကဲ့သို့သော ကာလမျိုးတွင် ပြည်သူလူထုကို စိတ်ပိုင်းဆိုင်ရာ တစုံတရာ အနှောက်အယှက်ဖြစ်စေမည့် ဤဖြစ်စဉ် သတင်းမျိုး ပေါ်ပေါက်စေသည့်အတွက်လည်း ပြည်သူလူထုကို မိမိတို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က အထူး တောင်းပန်အပ်ပါသည်။ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) သည် တပ်ဖွဲ့ဝင်များအကြား တာဝန်/ရာထူး/အဆင့်အတန်း မခွဲခြားဘဲ “အပြစ်ရှိသူကို အပြစ်အလျှောက် ထိုက်သင့်သလို အပြစ်ပေးအရေးယူခြင်း၊ ကျင့်ဝတ်စည်းကမ်းထိန်းသိမ်းကြပ်မတ်ခြင်း” (Disciplinary Action) အပါအဝင် “တပ်တည်ဆောက်ရေးလုပ်ငန်းစဉ်” ကို ပိုမိုအားစိုက်ဆောင်ရွက်သွားကာ ပြည်သူ့နွေဦးတော်လှန်ရေးကြီး၏ အန္တိမပန်းတိုင်ဖြစ်သော တန်းတူမှုနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသော “ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး” အတွက် မဆုတ်မနှစ် ဆက်လက်ချီတက်် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းကို လေးစားစွာ အသိပေး တင်ပြအပ်ပါသည်။

ဗဟိုဦးဆောင်ကော်မတီ
ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)

သတင်းထုတ်ပြန်ချက်၂၀၂၅ ခုနှစ် ၊ နိုဝင်ဘာလ (၁၉)ရက်၁။ အကြမ်းဖက် စစ်ကော်မရှင်သည် ၂၀၂၅ ခုနှစ် ၊ နိုဝင်ဘာလ (၁၉)ရက် ညနေ (၄:၃၀)မ...
19/11/2025

သတင်းထုတ်ပြန်ချက်

၂၀၂၅ ခုနှစ် ၊ နိုဝင်ဘာလ (၁၉)ရက်

၁။ အကြမ်းဖက် စစ်ကော်မရှင်သည် ၂၀၂၅ ခုနှစ် ၊ နိုဝင်ဘာလ (၁၉)ရက် ညနေ (၄:၃၀)မိနစ် အချိန်တွင် သပိတ်ကျင်းမြို့နယ် ၊ လက်ပံပြန့်ကျေးရွာအား တိုက်ပွဲဖြစ်ပွါးခြင်းမရှိပဲ အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။

၂။ အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် လက်ပံပြန့်ကျေးရွာရှိ အပြစ်မဲ့ပြည်သူ (၂)ဦး အသက်ဆုံးရှုံးခဲ့ရပြီး ပြည်သူ(၃)ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)

သတင်းထုတ်ပြန်ချက် ၂၀၂၅ ခုနှစ် ၊ နိုဝင်ဘာလ (၁၈)ရက် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)သည် မတ္တရာမြို့နယ် ပအဖ ၊ လူသားစာနာတာ...
18/11/2025

သတင်းထုတ်ပြန်ချက်

၂၀၂၅ ခုနှစ် ၊ နိုဝင်ဘာလ (၁၈)ရက်

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)သည် မတ္တရာမြို့နယ် ပအဖ ၊ လူသားစာနာတာဝန်ရှိသူများနှင့် ပူးပေါင်းကာ မတ္တရာမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းများသို့ စာနပ်ရိက္ခာများ ဝေမျှခြင်း ၊ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခြင်းတို့ ပြုလုပ်ခဲ့ပါသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)

ထုတ်ပြန်ကြေညာချက် (၃/၂၀၂၅)“ပြည်သူလူထုသို့ အသိပေးတင်ပြခြင်း” ရက်စွဲ။ ၂၀၂၅ ခုနှစ် နိုဝင်ဘာလ (၁၀) ရက်။ ၁။ အကြမ်းဖက် အာဏာသိမ...
10/11/2025

ထုတ်ပြန်ကြေညာချက် (၃/၂၀၂၅)

“ပြည်သူလူထုသို့ အသိပေးတင်ပြခြင်း”

ရက်စွဲ။ ၂၀၂၅ ခုနှစ် နိုဝင်ဘာလ (၁၀) ရက်။

၁။ အကြမ်းဖက် အာဏာသိမ်းစစ်အုပ်စုသည် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလနှင့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလတို့တွင် “တရားမဝင်၊ အတုအယောင် ရွေးကောက်ပွဲ” ကို အဓမ္မပြုလုပ်ရန် ဆောင်ရွက်လျက်ရှိပြီး ယင်းကာလမတိုင်မီတွင် သာလွန်အင်အားများစွာ အသုံးပြု၍ မိမိတို့ တော်လှန်ရေးတပ်ဖွဲ့များ၏ ထိန်းချုပ်စိုးမိုးနယ်မြေများကို အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသည်။

၂။ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ၏ လှုပ်ရှားစိုးမိုးရာ နယ်မြေများဖြစ်သော မတ္တရာမြို့နယ်၊ စဥ့်ကူးမြို့နယ်နှင့် သပိတ်ကျင်းမြို့နယ်တို့သည်လည်း အကြမ်းဖက် အာဏာသိမ်းစစ်အုပ်စုက အတုအယောင်ရွေးကောက်ပွဲ ပြုလုပ်ရန် လျာထားသည့် မြို့နယ်များစာရင်းတွင် ပါဝင်နေပါသည်။

၃။ ယခုအခါ မတ္တရာမြို့နယ်၊ စဥ့်ကူးမြို့နယ်နှင့် သပိတ်ကျင်းမြို့နယ်တို့တွင် တနေ့ထက်တနေ့ စစ်ရေးတိုက်ပွဲများ ပိုမိုပြင်းထန်လာနေကာ အဆိုပါဒေသတွင်းနေ ပြည်သူလူထုအနေဖြင့် တိုက်ပွဲတွင်း ကြုံတွေ့ရနိုင်သည့် အခြေအနေများနှင့်ပတ်သက်ပြီး ကြိုတင်ပြင်ဆင်ကြပါရန်နှင့် ဘေးအန္တရာယ်ကင်းနိုင်ရေးအတွက် လိုအပ်သည့် အစီအမံများ လုပ်ဆောင်ထားကြပါရန် မေတ္တာရပ်ခံ တိုက်တွန်းအပ်ပါသည်။

၄။ မိမိတို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) သည် အကြမ်းဖက် အာဏာသိမ်းစစ်အုပ်စု၏ လက်ရှိထိုးစစ်ကို ကိုယ်စွမ်း ဉာဏ်စွမ်းရှိသမျှ ဆက်လက် ခုခံကာကွယ်သွားမည်ဖြစ်ကာ ပြည်သူ့တော်လှန်ရေးကြီး၏ အဆုံးသတ်ပန်းတိုင်ကို ရောက်သည်ထိ မဆုတ်မနစ် ဆက်လက်ချီတက်သွားမည့်အကြောင်း ပြည်သူလူထုထံသို့ ရိုသေလေးစားစွာ အသိပေး တင်ပြအပ်ပါသည်။

ဗဟိုဦးဆောင်ကော်မတီ
ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)



#စစ်ရုံးချုပ်

08/11/2025

“ခဝါသည်ကရေစီ ရွေးကောက်ပွဲ”

တေးရေး/တေးဆို - လင်းလင်း





သတင်းထုတ်ပြန်ချက် ၂၀၂၅ ခုနှစ် ၊ နိုဝင်ဘာလ (၂)ရက် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)သည် မတ္တရာမြို့နယ် ပအဖ ၊ လူသားစာနာတာဝ...
02/11/2025

သတင်းထုတ်ပြန်ချက်

၂၀၂၅ ခုနှစ် ၊ နိုဝင်ဘာလ (၂)ရက်

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)သည် မတ္တရာမြို့နယ် ပအဖ ၊ လူသားစာနာတာဝန်ရှိသူများနှင့် ပူးပေါင်းကာ မတ္တရာမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းများသို့ စာနပ်ရိက္ခာများ ဝေမျှခြင်း ၊ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခြင်းတို့ ပြုလုပ်ခဲ့ပါသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)

❝တော်လှန်စစ်အတွက် သင်တို့ကို အလိုရှိသည်❞▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬အခုအချိန်မှာ ကျနော်တို့တွေဟာ ပြည်သူ့နွေဦးတော်လှန်ရေးကြီးရဲ့ အခက...
31/10/2025

❝တော်လှန်စစ်အတွက် သင်တို့ကို အလိုရှိသည်❞

▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬

အခုအချိန်မှာ ကျနော်တို့တွေဟာ ပြည်သူ့နွေဦးတော်လှန်ရေးကြီးရဲ့ အခက်အခဲဆုံးသော အခိုက်အတန့်ကာလတခုကို ရင်ဆိုင်ဖြတ်သန်းနေကြရပါတယ်။ တော်လှန်ရေးတို့မည်သည် အနိမ့်အမြင့် အတက်အကျကိုယ်စီနဲ့ လှိုင်းသဘောဆောင်တာ သဘာဝပါပဲ။ ဒီလိုအခက်အခဲကာလကို ကျနော်တို့တွေရဲ့ စုစည်းညီညွတ်မှု၊ သန်မာကြံ့ခိုင်မှု၊ ဇွဲနဘဲကြီးမားမှုတွေနဲ့အတူ ရင်ဆိုင်ကျော်လွှားနိုင်မယ်ဆိုတာကိုလည်း အပြည့်အဝ ယုံကြည်ထားပြီးလည်း ဖြစ်ပါတယ်။

အခုအခါမှာ စစ်ရေးအရ ကျနော်တို့ PDF တွေ စိုးမိုးထိန်းချုပ်ထားတဲ့ နယ်မြေဒေသတွေကို အာဏာသိမ်း စစ်အုပ်စုက မြေပြင်ဝေဟင် သာလွန်အင်အားများစွာနဲ့ ထိုးစစ်ဆင်နေပါတယ်။ ကျနော်တို့ ဒါကို အတတ်နိုင်ဆုံး အကောင်းဆုံး အနေအထားနဲ့ ကြံ့ကြံ့ခံ ရင်ဆိုင်နေကြပါတယ်။

ဒီလိုအခြေအနေမှာ ကျနော်တို့ တော်လှန်ရေးအတွက် အထူးအရေးပါတဲ့ မဟာဗျူဟာမြောက်နယ်မြေတွေကို ဆက်လက်ထိန်းချုပ်နိုင်ဖို့က အထူးအရေးကြီးပါတယ်။ ဒါ့အပြင် မြန်မာပြည် အလယ်ပိုင်း မြေပြန့်ဒေသမှာရှိတဲ့ ရန်သူစစ်အုပ်စုရဲ့ အသည်းနှလုံး အချက်အချာနေရာတွေကို ဆက်လက်ခြိမ်းခြောက်နိုင်ဖို့အတွက်လည်း အလုပ်တွေ အများကြီး ဆက်လုပ်ရဖို့ ရှိပါမယ်။

ဒီအတွက် အခုအချိန်မှာ ကျနော်တို့ MDY-PDF အနေနဲ့ အားသစ်အင်သစ် ရဲဘော်သစ်တွေကို အရေးတကြီးနဲ့ အများကြီး ထပ်မံလိုအပ်နေချိန် ဖြစ်ပါတယ်။ တော်လှန်စစ်ရဲ့ အရေးပါတဲ့အလုပ်တွေက ကျနော်တို့ကို စောင့်ဆိုင်းနေပါတယ်။ ဒီအတွက်ဆို ကျနော်တို့မှာ ယခုထက် သာလွန်တဲ့ တိုက်စွမ်းရည်နဲ့ တိုက်စွမ်းအား လိုအပ်ပါတယ်။

ဒါ့ကြောင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က တော်လှန်စစ်ကို ဆင်နွှဲလိုတဲ့ လူငယ်လူရွယ်အပေါင်းကို လှိုက်လှဲစွာ ဖိတ်ခေါ် အပ်ပါတယ်။

မိတ်ဆွေရဲဘော် . . . ကျနော်တို့ဆီကို လာဖြစ်အောင်သာ လာခဲ့ပါ။ စစ် တကယ်တိုက်နိုင်ဖို့နဲ့ လိုအပ်တာတွေ တပ်ဆင်ပံ့ပိုးနိုင်ဖို့က ကျနော်တို့ အပြည့်အဝ တာဝန်ယူပါတယ်။ ပြည်သူ့တော်လှန်စစ်က ရဲဘော်တို့ကို လိုအပ်နေပြီ။

လာခဲ့လိုက်ဗျာ . . . ကျနော်တို့ အတူချီတက်ကြရအောင်။

တော်လှန်ရေးမှတပါး အခြားမရှိ။

အရေးတော်ပုံ အောင်ရမည်။

မှတ်ချက်။ တော်လှန်စစ်ကို ဆင်နွှဲလိုသော မိတ်ဆွေရဲဘော်များအနေဖြင့် လူပုဂ္ဂိုလ် တဦးတယောက်ချင်းသာမက အစုအဖွဲ့အလိုက် တပ်ဖွဲ့အလိုက်လည်း MDY_PDF ထံသို့ လာရောက် ပူးပေါင်း ပါဝင်နိုင်ပါသည်။

——-

❐ MDY_PDF သို့ ဆက်သွယ်ရန်-

တယ်လီဂရမ် Telegram:

စစ်ဂနယ် Signal: MDYPDFRECRUIT.08





#စစ်ရုံးချုပ်

ထုတ်ပြန်ကြေညာချက် (၂/၂၀၂၅)“ပြည်သူထံသို့ အသိပေးတင်ပြခြင်း”၂၀၂၅ ခုနှစ် ၊ အောက်တ်ိုဘာလ (၂၉)ရက်
29/10/2025

ထုတ်ပြန်ကြေညာချက် (၂/၂၀၂၅)

“ပြည်သူထံသို့ အသိပေးတင်ပြခြင်း”

၂၀၂၅ ခုနှစ် ၊ အောက်တ်ိုဘာလ (၂၉)ရက်

သတင်းထုတ်ပြန်ချက် ၂၀၂၅ ခုနှစ် ၊ အောက်တိုဘာလ (၂၀)ရက် ၁။ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)သည် အခြေခံစိတ်ကျန်းမာရေးနှင့် စ...
20/10/2025

သတင်းထုတ်ပြန်ချက်

၂၀၂၅ ခုနှစ် ၊ အောက်တိုဘာလ (၂၀)ရက်

၁။ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)သည် အခြေခံစိတ်ကျန်းမာရေးနှင့် စိတ်လူမှုဆက်ဆံရေးအထောက်အပံ့သင်တန်းကို တပ်ဖွဲ့၏ ထိန်းချုပ်စိုးမိုးနယ် တစ်နေရာတွင် ကျင်းပပြုလုပ်ခဲ့သည်။

၂။ အဆိုပါ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)၏ တပ်မှူးများ တတ်ရောက်ခဲ့ကြပြီး သင်တန်းကာလအတွင်း စိတ်ကျန်းမာရေးအခြေခံဗဟုသုတများ ၊ အကြပ်အတည်းကာလအတွင်း ခန္ဓာကိုယ်မှ တုံ့ပြန်ပုံများ ၊ အခြေခံစိတ်လူမှုဆက်ဆံရေးအထောက်အပံ့ပေးခြင်းနည်းလမ်းများ ၊ စိတ်ပိုင်းဆိုင်ရာ ပညာပေးခြင်း ၊ စိတ်ပိုင်းဆိုင်ရာကနဦးပြုစုစောင့်ရှောက်ခြင်း (PFA) ၊ မိမိကိုယ်ကိုဂရုစိုက်စောင့်ရှောက်ခြင်း (Self Care) စသည့် သင်ခန်းစာများကို Theory & Practical နှင့်တကွ လေ့လာသင်ယူခဲ့ကြသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)

သတင်းထုတ်ပြန်ချက် ၂၀၂၅ ခုနှစ် ၊ စက်တင်ဘာလ (၂၁) ရက် ၁။ အကြမ်းဖက် စစ်ကော်မရှင်သည် ၂၀၂၅ ခုနှစ် ၊ စက်တင်ဘာလ (၂၁)ရက်နေ့ နေ့လည...
21/09/2025

သတင်းထုတ်ပြန်ချက်

၂၀၂၅ ခုနှစ် ၊ စက်တင်ဘာလ (၂၁) ရက်

၁။ အကြမ်းဖက် စစ်ကော်မရှင်သည် ၂၀၂၅ ခုနှစ် ၊ စက်တင်ဘာလ (၂၁)ရက်နေ့ နေ့လည်(၂)နာရီဝန်းကျင်တွင် သပိတ်ကျင်းမြို့နယ် ၊ ကျောက်ဖြာကျေးရွာသို့ Y-12 ဖြင့် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ အပြစ်မဲ့ပြည်သူ(၄)ဦး အသက်ဆုံးရှုံးခဲ့ရကာ ဒဏ်ရာရရှိသူ(၁၀)ဦး ရှိခဲ့ပါသည်။

၂။ ထို့အပြင် အကြမ်းဖက် စစ်ကော်မရှင်သည် ၂၀၂၅ ခုနှစ် ၊ စက်တင်ဘာ (၂၁)ရက်နေ့ နေ့လည်(၁)နာရီဝန်းကျင်တွင် စဉ့်ကူးမြို့နယ် ၊ နဂါးမောက်တောင်ပေါ်သို့လည်း လေကြောင်းတိုက်ခိုက်မှု(၂)ကြိမ် ပြုလုပ်ခဲ့ရာ အပြစ်မဲ့ပြည်သူ(၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

၃။ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) သည် ဒေသတွင်းတော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းကာ မတ္တရာမြို့နယ်၊ စဉ့်ကူးမြို့နယ်နှင့် သပိတ်ကျင်းမြို့နယ်တို့ရှိ စစ််ရှောင်စခန်းများသို့သွားရောက်၍ အားပေးစကားပြောကြားခြင်း ၊ ကျန်းမာရေးစောင့်ရှောက်မှုများ လုပ်ဆောင်ပေးခြင်းနှင့် လိုအပ်သည့် စားနပ်ရိက္ခာနှင့်အဝတ်အထည်များကို ပံ့ပိုးကူညီခြင်းလုပ်ငန်းစဉ်များ ဆောင်ရွက်လျက်ရှိပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)

⚠️ Disclaimer: This post is intended solely for informational purpose. The content presented here aims to objectively reflect the current situation on the ground related to the ongoing conflict. It does not promote violence, hatred, or any political agenda.

All shared materials are based on publicly available sources or eyewitness accounts. If any part of this content is found inappropriate or inaccurate, please reach out respectfully for clarification rather than reporting.

Viewer discretion is advised.

Address


Website

Alerts

Be the first to know and let us send you an email when Voice of Mandalay - PDF posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your business to be the top-listed Media Company?

Share