NEVER GIVE UP

  • Home
  • NEVER GIVE UP

NEVER GIVE UP 𝐖𝐞𝐥𝐜𝐨𝐦𝐞 𝐅𝐫𝐨𝐦 𝐌𝐲 𝐏𝐚𝐠𝐞.♡︎♡︎♡︎

Kaung Khin May May ခရီးသည်ပို့ဆောင်ရေးမော်လမြိုင် ရေး အစင် ဇီးဖြူသောင်အပြန်ဆေးခန်းနောက်ကျ စျေးဝယ်နောက်ကျ အဆင်ပြေရအောင် 1...
26/09/2025

Kaung Khin May May
ခရီးသည်ပို့ဆောင်ရေး
မော်လမြိုင် ရေး အစင် ဇီးဖြူသောင်
အပြန်ဆေးခန်းနောက်ကျ စျေးဝယ်နောက်ကျ အဆင်ပြေရအောင် 1:00ခေါက် တစ်စီး 12:00ခေါက် တစ်စီး ရှိပါတယ်ဗျ
Ph 09 267167081
Ph 09 897192663

"မင်းလည်း သေနတ်ကိုင် ငါလည်း သေနတ်ကိုင်ထားရင်၊ ငါတို့ဟာ ဥပဒေအကြောင်း ပြောလို့ရတယ် ''" မင်းလည်း ဓားကိုင် ငါလည်း ဓားကိုင်ထာ...
28/06/2025

"မင်းလည်း သေနတ်ကိုင် ငါလည်း သေနတ်ကိုင်ထားရင်၊ ငါတို့ဟာ ဥပဒေအကြောင်း ပြောလို့ရတယ် ''

" မင်းလည်း ဓားကိုင် ငါလည်း ဓားကိုင်ထားရင်၊ ငါတို့ဟာ စည်းမျဉ်းစည်းကမ်းတွေအကြောင်း ဆွေးနွေးလို့ရတယ် ''

" မင်းလည်း လက်ချည်းပဲ လာပြီး ငါလည်း လက်ချည်းပဲ လာရင်၊ ငါတို့ဟာ ပြသနာ အကြောင်းရင်းကို ဆွေးနွေးလို့ရတယ် ''

" ဒါပေမယ့် မင်းက သေနတ်ကိုင်ပြီး ငါက ဓားပဲကိုင်ထားရင်တော့၊ အမှန်တရားဟာ မင်းရဲ့လက်ထဲမှာပဲ ရှိနေတယ်..''

" မင်းက သေနတ်ကိုင်ပြီး ငါ့မှာ ဘာမှမရှိရင်၊ မင်းလက်ထဲမှာရှိတဲ့ဟာက လက်နက်တစ်ခုတင် မဟုတ်တော့ဘူး၊ ငါ့အသက်ဖြစ်သွားပြီ။( ငါ့အသက်က မင်းလက်ထဲမှာပေါ့။) ''

ဥပဒေ‌တွေ၊ စည်းမျဉ်းတွေ၊ ကိုယ်ကျင့်တရားဆိုတာတွေဟာ တန်းတူညီမျှမှုပေါ်မှာ အခြေခံမှသာ အဓိပ္ပာယ်ရှိပါတယ်။

ဒီလောကရဲ့ ရက်စက်တဲ့ အမှန်တရားကတော့....ငွေကြေးကစကားပြောတဲ့အခါ၊ အမှန်တရားဟာ တိတ်ဆိတ်သွားတယ်..။ အာဏာစကားပြောတဲ့အခါကြတော့.. ငွေကြေးက ခြေသုံးလှမ်းလောက် နောက်ကိုဆုတ်သွားပြန်ရော။

စည်းမျဉ်းစည်းကမ်းတွေကို ချမှတ်သူတွေဟာ များသောအားဖြင့် ပထမဆုံး ချိုးဖောက်သူတွေဖြစ်တတ်ကြတယ်။အကြောင်းရင်းက စည်းမျဉ်းတွေဟာ အားနည်းသူတွေအတွက် ချည်နှောင်ချက်တွေဖြစ်ပြီး၊ အင်အားကြီးမားသူတွေအတွက်တော့ လိုရာသုံး ကိရိယာတွေဖြစ်နေလို့ပါ။

ဒီကမ္ဘာမှာ ကောင်းတဲ့အရာတိုင်းကို ရုန်းကန်ယူရတယ်။ တိုက်ယူရတယ်။

အားနည်းသူတွေက သူတို့ကို မျှဝေမဲ့ဝေစုကို စောင့်နေချိန်မှာ ကစားပွဲရဲ့ သခင်တွေကတော့ အရင်းအမြစ်တွေအတွက် အပြင်းအထန် ယှဉ်ပြိုင်နေကြတယ်။


#မူရင်းရေးသားသူအလေးစားလျက်ပါ

ကျွန်တော် တို့လူငယ်တွေ အောင်မြင်ဖို့ဆိုရင်တော့ ကျွန်တော် တို့ရဲ "ဘဝကို Editing "လုက်ဖို့ လိုလိပ်မယ်  ကျွန်တော်တို့ Video...
05/03/2025

ကျွန်တော် တို့လူငယ်တွေ အောင်မြင်ဖို့ဆိုရင်တော့
ကျွန်တော် တို့ရဲ "ဘဝကို Editing "လုက်ဖို့ လိုလိပ်မယ်

ကျွန်တော်တို့ Video ကိုEditလုပ်တလိုပေါ့
လိုတာတွေကို ထည့်မယ် မလိုတာတွေကို ဖျက်မယ် အဲ့လိုပေါ့

ကျွန်တော်တို့ ဘဝမှာလည်း
လိုတာတွေကို ရအောင်ထည့်မယ်
မလိုတာတွေကို ဖျက်ထုတ်မယ်
ဒါကြောင့် ကျွန်တော်တို့ဘဝတွေကို Editingလုပ်ကြပါ

#အားလုံးပဲပျော်ရွှင်ကျမ်းမာကြပါစေ

#မူရင်းရေးသားသူအလေးစားလျက်ပါ
#ခွန်အားရှိသောစာတိုများ

 #ပြောမထွက်သောစကားများ●●●●●●●●●●●သားသမီးဆိုတာ ရေချိုးပေးတဲ့အမေကိုသာ ချစ်တက်ကြတာ စဉ့်အိုးထဲ ရေအပြည့်ဖြည့်ပေးထားတဲ့ ဖခင်တွ...
19/02/2025

#ပြောမထွက်သောစကားများ
●●●●●●●●●●●

သားသမီးဆိုတာ
ရေချိုးပေးတဲ့အမေကိုသာ ချစ်တက်ကြတာ
စဉ့်အိုးထဲ ရေအပြည့်ဖြည့်ပေးထားတဲ့
ဖခင်တွေကို ချစ်ရကောင်းမှန်း မသိကြပါဘူး။

သရက်သီးခူးကျွေးတဲ့
သူ့အမေကိုသာ ကျေးဇူးတင်လိုက်ကြတာ။
ချစ်လိုက်ကြတာ။ ဒီသရက်ပင်ကို မိုးထဲရေထဲ
ရွှံဗွက်ထဲမှာ အအေးမိခံပြီးစိုက်ပျိုးပေးခဲ့တဲ့
အဖေတွေရဲ့ နှလုံးသားကိုတော့
နားမလည်ကြဘူး။

သားသမီးတွေက
အမေရဲ့နို့ဖိုးကိုသာမြင်လွယ်ကြတာ။
ဖခင်တွေရဲ့ချွေးဖိုးကိုတော့
တန်ဖိုးထားရကောင်းမှန်းမသိကြပါဘူး။

ထီးမိုးပေးတဲ့ အမေ့ရဲ့မေတ္တာကိုတော့
သိတက်လိုက်ကြတာ။
လုံခြုံနွေးထွေးတဲ့ဘဝကို ဖန်တီးပေးတဲ့
ဖခင်တစ်ယောက်ရဲ့ချစ်ခြင်းမေတ္တာကိုတော့
မသိကြဘူး ,မမြင်ကြဘူး။

သောက်ရေအိုးထဲက
ရေအေးအေးခပ်တိုက်တဲ့အမေ့ကိုတော့ချစ်ကြတယ်။ အဲဒီသောက်ရေအိုးထဲကို
ရေအပြည့်ဖြည့်ပေးထားတဲ့
အဖေ့စေတနာကိုတော့ လျစ်လျူရှုထားကြတယ်။

ပန်းပန်ပေးတဲ့ မိခင်ရဲ့ အချစ်ကိုသာ
ခံစားတက်ကြတာ။
ပန်းကလေးတွေ ပွင့်လာအောင်
ရေလောင်းပေါင်းသင်ပြီး ပျိုးပေးရတဲ့
ဖခင်ရဲ့ ချစ်ခြင်းမေတ္တာကိုတော့
သူတို့လေးတွေ မခံစားတက်ကြဘူး။

အိမ်ရှင်မတွေက
သူတို့ပြောချင်တဲ့စကားတွေကို
တိုက်ရိုက်မပြောဘူး။
သားသမီးတွေကို သွေးထိုးပေးတယ်။
သားသမီးတွေက တစ်ဆင့် ပြောခိုင်းတယ်။
ဒီလိုနဲ့ သားသမီးတွေက
အဖေတွေကို မုန်းသွားကြတယ်။
မုန်းအောင်သင်ပေးနေတာတော့ မဟုတ်ဘူး။
မချစ်တက်အောင် သင်ပေးသလိုဖြစ်နေတယ်။

``မိကောင်းဖခင်´´ ဆိုတဲ့စကားကို
အိမ်က မိန်းမတွေ သဘောပေါက်သင့်တယ်။ မိကောင်းဖခင်ဆိုတာ
``မိခင်ကောင်းမှအဖကိုခင်တယ်´´ လို့ဆိုလိုတာ။
အဖကို မခင်တွယ်တဲ့သားသမီးဖြစ်နေရင်
အဲဒီသားသမီးရဲ့ မိခင် မကောင်းလို့ပဲ။
မိခင်တွေတင် မဟုတ်ပါဘူး။
ဖခင်တွေဟာလည်း သားသ္မီးရဲ့ ချစ်ခြင်းကို
ခံချင်ကြတယ်ဆိုတာကိုပါ။


#သိသင့်တာလေးတွေမျှဝေပေးသည်
#ခွန်အားဖြစ်စေသောစာတိုလေးများ
#အားလုံးပဲပျော်ရွှင်ကျမ်းမာကြပါစေ

Address


Website

Alerts

Be the first to know and let us send you an email when NEVER GIVE UP posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your business to be the top-listed Media Company?

Share