𝗕𝘂𝗿𝗺𝗲𝘀𝗲 𝗘𝗱𝘂𝗰𝗮𝘁𝗶𝗼𝗻

  • Home
  • 𝗕𝘂𝗿𝗺𝗲𝘀𝗲 𝗘𝗱𝘂𝗰𝗮𝘁𝗶𝗼𝗻

𝗕𝘂𝗿𝗺𝗲𝘀𝗲 𝗘𝗱𝘂𝗰𝗮𝘁𝗶𝗼𝗻 Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from 𝗕𝘂𝗿𝗺𝗲𝘀𝗲 𝗘𝗱𝘂𝗰𝗮𝘁𝗶𝗼𝗻, Media, .

အမေးများလေ့ရှိတဲ့...ဆန့်ကျင်ဘက် စကားလုံးများ...(Opposite Words)အသံထွက်လေးလည်းပါတယ်ဆိုတော့.....Everything is Okay! ;Origi...
13/11/2021

အမေးများလေ့ရှိတဲ့...
ဆန့်ကျင်ဘက် စကားလုံးများ...
(Opposite Words)

အသံထွက်လေးလည်း
ပါတယ်ဆိုတော့.....
Everything is Okay!

;Original Uploader.

မနာလိုစိတ် ကင်းပါစေလူဆိုတာသူ့ကံနဲ့ သူ , ကိုယ့်ကံနဲ့ ကိုယ်ပါ … ကိုယ်က ပညာ , အတွေ့အကြုံ သူ့ထက် သာချင်သာမယ်ကံကတော့သူ့ထက် သာ...
13/11/2021

မနာလိုစိတ် ကင်းပါစေ

လူဆိုတာ
သူ့ကံနဲ့ သူ , ကိုယ့်ကံနဲ့ ကိုယ်ပါ …

ကိုယ်က
ပညာ , အတွေ့အကြုံ
သူ့ထက် သာချင်သာမယ်
ကံကတော့
သူ့ထက် သာချင်မှ သာပါ့မယ် …

သူ့ရဲ့ ကံကို
အပြစ်မမြင်မိစေပဲ
ကိုယ့်ရဲ့ကံကို အပြစ်တင်ပြီး
ငါ အတိတ်ဘဝက ကောင်းမှုနည်းခဲ့လို့
အခုဘဝ မကောင်းခဲ့တာ ...

ဒီဘဝမှာတော့
ကုသိုလ်ကောင်းမှုတွေ
ဆင့်ကာဆင့်ကာ ပြုနေမှပဲ ဆိုပြီး
ကုသိုလ်ကောင်းမှုတွေ
အမြဲပြုပေးနေဖို့ပါပဲ …

#အရှင်_ရာဇိန္ဒ_ဆရာတော် ( ရဝေနွယ် - အင်းမ )

မူရင်းရေးသားသူအား လေးစားလျှက်
ပြန်လည်မျှဝေ ပူဇော်ပါသည်။

လတ္တီတွဒ်နှင့် လောင်ဂျီတွဒ်ပထဝီဝင်သင်ဆရာဆရာမများအတွက် လေ့လာရန်...**********************ကမ္ဘာလုံးမြေပုံကိုကြည့်လျှင် အီကွ...
13/11/2021

လတ္တီတွဒ်နှင့် လောင်ဂျီတွဒ်
ပထဝီဝင်သင်ဆရာဆရာမများအတွက် လေ့လာရန်...
**********************

ကမ္ဘာလုံးမြေပုံကိုကြည့်လျှင် အီကွေတာမှ မြောက်နှင့် တောင်ဘက်များသို့ မျဉ်းပြိုင်များဆွဲထားသည်ကို တွေ့ရပေလိမ့်မည်။ အဆိုပါ မျဉ်းပြိုင်များသည် အမှန်ရှိသော မျဉ်းပြိုင်များ ကား မဟုတ်ချေ။ ကမ္ဘာပေါ်တွင် တစ်နေရာနှင့် တစ်နေရာ၏ အကွာအဝေး ကို တိုင်းတာနိုင်ရန် ပထဝီဝင်ဆရာများက စုပေါင်း၍အကြံထုတ်ကာ ရေးဆွဲ ထားခြင်းမျှသာဖြစ်သည်။ ထိုမျဉ်းပြိုင်များကို လတ္တီတွဒ်များဟုခေါ်သည်။ လတ္တီတွဒ်မျဉ်းတစ်ကြောင်းနှင့်တစ်ကြောင်းကို များသောအားဖြင့် ၁ဝ. (၁ဝ ဒီဂရီ) စီခြား၍ ဆွဲထားကြသည်။ အီကွေတာ၏မြောက်ဘက်ရှိ လတ္တီတွဒ်များကို မြောက်လတ္တီတွဒ်များဟုခေါ်၍ အီကွေတာ၏ တောင်ဘက် ရှိ လတ္တီတွဒ်များကို တောင်လတ္တီတွဒ်ဟုခေါ်သည်။ ကမ္ဘာကြီးသာ တိကျစွာ လုံးဝန်းလျက်ရှိလျှင် ဒီဂရီတိုင်းသည် ကမ္ဘာပေါ်တွင် အကွာအဝေးချင်း အတူတူ ဖြစ်ရပေမည်။ သို့သော် ကမ္ဘာကြီးသည် မြောက်နှင့်တောင် ဝင်းရိုး စွန်းနေရာများတွင် ပြားလျက်ရှိသဖြင့် ဝင်ရိုးဒေသများနှင့် အီကွေတာအနီးရှိ ဒေသများတွင် တစ်ဒီဂရီ၏ အကွာအဝေးသည် အနည်းငယ်ကွာခြားလေ သည်။ အီကွေတာမှ မြောက်ဝင်ရိုးစွန်းအထိကိုလည်းကောင်း၊ တောင်ဝင်ရိုး စွန်းအထိကိုလည်းကောင်း ၉ဝ. စီခွဲခြားထားသည်။ အကွာအဝေးကိုတွက်ရာ တွင် အီကွေတာမှစ၍တွက်သဖြင့် အီကွေတာကို ဝ.(သုညဒီဂရီ) ဟု မှတ် သားထားကြသည်။ ကမ္ဘာပေါ်တွင် အရှေ့နှင့်အနောက်ကိုလည်း တိုင်းတာရန်လိုသေး သည်။ ထို့ကြောင့် ပထဝီဝင်ဆရာများက ကြံစည်ကြရာ ဗြိတိန်နိုင်ငံ၊ လန် ဒန်မြို့အနီးတွင် ၁၆၇၅ ခုနှစ်မှ စတင်၍ တည်ထောင်ခဲ့သော ဗြိတိသျှ တော်ဝင်နက္ခတ်မျှော်စင်ထားရှိရာ ဂရင်းနစ်အရပ်ကို ဖြတ်၍ဆွဲထားသော မွန်းတည့်မျဉ်းမှ အစပြုကြရန် သဘောတူခဲ့ကြသည်။ ထို့ကြောင့် လတ္တီတွဒ် တိုင်းတာရာတွင် အီကွေတာကို သုညဒီဂရီဟု သတ်မှတ်ခဲ့ကြသကဲ့သို့ ဂရင်းနစ် လောင်ဂျီတွဒ်ကိုလည်း သုညဒီဂရီအဖြစ် သတ်မှတ်ကြရန် သဘော တူကြသည်။ ဂရင်းနစ် မွန်းတည့်မျဉ်း၏ အရှေ့ဘက်ရှိ လောင်ဂျီတွဒ်များကို အရှေ့လောင်ဂျီတွဒ်များဟုခေါ်၍ အနောက်ဖက်ရှိ လောင်ဂျီတွဒ်များကို အနောက်လောင်ဂျီတွဒ်များဟုခေါ်ရန် သတ်မှတ်ကြသည်။ ထိုလောင်ဂျီတွဒ် များကို မြောက်နှင့်တောင် ဝင်ရိုးစွန်းများအား ဖြတ်၍ဆွဲထားကြသဖြင့် အီကွေတာဒေသရှိ လောင်ဂျီတွဒ် တစ်ခုနှင့်တစ်ခု၏ အကွာအဝေးသည် ကျယ်ဝန်း၍ မြောက်နှင့်တောင်ဘက်များရှိ နေရာများသည် ဝင်ရိုးစွန်းများနှင့် နီးကပ်သွားလေလေ တစ်ခုနှင့်တစ်ခုပို၍ နီးကပ်သွားလေလေဖြစ်သည်။ လောင်ဂျီတွဒ် တစ်ခုနှစ်တစ်ခု၏ အကွာအဝေးကို တစ်ဒီဂရီစီ ခြားထားသဖြင့် ရင်းနစ် မွန်းတည့်မျဉ်း၏ အရှေ့ဖက်တွင် ကပ်လျက်ရှိသော လောင်ဂျီ တွဒ်သည် အရှေ့လောင်ဂျီတွဒ် တစ်ဒီဂရီဖြစ်၍ မွန်းတည့်မျဉ်း၏ အနောက် ဘက်တွင် ကပ်လျက်ရှိသော လောင်ဂျီတွဒ်သည် အနောက်လောင်ဂျီတွဒ် တစ်ဒီဂရီဖြစ်လေသည်။ ကမ္ဘာကြီးသည် ၂၄ နာရီတွင် တစ်ပတ်၊ သို့မဟုတ် ၃၆ဝ. ပတ် လျက်ရှိသဖြင့် တစ်နာရီတွင်(၃၆ဝ/၂၄) = ၁၅. ဖြတ်သန်းသွားလာလျက် ရှိလေသည်။ ကမ္ဘာပေါ်ရှိ လူတစ်ဦးကမူ နေက ဖြတ်သွားသည်ဟု ထင်မြင် ပေလိမ့်မည်။ ထိုကြောင့် ၁ နာရီသည် ၁၅. လောင်ဂျီတွဒ်နှင့် တူညီသည်ဟု ဆိုနိုင်ပေသည်။ တစ်ဖန် တစ်ဒီဂရီကို မိနစ် ၆ဝ(၆ဝ) အဖြစ်လည်းကောင်း၊ တစ်မိနစ်ကို စက္ကန့်၆ဝ(၆ဝ)အဖြစ်လည်းကောင်း ခွဲခြားထားကြပြန်သည်။ ထို မိနစ်နှင့် စက္ကန့်တို့မှာ အကွာအဝေးများသာဖြစ်ကြ၍ အချိန်များ မဟုတ်ကြ ချေ။ အချိန်တစ်မိနစ်နှင့် တစ်စက္ကန့်ကိုလည်း လောင်ဂျီတွဒ် မိနစ်နှင့် စက္ကန့်တို့နှင့် မည်သို့ဆက်သွယ်တူညီပုံကို ပြနိုင်ပေသည်။ ၂၄ နာရီအချိန်သည် ၃၆ဝ. လောင်ဂျီတွဒ်နှင့် တူညီသဖြင့်
တစ်နာရီအချိန်သည် = ၁၅. လောင်ဂျီတွဒ်
လေးမိနစ်သည် = ၁. ။
တစ်မိနစ်သည် = ၁၅. ။
တစ်စက္ကန့်သည် = ၁၅. ။ ဖြစ်လေသည်။

္ဘာ့စင်္ကြာဝဠာနှင့်ဗဟုသုတများ

၁၂လရာသီအ​ကြောင်း သိ​ကောင်းစရာများCredit
13/11/2021

၁၂လရာသီအ​ကြောင်း သိ​ကောင်းစရာများ

Credit

ကျပ်  ပဲ ပိုင် ယူနစ်များဖြစ်သော၃ ပိုင်         ၁ပြား၄ ပြား        ၁ပဲ၂ပဲ           ၁မူး(၈ပြား)၂မူး          ၁မတ်(၄ပဲ  ၁၆...
12/11/2021

ကျပ် ပဲ ပိုင် ယူနစ်များဖြစ်သော

၃ ပိုင် ၁ပြား
၄ ပြား ၁ပဲ
၂ပဲ ၁မူး(၈ပြား)
၂မူး ၁မတ်(၄ပဲ ၁၆ပြား)
၄မူးကို ၅မူးတင်းဟုခေါ်သည်။
၅မူးကို ၆မူးတင်းဟုခေါ်သည်။
၇မူးကို ၈မူးတင်းဟုခေါ်သည်။
(တင်းဆိုသည်မှာတစ်ခုလျော့ဖြစ်သည်။)
၆၄ပြား ၁ကျပ်
၁၆ပဲ ။
၈မူး ။
၄မတ် ။
၈လီစနစ်ဖြစ်၍ခွဲဝေရခက်ခဲသည်။
ထိုစနစ်ကိုငွေကြေးတိုင်းတာမှုတွင်သာမဟုတ်ဘဲ
အလေးချိန်တွင်သုံးကြသေးသည်။
ဥပမာ။ ။ ၁ကျပ်သား ၅မူးသား ၁မတ်သား
၂ပဲသား

ထုအထူတိုင်းရာတွင်လည်းသုံးကြသည်။

ဥပမာ။ ။ ၅မူးထု ၃မတ်ထုစသည်ဖြင့်
လုံးပတ်တိုင်းတာရာ၌လည်းသုံးကြသည်။

၃မူးလုံး ၁မတ်လုံး
အရှည်တိုင်း
၅"× ၅မူး ၆ × ၅မူး
၈ပုံ ပုံလျင် မူး
၄ပုံ ပုံလျှင် မတ်
၁၆ ပုံ ပုံလျှင် ပဲ
နာရီတွင်၆၀မိနစ် ကို၄ ပုံ ပုံလျှင် ၁၅မိနစ်(၁မတ်ပုံ)
ထိုကြောင့်နာရီိထိုးရန် ၁၅မိနစ်လိုသည်ကို
၉နာရီမတ်တင်းစသဖြင့်လည်းသုံးကြသေးသည်။

ထိုငွေကြေးစနစ်ကိုစာရေးသူမမီပါ။ဗဟုသုတအလို့
ငှာဖေါ်ပြပေးခြင်းဖြစ်ပါသည်။

ထိုခေတ်စောစောပိုင်းကရွှေ ၁ကျပ်သား ၁၂ကျပ်ဟု
သိရှိဖူးပါသည်။နောက်ပိုင်းရွှေ၁ကျပ်သား၂၅ကျပ်
ရဲသားတစ်ယောက် တစ်လ ရပဲသာရသည်။နောက်ပိုင်း ရကျပ် ကျောင်းဆရာတစ်ယောက် ၁၂ ကျပ်ရသည်။

(ငွေကြေးအလွန်တန်ဖိုးရှိသောခေတ်ပေတည်း)။

စာရေးသူမှီသောခေတ်သည်ကျပ်ပြားခေတ်ဖြစ်သည်။

ပြား ၁၀၀ ၁ ကျပ်
၂၅ပြား ၁ မတ်(၄မတ် =၁ကျပ်)
၁မူး= ၁၀ပြား ၅မူး=ပြား၅၀ = ၂မတ်
၁မတ်=၂၅ပြား ၂မတ်=ပြား၅၀
၃မတ် = ၇၅ပြား
၁ကျပ်တွင် ပြားစေ့ = ၁၀၀စေ့
၅ပြားစေ့=၂၀စေ့
၁၀ပြားစေ့= ၁၀စေ့
၂၅ပြားစေ့=မတ်စေ့=၄စေ့
၅၀ပြားစေ့=၅မူးစေ့= ၂စေ့ဖြစ်သည်။

ထိုခေတ်သည်လည်းငွေကြေးတန်ဖိုးအတော်အသင့်တန်ဖိုးရှိသောခေတ်ပေတည်း။

ရွှေ ၁ကျပ်သား = ၂၀၀ကျပ်
အခြေခံလစာ = ၈၂ကျပ် ၁၅ပြား
ဆန်တစ်ြပီ = ၆၅/၈၀ ပြား
ဆီတစ်ပိသာ = ၅ကျပ်
သား/ငါးတစ်ပိသာ= ၃/၅ ကျပ်
ကြက်/ဘဲဥ တစ်လုံး ၁၅ပြား
ခေါက်ဆွဲကြော် တစ်ပွဲ ၅၀ပြား/၇၅ပြား
လဖက်ရည်တစ်ခွက် ၂၅ပြား
နံပြားအီကြာကွေးတစ်ခု၁၀ပြား
အကြော်စုံတစ်ခု ၂၅ပြား
အင်္ဂလန်ရီလေးစက်ဘီး ၁၀၀ကျပ်
၅၀၀/၆၀၀ကျပ်ဖြင် ဂျစ်ကားဝယ်စီးနိုင်သည်။
နောင်လာနောင်သားလူငယ်များအတွက်ဗဟုသု
တအလို့ငှာဖေါ်ပြပေးခြင်းဖြစ်ပါသည်။

;Original Uploader.

သိထားသင့်တဲ့ ဝေါဟာရများ... ; photo.
12/11/2021

သိထားသင့်တဲ့ ဝေါဟာရများ...
; photo.

Address


Website

Alerts

Be the first to know and let us send you an email when 𝗕𝘂𝗿𝗺𝗲𝘀𝗲 𝗘𝗱𝘂𝗰𝗮𝘁𝗶𝗼𝗻 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share