Myanmar Labour TV

  • Home
  • Myanmar Labour TV

Myanmar Labour TV အလုပ်သမားရေးရာကိစ္စရပ်များ နှင့်
အ?

ထိုင်းတောင်ပိုင်း ကရာဘီတွင် CI စာအုပ် ထုတ်ပေးမည့် Mobile Unit တစ်ခု ဖွင့်လှစ်မည်။ (ရုပ်သံသတင်း)အောက်တိုဘာ ၈၊ ၂၀၂၅။
08/10/2025

ထိုင်းတောင်ပိုင်း ကရာဘီတွင် CI စာအုပ် ထုတ်ပေးမည့် Mobile Unit တစ်ခု ဖွင့်လှစ်မည်။
(ရုပ်သံသတင်း)
အောက်တိုဘာ ၈၊ ၂၀၂၅။

ထိုင်းတောင်ပိုင်း ကရာဘီတွင် CI စာအုပ် ထုတ်ပေးမည့် Mobile Unit တစ်ခု ဖွင့်လှစ်မည်။ (ရုပ်သံသတင်း)အောက်တိုဘာ ၈၊၂၀၂၅။ ...

ပဲခူး-ရန်ကုန် ယာဉ်လိုင်းမှ ယာဉ်အချို့ သတ်မှတ်ဈေးထက် ယာဉ်စီးခ ပိုမိုကောက်ယူသဖြင့် ခရီးသွားပြည်သူများ အခက်တွေ့ (ရုပ်သံသတင်...
07/10/2025

ပဲခူး-ရန်ကုန် ယာဉ်လိုင်းမှ ယာဉ်အချို့ သတ်မှတ်ဈေးထက် ယာဉ်စီးခ ပိုမိုကောက်ယူသဖြင့် ခရီးသွားပြည်သူများ အခက်တွေ့
(ရုပ်သံသတင်း)
အောက်တိုဘာ ၇၊၂၀၂၅

ပဲခူး-ရန်ကုန် ယာဉ်လိုင်းမှ ယာဉ်အချို့ သတ်မှတ်ဈေးထက် ယာဉ်စီးခ ပိုမိုကောက်ယူသဖြင့် ခရီးသွားပြည်သူများ အခက်တ....

ရွှေပေါက်ကံစက်မှုဇုန်မှ HYUN TEX အထည်ချုပ်ရုံသစ်တွင် ညအချိန်ပို အတင်းအကျပ် ခိုင်းစေ အောက်တိုဘာ ၇၊ ၂၀၂၅ https://youtu.be/...
07/10/2025

ရွှေပေါက်ကံစက်မှုဇုန်မှ HYUN TEX အထည်ချုပ်ရုံသစ်တွင် ညအချိန်ပို အတင်းအကျပ် ခိုင်းစေ
အောက်တိုဘာ ၇၊ ၂၀၂၅
https://youtu.be/IXi8QArs3u8

ရွှေပေါက်ကံစက်မှုဇုန်မှ HYUN TEX အထည်ချုပ်ရုံသစ်တွင် ညအချိန်ပို အတင်းအကျပ် ခိုင်းစေ(ရုပ်သံသတင်း)အောက်တိုဘာ ၇၊၂.....

Wan Xin" စက်ရုံပိတ်သိမ်းပါက ဥပဒေအတိုင်း လျှော်ကြေးပေးဖို့ အလုပ်သမားတွေတောင်းဆို ( ရုပ်သံသတင်း)အောက်တိုဘာ ၆၊ ၂၀၂၅။
06/10/2025

Wan Xin" စက်ရုံပိတ်သိမ်းပါက ဥပဒေအတိုင်း လျှော်ကြေးပေးဖို့ အလုပ်သမားတွေတောင်းဆို ( ရုပ်သံသတင်း)
အောက်တိုဘာ ၆၊ ၂၀၂၅။

Wan Xin" စက်ရုံပိတ်သိမ်းပါက ဥပဒေအတိုင်း လျှော်ကြေးပေးဖို့ အလုပ်သမားတွေတောင်းဆို အောက်တိုဘာ ၆၊ ၂၀၂၅ ရန်ကုန်တိုင.....

ပြည်တွင်းရှိ လူငယ် ၄ သန်းနီးပါး အလုပ်လက်မဲ့ဖြစ်နေဟု UNDP ထုတ်ပြန် (ရုပ်သံသတင်း)အောက်တိုဘာ ၃၊ ၂၀၂၅
04/10/2025

ပြည်တွင်းရှိ လူငယ် ၄ သန်းနီးပါး အလုပ်လက်မဲ့ဖြစ်နေဟု UNDP ထုတ်ပြန်
(ရုပ်သံသတင်း)
အောက်တိုဘာ ၃၊ ၂၀၂၅

ပြည်တွင်းရှိ လူငယ် ၄ သန်းနီးပါး အလုပ်လက်မဲ့ဖြစ်နေဟု UNDP ထုတ်ပြန် (ရုပ်သံသတင်း)အောက်တိုဘာ ၃၊ ၂၀၂၅

မြန်မာဆောက်လုပ်ရေးလုပ်သား၂၁ ဦးအား လုပ်ခ ၁ နှစ်ကျော်ကြာ မရှင်းပေးလို့ တိုင်ကြား အောက်တိုဘာ ၃၊ ၂၀၂၅
03/10/2025

မြန်မာဆောက်လုပ်ရေးလုပ်သား၂၁ ဦးအား လုပ်ခ ၁ နှစ်ကျော်ကြာ မရှင်းပေးလို့ တိုင်ကြား
အောက်တိုဘာ ၃၊ ၂၀၂၅


မြန်မာဆောက်လုပ်ရေးလုပ်သား၂၁ ဦးအား လုပ်ခ ၁ နှစ်ကျော်ကြာ မရှင်းပေးလို့ တိုင်ကြား အောက်တိုဘာ ၃၊ ၂၀၂၅ ...

စက်တင်ဘာလအတွင်း မလေးရှားရောက်မြန်မာ ၅၀၀ ကျော်ဖမ်းဆီးခံရ (ရုပ်သံသတင်း)အောက်တိုဘာ ၃၊ ၂၀၂၅
03/10/2025

စက်တင်ဘာလအတွင်း မလေးရှားရောက်မြန်မာ ၅၀၀ ကျော်ဖမ်းဆီးခံရ
(ရုပ်သံသတင်း)
အောက်တိုဘာ ၃၊ ၂၀၂၅

မဲခလောင်မြစ် အတွင်း လေးနာရီကြာမျောပါနေတဲ့  ထိုင်းအမျိုးသမီးကို မြန်မာလုပ်သားတစ်ဦးကယ်တင် (ရုပ်သံသတင်း)အောက်တိုဘာ ၂၊ ၂၀၂၅ ...
02/10/2025

မဲခလောင်မြစ် အတွင်း လေးနာရီကြာမျောပါနေတဲ့ ထိုင်းအမျိုးသမီးကို မြန်မာလုပ်သားတစ်ဦးကယ်တင်
(ရုပ်သံသတင်း)
အောက်တိုဘာ ၂၊ ၂၀၂၅


ILO လမ်းကြောင်းကနေ စစ်အုပ်စုကို  အရေးယူရန် ကြိုးပမ်းမှုအပေါ် မေးမြန်းချက်မတ် ၂၃၊ ၂၀၂၅ #အင်တာဗျူးအာဏာသိမ်း စစ်ကောင်စီတပ်ရ...
23/03/2025

ILO လမ်းကြောင်းကနေ စစ်အုပ်စုကို အရေးယူရန် ကြိုးပမ်းမှုအပေါ် မေးမြန်းချက်

မတ် ၂၃၊ ၂၀၂၅
#အင်တာဗျူး

အာဏာသိမ်း စစ်ကောင်စီတပ်ရဲ့ အရပ်သားပြည်သူတွေ အပေါ် အဓမ္မ စစ်မှုထမ်း ရန် ခိုင်းစေကျူးလွန်မှုတွေ၊ လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့်နဲ့ အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေ စတဲ့ ကျူးလွန်မှုတွေအတွက် လူ့အခွင့်အရေးနဲ့ တရားမျှတမှုအတွက် တရားစီရင်နိုင်ရေး၊ အလုပ်သမားအစုအဖွဲ့တွေရဲ့ ကြိုးပမ်းမှုနဲ့ ပတ်သက်လို့ ILO အမှုဆောင်အဖွဲ့ ဒုတိယ အလုပ်သမားကိုယ်စားလှယ်၊ မြန်မာနိုင်ငံလုံးဆိုင်အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်ရဲ့ လက်ထောက်အထွေထွေအတွင်းရေးမှူး ဒေါ်ဖြိုးစန္ဒာစိုးကို Myanmar Labour News ရဲ့ အယ်ဒီတာချုပ် ဆုလာဘ်ဖြူ က မေးမြန်းထားတာဖြစ်ပါတယ်။



ILO လမ်းကြောင်းကနေ စစ်အုပ်စုကို အရေးယူမယ့်အရေး မေးမြန်းချက်။မတ်လ ၂၃၊ ၂၀၂၅။ #အင်တာဗျူးအာဏာသိမ်း စစ်ကောင်စီတပ်...

မြန်မာ့အရေးနဲ့ ပတ်သက်လို့ အိုင်အယ်အို အစည်းအဝေးမှာ ဘယ်အချက်တွေ ဆုံးဖြတ်ခဲ့သလဲ။ မတ် ၂၁ ၊ ၂၀၂၅အပြည်ပြည်ဆိုင်ရာအလုပ်သမားရေး...
21/03/2025

မြန်မာ့အရေးနဲ့ ပတ်သက်လို့ အိုင်အယ်အို အစည်းအဝေးမှာ ဘယ်အချက်တွေ ဆုံးဖြတ်ခဲ့သလဲ။

မတ် ၂၁ ၊ ၂၀၂၅

အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (ILO) ရဲ့ (၃၅၃) ကြိမ်မြောက် အုပ်ချုပ်ရေးအဖွဲ့ (Governing Body - GB) အစည်းအဝေးကို ၂၀၂၅ ခုနှစ်၊ မတ်လ (၁၀) ရက်နေ့မှ (၂၀) ရက်နေ့အထိ ဆွစ်ဇာလန် နိုင်ငံ၊ ဂျီနီဗာမြို့မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

အဲ့ဒီအစည်းအဝေးမှာ မြန်မာ့အရေးနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက် တွေလည်းထွက်ပေါ်လာခဲ့ပြီး မြန်မာနိုင်ငံက အလုပ်သမားတပ်ပေါင်းစုအနေနဲ့လည်း ဆုံးဖြတ်ချက် တွေအပေါ် ထောက်ခံကြိုဆိုတယ်လို့ ထုတ်ပြန်ပါတယ်။

အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ ILO ရဲ့ အုပ်ချုပ်ရေးအဖွဲ့အနေနဲ့ အဖွဲ့ဝင်တွေကို ( အလုပ်ရှင် ၊ အလုပ်သမား၊ အစိုးရ) အမျိုးသားအဆင့် ဒေသဆိုင်ရာအဆင့် အပြည်ပြည််ဆိုင်ရာအဆင့် တွေမှာ မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ အခြေအနေတွေ ချိုးဖောက်မှုတွေကို ပြုပြင်ပြောင်းလဲလာအောင်လုပ်ဖို့အတွက် ဆွေးနွေးပြီးတော့ ဗျူဟာကို ဖော်ထုတ်ဖို့ ဆိုတဲ့ဟာ အကြံပြုတယ်လို့ ITUC ကိုယ်စားလှယ်အနေနဲ့ ညီလာခံတက်ရောက်ခဲ့တဲ့ ဒေါ်ခိုင်ဇာအောင်ကပြောပါတယ်။

နိုင်ငံအလိုက်အစိုးရ အလုပ်ရှင် အလုပ်သမားတွေက မြန်မာနိုင်ငံမှာ ရှိတဲ့ ပြည်သူတွေနဲ့ လူမှုအဖွဲ့အစည်းတွေကို ကူညီ အထောက်အပံ့ပေးဖို့ အဆိုပြုချက်လည်းပါဝင်ပြီး
မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ ချိုးဖောက်မှုတွေကို ထိထိရောက်ရောက် မြန်မြန််ဆန်ဆန် လွတ်လွတ်လပ်လပ် အစီရင်ခံတင်ပြနိုင်မယ့် နေရာတခုကို ဖန်တီးပေးဖို့ စတဲ့အချက်တွေပါဝင်ပါတယ်။

"အဖွဲ့ဝင် နိုင်ငံတွေအနေနဲ့ သူတို့နဲ့ မြန်မာနိုင်ငံအနေနဲ့ဆက်ဆံဆောင်ရွက်နေမှု တွေကို ပြန်ပြီးတော့သုံးသပ်ပါဆိုတဲ့အချက်တခုလည်းပါပါတယ်။ ဘာကိုသုံးသပ်ရမှာလဲဆိုတော့ အစိုးရဖြစ်စေ အလုပ်ရှင်ဖြစ်စေ အလုပ်သမားသမဂ္ဂအဖွဲ့ဝင်တွေဖြစ်စေ စစ်တပ်နဲ့ ( မြန်မာ) နဲ့ ပူးပေါင်းဆောင်ရွက်နေမှုတွေသည် ဘယ်လိုဆက်ဆံဆောင်ရွက်မှုတွေပဲဖြစ်ဖြစ် ဒါတွေသည် မြန်မာနိုင်ငံမှာဖြစ်နေတဲ့အကြမ်းဖက်မှုတွေ သတ်ဖြတ်မှုတွေ ခြိမ်းခြောက်မှုတွေ အလုပ်ရှင် အလုပ်သမားတွေရဲ့အခွင့်အရေးတွေကို အကောင်အထည်ဖော်လို့မရအောင် တားဆီးတဲ့ကိစ္စ ၊ စစ်တပ်ကို လက်နက်တွေ ပံ့ပိုးရာ ရောက်တဲ့ ဆက်ဆံရေးတွေ ကို ပြန်ပြီး ရီဗျူးလုပ်ပါပေါ့နော်။ ဆိုတဲ့အချက်ပါပါတယ်။ အဲ့လို လုပ်တဲ့အခါမှာလည်း ပံ့ပိုးနေတယ်လို့ တွေ့ရှိရမယ်ဆိုရင် မည်သည့်ပံ့ပိုးမှု မည်သည့်ဆက်ဆံရေးကိုမဆို ရပ်တန့်ဖို့ ဆိုတာတွေ လုပ်ဖို့ ပါပါတယ်" လို့ CTUM ဗဟိုအလုပ် အမှုဆောင်ကော်မတီဝင် ဒေါ်ခိုင်ဇာအောင်ကပြောပါတယ်။

လာမယ့် ၂၀၂၅ ခုနှစ်၊ ဇွန်လမှာ ကျင်းပမယ့် (၁၁၃) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာညီလာခံ (International Labour Conference – ILC) မှာလည်း အကြမ်းဖက်စစ်အုပ်စုရဲ့ ချိုးဖောက်မှုတွေကို ဆက်လက် အစီရင်ခံတင်ပြနိုင်ရေးနဲ့ ILO ညီလာခံမှာ မြန်မာစစ်တပ်ကို အရေးယူမယ့် ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ရေး ဆက်လက်တောင်းဆိုသွားမယ်လို့ မြန်မာနိုင်ငံအလုပ်သမားတပ်ပေါင်းစုကထုတ်ပြန်ထားပါတယ်။

ILO ရဲ့ (၃၅၃) ကြိမ်မြောက် အုပ်ချုပ်ရေးအဖွဲ့ (GB) အစည်းအဝေးကို မြန်မာနိုင်ငံအလုပ်သမားတပ်ပေါင်းစု (MLA) အဖွဲ့ဝင်အဖွဲ့အစည်းတစ်ခု ဖြစ်တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် (CTUM) လက်ထောက်အထွေထွေအတွင်းရေးမှူး ဒေါ်ဖြိုးစန္ဒာစိုးက အလုပ်သမားအုပ်စု (Workers’ Group) ကိုယ်စားလှယ်အဖြစ် အုပ်ချုပ်ရေးအဖွဲ့ (GB) အစည်းအဝေးမှာ ပါဝင်ခဲ့ပြီး CTUM ဗဟိုအလုပ် အမှုဆောင်ကော်မတီဝင် ဒေါ်ခိုင်ဇာအောင်ကလည်း ITUC ကိုယ်စားလှယ်အဖွဲ့အနေနဲ့ CTUM အား ကိုယ်စားပြုပြီး ILO အုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးမှာ ပါဝင်တက်ရောက်ခဲ့တာဖြစ်ပါတယ်။


မြန်မာ့အရေးနဲ့ ပတ်သက်လို့ အိုင်အယ်အို အစည်းအဝေးမှာ ဘယ်အချက်တွေ ဆုံးဖြတ်ခဲ့သလဲ။ မတ် ၂၁ ၊ ၂၀၂၅အပြည်ပြည်ဆိုင်...

Address


Alerts

Be the first to know and let us send you an email when Myanmar Labour TV posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Myanmar Labour TV:

  • Want your business to be the top-listed Media Company?

Share

Myanmar Labour News Digital Media

ကိုလိုနီခေတ်မှ လွတ်လပ်ရေးရပြီး ယနေ့အချိန်ထိ အလုပ်သမားထု၏ အရေးပါမှု နှင့်၎င်းတို့၏ လှုပ်ရှားမှု သမိုင်းများ ခေတ်အဆက်ဆက် တောင်းဆိုတိုက်ပွဲဝင်နေရမှု များကို တွေ့မြင်ရပါသည်။ ယခုကဲ့သို့ တောင်းဆိုတိုက်ပွဲဝင်နေကြခြင်းသည် အလုပ်သမားများ ရှင်သန်ရေးအတွက် သက်ဆိုင်ရာ အစိုးရက လုပ်ဆောင်ပေးရမည့် တာဝန်၊ဝတ္တရားတွေကို အကောင်အထည်ဖော် ဆောင်ရွက်ပေးဖို့ တောင်းဆိုရခြင်းဖြစ်ပါသည်။ ယင်းကဲ့သို့တောင်းဆိုရခြင်းသည်ပင် အလုပ်သမားတို့ ရသင့်ရထိုက်သည့် အခွင့်အရေးတစ်ရပ်ပင်ဖြစ်သည်။

လက်ရှိကာလတွင် အလုပ်သမားထု၏ ဆန္ဒထုတ်ဖော်မှုများ၊ တရားစွဲဆိုထောင်ချခံရခြင်းများ၊ ရည်ရွယ်ချက်ဖြင့် သမဂ္ဂများ ဖြိုခွဲခံရခြင်းများ၊ လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့်များ ပျောက်ဆုံးနေခြင်းနှင့်အတူ အလုပ်သမားတို့၏ လုပ်ခလစာ ပြသနာ၊ ဘေးအန္တရာယ်ကင်းသော လုပ်ငန်းခွင် နှင့် လူမှုဖူလုံရေးစနစ် ကင်းမဲ့နေခြင်း တို့ကို ရင်ဆိုင်ကြုံတွေ့နေရသေးသည်။

မြန်မာနိုင်ငံတွင် ၂၀၁၃ ခုနှစ်မှစတင်ကာ အစိုးရ ၊ပြန်ကြားရေး ဝန်ကြီးဌာန က ပုဂ္ဂလိက သတင်းစာထုတ်ဝေခွင့်ပေးခဲ့သော်လည်း ယနေ့ကာလမှာတော့ လွပ်လပ်သော ပုဂ္ဂလိက သတင်းစာတွေအရှုံးပေါ်နေပါသည်။ Digital Media အဖြစ် စတင်ကူးပြောင်းချိန်တွင်လည်း အရေအတွက် အနည်းငယ်သာ ရပ်တည်နိုင်သေးသည်။ ထိုကဲ့ သို့ လွတ်လပ်စွာထုတ်ဖော်ပြောဆို ရေးသား ခွင့်ရသည့် စင်္ကြန်များ အားနည်းနေခြင်းသည် မိမိပြောဆိုလိုသည့် ရှု့ထောင့်တစ်ခုတည်းကို သာ မီးမောင်းထိုးပြ တာမျိုးဖြစ်လာနိုင်သည်။ထိုအရာသည် ဒီမိုကရေစီစံနှုန်းများကို သွေဖီစေသည့် မီဒီယာ ဗဟုဝါဒ ပျောက်ဆုံးနေခြင်းဖြစ်သည်။

Myanmar Labour News သည် အဓိကအားဖြင့် အစိုးရက ချမှတ်သည့် နိုင်ငံရေး၊စီးပွားရေး ၊လူမှုရေး မူဝါဒများ သည် အလုပ်သမား လယ်သမားနှင့် ပြည်သူများ၏ ဖွံ့ဖြိုးမှုကို အထောက်အကူ ပြုပြီး ပြည်သူလူထု ဘ၀ ရှင်သန်ရပ်တည်နိုင်ရေး အတွက် မီဒီယာ ၏ အခန်းကဏ္ဍမှ လွတ်လပ်စွာ ဖော်ထုတ်ရေးသားတင်ပြကာ အထောက်အကူပြုစေရန် ရည်ရွယ်ပါသည်။