
21/06/2023
GEရဲ့ PMSL နဲ့ PMGC တံခါးခေါက်သံ🇲🇲
----------------------
2023 PMPL(sea wildcard )ရဲ့ချန်ပီယံဘွဲ့ကို ပူပူနွေးနွေးရရှိထားတဲ့ Genesis Esport အသင်းဟာဆိုရင် နောက်တစ်ဆင်ဖြစ်တဲ့ Pubg mobil super League (PMSL) အဆင့်ကိုဆက်လက်ယှဥ်ပြိုင်သွားရမှာဘဲဖြစ်ပါတယ် ။
ပြီးခဲ့တဲ့ 4 နိုင်ငံပူးတွဲကျင်းပခဲ့တဲ့ PMPL ပွဲစဥ်မှာဆိုရင် ကျနော်တို့ကြိုတင်ခန့်မှန်းထားတဲ့အတိုင်း Genesis esport အသင်းဟာဆိုရင် အစရက်တွေမှာဆိုရင် အထနှေးနေတက်ပြီး ပွဲအရှိန်တက်လာတာနဲ့အမျှ နောက်ပွဲစဥ်တလျောက် တည်ငြိမ်လွန်းနဲ့ လက်စွမ်းနဲ့အတူ Local ပြိုင်ဘက်တွေဖြစ်တဲ့ YG , HWG အစရှိတဲ့အသင်းတွေကို အကောင်းဆုံးကျော်ဖြတ်ပြခဲ့ပြီး Back to Back ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ခဲ့တာပါ ။
ဒီအခြေအနေ ကြောင့်ဘဲ GE အနေနဲ့ PMGC 2023 ကို တိုက်ရိုက်ဝင်ရောက်ယှဥ်ပြိုင်ခွင့်ရရှိဖို့ 80% သေခြာသွားခဲပြီလို့ဆိုနိုင်သလို GE ရဲ့ပုရိတ်သတ်တွေသာမက မြန်မာတစ်နိုင်ငံလုံးက ပရိတ်သတ်တွေကပါ GE ရဲ့PMGC တံခါးခေါက်သံကို ထင်ထင်ရှားကြားနေရပြီပေါ့ ။
တစ်ဆက်တည်းဆိုရရင် ပထမအကြိမ် ကျင်းပခဲ့တဲ့ PMSL ပွဲစဥ်မှာ Week Play အဆင့်နဲ့ဘဲ ကျေနပ်ခဲ့ရတဲ့မှတ်တမ်းကို ချေဖြတ်ပြီးဒီသြဂုတ်လအတွင်း မလေးရှားနိုင်ငံ ကွာလာလမ်ပူ မြို့မှာ ဒုတိယအကြိမ် ထပ်မံကျင်းပမဲ့ ဖော်ပြပါ PMSL ပြိုင်ပွဲ ကြီးကို GE အနေနဲ့ အကောင်းဆုံးယှဥ်ပြိုင်နိုင်ဖို့ အသေခြာပြင်ဆင်လာမှာ မြေကြီးလက်ခက် မလွဲဘဲမို့ ကျနော်တို့ဘက်က အင်ပြည့်အားပြည့်အတူတူ အားပေးလိုက်ရအောင်လား ပရိတ်သတ် ။
Fighting Genesis 🇲🇲
We are one
we are genesis