Dawbon Information

  • Home
  • Dawbon Information

Dawbon Information တိကျ​သောသတင်းမှန်များ အများပြည်သူတို့သိရှိ​စေရန်အလို့ငှာ ဖွဲ့စည်းထားခြင်းဖြစ်သည်။

🚩အမျိုးသားနေ့ ၁၀၁ နှစ်ပြည့် ရန်ကုန်လူထုလှုပ်ရှားမှု ရက်သတ္တပတ် ( နိုဝင်ဘာ ၂၇ - ဒီဇင်ဘာ ၄)——————————အမျိုးသားနေ့ ၁၀၁ နှစ်...
25/11/2021

🚩အမျိုးသားနေ့ ၁၀၁ နှစ်ပြည့် ရန်ကုန်လူထုလှုပ်ရှားမှု ရက်သတ္တပတ် ( နိုဝင်ဘာ ၂၇ - ဒီဇင်ဘာ ၄)
——————————

အမျိုးသားနေ့ ၁၀၁ နှစ်ပြည့်တဲ့ကာလမှာ ရန်ကုန်လူထုတစ်ရပ်လုံးက နောက်ထပ်စစ်အာဏာရှင်ဒေါက်တိုင်တွေကိုဖြိုဖျက်မယ့် လှုပ်ရှားမှုကို ဖော်ဆောင်ကြပါမယ်။

စစ်တပ်ပိုင် YBS ပါရမီယာဥ်လိုင်းများ၊အာဏာရှင်ဟောင်းမိသားစုပိုင်ဆိုင်သော Omni Focus - YBS ယာဥ်လိုင်းများကို နိုဝင်ဘာ ၂၇ ကနေ ဒီဇင်ဘာ ၄ (လာမည့်စနေ့နေ့ကနေ နောက်တစ်ပတ်စနေ) အထိ မစီးနင်းခြင်းဖြင့် စစ်ဒေါက်တိုင်စီးပွားရေးကို လူထုအားနဲ့ဝိုင်းဖြိုကြဖို့ဖြစ်ပါတယ်။

ရန်ကုန်လူထုဘယ်လိုပါဝင်မလဲ - ဘယ်လိုလှုပ်ရှားအားပြကြမှာလဲ ?

✔YBS - ပါရမီယာဥ်လိုင်းများ ( YBS - 12 ,13,14, 25, 30, 38, 55) ကို နိုဝင်ဘာ ၂၇ ကနေစ တပတ်တိတိမစီးဘူး။
✔YBS - Omni Focus ယာဥ်လိုင်းများ ( YBS - 20, 56, 83, 98, 99, Airport Shuttle Bus) များကို နိုဝင်ဘာ ၂၇ ကနေစပြီး တပတ်တိတိမစီးဘူး။
ဒီဘတ်စ်ကားလိုင်းတွေကို တစ်ပတ်တိတိ သပိတ်မှောက်ကြပါမယ်။ ဘတ်စ်ကားသပိတ် ဆင်နွှဲကြရပါမယ်။



#မြို့ပြလူထုသပိတ်_မြို့ပြလူထုတိုက်ပွဲ

ကျွန်ပါးဝတဲ့ ​ဘောမ မြန်မာပလာဇာကို အပြင်းအထန် boycottရပါမယ်။​စစ်အာဏာရှင်ဆန့်ကျင်​ရေးဆန္ဒပြတဲ့က​လေး​တွေကို ​အောက်တန်းစားလု...
25/11/2021

ကျွန်ပါးဝတဲ့ ​ဘောမ မြန်မာပလာဇာကို အပြင်းအထန် boycottရပါမယ်။

​စစ်အာဏာရှင်ဆန့်ကျင်​ရေးဆန္ဒပြတဲ့က​လေး​တွေကို ​အောက်တန်းစားလုံခြုံ​ရေး​တွေက ဝိုင်းထိုးကန်​ကြောက်ပြီး ဖမ်းဆီးခဲ့တဲ့အတွက် Myanmar Plazzaကို မအလပိုင် mytelကဲ့သို့ အပြင်းအထန်သပိတ်​မှောက်ပါမယ်။

ကျ​နော်တို့​ ဒေါပုံမြို့နယ်တွင်းမိဘပြည်သူများအ​နေဖြင့် မြန်မာပလာဇာ သို့ သွားလာဝယ်ယူအား​ပေးမှုကို ​ရှောင်ကျင်ကြပါရန် တိုက်တွန်းနိုး​ဆော်ပါတယ်။

24/11/2021

ရန်ကုန်မြို့ ဒေါပုံမြို့နယ် နွယ်အေးရပ်ကွက် သစ္စာနွယ်လမ်းအတွင်း ယနေ့ည (၁၀:၃၀) အချိန်ခန့်တွင် လက်နက်ကိုင် ကားတစ်စီး ဝင်ရောက်ကာ ရပ်ကွက်အတွင်း နာရီဝက်ခန့် ဝင်မွှေကာ လူလာရှာကြောင်းသိရပါသည်။

၎င်းတို့လာရှာသော လူပါသွားခြင်း ရှိ/ မရှိကိုတော့ ဆက်လက်စုံစမ်းအတည်ပြုနေဆဲ ဖြစ်ပါသည်။

MSI
နိုဝင်ဘာလ ၂၄

NUGက ထုတ်​ရောင်းမယ့်​ငွေတိုက်စာချုပ်ဟာ ဒီ​တော်လှန်​ရေးကို အဆုံးအဖြတ်​ပေးမှာဖြစ်တဲ့အတွက် မိဘပြည်သူများအ​နေဖြင့် ​နွေဦးထီ...
22/11/2021

NUGက ထုတ်​ရောင်းမယ့်​ငွေတိုက်စာချုပ်ဟာ ဒီ​တော်လှန်​ရေးကို အဆုံးအဖြတ်​ပေးမှာဖြစ်တဲ့အတွက် မိဘပြည်သူများအ​နေဖြင့် ​နွေဦးထီကဲ့သို့ ဝယ်ယူအား​ပေး ကြပါလို့ ​တောင်းဆိုပါတယ်။

ဒေါ်လာ ၁၀၀တန် ​ငွေတိုက်စာချုပ်က ဝန်ထမ်း​တွေရဲ့ တစ်လစာ လုပ်အားခ​လေးပဲ ရှိတဲ့အတွက် စု​​​ဆောင်းချိုးချန်ပြီး ဝယ်ယူကြပါလို့ တိုက်တွန်းပါတယ်။

NUGရဲ့Bondကို ဝယ်ယူမှုအ​ပေါ်မူတည်ပြီး ​ဒီတော်လှန်​ရေးကြီးရဲ့ အချိန်ကာလကို ဆုံးဖြတ်သွားပါလိမ့်မယ်။ အ​ရေး​တော်ပုံမြန်မြန်​အောင်ချင်ရင် NUG​​ရောင်းတဲ့​ငွေတိုက်စာချုပ်ကို များများဝယ်ယူဖို့ လိုအပ်ပါတယ်ခင်ဗျာ။

"အကြမ်းဖက်စစ်တပ် အမြစ်ဖြတ်ဖို့ ငွေတိုက်စာချုပ်ဝယ်ကြစို့"+++++++++++++++++++++++++++++++++၁) ဒီကနေ့ (၂၀၂၁ ခုနှစ်၊ နိုဝင်ဘ...
22/11/2021

"အကြမ်းဖက်စစ်တပ် အမြစ်ဖြတ်ဖို့ ငွေတိုက်စာချုပ်ဝယ်ကြစို့"
+++++++++++++++++++++++++++++++++

၁) ဒီကနေ့ (၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်) မြန်မာစံတော်ချိန် မနက် ၉ နာရီတွင် နွေဦးတော်လှန်ရေး၏ ခမ်းနားသော သမိုင်းသစ်ကို ရေးထိုးရန် အထူးငွေတိုက်စာချုပ်များကို စတင်ရောင်းချသွားမည်ဖြစ်ပါသည်။

၂) တော်လှန်ရေးအောင်စိတ်ဖြင့် ရဲဝံ့ယုံကြည်စွာ ပြတ်သားသော သန္နိဋ္ဌာန်ချမှတ်ပြီး အောက်ပါ အင်တာနက်စာမျက်နှာ (link) ကနေတဆင့် လေ့လာကြည့်ရှုဝယ်ယူကြပါရန် လေးစားစွာ မေတ္တာရပ်ခံအပ်ပါသည်။
https://www.unitedbonds-nug.org/

၃) ဝယ်ယူသူ၏ ကိုယ်ရေးအချက်အလက်များအား အထူးလုံခြုံသော
နည်းပညာဖြင့် အာမခံချက်ပေးထားပါသောကြောင့် စိုးရိမ်ကြောင့်ကြခြင်း အလျဉ်းမရှိဘဲ ယုံယုံကြည်ကြည် ပူးပေါင်းဆောင်ရွက်ကြပါရန် တိုက်တွန်းလိုပါသည်။

၄) ဘဏ်ငွေလွှဲစနစ်အား အတတ်နိုင်ဆုံး၊ အစွမ်းကုန် ကြိုးစားပြင်ဆင် ပေးထားသည့်အတွက် စိတ်ချလုံခြုံစွာ ငွေလွှဲပြောင်းပေးပို့နိုင်ကြောင်း သတင်းကောင်း ပါးအပ်ပါသည်။

၅) ဝယ်ယူသူ မူလပိုင်ရှင်အပြင် ဆက်ခံသူတစ်စုံတစ်ဦးကိုလည်း အမည်/တော်စပ်ပုံ ဖြည့်သွင်းဆောင်ရွက်ခြင်းအားဖြင့် စိတ်ချလုံခြုံမှုကို အပြည့်အဝဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။

၆) တစ်ဦးချင်း၊ တစ်ယောက်ချင်း စိတ်ကြိုက်ဝယ်ယူနိုင်သည့်အပြင် အစုအဖွဲ့လိုက် စုပေါင်းစပ်ပေါင်းလည်း ဝယ်ယူနိုင်ပါသည်။

၇) စုပေါင်းစပ်ပေါင်း ဝယ်ယူရာတွင် ကိုယ်စားဝယ်ယူသူမှ မိမိ၏ အစုအဖွဲ့ဝင် တစ်ဦးချင်း၏ ကိုယ်ရေးအချက်အလက်များကို အတိအကျဖြည့်သွင်းရန် လိုအပ်မည်ဖြစ်ပြီး ငွေတိုက်စာချုပ်များကို အစုအဖွဲ့ဝင်တစ်ဦးချင်းစီအား သီးသန့်ထုတ်ပေးသွားမည်ဖြစ်သည်။

၈) စုပေါင်းစပ်ပေါင်း ဝယ်ယူရာတွင် အစုအဖွဲ့ဝင်တစ်ဦးချင်းစီမှ ဒေါ်လာ (၁၀၀) အနည်းဆုံး ဝယ်ယူရန်လိုအပ်မည်ဖြစ်ပါသည်။

၉) ဝယ်ယူရန် အသေးစိတ်လမ်းညွှန်ချက်များကို အမျိုးသားညီညွတ်ရေးအစိုးရ၊ စီမံကိန်းဘဏ္ဍာရေးနှင့်ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန နှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ တရားဝင် Facebook စာမျက်နှာများမှ အသိပေးထုတ်ပြန်သွားမည်ဖြစ်ပါသည်။

၁၀) ဖက်ဆစ်စစ်တပ်အား အမြစ်ဖြတ်နိုင်ရေးအတွက် နွေဦးတော်လှန်ရေး အထူးငွေတိုက်စာချုပ်များ ဝယ်ယူသူ/ဝယ်ယူနိုင်ရေးကူညီသူ/ဝယ်ယူရန် အားပေးတိုက်တွန်းသူ အပေါင်းအား သမိုင်းမှတ်တမ်း၊ ကမ္ဗည်းမော်ကွန်း
တင်အပ်ပါသည်။

💪💪💪💪💪💪💪💪💪💪
#ဒေါက်တာတူးခေါင်

မနက်ဖြန် ၂၂-၁၁-၂၀၂၁ ရက်နေ့တွင် စတင်ရောင်းချမည့် NUG ၏ငွေတိုက်စာချုပ် ဝယ်ယူရန်အတွက် သိထားသင့်သောအချက်အလက်များ #ငွေတိုက်စာ...
21/11/2021

မနက်ဖြန် ၂၂-၁၁-၂၀၂၁ ရက်နေ့တွင် စတင်ရောင်းချမည့် NUG ၏ငွေတိုက်စာချုပ် ဝယ်ယူရန်အတွက် သိထားသင့်သောအချက်အလက်များ

#ငွေတိုက်စာချုပ်၀ယ်ယူမည်ဆိုလျှင်
* အမျိုးသားညီညွတ်ရေးအစိုးရ၏ ငွေတိုက်စာချုပ်၀ယ်ယူရန်အတွက် ပုံ(က)နှင့် ပုံစံ(ခ) ကို မပျက်မကွက် ဖြည့်သွင်းရန်�(၁) Order ID အမှတ် �(၂) အမျိုးသားညီညွတ်ရေး အစိုးရ၏ တရားဝင် ဘဏ်စာရင်း အမှတ်�(၃) ငွေတိုက်စာချုပ်တန်ဖိုး ငွေပေးဆောင်ပြီးကြောင်း ပုံစံ (ခ) �တွင် ပါဝင်သော email ကို ([email protected]) မှ ပို့ပေးမည်ဖြစ်ပါသည်၊၊
* ငွေတိုက်စာချုပ်၀ယ်ယူသူ၏ ဘဏ်စာရင်းမှ အမျိုးသားညီညွတ်ရေး အစိုးရ၏ ဘဏ်စာရင်းသို့အပြည်ပြည်ဆိုင်ရာ ငွေလွှဲပို့စံနစ် (International Bank to Bank Transfer) တမျိုးမျိုးဖြင့် ပေးပို့ရန်ဖြစ်ပါသည်။
* ထိုအီးမေးလ် တွင် ဖော်ပြထားသော Order ID နံပါတ်ကို တိကျသေချာစွာမှတ်သားထားပြီး အမျိုးသားညီညွတ်ရေးအစိုးရ ၏ တရားဝင်ဘဏ်စာရင်းသို့ ငွေလွှဲပေးပို့သည့်အခါတွင် ယင်း ID နံပါတ်အား ရည်ညွှန်းအမှတ် (Reference) အဖြစ် ထည့်ပေးရမည်ဖြစ်ပါသည်၊

#ငွေတိုက်စာချုပ်တန်ဖိုးငွေလွှဲပြီးသောအခါ
* ငွေလွှဲပြီးကြောင်း ပုံစံ(ခ) ကို ဖြင့် မပျက်မကွက် ဖြည့်သွင်းရပါမည်။
* ပုံစံ (ခ) ကိုဖြည့်သွင်းရာတွင်လိုအပ်သည့် အချက်အလက်များနှင့် မိမိငွေလွှဲထားသော အထောက်အထား များကို ချိတ်ဆက်ဖိုင် (Attached File) အဖြစ် ပေးပို့ရမည်ဖြစ်ပါသည်။အမျိုးသားညီညွတ်ရေးအစိုးရ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြုပ်နှံမှု ဝန်ကြီးဌာနမှ လက်ခံရရှိငွေကို စစ်ဆေးပြီးနောက် လူကြီးမင်း ၀ယ်ယူထားသော ငွေတိုက်စာချုပ်ကို (၁၄) ရက်အတွင်း ပြန်လည် ပို့ပေးမည်ဖြစ်ပါသည်၊၊
* ၎င်းစာချုပ်သည် ငွေပြန်လည်ထုတ်ယူရန် လူကြီးမင်း၏ တစ်ခုတည်းသော သက်သေအထောက်အထားမှတ်တမ်းဖြစ်သည့်အတွက် သေချာစွာ သိမ်းဆည်းထားရန်လိုအပ်ပါသည်၊၊

#ငွေလွှဲချိန်တွင်သိထားသင့်သည့်အချက်များ
* အမျိုးသားညီညွတ်ရေးအစိုးရ၏ တရားဝင် ဘဏ်အကောင့်သို့ ငွေလွှဲချိန်တွင် လူကြီးမင်း၏ဘဏ်မှ ကျသင့်သည့် ဘဏ်ဝန်ဆောင်ခများ (Bank Charges/ Service Fee) အား လူကြီးမင်းဘက်မှ ပေးဆောင်ရမည်ဖြစ်ပါသည်၊၊ အမျိုးသားညီညွတ်ရေးအစိုးရ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြုပ်နှံမှု ဝန်ကြီးဌာန၏ တရားဝင် ဘဏ်အကောင့်တွင် လက်ခံရရှိသည့် ငွေပမာဏ ကိုသာ ငွေတိုက်စာချုပ်တန်ဖိုးအဖြစ် သတ်မှတ်မည်ဖြစ်သည်၊၊
* အမျိုးသားညီညွတ်ရေးအစိုးရ၏ တရားဝင် ဘဏ်အကောင့်သို့ ငွေဝင်ရန် ရုံးချိန် ၁ ရက်မှ ၃ ရက်အထိကြာမြင့်နိုင်ပါသည်၊၊
* Reference (သို့မဟုတ်) Purpose to transfer သို့မဟုတ် Message to beneficiary တွင် အမျိုးသားညီညွတ်ရေးအစိုးရ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြုပ်နှံမှု ဝန်ကြီးဌာနမှ ပေးပို့ထားသည့် (Order ID Number) မှလွဲ၍ အခြားမည်သည့်စကားလုံးမှ မရေးမိရန် သတိထားစေလိုပါသည်၊၊
* ငွေလွှဲချိန်တွင် သက်ဆိုင်ရာနိုင်ငံနှင့် ဘဏ်များ၏ တည်ဆဲဥပဒေ စည်းမျဉ်းများပေါ်မူတည်ပြီး ဘဏ်များမှ လူကြီးမင်းအား စုံစမ်းမေးမြန်းမှုများ ရှိလာနိုင်ပါသဖြင့် ငွေပေးချေမှုအတွက် ကန့်သတ်ထားသည့် ငွေလွှဲပမာဏကို သတိပြုစေလိုပါသည်။ လူကြီးမင်း ပေးဆောင်မည့် ငွေပမာဏများပြားလျှင် အကြိမ်ရေခွဲပြီး ငွေလွှဲရန် အကြံပြုအပ်ပါသည်၊၊
* အမျိုးသားညီညွတ်ရေးအစိုးရ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြုပ်နှံမှု ဝန်ကြီးဌာနမှ ပေးပို့သော အီးမေးလ် များ ([email protected] နှင့် [email protected]) ကို Junk (သို့မဟုတ်) Spam Folder ထဲသို့ရောက်ရှိနေနိုင်သဖြင့် ယင်း Folder များထဲတွင်လည်း စစ်ဆေးစေလိုပါသည်၊၊

#ကိုယ်စားလှယ်မှတဆင့်ဝယ်ယူလိုသူများအတွက်လိုအပ်သောအချက်များ
* ငွေလွှဲပြီးသောအခါတွင် ကိုယ်စားလှယ်၀ယ်ယူပေးမည့်သူသည် စာချုပ်တန်ဖိုးငွေကို ပေးဆောင်ပြီးကြောင်း ပုံစံ(ခ) ကို မပျက်မကွက် ဖြည့်သွင်းရန် လိုအပ်ပါသည်။
* ပုံစံ(ခ) ကို ဖြည့်သွင်းချိန်တွင် “၀ယ်ယူသူများ၏ အချက်များ” ဇယားတွင် ၀ယ်ယူသူများ၏ အချက်အလက်များကို တစ်ဦးချင်းစီအတွက် တိကျမှန်ကန်စွာ ဖြည့်သွင်းပေးပို့ရန် လိုအပ်ပါသည်။ ဥပမာ – စုပေါင်း၀ယ်ယူသူ ၃ ဦးဖြစ်လျှင် ပုံစံ(ခ) ကို (Order ID နံပါတ်) တစ်ခုတည်းကိုသာ အသုံးပြု၍ “၀ယ်ယူသူများ၏ အချက်များ” ဇယားတွင် ၀ယ်ယူသူ(၁)၊ ၀ယ်ယူသူ(၂)၊ ၀ယ်ယူသူ(၃) ဟု ၃ယောက်စာ ဖြည့်သွင်းကာ ပေးပို့ရပါမည်။
* ၀ယ်ယူသူတစ်ဦးစီအတွက် ငွေတိုက်စာချုပ်တစ်ခုစီ သီးသန့်ထုတ်ပေးသွားမည်ဖြစ်ပါသည်။ ကိုယ်စားလှယ်ဖြင့်ဝယ်ယူသည့် ပုံစံ(ခ)စာရင်းတွင်ပါဝင်သော ငွေပမာဏနှင့် အမျိုးသားညီညွတ်ရေး အစိုးရဘဏ်တွင် လက်ခံရရှိသည့် ငွေပမာဏ မတူညီလျှင် အမှတ်တကယ်လက်ခံရရှိသည့် ငွေပမာဏအတွက်သာ ထုတ်ပေးသွားမည်ဖြစ်သည်၊၊

Credit

မ​ကွေးတိုင်း၊ ​ရေစကြိုနယ်၊ ​ရေလယ်ကျွန်း​ဒေသအတွင်း ​ဆူပူသောင်းကျန်းအကြမ်းဖက်​နေ​သော စစ်​ခွေးတစ်​ကောင်အား ​ပြည်သူ့ပျောက်ကြ...
21/11/2021

မ​ကွေးတိုင်း၊ ​ရေစကြိုနယ်၊ ​ရေလယ်ကျွန်း​ဒေသအတွင်း ​ဆူပူသောင်းကျန်းအကြမ်းဖက်​နေ​သော စစ်​ခွေးတစ်​ကောင်အား ​ပြည်သူ့ပျောက်ကြားတပ်ဖွဲ့များက ဖမ်းဆီးရမိခဲ့

နိုဝင်ဘာ ၂၁ ၊ ရန်ကုန်

မ​ကွေးတိုင်း ​ရေစကြိုနယ်၊ ​ရေလယ်ကျွန်း​ဒေသ၌ ခိုးဆိုး လုယှက် အကြမ်းဖက်​သောင်းကျန်း​သော ​စစ်​ကောင်စီတပ်သား တစ်​ကောင်အား နိုဝင်ဘာ ၂၀ရက်​နေ့တွင် ဖမ်းဆီးရမိကာ ငရဲသို့ ပို့​ဆောင်​ပေးခဲ့​ကြောင်း MG6​ပျောက်ကြားတပ်မှ ထုတ်ပြန်ထားသည်။

ယင်းစစ်​ခွေးနှင့်အတူ AK47တစ်လက်၊ ကျည် ၅၄​တောင့်၊ ၆၀မမ ကျည်ဖူး တစ်​တောင့်တို့ သိမ်းဆဲရမိ​ကြောင်း သိရသည်။

ဒေါပုံမြို့နယ် ​ဗိုလ်ထွန်းစံရပ်ကွက်၊ ဇေယျာသီရိလမ်း လက်ဘက်ရည်ဆိုင်နားတွင် ဗုံးလန့်မှုဖြစ်ပွားနိုဝင်ဘာ ၂၁၊ ​ဒေါပုံ​ဒေါပုံမ...
21/11/2021

ဒေါပုံမြို့နယ် ​ဗိုလ်ထွန်းစံရပ်ကွက်၊ ဇေယျာသီရိလမ်း လက်ဘက်ရည်ဆိုင်နားတွင် ဗုံးလန့်မှုဖြစ်ပွား

နိုဝင်ဘာ ၂၁၊ ​ဒေါပုံ

​ဒေါပုံမြို့နယ် ဗိုလ်ထွန်းစံရပ်ကွက်၊ ​ဇေယျာသီရိလမ်း နှင့် ​ဇေယျာသိဒ္ဓိလမ်း​ထောင့်တွင် ယ​​နေ့ နိုဝင်ဘာ၂၁ရက် ည ၆နာရီ၁၀မိနစ်ခန့်အချိန် ဗုံးလန့်မှုဖြစ်ပွားခဲ့​ကြောင်း သိရသည်။

ဖြစ်စဥ်မှာ မသက်ာဖွယ်အထုပ်မဲတစ်အိတ်​တွေ့၍ ရပ်ကွက်​နေပြည်သူများမှ အကြမ်းဖက်​သောင်းကျန်းသူစစ်​ခွေးများအား ​ရှင်းလင်းရန် ခေါ်ယူခိုင်း​စေခဲ့ပြီး နှစ်ဘက်လမ်းများပိတ်ကာ စစ်​ဆေးကြည့်ရာတွင် အထုပ်အမဲထဲ၌ ပိုက်ဆံအိတ်အစုတ်ဖြစ်​နေ​ကြောင်း သိရသည်။

ထို့​နောက် ရှင်းလင်းပြီး ၆နာရီ ၂၅မိနစ်ခန့်တွင် အကြမ်းဖက်​ခွေးများ ပြန်လည်ထွက်ခါသွား​သည်။

ဘယ်​လောက်ကြည်နူးစရာ​ကောင်းလိုက်သလဲကွာ😍ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကို  ပြည်သူလူထုတစ်ရပ်လုံးက အောင်သပြေပန်းများဖြင့် ကြ...
20/11/2021

ဘယ်​လောက်ကြည်နူးစရာ​ကောင်းလိုက်သလဲကွာ😍

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကို ပြည်သူလူထုတစ်ရပ်လုံးက အောင်သပြေပန်းများဖြင့် ကြိုဆို​နေ​သော မြင်ကွင်း😍

မ​ကွေးတိုင်းတွင် အကြမ်းဖက်​သောင်းကျန်းသူ စစ်​ခွေးများနှင့် ခုခံတော်လှန်စစ် ဆင်နွှဲပြီး ပြန်လာသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)များကို ပြည်သူလူထုက ယနေ့ နိုဝင်ဘာလ ၂၀ ရက်နေ့တွင် အောင်သပြေပန်းများဖြင့် ကြိုဆိုခဲ့ကြောင်း သိရသည်။

19/11/2021

မီးဖြတ်ခံရမှာ​ကြောက်လို့ မီတာ​ဆောင်ချင်သူများအတွက် အကြံ​ပေးပါ့မယ်။

မီတာ​တွေက "၃သိန်း" အထက်ကိုပဲ ခြိမ်း​ခြောက်ပြီး မီးလိုက်ဖြတ်​နေတာပါ။ ​ခြောက်တိုင်းလည်းမ​ကြောက်ပါနဲ့။
ကိုယ့်မီတာက ၃သိန်း​ကျော်​နေပြီဆိုရင် ကိုယ့်မှာ ​ငွေရှိသ​လောက် ၅​​သောင်းဖြစ်ဖြစ် ၃သိန်းမ​ကျော်တဲ့ amount​တခုရောက်​အောင် အရင်အချိန်ဆွဲထား​ပြီး ခွဲ​ဆောင်စေချင်ပါတယ်။
မီးလိုက်ဖြတ်လို့ဆိုပြီး ​ကြောက်လန့်ပြီး အကုန်​​ပြေးဆောင်တာမျိုးမလုပ်ပါနဲ့၊ ကိုယ့်မှာရှိရင်​တောင် မ​ဆောင်ပါနဲ့။ ၃သိန်းလုံးကို ​နောက်ဆုံးတ​စောင်ထဲနဲ့သွား​ဆောင်လည်း ဒဏ်​ကြေးက ၃၀၀၀​လောက်ပါပဲ။ ၅​သောင်း​​ဆောင်လည်း ၃​ထောင်ပါပဲ။ ​

မီတာဆောင်တဲ့​နေရာမှာ ကိုယ်​​ဆောင်မယ့်amountရဲ့ စာရွက်တရွက်တည်း ယူသွားလို့ရပါတယ်။ ဥပမာ Aprilမှာ၁​သောင်းကျတယ်၊ Mayမှာ ၁​သောင်း၊ Juneမှာ ၁​သောင်း အားလုံး​ပေါင်း ၃​သောင်း၊ ကိုယ်က ၂​သောင်းပဲ​ဆောင်မယ်ဆိုရင် Mayလ မီတာစာရွက် တရွက်ပဲယူပြီး ဆောင်ပါ။ July လအတွက် ထွက်လာတဲ့အခါ Julyအတွက်က ၁​သောင်း ​​ကြွေးကျန် ၁​သောင်း ​ပေါင်း ၂​သောင်းလို့ ထွက်လာပါလိမ့်မယ်။ Reasonအ​နေနဲ့ စီးပွား​ရေးအဆင်မ​ပြေလို့ ဘာညာ ​ပြေလည်​အောင် ​ပြောပြီး ​တော်လှန်​ရေးအတွက်ညဏ်များ​ပေးပါ။

19/11/2021

"မှတ်မှတ်သားသား ​ခွေးစကားများ"(အပိုင်း၁)

တရုတ်အားကိုး မ​အေ*ိုး
အကြမ်းဖက်စစ်​ကောင်စီအား ဆန့်ကျင်ကြ

ပြည်​ထောင်စုပြိုကွဲမယ့် အ​ခြေအ​နေကို တို့လက်ခံပါသည်။

တပ်နဲ့ကြံ့ဖွတ် မြဲကြည်ဖြူ ​
သွေးခွဲလာသူ တို့ရန်သူ

ငါသည်လည်း​ကောင်း ငါ့ရန်သူသည်လည်း​ကောင်း
ပြည်သူကိုသတ်ဖြတ်သူသာ အနိုင်ရပါ​စေ

စစ်​ကို​ခေါ်လျှင် စစ်​ခွေး​သေမယ်

စစ်ကိုမုန်း၍ မဒိန်းကျင့်သည်

တပ်မ​တော်ရဲ့သ​ဘောထားအမှန်က​တော့
ခိုးဖို့ပါပဲ

#အကြမ်းဖက်စစ်ခွေးအုပ်စုရဲ့လက်သုံးစကားများ

19/11/2021

နိုဝင်ဘာ ၁၉ တရက်တာအတွင်း ​ယောနယ်၌ အကြမ်းဖက်စစ်​ခွေး အ​ကောင် ၅၀​ကျော် ​သေချင်းဆိုးခဲ့

PDF-Gangaw = 5ကောင်
PDF-Saw = 20 ကောင်
YDF = 25 ကောင်

Total = 50 ကောင်

ရုရှားထုတ် အ​ကြွေးဝယ် Mi 35ရဟတ်ယာဥ်များ သုံး၍ ​အောက်တန်းကျစွာ တူမီးစစ်သည်များအား ယ​နေ့ တိုက်ခိုက်ခဲ့​သောလည်း အကြမ်းဖက်စစ်​​ခွေးများ ​ပြည်သူ့ကျိန်စာသင့်၍ အ​သေအ​ပျောက်များခဲ့သည်။

From Yaw Eagle

18/11/2021

ခင်ဗျားတို့ကသာ ပျော်လိုက်ပါးလိုက်နဲ့ ဘာမှမဖြစ်နိုင်ပါဘူးဆိုပြီး အေးဆေးနေ နေတာ
အကြမ်းဖက်စစ်ကောင်စီကတော့ ရန်ကုန် မန်းလေးလိုမြို့ကြီးတွေအပါအဝင် တနိုင်ငံလုံးကို စစ်ဆင်ရေး စနေပြီ။
အပျော်အပါးပွဲလမ်းသဘင်တွေလျော့ပြီး တော်လှန်ရေးဘက်ကိုအာရုံစိုက်ပေးကြပါ။
တော်လှန်ရေးကို လုံးဝ မျက်ခြေမပြတ်ပါနဲ့

18/11/2021

ရန်ကုန်မှာ ပြန်လည်ထူ​ထောင်​ရေးလုပ်နိုင်ဖို့ ပြန်လည်လှုပ်ရှားနိုင်ဖို့ကြာကောင်းကြာလိမ့်မယ်။
အဓိက က CCTVရယ် အဖွဲ့အ​ပေါ်သစ္စာမရှိမှု​တွေရယ်
​ပေါ့ဆမှု​တွေရယ်​ကြောင့် ပါကုန်တာ။
အားလုံး​ကြောင့် အားလုံး​ကြောင့်။

ခင်ဗျားတို့ ဗုံးသံကြားချင်ပါတယ်ဆိုရင်​တောင် မကြားရ​တော့ဘူး စိတ်ချ။
လီးးးဘဲကွာ

18/11/2021

YANGON WARNING*
ရန်ကုန်အ​ခြေအ​နေမ​ကောင်း*

​UG​တွေ ​ပီဒက်​တွေ အမြန် ​ရှောင်ကြပါ။ ကိုဖြိုး​ဇေယျာ​​သော်အပါအဝင် ​တော်​တော်များများဖမ်းခံထားရပြီ။

ပတ်သတ်တဲ့သူ​တွေ အမြန်​​ရှောင်ပါ ​ရေ​ပေါ်ဆီ​တွေ ပံ့သကူ​ကောက် ​ပျော်ရွှင်​နေတဲ့အချိန် အ​ခြေအ​နေကို အခွင့်​ကောင်းယူပါ။

18/11/2021

ကိုဖြိုး​ဇေယျာ​သော်ရယ် ကိုယ့်infoကိုသိတဲ့ လူ​တွေ ပါ​နေတာ​တောင် ​ဖော်​ကောင်လုပ်မှာ သိရက်နဲ့ ဘာကိစ္စ​ကြောင့် ​ရှောင်မ​နေရတာလဲကွာ???

ရန်ကုန်က​တော့ စုံလုံးကန်းပြီ!!

အကြမ်းဖက်စစ်​ကောင်စီက ပြည်သူလူထု စိတ်ဓါတ်ကျ​အောင် "တစ်စိပ်ကို တစ်အိတ်" လုပ်​ ပြော​လေ့ရှိတယ်ဆိုတာ ပြည်သူအများသိဖို့လိုတယ်...
18/11/2021

အကြမ်းဖက်စစ်​ကောင်စီက ပြည်သူလူထု စိတ်ဓါတ်ကျ​အောင် "တစ်စိပ်ကို တစ်အိတ်" လုပ်​ ပြော​လေ့ရှိတယ်ဆိုတာ ပြည်သူအများသိဖို့လိုတယ်။ စိတ်ဓါတ်ကျဖို့မလိုဘူး။ ရှုံးဆုံးမှုဆိုတာ ရှိမှာပဲ။ ထွက်သွားတဲ့သူ​တွေအတွက် ကျန်ခဲ့တဲ့လူ​တွေသာ နှစ်ဆပိုကြိုးစားလိုက်ပါ။

အ​ရေးကြီးဆုံးက မြို့​ပေါ်မှာ လှုပ်ရှား​နေရတဲ့ UG​တွေဟာ လူသိခံလို့မရတဲ့အတွက် CCTV​တွေ ဖြုတ်​ပေးကြဖို့ ပါ။
UG​လေး​တွေကို ကိုယ်သားသမီး၊ ကိုယ့်တူ၊တူမ​လေး​တွေလို့ ​သ​ဘောထားပြီး က​လေး​တွေကို သနား​သောအားဖြင့် မိမိတို့အိမ်​ရှေ့က CCTV​တွေကို ဖြုတ်သိမ်း​​ပေးကြပါဗျာ။ ​CCTVဖြုတ်ခိုင်းတဲ့ကိစ္စဟာ ငွေလည်းမကုန်ပါဘူး။ စကစရဲ့ဖမ်းဆီးခြင်းလည်း ခံရမှာ မဟုတ်ဘူး။ CCTVကြီးတပ်ထားပြီး Recordမရှိဘူးဆိုမှသာ စစ်​ခွေး​တွေရဲ့ ရစ်တာ၊ ဖမ်းဆီးတာ ခံရမှာပါ။

အကြမ်းဖက်စစ်​ကောင်စီရဲ့ ဝါဒဖြန့်ထုတ်ပြန်မှု​တွေမှာ လုံးစုံမှန်ကန်မှုမရှိဟု ရန်ကုန်တိုင်းစစ်​ဒေသခွဲကွပ်ကဲ​ရေးအဖွဲ့က Myanm...
18/11/2021

အကြမ်းဖက်စစ်​ကောင်စီရဲ့ ဝါဒဖြန့်ထုတ်ပြန်မှု​တွေမှာ လုံးစုံမှန်ကန်မှုမရှိဟု ရန်ကုန်တိုင်းစစ်​ဒေသခွဲကွပ်ကဲ​ရေးအဖွဲ့က Myanmar nowထံသို့ ​ပြောသည်။

အကြမ်းဖက်စစ်​ကောင်စီ ၏ ထုတ်ပြန်ချက်တွင် PDF ၃၉ဦးနှင့် ပံ့ပိုးသူ ၈ဦးဟု ထုတ်ပြန်ထားပြီး ရန်ကုန်တိုင်းအဖွဲ့မှ ၂၀ဦးခန့်သာ အဖမ်းခံခဲ့ရ​ကြောင်း ​အတည်ပြုပြောကြားခဲ့သည်။

ထို​ကြောင့် ကျန်သူများမှာ အပြစ်မဲ့အရပ်သားပြည်သူများဖြစ်၍ ဒလန်၏တိုင်ကြားထားမှု​ကြောင့်​သော်လည်း​ကောင်း၊ PDFများ၏ အဖွဲ့ဝင်မဟုတ်​သော အရပ်သား၊မိတ်​ဆွေ၊သူငယ်ချင်းများဖြစ်၍​သော်လည်း​ကောင်း၊ ထိုမသက်ဆိုင်သူ အပြစ်မဲ့ပြည်သူများအား စကစမှ ​"စောင့်ကြည့်သတင်း​ပေးသူ"ဟု ​ခေါင်း​​ဆောင်တပ်ကာ မတရားဖမ်းစီးထားခြင်းဖြစ်သည်။

Address


Website

Alerts

Be the first to know and let us send you an email when Dawbon Information posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share