Shwe Myanmar

Shwe Myanmar Argos

အောင်လအန်ဆန်း ကို စိန်ခေါ်လိုက်တဲ့ ဂျပန်နိုင်ငံသား ယူရှင် အိုကာမီဂျပန် ဖိုက်တာ ယူရှင် အိုကာမီ ကအောင်လအန်ဆန်း နဲ့ ထိုးသတ်...
31/07/2021

အောင်လအန်ဆန်း ကို စိန်ခေါ်လိုက်တဲ့ ဂျပန်နိုင်ငံသား ယူရှင် အိုကာမီ

ဂျပန် ဖိုက်တာ ယူရှင် အိုကာမီ ကအောင်လအန်ဆန်း နဲ့ ထိုးသတ်ဖို့စောင့်နေတာဖြစ်ကြောင်း မနေ့ကပွဲအပြီး Twitter မှာရေးသားခဲ့ပါတယ်။

" မစ်ဒယ်ဝိတ်တန်း ကို တက်ထိုးဖို့ ဆုံးဖြတ်ချက် ချလိုက်တဲ့ နေ့ကစလို့ ၊ မင်းနဲ့ ထိုးခွင့်ရဖို့ စောင့်နေခဲ့တာပါ။အဲဒီ ခံယူချက်က အခုထိ မပြောင်းလဲသေးပါဘူး။အောင်လအန်ဆန်း ....မင်းကို ငါ အနိုင်ယူပြမယ်" လို့သူ ကရေးသားထားတာဖြစ်ပါတယ်။

ပြိုင်ဘက်ကို ပထမအချီမှာပဲ အလဲထိုးအနိုင်ယူပြီးတဲ့နောက် အောင်လ ဘာပြောခဲ့လဲ၊ အစီအစဉ်တင်ဆက်သူရဲ့ အမေးတွေကို အောင်လဖြေကြားခဲ့...
30/07/2021

ပြိုင်ဘက်ကို ပထမအချီမှာပဲ အလဲထိုးအနိုင်ယူပြီးတဲ့နောက် အောင်လ ဘာပြောခဲ့လဲ၊
အစီအစဉ်တင်ဆက်သူရဲ့ အမေးတွေကို အောင်လဖြေကြားခဲ့ပုံ-

မေး၊ ခင်ဗျားရဲ့ ပြင်းထန်လှတဲ့ ညာလက်သီးနဲ့ ပွဲသိမ်းလိုက်ပြီးတဲ့နောက် တကဲ့ကို ခံစားချက်အပြည့်နဲ့ ခင်ဗျားကို တွေ့ရတယ်၊ ပွဲအပြီးမှာ ဘာတွေ စိတ်ထဲဖြစ်နေလဲ။
အောင်လ၊ ၊ သူက အင်တာဗျူးတစ်ခုမှာ ကျွန်တော်သူနဲ့ ရင်ဆိုင်ဖို့ကြောက်နေတယ်ပြောခဲ့တယ်၊ ကျွန်တော်သူ့ကို ပြချင်တယ်၊ ကျွန်တော် ဘယ်သူမှ မကြောက်ဘူး။ ဘယ်သူ့ကိုမှ မကြောက်ဘူး၊ မစ်ဒယ်ဝိတ်တန်းမှာ ဘယ်သူလာလာ၊ ခေါ်လာခဲ့ပါ။ တွေ့ကြတာပေါ့။

မေး၊ ၊ ခင်ဗျားကြောက်ရွံ့တာလုံးဝ မရှိဘူးဆိုတာ ပြခဲ့ပါတယ်လေ၊ ခင်ဗျား ONE Championship စီအီးအို Chatri Sityodtong နဲ့ ပွဲပြီးပြီးချင်းစကားသွားပြောတာတွေ့တယ်၊ သူ့ကို ဘာပြောတာလဲ။
အောင်လ၊ ၊ ဘယ်သူဖြစ်ဖြစ်ခေါ်ခဲ့ပါ၊ ပွဲစီစဉ်ပါ၊ ကျွန်တော် အသင့်ပဲလို့ပြောတာ၊ ကျွန်တော်ချန်ပီယံဖြစ်တုန်းက ကျွန်တော်နဲ့ ထိုးချင်တယ်ဆိုပြီး အများကြီးက ပြောကြတာရှိတယ်။ ဝယ်လတာဝိတ်တန်းချန်ပီယံကတောင် ထိုးချင်တယ်ပြောတယ်။ လာပါ၊ စီစဉ်ပါ၊ ယူရှင် အိုကာမီကလည်း ထိုးချင်တယ်၊ ဘစ်ဂ်ဒက်ရှ်နဲ့လည်း ၃ကြိမ်မြောက်ပွဲ စီစဉ်လို့ရပါတယ်။ စိတ်ဝင်စားစရာပွဲတွေ ရှိတယ်၊ ဖြစ်အောင်သာ လုပ်ပါဗျာ။

မေး၊ စိတ်ဝင်စားစရာ ပွဲ နှစ်ခု ခင်ဗျားပြောသွားတယ်၊ ဘစ်ဂ်ဒက်ရှ်နဲ့ ၃ ပွဲမြောက်၊ နောက် ယူရှင် အိုကာမီ၊ ဒါပေမဲ့ ခင်ဗျား ကမ္ဘာ့ချန်ပီယံဘွဲ့အတွက် စိမ်ခေါ်ဖို့ လုံလောက်ပြီလို့ ပြောနိုင်လား၊ တခြားပွဲစဉ်တစ်ခုခု လုပ်ချင်သေးတာလား။
အောင်လ၊ ၊ ပျင်းစရာပွဲတစ်ခုကိုတော့ ဘယ်သူကမှ ကြည့်ချင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ပွဲကောင်းကောင်းလေးတစ်ခု စီစဉ်ပါ၊ ကျွန်တော်တို့ ထပ်လုပ်လို့လည်း ရပါတယ်။ သူ့ဘက်က လုပ်ချင်တာလုပ်ပါစေ၊ အခုပွဲအပြီးမှာတော့ စိတ်ဝင်စားစရာ ပွဲတစ်ခုခုတော့ စီစဉ်ပါ၊ One Championshiup အတွက် ပွဲကောင်းလေး လုပ်ပါ။ ပရိသတ်တွေအတွက် ပွဲကောင်းလေး လုပ်ပါ။

ကျွန်တော် မြန်မာပြည်သူတွေအတွက် ဆုတောင်းပေးချင်ပါတယ်။ ဒီနှစ်ဟာ ကျွန်တော်တို့အားလုံအတွက် ခက်ခဲတဲ့ နှစ်ပါ။ ကျွန်တော့်အတွက်လည်း အရမ်းပဲ ခက်ခဲခဲ့ပါတယ်။ မြန်မာပြည်တွင်းမှာ အမျိုးမျိုး ဖြစ်နေချိန် ကျွန်တော် လေ့ကျင့်ကွင်းထဲ သွားနေရတာကိုက စိတ်ပိုင်းအရ ကျွန်တော့်အတွက် အတော်ကြီးခက်ခဲပါတယ်။ မြန်မာပြည်အတွက် ဆုတောင်းပေးကြပါ၊ မြန်မာပြည်သူတွေအတွက် စဉ်းစားပေးကြပါ။ တာဝန်ရှိသူတွေ၊ လုပ်ပေးနိုင်သူတွေဆိုရင်လည်း မြန်မာနိုင်ငံရဲ့ အနာဂတ်အတွက် စဉ်းစားပေးပါ။ ခင်ဗျားတို့ ကိုယ့်အတွက်ပဲ မစဉ်းစားကြပါနဲ့၊ ကျေးဇူးအများကြီးတင်ပါတယ်။

🚨မဂ္ဂနီကျု ၈.၂ အဆင့်အားပြင်းငလျင်ကြီးလှုပ်ရှားပြီးနောက် အမေရိကန်အနောက်ပိုင်းကမ်းခြေများနှင့် ဟာဝေအီကျွန်း ဆူနာမီရေလှိုင်...
29/07/2021

🚨မဂ္ဂနီကျု ၈.၂ အဆင့်အားပြင်းငလျင်ကြီးလှုပ်ရှားပြီးနောက် အမေရိကန်အနောက်ပိုင်းကမ်းခြေများနှင့် ဟာဝေအီကျွန်း ဆူနာမီရေလှိုင်းသတိပေးချက်ထုတ်ပြန်ထားသည်။
၂၉.၇.၂၀၂၁
#မြေငလျင်သတင်းများစင်တာ

မင်္ဂလာနံနက်ခင်းပါမိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ (၂၉.၇.၂၀၂၁) ရက်နေ့တွင် မြစ်ရေကြီးမှု အခြေအနေသတင်းကို အောက်ပါအတ...
29/07/2021

မင်္ဂလာနံနက်ခင်းပါ
မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ (၂၉.၇.၂၀၂၁) ရက်နေ့တွင် မြစ်ရေကြီးမှု အခြေအနေသတင်းကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါတယ်။

စစ်တောင်းမြစ်စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ

ယနေ့မြန်မာစံတော်ချိန် (၁၁:၃၀)နာရီအချိန် တိုင်းထွာချက်အရစစ်တောင်းမြစ်ရေသည် မဒေါက်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ (၅)လက်မခန့်ကျော်လွန်ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် နောက်(၁)ရက်အတွင်းယင်းမြို့၏ စိုးရိမ်ရေမှတ်အောက်သို့ ပြန်လည်ကျဆင်း နိုင်ပါသည်။

သောင်ရင်းမြစ်စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ

ယနေ့မြန်မာစံတော်ချိန် (၁၁:၃၀)နာရီအချိန် တိုင်းထွာချက်အရသောင်ရင်းမြစ်ရေသည် မြဝတီမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ (၇)ပေခန့် ကျော်လွန်ရောက်ရှိနေပါသည်။ အဆိုပါ မြစ်ရေသည် နောက်(၃)ရက်အတွင်းယင်းမြို့၏ စိုးရိမ်ရေမှတ်အောက်သို့ပြန်လည်ကျဆင်းနိုင်ပါသည်။

သံလွင်မြစ်စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ

ယနေ့မြန်မာစံတော်ချိန် (၁၁:၃၀)နာရီအချိန် တိုင်းထွာချက်အရသံလွင်မြစ်ရေသည် ဘားအံမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ပေဝက်ခန့် ကျော်လွန်ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် နောက်(၁)ရက်အတွင်းယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါသည်။
အကြံပြုချက်

သို့ဖြစ်ပါ၍ ဘားအံမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့်မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြပါရန် အကြံပြုအပ်ပါသည်။

>>>လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်ခြင်း
27/07/2021

>>>လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်ခြင်း

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်ကတော့ တော်တော်များများမြုပ်သွားပါပြီ 😢😢😢ယနေ့ မနက်ပိုင်းမြင်တွေ့ရတဲ့ပုံတွေသာဖြစ်ပါတယ်P...
27/07/2021

ကရင်ပြည်နယ်
ကြာအင်းဆိပ်ကြီးမြို့နယ်ကတော့ တော်တော်များများမြုပ်သွားပါပြီ 😢😢😢

ယနေ့ မနက်ပိုင်းမြင်တွေ့ရတဲ့ပုံတွေသာဖြစ်ပါတယ်

Photo crd
Shwe Myanmar

ရခိုင်ပြည်နယ် သံတွဲမြို့တွင် ရေကြီးနေမှု မြင်ကွင်းများ🙏🙏🙏မိဘပြည်သူများ ဘေးကင်းကြပါစေ🙏🙏🙏ရခိုင်ပြည်နယ်၊ သံတွဲမြို့တွင် မို...
27/07/2021

ရခိုင်ပြည်နယ် သံတွဲမြို့တွင် ရေကြီးနေမှု မြင်ကွင်းများ🙏🙏🙏

မိဘပြည်သူများ ဘေးကင်းကြပါစေ🙏🙏🙏

ရခိုင်ပြည်နယ်၊ သံတွဲမြို့တွင် မိုးအဆက်မပြတ်ရွာသွန်းခဲ့မှုကြောင့် ဇူလိုင်လ ၂၇ ရက် နံနက် သံတွဲမြို့ အမှတ် ၁ ရပ်ကွက်၊ ဂူကြီးခုံ၊ သမုတ်ချောင်း၊ ညောင်ပင်ဈေးအတွင်းရှိ နေအိမ်များရေမြုပ်နေပြီး အရေးပေါ်အကူအညီလိုအပ်နေကြောင်းသိရှိရပါသည်။

Shwe Myanmar

Oxygen Concentrator အသုံးပြုသူများအတွက်=================================လူတိုင်း Oxygen Concentrator တွေ ဝယ်ပြီး သုံးနေက...
27/07/2021

Oxygen Concentrator အသုံးပြုသူများအတွက်

=================================

လူတိုင်း Oxygen Concentrator တွေ ဝယ်ပြီး သုံးနေကြပြီဆိုတော့ သိကြပြီးသားလည်းဖြစ်မှာပါ

ဒါပေမယ့် အချို့မသိသေးတဲ့သူတွေအတွက်
သတိထားရမှာလေးတွေ မသိလိုက်မှာစိုးလို့ပါ

- **Safe Guard** ခံပြီးမှ သုံးရပါမယ်

- Maintenance cleaning လုပ်ပြီးကာစ ရေအစိုဓာတ် ကျန်နေသေးရင် လုံးဝခြေက်သွားမှ ပြန်သုံးပါ

-စက်ရဲ့ အောက်ခြေမှာ Transport အတွင်းစိတ်ချရအောင် ချည်ထားတဲ့ကြိုးရှိတတ်ပါတယ်
မသုံးခင် အဲ့ကြိုးကိုဖြတ်ပါ
(အချို့စက်မှာ မပါပါ
စက်အောက်ခြေကို မ,ကြည့်ပါ)

-စက်ကို သယ်တဲ့အခါ လှဲပြီးမသယ်ရပါ တဲ့

- စက်အမျိုးအစားပေါ်မူတည်ပြီး
အဖွင့်ခလုတ် တစ်ခု or နှစ်ခု ပါတတ်ပါတယ်
အိမ်ကတလုံးဆို ပထမခလုတ်နှိပ်ပြီး ကွိကွိကွကွစကားပြောသံဆုံးမှ နောက်ခလုတ်ကိုဖွင့်ရပါတယ်။

- ပြီးမှ Flow meter ကို 1L မှစကာ 2L... 3L... ဖြေးဖြေးချင်းတင်သွားပါ။ ဖွင့်ပြီးပြီးချင်း 5L 10L တန်းတင်တာမျိုး မလုပ်ပါနဲ့

-စက်ပြန်ပိတ်မယ်ဆိုလည်း တဆင့်ချင်းစီ Flow meter ပိတ် ပြီး Off button နှိပ်

-Humidifier ရေထည့်သည့်ခွက်ထဲကို max နဲ့ mini အမှတ်ကြားရေထည့်ပါ
အပြည့်ကြီးမထည့်ပါနဲ့
ရေသန့်ပဲသုံးပါ
ပူလွန်းသောရေ ရေအေး မဖြစ်ရပါ။ ပုံမှန်ပဲထည့်

- ရေကိုတစ်နေ့တစ်ခါလဲပေးရပါမယ်။

- ခွက်နှင့်ပိုက်ကို တစ်နေ့တစ်ခါ ဆေးပေးရပါမယ်
(ရေနွေးနဲ့ ဆပ်ပြာသုံးပြီးဆေးလို့ရပါတယ် သို့ White vinegar တစ်ဆ ရေသုံးဆ ရော ခဏစိမ်ထားပြီး ဆေးလို့လည်းရပါတယ် (Germicide)
အနံ့ပျောက်အောင်တော့ သေချာပြန်ဆေး)

- Filter ကိုသုံးတာကြာလာရင် အရမ်းညစ်ပတ်နေရင် Filter သန့်ရှင်းရေးလုပ်ပါ
လဲဖို့လိုအပ်နိုင်ပါတယ်

- စက်ကို ကော်ဇောပေါ်မတင်ရပါ
ကော်ဇောမှဖုန်များစက်မှတစ်ဆင့်ဖြတ်လာနိုင်ပါတယ်

- နံရံများ ပစ္စည်းများနှင့် အနည်းဆုံး ၂ ပေခန့်ခြားထားပါ
တတ်နိုင်သမျှ Space ရှိသော နေရာကျယ်ကျယ်မှာထားပါ
အပူများလွင့်စေရန်အတွက်ပါ (စက် heat ထွက်တဲ့နေရာကိုပန်ကာနဲ့ပါ မှုတ်ထားရင် ပိုအသုံးခံမလားပဲ Computer တွေလိုပေါ့)

- စက်ကို ၅ နာရီခန့် သုံးပြီးလျင် ၁ နာရီခန့် အနားပေးပါ
(အချို့တေက ဘယ်နှစ်နာရီထိခံတယ်
ဘာညာပြောပေမယ့် မသေချာပါ
စက်ပျက်ရင် တိုင်ပတ်မှာ ကိုယ်ပါ
အာ့ကြောင့် ယုယုယယ ကိုင်တွယ်သုံးစွဲပါ)

-အောက်စီဂျင်ကို မပြတ်တမ်းရှူဖို့ လိုအပ်နေတဲ့သူဆိုရင် Concentrator အပြင် Cylinder ပါဆေင်ထားရပါမယ်
မီးပျက်တဲ့ အချိန် စက်နားတဲ့အချိန် သုံးဖို့ပါ

-စက်ကို အသုံးမပြုမီ Manual guidebook ကိုဖတ်ပါ

ပြန်လည်ကူးယူဖော်ပြပါတယ်။

ယနေ့ည တွင် မော်လမြိုင် သီရိမြိုင်ရပ်ကွက် မြို့သစ် ကွင်းဘက်မှ လူ ၇၀ အတွက် ညစာ ထမင်းဗူးများကို သာသနာနွယ်ဖောင်ဒေးရှင်းမှ လှ...
26/07/2021

ယနေ့ည တွင် မော်လမြိုင် သီရိမြိုင်ရပ်ကွက် မြို့သစ် ကွင်းဘက်မှ လူ ၇၀ အတွက် ညစာ ထမင်းဗူးများကို သာသနာနွယ်ဖောင်ဒေးရှင်းမှ လှူဒါန်းပေးခဲ့ပါတယ်။

26/07/2021နေပြည်တော်ကြီး မိုးကြီးရေလျှံမယ်နောက် ၂၄နာရီအတွင်း တောင်ကြီး ကလော အောင်ပန်း နောင်တရား သာစည် မိတ္ထီလာ ပျော်ဘွယ်...
26/07/2021

26/07/2021
နေပြည်တော်ကြီး မိုးကြီးရေလျှံမယ်
နောက် ၂၄နာရီအတွင်း တောင်ကြီး ကလော အောင်ပန်း နောင်တရား သာစည် မိတ္ထီလာ ပျော်ဘွယ် ရမည်းသင်း တပ်ကုန်း ကျည်တောင်ကန် ရေဆင်း တောင်ညို တောင်တွင်းကြီး အေလာ လယ်ဝေး တောင်ငူ ဆွာ ဖြူး မိုးကြီးရေလျှံနိုင်ပြီး နေပြည်တော် မိုးကြီးရေလျှံမှာဖြစ်ပါတယ်

#မိဘပြည်သူညီအကိုမောင်နှမများ ဘေးအန္တရာယ် ကင်းဝေးပါစေ

အခုချိန်ထိ ချောင်ဖျားဘက်ရေအခြေအနေများရေတိုးနေဆဲပါအားလုံးဘေးကင်းကြပါစေ။
26/07/2021

အခုချိန်ထိ ချောင်ဖျားဘက်ရေအခြေအနေများ
ရေတိုးနေဆဲပါ
အားလုံးဘေးကင်းကြပါစေ။

26/07/2021

ယခု မော်လမြိုင်မှာ
မိုး အလွန် များနေပါတယ်။
ဒီမိုးနဲ့ဆို တမြို့လုံး
မလွယ်တော့ပါဘူး။😢😢

မော်လမြိုင် ရေနစ်မြုပ်နေမှုအခြေအနေအား သာသနာနွယ်ဖောင်ဒေးရှင်းမှ နေ့လယ်စာပို့ရင်း လာရောက်ကြည့်ရှု
26/07/2021

မော်လမြိုင် ရေနစ်မြုပ်နေမှုအခြေအနေအား သာသနာနွယ်ဖောင်ဒေးရှင်းမှ နေ့လယ်စာပို့ရင်း လာရောက်ကြည့်ရှု

၁) ကိုဗစ် (Covid-19)ရောဂါကိုဗစ် (Covid-19) ရောဂါ က အလွန် မာယာများပါတယ်။ လူအများစု(၈၀ရာနုန်း)ကတော့ အနှံ့ ပျောက်ရုံ၊ ကိုယ်...
26/07/2021

၁) ကိုဗစ် (Covid-19)ရောဂါ
ကိုဗစ် (Covid-19) ရောဂါ က အလွန် မာယာများပါတယ်။ လူအများစု(၈၀ရာနုန်း)ကတော့ အနှံ့ ပျောက်ရုံ၊ ကိုယ်လက် မအီမသာ လောက်သာ ဖြစ်ပြီး ရောဂါပျောက်သွားကြပေမဲ့၊ တချို့လူတွေမှာတော့ ရောဂါအလွန်ပြင်းထန်ပြီး အောက်ဆီဂျင်ရှူစက်‌ ပေါ်တင်ဖို့ လိုအပ်တဲ့အထိဖြစ်သလို၊ တချို့မှာတော့ အသက်ပါ ဆုံးရှုံး သည်အထိ ဖြစ်တတ်ပါသည်။
၂) ရောဂါဘယ်လိုကူးသလဲ?
ကိုဗစ် (Covid-19) ရောဂါသည် ကိုရိုနာဗိုင်းရပ်ကူးစက်ရာမှ ရောဂါဖြစ်ပွားပါသည်။ ကိုရိုနာဗိုင်းရပ် မျိုးကွဲ များစွာရှိပြီး အများစုသည် အအေးမိရောဂါလောက်သာ အဖြစ်များသည်။ Covid-19 ရောဂါကိုဖြစ်စေသော ဗိုင်းရပ်ကို ကိုရိုနာဗိုင်းရပ်(အသစ်)-၂ (SARS-CoV-2) ဟု နာမည်ပေးထားသည်။ ဗိုင်းရပ်သည် ပိုးမဟုတ်ပါ။ အသားဓာတ်(Protein)ပရိုတိန်း အမှုန်လေးသာဖြစ်သည်။ ထို့ကြောင့် ပိုးသတ်ဆေး(Antibiotic) များသည် ဗိုင်းရပ်ကြောင့်ဖြစ်သောရောဂါကို ကုသရာတွင် ထိရောက်လေ့မရှိပါ။ ဗိုင်းရပ်သည် ရောဂါရှိသူ၏ ချောင်းဆိုး၊ နှာခြေ၊ စကားပြောခြင်း မှထွက်လာသော အမှုန်ထဲတွင်ပါလာပြီး၊ ထိုအမှုန်ကို တိုက်ရိုက်ရှူသွင်း၍ ဖြစ်စေ၊ ထိုအမှုန်များ ကျနေသော မျက်နာပြင်(အရာဝတ္ထု၊ လက်ကိုင်ဖုံး)တို့ကို ထိမိသော လက်မှတဆင့်ဖြစ်စေ ပါးစပ်၊ နှာခေါင်း၊ မျက်လုံးထဲသို့ ဝင်‌ရောက်ပြီး ကူးစက်ပါသည်။
ရောဂါဖြစ်ပွားခြင်း ကို အကြမ်းဖြင်းအားဖြင့် သုံးဆင့်ခွဲနိုင်ပါသည်။
၃) ရောဂါဖြစ်ပွားခြင်း(အဆင့် ၁) (initial phase)
ဤအဆင့် သည်ရောဂါပျိုးခြင်း အဆင့်ဖြစ်ပါသည်။ ကိုရိုနာဗိုင်းရပ် သည် လူ၏ခန္ဓာကိုယ် အတွင်းသို့ မျက်လုံး၊ နာခေါင်း၊ ပါးစပ် မှ တဆင့် ဝင်ရောက်ပြီး အာခေါင်၏ ‌နောက်ဖက် လည်ချောင်း တွင် အစပျိုးပါသည်။
ရောဂါလက္ခဏာများမှာ- အဖျားတက်ခြင်း၊ ချောင်းဆိုးခြင်း၊ ကိုယ်လက်နုန်းချိခြင်း၊ ချမ်းခြင်း(တုန်ပြီးချမ်းခြင်း)၊ ခေါင်းကိုက်ခြင်း၊ တကိုယ်လုံးကိုက်ခဲခြင်း၊ လည်ချောင်းနှာခြင်း၊ နှာပိတ်ခြင်း(နှာရည်ယိုခြင်း)၊ အရသာပျက်ခြင်း၊ အနှံ့ပျောက်ခြင်း တို့ဖြစ်ပါသည်။ ရောဂါပျိုးချိန်သည် ၂ ရက် မှ ၁၄ အထိကြာနိုင်ပါသည်။ ဤအဆင့် တွင် ဗိုင်းရပ်သည် သူ့ဖါသာ မြောက်များစွာပွားယူပြီး ခန္ဓာကိုယ်၏ အခြားအင်္ဂါ အစိတ် အပိုင်းများကို ကူးစက်ရန် အားယူပါသည်။
ကုသမှုမှာ- ဤအဆင့်တွင် များသောအားဖြင့် ရောဂါလက္ခဏာ သက်သာစေရန်(ပါရာစီတမော တိုက်ခြင်း၊ ခေါင်းကိုက်ပျောက်ဆေးတိုက်ခြင်း) အတွက်ကုသကြပါသည်။အဆင့်မြင့် ကုသမှု အနေဖြင့် သွေးရည်ကြည်(ပလာစမာ)ကုထုံး(ရောဂါပျောက်ကင်းသွားသူ၏ သွေးရည်ကြည်ကိုယူ၍ကုသခြင်း)ဖြင့်လည်းကုသကြသည်။ တချို့နိုင်ငံများတွင် Remdesivir, Ivermectin, Nitazoxanide ကဲ့သို့သော antiviral drug များ ကို သုံး၍ ‌ရောဂါ မဆိုးရွားစေရန်နှင့် မြန်မြန် နလံထစေရန် အသုံးပြုကြပါသည်။
အိမ်တွင်းကုသမှုများ- ရေနွေးငွေ့ ရှူခြင်း၊ ဆား(သို့မဟုတ်) ရှာလကာရည် ကို ရေဖျော်၍ အာလုပ်ကျင်းခြင်း၊ ရေနွေး(သို့မဟုတ်)စွတ်ပြုတ် မကြာခဏ သောက်ခြင်း၊ အားရှိစေသောအစားအစာ(ကြက်ဥ၊ အင်ရှူးဝါး၊ ပဲမျိုးစုံ) စားခြင်း၊ အောက်ဆီဂျင်ကျပါက မှောက်အိပ်ခြင်း၊ စောင်းအိပ်ခြင်း များပြုလုပ်ပေးပါက ရောဂါလက္ခဏာများ သက်သာ နိုင်ပါသည်။
၄) ရောဂါဖြစ်ပွားခြင်း(အဆင့် ၂) (pulmonary phase)
ဤအဆင့်တွင် ကိုရိုနာဗိုင်းရပ် သည် လည်ချောင်း တွင် အစပျိုးရာမှ အဆုပ်သို့၎င်း၊ အစာအိမ်မှတဆင့် အစာခြေစနစ်အတွင်းသို့၎င်း ရောက်ရှိပြီး၊ အူသိမ်မှ စုတ်ယူခြင်းခံရကာ သွေးကြောများ(သွေးလည်ပတ်စနစ်) အတွင်းသို့ရောက်ရှိနိုင်ပါသည်။ လူ၏ ခုခံကာကွယ်စနစ်ကို အလုပ်မလုပ်နိုင်ရန် စတင်ဖျက်ဆီးနေပြီဖြစ်သည်။ သွေးများ ပျစ်လာနိုင်ပြီး သွေးလည်ပတ်စနစ်တွင် သွေးခဲခြင်းဖြစ်နိုင်ပါသည်။ အဆုပ်တွင် ‌လေအိပ်ကလေးများ စတင်ရောင်ရမ်းလာပြီး အောက်ဆီဂျင် နှင့် ကုဗွန်ဒိုင်အောက်ဆိုဒ် ဖလှယ်မှု ယိုယွင်းလာကာ သွေးထဲတွင် အောက်ဆီဂျင် ပါဝင်မှု ကျဆင်းလာနိုင်ပါသည်။ ကူးစက်မှုပြင်းထန်လျှင် နမိုးနီယားဖြစ်ပါမယ်။
သွေးထဲတွင် အောက်ဆီဂျင်ရာနုန်းကျခြင်း
တဖန် ဗိုင်းရပ်ရဲ့ တိုက်ခိုက်မှုကြောင့် အဆုတ်ထဲရှိ လေအိတ်များ ရောင်ရမ်း ပျက်စီးတဲ့အတွက် လေထဲရှိအောက်ဆီဂျင်နှင့် သွေးထဲရှိ ကာဗွန်ဒိုင်အောက်ဆိုဒ်တို့ ဖလှယ်တဲ့ အလုပ် ကောင်းစွာမလုပ်နိုင်သည့်အခါ သွေးထဲတွင် အောက်ဆီဂျင် ရာနုန်းကျသည့်ဒဏ်ကို ခံစားရပါသည်။ အဆုတ်ထဲတွင် ဗိုင်းရပ် ကူးစက်ခံရသော ဆဲလ်များကို ကုစားရန် အဆုတ်မှ အရည် အချွဲများ မြောက်များစွာကိုထုတ်ပါတယ်။ အဲ့ဒီအခါမှာ အဆုပ်ထဲတွင် အရည် အချွဲများနှင့် ပြည့်လာပြီး ရေမွန်းသလိုဖြစ်ကာ အသက်ရှူမဝ ဖြစ်လာတတ်ပါသည်။ အဆုတ်ထဲရှိ လေအိတ်ကလေးများ သည် အရည်များနှင့် ပြည့်နေသောကြောင့် အောက်ဆီဂျင် နှင့် ကာဗွန်ဒိုင်အောက်ဆိုက် ဖလှယ်မှု ကောင်းစွာ မဖြစ်နိုင်သည့် အတွက် သွေးထဲတွင် အောက်ဆီဂျင်ပါဝင်နုန်း လျှောကျလာတတ်ပါသည်။ ထိုအခါ ခန္ဓာကိုယ် ကြွက်သားများထံ လိုအပ်သည့် အောက်ဆီဂျင် မရောက်ရှိသည့်အတွက် အတွင်းအင်္ဂါ ကြွက်သားများ ပျက်စီးပြီး multiple organ failure ဖြင့် အသက်ဆုံးရှုံးနိုင်ပါသည်။ တကမ္ဘာလုံးရှိ ကိန်းဂဏန်းများအရ-
လူ ၁၀၀ လျှင် ၈၀ သည် ဆိုးရွားသော ရောဂါလက္ခဏာ များ မခံ စားရပဲ ရောဂါပျောက်ကင်းသွားလေ့ရှိပါသည်။
ကျန်၂၀ ယောက်ခန့်သာ ပြင်းထန်သော ရောဂါလက္ခဏာ များ ခံစားရကာ ဆေးရုံတက် ကုသရန်လိုအပ်ပြီး အောက်ဆီဂျင် ရှူဖို့လိုအပ်နိုင်ပါသည်။ ၁၀၀ တွင် ၅ ယောက်ခန့်သည် အထူးကြပ်မတ်ခန်းတွင် ကုသဖို့လိုအပ်နိုင်ပါသည်။ အထူး သတိပြုရန်မှာ ရောဂါဖြစ်သူတိုင်း အောက်ဆီဂျင် ရှူဖို့ မလိုအပ်ပါ။
သေနုန်းမှာ အကြမ်းဖျင်းအားဖြင့်၂ ရာနုန်း (၁.၃-၃.၃) သာရှိပါသည်။
ရောဂါလက္ခဏာများမှာ- ပြင်းထန်စွာချောင်းဆိုးခြင်း၊ အသက်ရှူမဝခြင်း(အသက်ရှူမြန်ခြင်း)၊ နှလုံးခုန်မြန်ခြင်း၊ ကိုယ်လက်မအီမသာဖြစ်ခြင်း(အန်ခြင်း)၊ နှင့် ဝမ်းသွားခြင်း တို့ဖြစ်ပါသည်။
ကုသမှုမှာ- အောက်ဆီဂျင်ပေးခြင်း၊ သွေးခဲခြင်းကို ကာကွယ်ရန် သွေးကျဲဆေး(herpin)ပေးခြင်း၊ Chest X-ray or CT scan ရိုက်၍ အဆုပ်တွင် နမိုးနီယား ဖြစ်ပါက ကုသခြင်း တို့ဖြစ်ပါသည်။
၅) ရောဂါဖြစ်ပွားခြင်း(အဆင့် ၃) (hyperinflammatory phase)
Cytokine Storm
ဗိုင်းရပ်သည် လူခန္ဓာကိုယ် ဆဲအတွင်းသို့ အောင်မြင်စွာ ထိုးဖောက် ဝင်ရောက်သွားပါက အချိန်တိုအတွင်းမှာ သူဖာသာ မြောက်များစွာ ပွားယူပါသည်။ အဲ့ဒီလိုဖြစ်တဲ့အခါမှာ ရောဂါဝင်ရောက်ခံရတဲ့ ဆဲလ် က ပြင်းထန်တဲ့ ဖိစီးမှုကို ခံစားရပြီး အရေးပေါ် SOS Signal ကိုထုတ်လွင့်ပါတယ်။ အဲ့ဒီအချိန်မှာ ခန္ဓာကိုယ် ရဲ့ ခုခံအားစနစ် (Auto immune System)က Cytokine ပရိုတိန်း ကို မြောက်များစွာထုတ်ပြီး ရောဂါဖြစ်တဲ့ နေရာကို ခုခံတိုက်ခိုက်ဖို့ အတွက် စုပြုံပြီး ပို့ပေးပါတယ်။ ခုခံအားစနစ် ရဲ့ ကာကွယ်တဲ့ စနစ်က ကူးစက်ခံရတဲ့ အနီးတဝိုက်မှာ ထပ်ပြီးတခြားဆဲလ်တွေကို မကူးစက်အောင် ရောဂါဖြစ်တဲ့ အနီးတဝိုက်က ဆဲလ်၊ တစ်ရှူးတွေကို ဖျက်ဆီးပါတယ်။ အဲ့ဒီမှာ ကျန်းမာတဲ့ ဆဲလ်ရော ရောဂါရနေတဲ့ ဆဲလ်၊ တစ်ရှူးတွေပါ ဖျက်ဆီးခံရပါတယ်။ ဆဲလ်တွေ၊ တစ်ရှူးတွေ ပျက်စီးတဲ့ အတွက်၊ အဲ့ဒီ ဆဲလ်တွေ တစ်ရှူးတွေ နဲ့ တည်ဆောက်ထားတဲ့ အတွင်း အင်္ဂါ အစိတ်အပိုင်းတွေဖြစ်တဲ့ ကျောက်ကပ်၊ နှလုံး၊ အသဲ၊ အဆုပ် တို့ပျက်စီးနိုင်ပါတယ်။ ဤအဆင့် ရောက်လျှင် အရေးကြီး အင်္ဂါတွေပျက်စီးပြီး(multi organ failure) အသက်ဆုံးရှုံးနိုင်ပါတယ်။
ရောဂါလက္ခဏာ- လူနာ၏ သွေးကို ဓာတ်ခွဲခန်းတွင်စစ်ဆေးကြည့်ပါက (high levels of cytokines IL-6, IL-8, TNF, IL-1β, and IL-33) ပြင်းထန်တဲ့ ကိုယ်ခန္ဓာ ခုခံမှု ဖြစ်မဖြစ်ကို သိနိုင်ပါတယ်။
ကုသမှုမှာ- ပြင်းထန်တဲ့ ကိုယ်ခန္ဓာ ခုခံမှုကို လျှော့ချရန် (anti-inflammatory medications ဆေး‌တွေဖြစ်တဲ့) corticosteroids(Dexamethasone) သို့မဟုတ် tocilizumab များပေးခြင်း၊ သွေးခဲခြင်းကို ကာကွယ်ရန် သွေးကျဲဆေး(herpin)ပေးခြင်း၊ အောက်ဆီဂျင်လိုအပ်ပါက အောက်ဆီဂျင် ပေးခြင်း တို့ဖြစ်ပါသည်။
၆) ယေဘူယျ သတင်းအချက်အလက်များ
များသောအားဖြင့် Covid-19 ရောဂါ ကူးစက်ခံရလျှင် ၁၀ ယောက်တွင် ၈ ယောက်သည် ဆိုးရွားသော ရောဂါလက္ခဏာများ မခံစားရဘဲ ပျောက်ကင်းသွားလေ့ရှိပါသည်။ တချို့တွင် မည်သည့် ဆိုးရွားသောဝေဒနာမျှ မခံစားရဘဲ(တချို့ဆိုလျှင်ရောဂါဖြစ်မှန်းတောင်မသိဘဲ) ပျောက်ကင်းသွားကြပါသည်။ လူ ၁၀၀ တွင် ၂၀ ခန့်မျှသာ ပြင်းထန်သော ရောဂါလက္ခဏာများ ခံစားရပြီး ၁၀ ယောက်ခန့်မှာ ဆေးရုံတက်ကုသရန် လိုအပ််နိုင်ပါသည်။ အဲ့ဒီတော့ သတိထားပါ- Covid-19 ရောဂါ ဖြစ်တိုင်း အောက်ဆီဂျင် မလိုပါ။ လူ ၁၀၀ မှာ ၁၀-၂၀ ခန့် လောက် သာ အောက်ဆီဂျင်ရှူဖို့လိုအပ်နိုင်ပါတယ်။ Herd Immunity ပေါ်မူတည်ပြီး ၁၀၀ မှာ ၁-၅ ယောက် လောက်က အထူးကုသဆောင်တွင် ကြပ်မတ်ကုသဖို့လိုပါလိမ့်မည်။
၇) Covid-19 ရောဂါ ကိုဘယ်လိုကာကွယ်မလဲ
ပထမအဆင့် အနေဖြင့် ရောဂါ မကူးစက်ခံရအောင် နေထိုင်ပါ။
လူထူထပ်သော နေရာများကိုမသွားပါနှင့်
အပြင်သွားလျှင် မျက်နာဖုံး(Mask)ကိုတပ်ပါ
အိမ်သို့ပြန်ရောက်လျှင် လက်ကို ဆပ်ပြာဖြင့် စက္ကန့် ၂၀ ခန့်ဆေးပါ
မိသားစုဝင် မဟုတ်သူများနှင့် အနည်းဆုံး ၆ ပေအကွာတွင် နေထိုင်ခြင်း
ချောင်းဆိုး၊ နှာချေ၊ စကားပြောလျှင် ပါးစပ်နှင့် နာခေါင်းကို ဖုံးအုပ်ထားခြင်း
ကွမ်းတံတွေး၊ နှပ်၊ ချွဲ၊ သလိပ် နှင့် တခြား ခန္ဓာကိုယ်ထွက် အရည်များ ကို လူအများ သွားလာရာနေရာ(ယာဥ်၊ အဆောက်အဦ၊ လမ်း၊ တံတား၊ ရေမြောင်း) များတွင် စည်းကမ်းမဲ့ မစွန့်ပစ်ခြင်း (ထိုအရည်များမှ တဆင့် ရောဂါကူးစက်နိုင်လို့ဖြစ်ပါတယ်။)
မိမိတွင်ရောဂါကူးစက်နေပြီဟု သံသယရှိပါက အခြားလူများနှင့် အနဲဆုံး ၁၄ ရက် ခွဲခြားနေထိုင်ပြီး မျက်နာဖုံး(Mask)ကို တပ်ခြင်းအားဖြင့် တခြားသူများကို မကူးစက်စေရန် ကာကွယ်ပါ။
ကိုယ်ခံအားကောင်းပါက ရောဂါကူးစက်ရန် ခက်ခဲသဖြင့် ကိုယ်ခံအားကောင်းစေရန်ပုံမှန်အိပ်၊ အဟာရဖြစ်စေသောအစာ စားပြီး ပုံမှန်လေ့ကျင့်ခန်းလုပ်ပါ။
ဒုတိယဆင့် အနေဖြင့် ကူးစက်ခံရပါက မည်သို့နေထိုင်စားသောက်ရမည်ကို သိရှိရန် ပညာပေးစာများကို ဖတ်မှတ်ပါ။
၈) ပြင်းထန်သော Covid-19 ရောဂါ ၏ နောက်ဆက်တွဲ ပြသနာများ
တချို့ ပြင်းထန်သော Covid-19 ရောဂါ ခံစားရပြီး ရောဂါပျောက်သွားသူများတွင် နောက်ဆက်တွဲ အနေဖြင့်-
မျက်လုံးနီခြင်း၊ ပါးစပ်ရောင်ခြင်း၊ အရေပြား အနီကွက်ထခြင်း၊ ခြေချောင်း လက်ချောင်းများတွင် နီညို ရောင် အကွက်များပေါ်ခြင်း၊ အသဲထိခိုက်ခြင်း၊ နှလုံးထိခိုက်ခြင်း၊ ကျောက်ကပ် ပျက်စီးခြင်း၊ ဦးနှောက်ထိခိုက်ခြင်း၊ သွေးပျစ်ခြင်းနှင်ံ သွေးကြောများပျက်စီးခြင်း၊ သွေးခဲခြင်း နှင့် ၎င်းမှတဆင့် လေဖြတ်ခြင်းများ ဖြစ်တတ်ပါသည်။
၉) ထပ်မံကူးစက်ခြင်း
ရောဂါလက္ခဏာ မပြခင် ၂ ရက်၊ ရောဂါလက္ခဏာစပြတဲ့ရက်မှ ၁၁ ရက်၊ စုစုပေါင်း ၁၄ ရက်ဟာ Covid-19 ရောဂါဖြစ်သူမှ တခြားသူကို ရောဂါကူးစက်နိုင်ခြေ အများဆုံး ကာလ ဖြစ်ပါတယ်။ အဲ့ဒီကာလမှာ တခြားသူတွေကို မကူးစက်ရန်အတွက် သီးခြား ခွဲပြီး နေထိုင်ရပါမည်။ တချို့ အရာဝတ္ထုများပေါ်တွင် ကိုရိုနာဗိုင်းရပ်သည် ၁ ရက်မှ ၃ ရက်အထိ ရှင်သန်နိုင်ပါသည်။ (ဥပမာ။ သစ်သား၊ စက္ကူပေါ်တွင် ၁ ရက်၊ ပလတ်စတစ် စတီး သံထည် ပေါ်တွင် ၃ရက် ရှင်သန်နိုင်ပါသည်)
အထူးသတိပြုရန် (၁) ။ Covid-19 ရောဂါ ကူးစက်ခံရပြီး ဆိုးဆိုးဝါးဝါး မဖြစ်ပဲ အနှံ့ ပျောက်ရုံ ပျောက်သူများသည် အနှံ့ ပျောက်သည့် နေ့မှစ၍ ၁၁ ရက်အတွင်း တခြားသူများကို ရောဂါကူးစက်နိုင်သဖြင့် သီးသန့်နေထိုင်၍ တခြားသူများ ကို မကူးစက်အောင် သတိထားနေပါ။ အပြင်ထွက်လျှင် mask တပ်ခြင်း၊ အခြားသူများနှင့်ရောရော ထွေးထွေး မနေခြင်းဖြင့် ရောဂါပြန့်ပွားမှုကို ကာကွယ်ပေးပါ။ ရောဂါကူးစက်နိုင်သောကာလမှာ ရောဂါလက္ခဏာ မပြခင် ၂ ရက် နှင့် ရောဂါလက္ခဏာ စပြသည့်ရက်မှ ၁၁ ရက် စုစုပေါင်း ၁၄ ရက်ဖြစ်ပါသည်။
အထူးသတိပြုရန် (၂) ။ Covid-19 ရောဂါ ဖြစ်ပြီး ပျောက်ကင်း လာသူများ(မျက်မြင် အရ နေကောင်းနေသော်လည်း) ၃ လ မှ ၄ လခန့်အထိ အနားယူရန် လိုအပ်ပါသည်။ ခရီးရှည်ထွက်ခြင်း၊ အအေးခံခြင်း၊ ပင်ပမ်းသော အလုပ်(အားကစား)ပြုလုပ်ခြင်းများ ကို ၃လခန့် ရှောင်ကျဥ်ရပါမည်။ ရောဂါ ပျောက်ကင်းသွားသော်လည်း ဗိုင်းရပ်၏ တိုက်ခိုက်ခံရမှုကြောင့် နောက်ဆက်တွဲ အနေဖြင့် နှလုံး၊ ကျောက်ကပ်၊ အဆုပ်၊ အသဲ နှင့် သွေးကြောများ ပျက်စီးနိုင်သောကြောင့်ဖြစ်သည်။ သွေးကြောများတွင် သွေးခဲများ ကျန်ရှိနိုင်ပြီး သွေးကြောပိတ်ကာ အချိန် မရွေး လေဖြတ်ခြင်းများလည်း ဖြစ်နိုင်ပါသည်။ သွေးတိုး၊ ဆီးချို၊ နှလုံး ရောဂါရှိသူများ၊ အဝလွန်သူများ အထူး သတိထားဖို့လိုအပ်ပါသည်။ တချို့ ပြန်လည် နေပြန်ကောင်းလာပြီးမှ ပင်ပန်းသော အားကစားလုပ်သဖြင့် အသက် ဆုံးရှုံး သူများလည်း ရှိပါသည်။
အထူးသတိပြုရန် (၃) ။ ။ Covid-19 ရောဂါ ကြောင့် သွေးထဲတွင် အောက်ဆီဂျင် ကျ၍ အောက်ဆီဂျင်လိုသလို၊ ဗိုင်းရပ်ကို နှိမ်နှင်းရန် antiviral drug တွေဖြစ်တဲ့ Remdesivir, Ivermectin, Nitazoxanide ကဲ့သို့သော ဆေးများလည်းလိုပါတယ်။ သွေးပျစ်ခြင်း(ခဲခြင်း)ဖြစ်ပါက herpin ကဲ့သို့သော သွေးကျဲဆေးလည်းလိုကောင်းလိုပါမည်။ ဗိုင်းရပ်တိုက်ခိုက်မှု အလွန်ပြင်းထန်သဖြင့် Cytokine Storm ဖြစ်ပြီး ကိုယ်ခန္ဓာ ခုခံအားစနစ်က ခန္ဓာကိုယ် အစိတ်အပိုင်းများကို ပြင်းထန်စွာ တိုက်ခိုက်မှုဖြစ်ပါက ထိမ်းချုပ်ရန်(suppress) အတွက် corticosteroids(Dexamethasone) သို့မဟုတ် tocilizumab ကဲ့သို့သော ဆေးဝါးများလည်း လိုအပ်ပါသည်။ အထူး သတိပြုရန်မှာ ထိုဆေးများသုံးရန်အတွက် လူနာ၏သွေးကို ဓာတ်ခွဲစမ်းသပ်ရန်လိုအပ်ပြီး ကျွမ်းကျင်သော ဆရာဝန်၏ အကူအညီဖြင့်သာပေးသင့်ပါသည်။

၁၀) ကလေးများ နှင့် Covid-19 ရောဂါ
ကလေးများ သည် လူကြီးများကဲ့သို့ ပြင်းထန်သော ရောပါ ခံစားရလေ့မရှိပါ။ သို့သော် အချို့သော ကလေးများ တွင် ရောဂါပြင်းထန်နိုင်ပြီး အောက်ဆီဂျင်စက်ပေါ်တင်ရသည်အထိ ပြင်းထန်မှုများလည်းရှိနိုင်ပါသည်။ Covid-19 ရောဂါ ကြောင့် အသက်ဆုံးရှုံး သွားသော ကလေးငယ်များလည်းရှိပါသည်။

ကိုးကား။ WHO.INT, WEBMD.COM

"  ရန်ကုန်တိုင်း  ရွှေပေါက္ကံ (၁၁) ရပ်ကွက်    ထွန်းသစ္စာလမ်းမှကိုယ်၀န်ဆောင်မိခင်   တစ်ဦး  မီးဖွားချင်သဖြင့်  ဆေးရုံသို့...
25/07/2021

" ရန်ကုန်တိုင်း ရွှေပေါက္ကံ (၁၁) ရပ်ကွက်
ထွန်းသစ္စာလမ်းမှကိုယ်၀န်ဆောင်မိခင်
တစ်ဦး မီးဖွားချင်သဖြင့် ဆေးရုံသို့ ပို့
ဆောင်စဥ် လူနာပြည့်နေသဖြင့် အဆင်
မပြေဖြစ်ကာ အိမ်သို့ ပြန်ခေါ်လာစဥ်
ညစ်အားမရှိသဖြင့် မိခင် နှင့် ကလေး
သေဆုံးသွား " 😥🥀😓

ကျန်းမာရေးစောင့်ရှောက်မှု မရရှိခဲ့တော့အသက်နှစ်ချောင်း ကြွေလွှင့်ရပြန်ပြီ
Crd July 25

နေ့မအား ညမနား ကူညီပေးနေကြတဲ့ မြန်မာပြည်မှ ပရဟိတ အဖွဲ့များပါ များသိအောင် share ပေးပါ
25/07/2021

နေ့မအား ညမနား ကူညီပေးနေကြတဲ့ မြန်မာပြည်မှ ပရဟိတ အဖွဲ့များပါ များသိအောင် share ပေးပါ

22/07/2021

Address


Website

Alerts

Be the first to know and let us send you an email when Shwe Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share