Story & Poem Paradise

  • Home
  • Story & Poem Paradise

Story & Poem  Paradise စာအုပ်စာပေ ချစ်သူများ အတွက် ကမ္ဘာငယ် တစ်ခု

15/07/2026
16/10/2025
14/10/2025
14/10/2025
12/10/2025

Application ထံပေးစာ

အရမ်း အသည်းပေါက်လာလို့ တင်ရတာပါ ။
Admin အနေနဲ့ မြန်မာဇာတ်လမ်းတွဲတွေကို ကြိုက်တဲ့ကားဆို ဘယ် Channel ဖြစ်ဖြစ် ကြည့်သလို ကြည့်ရှုအားပေးနေတဲ့ Channel တွေထဲမှာ Mahar လည်း တစ်ခုအပါအဝင်ပါပဲ။

ကြည့်ရင်လည်း တတ်နိုင်သမျှ ခိုးကူးက မကြည့်ဘဲ Mahar Mobile Application က ဖြစ်စေ YouTube က ဖြစ်စေ Mahar TV Channel ကဖြစ်စေ ကြည့်ပါတယ် ။ Mahar မှ မဟုတ်ဘူး ဘယ် Channel ကဖြစ်ဖြစ် တရားဝင် Platform က ကြည့်ပါတယ်။

အခုပြသနေတဲ့ ရမ္မက် ဇာတ်လမ်းတွဲ စပြချိန်မှာ Mahar Mobile Application ကနေ ကြည့်ဖို့ လစဉ်ကြေးပေးသွင်းပါတယ်။ ဘာလို့ လစဉ်ကြေးပေးသွင်းလဲ ဆိုတော့ ဝင်ငွေ ပြန်ရစေချင်တာရယ်၊ သူများထက် ဦးအောင်ကြည့်ချင်တာရယ် ကြောင့်ပါ။ အခု လစဉ်ကြေးပေးကြည့်တာက သူများထက်ဦးအောင် HD Quality နဲ့ ကြည့်ချင်လို့ ပိုက်ဆံပေးကြည့်တာပါ။

ဒါကို Application မှာ မတင်ရသေးဘဲ YouTube မှာ Mini Episode တွေကို အရင်တင်တော့ Application မှာ လစဉ်ကြေးပေးသွင်းနေတဲ့ ပရိသတ်တွေက ပိုက်ဆံပေးရပြီး သူများနဲ့ တန်းတူ YouTube ကိုပြေးကြည့်နေရတာ ဘယ်လိုမှ အဆင်မပြေပါဘူး။

ပရိသတ်ဆိုတာ အတိုပဲဖြစ်ဖြစ် ၊ အရှည်ပဲဖြစ် ကြည့်ပြီးရင်နောက်တစ်ခေါက်ကြည့်ဖို့ဆိုတာ အင်မတန်ရှားပါတယ်။
YouTube မှာ ကြည့်ပြီးရင် ဘယ်သူမှ Application ကို ပြန်သွားမကြည့်ပါဘူး။ ဒီလိုပဲ YouTube မှာ အရင် ဆက်ပြနေရင် ဘယ်သူကမှလည်း ဇာတ်ကားအသစ်ကြည့်ဖို့ငွေသွင်းမှာ မဟုတ်တော့ပါဘူး။

YouTube မှာ အရင်တင်မယ်ဆိုရင် Mahar Application မှာ လစဉ်ကြေးပေးထားတဲ့သူတွေ အတွက် တရားမျှတအောင် ဘယ်လိုဆောင်ရွက်ပေးမှာပါလဲ ။

စီးပွားရေးတစ်ခုဆိုရင်တောင် အစစ်အမှန် အားပေးနေတဲ့ ပရိသတ်တွေကို ကျေးဇူးပြုပြီး တန်ဖိုးထားပေးပါ။

Admin က တော်ရုံတန်ရုံပြောခဲပါတယ်။ Mahar က ပြသမျှကားတွေဆို မပြခင်ရော ပြနေရင်ရေ။ အမြဲ အားပေးဝန်းရံနေခဲ့သမျှ ဒီတစ်ခါတော်တော်လေးစိတ်ပျက်မိပါတယ်။

YouTube မှာ မတင်ဖို့ ပြောခြင်းဟုတ်ပါ၊ Application မှာ တင်ပြီးမှ YouTube မှာ တင်ပေးဖို့တောင်းဆိုတာပါ၊ လစဉ်ကြေးပေးသွင်းပြီးကြည့်နေတဲ့ ပရိသတ်တွေကို တန်ဖိုးထားပေးဖို့ပြောချင်တာပါ။

ဒီစကားတွေဟာ Admin တစ်ဦးတစ်ယောက်တည်းက ပြောတဲ့စကားမဟုတ်ဘဲ Admin လို Application မှာ လစဉ်ကြေးပေးကြည့်တဲ့ ပရိသတ်တွေရဲ့အသံဖြစ်ပါတယ်။

Admin တင်ဖူးတဲ့ Post တချို့က Comment တွေနဲ့ Mahar Series YouTube channel က Comment တွေ မှာ ပြောနေကြတာကို သက်ဆိုင်ရာ လူကြီးမင်းများမှ မြင်အောင်ကြည့်ပေးစေလိုပါတယ်။

Admin နဲ့အမြင်တူတဲ့သူများက
မှ တာဝန်ရှိသူများ မြင်တွေ့စေရန် Comment‌‌ ရေးပြီး Share‌ ပေးနိုင်သလို အမြင်မတူခဲ့ရင် ကျော်သွားပေးပါ။

အမြဲအပြုသဘောဆောင် ဝန်းရံအားပေးခဲ့သော ပရိသတ်တစ်ဦး၏ အသံ

Mirror Images

11/10/2025
11/08/2025
04/06/2025

"ရေသန့်သောက်လို့
လူသန့် ဖြစ်မလာနိုင်ပါဘူး၊

အလွန်နက်သော ရေသည်
တိတ်တိတ်ဆိတ်ဆိတ်နေ၏
ပညာရှိသည် တိတ်တ်ိတ်ဆိတ်ဆိတ်
နေတတ်သည်ဟု ဆိုရိုးရှိ၏၊

ကုန်ဆုံးသွားသော အချိန်သည်
ဘယ်တော့မှ ပြန်မရပါ၊

သာမန်ဘဝမျိုးထက် သာချင်ရင်တော့
မာန်တင်းပြီး ကြိုးစားရမှာပဲ၊

ပဲပုတ်လိုနံသော အရသာကို လူကြိုက်များ၏
သကာလို ချိုသောတရားသည် လူကြိုက်နည်း၏၊

ကိုယ်လုပ်တဲ့ အလုပ်သည်
ကိုယ့်ဘဝရဲ့ တန်ဖိုးပါပဲ၊

ရည်မှန်းချက် ပန်းတိုင်ရောက်ဖို့အတွက်
နှလုံးသားကို ပိတ်ပြီး/ ဦးနှောက်ကို ဖွင့်ထားပါ၊

လက်မြှောက်အရှုံးမပေးတဲ့သူတိုင်း
အောင်မြင်နိုင်မဲ့သူပါ၊

လက်မြှောက်အရှုံးမပေးတဲ့သူတိုင်း
champion တစ်ယောက်ပါ

Address


Website

Alerts

Be the first to know and let us send you an email when Story & Poem Paradise posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Want your business to be the top-listed Media Company?

Share