TERA

TERA ဒေသတွင်း စီးပွားရေးသတင်းနှင့် ပြည်တွင်း ပြည်ပ အနု ပညာ ၊ လူမှု ဘ၀ ရသ သတင်း များ

တယ်ရာ မီဒီယာအနေဖြင့် ဒေသတွင်း စီးပွားရေးသတင်းနှင့် ပြည်တွင်း ပြည်ပ အနု ပညာ ၊ လူမှု ဘ၀ ရသ သတင်း များကို တင်ဆက်ပေးသွားမည်ဖြစ်ပါသည်။ ၂၀၂၂ ခုနှစ် တွင် စတင်တည်ထောင်ပြီး အလျဉ်းသင့်သလို မီဒီယာလုပ်ငန်းများကို တိုးချဲ့ လုပ်ကိုင်ဆောင်ရွက်သွားရန်ရည်ရွယ်ထားပါသည်။

MFF အနေဖြင့်  ယခုနှစ်အတွင်း ဝင်ရောက်ယှဉ်ပြိုင်ရမည့် နိုင်ငံတကာ ပြိုင်ပွဲအသီးသီး အတွက် ဂျာမနီ နည်းပြ မိုက်ကယ် ဖိုက်တန်ဘို...
16/03/2023

MFF အနေဖြင့် ယခုနှစ်အတွင်း ဝင်ရောက်ယှဉ်ပြိုင်ရမည့် နိုင်ငံတကာ ပြိုင်ပွဲအသီးသီး အတွက် ဂျာမနီ နည်းပြ မိုက်ကယ် ဖိုက်တန်ဘိုင်နာ အားခန့်အပ်

မတ် ၁၆

မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် (MFF)သည် ယခုနှစ်အတွင်း ဝင်ရောက်ယှဉ်ပြိုင်ရမည့် နိုင်ငံတကာ ပြိုင်ပွဲအသီးသီး အတွက် ဂျာမနီ နည်းပြ မိုက်ကယ် ဖိုက်တန်ဘိုင်နာ (Michael Feichtenbeiner)အား (၂)နှစ်စာချုပ်ဖြင့် ယခုနှစ် မတ်လမှစတင် ခန့်အပ်လိုက်ခြင်းဖြစ်သည်။

အသက် ၆၃ နှစ်အရွယ် မိုက်ကယ်သည် နည်းပြဘဝအား ၁၉၈၉ ခုနှစ်တွင် ဆွစ်ဇာလန် ကလပ် BSC Old Boys Basel နှင့် စတင်ခဲ့ပြီး ဂျာမနီ၊ဩစတြီးယား၊ အင်ဒိုနီးရှား၊ မလေးရှား တို့မှကလပ်အသင်းများအား တာဝန်ယူခဲ့သည်။ ၂၀၁၆ မှ ၂၀၁၉ ခုနှစ်အထိ ဂျာမနီ ယူ၁၅၊ ယူ၁၇ လက်ရွေးစင် အသင်းများအား ကိုင်တွယ်ခဲ့ပြီး ၂၀၂၀ မှစတင်ကာ မလေးရှားကလပ် ဆီလန်ဂေါတွင် နည်းစနစ် ဒါရိုက်တာ၊ နည်းပြချုပ် တာဝန်များ ထမ်းဆောင်ခဲ့သည်။

ယခုအခါ မိုက်ကယ်သည် လက်ထောက်နည်းပြ လောရင့်ဇ်၊ ဂိုးနည်းပြ မိုက် အန်ဒရီ တို့နှင့်အတူ မြန်မာ့လက်ရွေးစင် အသင်းအား တာဝန်ယူကိုင်တွယ်သွားမည် ဖြစ်ပြီး မိုက်ကယ်၏ နည်းပြအဖွဲ့သို့ ဦးမျိုးလှိုင်ဝင်း၊ ဦးဇော်ဝင်းထွန်း၊ ဦးမောင်မောင်မြင့်၊ ဦးကိုကိုအောင် (ဂိုးနည်းပြ)၊ ဦးဇော်လင်းအောင် (ဂိုးနည်းပြ)တို့ကို တွဲဖက်တာဝန်ပေးအပ်ထားသည်။

မြန်မာ့လက်ရွေးစင် အသင်းသည် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် သက်မှတ်ရက် (ဖီဖာ ခြေစမ်းပွဲနေ့)အတွင်း အိန္ဒိယ ဘောလုံးအဖွဲ့ချုပ် ဖိတ်ကြားချက်အရ Hero Tri-Nation Friendly Tournament ခြေစမ်းပွဲများအား သွားရောက် ကစားမည်ဖြစ်သည်။ အဆိုပါ ခြေစမ်းပွဲ ပထမ ပွဲအဖြစ် အိန္ဒိယ လက်ရွေးစင် အသင်းနှင့် မတ်လ ၂၂ ရက်တွင်လည်းကောင်း၊ ကာဂျစ္စတန် အသင်းနှင့် မတ်လ ၂၅
ရက်နေ့တွင်လည်းကောင်း အိန္ဒိယနိုင်ငံ အင်ဖာမြို့ KHUMAN LAMPAK STADIUM တွင်ယှဉ်ပြိုင် ကစားရမည် ဖြစ်သည်။


အူရီဒူးမြန်မာမှ Tech Age Girls အစီအစဉ်နှင့်အတူ  အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ကို ဆင်နွှဲ မတ် ၁၁၂၀၂၃ ခုနှစ် အပြည်ပြည်...
11/03/2023

အူရီဒူးမြန်မာမှ Tech Age Girls အစီအစဉ်နှင့်အတူ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ကို ဆင်နွှဲ

မတ် ၁၁

၂၀၂၃ ခုနှစ် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အထိမ်းအမှတ်အနေဖြင့် အူရီဒူးမြန်မာမှ ၂၀၁၆ ခုနှစ်ကတည်းက စတင်ပံ့ပိုးလာခဲ့သည့် အမျိုးသမီးများစွမ်းဆောင်ရည်မြှင့်တင်ရေးအစီအစဉ် တစ်ခုဖြစ်သည့် Tech Age Girls မြန်မာ ၂၀၂၂-၂၀၂၃ မှ နောက်ဆုံးအဆင့်ဆုရ အမျိုးသမီးငယ်ဆယ်ဦးနှင့်အတူ ဆင်နွှဲခဲ့ကြောင်း သိရသည်။

Tech Age Girls မြန်မာအစီအစဉ် ၂၀၂၂-၂၀၂၃ တွင် မြန်မာနိုင်ငံတစ်ဝှမ်း ပြည်နယ်နှင့်တိုင်းဒေသကြီး ၉ ခုရှိ မြို့နယ်ပေါင်း ၂၇ မြို့နယ်မှ စာကြည့်တိုက်ပေါင်း ၃၂တိုက်တွင် အမျိုးသမီးငယ် ၂၂၀ ဦးကို ပြုစုပျိုးထောင်လေ့ကျင့်သင်ကြားပေးခဲ့ပြီး ပါဝင်သူတစ်ဦးတစ်ယောက်ချင်းစီသည် ၎င်းတို့၏ ရပ်ရွာလူထုအကျိုးပြုစီမံကိန်းများကို ရှင်းလင်းတင်ပြခဲ့ကြပြီး ၎င်းစီမံကိန်းများသည် လူမှုပတ်ဝန်းကျင်အသီးသီးကို ပိုမိုတိုးတက်ကောင်းမွန်လာစေရန် ရေးဆွဲတင်ပြခြင်းဖြစ်သည်။ တင်ပြချက်များအပြီးတွင် ပါဝင်သူများအားလုံးမှ အမျိုးသမီးငယ် ၄၀ ဦးကို နောက်ဆုံးအဆင့်ဆုရရှိသူများအဖြစ် ရွေးချယ်ကာ အူရီဒူးမြန်မာမှ နောက်ဆုံးအဆင့် ဆုရရှိသူများအား လက်ပ်တော့ တစ်ယောက်တစ်လုံးစီနှင့် ၎င်းလူမှုအကျိုးပြု စီမံကိန်းများအား အကောင်အထည်ဖော်ဆောင်ရွက်ရန် လိုအပ်သည့်ရန်ပုံငွေများကို ပံ့ပိုးပေးခဲ့သည်။

အခမ်းအနား၌ Tech Age Girls မြန်မာအစီအစဉ် ၂၀၂၂-၂၀၂၃ ၏ နောက်ဆုံးအဆင့်ဆုရရှိသူများထဲမှ ၁၀ ဦးအား အူရီဒူးမြန်မာရန်ကုန်ရုံးသို့ဖိတ်ခေါ်ခဲ့ပြီး ပြခန်း booths များခင်းကျင်းခဲ့ကာ ၎င်းတို့၏ ရပ်ရွာလူထုအကျိုးပြုစီမံကိန်းများကို ရှင်းလင်းပြသခဲ့ကြသည်။ Tech Age Girls မြန်မာအစီအစဉ်မှ ပေးအပ်ခဲ့သည့် သင်တန်းများနှင့် နည်းပညာကျွမ်းကျင်မှုများဖြင့် ၎င်းအမျိုးသမီးလေးများသည် မိမိတို့၏လူမှုဝန်းကျင်အကျိုးအတွက် ကဏ္ဍအသီးသီးတွင် စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်ကာ ပြန်လည်ပံ့ပိုးဆောင်ရွက်သွားမည် ဖြစ်ပြီး အဆိုပါ ကဏ္ဍများမှာ ဒစ်ဂျစ်တယ် နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး၊ ICT ဖွံ့ဖြိုးတိုးတက်ရေး၊ ဒစ်ဂျစ်တယ် တတ်မြောက်ကျွမ်းကျင်မှု၊ ရွေ့လျားစာကြည့်တိုက်၊ စွန့်ဦးတီထွင်လုပ်ငန်း၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိပညာ ဗဟုသုတဖြန့်ဝေခြင်း၊ အမျိုးသမီးငယ်လေးများအတွက် လိင်ပိုင်းဆိုင်ရာ အသိပညာပေးခြင်း အစီအစဉ်နှင့် ကျန်းမာရေးဗဟုသုတဖြန့်ဝေခြင်း စသည့်စီမံကိန်းများပါဝင်သည်။


မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်နှင့် ဧရာ၀တီဘဏ် မိတ်ဖက်(Partnership) စာချုပ် ချုပ်ဆိုဖေဖော်ဝါရီ ၂၁မြန်မာ့ဘောလုံး အားကစား ...
21/02/2023

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်နှင့် ဧရာ၀တီဘဏ် မိတ်ဖက်(Partnership) စာချုပ် ချုပ်ဆို

ဖေဖော်ဝါရီ ၂၁

မြန်မာ့ဘောလုံး အားကစား ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန် အတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် ဧရာ၀တီဘဏ်တို့ မိတ်ဖက်စာချုပ် ချုပ်ဆိုခြင်း ( Partnership Contract) အခမ်းအနားကို ယနေ့ ဖေဖော်ဝါရီ ၂၁ ရက်က ရန်ကုန်မြို့ နိုဗိုတယ် ဟိုတယ်မက်စ်တွင်ပြုလုပ်ခဲ့သည်။

ဧရာ၀တီဘဏ်အနေဖြင့် မြန်မာ့လက်ရွေးစင် အမျိုးသားအသင်းနှင့် အမျိုးသမီးအသင်း၊ ဖူဆယ်လက်ရွေးစင် အသင်းနှင့် ဖူဆယ်ပြိုင်ပွဲများ၊ သက်တမ်းအလိုက် လူငယ်လက်ရွေးစင်အသင်းများ နိုင်ငံတကာပြိုင်ပွဲများ ၀င်ရောက်ယှဉ်ပြိုင်ရန်၊ နိုင်ငံတကာခြေစမ်းပွဲများ ကစားနိုင်ရန်၊ ပြည်ပလေ့ကျင့်ရေး ခရီးစဉ်များ သွားရောက်နိုင်ရန်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်လက်အောက်ရှိ အကယ်ဒမီကျောင်းများ လည်ပတ်ဆောင်ရွက်ရန်နှင့် လူငယ်ဖွံ့ဖြိုးရေးစီမံကိန်းများ ဆောင်ရွက်နိုင်ရန် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကို မိတ်ဖက်ပံ့ပိုးကူညီသူ Partnership အဖြစ် တစ်နှစ်အတွက် ကျပ်သိန်း ၁၀၅၀၀ (ကျပ်သိန်း တစ်သောင်းငါးရာ) ပံ့ပိုးကူညီခြင်းဖြစ်သည်။

ထို့အပြင်AYA Pay အနေဖြင့် ဖေဖော်ဝါရီ ၂၁ ရက်မှ စတင်ကာကျင်းပနေသည့် ၂၀၂၃ ရာသီ MNL အမှတ်ပေးပြိုင်ပွဲကို Supporting Partner အဖြစ် ကျပ်သိန်း တစ်သောင်း ပံ့ပိုးကူညီခြင်းဖြစ်သည်။


ထပ်ဆင့်အကယ်ဒမီ သီဟတင်စိုး နှလုံးရောဂါနဲ့ ယနေ့ကွယ်လွန်ဖေဖော်ဝါရီ ၂၁ထပ်ဆင့်အကယ်ဒမီ သီဟတင်စိုး နှလုံးရောဂါနဲ့ ယနေ့ ဖေဖော်ဝါ...
21/02/2023

ထပ်ဆင့်အကယ်ဒမီ သီဟတင်စိုး နှလုံးရောဂါနဲ့ ယနေ့ကွယ်လွန်

ဖေဖော်ဝါရီ ၂၁

ထပ်ဆင့်အကယ်ဒမီ သီဟတင်စိုး နှလုံးရောဂါနဲ့ ယနေ့ ဖေဖော်ဝါရီ ၂၁ ရက်မှာ ကွယ်လွန်သွားကြောင်း သိရပါတယ်။
သူကွယ်လွန်သွားတာနဲ့ပတ်သက်ပြီး သရုပ်ဆောင် ဝေဠုကျော်က " သွားနှင့်တော့ ကိုသီဟရေ။ အကိုနဲ့ချိန်းထားတာတောင် မတွေ့ဆုံရတော့ဖူးပေါ့။ ကောင်းရာသုဂတိလားပါစေ။ ပြုမိသမျှ ကုသိုလ် အမျှဝေလိုက်ပါတယ်။ သာဓုခေါ်ပါ အကို" ဆိုပြီး လူမှုကွန်ရက်မှာရေးသားထားပါတယ်။

အကယ်ဒမီ သီဟတင်စိုးဟာ ယနေ့ နံနက်ပိုင်းက နှလုံးရောဂါဖောက်လာတဲ့အတွက် သင်္ဃန်းကျွန်း စံပြဆေးရုံသို့ ပို့ဆောင်စဉ် လမ်းမှာ ကွယ်လွန်ခဲ့တာဖြစ်‌ေကြာင်း သိရပါတယ်။ သူသည် ၂၀၀၀ခုနစ်ကငရဲသားဇာတ်ကားဖြင့်ဒါရိုက်တာဆုနှင့်အဓိကသရုပ်ဆောင်ထူးချွန်ဆုရရှိထားသူဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက် ၅၅ နှစ် ရှိပြီဖြစ်ပါတယ်။


ကျင်စန်းကျော့လမ်းပိုင်း ရှန်တိန်စနစ် ပယ်ဖျက်ဖေဖော်ဝါရီ ၁၈မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်း ကျင်စန်းကျော့ လမ်းပို...
20/02/2023

ကျင်စန်းကျော့လမ်းပိုင်း ရှန်တိန်စနစ် ပယ်ဖျက်

ဖေဖော်ဝါရီ ၁၈

မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်း ကျင်စန်းကျော့ လမ်းပိုင်းတွင် အသုံးပြုနေသည့် ခေါက်တို အစားထိုးယာဉ်မောင်းစနစ်(ရှန်တိန်)ကို ဖေဖော်ဝါရီ ၁၈ ရက်(ယနေ့)မှ စ၍ ဖျက်သိမ်းလိုက်ကြောင်း သိရသည်။

“ဖေဖော်ဝါရီ ၁၈ ရက်မှစ၍ လွမ်အင်-မန်မိုင်(ကျင်ဆန်ကျော့)လမ်းပိုင်းတွင် ကုန်တင်မော်တော်ယာဉ်မောင်းများ တိုက်ရိုက်မောင်းဝင်လို့ရပါပြီ။
(စာအုပ်အနီကိုင်ဆောင်သူသာဖြစ်ရမည်)BP စာအုပ်အနီမရှိသေးသောယာဉ်မောင်းများ နီးစပ်ရာဒေသခံ ယာဉ်မောင်းများနှင့် ညှိနှိုင်းပြီး မောင်းဝင်ရမှာပါ။ တရုတ်ဖက်ခြမ်း ယာဉ်မောင်းအစားထိုးမှု(ရှန်တိန်)မရှိတော့ပါ။”ဟု မူဆယ် ၁၀၅ မိုင် သစ်သီး၀လံကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးစိုင်းခင်မောင်က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

ရှန်တိန်စနစ်ကို ဖျက်သိမ်းလိုက်သောကြောင့် ကုန်သည်များအတွက်သာမက ကုန်တင်ယာဉ်မောင်းများအတွက်ပါ အဆင်ပြေလာပြီး နယ်စပ်ကုန်သွယ်မှု ပိုမိုမြန်ဆန်လာမည်ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံဘက်မှ ကိုဗစ်ကန့်သတ်ချက်များ ဖြေလျှော့၍ နယ်စပ်ဂိတ်များ ပြန်လည်ဖွင့်လှစ်ပေးခဲ့ပြီးနောက် နှစ်နိုင်ငံကုန်သွယ်မှုတွင် မြန်မာယာဉ်မောင်းကိုယ်တိုင် တရုတ်နိုင်ငံအတွင်းသို့ တိုက်ရိုက်မောင်းနှင် ကုန်သွယ်ခွင့်ပေးလာခြင်းဖြစ်ကြောင်း သိရသည်။

TERA_H

စက်သုံးဆီစျေးနှုန်းများ ဆက်လက်တည်ငြိမ်နေ
20/02/2023

စက်သုံးဆီစျေးနှုန်းများ ဆက်လက်တည်ငြိမ်နေ

20/02/2023

သမီးလေး ခေတ်ဆည်းဆာကိုမွေးပြီးနောက်ပိုင်း အေးအေးဆေးဆေးပဲနေတော့တယ် အရင်လိုမရှုပ်တော့ဘူး ဆိုလာတဲ့ ဦးနိုင်လူ

20/02/2023

ယခုနှစ် ပဲမျိုးစုံ ဈေးကွက် ဈေးကောင်းရမည်ဟု ယူဆ....

20/02/2023

နယ်စပ် ပို့ကုန် သယ်ဆောင်ခွင့်လက်မှတ်ကို ဖေဖော်ဝါရီ ၁ ရက်မှစတင်၍ အွန်လိုင်းမှ လျှောက်ထားနိုင်ပြီဖြစ်...

အဖိုးတန်သတ္တုအ​ရောင်းအဝယ်လိုင်စင်​လျောက်ထားနိုင်​ရေး ပန်ကြားချက် YGEA ထုတ်ပြန်ဖေဖော်ဝါရီ ၁၈ရန်ကုန်တိုင်း​ဒေသကြီးအတွင်းမှ...
18/02/2023

အဖိုးတန်သတ္တုအ​ရောင်းအဝယ်လိုင်စင်​လျောက်ထားနိုင်​ရေး ပန်ကြားချက် YGEA ထုတ်ပြန်

ဖေဖော်ဝါရီ ၁၈
ရန်ကုန်တိုင်း​ဒေသကြီးအတွင်းမှ ​ရွှေဆိုင်များသို့ အဖိုးတန်သတ္တုအ​ရောင်းအဝယ်လိုင်စင်​လျောက်ထားနိုင်​ရေး ပန်ကြားချက်အဖြစ် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း(YGEA)က ယနေ့ ဖေဖော်ဝါရီ ၁၈ ရက် ရက်စွဲဖြင့် ထုတ်ပြန်ချက်တစ်စောင်ကို ထုတ်ပြန်လိုက်သည်။


အချိန်အခါမဟုတ် မိုးသည်းထန်စွာရွာသွန်းပြီး မိုးသီးများကြွေကျ​ဖေ​ဖော်​ဝါရီ  ၁၇ရန်ကုန်မြို့တွင်​ဖေဖော်ဝါရီ ၁၇ ရက်​မွန်းလွဲပ...
17/02/2023

အချိန်အခါမဟုတ် မိုးသည်းထန်စွာရွာသွန်းပြီး မိုးသီးများကြွေကျ

​ဖေ​ဖော်​ဝါရီ ၁၇

ရန်ကုန်မြို့တွင်​ဖေဖော်ဝါရီ ၁၇ ရက်​မွန်းလွဲ
ပိုင်း၌ အချိန်​အခါမဟုတ်​မိုးသည်းထန်​စွာရွာသွန်းပြီး မိုးသီးများ​ကြွေကျခဲ့သည်​။

​ဖေ​ဖော်​ဝါရီ ၁၆ ရက်​က မိုး​လေ၀သနှင့်​ဇလ​ဗေဒညွန်​ကြားမှုဦးစီးဌာနမှ​နောက် နှစ်​ရက်အတွင်း နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာ ကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်သည်​ဟု ထုတ်ပြန်ထားသည်​။

အလားတူ အဆိုပါ​နေ့က တနင်္သာရီတိုင်းဒေသကြီးတွင် နေရာကျဲကျဲနှင့် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (တောင်ပိုင်းနှင့် အရှေ့ပိုင်း)၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်​ပြီး နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်း ပြည်နယ်(မြောက်ပိုင်း)နှင့် ကယားပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းကာ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ် တို့တွင် အများအားဖြင့် သာယာမည်ဟု ထုတ်​ပြန်​ချက်​တွင်​ဖော်​ပြထားသည်​။

TREA-H

ယနေ့ ဖေဖော်ဝါရီ ၁၇ ရက် စက်သုံးဆီဈေးနှုန်းများ
17/02/2023

ယနေ့ ဖေဖော်ဝါရီ ၁၇ ရက် စက်သုံးဆီဈေးနှုန်းများ

လျှပ်စစ်ကားများ အားသွင်းသည့် Charging Station များကို နေရောင်ခြည်စွမ်းအင်မှရယူသုံးစွဲနိုင်ရေး  လုပ်ဆောင်မည်ဖေဖော်ဝါရီ ၁၆...
16/02/2023

လျှပ်စစ်ကားများ အားသွင်းသည့် Charging Station များကို နေရောင်ခြည်စွမ်းအင်မှရယူသုံးစွဲနိုင်ရေး လုပ်ဆောင်မည်

ဖေဖော်ဝါရီ ၁၆
လျှပ်စစ်ကားများ အားသွင်းသည့် Charging Station များကို နေရောင်ခြည်စွမ်းအင်မှရယူသုံးစွဲနိုင်ရေး လုပ်ဆောင်မည်ဟု လျှပ်စစ်ဝန်ကြီးဌာနမှ သိရသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး ဖေဖော်ဝါရီ ၁၄ ရက်က တာဝန်ရှိသူများ ဆွေးနွေးခဲ့ကြပြီးဓာတ်အားသုံးစွဲမှုအနေဖြင့် အဓိကလိုအပ်သော ဧပြီလမှ ဇွန်လအထိ နွေရာသီကာလတွင် နေရောင်ခြည်စွမ်းအင်မှ ရယူသုံးစွဲနိုင်ရေး ဆောင်ရွက်သွားမည်ဟုလည်း သိရသည်။

N.P.K Motors Co.,ltd မှ မြန်မာနိုင်ငံသို့ ဒုတိယအကြိမ်မြောက် တရုတ်နိုင်ငံမှ တင်သွင်းလာသော EV Charger 60KW ငါးစုံ ထပ်မံတင်သွင်းလာပြီး စုစုပေါင်း 60kw နှင့် 200kw ရှိ အားသွင်းစက် ၁၂ ခု အထိ ရှိသည်ဟုလည်း သိရသည်။

TERA-H

အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေး စကားဝိုင်းဆွေးနွေးပွဲ ပြုလုပ်ဖေဖော်ဝါရီ ၁...
16/02/2023

အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေး စကားဝိုင်းဆွေးနွေးပွဲ ပြုလုပ်

ဖေဖော်ဝါရီ ၁၆
အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs) ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးနှင့် MSMEs ကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ MSME Development Dialogue: “အခွင့်အလမ်းများမှသည် အောင်မြင်ခြင်းဆီသို့” စကားဝိုင်းဆွေးနွေးပွဲကို ယနေ့ ဖေဖော်ဝါရီ ၁၆ ရက်နေ့တွင် ကုန်သည်စက်မှုအသင်းချုပ်၌ ကျင်းပခဲ့သည်။

ဆွေးနွေးပွဲတွင် AYA Bank အမှုဆောင်အရာရှိချုပ် ဦးမြင့်ဇော်က " ကျွန်တော်တို့ နားလည်တယ်၊ သိတယ်၊ တတ်တယ်ဆိုတဲ့ဟာတွေက ကိုဗစ်မတိုင်ခင်နဲ့ ကိုဗစ်နောက်ပိုင်းမှာ (၅၀) ရာခိုင်နှုန်းလောက်မတူတော့ဘူးဆိုတာ (၁)အချက်အနေနဲ့လက်ခံရမယ်၊ (၂)အချက် နိစ္စဒူဝလှုပ်ရှားသွားလာနေတဲ့ ကျွန်တော်တို့ရဲ့တစ်စိတ်တစ်ပိုင်းသည် စက်ရုပ်ဆန်လာတယ်၊ နံပါတ် (၃)က ရှေ့ကလူကြီးတွေပြောသွားတဲ့အလုပ်သည် (၅၀) ရာခိုင်နှုန်း ပဲ မှန်တော့မှာဖြစ်ပြီးတော့ ကိုယ့်ဟာကိုယ်ပြန်ထွင်ပြီး လုပ်ရမယ့်ဟာသည် (၅၀) ရာခိုင်နှုန်း ပဲရှိတော့မှာကို တွေ့ရမှာပဲဖြစ်ပါတယ်” ဟု ဆိုသည်။

Myanmar Women Entrepreneurs Network-MYANWEN ဒုတိယဥက္ကဋ္ဌ ဒေါ်နှင်းဝေ
က “လုပ်ငန်းကြီးပဲဖြစ်ဖြစ်၊ လုပ်ငန်းသေးပဲဖြစ်ဖြစ် လက်ရှိရှိနေတဲ့အခြေအနေကို ကောင်းကောင်းသုံးသပ်တတ်ဖို့လိုပါတယ်။ Business Industry , Business Community မှာ ဘယ်လို Policy တွေ Change နေပြီလဲ။ Policy , Rules & Regulations ပိုင်းတွေကို နားလည်ပြီးတော့မှ ကိုယ့်လုပ်ငန်းမှာ Adapt လုပ်နိုင်ပြီး အခွင့်အရေးတွေ ပိုပြီးရလာမှာဖြစ်တယ်။ Digital Marketing မှာ Update ဖြစ်နေတဲ့အရာတွေကိုလည်း Continuous Learning လုပ်နေဖို့လိုပါတယ် ” ဟု ဆွေးနွေးခဲ့သည်။

အဆိုပါ စကားဝိုင်းဆွေးနွေးပွဲတွင် Panelists များအဖြစ် ဦးမြင့်ဇော် (အမှုဆောင်အရာရှိချုပ်၊ AYA Bank) ၊ ဦးထွန်းထွန်းနိုင် (ဒုတိယဥက္ကဋ္ဌ၊ MSME Association of Myanmar) ၊ ဒေါ်နှင်းဝေ (ဒုတိယဥက္ကဋ္ဌ၊ Myanmar Women Entrepreneurs Network-MYANWEN) တို့မှ ပါဝင်ဆွေးနွေးခဲ့ပြီး Moderator အဖြစ် ဒေါက်တာအောင်သိန်း (ဗဟိုအလုပ်အမှုဆောင်၊ ကုန်သည်စက်မှုအသင်းချုပ်) က ဆောင်ရွက်ခဲ့သည်။

MSMEs ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် Network များ တိုးချဲ့တည်ဆောက်ပေးခြင်း၊ Workshop, Seminar များ ကျင်းပပေးခြင်း၊ မှန်ကန်သော စီးပွားရေးသတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီ ဖြန့်ဝေပေးခြင်း၊ လိုအပ်သည့်ငွေကြေးအရင်းအနှီး ထုတ်ချေးပေးခြင်းများကို ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့အတွက် ဖေဖော်ဝါရီ ၂ ရက်နေ့၌ အသင်းချုပ်နှင့် AYA Bank တို့အကြား MoU လက်မှတ်ရေးထိုးခဲ့ကြပြီးနောက် ယနေ့ဆွေးနွေးပွဲကို ပထမဆုံး ကျင်းပခြင်းလည်းဖြစ်သည်။


ယနေ့ ဖေဖော်ဝါရီ ၁၆ ရက် စက်သုံးဆီဈေးနှုန်းများ
16/02/2023

ယနေ့ ဖေဖော်ဝါရီ ၁၆ ရက် စက်သုံးဆီဈေးနှုန်းများ

၁၃.၂.၂၀၂၃ယနေ့ စက်သုံးဆီစျေးနှုန်းများ ဆက်လက်တည်ငြိမ်နေ
13/02/2023

၁၃.၂.၂၀၂၃

ယနေ့ စက်သုံးဆီစျေးနှုန်းများ ဆက်လက်တည်ငြိမ်နေ

နိုင်ငံခြားငွေလဲလှယ်နှုန်း မြင့်တက်စေရန် ဆောင်ရွက်နေသူများ  အရေးယူသွားမည်ဟု ဗဟိုဘဏ်ထုတ်ပြန်ဖေဖော်ဝါရီ ၁၁နိုင်ငံခြားငွေလဲ...
11/02/2023

နိုင်ငံခြားငွေလဲလှယ်နှုန်း မြင့်တက်စေရန် ဆောင်ရွက်နေသူများ အရေးယူသွားမည်ဟု ဗဟိုဘဏ်ထုတ်ပြန်

ဖေဖော်ဝါရီ ၁၁
နိုင်ငံခြားငွေလဲလှယ်နှုန်း မြင့်တက်စေရန် ဆောင်ရွက်နေသည့် ပို့ကုန်/သွင်းကုန် လုပ်ငန်းရှင်များနှင့် ဘဏ်များကို အရေးယူသွားမည်ဟု ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

ပို့ကုန်/သွင်းကုန် လုပ်ငန်းရှင်များနှင့် ဘဏ်များက နိုင်ငံခြားငွေလဲလှယ်နှုန်း မြင့်တက်စေရန် ဆောင်ရွက်နေကြောင်း သံသယဖြစ်ဖွယ်တွေ့ရှိရသည့်အတွက် ဘဏ်များမှ ထိုသို့ ဆောင်ရွက်ခြင်းမရှိစေရေး ဝင်ရောက်ထိန်းကျောင်းရန်နှင့် ထိုသို့ဆောင်ရွက်နေသည့် ပို့ကုန်/သွင်းကုန် လုပ်ငန်းများအား ဖော်ထုတ်ရန် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နိုင်ငံခြားငွေလဲလှယ်နှုန်း မြင့်တက်စေရန် ဆောင်ရွက်နေသည် လုပ်ငန်းများနှင့် ဝင်ရောက်ထိန်းကျောင်းခြင်းမရှိသည့် ဘဏ်များအား အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ၎င်းတို့ကို အကြောင်းကြားထားသည်ဟု သိရသည်။

TERA-H

ယနေ့ (၁၁.၂.၂၀၂၃ ) ရက် စက်သုံးဆီစျေးနှုန်းများ ယခင်နေ့ထက် အနည်းငယ် ကျဆင်း...
11/02/2023

ယနေ့ (၁၁.၂.၂၀၂၃ ) ရက် စက်သုံးဆီစျေးနှုန်းများ ယခင်နေ့ထက် အနည်းငယ် ကျဆင်း...

Address


Website

Alerts

Be the first to know and let us send you an email when TERA posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to TERA:

Shortcuts

  • Address
  • Alerts
  • Contact The Business
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share