i Zeedia

Contact the business

i Zeedia Local Media

၁၉၉၀ ခုနှစ်များ၏ မင်းသမီးချောများ ...  #စိုးမြတ်သူဇာ  #မေသဉ္ဇာဦး  #ခိုင်ခင်ဦး  #မို့မို့မြင့်အောင်  #မေသန်းနု  #မေဆွိ   ...
13/08/2020

၁၉၉၀ ခုနှစ်များ၏ မင်းသမီးချောများ ...
#စိုးမြတ်သူဇာ #မေသဉ္ဇာဦး #ခိုင်ခင်ဦး #မို့မို့မြင့်အောင် #မေသန်းနု #မေဆွိ



ဂုံးကျော်တံတားပေါ်သို့ ကျူးကျော်လာသော အမှိုက်များ
10/08/2020

ဂုံးကျော်တံတားပေါ်သို့ ကျူးကျော်လာသော အမှိုက်များ




/အပြည်ပြည်ဆိုင်ရာခရီးသည်တင်လေယာဉ်များပျံသန်းပြေးဆွဲခွင့်ရပ်နားခြင်း ကို ၂၀၂၀ ခုနှစ်. သြဂုတ်လ ၃၁ ရက်နေ့ အထိ ထပ်မံ ပိတ်ပါသ...
29/07/2020

/
အပြည်ပြည်ဆိုင်ရာခရီးသည်တင်လေယာဉ်များပျံသန်းပြေးဆွဲခွင့်ရပ်နားခြင်း ကို ၂၀၂၀ ခုနှစ်. သြဂုတ်လ ၃၁ ရက်နေ့ အထိ ထပ်မံ ပိတ်ပါသည်.


လေကြောင်းခရီးသွားလာခြင်းမှတစ်ဆင့် မြန်မာနိုင်ငံတွင်း COVID – 19 ရောဂါကူးစက်ပျံ့နှံ့မှု တားဆီးကာကွယ်နိုင်ရန် ကန့်သတ်ချက်များ ထပ်မံတိုးမြှင့်

မြန်မာနိုင်ငံ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ အပြည်ပြည်ဆိုင်ရာခရီးသည်တင်လေယာဥ်များ ပျံသန်း ပြေးဆွဲခွင့်ရပ်နားခြင်း ကန့်သတ်ချက်ကို ၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ( ၃၁ )ရက်နေ့ အထိ ထပ်မံတိုးမြှင့်လိုက်သည်။

ထပ်မံ၍တိုးမြှင့်

မြန်မာနိုင်ငံတွင်း COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ထိန်းချုပ်နိုင်ရန် အပြည်ပြည်ဆိုင်ရာခရီးသည်တင် လေယာဥ်များ ပျံသန်းပြေးဆွဲခွင့်ရပ်ဆိုင်းခြင်းကာလကို ၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ( ၃၁ )ရက်၊ မြန်မာစံတော်ချိန် ၂၃:၅၉ နာရီအထိ ထပ်မံတိုးမြှင့်ရန် မြန်မာနိုင်ငံ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ဗဟိုကော်မတီမှ ဆုံးဖြတ်လိုက်ကြောင်း ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ ( ၂၈ )ရက်နေ့တွင် ထုတ်ပြန်ကြေညာလိုက်ပါသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် Terminal3 ရှိ ပြည်တွင်းလေကြောင်းလိုင်းခရီးစဥ်များ ပြေးဆွဲပျံသန်းမှုများကိုမူ ပုံမှန် ဝန်ဆောင်မှုပေးလျက်ရှိပါသည်။
ခရီးသည်များအနေဖြင့် COVID – 19 ကူးစက်ပျံ့နှံ့မှုကို ကြိုတင်ကာကွယ်တားဆီးနိုင်ရန် လေဆိပ်အတွင်း ချမှတ်ထားသော ကြိုတင် ကာကွယ်ရေး လုပ်ငန်းစဥ်များကို လိုက်နာဆောင်ရွက်ကြပါရန် အသိပေးအပ်ပါသည်။



လေကြောင်းခရီးသွားလာခြင်းမှတစ်ဆင့် မြန်မာနိုင်ငံတွင်း COVID – 19 ရောဂါကူးစက်ပျံ့နှံ့မှု တားဆီးကာကွယ်နိုင်ရန် ကန့်သတ်ချက်များ ထပ်မံတိုးမြှင့်

မြန်မာနိုင်ငံ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ အပြည်ပြည်ဆိုင်ရာခရီးသည်တင်လေယာဉ်များ ပျံသန်း ပြေးဆွဲခွင့်ရပ်နားခြင်း ကန့်သတ်ချက်ကို ၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ( ၃၁ )ရက်နေ့ အထိ ထပ်မံတိုးမြှင့်လိုက်သည်။

ထပ်မံ၍တိုးမြှင့်

မြန်မာနိုင်ငံတွင်း COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ထိန်းချုပ်နိုင်ရန် အပြည်ပြည်ဆိုင်ရာခရီးသည်တင် လေယာဉ်များ ပျံသန်းပြေးဆွဲခွင့်ရပ်ဆိုင်းခြင်းကာလကို ၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ( ၃၁ )ရက်၊ မြန်မာစံတော်ချိန် ၂၃:၅၉ နာရီအထိ ထပ်မံတိုးမြှင့်ရန် မြန်မာနိုင်ငံ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ဗဟိုကော်မတီမှ ဆုံးဖြတ်လိုက်ကြောင်း ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ ( ၂၈ )ရက်နေ့တွင် ထုတ်ပြန်ကြေညာလိုက်ပါသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် Terminal3 ရှိ ပြည်တွင်းလေကြောင်းလိုင်းခရီးစဉ်များ ပြေးဆွဲပျံသန်းမှုများကိုမူ ပုံမှန် ဝန်ဆောင်မှုပေးလျက်ရှိပါသည်။
ခရီးသည်များအနေဖြင့် COVID – 19 ကူးစက်ပျံ့နှံ့မှုကို ကြိုတင်ကာကွယ်တားဆီးနိုင်ရန် လေဆိပ်အတွင်း ချမှတ်ထားသော ကြိုတင် ကာကွယ်ရေး လုပ်ငန်းစဉ်များကို လိုက်နာဆောင်ရွက်ကြပါရန် အသိပေးအပ်ပါသည်။

Further Extension of Effective Period of Temporary Measures to Prevent Importation of COVID-19 to Myanmar Through Air Travel

According to the notice from the Department of Civil Aviation, the restriction for all airlines operating international air services to and from Yangon International Airport (YIA) has been extended up to 31 August 2020.

Further Extension

In order to continue to contain the spread of COVID-19 in Myanmar effectively, the National Central Committee for Prevention, Control, and Treatment of COVID-19 has decided to further extend the suspension of international air services up to 31 August 2020, 23:59 Hours MST by the notification issued on 28 July 2020.

However, Terminal3 remains operational for all domestic flights at Yangon International Airport.
YIA advises travelers to observe the precautionary measures at all times in the airport to protect the spread of COVID-19.


20/06/2020

မီဒီယာ ဆိုတာ တိုင်းပြည်ရဲ့ စတုတ္ထမဏ္ဏိုင်ပါ။
မီဒီယာ ရဲ့ အရေးပါပုံဟာ ပြည်သူလူထုပေါ်မှာ အများကြီးလွှမ်းမိုးမှုရှိပါတယ်။ ဒါပေမယ့် ယနေ့ မျက်မှောက်ခေတ်မှာ မီဒီယာ တွေ ပိုမိုများပြားလာပြီး ကျင့်ဝတ်မရှိတဲ့မီဒီယာတွေ , အတင်းကိုသတင်းလုပ်နေတဲ့ မီဒီယာတွေပိုမိုများပြားလာပါတယ်။
ဒီအကြောင်းကို Female Rapper တစ်ယောက်ဖြစ်တဲ့ Ya Ya က သီချင်းတစ်ပုဒ်အဖြစ် ရေးသားသီဆိုထားပါတယ်။
ယနေ့ ခေတ် မီဒီယာ တွေရဲ့ အကြောင်း Hip Hop သီချင်းကောင်း ကို iZeedia ပရိတ်သက်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။ 💙





ချစ်စရာကောင်းတဲ့ အဆိုတော် May ရဲ့  ပုံတွေ iZeedia ပရိတ်သက်အတွက်ဖော်ပြပေးလိုက်ပါတယ်။ 💙🌹
18/06/2020

ချစ်စရာကောင်းတဲ့ အဆိုတော် May ရဲ့  ပုံတွေ iZeedia ပရိတ်သက်အတွက်ဖော်ပြပေးလိုက်ပါတယ်။ 💙🌹



👙 Victoria's Secret ရဲ့  #ဆိုင်ပေါင်း_250_စပိတ်ခြင်း။Victoria's Secret နဲ့ Bath & Body Works တို့ရဲ့ မိခင်ကုမ္ပဏီဟာ L Br...
11/06/2020

👙 Victoria's Secret ရဲ့ #ဆိုင်ပေါင်း_250_စပိတ်ခြင်း။

Victoria's Secret နဲ့ Bath & Body Works တို့ရဲ့ မိခင်ကုမ္ပဏီဟာ L Brands ဖြစ်ပါတယ်။

Victoria's Secret ရဲ့ San Angelo ရှိ Sunset mall က စတိုးဟာ June လ 10 ရက်နေ့ကစပြီး ပိတ်ပြီဖြစ်ပါတယ်။

Victoria's Secret ဟာ #မေလကကြေညာထားတဲ့အတိုင်း အမေရိကားနဲ့ ကနေဒါက ဆိုင်ပေါင်း 250 ကို စပိတ်နေတာဖြစ်ပါတယ်။

L Brands ဟာ တလောကမှ အမေရိကနဲ့ ကနေဒါက Bath & Body Works ဆိုင်ပေါင်း 50 ကျော်ကို အပြီးပိတ်ခဲ့တာ ဖြစ်ပါတယ်။

မေလ 2 ရက်နေ့အထိ L Brands ရဲ့ အရောင်းဟာ 37 % အထိထိုးကျခဲ့ပါတယ်။

🦠 ရောင်းအားကို ဆွဲချပစ်လိုက်တဲ့ အဓိကလက်သည်ကတော့ COVID-19 ပါ။

အမေရိကန်ပြည်ထောင်စုမှာ Victoria's Secret ဆိုင်ပေါင်း 909 ဆိုင်ရှိပြီး Pink ဆိုင်ပေါင်း 144 ဆိုင်ရှိပါတယ်။

လောလောဆယ် အမေရိကန်က ဆိုင်ပေါင်း 235 ဆိုင်ကို ပိတ်မယ်လို့ Victoria's Secret ရဲ့ CEO Stuart Burgdoerfer က ပြောပါတယ်။

2021 နဲ့ 2022 ခုနှစ်တွေမှာ ဆိုင်ပေါင်း 250 ထက်ပိုပြီး ပိတ်နိုင်တယ်လို့ ပြောပါတယ်။

🥊 COVID-19 ဟာ Brand ကြီးတွေကို အကြီးအကျယ်ထိုးနှက်ခဲ့ပါတယ်။

♦️ ကမ္ဘာကြီးမှာ COVID-19 အလွန်ကာလမှာ ဘာအလှည့်အပြောင်းတွေ လာအုန်းမယ်ဆိုတာ မသိသေးပါ။

👉 ဆိုင်တွေပိတ်လိုက်ရတဲ့အတွက် ဆိုင်အလုပ်သမားတွေရယ် အထည်ချုပ်လုပ်သားတွေရယ် အဓိကအထိနာစေမှာ ဖြစ်ပါတယ်။



🚨June 10 ရက် COVIDကာလသတင်းစုံ      ~~~~~~~~~~~~~~~~~~~~~🇲🇲  #မြန်မာနိုင်ငံမှာ ယနေ့အထိ COVID-19 တွေ့သူ ( 246 ) ယောက်ရှိပြ...
10/06/2020

🚨June 10 ရက် COVIDကာလသတင်းစုံ
~~~~~~~~~~~~~~~~~~~~~
🇲🇲 #မြန်မာနိုင်ငံမှာ ယနေ့အထိ COVID-19 တွေ့သူ ( 246 ) ယောက်ရှိပြီး သေဆုံးသူ 6 ယောက် ရှိပါပြီ။ ကုသမှုခံယူပြီးပိုးကင်းစင်သွားသူ ( 159 ) ယောက်ရှိသွားပါပြီ။

🌎 ကမ္ဘာမှာ ပိုးတွေ့သူ ( 7.3 ) သန်း ရှိသွားပါပြီ။
------------------------------
☕🍔 အချိန်ရသလောက် သတင်းအတိုအထွာအချို့ကို "5 မိနစ်သတင်းကဏ္ဍ" အနေနဲ့ တင်ဆက်ပေးပါမယ်။

🇺🇸 အမေရိကန်မှာ ဆန္ဒပြမှုဟာ 2 ပတ်နဲ့ 1 ရက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ ဆန္ဒပြမှုတွေဟာ အခုအထိမပြီးဆုံးသေးပါဘူး။

အခုဆန္ဒပြမှုနဲ့ မငြိမ်မသက်မှုတွေမှာညပြည်ပက ပါဝင်ပက်သက်မှုတွေရှိနေတယ်လို့ ပြောဆိုနေကြပါတယ်။

အခု ဆိုရှယ်မီဒီယာတွေအပေါ်ကနေ သွေးထိုးလှုံဆော်မှုတွေမှာ ရုရှား၊ အီရန်နဲ့ တရုတ်ပြည်တို့ရဲ့ ပါဝင်ပတ်သက်မှုတွေရှိနေတယ်လို့ဆိုပါတယ်။

♦️ ထုံးစံအတိုင်း သတင်းအမှားတွေကလည်း ဆိုရှယ်မီဒီယာတွေပေါ်မှာ စိတ်ပျက်ဖွယ်ကောင်းလောက်အောင် တင်ကြတာရှိပါတယ်။

လူမည်းအမျိုးသား George Floyd ကိုသေစေခဲ့တဲ့ လူသတ်သမား Chauvin ဟာ သမ္မတ ထရမ့်နဲ့ စင်မြင့်ပေါ်မှာ အတူတူရှိခဲ့ဖူးတယ်လို့၊ Chauvin ဟာ Make Whites Great Again စာတန်းပါတဲ့ ဦးထုပ်ကို ဝတ်ထားတယ်တို့ စတဲ့သတင်းအမှားတွေကို တင်ပြီးလူတွေကို သွေးထိုးပေးခဲ့ကြတာပါ။

🔥 ကျနော်တို့အတွက် သင်ခန်းစာယူရမှာက လူမျိုးရေးနဲ့ ဘာသာရေး ပြဿနာက #စလိုက်ရင်အကြီးအကျယ်ထိန်းမရသိမ်းမရ ဖြစ်တတ်ကာ အစိုးရအတွက် အခက်တွေ့စေရုံသာမက ပြည်သူတွေအတွက် #စီးပွားရေးအကျပ်အတည်းကို ပိုပြီးဖြစ်စေတတ်ပါတယ်။

🇺🇸 အမေရိကန် သမ္မတထရမ့်က တရုတ်ပြည်ဟာ အမေရိကန်ရဲ့ ထွက်ကုန်တွေကို တိုးပြီးဝယ်ယူနေတယ်လို့ ဆိုပါတယ်။

အခု အမေရိကန်ရဲ့ ပြည်ပပို့ကုန်ဒေတာတွေအရ တရုတ်ပြည်ဟာ အမေရိကန်ရဲ့ လယ်ယာထွက်ကုန်တွေကို အဝယ်သိသိသာသာတက်လာတာကို တွေ့ရပါသတဲ့။

အခုလိုဝယ်နေတာကောင်းပြီး ကုန်သွယ်ရေးသဘောတူညီမှုကို ဆက်လက်တည်မြဲစေမှာ ဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။

🇮🇳 အိန္ဒိယနိုင်ငံ Bihar က ရွာအတော်များများမှာ အမျိုးသမီးတွေဟာ "ကိုရိုနာနတ်သမီး"ကို ပူဇော်ပသမှု ပြုလုပ်နေကြပါတယ်။

🕳️ တွင်း 7 တွင်းကို တူးကာ ထန်းလျက်ရည်တွေလောင်းထည့်ပါတယ်။ ပန်းတွေ ဖာလာစေ့၊ လေးညှင်းစသည်တို့ထည့်ကာ ကိုရိုနာကပ်ကြီးပြီးဆုံးပါရန် ကိုရိုနာနတ်သမီးဆီက ဆုတောင်းကြပါတယ်တဲ့။

အိန္ဒိယက ဂင်္ဂါမြစ်ဘေးက တချို့ဒေသတွေ ရွာတွေမှာလည်း အဲ့လိုတွင်းတွေတူး၊ အမွှေးတိုင်တွေထွန်းကာ ထန်းလျက်တွေ၊ နှမ်းတွေနဲ့ ကိုရိုနာနတ်သမီးကို ပူဇော်ကြပါသတဲ့။

👉 ဟိုးအရင်က လူတွေရဲ့ ပူဇော်ကိုးကွယ်မှုစခဲ့ပုံကို တွေးတောဆင်ခြင်မိပါတယ်။

🇸🇬 စင်ကာပူမှာ အသက် 78 နှစ်အရွယ် အဖိုးအိုတစ်ယောက်ဟာ Quarantine အမိန့်ကို လိုက်နာဖို့ အကြိမ်ကြိမ် ငြင်းဆန်ခဲ့လို့ တရားစွဲခံခဲ့ရပါတယ်။

အဲ့ဒီအဖိုးအိုဟာ ကျနော်တို့နေတဲ့ Hougang အရပ်ကပဲဖြစ်ပြီး Covid လူနာနဲ့ထိတွေ့ခဲ့သူမို့ သူ့ကို Q ဝင်ခိုင်းထားတာပါ။

သူဟာခေါင်းမာပြီး ဆရာဝန်က သူ့ကို ကျန်းမာရေးကောင်းပြီး Q ဝင်ဖို့မလိုဘူးလို့ ပြောထားတယ်လို့ ဆိုကာ Q ဝင်ဖို့အကြိမ်ကြိမ်ငြင်းဆန်ခဲ့ပါသတဲ့။

♦️ လူကြီးတွေဟာ အသက်ကြီးလာတဲ့အခါမှာ ခေါင်းပိုမာလာပြီး အင်မတန်မှ ပြောရခက်လာပါတယ်။

အထူးသဖြင့် နားမကြားရင် ပိုဆိုးပါတယ်။ နားမကြားတဲ့သူတွေဟာ အိမ်သားတွေနဲ့ ပိုပြီးဝေးကွာလာကာ ပိုပြီးပြောရခက်လာပါတယ်။

🇸🇬 စင်ကာပူမှာ 🍞 🥪 BreadTalk ဟာ စင်ကာပူစတော့ရှယ်ယာဈေးကွက်ကနေ June လ 5 ရက်နေ့မှာ နုတ်ထွက်ခဲ့ပါတယ်။

အခုလို အများပိုင်ကုမ္ပဏီမဟုတ်တော့တဲ့အတွက် အဓိကရှယ်ယာပိုင်ရှင် George Quek နဲ့ သူ့အမျိုးသမီး Catherine Lee နဲ့ ထိုင်းကုမ္ပဏီတို့က ရှယ်ယာတစ်ခုကို S$ 0.77 နဲ့ပြန်ဝယ်မယ်လို့ဆိုပါတယ်။

BreadTalk ရဲ့ ပေါင်မုန့်ဈေးတွေ ခုန်တက်သွားတာ သတိပြုမိပါတယ်။ ခါတိုင်း မြန်မာငွေ 1600 - 1700 လောက်ပေးရတဲ့ ပေါင်မုန့်တွေဟာ 2500 အထိတက်သွားတာတွေ့ရပါတယ်။

ဒီလောက်ခုန်တက်ရင် ကျနော့်အနေနဲ့ လောလောဆယ် ဝယ်စားဖို့ အစီအစဉ်မရှိသေးပါ။

တဖက်ကလည်း ပေါင်မုန့်ဆိုင်ဖွင့်ရတာမလွယ်တာကို သတိပြုမိပါတယ်။

BreadTalk group ဟာ လုပ်ငန်းကို ချဲ့ထွင်ရင်း 2019 အကုန်မှာ စင်ကာပူဒေါ်လာ သန်းပေါင်း 247.3 သန်းအထိ အကြွေးတင်လာတာ တွေ့ရပါတယ်။

2014 မှာ S$ 22.2 သန်း ဆုံးရှုံးရာက 2015 မှာ S$7.6 သန်းအထိ ဆုံးရှုံးမှု လျော့ကျလာပါတယ်။

အမြတ်ပမာဏဟာ 2016 ခုနှစ်ကစတင်ပြီး လျော့ကျလာတာပါ။

BreadTalk ဟာ စင်ကာပူမှာ မနက်ရုံးသွားရင် ဝယ်နေကျဖြစ်ပြီး အမြဲလက်မလည်အောင်ရောင်းနေရတာပါ။

ပေါင်မုန့်အသားမှာ BreadTalk ဟာ စံမှီပြီး စားကောင်းပါတယ်။ သူ့ရဲ့ Ramen 🍜 ကိုတော့ သဘောမကျပါ။

♦️ဒီလောက်လက်မလည်အောင်ရောင်းနေရတာတောင် အရှုံးပေါ်တယ်ဆိုရင် Bakery နဲ့ Cafe အလုပ်ဟာ ထင်သလောက် မလွယ်လှကြောင်းတွေးမိပါတယ်။

🇺🇸 အမေရိကန်မှာ Covid-19 နောက်ဆက်တွဲအဖြစ် မိလ္လာပိုက်တွေ ပိတ်ဆို့မှုဖြစ်စေခဲ့ပါတယ်။

♦️ မိလ္လာပိုက်ထဲမှာ Fatbergs လို့ခေါ်တဲ့ mask တွေ၊ ရာဘာလက်အိတ်တွေ၊ wipes အစတွေဟာ စုစည်းပြီး ပိတ်ဆို့မှုကို အကြီးအကျယ်ဖြစ်စေပါတယ်။

👉 မြန်မာပြည်မှာလည်း mask တွေ၊ ရာဘာလက်အိတ်တွေ၊ wipes တွေ၊ တစ်ခါသုံး PPE အင်္ကျီစတွေဟာ ရေမြောင်းတွေ မိလ္လာပိုက်တွေကို #ပိတ်ဆို့စေနိုင်တာမို့ သတိပြုကြစေချင်ပါတယ်။

ပိုက်တွေလည်းပိတ်ဆို့စေကာ ရောဂါပိုးကိုလည်း ကူးစက်စေနိုင်တာမို့ စနစ်တကျစွန့်ပစ်ကြပါလို့ တိုက်တွန်းပါတယ်။

🇮🇳 အိန္ဒိယမှာ လူသားစားကျားတစ်ကောင်ကို Zoo ပို့ပြီး ထောင်ချလိုက်ရပါတယ်။

🐅 အဲ့ဒီ အသက် 5 နှစ်အရွယ် ကျားထီးဟာ "Vagabond" "Nomad" စသည်ဖြင့် နာမည်မျိုးစုံနဲ့ နာမည်ကြီးနေခဲ့ပြီး ကျွဲနွားတွေနဲ့ လူသုံးယောက်ကို သတ်စားထားတာ ဖြစ်ပါတယ်။

အရင်က သူ့ကိုဖမ်းပြီး ရွာတွေနဲ့ ဝေးရာတောနက်ထဲသွားသွားလွှတ်ခဲ့ပေမယ့် သူက ရွာတွေရှိရာပဲ ပြန်ပြန်လာပြီး ချဉ်းကပ်ခဲ့တယ်လို့ ဆိုပါတယ်။

အခုလို သဘာဝတောထဲမှာ ဘယ်လိုမှထားလို့မရအောင် အန္တရာယ်ကြီးလာတာကြောင့် နောက်ဆုံးမှာ မေ့ဆေးသေနတ်နဲ့ ပစ်ဖမ်းပြီး Zoo ပို့ကာ လှောင်ချိုင့်နဲ့ ထားလိုက်ရတယ်လို့ ဆိုပါတယ်။

🇸🇬 စင်ကာပူမှာ သီရိလင်္ကာ နိုင်ငံသားနှစ်ယောက်ကို စင်ကာပူ passport နဲ့ မှတ်ပုံတင်ကဒ်ပြားအတုလုပ်မှုနဲ့ ထောင်ဒဏ် 8 လ ချမှတ်ခဲ့ပါတယ်။

ဖြစ်ပုံက ပုပ္ပရာဇာဆိုသူဟာ ကနေဒါနိုင်ငံကို သွားချင်ပါသတဲ့။ အဲ့ဒါနဲ့ သူက ဆမ်ဆိုသူကို အကူအညီတောင်းပါတယ်။

ဆမ်က စုစုပေါင်း မြန်မာငွေ သိန်း 450 တောင်းပြီး ကနေဒါကို ရောက်ဖို့ တာဝန်ယူလိုက်ပါတယ်။

စင်ကာပူနိုင်ငံသားတွေဟာ ကနေဒါကို ဗီဇာမလိုတော့ ပုပ္ပရာဇာကို ရာမာချန်ဒရာဆိုသူနဲ့အတူ မလေးရှားမှာ စင်ကာပူ passport နဲ့ မှတ်ပုံတင်ကဒ်ပြားအတုလုပ်ဖို့ လွှတ်လိုက်ပါတယ်။

ကွာလာလမ်ပူမှာ အတုလုပ်ပြီးလို့ စင်ကာပူကို Tuas ကပြန်အဝင်မှာ ပုပ္ပရာဇာ က သူ့ရဲ့ သီရိလင်္ကာ passport ကို ထုတ်ပြပါတယ်။ ဘာမှပြဿနာတက်စရာမရှိပါ။

အဲ့ဒါကို ICA အရာရှိက စိတ်ထဲမှာ မသင်္ကာဖြစ်ပြီး ပုပ္ပရာဇာရော ရာမာချန်ဒရာကိုရော အခန်းထဲခေါ်ပြီး စစ်ဆေးပါတယ်။

အဲ့လိုခေါ်စစ်ချိန်မှာ ပုပ္ပရာဇာရဲ့ အိတ်ထဲကနေ စင်ကာပူ passport နဲ့ IC ကဒ်ကိုတွေ့ခဲ့တာပါ။

စင်ကာပူ passport မှာ ပုပ္ပရာဇာရဲ့ဓာတ်ပုံနဲ့ biodata ကိုတွေ့ပြီး ဘာမှပြောစရာမရှိပေမယ့် အတွင်းက ဒေတာတွေက လွဲနေပါတယ်။

အဲ့ဒါနဲ့ နှစ်ယောက်လုံးကို ထောင်ဒဏ် 8 လ ချမှတ်လိုက်တာပါ။ ပုပ္ပရာဇာခမျာမှာ ကနေဒါမရောက်ပဲ ငွေလည်းဆုံး ထောင်လည်းကျ ဖြစ်သွားရှာပါတယ်။

♦️ Tuas check point က ICA အရာရှိတွေဟာ တကယ့်ကို အနံ့ခံကောင်းပါတယ်။ ဒီလူဟာ မလေးမှာ အိုနဲ့နေတာလား။ တစ်ခုခုမှားနေသလားကို အတွေ့အကြုံအရသိတတ်ကြပါတယ်။

ကြုံလို့ လူဝင်မှုကြီးကြပ်ရေးအရာရှိတွေ အကြောင်းပြောရရင် အင်ဒိုနီးရှား ဘာတန်ကျွန်းကိုသွားရင် သတိထားပါ။

အပြန်မှာ White card ကို အဖျောက်ခံရတတ်ပါတယ်။ သူတို့ကိုပေးလိုက်တုန်းက ကိုယ့် passport ထဲမှာ white card အသေအချာပါပေမယ့် သူတို့က ဖဲသမားလက်နဲ့ ကဒ်ခိုးတတ်ပါတယ်။

ကျနော့်ကဒ်ကို ဖျောက်ပြီးပြဿနာရှာလို့ Passport ပြန်ယူပြီး စင်ကာပူ 5 ဒေါ်လာတန်ညှပ်ထည့်ပြီး အထဲမှာပါတယ်လေလို့ ပြောမှ မကြည်မသာနဲ့ လွှတ်ပေးဖူးပါတယ်။

ဒါတောင် ကိုယ့်ကိုဘေးထုတ်ပြီးရစ်နေတုန်း နောက်က မလေး passport နဲ့ကောင်ကို တပုံစံထဲလုပ်တာ မလေးကလူက 15 ဒေါ်လာကနေ 5 ဒေါ်လာနဲ့ ညှိသွားတာမြင်လို့ ကိုယ့်လည်း 5 ဒေါ်လာနဲ့ မတတ်သာပဲပေးလိုက်တာရပါ။

🛩️ ကမ္ဘာအနှံ့လေကြောင်းလိုင်းတွေအတွက် ဒီနှစ်ဟာ ကပ်ဆိုက်တဲ့ နှစ်ဖြစ်ပါတယ်။ စုစုပေါင်း ဒေါ်လာ 84 ဘီလီယံအထိအရှုံးပေါ်ခဲ့ကြပါတယ်။

----------------------------------
🌍 ယနေ့ တကမ္ဘာလုံး ရောဂါပိုးတွေ့သူ 7311516 ယောက်၊ သေသူ 413000 ယောက်။ ပြန်ကောင်းသူ 3594733 ယောက်။

👉 အခုထိစစ်တမ်းအရ လူ ၁၀၀ ဖြစ်ရင် 2% က အသည်းအသန်ဖြစ်ပါတယ်။ 16% မှ ကျလာတာပါ။

👉 ပိတ်လိုက်တဲ့ case 4007733 မှာ 3594733 ပြန်ကောင်းပြီး 413000 ယောက်သေဆုံးခဲ့တာကြောင့် သေနှုန်းက 🔻🔻10% ဖြစ်ပါတယ်။
------------------------------
🇺🇸 အမေရိကန်မှာ ရောဂါတွေ့သူ စုစုပေါင်း 2 သန်းရှိသွားပါပြီ။ မနေ့က 18912 ယောက်အသစ်တိုးပါတယ်။ ဆန္ဒပြမှုနဲ့ ပိုဆိုးနိုင်ပါတယ်။

🇧🇷 ဘရာဇီးက တွေ့သူ 742084 ယောက်ရှိသွားပါပြီ။ မနေ့က 31197 ယောက်အသစ်တိုးပါတယ်။

🇮🇳 အိန္ဒိယက တွေ့သူ 276146 ယောက်ရှိသွားပါပြီ။ မနေ့က 10218 ယောက်အသစ်တိုးပါတယ်။ ပိုလို့တိုးလာနေပါတယ်။

🇨🇳 တရုတ်ပြည်မှာ မနေ့က အသစ် 3 ယောက်တွေ့ခဲ့ပါတယ်။

🇧🇩 ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ တွေ့သူ 71675 ယောက်ရှိသွားပါပြီ။ သေဆုံးသူ 975 ယောက်ရှိပါပြီ။

မနေ့က 3171 ယောက်အသစ်တိုးပါတယ်။ အသစ်တွေ့နှုန်းကနောက်ရက်တွေမှာ ဆက်ပြီး 3000 ကျော်လာနိုင်ပါတယ်။



🇷🇺 ရုရှားနိုင်ငံ Kazan city မှာ စားဖိုမှုးတွေ၊ စားသောက်ဆိုင်ပိုင်ရှင်တွေဟာ Lockdown ကြောင့် ဆိုင်တွေပိတ်ထားရတဲ့အတွက် ငွေ...
10/06/2020

🇷🇺 ရုရှားနိုင်ငံ Kazan city မှာ စားဖိုမှုးတွေ၊ စားသောက်ဆိုင်ပိုင်ရှင်တွေဟာ Lockdown ကြောင့် ဆိုင်တွေပိတ်ထားရတဲ့အတွက် ငွေကြေးပြတ်လပ်နေကြပါတယ်။

ဒါကြောင့်သူတို့မှာ ဘာမှမကျန်ပဲ ပြောင်တလင်းခါနေပြီဆိုတာ ပြချင်လို့ အဝတ်အစားအကုန်ချွတ်ပြီး ဆန္ဒပြကြပါတယ်။

သူတို့ရဲ့တောင်းဆိုချက်က lockdown ကို မြန်မြန်ရပ်ပြီး ဆိုင်တွေပြန်ဖွင့်ခွင့်ပေးဖို့ပဲဖြစ်ပါတယ်။



ဆံပင်ပုံစံ စတိုင်လ်အသစ် ဒီဇိုင်းအသစ်နဲ့ ချစ်စရာကောင်းတဲ့ အဆိုတော် ကျော်ထွဋ်ဆွေနဲ့ မော်ဒယ် နန်းသူဇာ တို့နှစ်ဦးရဲ့ လန်းဆန...
10/06/2020

ဆံပင်ပုံစံ စတိုင်လ်အသစ် ဒီဇိုင်းအသစ်နဲ့ ချစ်စရာကောင်းတဲ့
အဆိုတော် ကျော်ထွဋ်ဆွေနဲ့ မော်ဒယ် နန်းသူဇာ တို့နှစ်ဦးရဲ့ လန်းဆန်းနေတဲ့ ဖက်ရှင်ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ် 💙💙




#လေးစားစွာဖြင့်ပြန်လည်ဝေမျှသည်

ပြုံးအလှပိုင်ရှင်မင်းသမီးချော Smile ရဲ့ ရိုးရိုးရှင်းရှင်းနဲ့ဆွဲဆောင်မှုရှိနေတဲ့အလှပုံတွေကို ပရိတ်​သက်​အတွက်ဖော်ပြပေးလိုက...
09/06/2020

ပြုံးအလှပိုင်ရှင်မင်းသမီးချော Smile ရဲ့
ရိုးရိုးရှင်းရှင်းနဲ့ဆွဲဆောင်မှုရှိနေတဲ့အလှပုံတွေကို
ပရိတ်​သက်​အတွက်ဖော်ပြပေးလိုက်ပါတယ် 💙




#လေးစားစွာဖြင့်ပြန်လည်ဖော်ပြသည်

ရန်ကုန်မှာရှိတဲ့ ပန့် (PUNK)တွေ စုပေါင်းပြီး    ဆိုတဲ့ခေါင်းစဉ်နဲ့ လူမျိုးဘာသာ မခွဲခြားဘဲ အခြေခံ လူတန်းစားတွေကို အစားအသေ...
09/06/2020

ရန်ကုန်မှာရှိတဲ့ ပန့် (PUNK)တွေ စုပေါင်းပြီး ဆိုတဲ့ခေါင်းစဉ်နဲ့ လူမျိုးဘာသာ မခွဲခြားဘဲ အခြေခံ လူတန်းစားတွေကို အစားအသောက်၊အဝတ်အထည်နဲ့ Mask တွေဝေမျှနေတဲ့ ပုံရိပ်တွေကို iZeedia မှပြန်လည်ဖော်ပြပေးလိုက်ပါတယ် 💙





#လေးစားစွာဖြင့်ပြန်လည်ဝေမျှပါသည်

Address


Website

Alerts

Be the first to know and let us send you an email when i Zeedia posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to i Zeedia:

Shortcuts

  • Want your business to be the top-listed media company?

Share