Arakan Than Hlang

  • Home
  • Arakan Than Hlang

Arakan Than Hlang Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Arakan Than Hlang, News & Media Website, .

28/08/2022

ရခိုင် မြောက်ဦးမြို့ ခမရ ၃၇၇ တပ်ရင်းမှ ယနေ့ ဩဂုတ်၂၈ ရက်နေ့ ညနေ ၄ နာရီ ၅၅ မိနစ်ခန့် က လက်နက်ကြီးနှင့် ရည်ရွယ်ချက် ရှိရှိ ပစ်ခတ်လိုက်၍ မြောက်ဦးမြို့နယ် ကင်းဆိပ်ကျေးရွာသို့ကျကာ အမျိုးသမီး ၂ ဦး နေရာတွင် သေဆုံးခဲ့ပြီး ၅ ဦး ပြင်းထန်ဒဏ်ရာရ..

BREAKING NEWSမြောက်ဦး ခမရ ၃၇၇ မှ လက်နက်ကြီးနှင့် ပစ်ခတ်၍ အမျိုးသမီး ၂ ဦးသေဆုံး၊ ၅ ပြင်းထန်ဒဏ်ရာရWestern News-ဩဂုတ်၊ ၂၈ ရ...
28/08/2022

BREAKING NEWS
မြောက်ဦး ခမရ ၃၇၇ မှ လက်နက်ကြီးနှင့် ပစ်ခတ်၍ အမျိုးသမီး ၂ ဦးသေဆုံး၊ ၅ ပြင်းထန်ဒဏ်ရာရ

Western News-ဩဂုတ်၊ ၂၈ ရက်

ရခိုင်ပြည်၊ မြောက်ဦးမြို့ ခမရ ၃၇၇ တပ်ရင်းမှ ယနေ့ ဩဂုတ်၂၈ ရက်နေ့ ညနေ ၄ နာရီ ၅၅ မိနစ်ခန့် က လက်နက်ကြီး ပစ်ခတ်လိုက်၍ မြောက်ဦးမြို့နယ် ကင်းဆိပ်ကျေးရွာသို့ကျကာ အမျိုးသမီး ၂ ဦး နေရာတွင် သေဆုံးခဲ့ပြီး ၅ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။

ဆက်လက်ဖော်ပြပါမည်။

Western News-WN

23/08/2022

ဟုပ်လဲ့ဟုပ် ဂိုးချေရို့မာ

ဆွမ်းစားပင့်စာမာ

သူကိုချန်ပစ်ခရေ

အမှန်ကဒေကိုတော်ပါ

ပင့်သင့်ရေ

ဝီးနီလို့ ပါရာ ကိုယ်တော်

အပါးချေရောက်ခါ
ပင့်ပါမေ🙏😝😛😛😁😁😂

22/08/2022

စစ်ကောင်စီဘက်က စားနပ်ရိက္ခာဖြတ်တောက်မှုတွေလုပ်ဆောင်နေတဲ့အတွက် အပြစ်မဲ့ရခိုင်ဒေသခံတွေ အငတ်ဘေးကျရောက်မယ့်အခြေအနေကိုရောက်ရှိလာ ( ရုပ်၊ သံ)

ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့နယ်နဲ့ ရသေ့တောင်မြို့နယ်တွေမှာ အခုလက်ရှိစစ်ကောင်စီဘက်က ရက္ခိုင့်တပ်တော် (AA) ကို ရည်ရွယ်ပြီး စားနပ်ရိက္ခာဖြတ်တောက်မှု၊ ဘဏ္ဍာ‌ငွေဖြတ်တောက်မှု၊သတင်းအဆက်အသွယ်ဖြတ်​တောက်မှု၊ လူထုနဲ့အဆက်အသွယ်ဖြတ်တောက်မှုစတဲ့ ဖြတ်လေးဖြတ်ကို လုပ်ဆောင်နေတဲ့အတွက် အပြစ်မဲ့ ရခိုင်ပြည်သူလူထုကိုအတွက် ပိုမိုထိခိုက်မှုများလာနေတယ်လို့ဒေသခံတွေကပြောဆိုကြပါတယ်။

(Narinjara သတင်းနှင့် ရုပ်သံများကို အောက်ပါလင့်များတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။)

အင်္ဂလိပ်သတင်း - www.narinjara.com

မြန်မာသတင်း - https://burmese.narinjara.com/

သတင်းဖေ့စ်ဘုတ်ပေ့ခ်ျ - https://www.facebook.com/narinjara.info/

ရုပ်သံသတင်း - https://www.facebook.com/Narinjara-TV-News-100125495251215/

ရေဒီယိုသတင်း - https://www.facebook.com/Narinjara-Radio-107181441819656

20/08/2022

ရခိုင့် အသိုင်းဝိုင်း က မွိးဖွား ကြီးပြင်းလာသူတိုင်းမှာ
ဒေညီမချေ အမှု.မှန်ပေါ်ပေါက်အောင် ဖော်ထုတ်ပီးကတ့်ဖို့တာဝန်ရှိပါကြောင်း တိုက်တွန်းပါရေ ။

မူရင်း Video ကို ဖန်တီးသူအား လေးစားစွာ Credit ပီးပါရေ 😥🙏🏻

20/08/2022

အသွားအလာကန့်သတ်ပြီး ရခိုင်ပြည်သူတွေကို စစ်ကောင်စီတပ်က ဒုက္ခရောက်အောင်လုပ်နေ

Western News-ဩဂုတ်၊၂၀ ရက်
https://youtu.be/mZn-p19vH9U

မောင်တောမြောက်ပိုင်းတွင် AAနှင့် စစ်ကောင်စီတို့  တိုက်ပွဲအပြင်းအထန် ထပ်မံဖြစ်ပွား၊ စစ်ကောင်စီတပ်မှ လက်နက်ကြီးများ ပစ်ခတ်...
16/08/2022

မောင်တောမြောက်ပိုင်းတွင် AAနှင့် စစ်ကောင်စီတို့ တိုက်ပွဲအပြင်းအထန် ထပ်မံဖြစ်ပွား၊ စစ်ကောင်စီတပ်မှ လက်နက်ကြီးများ ပစ်ခတ်

Western News - သြဂုတ်၊ ၁၆ ရက်

မောင်တောမြို့နယ်မြောက်ပိုင်း၊ ဝေလာတောင်ပေါ်တွင် ယနေ့ ဩဂုတ် ၁၆ ရက်နေ့ နံနက် ၈ နာရီအချိန်ခန့်ကစတင်ကာ နေ့လယ်အချိန်ထိ ရက္ခိုင့်တပ်တော် AA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်ခဲ့သည်ဟု အမည်မဖော်လိုသည့် မီးတိုက်ကျေးရွာသားတစ်ဦးက ပြောသည်။

"မီးတိုက်ရွာအနားက မိုင်တိုင် ၃၈ နားမှာ ဖြစ်တာပါ။ လက်နက်ကြီးသံတွေရော၊ လက်နက်သံတွေရော ကြားနေရတယ်။ အထိအခိုက်အခြေအနေကိုတော့ မသိဘူး"ဟုပြောသည်။

၎င်းတိုက်ပွဲဖြစ်ပွားရာ နေရာသို့ တောင်ပြိုယာနယ်ခြားစောင့် စခန်းမှ လက်နက်ကြီးများ ယနေ့ည ၄နာရီအထိ အကြာခဏ လက်နက်ကြီးများဖြင့် ပစ်ကူပေးနေကြောင်းသင်္ဘောလှကျေးရွာသားတစ်ဦးက ပြောသည်။

ယနေ့ တိုက်ပွဲဖြစ်ပွါးမှုနှင့် ပတ်သက်၍ ရက္ခိုင့်တပ်တော် AA ဖက် က တစ်စုံတစ်ရာ ထုတ်ပြန်သေးခြင်းမရှိသလို စစ်ကောင်စီဖက်ကလည်း ထုတ်ပြန်သေးခြင်းမရှိသေးပေ။ နောက်ထပ် မြဝတီ​ကျေးရွာသားတစ်ဦးကလည်း တိုက်ပွဲဖြစ်ပွားရာနေရာသို့ ရဟတ်ယာဉ်နှစ်စီး ပျံသန်းသွားသည်ကို မြင်ခဲ့ရသည်ဟု ပြောသည်။

"ကျနော်တို့ရွာနဲ့တော့ နည်းနည်းဝေးတယ်။ ဒါပေမဲ့ လက်နက်ကြီးပစ်သံတွေကိုကြားရတယ်။ရဟတ်ယာဉ်နှစ်စီးလည်း အဲဒီဖက်ကို ပျံသွားတာကို မြင်လိုက်တယ်။ ရဟတ်ယာဉ်နဲ့ ပစ်လား၊ မပစ်ဘူးလားဆိုတာကိုလည်း ကျနော်တို့ မသိဘူး"ဟု ပြောသည်။

မောင်တောမြို့နယ်တွင် ထိုကဲ့သို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် မောင်တောမြို့နယ်မြောက်ပိုင်းနှင့် အငူမော်ကားလမ်းတို့ကို စစ်ကောင်စီက အကန့်အသတ်မရှိ ပိတ်ဆို့ထားသည်။

ပြီးခဲ့သည့် သြဂုတ်လ ၁၃ ရက်နေ့က ရခိုင်ပြည်နယ်နှင့်ပလက်ဝေ ဒေသတို့တွင် ဖြစ်ပွါးခဲ့သော ရက္ခိုင့်တပ်တော် AA နှင့်တိုက်ပွဲတွင် သေဆုံးသော စစ်ကောင်စစ်သား ၃၇ ဦးသေဆုံးခဲ့ပြီး သေဆုံးခဲ့သူများထဲတွင် ခလရ ၂၇၀ တပ်ရင်းမှူး ဒုဗိုလ်မှူး ကြီး မိုးဇော်၊ ခမရ ၅၃၇ ဗိုလ်မှူးသက်နိုင်ဦး၊ ခလရ ၂၀ မှ ဗိုလ်မှူးတို့ဖြစ်ကြသည်။

မောင်တောမြို့နယ်၊ ကျောက်ပန်းဒူကျေးရွာအနီး တိုက်ပွဲတွင် ဒကစ (စစ်တွေလက်အောက်ခံ) ခလရ ၂၇၀ တပ်ရင်းမှူးဖြစ်သူ ဒုဗိုလ်မှူးကြီး မိုးဇော်၊ ရသေ့တောင်မြို့နယ် ဒုံးပိုက်ကျေးရွာ အနီးတိုက်ပွဲတွင် ရ သေ့တောင် အခြေစိုက် ခမရ (၅၃၇) ယာယီတပ်ရင်းမှူး ဗိုလ်မှူး သက်နိုင်ဦး၊ ရက္ခိုင်-ဘင်္ဂလားနယ်စပ် မိုင်တိုင် ၄၀ ဖက် တိုက်ပွဲတွင် ဒကစ (စစ်တွေလက်အောက်ခံ) ခလရ ၂၀ ဗိုလ်မှူးတစ်ဦး တို့ သေဆုံးခဲ့ကြသည်။

ဩဂုတ် ၁၃ ရက်နေ့ စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်တို့ အကြား ရက္ခိုင်ဒေသတွင်း ၃ နေရာနှင့် ပလက်ဝဒေသတွင်း ၁ နေရာ စုစုပေါင်း ၄ နေရာတွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ကြသည်။

စစ်ကောင်စီအနေဖြင့် ရခိုင်ပြည်သူများအား လက်နက်အားကိုးဖြင့် အနိုင့်ကျင့်နေမှုများဆက်တိုက်လုပ်ဆောင်နေပြီး ထိုသို့ဆက်လက်လုပ်ဆောင်နေပါက တကျော့ပြန်တိုက်ပွဲများပြင်းထန်လာနိုင်ကြောင်း ရက္ခိုင့်တပ်တော်ဖက်မှပြောဆိုထားသည်။

Western News-WN

ပုဏ္ဏားကျွန်းမြို့နယ်၊ ဗုဒ္ဓေါကျေးရွာနှင့် မော်ရွာကျေးရွာများမှရွာသားများ နွားရှာသွားရင်း ဗုဒ္ဓေါရွာအနီးတောင်တန်းတွင် မိုင်...
13/08/2022

ပုဏ္ဏားကျွန်းမြို့နယ်၊ ဗုဒ္ဓေါကျေးရွာနှင့် မော်ရွာကျေးရွာများမှရွာသားများ နွားရှာသွားရင်း ဗုဒ္ဓေါရွာအနီးတောင်တန်းတွင် မိုင်းပေါက်ကွဲပြီး ၄ဦး ပြင်းထန်စွာ ဒဏ်ရာရ။

Credit: ဖြူစင်ရင်ခွင်ဖေါင်ဒေးရှင်း

13/8/2022 ရက် ​နေ့လည် ၂နာရီခန်းက ဖြစ်ပွား

04/07/2022

AA တပ်ဖွဲ့ဝင်အချို့ ကျဆုံးမှု အခြေအနေနှင့် ပတ်သတ်၍ ဆက်သွယ်မေးမြန်းချက်

Western News-ဇူလိုင် ၄ ရက်

စစ်ကောင်စီတပ်မှ လေကြောင်း ဗုံးကြဲတိုက်ခိုက်၍ ရက္ခိုင့်တပ်တော် AA တပ်ဖွဲ့ဝင်အချို့ ကျဆုံးခဲ့ကြောင်း ရက္ခိုင့်တပ်တော် ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြောဆိုသည်။

https://youtu.be/N5kH2srLUic

ဆက်သွယ်မေးမြန်းတဲ့အခါ ဖုန်းလိုင်းပြတ်တောက်မှုများ ဖြစ်နေတဲ့အတွက် သည်းခံနားထောင်ပေးကြရန် မေတ္တာ ရပ်ခံပါတယ်။

Western News-WN

28/06/2022

ထွက်ဆိုချက် (၁)

AA Info Desk
28/6/2022

 #မှိုင်းပေါက်ကွဲမှုဖြစ်ပွား17-6-2022 ရက်နေ့ နံနက် 9:30 ခန့်အချိန်တွင်ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ် ၊မယူကမ်းဒေသ၊ သာစည်ကုန်...
17/06/2022

#မှိုင်းပေါက်ကွဲမှုဖြစ်ပွား

17-6-2022 ရက်နေ့ နံနက် 9:30 ခန့်အချိန်တွင်
ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ် ၊
မယူကမ်းဒေသ၊ သာစည်ကုန်းကျေးရွာအောက်
လယ်ကွင်းပြင်၌ မှိုင်းပေါက်ကွဲမှုဖြစ်ပွား၊
လယ်လုပ်နေသော လင်မယားနှစ်ဦး ဒဏ်ရာရရှိ။

Breaking Newsပုဏ္ဏားကျွန်းမြို့ထဲတွင် သေနတ်ပစ်ခတ်သံများထွက်ပေါ်၊ ဒေသခံများစိုးရိမ်နေကြWestern News-ဇွန် ၁၆ ရက်ရခိုင်ပြည်နယ...
16/06/2022

Breaking News

ပုဏ္ဏားကျွန်းမြို့ထဲတွင် သေနတ်ပစ်ခတ်သံများထွက်ပေါ်၊ ဒေသခံများစိုးရိမ်နေကြ

Western News-ဇွန် ၁၆ ရက်

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့ထဲတွင် ယနေ့ ဇွန်လ ၁၆ ရက်နေ့ ည ၉ နာရီခန့်က သေနတ်ပစ်သံ ၆ ချက် ထွက်ပေါ်ခဲ့ပြီး ဒေသခံများ စိုးရိမ်နေကြကြောင်း မြို့ခံ များ၏ ပြောကြားချက်အရ သိရသည်။

ပုဏ္ဏားကျွန်းမြို့ထဲတွင်လည်း စစ်ကောင်စီတပ်သားများ ဆိုင်ကယ်များ၊ ကားများဖြင့် လှည့်လည် သွားလာနေကြသလို မြို့ထဲရှိ နေရာတချို့တွင် ကင်းပုန်းဝပ်၍လည်း ရှိနေကြကြောင်း မြို့ခံများက ပြောသည်။

"ဒီနေ့ ည ၉ နာရီ ၅ မိနစ်လောက်က သေနတ်ပစ်သံ ငါးချက် ခြောက်ချက်လောက် ကြားလိုက်တယ်။ ဘာဖြစ်တာလဲဆိုတာတော့ မသိပါဘူး။ မြို့ထဲမှာလည်း အရပ်သားတွေ ဘယ်သူမှ အပြင်ထွက် သွားလာတာမရှိတော့ဘူး။ စစ်ကောင်စီ စစ်သားတွေက ဆိုင်ကယ်တွေ၊ ကားတွေသွားလာနေကြတယ်။ ပြီးရင် နေရာတချို့မှာ ကင်းပုန်းဝပ်နေတာပါရှိတယ်လို့ သိရပါတယ်။ အိမ်ထဲထိ ဝင်စစ်တာတွေရှိတယ်လို့လည်း ကြားရပါတယ်။ လူတွေကတော့ အိမ်ထဲထိ ဝင်စစ်မှာကို စိုးရိမ်နေကြပါတယ်" ဟု အမည်မဖော်လိုသည့် ပုဏ္ဏားကျွန်းမြို့ခံ တစ်ဦးက ပြောသည်။

ယနေ့ ညနေက ပုဏ္ဏားကျွန်းမြို့နယ် ကွမ်းတောင်ကျေးရွာအနီးတွင် စစ်ကောင်စီတပ်သားများအား ကား ၂စီးဖြင့် လာရောက် ချထားပေးခဲ့ပြီး အဝေးပြေးလမ်းတလျောက် သွားလာသည့် ခရီးသည်များအား ပြင်းထန်စွာ စစ်ဆေးမေးမြန်းမှုများကို ပြုလုပ်လျက်ရှိခဲ့သည်ဟု ဒေသခံများ သတင်းပေးပို့ချက်အရ သိရသည်။

ယနေ့ နေ့လည် ၂ နာရီကျော်ခန့်က ပုဏ္ဏားကျွန်းမြို့အခြေစိုက် ခမရ ၅၅၀ တပ်ရင်းမှ ဈေးဝယ်ရန် လာသည့် စစ်ကောင်စီတပ်သားတစ်ဦးအား ရက္ခိုင့်တပ်တော် တပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားခဲ့ကြောင်း မျက်မြင်သက်သေများက ပြောဆိုသည်။

Western News-WN
W-5

Address


Website

Alerts

Be the first to know and let us send you an email when Arakan Than Hlang posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share