
15/10/2021
#ခင်ဦးPDF နှင့် မဟာမိတ်တပ်ဖွဲ့များ မြေမြှုပ်မိုင်း အလုံး(၂၀)ဖောက်ခွဲတိုက်ခိုက်၊ အကြမ်းဖက်စစ်ကောင်စီနှင့်ပျူစောထီး (၆၀)ခန့်ကျဆုံး
____________
People Defense Force - Khin U
ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့
၁၅/၁၀/၂၀၂၁
ခင်ဦးမြို့နယ် PDF တပ်ဖွဲ့များနှင့် စကစများ ဖြစ်ပွားခဲ့သော တိုက်ပွဲ/စစ်ဆင်ရေး သတင်း
(15.10.2021)ရက်နေ့ နံနက် (၃)နာရီခွဲအချိန်ခန့်မှစ၍ ရေဦးမြို့နယ်မှ စကစ အဖွဲ့များနှင့်၊ ခင်ဦးမြို့နယ်မှ စကစ အဖွဲ့များ အင်အား(၁၀၀)ခန့် (လက်နက်ကြီးများအပါ) ရေဦးမူးတံတား အရှေ့ဘက်တွင် စုရုံး၍
ခင်ဦးမြို့နယ် အင်ပက်ကွေ့၊ ရွာသစ်၊ မူးသာ ရွာအစဥ်တစ်လျှောက် လမ်းအတိုင်း ခြေလျင် စစ်ကြောင်းဖြန့်၍ မုံတော(တောင်)ရွာဘက်သို့ ထပ်မံ၍ အင်အားဖြည့်တင်းသော လက်နက်ကိုင် ပျူများနှင့် စကစများ စုစုပေါင်း အင်အား (၂၀၀)ခန့် ဝင်ရောက်စီးနင်း ဖမ်းဆီးပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး
၄င်းအကြမ်းဖက် စစ်ကောင်စီတပ်များကို နယ်မြေခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များနှင့်၊ အခြားသော မဟာမိတ် တပ်ဖွဲ့များ ပူးပေါင်း၍ ပြောက်ကျား စစ်ဆင်ရေးဖြင့် နေရာအသီးသီးတွင် မြေမြုပ်မိုင်းများထောင်ထားပြီး ဖောက်ခွဲတိုက်ခိုက်ကြရာ
နေရာ(၈)နေရာတွင် မိုင်းအလုံး(၂၀) ဖောက်ခွဲ၍၊ စကစနှင့် လက်နက်ကိုင် ပျူ ဘက်မှ အင်အား(၆၀)ခန့် ကျဆုံး (အလောင်းများ ကားများပေါ်တွင် အစုလိုက် အပြုံလိုက် ရေဦးဘက်သို့ သယ်ဆောင်သွားပြီး) စကစနှင့် လက်နက်ကိုင် ပျူ အများအပြား ဒဏ်ရာရရှိသွားကြောင်းသိရပါသည်။
ယနေ့ တိုက်ပွဲဖြစ်စဥ်တွင် အပြစ်မဲ့ပြည်သူ (၂၁)ယောက် ဖမ်းဆီးခံထားရပြီး၊ နယ်မြေခံ ပြည့်သူ့ကာကွယ်ရေး တပ်ဖွဲ့များ (လုံးဝ) ထိခိုက် ကျဆုံးမှုမရှိကြောင်း အသိပေးထုတ်ပြန် ကြေငြာအပ်ပါသည်။
"အရေးတော်ပုံမုချအောင်ရမည်”
ခင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့
၁၅/၁၀/၂၀၂၁