11/05/2023
Kalay Region Support Center (KRSC) ဖွဲ့စည်းခြင်း နှင့် လုပ်ငန်းတာဝန်များ
၁။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (ကလေး) တပ်ရင်းများ၏ တော်လှန်ရေးလုပ်ငန်းစဉ်များအား ပိုမိုပံ့ပိုး ကူညီပေးနိုင်ရန် Kalay Region Support Center (KRSC) အား မေလ (၁၁) ရက်နေ့တွင် စတင်ဖွဲ့စည်းလိုက်သည်။
၂။ အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်အကြမ်းဖက်မှုများကို ခုခံတွန်းလှန်နိုင်ရန်အတွက် People’s Defence Force (Kalay) အား ၂၀၂၁ ခုနှစ်၊ မေလ (၂၄) ရက်နေ့တွင် အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၏ မူဝါဒလမ်းစဉ်များနှင့်အညီ ဖွဲ့စည်းတည်ထောင်ခဲ့သည်မှာ လာမည့် ၂၀၂၃ ခုနှစ်၊ မေလ(၂၄) ရက်နေ့တွင် နှစ်နှစ်တင်းတင်းပြည့်တော့မည် ဖြစ်ပါသည်။
၃။ ယခုအခါ People’s Defence Force (Kalay) သည် အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၁) စစ်ဒေသ၊ ကလေးခရိုင်တပ်ရင်းများ အနေဖြင့် ပြောင်းလဲဖွဲ့စည်းလိုက်ပြီး ဖြစ်သည့်အတွက် အမှတ်(၁) စစ်ဒေသ၏ မူနှင့်အညီ People’s Defence Force (Kalay) social media page များမှ စစ်ရေးသတင်း ထုတ်ပြန်မှုများအား ရပ်နားသွားမည်ဖြစ်ပြီး ရှေ့ဆက်၍ စစ်ရေးသတင်းများအား ကာကွယ်ရေးဝန်ကြီးဌာနမှသာ ထုတ်ပြန်သွားမည် ဖြစ်ပါသည်။ အမှတ် (၁) စစ်ဒေသ၊ ကလေးခရိုင်တပ်ရင်း(ကလေး)၏ တော်လှန်ရေးလုပ်ငန်းစဉ်များ ပိုမိုအားကောင်းလာရေးနှင့် ရန်ပုံငွေရှာဖွေခြင်း လုပ်ငန်းများ၊ တပ်ရင်းတပ်ဖွဲ့များ၏ လှုပ်ရှားမှုပုံရိပ်များ၊ သတင်းများကိုမူ ယခုဖွဲ့စည်းလိုက်သည့် Kalay Region Support Center (KRSC) တခုတည်းမှသာ ဆက်လက်လုပ်ကိုင် ထုတ်ပြန်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
၄။ ထို့ကြောင့် အမှတ် (၁) စစ်ဒေသ၊ ကလေးခရိုင်တပ်ရင်း(ကလေး)သို့ လှူဒါန်း ထောက်ပံ့လိုသည့် နိုင်ငံတကာမှ Fundraising Organisation များ၊ မိဘပြည်သူများအနေဖြင့် Kalay Region Support Center (KRSC) Facebook စာမျက်နှာသို့ တိုက်ရိုက်ဆက်သွယ် လှူဒါန်းနိုင်ကြောင်း မေတ္တာရပ်ခံ အသိပေးအပ်ပါသည်။