Every Day with Lilly

  • Home
  • Every Day with Lilly

Every Day with Lilly Creative Director & Founder of ‘LITTLEMISS.mon’ Fashion & Content Creator 📍YGN,MM

12/12/2023

၁ လလောက်ပျောက်သွားတာ 2️⃣3️⃣ နှစ်ပြည့် birthday vlog နဲ့ သူပြန်ပေါ်လာပြီ 🤭💗 ဒီကြားထဲ Lilly အလုပ်ကိစ္စတွေနဲ့ ရှုပ်နေတာမို့ မရိုက်နိုင်၊ မတင်နိုင်တာပါ 🥹

ဘာပဲဖြစ်ဖြစ်မွေးနေ့မှာ ကိုယ်လှူချင်တာလည်း လှူခဲ့ရ၊ မိသားစုစုံစုံလင်လင်နဲ့လည်း ဖြတ်သန်းရ၊ ဓာတ်ပုံလှလှလေးတွေလည်း ရခဲ့လို့ ကျေနပ်ဝမ်းသာပါတယ်ရှင့် 💛♥️💛♥️

မွေးနေ့ wish တို့ gift တို့ပေးတဲ့သူတွေ အကုန်လုံးကိုလည်း ကျေးဇူးအများးးးး ကြီးတင်ပါတယ် 💕💕💕💕

27/11/2023

my recent wedding guest outfit 🧜‍♀️🐚✨ it’s giving siren vibes idk haha

Music credit: ‘Mind Games’ Sickick 🎶

Hi everyone! October တုန်းက Europe-based organization ကပေးတဲ့ World E-commerce Awards မှာ Lilly ကိုယ်ပိုင် brand LITTLEM...
03/11/2023

Hi everyone! October တုန်းက Europe-based organization ကပေးတဲ့ World E-commerce Awards မှာ Lilly ကိုယ်ပိုင် brand LITTLEMISS.mon က Best Store နဲ့ Best Design Category မှာ nomination ၂ခုရထားပါတယ်။ ဒီ brand လေးကိုစထောင်တာ ၁နှစ်တောင်မပြည့်သေးတဲ့အပြင်၊ Global Website ကိုစ launch တာ ၅လ ပဲရှိသေးတော့ တကယ်ကို ဘယ်ကနေ ဘယ်လိုတွေတွေ့ပီး Nomination ပေးနေလဲကို မယုံနိုင်နေတာ 🥹

ပြိုင်ပွဲရဲ့ Final Result က 2024 မှာသိရမှာ။ ဘာပဲဖြစ်ဖြစ် ကမ္ဘာအနှံ့ မှာရှိတဲ့ နိုင်ငံတကာ နာမည်ကြီး brand အသီးသီးနဲ့ ပြိုင်ဖို့ အခွင့်ရေး ရတာနဲ့တင်အရမ်းကို ဝမ်းသာနေပါပြီ။ အကောင်းဆုံးတော့ ကြိုးစားသွားမှာဖြစ်လို့ LITTLEMISS.mon ကိုအားပေးကြပါအုံး။ 💪

Public Vote သီးသန့် category လဲရှိတာမို့ အခုချိန်ကစပြီး Vote စပေးလို့ရပါပီရှင့်။ Device ၁ ခု နဲ့ Email ၁ ခုကို ၁ ခါ ပဲ vote လို့ရပါတယ်။ Email နဲ့ Register အရင်လုပ်ပြီး၊ ဘယ်လို vote ရလဲဆိုတာ အဆင့်အဆင့် အောက်ပါပုံများကနေကြည့်ပြီး အားပေးကြပါရှင့်။

ဒီ link လေးကနေ vote ပေးကြပါ ⬇️⬇️⬇️

https://tinyurl.com/worldecommerceawardsvoting

24/10/2023

Halloween Costume တွေမှာဖို့မမှီတော့တဲ့သူလေးတွေအတွက် အလွယ်တကူ ရနိုင်တဲ့ ပစ္စည်းလေးတွေနဲ့ ဘာ character လေးတွေလုပ်လို့ရလဲဆိုတာလေး… 🎃🕷️🕸️

10 CHARACTERS style ပြထားပါတယ်ရှင့်။ ✨

16/10/2023

Mini Dress လေးတွေကြိုက်နှစ်သက်ပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် မဝတ်ရဲကျတဲ့သူလေးတွေအတွက်… 🥺

Dress over Pants Styling ပုံစံလေးနဲ့ ဝတ်လို့ရပါတယ်နော်။ Stylish လဲဖြစ်၊ စိတ်မှာလဲ ပေါ့ပေါ့ပါးပါးနဲ့ သက်သောင့်သက်သာဖြစ်တာပေါ့။ 🥹💕

Lilly မှာရှိတဲ့ ဂါဝန် မျိုးစုံလေးတွေနဲ့ ကိုယ်တိုင် ၁၀မျိုး style ပြထားတာဖြစ်လို့၊ ဒီ Styling video လေးအားလုံးအတွက်အထောက်ကူဖြစ်မယ်လို့ မျှော်လင့်ပါတယ်ရှင့်။ 🫶🏻✨

10/10/2023

အင်္ကျီတစ်ထည်ထဲ ပတ်မဝတ်နေနဲ့လို့ပြောခံရတဲ့သူတွေ မသိမ်ငယ်ဖို့… 🤭 ငါတစ်ထည်ထဲ ပတ်ဝတ်နေခဲ့တာမသိခဲ့ဘူးမှတ်လားဆိုပီး manipulate ပြန်လုပ် 😌✨

Shirt အဖြူတစ်ထည်ထဲနဲ့ မတူညီတဲ့ Look 15 ခု style ပြလိုက်ပါပီ။ 👚🤍

Wardrobe Essentials အနေနဲ့ လူတိုင်းနီးပါးမှာ White Tee တစ်ထည်စီတော့ရှိမယ်ထင်ပါတယ်နော်။ 🤯

ဒီ videoလေးက “အင်္ကျီတွေအိမ်မှာအများကြီး။ ဒါပေမဲ့ ဝတ်စရာမရှိဘူး…” လို့ပြောတတ်လွန်းတဲ့သူတွေအတွက်လေ။ 💕 တွဲမဝတ်တတ်ဘူးလို့ပြောတတ်ကြလွန်းလို့။

Lilly Styling Video လေးအသုံးဝင်မယ်လို့မျှော်လင့်ပါတယ်ရှင့် 🫶🏻

သူလေး page ပေါ်ပြန်ရောက်လာပါပီ 🤯💫✨၁ နှစ်လောက်ကိုပျောက်သွားတာ 😆 Once a Year with Lilly လို့ပြောင်းရမယ့် အခြေနေ။ အစီစဉ်အသစ...
04/10/2023

သူလေး page ပေါ်ပြန်ရောက်လာပါပီ 🤯💫✨
၁ နှစ်လောက်ကိုပျောက်သွားတာ 😆 Once a Year with Lilly လို့ပြောင်းရမယ့် အခြေနေ။

အစီစဉ်အသစ်တွေနဲ့ ပြန်လာတာပေါ့နော်။ 👀
ဒီ page လေးကနေ ဘာတွေမျှော်လင့်လို့ရမလဲဆိုတော့…

Lilly က fashion နဲ့ပတ်သက်ပီး အရမ်းရူးသွပ်တာ… အဲ့တော့ကိုယ်အားသားတဲ့ Fashion + Styling နဲ့ပတ်သက်တဲ့ short video လေးတွေများများမြင်ရမှာပေါ့နော်။ လှတယ်မလှဘူးကတော့ Beauty is in the eye of the beholder ဆိုတော့မတတ်နိုင်ဘူး။ 🤪

ဒါပေမဲ့ အသုံးဝင်မယ့် Tips & Advices တွေပေးမှာဖြစ်လို့ video လေးတွေတင်ရင်အားပေးကြပါအုံးလို့ ။💜

နောက်တပတ် Monday ကစပြီး short video လေးတွေစတင်ပေးတော့ပါမယ်နော်။ 🫶🏻🫶🏻🫶🏻

Page မှာပျောက်နေတာနည်းနည်းကြာပီမို့ပုံလာတင်တာ 😅ဒီကြားထဲ Lilly ကိုယ်ပိုင် Limited Designer Brand လေးထုတ်ထားပါတယ်ရှင့်။ LI...
22/11/2022

Page မှာပျောက်နေတာနည်းနည်းကြာပီမို့ပုံလာတင်တာ 😅
ဒီကြားထဲ Lilly ကိုယ်ပိုင် Limited Designer Brand လေးထုတ်ထားပါတယ်ရှင့်။ LITTLEMISS.mon အားပေးကြပါဦးနော်။

ဒီနေ့ ပညာပေး post လေးတစ်ခုမျှဝေပေးချင်ပါတယ်။

Fast Fashion ဆိုတာဘာလဲ?
ကိုယ်ဝတ်နေတဲ့အင်္ကျီတွေ ဘယ်ကလာတာလဲ? ဘယ်သူချုပ်တာလဲ? ဘာလို့ဒီဈေးပေးရတာလဲ? တွေးဖူးလား?

Fast Fashion ဆိုတာ ဈေးပေါပေါနဲ့ customer တွေကရပြီး၊ အင်္ကျီတွေအများကြီးတခါထဲထုတ်တဲ့ brand တွေကိုခေါ်ပါတယ်။ အဲ့ဒါရဲ့ဆိုးကြိုးတွေကတော့ pollution (eg. အင်္ကျီတစ်ထည်ဟာ decompose ဖြစ်ဖို့နှစ်ပေါင်းများစွာကြာတဲ့အတွက်ကြောင့် landfillတွေဖြစ်၊ မြန်မြန်နဲ့ပြီးစလွယ်တွေ အများကြီးထုတ်လို့ စက်ရုံကထွက်တဲ့အညစ်ကြေးများသေချာမစွန့်ပစ်)၊ အလုပ်သမားများကိုရတဲ့လစာနဲ့မလိုက် အောင်ခိုင်းခြင်း၊ unsafe workplace တို့ဖြစ်ပါတယ်။

နာမည်ကြီးတဲ့ Global brand တော်တော်များများ အာရှဘက်မှာ အလုပ်သမားခနည်းလို့ အထည်ချုပ်တွေလာဖွင့်ထားတာအများကြီး။ အဲ့ထဲမှာ မြန်မာပြည်လဲပါတယ်။ ပြီးရင်သူတို့ ၂ဆ ၃ဆမကဈေးတွေကို ဟိုဘက်က currency နဲ့ တင်ရောင်းပြီး အောက်မှာတကယ်နေ့ရောညရော အထည်ချုပ်မှာလုပ်ရတဲ့ အလုပ်သမားတွေရဲ့ working condition ရော salary ကြတော့စုတ်ပြတ်နေတာပဲ။ အထည်ချုပ်တင်မဟုတ်ဘူး။ တခြားစက်ရုံတွေလဲပါတယ်။ Lilly ကတော့ fashion နဲ့ပက်သက်ပြီးပိုသိလို့အဲ့ဒါ နဲ့ နှိုင်းပြီးများများ ပြောပါမယ်နော်။

အဲ့လိုမျိုးတွေကြားရတာ တကယ်စိတ်ထဲမကောင်းဘူး။ ပြည်ပမှာသွားလုပ်တဲ့ မြန်မာအလုပ်သမားတွေဆိုချီးမွမ်းတော်တော်ခံရတယ်။ ကြိုးစားတယ် ။efficient ဖြစ်တယ်တို့။ တကယ်တမ်းဆို ကိုယ်တွေနိုင်ငံကလူတွေ talent ရှိတဲ့သူတွေအများကြီး။ စက်ရုံတချို့ဆို မြန်မာအလုပ်သမားဆိုသိပ်ကြိုက်တာ။ အဲ့ဒါကိုသူများနိုင်ငံမှာ အောက်ကျခံပြီး ကိုယ့်မိသားစု၊ ကိုယ့်နိုင်ငံနဲ့ခွဲပြီးလုပ်ကြရတယ်။

ဒီလိုကြိုးစားပြီး၊ တော်ကြတာဘာလို့သူများနိုင်ငံမှာအဲ့လို အောက်ကျခံပြီးလုပ်နေကြရတာလဲကိုခဏခဏစဉ်းစားမိတယ်။ ကိုယ့်လူမျိုးတွေဆီက ကောင်းတာတွေကျ စုပ်ယူသွားပြီး၊ နိုင်ငံကြီးများရဲ့ လုပ်ငန်းရှင်များကအေးဆေးပဲ။ လုံးဝမမျှတဘူးလို့တော့ Lilly ထင်တယ်။

အဲ့ဒါကြောင့် ✨နိုင်ငံခြား✨ ဆိုပြီးအထင်ကြီးတာလေးတွေလျှော့ကြပါ။ ထင်သလောက်မကောင်းပါဘူး။ သူတို့ လူမျိုးအတွက်ပိုသိတတ်တာကလဲမဆန်းပါဘူး။

Lilly ယုံကြည်တာက ကိုယ့်မြန်မာနိုင်ငံကသယံဇာတ ရှိပြီးသားဆိုတော့ နိုင်ငံကြီးတွေကိုယ့်ထက်သာတာက နည်းပညာကြောင့်ဖြစ်ပါတယ်။ အဲ့ဒါကြောင့် နိုင်ငံခြားမှာ ကျောင်းတက်ရင်းဖြစ်ဖြစ်၊ အလုပ်လုပ်ရင်းဖြစ်ဖြစ် သူတို့ရဲ့နည်းပညာတို့ကိုလေ့လာသင်ယူကြပါ။ ပြီးရင်ကိုယ့်နိုင်ငံမှာ ကိုယ်တတ်လာတဲ့ နည်းပညာများပြန်လာ invest ပါ။

မဖြစ်နိုင်ဘူးဆိုတာဘာမှမရှိပါဘူး။ ကိုရီးယားနိုင်ငံကရှေးတုန်းကလူတွေတစ်ခုသဘောကျတာက နိုင်ငံနည်းပညာတိုးတက်အောင် ကိုယ့်နိုင်ငံကထွက်တဲ့ဟာကိုပဲများများအားပေးပြီး၊ လိုချင်တဲ့ quality အထိမဖြစ်မခြင်းဇွဲရှိရှိကြိုးစားလို့ အခုဆို SAMSUNG တို့ HYUNDAI တို့ တောင်သူများနိုင်ငံပြန်ရောင်းနေပြီ။ Japan လဲအတူတူပဲ။ ဥရောပနိုင်ငံတွေက နည်းပညာနဲ့ပတ်သက်ပြီးခေတ်ရှေ့ပြေးနေတာတောင် သူတို့ဇွဲမလျှော့လို့ အခုဆို ဥရောပတည်းပညာနဲ့ရင်ဘောင်တန်းနိုင်နေပြီ။

အဲ့ဒါကြောင့် ဘာပစ္စည်းပဲဖြစ်ဖြစ် ကိုယ့် Myanmar-made ဆိုပို တန်ဖိုးထားပါ။ လေးစားပါ။ အားပေးပါ။ ကိုယ့်ကိုကို တန်ဖိုးမထားရင် ကိုယ့်တန်ဖိုးလဲ မမြှင့်တင့်နိုင်ပါဘူး။

30/04/2022

💜hello hello💜

[ ဒီနေ့ video လေးကတော့ Lilly အားလပ်ချိန်မှာ အိမ်မှာစိတ်ဘယ်လိုအပန်းဖြေလဲဆိုတာလေး share သွားပါမယ်။ အခုလို stressful ဖြစ်တဲ့ ခေတ်ကာလကြီးမှာ ကိုယ်ပိုင် healing time ဆိုတာ အားလုံးအတွက်အရေးကြီးတယ်နော်။ ‼️
ကိုယ့် hobby ဘာလဲ? ဘာတွေလုပ်ရင် စိတ်ပေါ့ပါးလဲဆိုတာ သိဖို့လိုတယ်နော်။ စာတွေ အလုပ်တွေလဲ ကြိုးစား တစ်ဖက်မှာလဲ စိတ်အပန်းဖြေပေါ့။ 💪🏻 ]

ဒီ page လေးကို follow လုပ်ပေးပြီး lilly တခြား content တွေကြည့်ချင်ရင်တော့

follow my other socials💕

insta: .its.lilly

https://www.instagram.com/p/CcAmmSxsK6l/?igshid=YmMyMTA2M2Y=

youtube: Everyday with Lilly

https://youtube.com/channel/UCWeJwI5CtXg-w1MXg_gi3mA

tik tok: .its.lilly

www.tiktok.com/.its.lilly

💕 Valentine’s Day Special 💕 thrifting & pink glam make up tutorial out now on YouTube! https://youtu.be/XNS3II3JolQmake ...
06/02/2022

💕 Valentine’s Day Special 💕 thrifting & pink glam make up tutorial out now on YouTube!

https://youtu.be/XNS3II3JolQ

make sure to check it out, like and subscribe 🥰

New Video out now 💕https://youtu.be/XNS3II3JolQ
04/02/2022

New Video out now 💕

https://youtu.be/XNS3II3JolQ

happy valentine’s day & hope you ladies and gents enjoyed yours! 💓 hopefully, my video is much of a help for those in trouble with what to wear & how to do ...

17/01/22 all too well... 👩🏻‍🎓🎞
19/01/2022

17/01/22 all too well... 👩🏻‍🎓🎞

new video out now!! ✨https://youtu.be/z9iFfVMrmP8
11/01/2022

new video out now!! ✨

https://youtu.be/z9iFfVMrmP8

hello lovelies! hope you all enjoyed this video 💜spending my current days making beautiful memories for me to look back on later. ✨ what makes you guys happ...

Address


Alerts

Be the first to know and let us send you an email when Every Day with Lilly posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Every Day with Lilly:

Shortcuts

  • Address
  • Alerts
  • Contact The Business
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share