Paletwa News

Paletwa News Paletaw Chin Statr News Media

02/02/2024

မဂ်လာပါ

အယောင်ဆောင် CDM လုပ်သည့် သူလျှို ၃ ဦး ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ဟု ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ပြောရန်ကုန်၊ မေ ၄တိုင်းရင်းသား...
04/05/2022

အယောင်ဆောင် CDM လုပ်သည့် သူလျှို ၃ ဦး ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ဟု ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ပြော

ရန်ကုန်၊ မေ ၄

တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့ ERO များနှင့် အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်ခံ PDF များထံ CDM ပြုလုပ်သူ အယောင်ဆောင်၍ သူလျှို လုပ်သည့် စစ်ကောင်စီဘက်တော်သား ၃ ဦးကို ဖော်ထုတ်နိုင်ပြီး ဖမ်းဆီးထိန်းသိမ်းထားကြောင်း ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနနှင့် သီးသန့်တွေ့ဆုံမေးမြန်းသည့်အစီအစဉ်တွင် အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောဆိုခဲ့ခြင်းဖြစ်သည်။

"CDM လုပ်တယ်ပဲ ပြောပြော ပြည်သူနဲ့ ပူးပေါင်းတယ်ပြောပြောပေါ့ဗျာ၊ ပြည်သူ့ဘက်တော်သားဖြစ်လာတဲ့ တပ်မတော်သား၊ ရဲတပ်ဖွဲ့ ၁ ဦးချင်းစီကို ပြည်သူ့ရင်ခွင်ခိုလှုံရေးအစီအစဉ်အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ အလုပ်အဖွဲ့ ၁ခုကနေ အင်တာဗျူးတာ ရှိပါတယ်။ အခုအချိန်ထိဆိုလို့ရှိရင် ဒလန်၊ သူလျှို သဘောမျိုးနဲ့ ဝင်လာတဲ့ ၃ ယောက်ကို ဖော်ထုတ်နိုင်တယ်။

အများစုကတော့ တကယ်စိတ်ရင်းအမှန်နဲ့ ပြည်သူနဲ့ ပူးပေါင်းလာသူတွေ ဖြစ်တယ်ဆိုတာ တွေ့ရပါတယ်။ အခုလို ပြည်သူနဲ့ ပူးပေါင်းလာပြီးတဲ့အချိန်မှာလည်း အများစုက ပြည်သူ့တော်လှန်ရေးမှာ ဘယ်လို အခန်းကဏ္ဍကနေ ပါဝင်နိုင်မလဲဆိုပြီး ပြင်ဆင်နေတဲ့ ရဲဘော်တွေလည်း အများကြီး ရှိပါတယ်" ဟု ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောဆိုသည်။

အဆိုပါ သူလျှို ၃ ဦးကို ဒေသခံတော်လှန်ရေးတပ်ဖွဲ့များက ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရှိရသည်။

"မြန်မာနိုင်ငံ အနောက်ပိုင်းမှာ ၁ ယောက် ဖော်ထုတ်ရရှိပါတယ်၊ မြန်မာနိုင်ငံ မြောက်ပိုင်းမှာ ၂ ယောက် ဖော်ထုတ်ရရှိပါတယ်။ အလယ်ပိုင်းနဲ့ တောင်ပိုင်းမှာတော့ အခုချိန်ထိ အဲဒီလိုမျိုး မရှိသေးဘူး။ လက်ရှိမှာတော့ ဒေသခံတော်လှန်ရေး အဖွဲ့တွေကပဲ ယာယီအချုပ်ခန်း ဆောက်ပြီးတော့ ထိန်းသိမ်းထားပါတယ်" ဟု ဦးရည်မွန်က ရှင်းပြသည်။

လက်ရှိတွင် မင်းအောင်လှိုင်ဦးဆောင်သော အကြမ်းဖက်စစ်ကောင်စီကို စွန့်ခွာပြီး CDM ပြုလုပ်လာသူ စစ်သား ၃,၀၀၀ ဝန်းကျင်နှင့် ရဲတပ်ဖွဲ့ဝင် ၇,၀၀၀ ဝန်းကျင်ရှိကြောင်း ပြည်သူ့ပန်းတိုင်အစီအစဉ်မှ CDM ဗိုလ်ကြီး ညီသုတက ပြောဆိုသည်။

ယင်းအပြင် CDM ပြုလုပ်ရန် စာရင်းသွင်းထားသူ ၃,၀၀၀ ဝန်းကျင်ရှိနေသလို CDM မပြုလုပ်သော်လည်း စစ်ကောင်စီမှ စွန့်ခွာပြီး သီးသန့်နေထိုင်နေသူ အမြောက်အများရှိကြောင်း ပြည်သူ့ပန်းတိုင်အဖွဲ့ထံမှ သိရှိရသည်။

ဓါတ်ပုံ - ရှေ့တန်းတနေရာတွင် တွေ့ရသည့် ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်

တီးတိန်မြို့နယ်တွင် CNA နဲ့ ZRA နှစ်ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွား=====ချင်းပြည်နယ်၊ တီးတိမြို့နယ် Singlei ကျေးရွာအနီးတွင်...
29/04/2022

တီးတိန်မြို့နယ်တွင် CNA နဲ့ ZRA နှစ်ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွား
=====
ချင်းပြည်နယ်၊ တီးတိမြို့နယ် Singlei ကျေးရွာအနီးတွင် CNA နဲ့ ZRA တို့ဟာ ဧပြီ ၂၇ ရက်နဲ့ ၂၈ ရက်တွင် တိုက်ပွဲဖြစ်ပွားတယ်လို့ CNA ဘက်ကနေ သတင်းရရှိပါတယ်။
Read More >>>>>> https://bit.ly/3xYTAJd

ချင်းပြည်နယ်၊ တီးတိမြို့နယ် Singlei ကျေးရွာအနီးတွင် CNA နဲ့ ZRA တို့ဟာ ဧပြီ ၂၇ ရက်နဲ့ ၂၈ ရက်တွင် တိုက်ပွဲဖြစ်ပွားတယ်လ....

Address


Website

Alerts

Be the first to know and let us send you an email when Paletwa News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share