23/12/2023
💯
အများစု က နေဝင်း တို့ စုံတွဲ ကို အားကျနေကြသည်။
ကျတော်ကတော့ဆန့်ကျင်ဘက်ဖြစ်တဲ့ထဲပါလို့ဖြစ်မည်။
တစ်မင်တကာ ကို လုပ်ပြီး public ချပြနေသလိုလို့တောင်
ခံစားမိသည်။
cele လောကမှာ ကျတော် အားအကျဆုံး စုံတွဲကို ပြပါဆိုလျှင် လင်းလင်း + ချစ်သုဝေ တို့ စုံတွဲဖြစ်ပေသည်။
Ro စရာမလို public ချပြစရာလဲမလို။သူတို့ တစ်ယောက်ကို တစ်ယောက်ချစ်ကြသည်မှာ လူတိုင်းသိသည်။
ချစ်ချောက နေဝင်းကို အနစ်နာခံပေး ဒုက္ခခံပေးပြီး ဆွဲခေါ်လို့ ဒိအထိရောက်လာလို့ဖြစ်သည်ဆိုသည်။ ဒါသည်လူတိုင်းသိတဲ့ကိစ္စဖြစ်သည်။သူတို့ကိုယ်တိုင်ချပြထားခြင်းကြောင့်ဖြစ်သည်။ ဒါကို နေဝင်း ကိုယ်တိုင်ကလဲ သူ့မိန်းမကြောင့်လို့ ဂုဏ်ယူသလို ချစ်ချော ကိုယ်တိုင်ကလဲ သူ့ကြောင့်ပါလို့ ဂုဏ်ဆာတတ်သည်။
မိန်းမတစ်ယောက်သည် ကိုယ်ချစ်တဲ့ယောက်ကျားကို အိမ်မှာကြိုက်သလောက်နိုင်မည်။ အပြင်မှာ မိမိ ထက်နိမ့်ကျတာလို့ အမြင်ခံရတာမျိူး မိမိလုပ်ပေးလို့အောင်မြင်လာတာမျိူးလို့ အမြင်မခံချင်ကြပေ။
ထို့ကြောင့် နေဝင်းသည် ချစ်ချော အောက်ရောက်နေသလိုဖြစ်နေသည်။ ချစ်ချောစကားမလွန်ဆန်နိုင်သလိုဖြစ်နေသည်။
ထိုသို့ဆို ချစ်ချောမရှိလျှင် နေဝင်း ဘဝ ပျက်
မည်လော။
နေဝင်း ဒုက္ခတွင်းထဲ ပြန်ရောက်မည်လော....
ချစ်သုဝေသည် လင်းလင်းကို ယူသည်။ ခရစ်ယာန် မိန်းကလေးတစ်ယောက်က ဗုဒ္ဓဘာသာ ယောက်ကျားတစ်ယောက် ကို လက်ထပ်ခြင်းသည် ကြီးမားသည့်
စိန်ခေါ်မှုဖြစ်သည်။ ဒါကို ခရစ်ယာန် မိန်းကလေးတိုင်းသိ
သည်။
လက်ထပ်ပြီး သူလဲ ဗုဒ္ဓဘာသာမပြောင်းသလို လင်းလင်းကိုလဲ ခရစ်ယာန် မပြောင်းခိုင်းပေ။
နှစ်သက်ရာ ကိုးကွယ်ကြသည်။ချစ်သုဝေ သည် လင်းလင်း ကို အမြဲနေရာပေးသလို လင်းလင်းသည်လဲ ချစ်သုဝေ ကို အမြဲနေရာပေးသည်။
ချစ်သုဝေ သည် လင်းလင်းကို အထင်ကြီးသည်။ လင်းလင်းသည်လည်း ချစ်သုဝေကိုအထင်ကြီးသည်။
brain level တူကြသည်။
ဘယ်သူက ဘယ်သူ့ကိုမှလဲ ဆွဲတင်စရာမလို သလို။ ဘယ်သူက ဘယ်သူ့ကိုမှလဲ နားလည်မှုမပေးနိုင်တာမျိူး မမြင်ရပေ။
ကိုယ့်အရည်းအချင်း ကိုယ့်မှာရှိကြသည်။
ကျတော့်ဘဝ မှာ မြင်နေရတာ အဆင်မပြေဆုံးသည် မိန်းမတစ်ယောက်ကြောင့်အောင်မြင်လာသော ယောက်ကျား ဖြစ်ပြီး ထိုယောက်ကျားက ဒီမိန်းမ ကြောင့် အောင်မြင်တာပါ ဆိုတာကြီးကို ကျေကျေနပ်နပ် ခံယူနေတာကြီးကို ဖြစ်သည်။
# Lu Maw