Myanma Khit Pyaing Media

  • Home
  • Myanma Khit Pyaing Media

Myanma Khit Pyaing Media Myanma Khit Pyaing Media , since 2019 Nov 17

 “ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဘုရားဖူးအများပြည်သူများစိတ်အေးချမ်းသာစွာဖူးမြော်ကြည်ညိုနိုင်ရေး ဇွန်လ ၂၁ ရက် မှစ၍နံနက် ၄ ...
11/06/2024


“ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဘုရားဖူးအများပြည်သူများစိတ်အေးချမ်းသာစွာဖူးမြော်ကြည်ညိုနိုင်ရေး ဇွန်လ ၂၁ ရက် မှစ၍နံနက် ၄ နာရီ မှ ည ၁၀ နာရီထိ အချိန်တိုးမြှင့်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ဘုရားဖူးအများ ပြည် သူတို့သိရှိစေရန် ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ယနေ့ ဇွန်လ ၁၁ ရက်တွင် အသိပေး ကြေညာထားသည်။”

ရန်ကုန်ဗားကရာချောက်ရဲ့ လူမသိကြသေးသောသမိုင်းကြောင်း (သို့)နှစ်ပေါင်း ၁၀၀ကျော် သက်တမ်း ရှိပြီ ဖြစ်သော ဗားကရာ ချောက်ဗားကရာ ...
11/06/2024

ရန်ကုန်ဗားကရာချောက်ရဲ့ လူမသိကြသေးသောသမိုင်းကြောင်း (သို့)နှစ်ပေါင်း ၁၀၀ကျော် သက်တမ်း ရှိပြီ ဖြစ်သော ဗားကရာ ချောက်
ဗားကရာ ဆိုတဲ့အမည်ဟာ “ဘာ့က်ရ်” မွန်အမည်က ဆင်းသက်လာတာဖြစ်ပြီး ခရာတော ဆူးခြုံတောပေါက်ရာ ချောက် ဟု အဓိပ္ပါယ် ရပါတယ်။ ကြည့်မြင်တိုင် နဲ့ စမ်းချောင်း မြို့နယ် အစပ် ဗားကရာချောက်ဝန်းကျင်ဟာ ခရာပင်တွေ၊ ဆူးခြုံတွေ၊ ဒီရောက်ပင်တွေ ပေါက်ရောက်ရာ ဒီရေအတက်အကျရှိခဲ့တဲ့ နေရာကြီးပါ။
ကုန်းဘောင်ခေတ် မြန်မာဘုရင်တွေ အုပ်ချုပ်စဉ်ကအထိ တကယ့် စိမ့်ကြီးမြိုင်ကြီးတွေနဲ့။ ခံတပ်မြို့တောင် လုပ်ခဲ့သေးဆိုပဲ။ အဲ့ဒီတုန်းကတော့ အလောင်းမင်းတရား အုပ်ချုပ်နယ်အဖြစ် ရွှေတိဂုံကို မူတည်သတ်မှတ်ရာမှာ “အနောက်တောရကြီး” လို့ သတ်မှတ်ခဲ့တဲ့အရပ်ပေါ့။
အနောက်တောရကြီးဆိုတာ ဗားကရာကို အဓိကထား သတ်မှတ်ခဲ့တယ်လို့ အဆိုရှိပါတယ်။ အခုတော့ အလယ်တောရနဲ့ ကြားတောရလောက်ပဲ အသုံးရှိတော့တယ်။ ကျန်တောရတွေ ပျောက်သွားခဲ့ပါပြီ။ ဗားကရာချောက်ဟာ သဘာဝအလျောက် ဖြစ်ပေါ်လာခဲ့တဲ့ ချောက်တခုပါ။ လူလုပ်တဲ့ချောက်တော့ မဟုတ်ဘူး။
ဒါကလည်း တချိန်တုန်းက သိင်္ဂုတ္တရကုန်းရဲ့ တောင်စွယ်က စမ်းချောင်း မြေနီကုန်းအထိ ရောက်ခဲ့တာကိုး။ မြေနီကုန်းဆိုတာ ဟိုအရင်က တောင်ကမူတခုပဲ။ ရန်ကုန်မြို့သစ်တည်ခဲ့တဲ့အချိန် ရန်ကုန်မြို့တွင်း အင်းတွေ အိုင်တွေ ချောက်တွေ ဖို့ဖို့ မြေနီကုန်းကမြေတွေ သယ်ထုတ်ရာက ကမူတွေ ကုန်းတွေပျောက်ပြီး အခုအခြေနေမျိုးအထိ ဖြစ်လာခဲ့တာ။
မြေနီကုန်းကမြေတွေကို သယ်ဖို့ အရင်ဆုံး ဟုမ်းလမ်း အထိ မီးရထားလမ်းကို အရင်ဖောက်ရတယ်လို့ ဆိုကြတယ်။ မြေနီကုန်းအရပ်ကနေ လှည်းတွေနဲ့ မြေနီတွေသယ်ပြီး ရထားရှိရာ ဟုမ်းလမ်းကို ပို့ရတယ်။ ဟုမ်းလမ်းကတဆင့် ရထားတွဲတွေနဲ့ သယ်ယူတယ်လို့ ဆိုပါတယ်။
“ဟုမ်းလမ်း” ဆိုတာ အဲဒီ ရထားလမ်းဖောက်ခဲ့တဲ့ အင်ဂျင်နီယာ Hume ရဲ့အမည်ပါ။ နောက်အင်ဂျင်နီယာက Innis ဖြစ်တယ်။ ဒါကြောင့် ရထားလမ်းရဲ့ အနောက်ဘက်ပိုင်းကို အင်းနစ်လမ်းလို့ခေါ်ပြီး အရှေ့ဘက်လမ်းပိုင်းကို ဟုမ်းလမ်းလို့ ခေါ်ခဲ့ကြတာ။ အခုတော့ အဲဒီလမ်းနှစ်ခုကိုပေါင်းပြီး ပန်းလှိုင်လမ်းရယ်လို့ ဖြစ်သွားရော။ သူတို့နှစ်ယောက်လုံးက ရထားလမ်းတည်ဆောက်ခွင့် ကန်ထရိုက်ရတဲ့ The Irrawady Velley State Railway Co. ရဲ့ ဦးဆောင်အင်ဂျင်နီယာပေါ့။
ရန်ကုန်ကနေ ပြည်မြို့အထိ ရထားလမ်းတည်ဆောက်ရာမှာ အခက်အခဲဆုံးကတော့ နာမည်ကျော်“ဗားကရာချောက်” ကြီးပဲလို့ ဆိုသတဲ့။ သူတို့ပြောမယ်ဆိုလည်း ပြောချင်စရာ။ ဘာလို့လဲဆိုတော့ ဗားကရာချောက်ရဲ့ အနက်က လှိုင်မြစ်ရေ မျက်နှာပြင်ထက် အနိမ့်ပိုင်းမှာ ရှိနေတာ။
ဒါ့အပြင် လှိုင်မြစ်ရဲ့ ဒီရေ အတက်အကျကလည်း သေသေချာချာ လေ့လာရသေးတယ်။ ပြီးတော့ မြစ်ရေအတက်အကျ။ နွေမိုးဆောင်း မြစ်ရေမျက်နှာပြင် အခြေအနေတွေကိုပါ ကြည့်ရ၊ တွက်ချက်ရတာ မဟုတ်လား။ ဗားကရာပတ်ဝန်းကျင်ရဲ့ မြေအမျိုးအစား မြေမျက်နှာသွင်ပြင်ပါမကျန် လေ့လာပြီးမှ ဒီချောက်ကို ဘယ်လိုတီထွင် ဖန်တီးမလဲဆိုတဲ့ အဆင့်ကို ရောက်တာ။မြေထိန်းနံရံတည်တဲ့ အပိုင်းကလည်း အရေးကြီးတဲ့ အစိတ်ပိုင်းတခု ဖြစ်လာပြန်တယ်။
ဒါတွေစုံပြီဆိုတော့မှ Drainage System Design ကို စဉ်းစားရပြီ။
ရထားလမ်းတည်တာက သိပ်မခက်ခဲ။ ချောက်ကို တံတားထိုးလိုက်ရင် ရပြီ။ ရန်ကုန်မှာ မီးရထားသံလမ်း တံတားအောက်က သွားတဲ့တံတား နှစ်စင်းပဲရှိတယ်။ သန်လျင်နဲ့ သာကေတ တံတား။ နောက်တံတားက အခု ဗားကရာပဲ။ ရထားလမ်းအောက်က ကားလမ်းဖောက်ထားတာ။
ဗားကရာချောက်ကနေ ရေဆင်းပေါက်၊ ရေထုတ်ပေါက်။ လှိုင်မြစ်ထဲ ဘယ်လိုပို့မလဲ။ ရေမဝပ်အောင် ဘာတွေ စီမံပေးဖို့လိုမလဲ ဆိုတာတွေဟာ လမ်းတံတားအင်ဂျင်နီယာရဲ့ ကျွမ်းကျင်မှုနဲ့ ဦးနှောက်အသုံးချနိုင်စွမ်းပေါ် မူတည်နေပါတယ်။ သူတို့ ဘယ်လိုတည်ဆောက်ခဲ့ကြသလဲ။
အရင်ဆုံး ခရာဆူးခြုံတွေ ရှင်းလင်းရမယ်။ ပြီးတာနဲ့ မြေမျက်နှာပြင် အနေအထားအရ ရေဆင်းကို ဘယ်နှစ်လက်မအဆိုင်းထိ ထားမလဲ။ ချောက်ကနေ လှိုင်မြစ်ဝအထိ ရေဆင်းလိုင်း ပေဘယ်လောက်ရှိလဲ။
ရေဆင်းကိုတော့ ကားလမ်းအောက်မှာ လိုဏ်ခေါင်းတူးထားတာ တွေ့နိုင်တယ်။ လိုဏ်အရှည်ဟာ ချောက်ကနေ မြစ်ဝအထိ ၁၂ဝဝ ပေ အရှည်ရှိတယ်။ လိုဏ်ကိုတော့ အုတ်တွေနဲ့ ပိုက်လုံးပုံသဏ္ဌာန် စီထားတယ်။
လိုဏ်ရဲ့ အဝအကျယ်ဟာ အချင်းဝက် ၅ ပေရှိတယ်။
တူးထား စီထားတဲ့ လိုဏ်ခေါင်းဟာ မြစ်ဝရောက်တဲ့အချိန်မှာ အဖွင့်အပိတ် လုပ်လို့ရတဲ့ ရေထိန်းသံတံခါးကြီးတချပ် ရှိပါတယ်။
လှိုင်မြစ်ရေတက်တဲ့ မိုးရာသီလို အချိန်မျိုးမှာ ရေထိန်းတံခါးကို ပိတ်ထားရင် လိုဏ်ထဲ ရေမဝင်နိုင်အောင် စီမံထားတာပါ။
ဒါတွေပြီးတော့ မြေထိန်းနံရံတွေ တည်ဆောက်တဲ့အပိုင်း ရောက်တာ။
ဗားကရာမီးပွိုင့်ရဲ့ ထောင့်လေးခုမှာ ရေဆင်းပေါက်တခုစီ ရှိတယ်။ လမ်းဘေးမြောင်းရဲ့အနက်က တပေနီးပါးလောက်ပဲ ရှိတယ်။ မီးပွိုင့်အလယ်ခေါင်မှာ လိုဏ်ထဲဆင်းတဲ့ လူဆင်းပေါက်တခု ရှိတယ်။
နောက်တပေါက်ကတော့ ဘောဂရပ်ကွက်ဘေးမှာ ရှိခဲ့ဖူးတယ်။ သံလှေကားနဲ့ ဆင်းရတာပါ။
အခုတော့ အဲဒီသံလှေကားလည်း ရောင်းစားခံရတာပဲလား၊ ဆွေးသွားလေသလာမသိ။ အနိစ္စသဘောနဲ့ ကိစ္စချောသွားပြီ။
မြေအောက်ရေဆင်းလိုဏ်တွေဟာ ဗားကရာမှမဟုတ်ဘူး။ ရန်ကုန်မြို့ တည်ချိန်ကတည်းက မြို့တွင်းပိုင်းရှိ အားလုံးသော ရေဆင်းတွေဟာ လိုဏ်တူးပြီး စီမံတည်ဆောက်ခဲ့တာ။
အဲဒီ အုတ်နံရံရဲ့ မျက်နှာကျက်တွေမှာ ကြေးမီးဆိုင်းကြီးတွေ တပ်ဆင်ပြီး ၂၄ နာရီ မီးပေးထားတယ်လို့ အဆိုရှိတယ်။
နွေနှောင်းရာသီ ရောက်ပြီဆိုရင် မြူနီစပယ်လူကြီးက မြို့တွင်းရှိ အုတ်လိုဏ်ဂူတလျှောက် ဂျစ်ကားစီးပြီး လျောက်ကြည့်ရ၊ ကြီးကြပ်ရတယ်လို့ တဆင့်စကား ကြားခဲ့ဖူးတယ်။
နောက်ပိုင်းတော့ ကြေးမီးဆိုင်းကြီးတွေဟာ ကြေးစျေးကောင်းတော့ လူတွေခိုးရောင်းတာနဲ့ မရှိတော့ဘူး။
လိုဏ်ထဲ ဆင်းပြီး စစ်ဆေးတဲ့သူတွေလည်း မရှိတော့ဖူး ထင်ပါတယ်။ ဒီမှာ အရေးကြီးဆုံးနဲ့ ရေဆင်းလိုဏ်တို့ရဲ့ လျှို့ဝှက်ချက်ကတော့ လိုဏ်တွင်းမှာ ရေစုကန် တည်ဆောက်ပေးခြင်းပါပဲ။
ဗားကရာချောက်အတွက် ရေစုကန်ကတော့ အလျား ၁ဝ ပေ၊ အနံ ၈ ပေနဲ့ အနက် ၆ ပေခန့်ရှိတယ်။ အဲ့ဒီ ရေစုကန်ထဲကို စီးလာသမျှရေတွေ ဝင်မယ်။
ရေစုကန်ကနေ ပိုလျှံတဲ့ရေတွေက ရေဆင်းလိုဏ်အတိုင်း စီးသွားတယ်။ ဒါမှ လမ်းပေါ် ရေဘယ်လောက်ရှိရှိ ပိုလျှံသမျှကို ရေစုကန်က ထိန်းပေးနေမှာပဲ ဖြစ်တယ်။
တကယ်တော့ ရေစုကန်ဟာ ရေဆင်းရေထုတ်အတွက် အရေးပါတဲ့ တည်ဆောက်ချက်တခုပါပဲ။
ဒါကြောင့်လည်း ရန်ကုန်မြို့ လမ်းထောင့်စုံတွေရဲ့ မြေအောက်ရေဆင်းလိုင်းတွေမှာ လူတကိုယ်အနက်ရှိတဲ့ ရေစုကန်တွေကို အင်္ဂလိပ်တွေက တည်ဆောက်ခဲ့တာပါ။
လေ့လာသူတွေရဲ့ တွေ့ရှိချက်အရတော့ ဗားကရာ ချောက် ရေနုတ်မြောင်း စနစ်ကို ၁၈၆၉ လောက်က တည်ဆောက်ခံတာ ဖြစ်မယ်လို့ ခန့်မှန်းကြပါတယ်။
ဗားကရာချောက်ကို မွမ်းမံတည်ဆောက်ချိန်က ကိုးထပ်ကြီးဘုရားလို့ခေါ်တဲ့ အတုလာဓိပတိ မဟာမုနိသကျဘုရားကြီးတောင် မတည်ရသေးပါဘူး။
ကိုးထပ်ကြီးဘုရားက ၁၉ဝ၅ ခုနှစ်မှ တည်တာ။ နောက်တခုက ရန်ကုန်မြို့ပတ်ရထား မရှိသေးဘူး။ ရန်ကုန်မြို့ပတ်ရထားက ၁၈၇၇ ခုနှစ်လောက်မှ စတာကိုး။
ဒါပေမယ့် ဗားကရာရထားလမ်းက နှစ်ခုဖြစ်နေသလို ရထားအတွက် တံတားကလည်း နှစ်ခုတည်ထားတာ။ ကြည့်မြင်တိုင်-ရန်ကုန် ဓာတ်ရထားလိုင်း ပြေးဆွဲနေပြီ။
မြန်မာနိုင်ငံရဲ့ ပထမဆုံး ရထားပြေးဆွဲတာက ၁၈၆၉ ရန်ကုန်-ပြည် မီးရထားလမ်း ဆွဲနေပြီး ဒါကြောင့် ဗားကရာတည်ဆောက်ချိန်ဟာ ဒါထက်စောမယ်လို့ ယူဆနိုင်ပါတယ်။
ဗားကရာချောက်ရဲ့ မိုးဘယ်လောက်ရွာရွာ မိုးရွာပြီးတာနဲ့ ရေတင်ကျန်မနေခဲ့ခြင်း အကြောင်းကိုတော့ အချိန်အတော်ကြာ လူပြောသူပြော များနေကြတာ ယနေ့တိုင်ပါပဲ။
အင်္ဂလိပ်တွေတည်ဆောက်သွားခဲ့တဲ့ ဗားကရာ ချောက် အောက်က ရေစုကန်၊ လှိုင်မြစ်ထဲ စီးဆင်းတဲ့ လခြမ်းပုံ အုတ်စီမြောင်း၊ ရေအဝင် အထွက် ထိန်းတဲ့ လှိုင်မြစ်ဝက ရေတံခါးပေါက် တို့ကို ဆက်လက်ထိန်းသိမ်း ပြုပြင် ဖို့ကတော့ လိုအပ်နေတုံးပါပဲ။
နှစ်၁၀၀ကျော် သက်တမ်း ရှိပြီ ဖြစ်တဲ့ ဒီ ဗားကရာချောက် က ကျွန်တော်တို့အတွက် စိတ်ဝင်စားစရာကောင်းတဲ့ သမိုင်း အမွေအနှစ်တခုလို့ မြင်မိပါတယ်။
Credit - Original Writer

မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ် က ကျိုက္ခမီဆုတောင်းပြည့်ရေလယ်ဆံတော်ရှင်မြတ်ဘုရား ဘက်စုံအတွက် ငွေ ကျပ်(၅)သိန်း လှူဒါန်...
10/06/2024

မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ် က ကျိုက္ခမီဆုတောင်းပြည့်ရေလယ်ဆံတော်ရှင်မြတ်ဘုရား ဘက်စုံအတွက် ငွေ ကျပ်(၅)သိန်း လှူဒါန်း
+++++++++++++++++++++++++++++++++++++++++++++++++++
ဇွန်လ ၁၀ ရက်
မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ် (Sh Abhsy Thakur Ambassador Emlany of India yangon) မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ကျိုက္ခမီဆုတောင်းပြည့်ရေလယ်ဆံတော်ရှင်မြတ်ဘုရားသို့ ဇွန်လ ၉ ရက်က သွားရောက်၍ ကျိုက္ခမီဆုတောင်းပြည့်ရေလယ်ဆံတော်ရှင်မြတ်ဘုရား ဘက်စုံအတွက် ငွေ ကျပ်(၅)သိန်း လှူဒါန်းခဲ့ကြောင်း သိရသည်။
သံအမတ်ကြီးက ကျိုက္ခမီဆုတောင်းပြည့်ရေလယ်ဆံတော်ရှင်မြတ်ဘုရား တွင် ပန်းရေချမ်းဆီမီး ကန်တော့ ပွဲများကပ်လှူပူဇော်ခဲ့ကြောင်းလည်း ကျိုက္ခမီရေလယ်ဘုရားဂေါပကအဖွဲ့က ထုတ်ပြန်ထားသည်။

အော်တာနေးတစ်ဂီတလောကတွင် အောင်မြင်ခဲ့သည့် အဆိုတော် ဂလဲ(အာတီချုပ်) အသည်းရောဂါဖြင့် ကွယ်လွန်+++++++++++++++++++++++++++++++...
08/06/2024

အော်တာနေးတစ်ဂီတလောကတွင် အောင်မြင်ခဲ့သည့် အဆိုတော် ဂလဲ(အာတီချုပ်) အသည်းရောဂါဖြင့် ကွယ်လွန်
++++++++++++++++++++++++++++++++++++++++++++++++++++++
ဇွန်လ ၈ ရက်
အော်တာနေးတစ်ဂီတလောကတွင် အောင်မြင်ခဲ့သည့် သည် ယနေ့ ဇွန်လ ၈ ရက် နံနက်တစ်နာရီခန့် အချိန်က အသည်းရောဂါဖြင့် ကွယ်လွန်သွားကြောင်း အဆိုတော် ဂလဲ(အာတီချုပ်)သိရသည်။
၎င်းသည် အလွမ်းနဲ့ ကိုယ်၊စိတ်ကူး၊အလွမ်းဇတ်၊မရှိမဖြစ်၊ဖန်ဆင်းလိုက်ကြစို့ စသည့် ခံစားချက် တေးသီချင်း များဖြင့် အောင်မြင်ခဲ့သည့် အဆိုတော် ဖြစ်ဦးလည်း ဖြစ်သည်။
ပရိတ်သတ်ရင်ထဲရောက်မည့် သီချင်းများပြင်ဆင်ထားပြီးသော အဆိုတော် ဂလဲ(အာတီချုပ်) ကွယ်လွန်စဉ်တွင် ဇနီးနှင့် လသား အရွယ်ကလေးငယ်တစ်ဦး ကျန်ရစ်ခဲ့ကြောင်း သိရသည်။

Miss Universe Myanmar 2024 ပြိုင်ပွဲကြီးတွင်  Winner ဆု Crown ကို သက်စံအန်တာစံ က ရရှိ+++++++++++++++++++++++++++++++++++...
07/06/2024

Miss Universe Myanmar 2024 ပြိုင်ပွဲကြီးတွင် Winner ဆု Crown ကို သက်စံအန်တာစံ က ရရှိ
+++++++++++++++++++++++++++++++++++++++++++++++++++
ဇွန်လ ၇ ရက်
Universe Myanmar 2024 ပြိုင်ပွဲကြီးတွင် ဆု ကို #သက်စံအန်တာစံ( San Andersen) က ရရှိသွားကြောင်း သိရသည်။

ယင်းကြောင့် #ဆွီဒင်-မြန်မာကပြား “သက်စံအန်တာစံ” က မြန်မာနိုင်ငံကို ကိုယ်စားပြု Yangon North Miss Universe Myanmar အဖြစ် Miss Universe Myanmar International ပွဲကြီးတွင် သွားရောက်ယှဉ်ပြိုင်ရ မည်ဖြစ် ကြောင်း သိရ သည်။
Universe Myanmar 2024 ပြိုင်ပွဲကြီး၏ Grand Final Competition ကိုဇွန်လ(၇)ရက်တွင် Convention Center (YCC) ၌ ကျင်းပခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Beauty Blogger ဝင်းမင်းသန်း ချစ်သူနှင့် ရွှေလက်တွဲလိုက်ပြီ+++++++++++++++++++++++++++++++++++++ဇွန်လ ၇ ရက်Beauty Blogger...
07/06/2024

Beauty Blogger ဝင်းမင်းသန်း ချစ်သူနှင့် ရွှေလက်တွဲလိုက်ပြီ
+++++++++++++++++++++++++++++++++++++
ဇွန်လ ၇ ရက်
Beauty Blogger ဝင်းမင်းသန်း ဟာ သူ့ရဲ့ ချစ်သူနှင့် ရွှေလက်တွဲလိုက်ပြီဖြစ်ပါတယ်။
“တကယ်ချစ်ရင်ပြန်လာမှာပါ🎵🎶ဖိုးပြည့်စုံသီချင်းကခေတ်စား၊အဲ့ဒီအချိန် Glow Nation ဂိုဏ်းချုပ် glow glass တွေရဲ့မိခင်ကြီး Win Min Than ( ခေါ် )မားဝင်းက အချစ်ဦးနဲ့ပြန်ဆုံစည်း၊ မားဝင်းက သူ့အသက် ၁၉ နှစ်က‌နေ ၂၅ နှစ်အထိ ၅ နှစ်‌ကျော်ဝန်းကျင်တွဲခဲ့ကြတာ။ ၂၀၁၅ ခုနှစ် မြန်မာပြည်ကိုပြန်လာခဲ့ရတယ်။ အ ကြောင်း အရင်းက သူ့မိဘကိုသမီးတစ်ယောက်အနေနဲ့ အနီးကပ်ဂရုစိုက်ချင်လို့။ သူ့ရဲ့ဝါသနာကိုမြန်မာပြည်မှာ ပဲပြန်လုပ်ခဲ့တာ။ကြားထဲအဆက်အသွယ်ပြတ်သွားတယ်ထင်ပါတယ်။ ၂၀၂၀ လောက်မှာစကားတွေပြန်ပြော ဖြစ်ကြတယ်ပြောတယ်။ မားဝင်း ဟိုထဲမရောက်ခင်သူလာလည်သေးတယ်။ တကယ်တော့ ချစ်ရဲ့သားနဲ့ဘဝ အတွက်ကိုယ့်လမ်းကိုယ်ရွေးချယ်ခဲ့ကြတာ။ အတူတူရှိစဉ်မှာလည်းအရမ်းပျော်ခဲ့ကြပြီး လေးစားမှု၊ဖေးမမှု‌တွေ နဲ့တစ်ယောက်တန်ဖိုးတစ်ယောက်သိစိတ်ဆင်းရဲမှုမရှိ Healthy Relationship ဖြစ်ခဲ့ကြတယ်။အတိုးချုပ်ပြော ရရင် တကယ်ချစ်ရင်ပြန်လာမှာပါဆိုတာအလကားပါ အချစ်မရှိတော့တဲ့ Toxic Relationship တို့ Second Person ပေါ်လာလို့ cheat သွားတဲ့သူမျိုးတို့ကတာ့ပြန်လာမှာမဟုတ်ဘူး မျှော်မနေကြနဲ့၊မျက်စိလည်လမ်း မှားပြန်လာခဲ့ရင်လည်းအလာတူထပ်လုပ်မှာမို့လက်မခံကြနဲ့၊ ၄၀ ကျော်မှအဆင်ရသေးတယ် အားမငယ်တော့ ဘူး လည်းလုပ်မနေနဲ့ဦး၊ ဟိုကငယ်ချစ်ဦးကိုမှသူ့ခများနှစ်အကြာကြီးစောင့်လာရတာ၊ အရင်ကပြောပြနေ ချိန်စိတ်မကောင်းလို့လိုက်ငိုခဲ့ဖူးတယ်၊ အခုတော့ထပ်တူပျော်ပါတယ်၊ Congratulations”လို့ ဝင်းမင်းသန်း ရဲ့ မိတ်ဆွေတစ်ယောက်က လူမှုကွန်ရက်မှာရေးသားထားပါတယ်။
Beauty Blogger ဝင်းမင်းသန်း ဟာ ပရိသတ်တွေကို အချစ်ရေးနဲ့ အပျိုကြီးဒသနတွေအကြောင်း အများကြီး Motivation ပေးခဲ့တဲ့ အပျိုကြီးလည်း ဖြစ်ပါတယ်။
ဒါကြောင့် အခုလို ချစ်သူနဲ့ ရွှေလက်တွဲခဲ့တဲ့အပေါ် “တစ်နိုင်ငံလုံးကို အပျိုကြီးဒဿနတွေရိုက်သွင်းပေးပြီး လင် ထယူသွားတဲ့ အမကြီးပေါ့၊ တစ်ယောက်တည်း လည်းတောက်ပနေရမယ်ပြောပြီး သူသင်ပေးသလို အချစ်ကို မယုံ နဲ့ ဘာတွေနဲ့ ဘဝကိုလျှောက်လှမ်းလာတာ၊ မုဆိုးတစ်ပိုင်း မိန်းမရိုင်းကြီးကိုဖြစ်လို့ ၊ ဟောခုကြည့် မားဝင်း ဆို့အောက်တဲ့ ၊ ယောင်းမ မြင်းစီးထွက်တာပေါ့ လေ ဟုတ်လားမားဝင်း” လို့လည်း ချစ်စဖွယ် နောက်ပြောင်ရေး သား နေကြသူတွေလည်း ရှိနေတာကို တွေ့ရပါတယ်။

 FIFA World Cup 2026 Preliminary Competition Asian Zone (Round-2) ခြေစစ်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားမည့် မြန်မာနှင့် ဂျပန်...
06/06/2024


FIFA World Cup 2026 Preliminary Competition Asian Zone (Round-2) ခြေစစ်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားမည့် မြန်မာနှင့် ဂျပန်အသင်းတို့ ပြိုင်ပွဲကျင်းပရာ သုဝဏ္ဏကွင်း အတွင်းသို့ ရောက်ရှိလာစဉ်

မြန်မာဗိုဗီနမ် အားကစားအဖွဲ့က ရွှေတံဆိပ် (၂)ခု၊ ငွေတံဆိပ် (၁)ခု၊ ကြေးတံဆိပ် (၄)ခု ကို (၁၃)ကြိမ်မြောက် အာဆီယံကျောင်းသားအား...
06/06/2024

မြန်မာဗိုဗီနမ် အားကစားအဖွဲ့က ရွှေတံဆိပ် (၂)ခု၊ ငွေတံဆိပ် (၁)ခု၊ ကြေးတံဆိပ် (၄)ခု ကို (၁၃)ကြိမ်မြောက် အာဆီယံကျောင်းသားအားကစားပြိုင်ပွဲတွင် ဆွတ်ခူးရရှိခဲ့
+++++++++++++++++++++++++++++++++++++++++++++++++++++
ဇွန်လ ၆ ရက်
မြန်မာဗိုဗီနမ် အားကစားအဖွဲ့ အနေဖြင့် ရွှေတံဆိပ် (၂)ခု၊ ငွေတံဆိပ် (၁)ခု၊ ကြေးတံဆိပ် (၄)ခုဖြင့် စုစုပေါင်း ဆုတံဆိပ် (၇)ခု ကို (၁၃)ကြိမ်မြောက် အာဆီယံကျောင်းသားအားကစားပြိုင်ပွဲတွင် ဆွတ်ခူးရရှိခဲ့ကြောင်း သိရ သည်။
ဇွန်လ ၁ ရက် ဇွန်လ ၉ ရက်ထိ ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့တွင် ကျင်းပလျက်ရှိသည့်(၁၃)ကြိမ်မြောက် အာဆီယံ ကျောင်းသားအားကစားပြိုင်ပွဲတွင် မြန်မာဗိုဗီနမ် အားကစားအဖွဲ့မှ အားကစားသမားအင်အား စုစုပေါင်း (၁၂) ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ပြိုင်ပွဲအတွင်း (အမျိုးသမီး) တစ်ကိုယ်တော်လက်သိုင်းအပြပြိုင်ပွဲတွင် မယွန်းလဝန်းအိမ်ရွှေ က ရွှေတံ ဆိပ် (၁)ခု၊ အမျိုးသမီး (၁ )ဦးနှင့်အမျိုးသား(၃)ဦး လက်နက်ဖြင့်အပြပြိုင်ပွဲတွင် မနွေးလွန်းထက်၊ အောင်ပြည့် စုံနိုင်၊ ကျော်ဇောရှင်နှင့် ပြည့်စုံအောင်တို့အတွဲက ရွှေတံဆိပ် (၁)ခု၊ (အမျိုးသား) 54.0-60.0kg အတိုက်ပြိုင်ပွဲ တွင် မောင်ဝေယံကျော်က ငွေတံဆိပ် (၁)ခု၊ (အမျိုးသမီး)45.0- 50.9 kgပြိင်ပွဲတွင် မယွန်းပန်းသဇင်အောင် ကကြေးတံဆိပ် (၁)ခု၊ (အမျိုးသား)တစ်ကိုယ်တော်လက်သိုင်းအပြပြိုင်ပွဲတွင် မောင်နိုင်အောင်ရွှေက ကြေးတံ ဆိပ် (၁)ခု၊ (အမျိုးသမီးနှစ်ယောက်တွဲ)ဓါးအတိုက်အပြပြိုင်ပွဲတွင် မဇင်လဲ့ဖြူနှင့် ကြယ်စင်လွင်တို့အတွဲက ကြေးတံဆိပ် (၁)ခု၊ (အမျိုးသားလေးယောက်တွဲ)လက်နက်မဲ့အပြပြိုင်ပွဲတွင် မင်းခန့်နိုင်၊ နိုင်အောင်ရွှေ၊ ပြည်စုံအောင်နှင့် ကျော်ဇောရှင်တို့အတွဲက ကြေးတံဆိပ် (၁)ခုရရှိခဲ့ကြောင်း သိရသည်။
ယင်းကြောင့်မြန်မာဗိုဗီနမ်းအားကစားအဖွဲ့အနေဖြင့် စုစုပေါင်း ရွှေတံဆိပ် (၂)ခု၊ ငွေတံဆိပ် (၁)ခု၊ ကြေးတံဆိပ် (၄)ခုဖြင့် စုစုပေါင်းဆုတံဆိပ် (၇)ခု ဆွတ်ခူးရရှိခဲ့ကြောင်းသိရသည်။

 #ခန္ဓာဝန်ချ သွားတော်မူသည့် အနန္တကျေးဇူးတော်ရှင်  #မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး ၏  #ရုပ်ကလာပ်တော်ပူဇော်ရန်  #စံကျောင်း...
05/06/2024

#ခန္ဓာဝန်ချ သွားတော်မူသည့် အနန္တကျေးဇူးတော်ရှင် #မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး ၏ #ရုပ်ကလာပ်တော်ပူဇော်ရန် #စံကျောင်းတော်ပုံစံကို မြင်တွေ့ရစဉ်

၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ ယနေ့ စတင်ဖွင့်လှစ် +++++++++++++++++++++++++++++++++++++++++++ဇွန်လ ၃ ရက်...
03/06/2024

၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ ယနေ့ စတင်ဖွင့်လှစ်
+++++++++++++++++++++++++++++++++++++++++++
ဇွန်လ ၃ ရက်
၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများကို ယနေ့ ဇွန်လ ၃ ရက်တွင် စတင်ဖွင့်လှစ် ခဲ့ ကြောင်း သိရသည်။
မေလ ၂၃ ရက်မှ ဇွန်လ ၂ ရက်ထိ ကျောင်းအပ်နှံရေးသီတင်းပတ်ကို ဆောင်ရွက်ခဲ့ရာ အဆိုပါကာလအတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီး သင် ပညာရေးကျောင်းများတွင် ကျောင်းအပ်နှံသူဦးရေ ၆ ဒသမ ၄ သန်းခန့် ရှိကြောင်း ပညာ‌ရေးဝန်ကြီးဌာနမှ သိရသည်။

ကလေးငယ်များ ကျောင်းစတက်သောနေ့တွင် ခံစားချက် နှစ်မျိုး ဖြစ်သည့်အကြောင်း ခိုင်နှင်းေ၀ ရေးသား++++++++++++++++++++++++++++++...
03/06/2024

ကလေးငယ်များ ကျောင်းစတက်သောနေ့တွင် ခံစားချက် နှစ်မျိုး ဖြစ်သည့်အကြောင်း ခိုင်နှင်းေ၀ ရေးသား
++++++++++++++++++++++++++++++++++++++++++++++++++++++
ရန်ကုန်၊ဇွန်လ ၃ ရက်
ကလေးငယ်များ ကျောင်းစတက်သောနေ့တွင် ခံစားချက် နှစ်မျိုး ဖြစ်သည့်အကြောင်း ခိုင်နှင်းေ၀ က သူ၏ လူမှုကွန်ရက်တွင် ရေးသားလာသည်။
“ငိုချင်သလို ပျော်သလို ခံစားချက်မျိုးလေးနဲ့ သူတို့ ကျောင်း စ,တက်တဲ့ နေ့” ဟု သူက ရေးထားခြင်း ဖြစ်သည်။
ယင်းအပြင်“ကလေးတွေ ကျောင်း ကိစ္စအတွက် ကျေးဇူးတင်ထိုက်သူများ အားလုံးကို အထူးပဲ ကျေးဇူးတင်ရှိပါ တယ်ရှင်၊ ကလေးတွေ အတွက် ကျောင်းကား (တန်ဘိုးငွေ ကျပ်သိန်း ၆၀၀ ခန့်)လှူဒါန်းပေးပါသော G-Link Electro Trading “မှ “Felicity Solar Myanmar” မိသားစု တို့ကိုလည်း အထူးပဲ ကျေးဇူးတင်ရှိပါတယ်ရှင်”ဟု ခိုင်နှင်းဝေက သူ၏ လူမှုကွန်ရက်တွင် ရေးသားထားသည်။

ရန်ကုန်မြို့လယ်ခေါင် တွင် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး ကလေးမွေး+++++++++++++++++++++++++++++++++++++++++မေလ ၂၆ ရက်ရန်ကုန...
26/05/2024

ရန်ကုန်မြို့လယ်ခေါင် တွင် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး ကလေးမွေး
+++++++++++++++++++++++++++++++++++++++++
မေလ ၂၆ ရက်
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်ရှိ ရန်ကုန်မြို့လယ်ခေါင် ဆူးလေဂုံးတံတားဘေး တွင် မေလ ၂၆ ရက် နံနက် ၉ နာရီ ၄၃ မိနစ် ခန့်က ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး ကလေးမွေးဖွားခဲ့သောကြောင့် လင်းလက်လူမှုကူညီရေးအသင်း ၊ ကျောက်တံတား အရံပရဟိတအသင်း၊ကျောက်တံတားမီးသတ်တပ်ဖွဲ့၊ ဆူးလေဂေါပကတာဝန်ရှိသူများ ၊ကျောက်တံတား ၁-ရပ်ကွက်မှတာဝန် ရှိသူများ ၊ကျောက်တံတားစခန်းမှ သူနာပြု ဆရာမတို့နှင့်အတူ ဗဟိုအမျိုးသမီးဆေးရုံသို့ လွှဲပြောင်းကာ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ ကလေးမှာ မိန်းခလေး ဖြစ်ကြောင်း၊ ခလေးမွေးဖွားခဲ့သည့် အမျိုးသမီးနှင့် ကလေးငယ်အတွက် လိုအပ်သောအနှီးများ ၊ လုံခြည်များ၊ ကလေးအင်္ကျီအစားအသောက်များဝယ်ယူနိုင်ရန် ငွေကြေးများ ကူညီခဲ့ကြကြောင်းလည်း သိရသည်။

Address


Website

Alerts

Be the first to know and let us send you an email when Myanma Khit Pyaing Media posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share