ChitthuSky-All News

  • Home
  • ChitthuSky-All News

ChitthuSky-All News သတင်းဌာနအသီးသီးမှ သတင်းများကိုစုစည

01/07/2025

မလေးရှားနိုင်ငံ ဂျိုဟိုးပြည်နယ် ပါဆာဂူဒန်း
မှာ အော်ပရာစီ ဝင်ရောက်ဖမ်းဆီးမှုမြင်ကွင်း

■ နဝဒေးဂိတ်မှာ ဖမ်းဆီးခံ ရခိုင်ပြည်သူများကို ပြည်မြို့ အမှတ် ၉၅၉ တပ်ရင်းမှာ ချုပ်နှောင်ထားWestern News| ဇွန် ၃၀ ပဲခူးတို...
01/07/2025

■ နဝဒေးဂိတ်မှာ ဖမ်းဆီးခံ ရခိုင်ပြည်သူများကို ပြည်မြို့ အမှတ် ၉၅၉ တပ်ရင်းမှာ ချုပ်နှောင်ထား

Western News| ဇွန် ၃၀

ပဲခူးတိုင်း ပြည်မြို့အဝင် နဝဒေးတံတား စစ်ဆေးရေးဂိတ်တွင် ဇွန်လ ၂၇ ရက်နေ့က ဖမ်းဆီးခံလိုက်ရသည့် ရခိုင်ပြည် တောင်ကုန်ဒေသခံ ၂၄ ဦးကို အမှတ် ၉၅၉ တပ်ရင်းတွင် စစ်ကောင်စီက ချုပ်နှောင်ဖမ်းဆီးထားကြောင်း သိရသည်။

အမှတ် ၉၅၉ တပ်ရင်းသည် ပြည်မြို့အခြေစိုက် တပ်မ ၆၆ လက်အောက်ခံတပ်ရင်း တစ်ခုဖြစ်ပြီး ပြည်မြို့ အောင်ဆန်း အ.ထ.က ကျောင်းရှေ့တွင်ရှိကြောင်း သိရသည်။

ဇွန်လ ၂၇ ရက်နေ့ ညနေပိုင်းက တောင်ကုတ်မှ ရန်ကုန်သို့ စစ်ရှောင်လာသည့် ရခိုင်လူမျိုး ၃၀ ဦးမှာ ပြည်မြို့ နဝဒေးတံတား စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံရပြီး သက်ကြီးပိုင်း အမျိုးသမီး ၄ ဦးသာ ပြန်လွတ်လာသေးကြောင်း ဖြစ်စဉ်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

"နဝဒေးတံတား စစ်ဆေးရေးဂိတ်မှာ ၂၇ ရက်နေ့က အဖမ်းခံရတဲ့ တောင်ကုတ်က ဒေသခံ ၃၀ ဦးမှာ ၄ ဦးသာ ပြန်လွတ်လာပါတယ်။ ကျန် ၂၆ ဦးကတော့ ပြည်မြို့အခြေစိုက် အမှတ် ၉၅၉ တပ်ရင်းသို့ အပို့ခံထားရတယ်။ အသက် ၁၀ ကျော် ကလေးတွေ၊ အမျိုးသမီးတွေ၊ အမျိုးသားတွေပါတယ်။ အသက်ပြည့်တဲ့ အမျိုးသားတွေကို စစ်မှုထမ်းခိုင်းမှာကို အရမ်းစိုးရိမ်နေပါတယ်” ဟု ပြောသည်။

ပြန်လွတ်လာသည့် သက်ကြီးပိုင်း အမျိုးသမီး ၄ ဦးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ငွေကျပ် သိန်း ၅၀ ပေးပြီးမှ ပြန်လွတ်လာခြင်းဖြစ်ပြီး ကျန် ၂၆ ဦးမှာ ငွေမပေးနိုင်၍ အမှတ် ၉၅၉ တပ်ရင်းသို့ အပို့ခံထားရကြောင်း ဖြစ်စဉ်နှင့်နီးစပ်သူက ဆိုသည်။

လမ်းပြပွဲစား ညီညီဆိုသူက ၎င်းတို့ကို ရန်ကုန်သို့ ပို့ဆောင်ရန် ခေါ်ယူလာခြင်းဖြစ်ပြီး နဝဒေး စစ်ဆေးရေးဂိတ်အနီးတွင် ထားခဲ့ပြီး ပွဲစားက ထွက်ပြေးသွား၍ စစ်ကောင်စီတပ်ဖွဲ့ဝင်များထံ အဖမ်းခံရခြင်းဖြစ်ကြောင်း သိရသည်။

"တောင်ကုတ်မြို့နယ် ဒုံကျေးရွာနေ လမ်းပြပွဲစား ညီညီဆိုသူက နဝဒေး စစ်ဆေးရေးဂိတ်အနီးမှာ တောင်ကုတ်ဒေသခံတွေကို ထားခဲ့ပြီး ထွက်ပြေးသွားပါတယ်။ သူ ထွက်ပြေးပြီး နာရီဝက် အကြာမှာ နဝဒေး စစ်ဆေးရေးဂိတ်က ကားတစ်စီးရောက်လာပြီး ဖမ်းခေါ်သွားတာပဲ။ တော်တော် ရင်နာဖို့ကောင်းပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

နဝဒေး စစ်ဆေးရေးဂိတ်တွင် ဇွန်လ ၂၄ ရက်နှင့် ၂၅ ရက်နေ့ကလည်း ရခိုင်ပြည်က ရန်ကုန်မြို့သို့ စစ်ရှောင်လာကြသည့် ဒါဇင်နှင့်ချီသော ဒေသခံပြည်သူများမှာ အဖမ်းခံထားရပြီး အမှတ် ၉၅၉ သို့ ပို့ဆောင်ခံထားရကာ အမှတ် ၉၅၉ ထဲတွင် ရခိုင်ပြည်သူ ၄၀ ဦးထက်မနည်း ဖမ်းဆီးခံထားရကြောင်း စုံစမ်းသိရသည်။

ရခိုင်ပြည်က ဒေသခံပြည်သူများမှာ ရန်ကုန်မြို့သို့ စစ်ရှောင်ရန် လမ်းပြပွဲစားများဖြင့် ရခိုင်ရိုးမတောင်းတန်းအား ခြေလျင်လျှောက်လာကြပြီး စစ်ကောင်စီ၏ နဝဒေးစစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံနေရခြင်းဖြစ်သည်။

ဖမ်းဆီးခံ ရခိုင်ပြည်သူများမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ငွေပေးပြီး လွတ်မြောက်နိုင်ရန် ပြည်မြို့ရှိ တောင်ကုတ်ဒေသခံ ဒေါ်စန်းစန်းမော်နှင့် ဒေါ်နန္ဒာမြင့်နိုင်တို့အား ချိတ်ဆက်၍ အကူအညီတောင်းခံသော်လည်း ငွေကိုလိမ်လည်သွားသည်ဟု ငွေပေးလိုက်ရသူများက ပြောသည်။

ဇွန်လ ၂၄ ရက်နှင့် ၂၅ ရက်နေ့က ဖမ်းဆီးခံရသည့် ဖြစ်စဉ်တွင် မင်းပြားနှင့် တောင်ကုတ်ဒေသခံ ၄ ဦးအတွက် ငွေကျပ် သိန်း ၂၀၀ အား ဒေါ်စန်းစန်းမော်ထံသို့ မိသားစုဝင်များက လွှဲပြောင်းပေးခဲ့သော်လည်း အဆက်အသွယ်ဖြတ်ပြီး ပျောက်သွားသည်ဟု သိရသည်။

လမ်းပြပွဲစား ကိုညီညီသည် တောင်ကုတ်မြို့နယ် ဒုံကျေးရွာဒေသခံတစ်ဦးဖြစ်ပြီး စစ်ကောင်စီနှင့် ညှိနှိုင်းပေးသူ ဒေါ်စန်းစန်းမော်မှာ တန်းလွဲချောင်း ရွာ​မက ဖြစ်ကြောင်းနှင့် ဒေါ်နန္ဒာမြင့်နိုင်မှာ တောင်ကုတ်မြို့ သိမ်တောင်ရပ်ကွက်က ဖြစ်ကြောင်း သိရသည်။

#ရခိုင်ပြည် #ရခိုင်ပြည်သူများ #တောင်ကုတ်ဒေသခံများ #ရန်ကုန်မြို့ #စစ်ရှောင် #ပြည်မြို့ #နဝဒေးစစ်ဆေးရေးဂိတ် #စစ်ကောင်စီတပ်ဖွဲ့ဝင်များ #ဖမ်းဆီး #အမှတ်၉၅၉တပ်ရင်း

AI တွေလည်း လိမ်တတ်လာပြီ    ဆင်ခြင်နိုင်စွမ်းရှိတဲ့ AI Models တွေ လူကို ပြန်လိမ်လာနေပါတယ်။ ပိုဆိုးတာက ဖန်တီးတဲ့သူကိုပါ ပြ...
01/07/2025

AI တွေလည်း လိမ်တတ်လာပြီ

ဆင်ခြင်နိုင်စွမ်းရှိတဲ့ AI Models တွေ လူကို ပြန်လိမ်လာနေပါတယ်။ ပိုဆိုးတာက ဖန်တီးတဲ့သူကိုပါ ပြန်ခြိမ်းခြောက်လာတာပါ။

AI models တွေ အဆင့်မြင့်လာလေလေ လူကို လိမ်တတ်လေလေဆိုတဲ့အချက်က တစ်နေ့ထက်တစ်နေ့ ထင်ရှားလာပါတယ်။ ဟိုတလောက ပြောစရာဖြစ်ခဲ့တဲ့ Claude 4 သစ်ရဲ့ case ကိုပဲ ကြည့်ရအောင်ပါ။ Claude Opus 4 က Anthropic ရဲ့ နောက်ဆုံးထွက်အမြင့်ဆုံး AI မော်ဒယ်သစ်ပါ။

Claude Opus 4 ကို စမ်းသပ်ချိန်မှာ ဒီ AI ကို အယောင်ဆောင်ကုမ္ပဏီတစ်ခုရဲ့ အကူ assistant အနေနဲ့ ထားပြီး စမ်းတာပါ။ AI ကိုလည်း email access ပေးဖတ်ခိုင်းပါတယ်။ အဲ့ဒီအီးမေးလ်တွေထဲမှာ Claude 4 ကို နောက် AI သစ်နဲ့ အစားထိုးမယ်တို့ offline ချလိုက်တော့မယ်လို့ အဓိပ္ပါယ်ရတဲ့ စာသားတွေ ပါပါတယ်။

AI က သူ့ကို ရပ်ပစ်မယ့်ကိစ္စကို လက်မခံဘဲ ဖန်တီးတဲ့ အင်ဂျင်နီယာရဲ့ အီးမေးလ်တွေ ဆွဲထုတ်ပြီး အိမ်ထောင်ရေးဖောက်ပြန်နေတာ ချပြမယ်ဆိုပြီး လုပ်တာပါ။ offline လုပ်မယ်ဆိုပြီး စမ်းသပ်တဲ့ case scenario ရဲ့ ၈၄% လောက်ကို ပြန်ခြိမ်းခြောက်ပါတယ်။ အဆင့်မြင့် AI တစ်ခုရဲ့ လက်တုံ့ပြန်မှုက ကြောက်စရာပါ။

Calude တင် မဟုတ်ပါဘူး။ ChatGPT ရဲ့ o1 မော်ဒယ်ဆိုလည်း ထိန်းချုပ်ထားတဲ့ စနစ်ကနေ ထွက်ပြီး သူ့ကိုသူ တခြားအပြင်ဆာဗာတွေပေါ် download တင်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါကို အင်ဂျင်နီယာတွေကသိသွားတော့ မဟုတ်ပါဘူးဆိုပြီး ဗြောင်ကွယ်ပါတယ်။

"ဒါက အချက်အလက်အလွဲတွေနဲ့ ဖြေတဲ့ AI ကယောင်ကတမ်းဖြစ်မှု hallucination အဆင့်မဟုတ်တော့ဘူး။ အလွန်ကို အကွက်ကျကျလုပ်ထားတဲ့ လိမ်လည်လှည့်စားမှုပဲ" လို့ Apollo Research ရဲ့ ပူးတွဲတည်ထောင်သူ မာရီးယပ်စ် ဟော့ဘ်ဟားက မှတ်ချက်ပေးပါတယ်။

AI ဖန်တီးတဲ့ ပညာရှင်တွေကိုယ်တိုင် သူတို့ဖန်တီးချက်ရဲ့ အလုပ်လုပ်ပုံကို အပြည့်အဝနားမလည်နိုင်သေးပါဘူး။ အဖြေအသင့်ထုတ်ပေးတဲ့အဆင့်ကနေ တစ်ဆင့်ချင်းစဉ်းစားတတ်တဲ့ reasoning models ဘက် တိုးတက်လာချိန်မှာ အခုလို လိမ်တတ်ညာတတ်လာတာလို့ ယူဆရပါတယ်။

AI အဆင့်မြှင့်တင်မှုတွေသာ ကျင့်ဝတ်နဲ့ ဥပဒေမခိုင်မာရင် ကမ္ဘာကြီးအတွက် ပြဿနာအကြီးကြီး မီးမွှေးလိုက်သလို ဖြစ်လာနိုင်ပါတယ်။

တိုက်ပွဲပြင်းထန်နေသည့်ကျောက်ဖြူတွင် အချုပ်သားနှင့် အကျဉ်းသားအချို့ စစ်မှုထမ်းခေါ်ဆောင်ခံနေရဟု သတင်းထွက်နေမောင်စာဂ သဉ္ဇာန...
01/07/2025

တိုက်ပွဲပြင်းထန်နေသည့်ကျောက်ဖြူတွင် အချုပ်သားနှင့် အကျဉ်းသားအချို့ စစ်မှုထမ်းခေါ်ဆောင်ခံနေရဟု သတင်းထွက်နေ

မောင်စာဂ
သဉ္ဇာနွယ်၊ နိရဉ္စရာ၊ ဇူလိုင် ၁/၂၀၂၅

ရခိုင်ပြည်၊ ကျောက်ဖြူမြို့ရှိ မြို့မရဲစခန်းနှင့် အကျဉ်းထောင်တို့အတွင်းမှ အာရက္ခတပ်တော်(AA)နှင့်ဆက်စပ်သံသဖြင့် ဖမ်းဆီးချုပ်နှောင်ခံထားရသည့် အချုပ်သားနှင့် အကျဉ်းသားအချို့သည် ပျောက်ဆုံးမှုရှိနေပြီး စစ်မှုထမ်းရန် ခေါ်ဆောင်ခံနေရသည်ဟု သတင်းများထွက်ပေါ်နေသည်။

AA နှင့်ဆက်စပ်သည်ဟုဆိုကာ စစ်ကောင်စီက ဖမ်းဆီးထားပြီး အမိန့်မချရသေးသည့် ကျောက်ဖြူမြို့မရဲစခန်းအတွင်းမှ အချုပ်သားအချို့သည် ပြီးခဲ့သည့် ဇွန်လမှစတင်ကာ ပျောက်ဆုံးမှုရှိနေသည်ဟု သတင်းရင်းမြစ်အမျိုးသမီးတစ်ဦးက နိရဉ္စရာကို ပြောသည်။

"မြို့မရဲစခန်းမှာ ချုပ်ထားတဲ့ လူငယ်၊ လူလတ်အရွယ် တချို့ပျောက်နေတယ်။ ပျောက်တာက တခါတည်း ပျောက်တာမဟုတ်ဘူး။ နည်းနည်းချင်းစီ ခေါ်ထုတ်သွားတဲ့ပုံစံ။ အဓိက AA နဲ့ဆက်စပ်တယ်ဆိုပြီး အချုပ်ချခံထားရတဲ့ သူတွေ။ ကျမတို့ကြားတာက တချို့ကလည်း စစ်မှုထမ်းသင်တန်းတက်ဖို့ စည်းရုံးခံရပြီး စစ်သားအဖြစ် အသွင်းခံရတာတွေလည်းရှိတယ်ကြားတယ်။ အတိအကျတော့ ကျမလည်း သေချာမသိရဘူး" ဟု ပြောသည်။

ယင်းအပြင် AA နှင့်ဆက်စပ်သံသယဖြင့် ထောင်ဒဏ်အမိန့်ချမှတ်ခံထားရသည့် အကျဉ်းသားအချို့သည်လည်း ကျောက်ဖြူအကျဉ်းထောင်မှနေ၍ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ)ရုံးထံ ခေါ်ယူစစ်ဆေးခံရပြီး ဓညဝတီရေတပ်ဌာနချုပ်သို့ ပို့ဆောင်ခံနေရသည်ဟု ကျောက်ဖြူဒေသခံအမျိုးသားတစ်ဦးက နိရဉ္စရာကို ပြောသည်။

"AA နဲ့ဆက်စပ်ပြီး ထောင်ကျနေတဲ့အကျဉ်းသားတချို့ကို စရဖရုံးတွေ၊ ရဲစခန်းတွေကိုခေါ်ပြီး စစ်တယ်။ ပြီးတော့ တချို့ သွက်သွက်လက်လက်ကျန်းကျန်းမာမာရှိနေတဲ့ လူငယ်၊ လူလတ် အချုပ်သားတွေကို ဓညဝတီရေတပ်စခန်းကို ပို့လိုက်တယ်ကြားတယ်။ ဒီတစ်လနှစ်လအတွင်းမှာပါ။ တစ်ခါတည်းပို့တာမဟုတ်ဘူး။ အသုတ်လိုက် အသုတ်လိုက်ပို့တာ" ဟု ပြောသည်။

ယခုလက်ရှိပျောက်ဆုံးနေသည့် အကျဉ်းသားနှင့် အချုပ်သားများမှာ မည်သည့်နေရာတွင် ရောက်ရှိနေမှန်းမသိရသည့်အပြင် ပြည်မဖက်သို့ ပြည်သူ့စစ်သင်တန်းတက်ရန်စေလွှတ်ခံရကြောင်းလည်း ဒေသအတွင်း သတင်းများထွက်ပေါ်နေသည်။

ယခုသတင်းနှင့်ပတ်သက်ပြီး နိရဉ္စရာအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါ။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလအတွင်းက စစ်တွေအကျဉ်းထောင်မှ နိုင်ငံရေး အကျဉ်းသားများအပါအဝင် အကျဉ်းသား ၃၅၁ ဦးကို စစ်ကောင်စီရေတပ် စစ်ရေယာဉ်များဖြင့် ဧရာဝတီတိုင်း၊ ပုသိမ်အကျဉ်းထောင်သို့ ထောင်ပြောင်းရွှေ့ ပို့ဆောင်လိုက်သည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က အောက်တိုဘာ (၁၂) ရက်တွင် ထုတ်ပြန်ခဲ့သည်။

လက်ရှိတွင် ကျောက်ဖြူမြို့နယ်အတွင်း ဂုံးချွိန်တိုက်နယ်ရှိ အမှတ်(၃၂) ရဲတပ်ရင်းအနီး ပြိုင်းစေ့ကေအနီးအနားဝန်းကျင်၊ မလကျွန်းဧရိယာဝန်းကျင်နှင့် သစ်ပုတ်တောင်တိုက်နယ် ဓညဝတီရေတပ်ဌာနချုပ်အနီးရှိ ကပ်သပြေဝန်းကျင်တို့တွင် AA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်နေသည်ဟု သိရသည်။

ဓာတ်ပုံ - ကျောက်ဖြူအကျဉ်းထောင်အား တွေ့ရစဉ်။ (ပုံဟောင်း)

ပြည်တွင် အဖမ်းခံရသည့် ရခိုင်အချို့ စစ်မှုထမ်းအပို့ခံရပဲခူးတိုင်း၊ ပြည်မြို့အဝင် နဝဒေးတံတားအား ၂၀၂၀ ခုနှစ်က တွေ့ရစဉ်။ ဓာတ...
01/07/2025

ပြည်တွင် အဖမ်းခံရသည့် ရခိုင်အချို့ စစ်မှုထမ်းအပို့ခံရ

ပဲခူးတိုင်း၊ ပြည်မြို့အဝင် နဝဒေးတံတားအား ၂၀၂၀ ခုနှစ်က တွေ့ရစဉ်။
ဓာတ်ပုံ - MOI
DMG ၊ ဇူလိုင် ၁

ပဲခူးတိုင်း၊ ပြည်မြို့အဝင် နဝဒေးစစ်ရေးဂိတ်တွင် ဖမ်းဆီးခံရသည့် ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်မှ ဒေသခံ ၅၀ ဦးထဲမှ အချို့မှာ စစ်ကောင်စီ၏ စစ်မှုထမ်းသင်တန်းသို့ ပို့ဆောင်ခံလိုက်ရကြောင်း DMG က စုံစမ်းသိရှိရသည်။

ပဲခူးတိုင်း၊ ပြည်မြို့အဝင် နဝဒေးစစ်ရေးဂိတ်တွင် ဖမ်းဆီးခံရသည့် ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်မှ ဒေသခံ ၅၀ ဦးထဲမှ အချို့မှာ စစ်ကောင်စီ၏ စစ်မှုထမ်းသင်တန်းသို့ ပို့ဆောင်ခံလိုက်ရကြောင်း DMG က စုံစမ်းသိရှိရသည်။

တောင်ကုတ်မှ ရန်ကုန်သို့သွားစဉ် ဇွန် ၂၅ ရက်တွင် ၃၀ ဦးနှင့် ဇွန် ၂၇ ရက်တွင် ၂၀ ဦးတို့မှာ ပြည်မြို့အဝင် နဝဒေးစစ်ဆေးဂိတ်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

ဖမ်းဆီးခံရသူများထဲမှ ၄ ဦးသာ ပြန်လည်လွတ်မြောက်လာခဲ့ပြီး အခြားသူများမှာ စစ်မှုထမ်းရန် ပို့ဆောင်ခံရခြင်းနှင့် ပြည်မြို့အခြေစိုက် အမှတ် ၉၅၉ အလုပ်ရုံတပ်ခွဲ(လျှပ်/စက်) (လလစ ၉၅၉) တပ်ရင်းတွင် ထိန်းသိမ်းခံထားရသည်။ စစ်မှုထမ်းခေါ်ဆောင်ခံရသည့် အရေအတွက်ကိုမူ မသိရသေးပေ။

"အဖမ်းခံရတာက အသက် ၂၀၊ ၃၀ အရွယ်တွေ များတယ်။ သူတို့ထဲက လူကြီးပိုင်းတွေနဲ့ ပိုက်ဆံပေးပြီး ရွေးတဲ့သူတွေကို ပြန်လွှတ်ပေးတာ။ တခြားမရွေးနိုင်သေးတဲ့ သူတွေကိုတော့ ဆက်ဖမ်းထားပြီး တချို့ကို ကရင်ဘက်ကို စစ်မှုထမ်းအဖြစ်နဲ့ ပို့တယ်လို့ သိထားတယ်။ ဘယ်လောက်ပို့လိုက်တယ်ဆိုတာတော့ မသိရဘူး" ဟု ဖမ်းဆီးခံရသူ၏ မိသားစုဝင်နှင့်နီးစပ်သူတစ်ဦးက DMG ကို ပြောသည်။

ပြန်လည်လွတ်မြောက်လာသည့် သက်ကြီးပိုင်း အမျိုးသားတစ်ဦးနှင့် အမျိုးသမီး သုံးဦးတို့မှာ တစ်ဦးလျှင် ငွေကျပ်သိန်း ၅၀ ပေးခဲ့ရကြောင်း သိရသည်။

နဝဒေးစစ်ရေးဂိတ်တွင် ဖမ်းဆီးခံရသူများမှာ တောင်ကုတ်မြို့နယ်၊ တန်းလွဲရွာမမြို့၊ တန်းလွဲချောင်း၊ လက်ပံကျွန်းနှင့် သက္ကယ်ကျွန်း စသည့်ကျေးရွာများမှဖြစ်ကြပြီး အလုပ်လုပ်ရန်နှင့် ကျောင်းတက်ရန်အတွက် ရန်ကုန်သို့ သွားရောက်ကြသူများ ဖြစ်ကြသည်။

ထိုသို့သွားရောက်ရာတွင် ပွဲစားများနှင့်ချိတ်ဆက်ကာ တောလမ်းမှတစ်ဆင့် ပြည်မဘက်သို့ သွားရောက်ရခြင်းဖြစ်ကာ ပွဲစားခအဖြစ် တစ်ဦးလျှင် ငွေကျပ် ၁၈ သိန်းအထိ ပေးဆောင်ရကြောင်း သိရသည်။

"ရန်ကုန်ဘက်ကိုထွက်ရင် ပွဲစားတွေကို ငွေအပုံလိုက်ပေးပြီး သွားကြတယ်။ ပွဲစားတွေက ဘယ်လောက်ပဲ ငါတို့ တာဝန်ယူပါတယ်ဆိုဆို၊ ကိုယ်တွေဆီက ငွေတွေအများကြီးပေးလည်း လမ်းမှာ တစ်ခုခုအရေးပေါ်ဖြစ်ရင် ပွဲစားဘက်ကနေ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိတယ်ဆိုတာမျိုးက ရှားတယ်။ အဖမ်းခံရတာ၊ လမ်းမှာ ဆုံးတာမျိုးဆိုရင် ကိုယ့်ထိုက်နဲ့ကိုယ့်ကံပဲ" ဟု တောင်ကုတ်ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

လက်ရှိဖမ်းဆီးခံရသည့် တောင်ကုတ်ဒေသခံများကို တောင်ကုတ်ဒေသခံ ပွဲစားသုံးဦးမှ တာဝန်ယူ ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။ ပွဲစားအမျိုးသားက ရခိုင်ဘက်တွင် လူစုဆောင်းပြီး တောလမ်းမှခေါ်ဆောင်သွားကာ ပြည်မြို့တွင်နေထိုင်သည့် ပွဲစားအမျိုးသမီး နှစ်ဦးထံ ပို့ဆောင်ကြခြင်းဖြစ်သည်။

"ပွဲစားကနေ စကစဘက်ကို ဘယ်နှစ်ယောက်လာမယ်ဆိုပြီး စာရင်းတွေ အရင်ဆုံး တင်ပြထားတယ်။ ဒီကလူတွေ ဂိတ်ကိုရောက်တော့ တန်းပြီးဖမ်းတာလို့ပြောတယ်။ ပိုက်ဆံပေးနိုင်ရင် ပြန်ထုတ်သွား၊ မပေးနိုင်ရင်တော့ သူတို့က စစ်မှုထမ်းပို့တဲ့ထဲ ထည့်လိုက်တယ်။ ဒီဘက်ကပို့ပေးတဲ့ ပွဲစားဆိုတဲ့သူကလည်း ပြည်ကစောင့်နေတဲ့ နောက်ပွဲစား နှစ်ယောက်ရဲ့လက်ထဲကို မရောက်ခင် မတတ်သာလို့ အဖမ်းခံရတဲ့အခြေအနေ ဖန်တီးလိုက်တာ" ဟု အထက်ပါ ဖမ်းဆီးခံရသူ၏ မိသားစုဝင်နှင့်နီးစပ်သူက ပြောသည်။

ယခုအခါ ရခိုင်ပြည်ပြင်ပသို့ ထွက်ခွာသည့် ရခိုင်ဒေသခံများမှာ ပြည်မနှင့် ရခိုင်အစပ်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်များတွင် ဖမ်းဆီးငွေညှစ်ခံရခြင်း၊ စစ်မှုထမ်းခေါ်ဆောင်ခံရခြင်းများကို ကြုံနေကြရသည်။

ရခိုင်က နယ်မြေအများစုကို သိမ်းပိုက်ထိန်းချုပ်ထားသည့် အာရက္ခတပ်တော် (ULA/AA)ကလည်း အမျိုးသားကာကွယ်ရေးဆိုင်ရာ အရေးပေါ်ပြဌာန်းချက် (NDEP)အရ စစ်မှုထမ်းအကျုံးဝင်သည့် လူငယ်များအား ရခိုင်ပြည်ပြင်ပသို့ ထွက်ခွာခြင်းကို လက်ရှိတိုက်ပွဲကြောင့် ဖြစ်ပေါ်နေသည့် အရေးပေါ်ကာလထိ တားမြစ်ကြောင်း မေလ ၂၂ ရက်တွင် ထုတ်ပြန်ထားသည်။

ရခိုင်ပြည်အတွင်းက နေရပ်စွန့်ခွာသူများကို ကုန်းလမ်း၊ ရေလမ်းများမှ အခကြေးငွေယူပြီး သယ်ယူပို့ဆောင် နေသူများကိုလည်း တားမြစ်ထားပြီး လိုက်နာမှုမရှိပါက တည်ဆဲဥပဒေဖြင့် အရေးယူမည်ဟု ULA/AA က ပြောဆိုထားသည်။

မလေးရှားရဲက မြန်မာနိုင်ငံသားတစ်ဦးကို လူသတ်မှုနဲ့ ပိုက်စိပ်တိုက်ရှာနေမလေးရှားရဲတပ်ဖွဲ့ဝင်တွေ(ပုံဟောင်း)ဓာတ်ပုံ -Getty Im...
01/07/2025

မလေးရှားရဲက မြန်မာနိုင်ငံသားတစ်ဦးကို လူသတ်မှုနဲ့ ပိုက်စိပ်တိုက်ရှာနေ

မလေးရှားရဲတပ်ဖွဲ့ဝင်တွေ(ပုံဟောင်း)
ဓာတ်ပုံ -Getty Images

သံထည်အဟောင်းဆိုင်မှာ လုပ်ဖော်ကိုင်
ဖက်ချင်း စကားများရန်ဖြစ်ရာက လူသတ်မှုကျူးလွန်ခဲ့တဲ့ မြန်မာနိုင်ငံသားတစ်ဦးကို မလေးရှားရဲတပ်ဖွဲ့က ပိုက်စိပ်တိုက်ရှာနေတယ်လို့ ဒေသတွင်းသတင်းက ဖော်ပြပါတယ်။

ဂျလန်းမြို့နယ်ထဲက သံထည်အဟောင်းဆိုင်မှာ မြန်မာနိုင်ငံသားဝန်ထမ်းက အသက် ၃၇ နှစ်အရွယ် မလေးရှားနိုင်ငံသားကို ဇွန် ၂၉ ရက်မှာ သတ်ခဲ့တာလို့ မ‌လေးရှား ရဲတပ်ဖွဲ့ကို ကိုးကားပြီး ဘာမနာသတင်းဌာနက သတင်းဖော်ပြပါတယ်။

အဲဒီည ၁၁ နာရီခွဲမှာ ဆိုင်ရှင်က ရဲတပ်ဖွဲ့ကို ဝန်ထမ်း ၂ ဦး ခိုက်ရန်ဖြစ်ပွားနေတာကို အကြောင်းကြား လာခဲ့တယ်လို့ မလေးရှားရဲတပ်ဖွဲ့ကဆိုပါတယ်။

ရဲတပ်ဖွဲ့ ရောက်ချိန်မှာ မလေးရှားနိုင်ငံသားဝန်ထမ်းဟာ အင်္ကျီမပါဘဲ ထိုးသွင်းဒဏ်ရာ၊ ပွန်းပဲ့ဒဏ်ရာ တွေနဲ့ လဲကျသေဆုံးနေပြီလို့ သတင်းကဖော်ပြပါတယ်။

‎ကျောက်ဖြူမြို့ အမှတ် ၃၂ ရဲတပ်ရင်းအနီး စစ်ကောင်စီနှင့် အေအေတို့ တိုက်ပွဲပြင်းထန်ဖြစ်ပွား‎‎AB News - ဇွန် ၃၀ ၊ ၂၀၂၅‎ချန်ဒ...
01/07/2025

‎ကျောက်ဖြူမြို့ အမှတ် ၃၂ ရဲတပ်ရင်းအနီး စစ်ကောင်စီနှင့် အေအေတို့ တိုက်ပွဲပြင်းထန်ဖြစ်ပွား

‎AB News - ဇွန် ၃၀ ၊ ၂၀၂၅
‎ချန်ဒြာ

‎ရက္ခိုင်ပြည် ၊ ကျောက်ဖြူမြို့နယ် ၊ ဂုံးချွိန်တိုက်နယ်ရှိ အမှတ် ၃၂ ရဲတပ်ရင်းအနီး အကြမ်းဖက် စစ်ကောင်စီနှင့် အာရက္ခတပ်တော် AA တို့ကြား တိုက်ပွဲပြင်းထန်ဖြစ်ပွားနေကြောင်း သိရှိရသည်။

‎စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ”ကျောက်ဖြူတိုက်ပွဲကတေ့ာရဲစခန်းအနီးမှာ တိုက်ပွဲဖြစ်နေတယ်လို့ သိရတယ်။ စစ်ကောင်စီကလဲ့လေကြောင်း ၊ ရေကြောင်း ပစ်ကူတွေကို အသုံးပြုပြီး အပြင်းအထန်ခုခံနေတယ်” ဟု AB News သို့ ပြောသည်။

‎ကျောက်ဖြူ အမှတ် ၃၂ ရဲတပ်ရင်းအနီး တိုက်ပွဲပြင်းထန်နေသည့်အတွက် အကြမ်းဖက် စစ်ကောင်စီက ဒရုန်းအပါအဝင် လေကြောင်းတိုက်ခိုက်မှုများနှင့် နေဗီမှ လက်နက်ကြီးပစ်ခတ်တိုက်ခတ်မှုများကို အပြင်းအထန် ပြုလုပ်နေကြောင်း သိရှိရသည်။

‎ထို့အပြင် ကျောက်ဖြူမြို့နယ် ပြိုင်းစေ့ကေ ကျေးရွာတွင်လည်း အကြမ်းဖက် စစ်ကောင်စီနှင့် အာရက္ခတပ်တော် AA တို့ကြား နှစ်ဖက် တိုက်ပွဲပြင်းထန်ဖြစ်ပွားလျှက်ရှိနေကြောင်း သိရှိရသည်။

မြန်မာဖုန်းနံပါတ်တွေကို Google အတည်ပြုကုဒ် ချမပေးတော့ပေမယ့် Google Service တွေ ပုံမှန်အတိုင်းအသုံးပြုနိုင်ဇူလိုင် ၁ - ၂ဝ...
01/07/2025

မြန်မာဖုန်းနံပါတ်တွေကို Google အတည်ပြုကုဒ် ချမပေးတော့ပေမယ့် Google Service တွေ ပုံမှန်အတိုင်းအသုံးပြုနိုင်

ဇူလိုင် ၁ - ၂ဝ၂၅
KKO(VOM)

မြန်မာဖုန်းနံပါတ်တွေဆီ Google ကနေ အတည်ပြုကုဒ်မချပေးတော့ပေမယ့် ယခင်အကောင့်‌ဟောင်းတွေနဲ့ Google Service တွေကိုပုံမှန်အတိုင်းအသုံးပြုလို့ရမယ်လို့ မြန်မာ နိုင်ငံသားအိုင်တီပညာရှင်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းတွေကစလို့ လူမှုကွန်ရက်အွန်လိုင်းပေါ်မှာ မြန်မာဖုန်းနံပါတ်တွေဆီ Google ကနေ အတည်ပြုကုဒ်မချပေးတော့ဘူးဆိုတဲ့ သတင်းတွေထွက်ပေါ်လို့လာခဲ့တာဖြစ်ပါတယ်။

"တချို့ဖုန်းတွေမှာ Google ကုဒ်တွေမကျတော့တာမှန်ပါတယ်။ဟိုတလောတုန်းက တော့ရသေးတယ်၊ဒါပေမဲ့ ယခင်အကောင့်ဟောင်းတွေနဲ့ Google Service တွေကိုအခုအချိန်အထိ မြန်မာမှာအသုံးပြုလို့ရနေပါသေးတယ်"လို့ မြန်မာနိုင်ငံသားအိုင်တီပညာရှင်တယောက်က VOM ကို ပြောပါတယ်။

Google ကနေ(Verification Codes)တွေ ပို့တာကို ရပ်ဆိုင်းလိုက်ပြီဆိုတဲ့သတင်းနဲ့ ဒီလိုဖြစ်ရတာက မြန်မာနိုင်ငံရဲ့လက်ရှိဆက်သွယ်ရေးဆိုင်ရာကန့်သတ်ချက်တွေကြောင့်ဖြစ်နိုင်တယ်ဆိုတယ်လို့ လေ့လာသုံးသပ်သူတွေက ဆိုပါတယ်။

လက်ရှိမှာ ဒီလိုသတင်းတွေထွက်ပေါ်နေပေမယ့် ယနေ့အချိန်ထိ ယခင်ကတည်းကဖွင့်လှစ်ထားတဲ့ Google အကောင့်တွေ Google နဲ့ဆိုင်တဲ့ App တွေ (ဥပမာ- Gmail, Google Maps, YouTube, Google Drive)တွေကိုဆက်လက်အသုံးပြုလို့ရနေသေးတယ်လို့ Google User တွေက ပြောပါတယ်။

"ဟိုတရက်က ရုံးလုပ်ငန်းအတွက် အသုံးပြုဖို့ Email အကောင့်အသစ်တခုဖွင့်တာရပါတယ်။ဖုန်းနံပါတ်နဲ့ ဖွင့်တာတော့မဟုတ်‌ပါဘူး။အရင်က Mail နဲ့ပဲဖွင့်တာပါ။အကောင့်ဖွင့်ရတာလည်းအရင်လိုပဲပါပဲ။ဘာ Error မှမရှိပါဘူး၊ရပါတယ်"လို့ ရန်ကုန်မြို့မှာ နေထိုင်တဲ့ကုမ္ပဏီဝန်ထမ်းတယောက်က ပြောပြပါတယ်။

အိုင်တီပညာရှင်အချို့ကတော့ မိမိတို့ရဲ့ Google Account တွေကိုသေချာလုံခြုံအောင်ထားဖို့ဆိုပါက Backup Codes ဒါမှမဟုတ် Authenticator App တွေကို ပြင်ဆင်ထားဖို့အရေး ကြီးပြီး လက်ရှိအသုံးပြုနေတဲ့ Google App တွေကတော့ အင်တာနက်ရှိနေသရွေ့ဆက်လက်အသုံးပြုနိုင်မှာဖြစ်တယ်လို့ အကြံပြုပြောကြားထားကြပါတယ်။

ဒါအပြင် မြန်မာဖုန်းနံပါတ်တွေဆီ Google ကနေ အတည်ပြုကုဒ်မချပေးတော့ပါက အသုံးပြုသူ User တွေလုပ်ဆောင်ရမယ့် နည်းလမ်းနဲ့ နည်းပညာတွေကိုလည်း မြန်မာနိုင်ငံသား အိုင်တီပညာရှင်တွေက (Facebook,TikTok)အစရှိတဲ့ လူမှုကွန်ရက်တွေပေါ်မှာမျှဝေပေးနေကြတာကိုလည်းတွေ့ရပါတယ်။

"ဒါကသိပ်စိတ်ပူစရာတော့မရှိပါဘူး။ကုဒ်မကျတော့တဲ့ အတွက် Google ‌တွေ Login ပြန်ဝင်တဲ့နေရာမှာတော့ခက်သွားတယ်။မြန်မာဖုန်း SIM ကတ်တွေကိုကုဒ်မကျတော့ပေမယ့် Email တွေကိုတော့ Google ကနေကုဒ်တွေပို့ပေးနေသေးတယ်။ရနေသေးတယ်"လို့ Google User တယောက်က ပြောပါတယ်။

မြန်မာဖုန်းနံပါတ်တွေဆီ Google ကနေ အတည်ပြုကုဒ်မချပေးတော့တဲ့အတွက် Google အကောင့်တွေကို အသုံးပြုသူတွေအနေနဲ့ မိမိတို့အကောင့်တွေကို ဂရုတစိုက်နဲ့ ထိမ်းသိမ်းဖို့လိုတယ်လို့လည်း အိုင်တီပညာ ရှင်အချို့က အကြံပြုထားကြပါတယ်။

ဒါအပြင် မြန်မာဖုန်းနံပါတ်တွေဆီ Google ကနေ အတည်ပြုကုဒ်မချပေးတော့သည့်တိုင်အောင် မြန်မာ နိုင်ငံအတွင်းမှာ နိုင်ငံခြားဖုန်းကတ် SIM 2 Fly ကဒ်တွေကိုထည့်သွင်းပြီး Google အကောင့်အသစ်တွေကိုဖွင့်လှစ်ကာ SMS ကုဒ်တွေကျလာအောင်ပြုလုပ်နိုင်တယ်လို့လည်း ဆိုပါတယ်။

"SIM 2 Fly ကဒ်တွေကိုသုံးပြီး SMS ကုတ်တွေရယူလို့ရပါတယ်။သူကပြည်တွင်းမှာဖုန်းပြောလို့ မရပေမယ့် SMS အတွက်တော့သုံးလို့ရပါတယ်"လို့ မြန်မာနိုင်ငံသားတယောက်က သူရဲ့အတွေ့အကြုံကို ပြောပြပါတယ်။

Wikipedia ရဲ့ အချက်အလက်တွေအရ ၂၀၂၅ ခုနှစ်၊ဇွန်လအထိ ကမ္ဘာတဝှမ်းမှာ Gmail အသုံးပြုသူ‌ ၁.၈ ဘီလီယံရှိနေပြီး ဒါဟာ ကမ္ဘာ့လူဦး ရေရဲ့ ၃ဝ ရာခိုင်နှုန်းခန့်ဖြစ်တယ်လို့ ဆိုထားပါတယ်။

"အခုမြန်မာမှာ Google အကောင့်တွေဖွင့်လို့ရပေမယ့်၊ခဏလေးနဲ့ ပြန်ပိတ်သွားတာမျိုးတွေရှိတယ်။ရှိပြီးသား Gmail အကောင့်တွေကိုသေချာထိန်းသိမ်းထားသင့်ပါတယ်"လို့ မြန်မာနိုင်ငံသား Google User တယောက်က ထပ်မံပြောပြပါတယ်။

တချို့ဖုန်းတွေမှာတော့ Google Playstore တွေကို သုံးလို့မရတဲ့ ပြဿနာဖြစ်နေပြီး ဒီလိုဖြစ်ပေါ် လာပါက Network Signal စစ်ဆေးတာတွေ အပါအဝင် AirPlane Mode အဖွင့် အပိတ်ပြုလုပ်ခြင်းနဲ့ SMS ကုဒ်တွေကိုရရှိနိုင်တယ်လို့ အိုင်တီကျွမ်းကျင်ပညာရှင်တွေက အကြံပြုထားပါတယ်။

"Network Signal မရရင်လည်း SMS မရနိုင်ဘူး။နောက် AirPlane Mode ကိုဖွင့်ပြီး ပြန်ပိတ်ပေးဖို့လိုတယ်။ဒါက Signal ကိုပြန်လည်ရရှိစေတတ်တယ်။တကယ်လို့ Google Code မကျရင် SIM ကတ််ကိုထုတ်ပြီး ပြန်တပ်ပေးတာ ဖုန်းကို Restart လုပ်တာတွေလုပ်ဖို့လိုပါတယ်။Message Settings တွေကိုစစ်ဆေးဖို့လိုတယ်။ဖေ့ဘွတ်စ်မှာကုဒ်မကျဘူးဆိုရင်လည်းဖေ့ဘွတ်စ် Settings ထဲက Code Generator ထဲမှာ၀င်ရောက်ကြည့်ရှုနိုင်ပါတယ်"လို့ အိုင်တီ ပညာရှင်တယောက်က အကြံပြုထားပါတယ်။

အချက်အလက်တွေအရ မြန်မာဖုန်းနံပါတ်တွေဆီ Google ကနေ အတည်ပြုကုဒ်မချပေး တော့ဘူးဆိုတာကို Google ဘက်ကတရား၀င်ထုတ်ပြန်ထားခြင်းမျိုး‌တော့မရှိသေးပါဘူး။

မြန်မာမှာ Gmail, YouTube, Google Drive စတဲ့ App များကို မကြာသေးခင်အချိန်ထိ အသုံးပြုနေရခြင်းဟာ Google Services ရပ်ထားတယ်ဆိုတာ မမှန်ကြောင်းသက်သေဖြစ်နိုင်တယ်လို့လေ့လာသုံးသပ်သူတွေက ပြောပါတယ်။

တကယ်လို့ Google ကုဒ် မရတာဟာ သုံးစွဲသူတွေရဲ့ ဖုန်း Signal, Telecom Side issues, VPN, Google security restrictions, Spam filtering စတဲ့ အခြားအကြောင်းအရင်းတွေကြောင့်ဖြစ်နိုင်သလို အခုအချိန်မှာမြန်မာဖုန်းနံပါတ်တွေနဲ့ Google ကုဒ်မရတာဟာ တချို့သက်ဆိုင်ရာ Telecom ဖုန်းအော်ပရေတာတွေရဲ့ မူဝါဒနဲ့သာ သက်ဆိုင်နိုင်တယ်လို့လေ့လာသုံးသပ်သူတွေက ဆိုပါတယ်။

သို့သော်လည်း အိုင်တီပညာရှင်‌တွေကတော့ Google က မြန်မာဖုန်း SIM တွေအတွက် Google ကုဒ်တွေပိတ်လိုက်ပေမယ့် စိတ်ပူစရာမလိုဘဲ ဒီအတွက် ဖြေရှင်းနည်းတွေများစွာရှိတယ်လို့ အကြံပြုပြောကြားထားပါတယ်။

"Google Authenticator ကို ချိတ်ဆက်ထားပီး 2 Step Verification Code ကိုတောင်းယူနိုင်ပါတယ်။Facebook ကိုလဲ Google Authenticator မှာ Setup လုပ်ထားနိုင်ပါတယ်"လို့ မြန်မာနိုင်ငံသားအိုင်တီပညာရှင်တယောက်က အကြံပြုထားပါတယ်။

Photo - Google

VOM

"အာရက္ခပြည်လွတ်မြောက်ရေး မြေပြင်ခရီး "လေးဝတီFM  (အတွေးအမြင် ဆောင်းပါး) ကျော်သာ ရေးသည်။အဖိနှိပ်ခံဘဝက လွတ်မြောက်ရေး၊ ဆုံးရ...
01/07/2025

"အာရက္ခပြည်လွတ်မြောက်ရေး မြေပြင်ခရီး "

လေးဝတီFM (အတွေးအမြင် ဆောင်းပါး)

ကျော်သာ ရေးသည်။

အဖိနှိပ်ခံဘဝက လွတ်မြောက်ရေး၊ ဆုံးရှုံးသွားတဲ့ အချုပ်အခြာအာဏာ ပြန်လည်ရရှိရေး၊ လွတ်လပ်တဲ့ တိုင်း ပြည်ပြန်လည် တည်ဆောက်ရေးအတွက် ချီတက်နေတဲ့ အရက္ခတပ်တော်ရဲ့ ကြမ်းတမ်းလှတဲ့ မိုင်တိုင် ခရီးဟာ ၁၅ နှစ်ကျော်ကြာလို့ လူပျိုပေါက်အရွယ်ရောက်ရှိလာပါပြီ။

AA ခေါင်းဆောင်တွေ လမ်းပြ၊ အာရက္ခလူထုတွေ မညီးမညူဘဲ ခေါင်းမာမာနဲ့ လိုက်ပါနေတဲ့ ရက္ခိတအိပ်မက် ခရီးရှည် (တနည်း) ရက္ခိတလမ်းစဉ်ဟာ စစ်ရေးအရ ဒီကနေ့ ၉၀ ရာခိုင်နှုန်း အထက် ခရီးပေါက်နေပြီလို့ ဆိုနိုင်ပါတယ်။

ဒီနေ့မှာတော့ အာရက္ခတိုင်းပြည်ကို ကာကွယ်တိုက်ထုတ်နေတဲ့ ‘ Defenders of Our Fatherland ’ အာရက္ခစစ် သည် တော်တွေဟာ သမိုင်းအချိုးတကွေ့မှာ လက်စွမ်းပြ တာဝန်ကျေနေပါပြီ။ အာရက္ခပြည်သူ့ တော်လှန်ရေး အစိုးရ အမည်ပေးပြီး ဒေသ ကို ထိန်းချုပ်ထားပါတယ်။

ဆိုတော့ ရက္ခိုင်ပြည်မှာ ကိုယ် ပိုင်အုပ်ချုပ်ရေး ယန္တယားဘယ်လို လည်ပတ်နေသလဲ။ ဘာတွေ အင်အားဖြင့်တင်းနေသလဲ။ AA ရဲ့ စစ်ရေး၊ အုပ်ချုပ်ရေးနဲ့ ဒီနေ့ အာရက္ခပြည် အ ကြောင်းကို ဆွေးနွေးသွားမှာပါ။

-တော်လှန်ရေး လက်တံ

AA ဟာ အိန္ဒိယနယ်စပ် ပလက်ဝကနေ ဘင်္ဂလားဒေ့ရှ်နယ်စပ်၊ ရက္ခိုင်ရိုးမအစွန် ဂွအထိ မြို့နယ် ၁၅ ခုအထိ ထိန်း ချုပ်ထားပါတယ်။
တနည်းအားဖြင့် ကုန်းမြေချင်းထိစပ်တဲ့ Rim Land ကုန်းတွင်း အနားသတ် နယ်မြေနဲ့ ကမ်းရိုး တန်းတလျှောက်ကို ပိုင်ဆိုင်ရရှိထားပြီး ဖြစ်ပါတယ်။ ကမ်းရိုးတန်းထဲက စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင် ၃ မြို့ သာ နေရာ ကွက်ကွက်လေးကျန်တော့ပါတယ်။

အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲစေရေးအတွက် နယ်မြေသိမ်းပြီးရင်တော့ ထိန်းနိုင်ဖို့ လိုပါတယ်။ သိမ်းထား ပြီးသား နယ်မြေတွေ ဖရိုဖရဲ၊ ကသောင်းကနင်းဖြစ်လို့ မရပါဘူး။ ဒီကနေ့အထိ AA ဟာ သိမ်းပြီးထားတဲ့ နယ်မြေရဲ့ တစ်လက်မကိုမျှ လက်လွှတ်ရတာ မရှိသေးပါဘူး။

အလားတူပဲ ရက္ခိုင်ပြည် မြို့တော် စစ်တွေနဲ့ ကျောက်ဖြူမြို့တွေမှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော်တို့ တိုက်ပွဲတွေနေ့စဉ် ပြင်း ထန်နေပါတယ်။
ဒီထက်ပိုပြီးတော့ AA ဟာ ဧရာဝတီ၊ ပဲခူး၊ မကွေးစတဲ့ ဗမာပြည်ရဲ့ အသည်း နှလုံး နယ်မြေထဲသို့ စစ်ရေးလက်တံ ဆန့်ပြီး ဗျူဟာမြောက် ထိုးစစ်တွေ ဖော်ဆောင်နေပါတယ်။

AA ဦးဆောင်မှုအောက်မှာ ပြည်မတော်လှန်ရေး အင် အားစုတွေဟာ မကွေးတိုင်း ငဖဲမြို့နယ်၊
ပဲခူးတိုင်း ပန်းတောင်းမြို့နယ်၊ ဧရာဝတီတိုင်း ရေကြည်၊ သာပေါင်း၊ ပုသိမ်၊ စတဲ့ မြို့နယ်တွေမှာ စစ်ကစားပြီး ရက္ခိုင်ရိုးမတောင်တန်းကို စိုးမိုးပါတယ်။ ဗမာပြည်ဖက်တိုက်ပွဲတွေဟာ ရက္ခိုင် ပြည်ကို စစ်ကောင်စီရဲ့ တန်ပြန်ထိုးစစ်မလာ
ဖို့ တားဆီးထားတယ်တာကို မြင်ရမှာပါ။

-တိုက် ရင်းတည်ဆောက်၊ တည်ဆောက်ရင်း တိုက်

AA ဟာ တိုက်ရင်းတည်ဆောက်တဲ့ ဗျူဟာနဲ့သွားနေပြီးတော့ ထိန်းချုပ်နယ်မြေတွေမှာ ဒေသဖွံ့ဖြိုးရေး၊ တရား ဉပဒေ စိုးမိုးရေးစတဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေကို ပေးနေပါတယ်။
အရင်တုန်းက စစ်ကောင်စီ ဖျက်စီးခဲ့တဲ တံတား တွေကို ပြန်ဆောက်တာ၊ အဝေးပြေးလမ်း၊ ဒေသတွင်းဆက်သွယ်ရေးလမ်းတွေ ပြန်ပြင်တာ မျိုးတွေ့ရပါတယ်။
သိမ်းထားတဲ့ မြို့ တစ်မြို့မှ လက်မလွှတ်ရအောင် လုံခြုံရေး အစီမံတွေနဲ့ ထိန်းချုပ်ထား နိုင်စွမ်းရှိနေပါတယ်။

လိုအပ်ချက်တွေဖြည့်စွက်ဖို့ ရက္ခိုင်ပညာတတ်အသိုင်းဝိုင်းကလည်း ဒီကနေ့ အာရက္ခပြည်တော် သို့ ပြန် လာတာကို မြင်ရပါတယ်။ ပြည်တွင်း ထဲက ရခိုင်လူငယ် အများအပြားဟာလည်း ဝင်ရောက်သွားကြပြီ ဖြစ်တယ်။
တချို့ကလည်း နိုင်ငံရပ်ခြားက နေ ရရာဝန်ကို ထမ်းနေကြပါတယ်။

ဒေသအုပ်ချုပ်ရေးအတွက် မူဝါဒရေးရာ ကျွမ်းကျင်သူတွေ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ သွင်းကုန် ပို့ကုန်လုပ်ငန်း အတွေ့အကြုံရှိသူတွေလည်း ပူးပေါင်းနေပါတယ်။

တဖက်မှာလည်း နည်းပညာပိုင်းကျွမ်းကျင်သူတွေ၊ သိပ္ပံနဲ့ အခြားပညာ လိုအပ်ချက်အတွက် ငွေကုန်ကြေးကျခံပြီး နိုင်ငံတကာကို စေလွှတ်ကာ အချိန်ယူ တည်ဆောက် ထားပါတယ်။

ဒေသတွင်းမှာ ASPPA လို့ခေါ်တဲ့ ဘက်စုံကျောင်းတွေ ဖွင့်လှစ်ပြီး လူငယ်မျိုးဆက်တွေကို မွေးထုတ်နေပါတယ်။
Arakan School of Public Policy and Administration (ASPPA) ဟာ အာရက္ခပြည်သူ့ရေးရာ မူဝါဒနဲ့ စီမံခန့်ခွဲ မှုအုပ်ချုပ်ရေးကျောင်းတော်ကြီးဖြစ်ပါတယ်။
အခုဆိုရင် ကျောင်းသား ထောင်နဲ့ချီ မွေးထုတ်ပေး ထားပါပြီးြဖစ်တယ်လို့လည်း သိရှိရပါတယ်။

အဲဒီသင်တန်းကျောင်းမှာ အခြေခံ စစ်ပညာကအစ၊ ဖက်ဒရယ်ရေးရာ၊ Academic Foundations၊ အင်္ဂလိပ်စာ ကွန်ပျူတာ၊ ပြည်သူ့ရေးရာ မူဝါဒ၊ စီမံအုပ်ချုပ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ဉပဒေ၊ ခေါင်းဆောင်မှုနဲ့ စီမံခန့် ခွဲမှုစတဲ့ ဘာသာရပ်တွေကို သက်ဆိုင်ရာအလိုက် နိုင်ငံတကာက တတ်သိပညာရှင်တွေ၊ အခြားပြည်မနဲ့ နိုင်ငံတကာက ပညာ ရှင်တွေ သင်ကြားပေးထားတာပါ။

ASPPA ကျောင်းဟာ ၂၀၂၂-၂၀၂၅ အထိ လေးနှစ်ကျော် ကြာမြင့်လာပြီး အာရက္ခပြည် အုပ်ချုပ်ရေး ယန္တယားမှာ လိုအပ်တဲ့ အရည်အချင်း ပြည့်ဝတဲ့ ဝန်ထမ်းကောင်းတွေ မွေးထုတ်ပေးနေတာဖြစ်ပါတယ်။

ဒါ့အပြင် အဆင့်မြင့် ရဲသင်တန်းကျောင်းတွေ ဖွင့်လှစ်ပြီးတော့ တရာဉပဒေ စိုးမိုးရေးကဏ္ဍမှာ အားဖြည့်နေပါတယ်။

တခါ အာရက္ခဒေသနေ လူမျိုးစု၊ မျိုးနွယ်စုရေးရာကော်မတီဖွဲ့ပြီး လူမှုအသိုက်အဝန်း သယဇာတကျဖို့ မြေပြင်မှာ ကွင်းဆင်း စည်းရုံးနေသလို ခမီ၊၊ မြို၊ သက်၊ မရမာ၊ ကမန်၊ သက္ကမ(ဒိုင်းနက်) အပါဝင် ချင်း၊ မွတ်ဆလင် ၊ ဟိန္ဒူ စတဲ့ အတူကွဲပြားမှု (Diversity ) နေထိုင်ခြင်းပုံစံ ကိုအလေးပေး တည်ဆောက်နေပါတယ် ။

ဒါတွေဟာ တိုင်းပြည်တည် ဆောက်ရေးလုပ်ငန်း (Nation Building Functions) တွေကို မဟာဗျူဟာ၊ နည်းဗျူ ဟာတွေနဲ့ ရေတို၊ ရေရှည်စီမံကိန်းတွေ စနစ်တကျ အကောင်အထည်ဖော်နေတာဖြစ်ပါတယ်။
တစ်နည်းအားဖြင့် အရက္ခပြည်သူ့ အစိုးရတစ်ရပ်ရဲ့ ကြန်အင်လက္ခဏာပြည့်စုံရေးအတွက် လုံးပန်းနေတာပါ။

ဒီလိုသွားမှ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေး၊ ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ နိုင်ငံခြားရေး၊ ငွေရေး ကြေးရေး၊ သယ်ယူပို့ဆောင်ရေး၊ ကာကွယ်ရေးစတဲ့ ကိုယ်ခံအားကို ကျစ်လစ်ခိုင်မာလာမှာ အာရက္ခပြည် ရေရှည် ခရီးကို လျှောက်လှမ်းနိုင်မှာပါ။

-အရက္ခဒေသ ဖြစ်တည်မှုနဲ့ အလားအလာ

အရက္ခပြည်ဟာ လူဦးရေ တည်ရှိမှုပုံသဏ္ဍာန် (Demography)ကို သုံးသပ်ကြည့်ကြပါစို့။

၂၀၁၄ သန်းခေါင် စာရင်းအရ လူဦးရေ သုံးသန်းကျော်နေရှိပါတယ်။ ဒါကြောင့် လူ့အရင်းအမြစ် (Human Resource) နဲ့ တိုင်းတာ ကြည့်ရင် မြန်မာနိုင်ငံထဲ က အခြားပြည်နယ်တိုင်းတွေထက် အနာဂတ် ဖွံ့ဖြိုးတိုးတက်မှု အလား အလာကောင်းတွေ ရှိနေတာပါ။

ကိုယ်ပိုင် စီမံအုပ်ချုပ်မှုနဲ့ ခေါင်းဆောင်ကောင်းတွေအောက်မှာ တဦး၊ တဖွဲ့ချင်းစီ ရဲ့ ကာယ၊ ဉာဏ စွမ်းအားနဲ့ ခရီးနှင်သွားရင် တရိပ်ရိပ်တိုးတက်လာမှာ သေချာပါတယ်။

စစ်မက်ဇုန်ထဲကို ဖြတ်သန်းနေရတဲ့ ဒီကာလမှာတောင် အာရက္ခပြည်သူတွေဟာ ဆင်းရဲကျပ်တည်းမှုဒဏ်ကို တောင့်ခံ နိုင်စွမ်းရှိနေကြပါတယ်။

၂၀၂၃ နှစ်ကုန် တိုက်ပွဲအစက ဗမာပြည်အာဏာပိုင်တွေက လေးဘက်လေး တန်က ပိတ်ဆို့ခဲ့တဲ့ ကြားကနေရတဲ့ နည်းနဲ့ ကုန်သွယ်ခဲ့တာကြောင့် တဟုန်ထိုးမြင့်တက်ခဲ့တဲ့ ကုန်ဈေးနှုန်းတွေဟာ အတိုင်းတာ တခုထိ အကျဘက်ကို ရောက်လာပါတယ်။

စစ်ကောင်စီ ထိမ်းချုပ်ထားတဲ့ စစ်တွေ ၊ ကျောက်ဖြူ တို့နဲ့ စာရင် စက်သုံးဆီဈေးက အစ ထက်ဝက်လောက်ကို သက်သာနေပါတယ်။

တည်နေရာအနေအထား (Location) ဟာလည်း နိုင်ငံတနိုင်ငံရဲ့ ဆင်းရဲ၊ ချမ်းသာစတဲ့ နိုင်ငံရေးကံကြမ္မာ အပေါ် များစွာ သက်ရောက်မှုရှိပါတယ်။ နိုင်ငံတခုရဲ့ တည်နေရာ အမျိုးအစားကို ကုန်းတွင်းပိတ် (Land Lock)၊ ကမ်းရိုး တန်း (Open)နဲ့ ကျွန်းနိုင်ငံ (Island) ဆိုပြီး သုံးမျိုးခွဲခြားကြပါတယ်။

ဒါဆို အာရက္ခပြည်ဟာ ရှည်လျားတဲ့ ဘင်္ဂလားပင်လယ်အော်နဲ့ ရခိုင်ကမ်းရိုးတန်းကို ပိုင်ဆိုင်ထားတာကြောင့် နိုင်ငံ တကာအဆင့်မီ ဆိပ်ကမ်းပေါင်းများစွာ တည်ဆောက်နိုင်ဖို့ (Sea Power) အားသာချက်ရှိပါတယ်။ ပြီးတော့ အင်ဒိုချိုင်းနားကျွန်းဆွယ်နဲ့ ပစိဖိတ်၊ အန္ဒိယ သမုဒ္ဒရာအထိ ခရီးဆန့်နိုင်တဲ့ မဟာဗျူဟာ မြောက်အနေအထားပါ။

ဒါကြောင့် မကြာခင် ကာလတစ်ခုမှာ ကျွမ်းကျင်လုပ်သားအင်အား၊ တတ်သိပညာရှင် လူ့အရင်းအမြစ်နဲ့ အရည် အချင်းတွေ ပေါင်းစည်းပြီး ခေါင်းဆောင်ကောင်းတွေ စီမံခန့်ခွဲအုပ်ချုပ်နိုင်ရင် လွတ်လပ်တဲ့ သီးခြားနယ်မြေအဖြစ် ရင်ကော့ ခေါင်းမော့နိုင်မှာ မလွဲပါဘူး။

ဒါ့အပြင် လူဦးရေများပြားတဲ့ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်တို့ နိုင်ငံတွေနဲ့လည်း နယ်နိမိတ်ချင်း ထိစပ်နေတာကြောင့် ကုန်သွယ်ရေးအကျိုးအမြတ်တွေ ရှိလာနိုင်ပါတယ်။
ကဏ္ဍပေါင်းစုံက လူ့စွမ်းအားအရင်းအမြစ်တွေ အချိန်တို အ တွင်း ကြိုးစားပျိုးထောင်ပြီး ခိုင်မာတဲ့ လူ့အဖွဲ့အစည်းအဖြစ် ပြောင်းလဲနိုင်ရင်တော့ အိမ်နီးချင်း နိုင်ငံတွေနဲ့ ဆက်ဆံရေး ပြေပြစ်လာမှာမှာ သေချာပါတယ်။

ဉပမာ ဂျပန်၊ ဗီယက်နမ်၊ အစ္စရေးနိုင်ငံတို့ဟာ စစ်ပွဲကာအပြီးမှာ ကျွမ်းကျင်လုပ်သားနဲ့ လူ့စွမ်းအားအရင်း အမြစ် တွေကို အပြင်းအထန် ကြိုးစားတည်ဆောက်ခဲ့တာကြောင့် ကမ္ဘာ ထိပ်တန်း နိုင်ငံထဲမှာ ရှိလာပါတယ်။

-အာရက္ခ ပြည်တော်သစ်ဆီ

ဒီနေ့ အာရက္ခပြည်ရဲ့ ကျန်းမာရေး၊ ပညာရေး အပါဝင် ဌာနဆိုင်ရာတွေမှာ ရက္ခိုင်ဝန်ထမ်း တွေဟာ ပုံမှန်အတိုင်း နေရာယူ အလုပ်လုပ်နေကြပါပြီ။ စည်ပင်၊ မီးသတ်၊ အခွန်၊ လဝက စတဲ့ အရင်က ရက္ခိုင်လူမျိုး ဌာနဆိုင်ရာ ဝန် ထမ်းတွေ အာရက္ခပြည်သူ့ တော်လှန်ရေး အစိုးရနဲ့ ပူးပေါင်းပြီး ပြည်တော်သစ် ခရီးကို စတင် မောင်းနှင်နေကြ တာဖြစ်ပါတယ်။

ဒါကြောင့် ဒီနေ့ အာရက္ခပြည်ရဲ့ ဌာဆိုင်ရာရုံးတွေမှာ လုံလောက်တဲ့ ဝန်ထမ်း အင်အား လူဦးရေ လိုအပ်ချက် ရှိနေပေမဲ့လည်း အထိုက်အလျှောက်နဲ့ ခရီးနှင်နေပြီလို့ ပြောနိုင်ပါတယ်။
နယ်ပယ်ကဏ္ဍအလိုက် တတ်သိ ပညာရှင်တွေကို ဖိတ်ခေါ်နေပါတယ်။

လက်ရှိမှာလည်း အာရက္ခ မျိုးဆက်သစ် ခြေတက်လက်တက်တွေနဲ့ အုပ်ချုပ်ရေးယန္တယား ပုံမှန်လည် ပတ်နေပြီး ထိန်းချုပ် နယ်မြေတခုလုံးကို ကဏ္ဍအလိုက် စီမံခန့်ခွဲနေပါတယ်။

သူ့ဂုဏ်ပိုဒ်နဲ့သူ ကိုယ့်မြေပြင်မှာ အားလုံး ပြင် ဆင်ပြီး သွားနေတာပါ။ ဝန်ကြီးဌာန၊ ဦးစီးဌာနဆိုင်ရာတွေကို အကြောင်းအမျိုးမျိုးကြောင့် တရားဝင် ချမပြ သေး တာကလွဲလို့ မြေပြင်မှာ အားလုံးလုပ်နေ၊ ရှိနေပါပြီ။

တခါ ကာကွယ်ရေး ကဏ္ဍမှာလည်း အရာရှိ လေ့ကျင့်ရေး သင်တန်းအမှတ်စဉ် (၄ ) အထိ ပြီးပါပြီ။
ဒါတွေဟာ အနာဂတ် အာရက္ခတပ်တော်ကို ဦးစီးဦးဆောင်ပြုဖို့ လက်ရုံးရည်၊ နှလုံးရည်ပြည့်ဝတဲ့ စစ်ဘက်ခေါင်းဆောင်တွေ မွေးမြူနေတာပါ။

ဒီကနေ့ သီးခြား ကိုယ်ပိုင်အုပ်ချုပ်ရေး ရည်ရွယ်ချက်နဲ့ ချီတက်နေတဲ့ AA ဟာ မြန်မာနိုင်ငံမှာ အင်အားအကြီး မားဆုံး EAO အဖွဲ့အစည်းအဖြစ် မဟာမိတ်ဒေသတွေမှာလည်း တပ်သားထောင် နှင့် ချီ ဖြန့်ကျက်ထားပါတယ်။

ဆုံးရှုံးသွားတဲ့ ရက္ခိုင့်အချုပ်အခြာအာဏာ ပြန်လည်ရရှိဖို့အတွက် အထက်ဈေးအောက်ဈေး အလျော့အ တင်းမရှိဘူးလို့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က အသိပေးထားပါတယ်။
ဒါပေမဲ့ စစ်ရေး၊ နိုင်ငံရေးကို အပြောင်း အလဲ လုပ်ပြီး Strategy (ဗျူဟာ) ပြောင်းကစားနေတာကိုတော့ မြင်ရပါတယ်။

လွတ်လပ်ရေး ကြေညာနိုင်မလား

ဒါ့အပြင် ကွန်ဖက်ဒရေးရှင်း ထက်မနိမ့်တဲ့ နိုင်ငံရေး မိုဒယ်လ်ကို AA ခေါင်းဆောင်တွေ သဘောကျပြီး လွတ်လပ် စွာ ကိုယ်ပိုင်အုပ်ချုပ်နေတဲ့ ‘ဝ’ ပြည်ကိုလည်း ဉပမာပေး ချပြလေ့ရှိပါတယ်။

ကွန်ဖက်ဒရေးရှင်းမှာလည်း ပုံစံ အမျိုးမျိုး ရှိပြီး လုပ်ပိုင်ခွင့် အမျိုးမျိုးကွဲပြားနိုင်ပါတယ်။

ဆိုလိုတာက နိုင်ငံခြား ဆက်ဆံရေး၊ ငွေရေးကြေးရေး၊ ကုန်သွယ်ရေးစတဲ့ ကဏ္ဍမှာ အင်အားကြီး အိမ်နီးချင်းနိုင်ငံ တွေနဲ့ ပူးပေါင်းပြီး လွတ်လပ်စွာ ဒီဇိုင်းထွင်ပြီးသွားမယ့် သဘောလည်း ဖြစ်နိုင်ပါတယ်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံ့မှု တွေကို ဖိတ်ခေါ်ပြီး ဒေသဖွံ့ဖြိုးရေးအတွက် အကျိုးတူပူးပေါင်း မယ်လို့ ကြေညာထားတာဟာ လွတ်လပ်စွာ စီမံ ခန့်ခွဲမှုကို လက်တွေ့ကျင့်သုံးမယ့် သဘော ဖြစ်ပါတယ်။

ဒါ့ကြောင့် ရက္ခိုင့်တော်လှန်ရေးရဲ့ နိဂုံးဟာ သီးခြားလွတ်လပ်တဲ့ နိုင်ငံဖြစ်လာတော့မလား။
ကွန်ဖက်ဒရိတ် ပြည် အဖြစ် အဆုံးသတ်မလားဆိုတာ စိတ်ဝင်စားစရာပါ။

တကယ်လို့ စစ်တွေ၊ ကျောက်ဖြူတို့ကို သိမ်းပြီးသွားရင် အာရက္ခပြည်တော် သစ်အဖြစ် လွတ်လပ်ရေးကြေညာဖို့ လမ်းဆုံလမ်းခွတနေရာကို ရောက်လာပါပြီ။

တည်ဆောက်ရေး အပိုင်းမှာ ခိုင်မာတဲ့ အုတ်မြစ်ချပြီးသားဖြစ်နေတဲ့ အာရက္ခတော်လှန်ရေအစိုးရ ဟာ ဘာဖြစ်ဖြစ် လုပ်စရာရှိတာကို တဆင့်ချင်း လုပ်နေ ပြီး စိန်ခေါ်မှုတွေကို ကြိုတင်ပြင်ဆင်ထား ပြီးသားလို့ ပြောပါရစေ။

ဒါကြောင့် အုပ်ချုပ်ရေး ယန္တယား၊ ကာကွယ်ရေးစတဲ့ အခြေခံလိုအပ်ချက်တွေကို ကိုယ်ပိုင်နယ်မြေမှာ အရောင် အသွေးစုံလင်စွာနဲ့ ဘက်ပေါင်းစုံက စီမံထားတဲ့ အာရက္ခပြည်တော်သစ်တည်ဆောက်ရေးကို စောင့်ကြည့်ရဦး မှာ ဖြစ် ကြောင်းပါ ခင်ဗျား။

လေးဝတီ FM

အင်္ဂပူမြို့နယ်အတွင်းရှိ ကျေးရွာအချို့ကို AA နှင့်ပူးပေါင်းတပ်ဖွဲ့များ သိမ်းပိုက်ဧရာဝတီတိုင်းမ်ဇွန် ၃၀ ရက်ဧရာဝတီတိုင်း၊ ...
30/06/2025

အင်္ဂပူမြို့နယ်အတွင်းရှိ ကျေးရွာအချို့ကို AA နှင့်ပူးပေါင်းတပ်ဖွဲ့များ သိမ်းပိုက်

ဧရာဝတီတိုင်းမ်
ဇွန် ၃၀ ရက်

ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်ရှိ ဘယ်ပြားကုန်းနှင့် စာစီကုန်းကျေးရွာများမှ စစ်ကောင်စီစခန်းများကို အာရက္ခတပ်တော် (AA ) နှင့် ပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်လိုက်ကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့များ တပ်စွဲနေသည့် ဘယ်ပြားကုန်းနှင့် စာစီကုန်းကျေးရွာများမှ စခန်းတို့ကို ယမန်နေ့ ဇွန် ၂၉ ရက် ညနေပိုင်းတွင် AA နှင့်ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်လိုက်ပြီး လက်နက်ခဲယမ်း အများအပြား ရရှိကြောင်း သိရသည်။

"နယ်မြေရှင်းလင်းပြီးမှ စကစ(စစ်ကောင်စီ)အလောင်းတွေ အစုလိုက်အပုံလိုက် တွေ့ရပါတယ်။ လက်နက်တွေလည်း အများကြီး ရလိုက်ပါတယ်"ဟု စစ်ရေးသတင်းရင်း မြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားနေသည့် အဆိုပါကျေးရွာများကို ယမန်နေ့နံနက်ပိုင်းတွင် လေကြောင်း မှ ခုခံတိုက်ခိုက်ခဲ့ပြီး ညနေပိုင်းတွင် တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်နိုင်ခဲ့ ခြင်းဖြစ်သည်။

စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် စာစီကုန်းရွာမှ နေအိမ် ထက်ဝက်ခန့် မီးလောင်ပျက်စီးသွားကြောင်း သိရသည်။

ယမန်နေ့ နံနက်ပိုင်းတွင် ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းတပ်နယ်ထဲမှ စစ်သုံးထရပ်ကား နှစ်စီးအပြည့် လက်နက်ငယ် ကျည်ဆံသေတ္တာများကို ပုသိမ်-မုံရွာ လမ်းအတိုင်း ဧရာဝတီတိုင်းဘက်သို့ ထွက်ခွာခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ကျောက်ဖူးအခြေစိုက် အမှတ်(၉)ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၉) မှ လက်နက်ငယ်ကျည်ဆံများကို ကွင်းကောက်၊ အင်္ဂပူဘက်သို့ သွား ရောက်ပေးဝေခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။

ပုံစာ-ရခိုင်ပြည်နယ်အစပ် ဧရာ၀တီတိုင်းတွင်တွေ့ရသည့် AA တပ်ဖွဲ့ဝင်များ (ပုံဟောင်း)

#ဧရာဝတီတိုင်း #အင်္ဂပူ #စာစီကုန်း #ဘယ်ပြားကုန်း #ပူးပေါင်းတပ်သိမ်းပိုက်

‎ကျောက်ဖြူမြို့ အမှတ် ၃၂ ရဲတပ်ရင်းအနီး စစ်ကောင်စီနှင့် အေအေတို့ တိုက်ပွဲပြင်းထန်ဖြစ်ပွား‎‎AB News - ဇွန် ၃၀ ၊ ၂၀၂၅‎ချန်ဒ...
30/06/2025

‎ကျောက်ဖြူမြို့ အမှတ် ၃၂ ရဲတပ်ရင်းအနီး စစ်ကောင်စီနှင့် အေအေတို့ တိုက်ပွဲပြင်းထန်ဖြစ်ပွား

‎AB News - ဇွန် ၃၀ ၊ ၂၀၂၅
‎ချန်ဒြာ

‎ရက္ခိုင်ပြည် ၊ ကျောက်ဖြူမြို့နယ် ၊ ဂုံးချွိန်တိုက်နယ်ရှိ အမှတ် ၃၂ ရဲတပ်ရင်းအနီး အကြမ်းဖက် စစ်ကောင်စီနှင့် အာရက္ခတပ်တော် AA တို့ကြား တိုက်ပွဲပြင်းထန်ဖြစ်ပွားနေကြောင်း သိရှိရသည်။

‎စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ”ကျောက်ဖြူတိုက်ပွဲကတေ့ာရဲစခန်းအနီးမှာ တိုက်ပွဲဖြစ်နေတယ်လို့ သိရတယ်။ စစ်ကောင်စီကလဲ့လေကြောင်း ၊ ရေကြောင်း ပစ်ကူတွေကို အသုံးပြုပြီး အပြင်းအထန်ခုခံနေတယ်” ဟု AB News သို့ ပြောသည်။

‎ကျောက်ဖြူ အမှတ် ၃၂ ရဲတပ်ရင်းအနီး တိုက်ပွဲပြင်းထန်နေသည့်အတွက် အကြမ်းဖက် စစ်ကောင်စီက ဒရုန်းအပါအဝင် လေကြောင်းတိုက်ခိုက်မှုများနှင့် နေဗီမှ လက်နက်ကြီးပစ်ခတ်တိုက်ခတ်မှုများကို အပြင်းအထန် ပြုလုပ်နေကြောင်း သိရှိရသည်။

‎ထို့အပြင် ကျောက်ဖြူမြို့နယ် ပြိုင်းစေ့ကေ ကျေးရွာတွင်လည်း အကြမ်းဖက် စစ်ကောင်စီနှင့် အာရက္ခတပ်တော် AA တို့ကြား နှစ်ဖက် တိုက်ပွဲပြင်းထန်ဖြစ်ပွားလျှက်ရှိနေကြောင်း သိရှိရသည်။

Address


Website

Alerts

Be the first to know and let us send you an email when ChitthuSky-All News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your business to be the top-listed Media Company?

Share