Kyat KaLay

Kyat KaLay a casual gamer
Streaming video games and having fun. i usually play games alone.. hopefully making

အပျင်းပြေ ဖန်တီးထားတဲ့ 𝐆𝐚𝐦𝐞 (𝐌𝐢𝐧𝐞𝐜𝐫𝐚𝐟𝐭) 𝐏𝐚𝐫𝐭 𝟐 အရင်အပတ်တုန်းက 𝐌𝐢𝐧𝐞𝐜𝐫𝐚𝐟𝐭 𝐆𝐚𝐦𝐞 ကို 𝐍𝐨𝐭𝐜𝐡 တစ်ယောက် အပျင်းပြေ ဖန်တီးခဲ့ရာက စ...
18/12/2024

အပျင်းပြေ ဖန်တီးထားတဲ့ 𝐆𝐚𝐦𝐞 (𝐌𝐢𝐧𝐞𝐜𝐫𝐚𝐟𝐭) 𝐏𝐚𝐫𝐭 𝟐

အရင်အပတ်တုန်းက 𝐌𝐢𝐧𝐞𝐜𝐫𝐚𝐟𝐭 𝐆𝐚𝐦𝐞 ကို 𝐍𝐨𝐭𝐜𝐡 တစ်ယောက် အပျင်းပြေ ဖန်တီးခဲ့ရာက စလို့ ဘယ်လိုအောင်မြင်သွားခဲ့တယ်ဆိုတာကို ပြောပြခဲ့တယ်။

ဒီအပတ်မှာတော့ 𝐩𝐚𝐫𝐭 𝟐 အနေနဲ့ သူ့ရဲ့ အဆက်လေးကို ဆက်ပြောပါမယ်။

𝐌𝐈𝐧𝐞𝐜𝐫𝐚𝐟𝐭 𝐆𝐚𝐦𝐞 လေး အောင်မြင်မှု ခြေလှမ်းလေးတွေ လှမ်းလာနိုင်တာနဲ့ အမျှ 𝟐𝟎𝟐𝟒 𝐒𝐞𝐩𝐭𝐞𝐦𝐛𝐞𝐫 မှာ 𝐌𝐢𝐜𝐫𝐨𝐬𝐨𝐟𝐭ရဲ့ ကမ်းလှမ်းမှုတစ်ခုကို ရလာတယ်။

𝐌𝐨𝐣𝐚𝐧𝐠 𝐒𝐭𝐮𝐝𝐢𝐨𝐬 ကို 𝐔𝐬 𝐝𝐨𝐥𝐥𝐚𝐫 𝟐.𝟓𝐛𝐢𝐥𝐥𝐢𝐨𝐧 နဲ့ ဝယ်မယ်ဆိုပြီးကမ်းလှမ်းခဲ့တယ်ပေါ့။

ဒီကမ်းလှမ်းမှုထဲမှာ 𝐦𝐢𝐧𝐞𝐜𝐫𝐚𝐟𝐭 လည်း အပါအဝင် ဖြစ်ပါတယ်။

တကယ်လည်း ‌ရောင်းထွက်သွားတယ်။

𝐍𝐨𝐭𝐜𝐡 လည်း 𝐌𝐨𝐣𝐚𝐧𝐠 ကနေ ရောင်းပြီးပြီးချင်း နှုတ်ထွက်ခဲ့တယ်။ တစ်နည်းအားဖြင့်ပြောရရင်တော့ သူဆက်မကိုင်တော့ဘူးပေါ့။

အဲဒီနောက်ပိုင်းကနေ အခုထိကတော့ 𝐌𝐢𝐧𝐞𝐜𝐫𝐚𝐟𝐭 ကို 𝐌𝐢𝐜𝐫𝐨𝐬𝐨𝐟𝐭 𝐂𝐨𝐦𝐩𝐚𝐧𝐲 ကနေပဲ ဆက်ပြီး 𝐑𝐮𝐧 လာခဲ့တယ်

𝐔𝐩𝐝𝐚𝐭𝐞 အသစ်သစ်တွေထုတ်တယ်။

𝐍𝐨𝐭𝐜𝐡 တုန်းကလိုမျိုး ထူးထူးခြားခြား ပြောင်းလဲတာမျိုးတွေတော့ သိပ်မရှိတော့ဘူး။

𝐍𝐞𝐰 𝐁𝐢𝐨𝐦𝐞𝐬 တွေ ဥပမာ (𝐂𝐚𝐯𝐞, 𝐨𝐜𝐞𝐚𝐧 , 𝐦𝐨𝐮𝐧𝐭𝐚𝐢𝐧 )တွေလို သဘာဝနေရာတွေ

𝐍𝐞𝐰 𝐌𝐨𝐛𝐬 တွေ (𝐕𝐢𝐥𝐥𝐚𝐠𝐞𝐫𝐬 , 𝐇𝐨𝐬𝐭𝐢𝐥𝐞 တွေ , သတ္တဝါ သားရိုင်းတွေနဲ့ 𝐏𝐞𝐭 တွေ

𝐑𝐞𝐝𝐬𝐭𝐨𝐧𝐞 (ငယ်ငယ်က 𝐄𝐧𝐠𝐢𝐧𝐞𝐞𝐫𝐢𝐧𝐠 လိုလို ၊ လျှပ်စစ်မီးဆရာလိုလို ဆော့ခဲ့ရတဲ့ 𝐀𝐮𝐭𝐨𝐦𝐚𝐭𝐢𝐨𝐧 𝐅𝐞𝐚𝐭𝐮𝐫𝐞 တွေ) (အများစုကတော့ ရထားသံလမ်းကနေ မတက်ကြပါဘူး )

𝐓𝐡𝐞 𝐄𝐧𝐝 𝐝𝐢𝐦𝐞𝐧𝐬𝐢𝐨𝐧 တွေ 𝐄𝐧𝐝𝐞𝐫 𝐃𝐫𝐚𝐠𝐨𝐧 လို 𝐅𝐢𝐧𝐚𝐥 𝐁𝐨𝐬𝐬 တွေပါ ပါလာပါတယ်။

𝟐𝟎𝟏𝟓 နောက်ပိုင်းမှာတော့ 𝐂𝐫𝐨𝐬𝐬-𝐩𝐥𝐚𝐭𝐟𝐨𝐫𝐦 တွေရပြီးတော့ 𝐦𝐮𝐥𝐭𝐢𝐩𝐥𝐚𝐲𝐞𝐫 𝐦𝐨𝐝𝐞 တွေပါ ထပ်ပါလာကြတယ်။

အဲ့ဒီနောက်မှာတော့

𝐌𝐢𝐧𝐞𝐜𝐫𝐚𝐟𝐭: 𝐒𝐭𝐨𝐫𝐲 𝐌𝐨𝐝𝐞 (𝟐𝟎𝟏𝟓)
𝐌𝐢𝐧𝐞𝐜𝐫𝐚𝐟𝐭 𝐄𝐚𝐫𝐭𝐡 (𝟐𝟎𝟏𝟗, 𝐀𝐑-𝐛𝐚𝐬𝐞𝐝 𝐠𝐚𝐦𝐞)
𝐌𝐢𝐧𝐞𝐜𝐫𝐚𝐟𝐭 𝐃𝐮𝐧𝐠𝐞𝐨𝐧𝐬 (𝟐𝟎𝟐𝟎, 𝐝𝐮𝐧𝐠𝐞𝐨𝐧-𝐜𝐫𝐚𝐰𝐥𝐞𝐫)
လို 𝐒𝐩𝐢𝐧-𝐨𝐟𝐟 𝐆𝐚𝐦𝐞𝐬 တွေပါ ထပ်ထုတ်လာပါသေးတယ်။ (ဒီ𝐠𝐚𝐦𝐞 တွေကလည်း တော်တော်ဆော့လို့ကောင်းတာမို့မဆော့ရသေးရင် ‌ဆော့ကြည့်ဖို့ အကြံပေးချင်ပါတယ်)
ပြီးတော့ သူတို့အကြောင်းကိုလည်း သပ်သပ် ထပ်ပြောသွားဦးမယ်နော်။
ကဲ ဒါကတော့ ကလေးအစ လူကြီးအဆုံး ကြိုက်ခဲ့ဆော့ခဲ့ကြပြီးယနေ့အချိန်ထိ ကြိုက်နေကြဆဲဖြစ်တဲ့ 𝐌𝐢𝐧𝐞𝐜𝐫𝐚𝐟𝐭 ရဲ့ အောက်ဖဲလှန် သမိုင်းကြောင်းလေးပဲ ဖြစ်ပါတယ်။
နောက်အပတ်မှာကော ဘာ𝐆𝐚𝐦𝐞 တွေ အကြောင်း သိချင်သေးလဲ ၊ 𝐂𝐨𝐦𝐦𝐞𝐧𝐭 မှာ ဖြေပေးခဲ့ကြပါဦး။

𝐒𝐞𝐞 𝐘𝐨𝐮 𝐆𝐮𝐲𝐬 …..

𝐌𝐢𝐧𝐞𝐜𝐫𝐚𝐟𝐭 𝐆𝐚𝐦𝐞 ဆိုတာ အားလပ်ချိန် တစ်ခုမှာ အပျင်းပြေ 𝐈𝐝𝐞𝐚 ဖော်ရင်း ဖြစ်ပေါ်လာခဲ့တယ်ဆိုတာ သင်သိပါသလား။ဟုတ်ပါတယ်။𝐌𝐢𝐧𝐞𝐜𝐫𝐚𝐟𝐭 ...
12/12/2024

𝐌𝐢𝐧𝐞𝐜𝐫𝐚𝐟𝐭 𝐆𝐚𝐦𝐞 ဆိုတာ အားလပ်ချိန် တစ်ခုမှာ အပျင်းပြေ 𝐈𝐝𝐞𝐚 ဖော်ရင်း ဖြစ်ပေါ်လာခဲ့တယ်ဆိုတာ သင်သိပါသလား။

ဟုတ်ပါတယ်။

𝐌𝐢𝐧𝐞𝐜𝐫𝐚𝐟𝐭 𝐆𝐚𝐦𝐞 ကို 𝐌𝐚𝐫𝐤𝐮𝐬 𝐏𝐞𝐫𝐬𝐬𝐨𝐧 ဆိုတဲ့ 𝐒𝐰𝐞𝐝𝐢𝐬𝐡 𝐩𝐫𝐨𝐠𝐫𝐚𝐦𝐦𝐞𝐫 က သူ့ရဲ့ အားလပ်ချိန်လေး တစ်ခုမှာ ဖန်တီးခဲ့တာပါ။

𝐃𝐰𝐚𝐫𝐟 𝐅𝐨𝐫𝐭𝐫𝐞𝐬𝐬, 𝐃𝐮𝐧𝐠𝐞𝐨𝐧 𝐊𝐞𝐞𝐩𝐞𝐫, 𝐚𝐧𝐝 𝐈𝐧𝐟𝐢𝐧𝐢𝐦𝐢𝐧𝐞𝐫 ဆိုတဲ့ အရင်ခေတ်က ခေတ်စားခဲ့တဲ့ 𝐆𝐚𝐦𝐞 တွေကို 𝐈𝐧𝐬𝐩𝐢𝐫𝐚𝐭𝐢𝐨𝐧 ယူပြီး 𝐌𝐈𝐧𝐞𝐜𝐫𝐚𝐟𝐭 ဆိုတဲ့ 𝐆𝐚𝐦𝐞 လေးကို ဖန်တီးခဲ့တာပါ။

ဆိုတော့ အခုခေတ်မှာ အရမ်းကို ရေပန်းစားနေတဲ့ 𝐌𝐢𝐧𝐞𝐜𝐫𝐚𝐟𝐭 က ဘယ်ကနေ ဘယ်လိုဘယ်ပုံ စတင်ခဲ့လဲ။

စထွက်တုန်းက ဘာတွေ ပါခဲ့လဲဆိုတာ ဒီနေ့မှာ ပြောပြသွားမှာပါ။

𝐎𝐫𝐢𝐠𝐢𝐧𝐬 𝐚𝐧𝐝 𝐄𝐚𝐫𝐥𝐲 𝐃𝐞𝐯𝐞𝐥𝐨𝐩𝐦𝐞𝐧𝐭 (𝟐𝟎𝟎𝟗)

𝐅𝐢𝐫𝐬𝐭 𝐕𝐞𝐫𝐬𝐢𝐨𝐧

𝐌𝐈𝐧𝐞𝐜𝐫𝐚𝐟𝐭 ကို ပထမဆုံး 𝐑𝐞𝐥𝐞𝐚𝐬𝐞𝐝 လုပ်ခဲ့တာကတော့ 𝐌𝐚𝐲 𝟏𝟕,𝟐𝟎𝟎𝟗 ခုနှစ်မှာပါ။

ဆိုတော့ 𝐠𝐚𝐦𝐞 ရဲ့သက်တမ်းဟာ အခုဆိုရင် 𝟏𝟓 နှစ်ကျော်ခဲ့ပြီ‌ပေါ့။

𝐌𝐢𝐧𝐞𝐜𝐫𝐚𝐟𝐭 𝐂𝐥𝐚𝐬𝐬𝐢𝐜 ဆိုပြီး စထွက်ခဲ့တယ်။

𝐁𝐥𝐨𝐜𝐤 လေးတွေနဲ့ 𝐁𝐮𝐢𝐥𝐝𝐢𝐧𝐠 လုပ်လို့ ရမယ်။ 𝐆𝐫𝐚𝐩𝐡𝐢𝐜 ကလည်း ထူးခြားတာ သိပ်မရှိခဲ့ဘူး။

အဲဒီခေတ်က သာမန် 𝐆𝐫𝐚𝐩𝐡𝐢𝐜 အတန်းလောက်မှာပဲ ရှိတယ်ပေါ့။

ပြီးတော့ အခုခေတ် ဆော့နေရသလိုမျိုး 𝐆𝐚𝐦𝐞𝐩𝐥𝐚𝐲 𝐅𝐞𝐚𝐭𝐮𝐫𝐞 တွေလည်း များများစားစား မပါသေးဘူး။

𝐓𝐍𝐓 တွေ 𝐖𝐨𝐨𝐝 တွေ နဲ့ အုတ်နီခဲတွေလောက်ပဲ ရှိသေးတယ်ပေါ့။

𝐀𝐥𝐩𝐡𝐚 𝐏𝐡𝐚𝐬𝐞

𝐌𝐢𝐧𝐞𝐜𝐫𝐚𝐟𝐭 ကို အောင်မြင်အောင် လုပ်ပေးတဲ့ အဓိက အချက်ကိုပြောဆို 𝐔𝐩𝐝𝐚𝐭𝐞 တွေ ပုံမှန်‌ လုပ်ပေးနေတာပဲ။

𝐀𝐥𝐩𝐡𝐚 𝐏𝐡𝐚𝐬𝐞 မှာတုန်းကဆိုရင် ဘာမှမရှိသေးတဲ့ 𝐁𝐥𝐨𝐜𝐤 𝐁𝐮𝐢𝐥𝐝𝐢𝐧𝐠 𝐆𝐚𝐦𝐞 ကနေ 𝐒𝐮𝐫𝐯𝐢𝐯𝐚𝐥 𝐄𝐥𝐞𝐦𝐞𝐧𝐭𝐬 တွေ ၊ 𝐂𝐫𝐚𝐟𝐭𝐢𝐧𝐠 တွေ 𝐌𝐮𝐥𝐭𝐢𝐩𝐥𝐚𝐲𝐞𝐫 𝐅𝐮𝐧𝐜𝐭𝐢𝐨𝐧𝐚𝐥𝐢𝐭𝐲 တွေ စတဲ့ 𝐅𝐞𝐚𝐭𝐮𝐫𝐞 တွေကို 𝐔𝐩𝐝𝐚𝐭𝐞 တွေနဲ့ ဆက်တိုက်ချပေးတယ်။

ပုံမှန် အိမ်လေးဆောက်ပြီး ပျင်းစရာ ကောင်းတဲ့ 𝐆𝐚𝐦𝐞 အနေအထားကနေ 𝐒𝐮𝐫𝐯𝐢𝐯𝐚𝐥 တွေ ၊ 𝐂𝐫𝐚𝐟𝐭𝐢𝐧𝐠 တွေ ၊ 𝐌𝐮𝐥𝐭𝐢𝐩𝐥𝐚𝐲𝐞𝐫 𝐌𝐨𝐝𝐞 တွေပါလာတော့ ဆော့ပြီးရင်းဆော့ချင်လာစေမယ့် 𝐆𝐚𝐦𝐞 လေး တစ်ခု အဖြစ် အသွင်ပြောင်းလာတယ်။

𝐁𝐞𝐭𝐚 𝐏𝐡𝐚𝐬𝐞 𝐚𝐧𝐝 𝐑𝐢𝐬𝐢𝐧𝐠 𝐏𝐨𝐩𝐮𝐥𝐚𝐫𝐢𝐭𝐲 (𝟐𝟎𝟏𝟎 - 𝟐𝟎𝟏𝟏)

𝐁𝐞𝐭𝐚 𝐑𝐞𝐥𝐞𝐚𝐬𝐞

𝐃𝐞𝐜𝐞𝐦𝐛𝐞𝐫 𝟐𝟎 , 𝟐𝟎𝟏𝟎 ခုနှစ်မှာ 𝐁𝐞𝐭𝐚 𝐕𝐞𝐫𝐬𝐢𝐨𝐧 စထွက်လာတယ်။

အဲဒီခေတ်မှာ လူတွေအတွက် အသစ်အဆန်း ဖြစ်တဲ့ 𝐒𝐚𝐧𝐝𝐛𝐨𝐱 𝐆𝐚𝐦𝐞𝐩𝐥𝐚𝐲 ဖြစ်နေတာက တစ်ကြောင်း

𝐘𝐨𝐮𝐓𝐮𝐛𝐞 𝐕𝐢𝐝𝐞𝐨𝐬 တွေ ခေတ်စားလာတာက တစ်ကြောင်း 𝐛𝐞𝐭𝐚 ထွက်ထွက်ခြင်းမှာတင်ကို လူကြိုက်များလာတယ်။

ကစားသူ အုံလိုက်ကြီး ရလာတယ်ပေါ့။

𝐂𝐨𝐦𝐦𝐮𝐧𝐢𝐭𝐲 𝐆𝐫𝐨𝐰𝐭𝐡

ထပ်ပြီး သူ့ရဲ့ ထူးခြားမှု နောက်တစ်ခု

ကစားတဲ့သူတွေ ကိုယ်တိုင်ဖန်တီးပြီး ဆော့လို့ရတဲ့ 𝐌𝐨𝐝𝐬 တွေ ၊ 𝐌𝐚𝐩𝐬 တွေ နဲ့ 𝐑𝐞𝐚𝐥𝐢𝐭𝐲 ဆန်ဆန် 𝐃𝐞𝐭𝐚𝐢𝐥 ကျကျ အဆောက်အဦးတွေ ဆောက်လို့ရတာတွေပေါ့။

ဒီလိုအရာတွေနဲ့ပဲ 𝐌𝐢𝐧𝐞𝐜𝐫𝐚𝐟𝐭 ရဲ့ 𝐂𝐨𝐦𝐦𝐮𝐧𝐢𝐭𝐲 ကြီးကလည်း တစ်ဆတစ်ဆ ကျယ်ပြန့်လာခဲ့တယ်။

𝐎𝐟𝐟𝐢𝐜𝐢𝐚𝐥 𝐋𝐚𝐮𝐧𝐜𝐡

တရားဝင်ထုတ်ခဲ့တာပေါ့။ 𝐍𝐨𝐯𝐞𝐦𝐛𝐞𝐫 𝟏𝟖 , 𝟐𝟎𝟏𝟏 𝐌𝐈𝐧𝐞𝐜𝐨𝐧 ပွဲမှာ 𝐌𝐢𝐧𝐞𝐜𝐫𝐚𝐟𝐭 𝐂𝐥𝐚𝐬𝐬𝐢𝐜 𝐕𝐞𝐫𝐬𝐢𝐨𝐧 𝟏.𝟎.𝟎 နဲ့ တရားဝင် စတင်ပြီး ကစားလို့ရကြောင်း ကြေညာခဲ့တယ်။

စကားမစပ် 𝐌𝐢𝐧𝐞𝐜𝐨𝐧 𝐄𝐯𝐞𝐧𝐭 ဆိုတာက 𝐌𝐢𝐧𝐞𝐜𝐫𝐚𝐟𝐭 𝐏𝐥𝐚𝐲𝐞𝐫 တွေ စုဝေးပြီး 𝐆𝐚𝐦𝐞 နဲ့ ပတ်သတ်တဲ့ သတင်းတွေ ၊ ကစားပွဲလေးတွေ ၊ အပြန်အလှန်ဆွေးနွေးမှုတွေ ပြုလုပ်တဲ့ ပွဲမျိုးပါ။

နောက်တစ်ခုကတော့ …….

မီးပျက်သွားလို့ နောက်ရက်မှာ 𝐏𝐚𝐫𝐭 𝟐 အနေနဲ့ ထပ်ပြောပြပေးသွားပါမယ်။


#𝐊𝐲𝐚𝐭𝐤𝐚𝐥𝐚𝐲 #𝐌𝐢𝐧𝐞𝐜𝐫𝐚𝐟𝐭 #𝐌𝐢𝐧𝐞𝐜𝐨𝐧

သမိုင်းကြောင်းရှည် 𝐆𝐓𝐀𝐏𝐚𝐫𝐭 𝟏အားလုံးပဲ…မင်္ဂလာပါခင်ဗျာ..ဒီနေ့တင်ဆက်ပေးမဲ့အကြောင်းအရာလေးကတော့ ကျွန်တော်တို့ငယ်ငယ်ကတည်းက ရေ...
02/12/2024

သမိုင်းကြောင်းရှည် 𝐆𝐓𝐀

𝐏𝐚𝐫𝐭 𝟏

အားလုံးပဲ…မင်္ဂလာပါခင်ဗျာ..ဒီနေ့တင်ဆက်ပေးမဲ့အကြောင်းအရာလေးကတော့ ကျွန်တော်တို့ငယ်ငယ်ကတည်းက ရေပန်းစားလူကြိုက်များပြီး ကားသူခိုးဂိမ်းလို့လူသိများတဲ့
𝐆𝐫𝐚𝐧𝐝 𝐓𝐡𝐞𝐟𝐭 𝐀𝐮𝐭𝐨(𝐆𝐓𝐀)ဆိုတဲ့ဂိမ်းသမိုင်းကြောင်းလေးပဲဖြစ်ပါတယ်။

ဂိမ်းကိုစတင်ဖန်တီး တီထွင်ထားတဲ့သူတွေကတော့ 𝐃𝐚𝐯𝐢𝐝 𝐉𝐨𝐧𝐞𝐬 နဲ့𝐌𝐢𝐤𝐞 𝐃𝐚𝐢𝐥𝐲 တို့ပဲဖြစ်ပါတယ်။

နောက်ပိုင်းမှာတော့ 𝐃𝐚𝐦 ၊𝐒𝐚𝐦 𝐇𝐨𝐮𝐬𝐞𝐫 ၊𝐋𝐞𝐬𝐥𝐢𝐞 𝐁𝐞𝐧𝐳𝐢𝐞𝐬 နဲ့ 𝐀𝐚𝐫𝐨𝐧 𝐆𝐚𝐫𝐛𝐮𝐭 စတဲ့ညီအကိုများရဲ့
ကြီးကျပ်မှုအောက်မှာခေါင်းစဥ်များကိုတီထွင်ခဲ့ပါတယ်။

ဒီဂိမ်းရဲ့ဇာတ်လမ်းပုံစံကတော့ 𝐀𝐜𝐭𝐢𝐨𝐧 𝐀𝐯𝐞𝐧𝐭𝐮𝐫𝐞 ,𝐑𝐨𝐥𝐞 𝐏𝐥𝐚𝐲 𝐆𝐚𝐦𝐞 ,𝐒𝐚𝐧𝐝𝐛𝐨𝐱 ပုံစံမျိုးလေးပဲ ဖြစ်ပါတယ်။

၎င်းခေတ်က အရှည်ကြာဆုံးဗီဒီယိုဂိမ်းစီးရီးတစ်ခုဖြစ်ပြီး 𝐑𝐨𝐜𝐤𝐬𝐭𝐚𝐫 𝐍𝐨𝐫𝐭𝐡 အပါအဝင်လက်အောက်ခံ
ကုမ္ပဏီများဖြစ်တဲ့ 𝐃𝐌𝐀 𝐃𝐞𝐬𝐢𝐠𝐧 𝐋𝐢𝐦𝐢𝐭𝐞𝐝 ၊ 𝐑𝐨𝐜𝐤𝐬𝐭𝐚𝐫 𝐋𝐞𝐞𝐝𝐬၊𝐑𝐨𝐜𝐤𝐬𝐭𝐚𝐫 𝐓𝐨𝐫𝐨𝐧𝐭𝐨နဲ့
𝐑𝐨𝐜𝐤𝐬𝐭𝐚𝐫 𝐋𝐢𝐧𝐜𝐨𝐥𝐧 တို့မှတီထွင်ထုတ်လုပ်ခဲ့ပါတယ်။

လက်ရှိဂိမ်းစီးရီးပေါင်း (𝟏𝟕)ခုရှိပြီးတော့ စတင်ထွက်ရှိတဲ့ 𝟏𝟗𝟗𝟕ခုနှစ်ကနေ𝟐𝟎𝟐𝟏ခုနှစ်ထိ အဆင့်ဆင့်𝐆𝐓𝐀ရဲ့ထွက်ရှိခဲ့တဲ့ သမိုင်းကြောင်းကိုဖော်ပြပေးလိုက်ရပါတယ်။

အဲ့ဒီဂိမ်းစီးရီးတွေကတော့ …..

𝐆𝐫𝐚𝐧𝐝 𝐓𝐡𝐞𝐟𝐭 𝐀𝐮𝐭𝐨 𝟏
𝐍𝐨𝐯𝐞𝐦𝐛𝐞𝐫 𝟐𝟖 (𝟏𝟗𝟗𝟕)၊

𝐆𝐫𝐚𝐧𝐝 𝐓𝐡𝐞𝐟𝐭 𝐀𝐮𝐭𝐨 :𝐋𝐨𝐧𝐝𝐨𝐧 𝟏𝟗𝟔𝟗
𝐀𝐩𝐫𝐢𝐥 𝟐𝟗 (𝟏𝟗𝟗𝟗)၊

𝐆𝐫𝐚𝐧𝐝 𝐓𝐡𝐞𝐟𝐭 𝐀𝐮𝐭𝐨 :𝐋𝐨𝐧𝐝𝐨𝐧 𝟏𝟗𝟔𝟏
𝐉𝐮𝐧𝐞 𝟏 (𝟏𝟗𝟗𝟗)၊

𝐆𝐫𝐚𝐧𝐝 𝐓𝐡𝐞𝐟𝐭 𝐀𝐮𝐭𝐨 𝟐
𝐎𝐜𝐭𝐨𝐛𝐞𝐫 𝟐𝟐 (𝟏𝟗𝟗𝟗)၊

𝐆𝐫𝐚𝐧𝐝 𝐓𝐡𝐞𝐟𝐭 𝐀𝐮𝐭𝐨 |||
𝐎𝐜𝐭𝐨𝐛𝐞𝐫 𝟐𝟐 (𝟐𝟎𝟎𝟏)၊

𝐆𝐫𝐚𝐧𝐝 𝐓𝐡𝐞𝐟𝐭 𝐀𝐮𝐭𝐨:𝐕𝐢𝐜𝐞 𝐂𝐢𝐭𝐲
𝐎𝐜𝐭𝐨𝐛𝐞𝐫 𝟐𝟗 (𝟐𝟎𝟎𝟐)၊

𝟏𝟗𝟗𝟕𝐆𝐫𝐚𝐧𝐝 𝐓𝐡𝐞𝐟𝐭 𝐀𝐮𝐭𝐨:𝐒𝐚𝐧 𝐀𝐧𝐝𝐫𝐞𝐚𝐬
𝐎𝐜𝐭𝐨𝐛𝐞𝐫 𝟐𝟔 (𝟐𝟎𝟎𝟒)၊

𝐆𝐫𝐚𝐧𝐝 𝐓𝐡𝐞𝐟𝐭 𝐀𝐮𝐭𝐨 𝐀𝐝𝐯𝐚𝐧𝐜𝐞
𝐎𝐜𝐭𝐨𝐛𝐞𝐫 𝟐𝟔 (𝟐𝟎𝟎𝟒)၊

𝐆𝐫𝐚𝐧𝐝 𝐓𝐡𝐞𝐟𝐭 𝐀𝐮𝐭𝐨:𝐋𝐢𝐛𝐞𝐫𝐭𝐲 𝐂𝐢𝐭𝐲 𝐒𝐭𝐨𝐫𝐢𝐞𝐬
𝐎𝐜𝐭𝐨𝐛𝐞𝐫 𝟐𝟒 (𝟐𝟎𝟎𝟓)၊

𝐆𝐫𝐚𝐧𝐝 𝐓𝐡𝐞𝐟𝐭 𝐀𝐮𝐭𝐨:𝐕𝐢𝐜𝐞 𝐂𝐢𝐭𝐲 𝐒𝐭𝐨𝐫𝐢𝐞𝐬
𝐎𝐜𝐭𝐨𝐛𝐞𝐫 𝟑𝟏 (𝟐𝟎𝟎𝟔)၊

𝐆𝐫𝐚𝐧𝐝 𝐓𝐡𝐞𝐟𝐭 𝐀𝐮𝐭𝐨 𝐈𝐕
𝐀𝐩𝐫𝐢𝐥 𝟐𝟖 (𝟐𝟎𝟎𝟖)၊

𝐆𝐫𝐚𝐧𝐝 𝐓𝐡𝐞𝐟𝐭 𝐀𝐮𝐭𝐨 𝐈𝐕:𝐓𝐡𝐞 𝐋𝐨𝐬𝐭 𝐚𝐧𝐝 𝐃𝐚𝐦𝐧𝐞𝐝 𝐅𝐞𝐛𝐫𝐮𝐚𝐫𝐲 𝟏𝟕 (𝟐𝟎𝟎𝟗)၊

𝐆𝐫𝐚𝐧𝐝 𝐓𝐡𝐞𝐟𝐭 𝐀𝐮𝐭𝐨:𝐂𝐡𝐢𝐧𝐚𝐭𝐨𝐰𝐧 𝐖𝐚𝐫𝐬
𝐌𝐚𝐫𝐜𝐡 𝟏𝟕 (𝟐𝟎𝟎𝟗)၊

𝐆𝐫𝐚𝐧𝐝 𝐓𝐡𝐞𝐟𝐭 𝐀𝐮𝐭𝐨 𝐈𝐕:𝐓𝐡𝐞 𝐁𝐚𝐥𝐥𝐚𝐝 𝐨𝐟 𝐆𝐚𝐲 𝐓𝐨𝐧𝐲
𝐎𝐜𝐭𝐨𝐛𝐞𝐫 𝟐𝟗 (𝟐𝟎𝟎𝟗)၊

𝐆𝐫𝐚𝐧𝐝 𝐓𝐡𝐞𝐟𝐭 𝐀𝐮𝐭𝐨 𝐕
𝐒𝐞𝐩𝐭𝐞𝐦𝐛𝐞𝐫 𝟏𝟕 (𝟐𝟎𝟏𝟑)၊

𝐆𝐫𝐚𝐧𝐝 𝐓𝐡𝐞𝐟𝐭 𝐀𝐮𝐭𝐨 𝐎𝐧𝐥𝐢𝐧𝐞 (𝟐𝟎𝟏𝟑)
𝐎𝐜𝐭𝐨𝐛𝐞𝐫 𝟏 (𝟐𝟎𝟏𝟑)

𝐆𝐫𝐚𝐧𝐝 𝐓𝐡𝐞𝐟𝐭 𝐀𝐮𝐭𝐨:𝐓𝐡𝐞 𝐓𝐫𝐢𝐥𝐨𝐠𝐲-𝐓𝐡𝐞 𝐃𝐞𝐟𝐢𝐧𝐢𝐭𝐢𝐯𝐞 𝐄𝐝𝐢𝐭𝐢𝐨𝐧
𝐍𝐨𝐯𝐞𝐦𝐛𝐞𝐫 𝟏𝟏 (𝟐𝟎𝟐𝟏)စသဖြင့်ဂိမ်းစီးရီးများစွာ
ထွက်ရှိထားခဲ့ပါတယ်။

𝐆𝐫𝐚𝐧𝐝 𝐓𝐡𝐞𝐟𝐭 𝐀𝐮𝐭𝐨 𝐕𝐈 အနေနဲ့ကတော့အခုလောလောဆယ်မှာ ဂိမ်း 𝐓𝐫𝐚𝐢𝐥𝐞𝐫 တော့ထွက်ရှိထားပြီး𝟐𝟎𝟐𝟓လောက်မှာတရားဝင် ထွက်ရှိမယ်လို့ကြော်ငြာထားပါတယ်။

ဆိုတော့ ထွက်ခဲ့သမျှ 𝗚𝗧𝗔 𝗚𝗮𝗺𝗲 မှန်သမျှကို တစ်ခုချင်း အသေးစိတ်ရေးပေးသွားမှာမို့ စိတ်ဝင်စားတယ်ဆိုရင်တော့ 𝗣𝗮𝗴𝗲 လေးကို 𝗟𝗶𝗸𝗲 𝗔𝗻𝗱 𝗦𝗵𝗮𝗿𝗲 လေးလုပ်ပေးသွားပါဦးနော်။

#𝐤𝐲𝐚𝐭𝐤𝐚𝐥𝐚𝐲 #𝐆𝐓𝐀 #𝐠𝐚𝐦𝐞𝐬

တစ်ချိန်က𝟗𝟎'𝐛𝐨𝐫𝐧တွေရဲ့အသည်းကျော်ပဲလှော်ဖြစ်ခဲ့တဲ့ '𝐝𝐨𝐧𝐤𝐞𝐲 𝐤𝐨𝐧𝐠'ဆိုတာဟာ ဘယ်လို 𝐠𝐚𝐦𝐞မျိုးလဲ?🎉𝐃𝐨𝐧𝐤𝐞𝐲 𝐊𝐨𝐧𝐠ဟာ ဆိုရင် 𝟏𝟗𝟖𝟏ခုနှ...
01/12/2024

တစ်ချိန်က𝟗𝟎'𝐛𝐨𝐫𝐧တွေရဲ့အသည်းကျော်ပဲလှော်ဖြစ်ခဲ့တဲ့ '𝐝𝐨𝐧𝐤𝐞𝐲 𝐤𝐨𝐧𝐠'ဆိုတာဟာ ဘယ်လို 𝐠𝐚𝐦𝐞မျိုးလဲ?🎉

𝐃𝐨𝐧𝐤𝐞𝐲 𝐊𝐨𝐧𝐠ဟာ ဆိုရင် 𝟏𝟗𝟖𝟏ခုနှစ်မှာ 𝐍𝐢𝐧𝐭𝐞𝐧𝐝𝐨 ကနေပြီးစတင် ထုတ်ဝေခဲ့ပြီးတော့ 𝐚𝐫𝐜𝐚𝐝𝐞 𝐠𝐚𝐦𝐞 𝐦𝐚𝐫𝐤𝐞𝐭မှာ𝐍𝐢𝐧𝐭𝐞𝐧𝐝𝐨 𝐜𝐨𝐦𝐩𝐚𝐧𝐲ရဲ့ပထမဆုံးသော အောင်မြင်မှု ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင်ကို 𝐃𝐨𝐧𝐤𝐞𝐲 𝐊𝐨𝐧𝐠 ဟာ လူအကြိုက်အများဆုံးဖြစ်ခဲ့တဲ့ 𝐉𝐮𝐦𝐩𝐦𝐚𝐧 အမည်ရှိ မာရီယိုကိုလည်း မိတ်ဆက်ခဲ့ပါသေးတယ်။

✅𝐆𝐚𝐦𝐞ပုံစံဟာဆိုရင် 𝐩𝐥𝐚𝐲𝐞𝐫 တွေအနေနဲ့ စည်ပိုင်းတွေကို ရှောင်ရှားပြီးတော့ အထက်ကိုတစ်ဆင့်ပြီးတစ်ဆင့် တက်သွားရတဲ့ပုံစံမျိုးပါ။ (𝐔𝐏ဆိုတဲ့ 𝐠𝐚𝐦𝐞နဲ့ဆင်တူပါတယ်။)

✅𝐆𝐚𝐦𝐞လောကရဲ့ 𝐜𝐮𝐥𝐭𝐮𝐫𝐚𝐥 𝐢𝐦𝐩𝐚𝐜𝐭အနေနဲ့ 𝐃𝐨𝐧𝐤𝐞𝐲 𝐊𝐨𝐧𝐠 ဟာ 𝟏𝟗𝟖𝟎 ခုနှစ်တွေအတွင်းမှာ 𝐚𝐫𝐜𝐚𝐝𝐞ဂိမ်း‌ေတွကိုလူကြိုက်များစေခဲ့တဲ့အပြင်𝐈M𝐃𝐏 𝟓.𝟒 အထိရရှိခဲ့ 𝐃𝐨𝐧𝐤𝐞𝐲 𝐊𝐨𝐧𝐠 𝐂𝐨𝐮𝐧𝐭𝐫𝐲 (𝟏𝟗𝟗𝟕-𝟐𝟎𝟎𝟎)ဆိုတဲ့ 𝐜𝐚𝐫𝐭𝐨𝐨𝐧 𝐬𝐞𝐫𝐢𝐞𝐬 တစ်ခုပါထွက်ရှိခဲ့ပါသေးတယ်။

✅𝐒𝐞𝐪𝐮𝐞𝐧𝐜𝐞 𝐬𝐞𝐫𝐢𝐞𝐬 အနေနဲ့ 𝐃𝐨𝐧𝐤𝐞𝐲 𝐊𝐨𝐧𝐠 𝐉𝐮𝐧𝐢𝐨𝐫 (𝟏𝟗𝟖𝟐) နဲ့ 𝐃𝐨𝐧𝐤𝐞𝐲 𝐊𝐨𝐧𝐠 𝟑 (𝟏𝟗𝟖𝟑) တွေကိုပါဖြန့်ချီခဲ့ပါတယ်။ 𝟏𝟗𝟗𝟒 ခုနှစ်မှာဆိုရင် 𝐒𝐮𝐩𝐞𝐫 𝐍𝐢𝐧𝐭𝐞𝐧𝐝𝐨 အတွက် 𝐃𝐨𝐧𝐤𝐞𝐲 𝐊𝐨𝐧𝐠 𝐂𝐨𝐮𝐧𝐭𝐫𝐲 စီးရီးကို ပြန်လည်အသက်သွင်းခဲ့ပြီးတော့ 𝐔𝐩𝐝𝐚𝐭𝐞 𝐠𝐫𝐚𝐩𝐡𝐢𝐜𝐬 𝐚𝐧𝐝 𝐠𝐚𝐦𝐞 𝐫𝐮𝐥𝐞𝐬တွေနဲ့အတူ 𝐃𝐨𝐧𝐤𝐞𝐲 𝐊𝐨𝐧𝐠ရဲ့ 𝐠𝐚𝐦𝐞 𝐢𝐧𝐝𝐮𝐬𝐭𝐫𝐲အတွင်းရပ်တည်မှုကို ခိုင်မာစေခဲ့ပါတယ်။

✅𝐃𝐨𝐧𝐤𝐞𝐲 𝐊𝐨𝐧𝐠 𝟔𝟒၊ 𝐃𝐨𝐧𝐤𝐞𝐲 𝐊𝐨𝐧𝐠: 𝐉𝐮𝐧𝐠𝐥𝐞 𝐁𝐞𝐚𝐭 နှင့် 𝐃𝐨𝐧𝐤𝐞𝐲 𝐊𝐨𝐧𝐠 𝐂𝐨𝐮𝐧𝐭𝐫𝐲 𝐑𝐞𝐭𝐮𝐫𝐧𝐬 အစရှိတဲ့ စီးရီးများမှာပါဝင်တဲ့ 𝐜𝐡𝐚𝐫𝐚𝐜𝐭𝐞𝐫 တွေဟာဆိုရင် 𝐚𝐜𝐭𝐢𝐯𝐞 𝐩𝐞𝐫𝐟𝐨𝐫𝐦𝐚𝐧𝐜𝐞 တွေ၊ ဆွဲဆောင်မှုရှိသော 𝐩𝐥𝐚𝐭𝐟𝐨𝐫𝐦𝐢𝐧𝐠 𝐠𝐚𝐦𝐞𝐩𝐥𝐚𝐲 တွေကြောင့် 𝐍𝐢𝐧𝐭𝐞𝐧𝐝𝐨 𝐜𝐨𝐦𝐩𝐚𝐧𝐲ရဲ့ 𝐦𝐚𝐢𝐧 𝐜𝐡𝐚𝐫𝐚𝐜𝐭𝐞𝐫အဖြစ် ကျန်ရှိနေပါတယ်။
ဒါကြောင့်ပဲ 𝐃𝐨𝐧𝐤𝐞𝐲 𝐤𝐨𝐧𝐠ရဲ့ 𝐥𝐞𝐠𝐚𝐜𝐲 တွေဟာ 𝟏𝟗𝟗𝟎ပြည့်နှစ်တွေအတွင်းမှာ 𝟗𝟎' 𝐛𝐨𝐫𝐧 𝐠𝐚𝐦𝐞𝐫 တွေအတွက် 𝐆𝐚𝐦𝐞 𝐤𝐢𝐧𝐠ဖြစ်လာခဲ့တာပါ။

နောက်ထပ်လည်း 𝐠𝐚𝐦𝐞 𝐢𝐧𝐝𝐮𝐬𝐭𝐫𝐲တွေနဲ့ လတ်တလောခေတ်စားနေတဲ့ 𝐠𝐚𝐦𝐞တွေအကြောင်းကို 𝐫𝐞𝐯𝐢𝐞𝐰ပေးသွားအုံးမှာမလို့ 𝐩𝐚𝐠𝐞လေးကို 𝐥𝐢𝐤𝐞 𝐚𝐧𝐝 𝐟𝐨𝐥𝐥𝐨𝐰 လေးလုပ်ခဲ့ပါဦး။


“Game လောကရဲ့စတင်ရာ”လူနှစ်ယောက် ဖန်သားပြင်ပေါ်မှာ ကစားရတဲ့ 𝐭𝐞𝐧𝐧𝐢𝐬 ဂိမ်း 𝐓𝐞𝐧𝐧𝐢𝐬 𝐟𝐨𝐫 𝐓𝐰𝐨 𝐯𝐢𝐝𝐞𝐨𝐬 𝐠𝐚𝐦𝐞 ဟာ 𝐯𝐢𝐝𝐞𝐨 𝐠𝐚𝐦𝐞𝐬 တွေစတင...
30/11/2024

“Game လောကရဲ့စတင်ရာ”

လူနှစ်ယောက် ဖန်သားပြင်ပေါ်မှာ ကစားရတဲ့ 𝐭𝐞𝐧𝐧𝐢𝐬 ဂိမ်း 𝐓𝐞𝐧𝐧𝐢𝐬 𝐟𝐨𝐫 𝐓𝐰𝐨 𝐯𝐢𝐝𝐞𝐨𝐬 𝐠𝐚𝐦𝐞 ဟာ 𝐯𝐢𝐝𝐞𝐨 𝐠𝐚𝐦𝐞𝐬 တွေစတင်ရာလို့ ပြောရပါမယ်။

𝟏𝟗𝟓𝟖 𝐎𝐜𝐭𝐨𝐛𝐞𝐫 𝟏𝟖 ရက်‌နေ့မှာ 𝐁𝐫𝐨𝐨𝐤𝐡𝐚𝐯𝐞𝐧 𝐍𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐋𝐚𝐛𝐨𝐫𝐚𝐭𝐨𝐫𝐲 ကကျင်းပတဲ့ ပြည်သူ့ပြခန်းမှာ ပွဲတက်ရောက်နေသူတွေ တစ်ဦးနဲ့ တစ်ဦး အလွယ်တကူ ရင်းနှီးမှု ရစေရန် 𝐃𝐫. 𝐖𝐢𝐥𝐥𝐢𝐚𝐦 “𝐖𝐢𝐥𝐥𝐲” 𝐇𝐢𝐠𝐢𝐧𝐛𝐨𝐭𝐡𝐚𝐦 က ဂိမ်းတစ်ခု စတင်တီထွင်ဖို့အကြံ ထုတ်ခဲ့ပါတယ်။

၎င်း အကြံကနေပဲ 𝐯𝐢𝐝𝐞𝐨 𝐠𝐚𝐦𝐞𝐬 တွေဟာ တစ်စတစ်စ တိုးတက်လာပါတယ်။

𝐓𝐞𝐧𝐧𝐢𝐬 𝐟𝐨𝐫 𝐓𝐰𝐨 ဂိမ်းဟာ ကစားသမားနှစ်ယောက် ထိန်းချုပ်ခလုတ်တစ်ခုစီနဲ့ ဖန်သားပြင်ပေါ်မှာ 𝐭𝐞𝐧𝐧𝐢𝐬 ဆော့ရတာဖြစ်ပါတယ် ။

အလုံးလေးတစ်လုံးနဲ့ မျဥ်းနှစ်ကြောင်းပဲ ပါတဲ့ 𝐆𝐚𝐦𝐞 လေးပေါ့။

အခုခေတ်မှာတော့ 𝐯𝐢𝐝𝐞𝐨 𝐠𝐚𝐦𝐞𝐬 တွေဟာ တော်တော်လေး အဆင့်မြင့်လာပါတယ်။ အပြင်ကအတိုင်း ခံစား ကြည့်ရှုနိုင်လာတယ်။ နာရီပေါင်းများစွာ ထိုင်ဆော့ချင်လောက်အောင် ဆွဲဆောင်နိုင်တယ်။ ဒီလို အဆင့်မမြင့်ခင် ကနဦးမှာ စတင်ခဲ့တဲ့ 𝐯𝐢𝐝𝐞𝐨 𝐠𝐚𝐦𝐞𝐬 တွေဟာ ထူးထူးဆန်းဆန်းမဟုတ်ပင်မဲ့ ၎င်း 𝐆𝐚𝐦𝐞တွေ ကြောင့်ပဲ ယနေ့ခေတ် 𝐀𝐀𝐀 𝐆𝐚𝐦𝐞 တွေ ပေါ်ထွက်လာခဲ့တာကြောင့် အစကောင်းခဲ့တယ်လို့ ဆိုနိုင်ပါတယ်။

သမိုင်းတစ်လျှောက် အောင်မြင်ခဲ့တဲ့ 𝐕𝐢𝐝𝐞𝐨 𝐠𝐚𝐦𝐞𝐬 တွေအများကြီးထဲကမှ လူကြိုက်အများဆုံး 𝐯𝐢𝐝𝐞𝐨 𝐠𝐚𝐦𝐞𝐬 လေးတွေကို ဒီကနေ့ပြောပြပေးပါမယ်။

𝐏𝐨𝐧𝐠 (𝟏𝟗𝟕𝟐)
ဖန်သားပြင်ပေါ်မှာ ကစားရတဲ့ 𝐓𝐚𝐛𝐥𝐞 𝐓𝐞𝐧𝐧𝐢𝐬 ဂိမ်းလေးပါ။

𝐒𝐩𝐚𝐜𝐞 𝐈𝐧𝐯𝐚𝐝𝐞𝐫𝐬 (𝟏𝟗𝟕𝟖)
ဒီဂိမ်းကတော့ 𝐚𝐥𝐢𝐞𝐧𝐬 တွေကိုလေဆာနဲ့လိုက်ပစ်ရတာမျိုးပါ။

𝐏𝐚𝐜-𝐌𝐚𝐧 (𝟏𝟗𝟖𝟎)
𝐆𝐡𝐨𝐬𝐭 လေးတွေကိုရှောင်ပြီး အစာလေးတွေကို လိုက်စားရင်း အမှတ်ယူရတဲ့ ဂိမ်းလေးပါ

𝐒𝐮𝐩𝐞𝐫 𝐌𝐚𝐫𝐢𝐨 𝐁𝐫𝐨𝐬 (𝟏𝟗𝟖𝟓)
မသိတဲ့သူမရှိတဲ့ ပိုက်ပြင်သမားလေးရဲ့စွန့်စားခန်းတွေကို ကိုယ်တိုင်ကစားရမယ့်ဂိမ်းလေးပါ။

𝐓𝐡𝐞 𝐋𝐞𝐠𝐞𝐧𝐝 𝐨𝐟 𝐙𝐞𝐥𝐝𝐚 (𝟏𝟗𝟖𝟔)
ဒီဂိမ်းကတော့𝐋𝐢𝐧𝐤 ဆိုတဲ့ကောင်လေးအနေနဲ့ စွန့်စားခန်းတွေ ဖွင့်ရမယ့် ဂိမ်းလေးပါ။

𝐆𝐚𝐦𝐞 တွေရဲ့ သမိုင်းနဲ့ အသေးစိတ်တွေကိုလည်း ပြောပြပေးဖို့ ရှိတာမို့ ကိုယ်သိချင်တဲ့ 𝐆𝐚𝐦𝐞 လေးတွေ ရှိရင် 𝐂𝐨𝐦𝐦𝐞𝐧𝐭 မှာ ပြောသွားပေးလို့ရပါတယ်။

ပြီးတော့ ဒီလို လူကြိုက်များ ရေပန်းစားပြီး အတိတ်ကို ပြန်လည်အမှတ်ရနေစေမဲ့ 𝐆𝐚𝐦𝐞 လေးတွေရဲ့အသေးစိတ်အချက်အလက်လေးတွေကိုလည်း အများကြီး တင်ပေးသွားဦးမှာမို့ 𝐏𝐚𝐠𝐞 လေးကို 𝐋𝐢𝐤𝐞 𝐚𝐧𝐝 𝐟𝐨𝐥𝐥𝐨𝐰 လေးလုပ်ပေးသွားပါဦးနော်။

𝐌𝐚𝐫𝐢𝐨 𝐩𝐚𝐫𝐭 𝟐ဟောင်းပေမဲ့ကောင်းနေဆဲဖြစ်တဲ့ 𝐒𝐮𝐩𝐞𝐫 𝐌𝐚𝐫𝐢𝐨 𝐠𝐚𝐦𝐞ရဲ့အောင်မြင်မှုများ𝐒𝐮𝐩𝐞𝐫 𝐌𝐚𝐫𝐢𝐨 𝐁𝐫𝐨𝐬ရဲ့ 𝐠𝐚𝐦𝐞တွေဟာဆိုရင် တိကျသေချ...
29/11/2024

𝐌𝐚𝐫𝐢𝐨 𝐩𝐚𝐫𝐭 𝟐

ဟောင်းပေမဲ့ကောင်းနေဆဲဖြစ်တဲ့ 𝐒𝐮𝐩𝐞𝐫 𝐌𝐚𝐫𝐢𝐨 𝐠𝐚𝐦𝐞ရဲ့အောင်မြင်မှုများ

𝐒𝐮𝐩𝐞𝐫 𝐌𝐚𝐫𝐢𝐨 𝐁𝐫𝐨𝐬ရဲ့ 𝐠𝐚𝐦𝐞တွေဟာဆိုရင် တိကျသေချာမှု ၊ ဆန်းသစ်တဲ့ ဒီဇိုင်းနဲ့ 𝐆𝐚𝐦𝐞𝐫တွေရဲ့ နှလုံးသားကို ဖမ်းစားနိုင်တာကြောင့် ဆယ်စုနှစ်များစွာအတွင်းမှာ အရောင်းရဆုံး 𝐕𝐢𝐝𝐞𝐨 𝐆𝐚𝐦𝐞ဖြစ်လာခဲ့ပါတယ်။ ဒါကြောင့်လည်း 𝐒𝐮𝐩𝐞𝐫 𝐌𝐚𝐫𝐢𝐨ဟာဆိုရင် 𝐍𝐢𝐧𝐭𝐞𝐧𝐝𝐨 𝐜𝐨𝐦𝐩𝐚𝐧𝐲ရဲ့ 𝐭𝐨𝐩 𝐥𝐢𝐬𝐭မှာနှစ်ပေါင်းများစွာ ရပ်တည်နိုင်ခဲ့တာပါ။

𝐌𝐚𝐫𝐢𝐨 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐞 (𝟏𝟗𝟖𝟖-𝟏𝟗𝟗𝟔)

𝐒𝐮𝐩𝐞𝐫 𝐌𝐚𝐫𝐢𝐨 𝐁𝐫𝐨𝐬အောင်မြင်မှုပြီးနောက်မှာဆိုရင် 𝐌𝐚𝐫𝐢𝐨ဟာ 𝐬𝐞𝐪𝐮𝐞𝐧𝐜𝐞တွေကို ဆက်လက်ထုတ်ဝေခဲ့ပြီး 𝟏𝟗𝟖𝟖 ခုနှစ်မှာဆိုရင် 𝐒𝐮𝐩𝐞𝐫 𝐌𝐚𝐫𝐢𝐨 𝐁𝐫𝐨𝐬. 𝟑ဟာကမ္ဘာ့မြေပုံစနစ်နဲ့ အဆင့်မြင့်ဒီဇိုင်းပုံစံ တွေဖြစ်တဲ့ 𝐒𝐮𝐩𝐞𝐫 𝐋𝐞𝐚𝐟 နှင့် 𝐓𝐚𝐧𝐨𝐨𝐤𝐢 𝐒𝐮𝐢𝐭 များကို မိတ်ဆက်ပေးခဲ့ပါတယ်။ ဒါကြောင့်ပဲ ဒီဂိမ်းဟာ စီးပွားရေးအရအောင်မြင်မှုတစ်ခုဖြစ်လာပြီး အကြီးကျယ်ဆုံးဂိမ်းတစ်ခုအဖြစ် အချိန်ကြာမြင့်စွာ သတ်မှတ်ခံထားရပါတယ်။

𝟏𝟗𝟗𝟎ခုနှစ်မှာထွက်ရှိတဲ့ 𝐒𝐮𝐩𝐞𝐫 𝐍𝐢𝐧𝐭𝐞𝐧𝐝𝐨 𝐄𝐧𝐭𝐞𝐫𝐭𝐚𝐢𝐧𝐦𝐞𝐧𝐭 𝐒𝐲𝐬𝐭𝐞𝐦 (𝐒𝐍𝐄𝐒) အတွက် 𝐒𝐮𝐩𝐞𝐫 𝐌𝐚𝐫𝐢𝐨 𝐖𝐨𝐫𝐥𝐝 မှာဆိုရင် 𝐘𝐨𝐬𝐡𝐢ဆိုတဲ့ 𝐌𝐚𝐫𝐢𝐨 ရဲ့ဒိုင်နိုဆော𝐩𝐚𝐫𝐭𝐧𝐞𝐫 ထည့်သွင်းခဲ့ပြီး 𝐩𝐥𝐚𝐭𝐟𝐨𝐫𝐦𝐢𝐧𝐠 အတွေ့အကြုံကို ထပ်မံဆန်းသစ်ခဲ့ပါတယ်။ ဒါဟာဆိုရင်𝐍𝐄𝐒ရဲ့ပိုပြီးတိုးတက် ကောင်းမွန်တဲ့ 𝐆𝐫𝐚𝐩𝐡𝐢𝐜နဲ့ အသံစွမ်းရည် ကို ပြသနိုင်ခဲ့ခြင်းဖြစ်ပြီး အကျိုးအမြတ်အများအပြားလည်း ရရှိခဲ့ပြန်ပါတယ်။

𝟏𝟗𝟗𝟔 ခုနှစ်မှာဆိုရင်တော့ 𝐌𝐚𝐫𝐢𝐨 ဟာ 𝐍𝐢𝐧𝐭𝐞𝐧𝐝𝐨 𝟔𝟒 အတွက် 𝐒𝐮𝐩𝐞𝐫 𝐌𝐚𝐫𝐢𝐨 𝟔𝟒 အမည်နဲ့ 𝟑𝐃 𝐢𝐧𝐝𝐮𝐬𝐭𝐫𝐲 ကိုဝင်ရောက်လာခဲ့ပါတယ် ။ 𝐒𝐮𝐩𝐞𝐫 𝐌𝐚𝐫𝐢𝐨 𝟔𝟒 ဟာ𝟑𝐃 𝐩𝐥𝐚𝐭𝐟𝐨𝐫𝐦 တွေအတွက် 𝐬𝐭𝐚𝐧𝐝𝐚𝐫𝐝 တစ်ခု ဖြစ်လာခဲ့ပြီးဆန်းသစ်တဲ့ 𝟑 𝐃𝐢𝐦𝐞𝐧𝐬𝐢𝐨𝐧𝐚𝐥 𝐒𝐩𝐚𝐜𝐞 𝐯𝐢𝐬𝐮𝐚𝐥 ကိုပထမဆုံးစတင်သုံးစွဲခဲ့တာကြောင့် 𝐠𝐚𝐦𝐢𝐧𝐠 𝐢𝐧𝐝𝐮𝐬𝐭𝐫𝐲 အတွက် 𝟑𝐃 𝐫𝐞𝐯𝐨𝐥𝐮𝐭𝐢𝐨𝐧 ကို ဖော်ဆောင်ပေးခဲ့ပါတယ်။ 𝐎𝐩𝐞𝐧𝐢𝐧𝐠 𝐥𝐨𝐨𝐤𝐬ရဲ့ 𝐝𝐞𝐬𝐢𝐠𝐧ဟာဆိုရင် 𝐜𝐡𝐚𝐫𝐚𝐜𝐭𝐞𝐫ရဲ့လှုပ်ရှားမှုတွေကို တိတိကျကျထိန်းချုပ်နိုင်တဲ့အတွက်ကြောင့် 𝐌𝐚𝐫𝐢𝐨ရဲ့ 𝐛𝐨𝐝𝐲 𝐦𝐨𝐯𝐞𝐬လေ့ကျင့်ခန်းတွေနဲ့အတူ အနာဂတ် 𝟑𝐃 𝐠𝐚𝐦𝐞 များအတွက် 𝐟𝐨𝐫𝐦𝐚𝐭 ပုံစံတစ်ခု ဖြစ်လာခဲ့ပါတယ်။

𝐌𝐚𝐫𝐢𝐨 𝐊𝐚𝐫𝐭 နှင့် 𝐒𝐩𝐢𝐧-𝐨𝐟𝐟𝐬 ဆိုတဲ့ 𝐦𝐚𝐢𝐧 𝐬𝐞𝐫𝐢𝐞𝐬တွေနဲ့အတူ 𝐬𝐞𝐪𝐮𝐞𝐧𝐜𝐞𝐬 တွေကို 𝐠𝐚𝐦𝐞 𝐭𝐲𝐩𝐞𝐬 အမျိုးမျိုးအတွက် တိုးချဲ့ခဲ့ပြီး အအောင်မြင်ဆုံးတစ်ခုက တော့ 𝐒𝐮𝐩𝐞𝐫 𝐌𝐚𝐫𝐢𝐨 𝐊𝐚𝐫𝐭 (𝟏𝟗𝟗𝟐) ဖြစ်ပြီး 𝐌𝐚𝐫𝐢𝐨 𝐟𝐫𝐚𝐧𝐜𝐡𝐢𝐬𝐞 အတွက် 𝐤𝐚𝐫𝐭 𝐫𝐚𝐜𝐢𝐧𝐠 ကို စတင်မိတ်ဆက်‌ေပးခဲ့ပါတယ်။ သံစုံတေးသွားတွေနဲ့ ဖရိုဖရဲဖြစ်နေတဲ့ 𝐢𝐭𝐞𝐦-𝐛𝐚𝐬𝐞𝐝 ဂိမ်းများဟာဆိုရင် ပရိသတ်အကြိုက်ဖြစ်လာပြီး 𝐍𝐢𝐧𝐭𝐞𝐧𝐝𝐨ရဲ့ ဝင်ငွေအကောင်းဆုံး 𝐠𝐚𝐦𝐞 𝐬𝐞𝐫𝐢𝐞𝐬 တစ်ခုအဖြစ် ဆက်လက်ရပ်တည်ခဲ့ပါတယ်။

အခြားသော 𝐠𝐚𝐦𝐞များမှာဆိုရင် 𝐌𝐚𝐫𝐢𝐨 𝐏𝐚𝐫𝐭𝐲 (ကစားသူအများအပြားပါဝင်သော ဘုတ်ဂိမ်း)၊ 𝐏𝐚𝐩𝐞𝐫 𝐌𝐚𝐫𝐢𝐨 (𝐑𝐏𝐆 စီးရီး) နှင့် 𝐌𝐚𝐫𝐢𝐨 𝐓𝐞𝐧𝐧𝐢𝐬 တို့ပါဝင်ပြီးတော့ တစ်ခုစီဟာဆိုရင် 𝐜𝐡𝐚𝐫𝐚𝐜𝐭𝐞𝐫တွေရဲ့ မတူညီတဲ့လွှမ်းမိုးမှုကို ဖြစ်ပေါ်စေခဲ့ပါတယ်။

မာရီယို၏ ဆက်လက်အောင်မြင်မှု (၂၀၀၀-ခုနှစ်)

𝟐𝟎𝟎𝟎ပြည်နှစ်နှောင်းပိုင်းအထိတောင် 𝐌𝐚𝐫𝐢𝐨 ဟာ 𝐠𝐚𝐦𝐢𝐧𝐠 𝐢𝐧𝐝𝐮𝐬𝐭𝐫𝐲ရဲ့ 𝐦𝐚𝐢𝐧 𝐜𝐡𝐚𝐫𝐚𝐜𝐭𝐞𝐫အနေနဲ့ ဆက်လက်ရပ်တည်ခဲ့ပါတယ်။ 𝐍𝐢𝐧𝐭𝐞𝐧𝐝𝐨 𝐖𝐢𝐢 အတွက် 𝐒𝐮𝐩𝐞𝐫 𝐌𝐚𝐫𝐢𝐨 𝐆𝐚𝐥𝐚𝐱𝐲 စီးရီး (𝟐𝟎𝟎𝟕 နှင့် 𝟐𝟎𝟏𝟎) ဟာ မာရီယိုအား လုံးပတ်ကမ္ဘာတွေ ၊ဂိမ်းစက်အသစ်တွေ ကို စူးစမ်းလေ့လာနိုင်မယ့် 𝐞𝐱𝐩𝐥𝐨𝐫𝐢𝐧𝐠 𝐬𝐩𝐚𝐜𝐞 𝐭𝐲𝐩𝐞 𝐠𝐚𝐦𝐞 ကိုမိတ်ဆက်ပေးခဲ့ပါတယ်။ 𝐍𝐢𝐧𝐭𝐞𝐧𝐝𝐨 𝐒𝐰𝐢𝐭𝐜𝐡 အတွက် 𝐒𝐮𝐩𝐞𝐫 𝐌𝐚𝐫𝐢𝐨 𝐎𝐝𝐲𝐬𝐬𝐞𝐲 (𝟐𝟎𝟏𝟕) ဟာ 𝐒𝐮𝐩𝐞𝐫 𝐌𝐚𝐫𝐢𝐨 𝟔𝟒 ပုံစံမျိုးနဲ့ 𝐨𝐩𝐞𝐧-𝐰𝐨𝐫𝐥𝐝 𝐩𝐥𝐚𝐭𝐟𝐨𝐫𝐦𝐢𝐧𝐠 ကိုပြန်လည်ရောက်ရှိလာပြီး 𝐠𝐚𝐦𝐞𝐫 တွေအတွက် 𝐢𝐦𝐚𝐠𝐢𝐧𝐚𝐭𝐢𝐨𝐧 တွေပြန်လည်အသက်ဝင်လာခဲ့ပါတယ်။

𝐌𝐚𝐫𝐢𝐨 ဟာဆိုရင် 𝐠𝐚𝐦𝐞 𝐜𝐡𝐚𝐫𝐚𝐜𝐭𝐞𝐫 မျှသာမဟုတ်ဘဲနဲ့ 𝐩𝐨𝐩 𝐢𝐧𝐝𝐮𝐬𝐭𝐫𝐲 ယဉ်ကျေးမှုအတွက် 𝐢𝐜𝐨𝐧 တစ်ခုဖြစ်လာခဲ့ပါတယ်။ နှစ်ပေါင်းများစွာအတွင်း မာရီယိုဟာဆိုရင် 𝐜𝐚𝐫𝐭𝐨𝐨𝐧𝐬၊ 𝐩𝐢𝐜𝐭𝐮𝐫𝐞𝐬၊ 𝐩𝐫𝐨𝐝𝐮𝐜𝐭𝐬 တွေအပြင်ကို မှ 𝐦𝐨𝐯𝐢𝐞𝐬 တွေမှာတောင်ပါဝင်ခဲ့ပါတယ်။ 𝐂𝐡𝐚𝐫𝐚𝐜𝐭𝐞𝐫ရဲ့ လက်သုံးစကားဟာ“𝐓𝐡𝐚𝐭'𝐬 𝐦𝐞, 𝐌𝐚𝐫𝐢𝐨” ဆိုတာနဲ့ချက်ခြင်းမှတ်မိနိုင်ပြီး 𝐆𝐚𝐦𝐢𝐧𝐠 𝐢𝐧𝐝𝐮𝐬𝐭𝐫𝐲 အပေါ် သြဇာလွှမ်းမိုးမှုမှာဆိုရင် နတ်ဘုရားတစ်ပါးသဖွယ်ဖြစ်ခဲ့ပါတယ်။ 𝐌𝐚𝐫𝐢𝐨ဟာဆိုရင် 𝐍𝐢𝐧𝐭𝐞𝐧𝐝𝐨ရဲ့ လက်စွဲတော် ဖြစ်လာခဲ့ပြီးတော့ ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ မရေမတွက်နိုင်တဲ့ 𝐆𝐚𝐦𝐢𝐧𝐠 𝐝𝐞𝐬𝐢𝐠𝐧𝐞𝐫တွေအတွက် လှုံ့ဆော်မှုများစွာ ပေးခဲ့ပါတယ်။

𝐌𝐚𝐫𝐢𝐨ရဲ့ 𝐠𝐚𝐦𝐢𝐧𝐠 𝐢𝐧𝐝𝐮𝐬𝐭𝐫𝐲အတွင်း ရပ်တည်နိုင်မှုဟာဆိုရင် အကောင်းဆုံးအရည်အသွေးတွေနဲ့အဆက်မပြတ် ဆန်းသစ်တီထွင်မှုများကြောင့် ဖြစ်ပြီး 𝟐𝐃 ၊𝟑𝐃 𝐌𝐚𝐫𝐢𝐨 ဂိမ်းများဟာ 𝐡𝐢𝐠𝐡 𝐪𝐮𝐚𝐥𝐢𝐭𝐲 𝐠𝐚𝐦𝐞𝐫ကိုမှ ကြိုက်တဲ့ 𝐆𝐚𝐦𝐞𝐫တွေအတွက် 𝐛𝐞𝐬𝐭 𝐩𝐞𝐫𝐟𝐨𝐫𝐦𝐚𝐧𝐜𝐞 အတွေ့အကြုံများကို အမြဲမပြတ်ရရှိစေပါတယ်။

𝐃𝐨𝐧𝐤𝐞𝐲 𝐊𝐨𝐧𝐠 မှာ 𝐉𝐮𝐦𝐩𝐦𝐚𝐧 အဖြစ် စတင်ခဲ့ 𝐌𝐚𝐫𝐢𝐨 𝐠𝐚𝐦𝐞ဟာ လက်ရှိမှာဆိုရင် 𝐆𝐥𝐨𝐛𝐚𝐥 𝐠𝐚𝐦𝐞 𝐢𝐜𝐨𝐧 ဖြစ်လာခဲ့ပြီး 𝐌𝐚𝐫𝐢𝐨 ရဲ့ ရပ်တည်နိုင်မှုဟာ 𝐠𝐚𝐦𝐢𝐧𝐠 𝐢𝐧𝐝𝐮𝐬𝐭𝐫𝐲 အတွက်တီထွင်ဖန်တီးနိုင်မှုနဲ့ ခေတ်မီဆန်းသစ်မှုတို့ရဲ့အရေးကြီးပုံကို သက်သေပြခဲ့ပါတယ်။ 𝐌𝐚𝐫𝐢𝐨ဟာ 𝐍𝐢𝐧𝐭𝐞𝐧𝐝𝐨သမိုင်းရဲ့ 𝐆𝐨𝐥𝐝𝐞𝐧 𝐚𝐠𝐞တစ်ခုဖြစ်ခဲ့ပြီး 𝐆𝐚𝐦𝐢𝐧𝐠 𝐢𝐧𝐝𝐮𝐬𝐭𝐫𝐲 အတွက် ဖျောက်ဖျက်မရတဲ့အမှတ်အသားတစ်ခုဖြစ်ခဲ့ပြီးတော့ 𝐆𝐚𝐦𝐞𝐫တွေနဲ့ 𝐆𝐚𝐦𝐞 𝐝𝐞𝐯𝐞𝐥𝐨𝐩𝐞𝐫တွေအပေါ်လွှမ်းမိုးမှုများစွာဖြစ်စေခဲ့ပါတယ်။

ဖတ်ရှုပေးခဲ့တဲ့အတွက် ကျေးဇူးအများကြီးတင်ရှိပါတယ်။ ဒါလေးကတော့ 𝐠𝐥𝐨𝐛𝐚𝐥 𝐠𝐚𝐦𝐞 𝐢𝐜𝐨𝐧 တစ်ခုဖြစ်တဲ့ 𝐒𝐮𝐩𝐞𝐫 𝐌𝐚𝐫𝐢𝐨အကြောင်းလေးပဲဖြစ်ပါတယ်။ နောက်ထပ်လည်း 𝐆𝐚𝐦𝐢𝐧𝐠 𝐢𝐧𝐝𝐮𝐬𝐭𝐫𝐲 ရဲ့စိတ်ဝင်စားဖွယ်များကို တင်ဆက်ပေးအုံးမှာဖြစ်လို့ 𝐥𝐢𝐤𝐞 & 𝐟𝐨𝐥𝐥𝐨𝐰လေး လုပ်ခဲ့ပေးကြပါဦးနော်။

, , ,
, ,

သင်သိပါသလား ။ လူငယ်တွေကော ၊ လူကြီးတွေကော အရမ်းကြိုက်ခဲ့ကြပြီး အောင်မြင်မှုများစွာ ရရှိခဲ့တဲ့ 𝐌𝐚𝐫𝐢𝐨 ဟာ တကယ်တော့ အဓိက ဇာတ်...
28/11/2024

သင်သိပါသလား ။

လူငယ်တွေကော ၊ လူကြီးတွေကော အရမ်းကြိုက်ခဲ့ကြပြီး အောင်မြင်မှုများစွာ ရရှိခဲ့တဲ့ 𝐌𝐚𝐫𝐢𝐨 ဟာ တကယ်တော့ အဓိက ဇာတ်ကောင် မဟုတ်ခဲ့ဘူးဆိုတာ ။

ဟုတ်ပါတယ်။ 𝐌𝐚𝐫𝐢𝐨ကို စတင်ရေးဆွဲခဲ့တုန်းက အဓိက ဇာတ်ကောင်အနေနဲ့ ရေးဆွဲခဲ့တာမဟုတ်ပဲ အနီရောင်
ဦးထုပ်လေးနဲ့ အရံဇာတ်ကောင် လက်သမားလေး အဖြစ်သာ ရေးဆွဲခဲ့တာပါ။

အရံဇာတ်ကောင်လို့ ဘာကြောင့်ပြောတာလဲ ရှင်းမပြခင်မှာ 𝐌𝐚𝐫𝐢𝐨ရဲ့ သမိုင်းကြောင်းလေး နည်းနည်းပြောပြချင်ပါတယ်။

𝐌𝐚𝐫𝐢𝐨 ဇာတ်ကောင်ကို ဂျပန်လူမျိုး 𝐠𝐚𝐦𝐞 𝐝𝐞𝐬𝐢𝐠𝐧𝐞𝐫 တစ်ဦးဖြစ်တဲ့ 𝐒𝐡𝐢𝐠𝐞𝐫𝐮 𝐌𝐢𝐲𝐚𝐦𝐨𝐭𝐨 က 𝐍𝐢𝐧𝐭𝐞𝐧𝐝𝐨 အတွက်ရေးဆွဲပေးခဲ့တာပါ။

ဒီဇာတ်ကောင်လေးဟာ 𝐍𝐢𝐧𝐭𝐞𝐧𝐝𝐨 ဆိုတာနဲ့ 𝐌𝐚𝐫𝐢𝐨 ဆိုတာမျိုး ပြေးမြင်ရလောက်ထိ ဆွဲဆောင်မှု ရှိခဲ့ပြီး 𝐍𝐢𝐧𝐭𝐞𝐧𝐝𝐨 ရဲ့ 𝐠𝐚𝐦𝐢𝐧𝐠 𝐢𝐧𝐝𝐮𝐬𝐭𝐫𝐲 ကို အဓိက ပုံဖော်ပေးခဲ့တဲ့ ဇာတ်ကောင်လေးဆိုလဲ မမှားပါဘူး။

ဆယ်စုနှစ် တစ်ခုတိုင်အောင် မ‌ေရမတွက်နိုင်တဲ့ 𝐠𝐚𝐦𝐞 တွေထဲမှာ အဓိက ဇာတ်ကောင်အနေနဲ့ အသုံးပြုကြတဲ့အထိ အောင်မြင်ခဲ့တာပါ။ 𝐩𝐥𝐚𝐭𝐟𝐨𝐫𝐦𝐞𝐫𝐬 , 𝐫𝐚𝐜𝐢𝐧𝐠 နဲ့ 𝐫𝐨𝐥𝐞-𝐩𝐥𝐚𝐲𝐢𝐧𝐠 စသဖြင့် အစုံ ထွက်ရှိခဲ့ပါတယ်။

ဒီလို 𝐆𝐚𝐦𝐞 တွေ အများကြီးရဲ့ အဓိက ဇာတ်ကောင်လေးကို ဘာကြောင့် အရံဇာတ်ကောင်လို့ ပြောရသလဲဆိုတာလေးကို ဆက်ကြတာပေါ့။

𝐉𝐮𝐦𝐩𝐦𝐚𝐧 𝐚𝐧𝐝 "𝐃𝐨𝐧𝐤𝐞𝐲 𝐊𝐨𝐧𝐠" (𝟏𝟗𝟖𝟏)

𝐌𝐚𝐫𝐢𝐨 ကို ပွဲဦးထွက် မိတ်ဆက်ခဲ့တဲ့ 𝐠𝐚𝐦𝐞 ကတော့ 𝐚𝐫𝐜𝐚𝐝𝐞 𝐠𝐚𝐦𝐞 တစ်ခုဖြစ်တဲ့ 𝐃𝐨𝐧𝐤𝐞𝐲 𝐊𝐨𝐧𝐠 (𝟏𝟗𝟖𝟏) ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အဓိက ဇာတ်ဆောင်အနေနဲ့ မဟုတ်ပဲ ၎င်း 𝐠𝐚𝐦𝐞ရဲ့ 𝐬𝐮𝐩𝐩𝐨𝐫𝐭𝐢𝐧𝐠 𝐜𝐡𝐚𝐫𝐚𝐜𝐭𝐞𝐫 သာသာပဲ ထည့်ပေးခဲ့တာပါ။

အဲ့ဒီ အချိန်တုန်းကတော့ သူနာမည်က 𝐌𝐚𝐫𝐢𝐨 မဟုတ်သေးပါဘူး။ သူ့ကို လူတွေ ခေါ်ကြတာကတော့ ရိုးရိုးရှင်းရှင်းပါပဲ ။ 𝐉𝐮𝐦𝐩𝐦𝐚𝐧 တဲ့။

ဒီ𝐃𝐨𝐧𝐤𝐞𝐲 𝐊𝐨𝐧𝐠 𝐠𝐚𝐦𝐞 ထဲမှာ 𝐣𝐮𝐦𝐩𝐦𝐚𝐧 ဟာ သူ့ရဲ့ ကောင်မလေး 𝐏𝐚𝐮𝐥𝐢𝐧𝐞ကို 𝐃𝐨𝐧𝐤𝐞𝐲 𝐊𝐨𝐧𝐠 လို့ခေါ်တဲ့ မျောက်ဝံကြီးဆီကနေ ကယ်ရမယ့် လက်သမား (𝐜𝐚𝐫𝐩𝐞𝐧𝐭𝐞𝐫) လေးပဲ ဖြစ်ပါတယ်။

ဒီ𝐆𝐚𝐦𝐞 ဟာ သူ့ခေတ်သူ့အခါတုန်းက အရမ်းကို အောင်မြင်ခဲ့ပါတယ်။

𝐁𝐢𝐫𝐭𝐡 𝐨𝐟 𝐌𝐚𝐫𝐢𝐨: 𝐌𝐚𝐫𝐢𝐨 𝐁𝐫𝐨𝐬. (𝟏𝟗𝟖𝟑)

𝐌𝐚𝐫𝐢𝐨 ဆိုတဲ့ နာမည်နဲ့ အလုပ်သစ်ကို စတင်ရရှိခဲ့တာကတော့ 𝟏𝟗𝟖𝟑 ထုတ် 𝐌𝐚𝐫𝐢𝐨 𝐁𝐫𝐨𝐬 𝐆𝐚𝐦𝐞 မှာပါ။ ၎င်း 𝐠𝐚𝐦𝐞ထဲမှာတော့ သူဟာ 𝐌𝐚𝐫𝐢𝐨 ဆိုတဲ့ နာမည်ကို တရားဝင် ရရှိခဲ့ပြီး အရင်လို လက်သမားမဟုတ်တော့ပဲ 𝐩𝐥𝐮𝐦𝐛𝐞𝐫 (ရေပိုက်ပြင်သမား) အဖြစ် အလုပ်အသစ်ပါရသွားပါတယ်။

ဒီ𝐠𝐚𝐦𝐞 ထဲမှာတော့ ကစားသူတွေဟာ 𝐌𝐚𝐫𝐢𝐨 နဲ့ သူရဲ့ ညီကို ဖြစ်သူ 𝐋𝐮𝐢𝐠𝐢ကို ထိန်းချုပ် ကစားရတာဖြစ်ပါတယ်။

𝐍𝐞𝐰 𝐘𝐨𝐫𝐤 မြို့ရဲ့ ရေပိုက်တွေကို ပိတ်ဆို့နေတဲ့ သတ္တဝါတွေကို ဖယ်ရှားရတဲ့ 𝐆𝐚𝐦𝐞အနေနဲ့ မိတ်ဆက်ခဲ့ပြီး ဒီ𝐠𝐚𝐦𝐞 ကနေပဲ 𝐌𝐚𝐫𝐢𝐨 𝐮𝐧𝐢𝐯𝐞𝐫𝐬𝐞 ကြီး စတင်လာတယ်လို့လဲ ဆိုလို့ရပါတယ်။

ဒီ𝐆𝐚𝐦𝐞 ဟာ 𝐌𝐚𝐫𝐢𝐨 ရဲ့ ကိုယ်ပိုင် ခေါင်းစဥ်နဲ့ စထွက်တဲ့ ပထမဦးဆုံး 𝐆𝐚𝐦𝐞 လို့လဲ ပြောလို့ရပါတယ်။

𝐌𝐚𝐫𝐢𝐨’𝐬 𝐁𝐫𝐞𝐚𝐤𝐭𝐡𝐫𝐨𝐮𝐠𝐡: 𝐒𝐮𝐩𝐞𝐫 𝐌𝐚𝐫𝐢𝐨 𝐁𝐫𝐨𝐬. (𝟏𝟗𝟖𝟓)

𝐌𝐚𝐫𝐢𝐨 ရဲ့ တကယ့် အောင်မြင်မှုကို ပြပါဆိုရင်‌တော့ ဒီ𝐆𝐚𝐦𝐞 ကိုပြရပါလိမ့်မယ် ။

ဘာကြောင့်လဲဆိုတော့ အခုလက်ရှိ လူကြိုက်များနေတဲ့ 𝐍𝐢𝐧𝐭𝐞𝐧𝐝𝐨 𝐯𝐢𝐝𝐞𝐨 𝐠𝐚𝐦𝐞 𝐢𝐧𝐝𝐮𝐬𝐭𝐫𝐲 ကြီးကို စီးပွားပျက်ကိန်းကနေ ကယ်နိုင်ခဲ့လို့ပါပဲ ။

𝐒𝐮𝐩𝐞𝐫 𝐌𝐚𝐫𝐢𝐨 𝐁𝐫𝐨𝐬 ကို 𝟏𝟗𝟖𝟓 မှာ 𝐍𝐢𝐧𝐭𝐞𝐧𝐝𝐨 𝐄𝐧𝐭𝐞𝐫𝐭𝐚𝐢𝐧𝐦𝐞𝐧𝐭 𝐒𝐲𝐬𝐭𝐞𝐦 (𝐍𝐄𝐒) အတွက် ထုတ်ခဲ့တာဖြစ်ပြီး အမိုက်စား 𝐬𝐢𝐝𝐞-𝐬𝐜𝐫𝐨𝐥𝐥𝐢𝐧𝐠 𝐩𝐥𝐚𝐭𝐟𝐨𝐫𝐦𝐞𝐫 ပုံစံတွေနဲ့ 𝐌𝐮𝐬𝐡𝐫𝐨𝐨𝐦 𝐊𝐢𝐧𝐠𝐝𝐨𝐦 ကြီးကို ကောင်းကောင်းချပြနိုင်ခဲ့ပါတယ်။ 𝐌𝐮𝐬𝐡𝐫𝐨𝐨𝐦 𝐊𝐢𝐧𝐠𝐝𝐨𝐦 ဆိုတာကတော့ 𝐌𝐚𝐫𝐢𝐨 က 𝐏𝐫𝐢𝐧𝐜𝐞𝐬𝐬 𝐏𝐞𝐚𝐜𝐡 ကို လူဆိုး 𝐁𝐨𝐰𝐬𝐞𝐫 ဆီက ကယ်ရတဲ့ ခရီးလမ်းကြီးပဲ ဖြစ်ပါတယ်။ 𝐒𝐢𝐝𝐞-𝐬𝐜𝐫𝐨𝐥𝐥𝐢𝐧𝐠 𝐩𝐥𝐚𝐭𝐟𝐨𝐫𝐦𝐞𝐫 နည်းစနစ်ဟာလဲ အဲဒီခေတ်က 𝐠𝐚𝐦𝐞𝐫 တွေအတွက်တော့ ရွှေထက်ရှားတဲ့ နည်းစနစ်တစ်ခုဆိုလဲ
မမှားပါဘူးနော်။ ဒါကြောင့်ပဲ စီးပွားရေးအကြပ်တည်းကနေ ကယ်တင်ပြီး ရှေ့ဆက်ရပ်တည်နိုင်တဲ့အထိကို အောင်မြင်မှုတွေ ရရှိခဲ့တာပါ။

ဒါကတော့ 𝐌𝐚𝐫𝐢𝐨 အကြောင်း တစ်‌ေစ့တစ်ဆောင်း 𝐏𝐚𝐫𝐭 𝟏 လေး ဖြစ်ပါတယ်။

𝐏𝐚𝐫𝐭 𝟐 လေးကိုလဲ မကြာခင်တင်ပေးသွားမှာမို့ စိတ်ဝင်စားတယ်ဆိုရင် 𝐩𝐚𝐠𝐞 လေးကို 𝐥𝐢𝐤𝐞 𝐚𝐧𝐝 𝐟𝐨𝐥𝐥𝐨𝐰 လေးလုပ်သွားပါဦးနော်။

𝐇𝐞𝐲 𝐞𝐯𝐞𝐫𝐲𝐨𝐧𝐞, 𝐢𝐭’𝐬 𝐊𝐲𝐚𝐭 𝐊𝐚𝐥𝐚𝐲!𝐈𝐭’𝐬 𝐛𝐞𝐞𝐧 𝐚 𝐦𝐢𝐧𝐮𝐭𝐞 𝐥𝐢𝐤𝐞, 𝟑 𝐲𝐞𝐚𝐫𝐬! 😅 𝐈 𝐬𝐭𝐨𝐩𝐩𝐞𝐝 𝐬𝐭𝐫𝐞𝐚𝐦𝐢𝐧𝐠 𝐚𝐧𝐝 𝐩𝐨𝐬𝐭𝐢𝐧𝐠 𝐛𝐞𝐜𝐚𝐮𝐬𝐞 𝐨𝐟 𝐭𝐡𝐞 𝐂𝐨𝐮𝐩 𝐚𝐧...
27/11/2024

𝐇𝐞𝐲 𝐞𝐯𝐞𝐫𝐲𝐨𝐧𝐞, 𝐢𝐭’𝐬 𝐊𝐲𝐚𝐭 𝐊𝐚𝐥𝐚𝐲!

𝐈𝐭’𝐬 𝐛𝐞𝐞𝐧 𝐚 𝐦𝐢𝐧𝐮𝐭𝐞 𝐥𝐢𝐤𝐞, 𝟑 𝐲𝐞𝐚𝐫𝐬! 😅 𝐈 𝐬𝐭𝐨𝐩𝐩𝐞𝐝 𝐬𝐭𝐫𝐞𝐚𝐦𝐢𝐧𝐠 𝐚𝐧𝐝 𝐩𝐨𝐬𝐭𝐢𝐧𝐠 𝐛𝐞𝐜𝐚𝐮𝐬𝐞 𝐨𝐟 𝐭𝐡𝐞 𝐂𝐨𝐮𝐩 𝐚𝐧𝐝 𝐣𝐮𝐬𝐭 𝐛𝐞𝐢𝐧𝐠 𝐜𝐚𝐮𝐠𝐡𝐭 𝐮𝐩 𝐰𝐢𝐭𝐡 𝐰𝐨𝐫𝐤. 𝐁𝐮𝐭 𝐧𝐨𝐰 𝐈’𝐦 𝐛𝐚𝐜𝐤!

𝐅𝐨𝐫 𝐭𝐡𝐨𝐬𝐞 𝐰𝐡𝐨’𝐯𝐞 𝐛𝐞𝐞𝐧 𝐚𝐫𝐨𝐮𝐧𝐝 𝐬𝐢𝐧𝐜𝐞 𝐭𝐡𝐞 𝐛𝐞𝐠𝐢𝐧𝐧𝐢𝐧𝐠, 𝐲𝐨𝐮 𝐦𝐢𝐠𝐡𝐭 𝐫𝐞𝐦𝐞𝐦𝐛𝐞𝐫 𝐦𝐞 𝐬𝐭𝐫𝐞𝐚𝐦𝐢𝐧𝐠 𝐌𝐢𝐧𝐞𝐜𝐫𝐚𝐟𝐭, 𝐆𝐓𝐀, 𝐚𝐧𝐝 𝐕𝐚𝐥𝐨𝐫𝐚𝐧𝐭. 𝐌𝐚𝐝𝐞 𝐬𝐨𝐦𝐞 𝐚𝐦𝐚𝐳𝐢𝐧𝐠 𝐟𝐫𝐢𝐞𝐧𝐝𝐬 𝐚𝐥𝐨𝐧𝐠 𝐭𝐡𝐞 𝐰𝐚𝐲, 𝐛𝐨𝐭𝐡 𝐨𝐧𝐥𝐢𝐧𝐞 𝐚𝐧𝐝 𝐢𝐧 𝐫𝐞𝐚𝐥 𝐥𝐢𝐟𝐞. 𝐈’𝐦 𝐧𝐨𝐭 𝐬𝐮𝐫𝐞 𝐢𝐟 𝐈’𝐥𝐥 𝐛𝐞 𝐥𝐢𝐯𝐞𝐬𝐭𝐫𝐞𝐚𝐦𝐢𝐧𝐠 𝐚𝐠𝐚𝐢𝐧, 𝐛𝐮𝐭 𝐈’𝐥𝐥 𝐛𝐞 𝐝𝐫𝐨𝐩𝐩𝐢𝐧𝐠 𝐬𝐡𝐨𝐫𝐭 𝐠𝐚𝐦𝐢𝐧𝐠 𝐯𝐢𝐝𝐞𝐨𝐬 𝐚𝐧𝐝 𝐨𝐭𝐡𝐞𝐫 𝐟𝐮𝐧 𝐬𝐭𝐮𝐟𝐟.

𝐓𝐡𝐚𝐧𝐤𝐬 𝐟𝐨𝐫 𝐬𝐭𝐢𝐜𝐤𝐢𝐧𝐠 𝐚𝐫𝐨𝐮𝐧𝐝 – 𝐥𝐞𝐭’𝐬 𝐠𝐞𝐭 𝐛𝐚𝐜𝐤 𝐭𝐨 𝐢𝐭! ✌️

ကြက်ကလေးကို မှတ်မိကြမယ်ထင်ပါတယ်။

ကျွန်တော်ဆိုလဲ အရင်တုန်းက ဂိမ်းပေါင်းစုံ ဆော့ခဲ့ပြီးတော့ 𝐌𝐢𝐧𝐞𝐜𝐫𝐚𝐟𝐭 ၊ 𝐆𝐭𝐚 စတဲ့ 𝐠𝐚𝐦𝐞 တွေကနေ အခုလက်ရှိထိ အဆော့များနေတဲ့ 𝐕𝐚𝐥𝐨𝐫𝐚𝐧𝐭 နဲ့ အခြား𝐆𝐚𝐦𝐞 တွေလဲ ဂျိူကြားဂျိုကြား ဆော့ရင်းနဲ့ 𝐒𝐭𝐫𝐞𝐚𝐦𝐢𝐧𝐠 လုပ်ခဲ့တယ်ပေါ့, 𝐒𝐭𝐫𝐞𝐚𝐦𝐢𝐧𝐠 လုပ်ရင်းနဲ့ 𝐎𝐧𝐥𝐢𝐧𝐞မှာကော အပြင်မှာ အရမ်းချောပြီး ခင်ရတဲ့ သူငယ်ချင်းတွေလဲ ရခဲ့တယ်။ကျွန်‌‌ေတာ်𝐒𝐭𝐫𝐞𝐚𝐦𝐢𝐧𝐠 ပြန်လုပ်ဖို့ မသေချာပေမယ့် အခုလက်ရှိ 𝐏𝐚𝐠𝐞 ကိုလည်း ပစ်ထားတာကြာပြီဆိုတော့ အခုပြန်𝐑𝐮𝐧 မယ်ပေါ့နော်။

ပြန်𝐑𝐮𝐧 မယ့် အစီအစဥ်အနေနဲ့ကတော့ ငယ်ငယ်က အိမ်မှာ 𝐠𝐚𝐦𝐞 စက်ဝယ်ပြီး ဆော့ရတာ အားမရလို့ 𝐆𝐚𝐦𝐞 ဆိုင်သွားပြီး သူငယ်ချင်းတွေနဲ့ပါ ခိုးတစ်လှည့်၊ ပေါ်တင်တစ်လှည့် သွားဆော့ခဲ့ရတဲ့ 𝐆𝐚𝐦𝐞 လေးတွေကို မှတ်မိကြသေးမယ်ထင်ပါတယ်။အဲ့တုန်းက 𝐨𝐥𝐝 𝐬𝐜𝐡𝐨𝐨𝐥 𝐠𝐚𝐦𝐞လေးတွေ ဖြစ်တဲ့ 𝐒𝐩𝐚𝐜𝐞 𝐰𝐚𝐫 လို 𝐆𝐚𝐦𝐞 လေးတွေကနေ အခုလက်ရှိထွက်ထားတဲ့ 𝐁𝐥𝐚𝐜𝐤 𝐦𝐲𝐭𝐡 𝐰𝐮𝐤𝐡𝐨𝐧𝐞 လို 𝐀𝐀𝐀 𝐠𝐚𝐦𝐞 ကြီးတွေနဲ့ 𝐒𝐮𝐦𝐦𝐞𝐫 𝐭𝐢𝐦𝐞 𝐬𝐚𝐠𝐚လို လူကြိုက်များအောင်မြင်နေတဲ့ 𝐆𝐚𝐦𝐞 တွေ စတာတွေနဲ့ ပတ်သတ်ပြီး လူစိတ်ဝင်စားမှုများတဲ့ 𝐂𝐨𝐧𝐭𝐞𝐧𝐭တွေ ၊𝐆𝐚𝐦𝐞 𝐩𝐥𝐚𝐲 𝐯𝐢𝐝𝐞𝐨 တွေ တင်ပါမယ်။

ဒါပေမယ့် ကြည့်ရတာနဲ့ တန်မယ့် အလန်းစား 𝐜𝐨𝐧𝐭𝐞𝐧𝐭 တွေ ၊ ပုံစံအသစ်တွေနဲ့ 𝐏𝐚𝐠𝐞 ကို ပြန်အသက်သွင်းမယ့် အစီအစဥ်လေးမို့ စောင့်ကြည့်ထားဖို့ ပြောချင်ပါတယ်။

-school ,

Address


Website

Alerts

Be the first to know and let us send you an email when Kyat KaLay posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share