Voice of Mandalay - PDF

  • Home
  • Voice of Mandalay - PDF

Voice of Mandalay - PDF MDY-PDF သည် NUG-MOD၊ PDF စစ်ရုံးချုပ်၏ တိုက်ရိုက်အမိန့်ပေးကွပ်ကဲမှုအောက်တွင်ရှိသော "အထူးလှုပ်ရှားတပ်မ" ဖြစ်သည်။

သတင်းထုတ်ပြန်ချက်၁။ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (အထူးလှုပ်ရှားတပ်မ)သည် တပ်တစ်ခုလုံး အတိုင်းအတာဖြင့် ပြန်လည်စုဖွဲ့လေ...
07/07/2026

သတင်းထုတ်ပြန်ချက်

၁။ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (အထူးလှုပ်ရှားတပ်မ)သည် တပ်တစ်ခုလုံး အတိုင်းအတာဖြင့် ပြန်လည်စုဖွဲ့လေ့ကျင့်ခြင်းလုပ်ငန်းစဉ်များ နှင့် စစ်ရေး နိုင်ငံရေး စွမ်းဆောင်ရည် မြှင့်တင်မှုလုပ်ငန်းစဉ်များကို ပြုလုပ််ခဲ့သည်မှာ (၄)လတာကာလ ပြည့်မြောက်ခဲ့ပြီဖြစ်ပါသည်။

၂။ အဆိုပါ (၄)လတာကာလအတွင်း ပြန်လည်စုဖွဲ့လေ့ကျင့်မှုသင်တန်းအပတ်စဥ်(၂)ခုနှင့် အခြားသော စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းများကို အောင်မြင်စွာကျင်းပပြုလုပ်နိုင်ခဲ့ပြီး ရှေ့ဆက်ထမ်းဆောင်ရမည့်တော်လှန်ရေးလုပ်ငန်းများအတွက် လိုအပ်သ​ည့်ပြင်ဆင်မှုများကိုလည်း ပြုလုပ်နိုင်ခဲ့ပြီး ဖြစ်သည်။

၃။ မိမိတို့အနေဖြင့် အဆိုပါ ပြန်လည်စုဖွဲ့လေ့ကျင့်မှုကာလအတွင်း စစ်ဆင်ရေးများကို အကန့်အသတ်ဖြင့်သာ ဖော်ဆောင်နိုင်ခဲ့သော်လည်း ယခုအခါ မိတ်ဖက်တော်လှန်ရေးအင်အားစုများနှင့် လက်တွဲ၍ စစ်ဆင်ရေးများကို အပြည့်အဝ ဖော်ဆောင်သွားမည်ဖြစ်သည်။

၄။ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (အထူးလှုပ်ရှားတပ်မ)သည် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီရရှိရေး တိုက်ပွဲများကို မိတ်ဖက်တော်လှန်ရေးအင်အားစုများနှင့် လက်တွဲ၍ ဦးလည်မသုန် ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်အပ်ပါသည်။

“ ကိုယ်လက်အင်္ဂါစွန့်လွှတ်ရဲဘော်များအား ဂုဏ်ပြုခြင်း အခမ်းအနား “ ကျင်းပပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ချက်​၁။ ပြည်သူ့ကာကွယ်ရေ...
10/06/2026

“ ကိုယ်လက်အင်္ဂါစွန့်လွှတ်ရဲဘော်များအား ဂုဏ်ပြုခြင်း အခမ်းအနား “ ကျင်းပပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ချက်

​၁။ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)၊ အထူးလှုပ်ရှားတပ်မသည် တပ်ဖွဲ့စတင်တည်ထောင်ချိန်မှစ၍ ယနေ့အထိ မိမိတို့ကျရာ တော်လှန်ရေးတာဝန်များနှင့် တပ်တည်ဆောက်ရေးလုပ်ငန်းစဉ်များကို အစဉ်တစိုက် ကြိုးပမ်းထမ်းဆောင်လျက်ရှိပါသည်။

​၂။ ထိုသို့ တာဝန်ထမ်းဆောင်ရင်း တော်လှန်ရေးကာလအတွင်း ရဲစွမ်းသတ္တိအပြည့်ဖြင့် တိုက်ပွဲဝင်ရင်း မိမိတို့၏ ကိုယ်လက်အင်္ဂါများကို စွန့်လွှတ်ပေးဆပ်ခဲ့ကြသော ရဲဘော်များအား ဂုဏ်ပြုချီးမြှင့်သည့် အခမ်းအနားတစ်ရပ်ကို ၂၀၂၆ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့တွင် ပထမဆုံးအကြိမ်အဖြစ် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။

​၃။ အဆိုပါအခမ်းအနားသို့ ဂုဏ်ပြုခံရဲဘော်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် အထူးလှုပ်ရှားတပ်မမှ အဆင့်ဆင့်သော စစ်သည်ရဲဘော်များ စုံညီစွာတက်ရောက်ခဲ့ကြသည်။

၄။ အခမ်းအနားတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ပေးပို့လာသည့် ဂုဏ်ပြုသဝဏ်လွှာကို ဖတ်ကြားခြင်း၊ တာဝန်ရှိသူများက အမှာစကားပြောကြားခြင်းနှင့် ဂုဏ်ပြုခံရဲဘော်များအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ အသီးသီးပေးအပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပြီး အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။

​၅။ (၅) နှစ်တာ တော်လှန်ရေးခရီးကြမ်းကာလအတွင်း စစ်အာဏာရှင်စနစ်ဆိုး အမြစ်ပြတ်ချေမှုန်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် ယုံကြည်ရာကို လက်နက်စွဲကိုင် တိုက်ပွဲဝင်ရင်း ကိုယ်လက်အင်္ဂါအစိတ်အပိုင်းများကို ပေးဆပ်စွန့်လွှတ်ခဲ့ကြသည့် မိမိတို့တပ်မမှ အရာရှိ၊ ရဲဘော် စုစုပေါင်း (၁၂၄) ဦးနှင့် ညီနောင်တော်လှန်ရေးတပ်ဖွဲ့အသီးသီးမှ ရဲဘော်များ၏ စွန့်လွှတ်စွန့်စားမှုတို့ကို ပြည်သူလူထုတစ်ရပ်လုံးနှင့် ရဲဘော်အသီးသီးက အစဉ်အမြဲ လေးမြတ်စွာ ဂုဏ်ပြုမှတ်တမ်းတင်နေမည်ဟု ယုံကြည်ပါသည်။

တပ်မကွပ်ကဲရေးအဖွဲ့
ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)
အထူးလှုပ်ရှားတပ်မ

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တည်ထောင်ခြင်း (၅) နှစ်ပြည့် အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာ
31/05/2026

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တည်ထောင်ခြင်း (၅) နှစ်ပြည့် အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာ

“ ထုတ်ပြန်ချက် “၂၀၂၆ ခုနှစ်၊ မေလ (၂၃) ရက်တပ်မအတွင်း ချမှတ်ထားသည့် စည်းမျဉ်း၊ စည်းကမ်းများကို ဖောက်ဖျက်ခဲ့သော ရဲဘော်များန...
23/05/2026

“ ထုတ်ပြန်ချက် “

၂၀၂၆ ခုနှစ်၊ မေလ (၂၃) ရက်

တပ်မအတွင်း ချမှတ်ထားသည့် စည်းမျဉ်း၊ စည်းကမ်းများကို ဖောက်ဖျက်ခဲ့သော ရဲဘော်များနှင့် စပ်လျဉ်း၍ တပ်မကွပ်ကဲရေးအဖွဲ့မှ ဆောင်ရွက်ထားရှိမှုများကို ပြည်သူလူထုမှ သိရှိနိုင်ရန် တင်ပြခြင်း

ကွပ်ကဲရေးအဖွဲ့
ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)
အထူးလှုပ်ရှားတပ်မ

Address


Website

Alerts

Be the first to know and let us send you an email when Voice of Mandalay - PDF posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Want your business to be the top-listed media company?

Share