
08/12/2022
ကော့သောင်း-ဘုတ်ပြင်းကားလမ်းပေါ်တွင် စစ်ကားကြီး (၁)စီးနှင့် စကစ စစ်ကူအဖွဲ့များ ကြားဖြတ်တိုက်ခိုက်ခံရ
ထားဝယ် ၊ ဒီဇင်ဘာလ ၇ ရက်
တနင်္သာရီတိုင်း ၊ ကော့သောင်း-ဘုတ်ပြင်း ပြည်ထောင်စုလမ်းမကြီး၊မိုင်တိုင်(၄၀/၅၀)ကြားမှာ ယမန်နေ့နံနက်ပိုင်းကစကစကားကြီး(၁)စီးမိုင်းဆွဲတိုက်ခိုက်ခံလိုက်ရသည်။
ဒီဇင်ဘာ(၆)ရက်၊နံနက်(၁၀)နာရီခန့်ကကော့သောင်းဖက်မှတက်လာသည့် ၎င်းစကစကားကို ကော့သောင်းမြို့နယ် (ပကဖ.အဖွဲ့.၁)နဲ့ဘုတ်ပြင်းမြို့နယ်(ပကဖ)တို့ပူးပေါင်း၍ မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း ယနေ့ ထုတ်ပြန် ထားသည်။
ယင်းနေရာသို့စကစတပ်သားများစစ်ကူထပ်ရောက်ရှိလာသဖြင့်၎င်း(ပကဖ)ပူးပေါင်းဖွဲ့တို့နဲ့ (၁၅)မိနစ်ကြာပြန်လှန်ပစ်ခတ်မှုများထပ်ဖြစ်ပွားခဲ့ကြောင်း ရေးသားထားသည်။
အဆိုပါ တိုက်ခိုက်မှု(၂)ကြိမ်တွင် ဖက်ဆစ်တပ်သားများစွာထိခိုက်သေဆုံးခဲ့ပြီး အတိကျကိုမသိရသေး၍ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့မှ ထိခိုက်မှုမရှိ ဘေးကင်းစွာနဲ့ ဆုတ်ခွာခဲ့ကြောင်း ဘုတ်ပြင်း(ပကဖ)မှဖော်ပြထားသည်၊
Dawei Information Center
#ပုံဟောင်း။