The'rettaung Media

  • Home
  • The'rettaung Media

The'rettaung Media သရက်တောင်ရွာ သတင်းစုံ

Mytel တာဝါတိုင်မှာထည့်ဖို့ဆီ အဝါဘူး ၁ ဘူး(၅ ဂါလံဘူး) စော် ဇာတ်ရုံကွင်းနားမှာမှောက်ကျလားလို့ ဒေနိဖုန်းလိုင်းတက်ဖို့အခြေအန...
13/03/2024

Mytel တာဝါတိုင်မှာထည့်ဖို့ဆီ အဝါဘူး ၁ ဘူး(၅ ဂါလံဘူး) စော် ဇာတ်ရုံကွင်းနားမှာမှောက်ကျလားလို့ ဒေနိဖုန်းလိုင်းတက်ဖို့အခြေအနေမဟိလို့သိရှိရပါရယ်။😁😁

ကမ်းထောင်ကြီး ရွာသစ်ရပ်ကွက် မီးဘေးနှင့်ကြုံတွေ့ရအတွက် သရက်တောင်ရွာသားများကလည်း အလွန်ဘဲစိတ်မချမ်းမြေ့ဖွယ်ခံစားရပါရယ်။ မီး...
19/02/2024

ကမ်းထောင်ကြီး ရွာသစ်ရပ်ကွက် မီးဘေးနှင့်ကြုံတွေ့ရအတွက် သရက်တောင်ရွာသားများကလည်း အလွန်ဘဲစိတ်မချမ်းမြေ့ဖွယ်ခံစားရပါရယ်။ မီးဘေးသင့်ပြည်သူများကိုလည်း သရက်တောင်ရွာသားများအပြင် ပတ်ဝန်းကျင်ရွာတိကလည်း တတ်နိုင်သလောက် ဝိုင်းဝန်းကူညီပံ့ပိုပီးကတ်ပါလို့တိုက်တွန်းပါရယ်။

ရွာသောက်ရေကန် အနီးပတ်ဝန်းကျင်မှာ ရွာသူ၊ရွာသားတိ အရိပ်ခိုဖို့နေရာမဟိအောင် (ဆယ်စုနှစ်ကြာအောင်စိုက်ပျိုးထားရအပင်တိကို )ထင်း...
16/01/2024

ရွာသောက်ရေကန် အနီးပတ်ဝန်းကျင်မှာ ရွာသူ၊ရွာသားတိ အရိပ်ခိုဖို့နေရာမဟိအောင် (ဆယ်စုနှစ်ကြာအောင်စိုက်ပျိုးထားရအပင်တိကို )ထင်းအဖြစ်ခုတ်ယူနိန်ကတ်တယ်။သစ်ပင်တစ်ပင်အရိပ်ရဖို့အတွက် ကျနော်ရို့နှစ်ပေါင်းများစွာပြုစုပျိုးထောင်ရပါရယ်။ ယင်းပိုင်စည်းကမ်းမဲ့လုပ်ရပ်တိကို သက်ဆိုင်ရာ လူကြီးမင်းတိ အမြန်ထိန်သိမ်းပီးကတ်‌စေချင်ပါရယ်။

ရိုးမကိုကျော် မြတ်ဆရာပူဇော်ပွဲသို့၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ပထမပတ်လောက်ကထင်ပါသည်။ ဦးထွန်းကြိုင် (လယ်/ပြ)(အ.ထ.က သရက်တောင်၊ မြေ...
06/01/2024

ရိုးမကိုကျော် မြတ်ဆရာပူဇော်ပွဲသို့

၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ပထမပတ်လောက်ကထင်ပါသည်။ ဦးထွန်းကြိုင် (လယ်/ပြ)(အ.ထ.က သရက်တောင်၊ မြေပုံမြို့နယ်)ထံမှ ဖုန်းဝင်လာသည်။ သရက်တောင်ရွာတွင် ပထမအကြိမ်ရွာလုံးကျွတ် “မြတ်ဆရာပူဇော်ပွဲ”ကို ကျင်းပမည်ဖြစ်ကြောင်း၊ သရက်တောင်ရွာရှိ အ.ထ.ကနှင့် အ.မ.က သရက်တောင်(မြောက်)တို့၌ တာဝန်ထမ်းဆောင်ခဲ့ကြသည့် အသက် ၆၀ နှင့်အထက် ဆရာဆရာမများကို ဖိတ်ကြားမည်ဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍ ပြည်မဘက်သို့ ရောက်ရှိနေကြသော ဆရာဆရာမများ၏ ဖုန်းနံပါတ်နှင့်နေရပ်လိပ်စာတို့ကို သိလိုကြောင်းဖြင့် လေးလေးစားစား ပြောဆိုအကူအညီ တောင်းခံလာပါသည်။

ချစ်တပည့် မောင်ထွန်းကြိုင်၏ မေတ္တာရပ်ခံချက်သည် စာရေးသူ၏ အသိအိမ်နှလုံးသားအား ခေါင်းလောင်းကောင်းကောင်းထိုးလိုက်ပေပြီ။ သို့ဖြစ်ပါ၍ သရက်တောင်ရွာတွင် တာဝန်ထမ်းဆောင်ခဲ့ကြပြီး ပြည်မဘက်သို့ရောက်ရှိနေကြသော ဆရာ ဆရာမများကို စာရင်းပြုစုလိုက်ရာ အငြိမ်းစားယူပြီး ဆရာ ဆရာမ ၂၀ တိတိ စာရင်းရရှိသည်။ ဆရာ ဆရာမအများစုမှာ ရန်ကုန်တွင်နေထိုင်ကြကြောင်း သိရပြီး တစ်ဦးသာ ဖြူးမြို့၌ နေထိုင်ကြောင်း စုံစမ်းသိရှိရသည်။

၃၁-၁၂-၂၀၂၂

စာရေးသူ နံနက်အိပ်ရာမှထ ဘုရားရှိခိုးအပြီး အိမ်အောက်ထပ်သို့ဆင်းလာရာ အမျိုးသမီးသည် မြေပုံမြို့နယ် သရက်တောင်ရွာ မြတ်ဆရာပူဇော်ပွဲသို့ ကန်တော့ခံသွားကြမည့် ဆရာ ဆရာမများကို ဧည့်ခံ စကားပြောနေပေပြီ။ တောင်ဥက္ကလာပမြို့နယ်ရှိ ကျွန်တော့်အိမ်ကိုစုရပ်အဖြစ် သတ်မှတ်ထား၍ ဆရာ ဆရာမများ ရောက်ရှိနေကြခြင်းပင်ဖြစ်သည်။ စာရေးသူတို့ ၇ နာရီတိတိတွင် စတင်ထွက်ခွာခဲ့ကြသည်။ ကားတစ်စီးကို မောင်သိန်းမြင့်လှိုင် (ကျောင်းသားဟောင်း)က မောင်းနှင်ပြီး ဦးရွှေတင်အောင် (မာန်အောင်)၊ ဒေါ်စောတင်(မာန်အောင်)၊ ဦးတင်ဖေ(မြေပုံ)နှင့် မောင်ဖြူသီး (မင်းဆက်သက်ခိုင်) (ကျောင်းသားဟောင်း)တို့က လိုက်ပါကြသည်။ ဦးသန်းဖေ(မြေပုံ)သည် သူ့ကားကို သူကိုယ်တိုင်မောင်းပြီး ဒေါ်အေးလှိုင်ဦး (ကျောက်ဖြူ)၊ ဒေါ်ခင်နု (ရန်ကုန်)၊ ဒေါ်နုနုစံ (ကျောက်ဖြူ)နှင့် စာရေးသူ(မြေပုံ)တို့က လိုက်ပါကြသည်။ ကားနှစ်စီးသည် ရန်ကုန် - ပြည်လမ်းမကြီးအတိုင်း မောင်းထွက်လာကြသည်။

နံနက် ၁၁ နာရီခွဲမှာတော့ ပြည်မြို့ တစ်ဖက်ကမ်းဧရာဝတီမြစ်ကမ်းနံဘေးက ပန်းတောင်းမြို့နယ်ရှိ ဆင်တဲသို့ ရောက်ခဲ့ကြပါလေပြီ။ ဦးအေးခင်နှင့် ဦးကျော်မြင့် ညီအစ်ကိုတို့ အသင့်ကြိုနေကြသည်။ ဦးအေးခင်နှင့် ဦးကျော်မြင့်တို့မှာ သရက်တောင်ရွာ ကျောင်းသားဟောင်းများဖြစ်ကြခြင်းကြောင့် သရက်တောင် မြတ်ဆရာပူဇော်ပွဲဖြစ်မြောက်ရေးအတွက် ပူးပေါင်းပါဝင်သည့်သဘောဖြင့် စာရေးသူတို့အဖွဲ့ ကန်တော့ခံ ၁၀ ဦးကို နံနက်စာ တည်ခင်းရန် စောင့်ကြိုနေကြခြင်းဖြစ်သည်။

နံနက်စာ ထမင်းစားပြီး သူတို့ညီအစ်ကို မိသားစုကိုနှုတ်ဆက်ကာ ရခိုင်ကျွန်းစဉ်နယ်သို့ ခရီးဆက်ခဲ့ကြပေတော့သည်။ ညနေ ၆ နာရီမှာတော့ မကွေးတိုင်းဒေသကြီး ငဖဲမြို့နယ် ပဒါန်းသို့ ရောက်ရှိခဲ့ကြပြီး သဇင်တည်းခိုခန်းတွင် တည်းခိုလိုက်ကြသည်။

၁-၁-၂၀၂၃

နံနက် ၆ နာရီတွင် အိပ်ရာထကြပြီး အကုန်လုံးတည်းခိုခန်းအောက်သို့ ရောက်လာကြသည်။ မကွေးတိုင်းဒေသကြီး အထက်ပိုင်းသည် အညာဒေသဖြစ်၍ ဇန်နဝါရီဆောင်းရက်၏ ဟေမန္တအအေးဓာတ်ကို အပြင်းအထန်ခံနေရရာ ခိုက်ခိုက်တုန်ချမ်းအေးလှသည်။ ကားနှစ်စီးသည် နံနက် ၇ နာရီ နှင်းထုကွဲချိန်လောက်တွင် ရိုးမပေါ် လှမ်းတက်ခဲ့ကြလေပြီ။ လမ်းအကွေ့တွေအရောက် ကားအလှည့်မှာတော့ ရင်ထဲအေးခနဲဖြစ်သွားရာ ဆရာမတွေဆီက ဘုရားတသံမှအပ အခြားအသံများ မကြားရတော့ချေ။

ရိုးမတောင်တန်းကြီး ကားလမ်းတစ်လျှောက်တွင် အ.မ.က ကျောင်းအချို့ကို တွေ့မြင်ရရာ စာရေးသူ ဝမ်းသာဝမ်းနည်းခံစားမိပါသည်။ ဝမ်းသာမိသည်မှာ ဤမျှ လူသူမနီးသည့် ရိုးမတောင်တန်းတွေပေါ်မှာ တဲအိမ်ကလေးတွေဖြစ်သလို တည်ဆောက်ပြီး ကျိုးတိုးကျဲတဲနေထိုင်ကြသည့် ဘဝသမားတို့၏ သားသမီးများအတွက် စာသင်ကျောင်းတွေ ဖွင့်လှစ်ပေးထားသည်ကို တွေ့ရသည့်အတွက် ဆရာစိတ်နဲ့ ရင်ထဲကျေနပ်ခဲ့ရပေသည်။ ရိုးမပေါ်က စာသင်ကျောင်းတွေမှာ တာဝန်ကျနေကြသော ဆရာ ဆရာမများမှာ မြို့နှင့်ကွာ ရွာနှင့်ဝေးသောနေရာများ၌ တာဝန်ကျထမ်းဆောင်နေကြသော်လည်း တပည့်နှင့်ဆရာ မေတ္တာသက်ဝင် သံယောဇဉ်တွယ်ပြီး တပည့်ချစ်သော ဆရာ၊ ဆရာ ချစ်သောတပည့်များ ဖြစ်နိုင်ကြပါစေဟူ၍ ရင်ထဲ မေတ္တာ ကုဋေကုဋာဖြင့် ဆုတောင်းနေမိပေတော့သည်။

ရခိုင်ပြည်နယ်ဘက်ခြမ်း ရိုးမတောင်တန်း တစ်လျှောက်တွင် သစ်တောကြီးများထက် ဝါးတောကြီးများ ကြီးစိုးနေပေသည်။ သို့ဖြစ်၍ မျှစ်(ဝါးတုတ်)သည် အမ်းမြို့၏ အဓိကထုတ်ကုန်ဖြစ်နေ လေရော့သလား မသိ။ ပဲပဒုံဂိတ်သည် အမ်းရိုးမအဆင်းတွင် ပထမဆုံးတွေ့ရသော အမ်းမြို့နယ်ထဲက ကားဂိတ်ပင်ဖြစ်ပေသည်။ အမ်းမြို့နယ် အနောက်ခြမ်းရှိ ရခိုင်ရိုးမ တောင်စဉ်တောင်တန်းများကို ကွေ့လိုက်ပတ်လိုက် တက်လိုက် ဆင်းလိုက်နဲ့ တစ်နာရီခွဲခန့် မောင်းလိုက်လျှင်ပင် ရန်ကုန်-စစ်တွေ အဝေးပြေးလမ်းမ၏ ဘယ်ဘက်ခြမ်း တစ်နေရာတွင် “မြေပုံမြို့နယ် ကမ်းထောင်းကြီးမြို့ သို့” ဟု ရေးထားသော လမ်းညွှန်ဆိုင်းဘုတ်တစ်ခုကို တွေ့လိုက်ကြရသည်။ ယင်းမှ ၁၀ မိနစ်ခန့် မောင်းမိ လျှင်ပင် “ရှောက်ခြုံရွာ အမ်းမြို့နယ်”ဟု ရွာထိပ် တွင် ရေးထားသောဆိုင်းဘုတ်ကို တွေ့ ကြရပါသည်။ တောင်တန်းကြီးများကြားရှိ ကားလမ်းနံဘေးက ရွာကလေးပင်ဖြစ်သည်။ ဤရှောက်ခြုံရွာသည် အမ်းမြို့နယ်အဆုံးပင်ဖြစ်သည်။ မိနစ် ၂၀ ခန့် မောင်းပြီးချိန်တွင် ရေထိုးတောင်သို့ ရောက်ရှိခဲ့ကြသည်။ ရေထိုးတောင်မှာ မက်စောက်ပြီး တောင်ခြေ အောက်တွင် မြေပုံမြို့နယ် ကျောက်ကြီးမြစ်နှင့် အမ်းမြို့နယ် ဒါးလက်ချောင်းဝတို့ကို လှမ်းမြင်နေရ သည်။ ငါးဖမ်းလှေများနှင့် ဒါးလက်ချောင်းသို့အဝင် အထွက်သွားလာနေကြသော လှေသမ္ဗန်များကို မြင်နေရရာ သဘာဝပန်းချီကားတစ်ချပ်နှယ် ကြည့်ကောင်းလွန်းလှသည်။

စာရေးသူတို့ ကားနှစ်စီးသည် မွန်းလွဲတစ်နာရီ မတ်တင်းတွင် မြေပုံမြို့နယ် ကမ်းထောင်းကြီးမြို့သို့ ရောက်ခဲ့ကြပါလေပြီ။ သို့သော် နားခြင်း ရပ်ခြင်း မရှိဘဲ ကမ်းထောင်းကြီး - သရက်တောင် ကားလမ်းအတိုင်း ဆက်လက်မောင်းလာခဲ့ကြရာ မွန်းလွဲတစ်နာရီတိတိတွင် သရက်တောင်(စံပြ)ကျေးရွာသို့ ရောက်ခဲ့ကြပါလေပြီ။ ကားနှစ်စီးသည် ရွာလမ်းတစ်လျှောက် မောင်းလာကြရာ ရွာသူရွာသားများ ဝမ်းမြောက်ဝမ်းသာကြိုဆိုကြသည်။ မွန်းလွဲ ၁ နာရီ မိနစ် ၂၀ တွင် ရွာတောင်ဘက်စွန်းရှိ အ.ထ.က သရက်တောင်သို့ ရောက်ခဲ့ကြပါလေပြီ။ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ ကြိုဆိုနေကြသည်။

စာရေးသူတို့အဖွဲ့ ရောက်ရှိသွားကြချိန်တွင် ရခိုင်ပြည်နယ်အတွင်းက ရောက်ရှိပြီးဖြစ်သော ကန်တော့ခံ ဆရာ ဆရာမများကို နံနက်စာထမင်း၊ ဟင်း ဧည့်ခံကျွေးမွေးပြီးဖြစ်သည်။ စာရေးသူ သတိထားမိသည်မှာ ဧည့်ခံကျွေးမွေးကြသော ဟင်းများတွင် ရေထွက်သတ္တဝါ ငါး၊ ပုစွန်၊ ကဏန်း၊ ဂုံး စသော အစားအစာတို့ဖြင့်သာ ဧည့်ခံကြသည်။ ကျွန်းစဉ်ဒေသသည် ဒီရေရောက်မြစ်ချောင်းများ ပေါသဖြင့် ငါး၊ ပုစွန်၊ ကဏန်း အလျှံပယ်ထွက်သည်။

ညနေပိုင်းတွင် ညနေစာဖြင့်ဧည့်ခံကြရာ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများပါ အကုန်လုံး ၃၀၀ ခန့် တက်ရောက်သုံးဆောင်ကြသည်။ ဆက်လက်ပြီး စတိတ်ရှိုးအစီအစဉ်ဖြင့် ဧည့်ခံရာ ကန်တော့ခံ ဆရာကြီး ဆရာမကြီးများ၊ လက်ရှိကျောင်းတွင် တာဝန်ထမ်းဆောင်နေကြသော ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူ များက သီဆိုဖျော်ဖြေကြသည်။ ပရိသတ် ၁၀၀၀ ဝန်းကျင်ခန့် တက်ရောက်ကြရာ အထူးစည်ကား လှသည်။

၂-၁-၂၀၂၃

နံနက် ၁၀ နာရီတိတိမှာတော့ မြတ်ဆရာပူဇော်ပွဲစတော့ပါသည်။ ကန်တော့ခံ ဆရာ ဆရာမများကို စင်မြင့်ပေါ်တွင် အတန်းလိုက်နေရာချထားပြီး တပည့်များက မြေညီတွင်ပုဆစ်ဒူးတုပ်ထိုင်လျက် ကန်တော့ကြသည်။ မြတ်ဆရာသီချင်းကို သာယာနာပျော်ဖွယ်ဖွင့်ထားသည်။ ကျောင်းသူ ကျောင်းသားလေးများက မြန်မာဟန်ကကွက်လေးများဖြင့် ကပြသီဆိုကြသည်မှာ ချစ်စရာအလွန် ကောင်းလှသည်။

ဤ သရက်တောင် (စံပြ)ကျေးရွာတွင် ၂၈ နှစ် တိုင်တိုင်ကျောင်းဆရာအဖြစ် တာဝန်ထမ်းဆောင်ခဲ့မှုကြောင့်လည်းကောင်း၊ တက်ရောက်လာကြသောကန်တော့ခံ ဆရာ ဆရာမများထဲတွင် အသက်အကြီးဆုံးဖြစ်နေခြင်းကြောင့်လည်းကောင်း စာရေးသူ ဩဝါဒစကားပြောကြားခွင့်ရရှိခဲ့ပါသည်။ တစ်နယ်တစ်ကျေးက တက်ရောက်လာကြသည့် ဆရာ ဆရာမများသည်လည်း ရင်တွင်းမုဒိတာစကားများ ပြောကြားကြသည်။

“ပထမအကြိမ် မြတ်ဆရာပူဇော်ပွဲ သရက်တောင်ရွာ၊ မြေပုံမြို့နယ်”ဟု ရေးထားသော ပညာရေးသင်္ကေတ အဖြူအစိမ်းရောင် အိတ်ကလေးကို ကျောင်းသား ကျောင်းသူဟောင်းများကပဲ ပေးအပ် ကန်တော့ကြသည်။ စာအိတ်ကလေးကို ဖောက်ကြည့်လိုက်သည့်အခါ ငွေသားကျပ် ၁၁၀၀၀ဝ ကို တွေ့ရသည်။ ပူးတွဲပါ အထုပ်ကလေးမှာတော့ မျက်နှာသုတ်ပဝါလေးတစ်ပိုင်းကို တွေ့ရသည်။ မတက်ရောက်နိုင်သူ ဆရာ ဆရာမများအတွက် Wave money ဖြင့် ငွေကျပ် ၇၀၀၀ဝ စီ ပို့ပြီးကန်တော့ကြသည်ဟု သိရသည်။ စာရေးသူအနေဖြင့်လည်း မိမိကိုယ်တိုင်ရေးသားထုတ်ဝေထားသော စာအုပ်များကို တက်ရောက်လာသူ ကန်တော့ခံ ဆရာ ဆရာမများကို စာပေလက်ဆောင်အဖြစ် တစ်အုပ်စီပေးဝေခဲ့ပါသည်။

ကန်တော့ပွဲအပြီးတွင် လာရာလမ်းကြောင်း ခြောက်သွယ်မှ ကန်တော့ခံ ဆရာ ဆရာမများ၊ အုပ်စုအလိုက် မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။ ကျောင်းသား ကျောင်းသူများသည် တစ်ဦးချင်း အဖြစ်လည်းကောင်း၊ အုပ်စုဖွဲ့၍ အတန်းလိုက်လည်းကောင်း ဆရာဆရာမများနှင့်အတူ အမှတ်တရဓာတ်ပုံရိုက်ယူကြသည်။ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူလေးများ၏ မျက်နှာပေါ်တွင် အားရကျေနပ်မှု ပီတိမျက်ဝန်းများ ဖြာဝေနေကြသည်။ အခမ်းအနားအပြီးနံနက်စာဖြင့် တည်ခင်းဧည့်ခံပြီးချိန်တွင် ကန်တော့ခံဆရာကြီး ဆရာမကြီးများအား ဒေသထွက်ကုန် ကောက်ညှင်းဆန်၊ ငါးပိ၊ ငါးခြောက်၊ ပုစွန်ခြောက်၊ ပျားရည်တို့ကို အိမ်ပြန်လက်ဆောင်အဖြစ် ပေးအပ်ကြပြီး ရှိခိုးကန်တော့ကြသည်။

ကန်တော့ခံ ဆရာ ဆရာမများအတွက် အံ့ဩစရာအဖြစ်ဆုံးမှာ ရန်ကုန်မှသည် ရခိုင်ကျွန်းစဉ်နယ် သရက်တောင်(စံပြ)ကျေးရွာသို့ မော်တော်ကားဖြင့် တိုက်ရိုက်ရောက်ရှိလာကြခြင်းပင်ဖြစ်ပေသည်။ ယခင်ကဆိုလျှင် အိမ်ပေါ်ကအိမ်အောက်သို့ ဆင်းလျှင် ချောင်းကိုတွေ့သည်။ မြစ်ကိုတွေ့သည်။ သို့ဖြစ်၍ မည်သည့်နေရာသို့ပင် သွားလိုသည်ဖြစ်စေ လှေကလေးများဖြင့်သာ လှော်ခတ်သွားလာကြရ သည်။ ယခုအခါ ကမ်းထောင်းကြီးမြို့နှင့် သရက်တောင်ရွာကြားရှိ ငါးမိုင်ခန့် အရှည်ရှိသော ဒီရေရောက်တောကြီးကို လမ်းဖောက်ပြီး သရက်တောင်မြစ်ကို တံတားဆောက်လိုက်ခြင်းဖြင့် ကားလမ်းကြောင်း တစ်လမ်းကို ဖောက်လုပ်နိုင်ခဲ့ကြလေပြီ။ မော်တော်ကားလမ်းနှင့်တွဲလျက် မဟာဓာတ်အားလိုင်းလည်း ရရှိလာခဲ့သည်။ ဤသို့ မဟာဓာတ်အားလိုင်းရရှိလာမှုကြောင့် ဘုရား၊ ပုထိုး၊ စေတီကအစသရက်တောင်တစ်ရွာလုံး မီးထိန်ထိန်လင်းခဲ့ပေပြီ။

ယခင် နှစ်ပေါင်း ၃၀ လောက်ကဆိုလျှင် တစ်ရွာလုံးတွင် ဓနိမိုးဝါးထရံကာ အိမ်တွေများကြသည်။ ယခုဆိုလျှင် စာသင်ကျောင်းတွေရော လူနေအိမ်တွေပါ တိုက်တာအဆောက်အအုံတွေ ဖြစ်နေကြပေပြီ။ ပညာရေးကဏ္ဍတွင်လည်း ၂၀၁၆ ခုနှစ်တွင် အခြေခံပညာအထက်တန်းကျောင်းဖွင့်လှစ်ခဲ့ပြီး ယခုအခါ တက္ကသိုလ်ဝင်တန်းစာစစ်ဌာနရရှိထားပေပြီ။ ဤသို့ ရပ်ရွာဖွံ့ဖြိုးတိုးတက်လာခြင်းမှာ ဒီရေရောက် သဘာဝမြစ်ချောင်းများမှ ထွက်သောထုတ်ကုန်များကို ခေတ်ဈေးကွက်တွင် ရောင်းဝယ်နိုင်မှုကြောင့်ပင် ဖြစ်ကြသည်။ ထပ်ဆင့်ဆိုရချေသော် ဤကျောင်းတော်ရင်ခွင်ကိုခိုဝင်ပြီး ပညာသင်ယူခဲ့ကြသော သရက်တောင် ရွာသားလူသားရင်းမြစ်တို့၏ စွမ်းအားသည်လည်း ရပ်ရွာတိုးတက်မှုအတွက် တွန်းအားဖြစ်စေခဲ့သည် ဟု ဆိုလိုက်ပါရစေ။

သရက်တောင်ရွာသည် အိမ်ခြေတစ်ထောင်ကျော်ရှိပြီး ကျွန်းစဉ်နယ်တွင် အကြီးဆုံးရွာ ဖြစ်နေသည့်အပြင် မော်တော်ကားလမ်းနှင့် လျှပ်စစ်မီးတို့ ရရှိလာသည့်အချိန်တွင် မြို့ကလေးတစ်မြို့အသွင် ရုပ်လုံးပေါ်နေခဲ့ပေပြီ။ ကန်တော့ခံ ဆရာ ဆရာမများမှာ သူတို့တာဝန်ထမ်းဆောင်ခဲ့စဉ်က အခြေအနေနှင့် ယခုအခြေအနေကို နှိုင်းယှဉ်ပြီး အံ့ဩခြင်းနှင့်အတူ ဝမ်းသာမဆုံးဖြစ်ကြရသည်။

မြတ်ဆရာပူဇော်ပွဲကျင်းပရာတွင်လည်း ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများသာမက တစ်ရွာလုံး ပူးပေါင်းပါဝင်လုပ်ဆောင်ကြသဖြင့် “ရွာလုံးကျွတ်မြတ်ဆရာပူဇော်ပွဲ”ဟူ၍ ပင်ခေါ်ဆို လောက်ပေသည်။

၃-၁-၂၀၂၃

စာရေးသူတို့အဖွဲ့သည် အပြန်တွင် ဂွ - ငါးသိုင်းချောင်းလမ်းအတိုင်းပြန်ကြရန် ဆုံးဖြတ်ကြသည်။ ကိုယ် မရောက်ဖူးသေးသော ဒေသသစ်ကို ရောက်ဖူးလိုသည့်အပြင် အတွေ့အကြုံဗဟုသုတသစ်များကိုလည်း ရလိုသည့်စေတနာဆန္ဒလည်း ပါကြသည်။ ရခိုင်ရိုးမနှင့် ဘင်္ဂလားပင်လယ်ကြား ကမ်းရိုးတန်းတစ်လျှောက် ကားလမ်းပေါက်နေပေပြီဖြစ်၍ ပိုပြီးအဆင်ပြေသည်။

စာရေးသူတို့ ရန်ကုန်အဖွဲ့သည် နံနက် ၆ နာရီခွဲတွင် ကျွန်းစဉ်နယ် သရက်တောင်ရွာမှ စတင် ထွက်ခွာလာခဲ့ကြသည်။ အမ်းမြို့သို့ နံနက် ၈ နာရီတွင် ရောက်ရှိကြသည်။ ရိုးမတောင်ခြေ လမ်းတစ်လျှောက် ဆက်မောင်းလာခဲ့ကြရာ မွန်းတည့် ၁၂ နာရီတွင် တောင်ကုတ်မြို့သို့ ရောက်ရှိကြသည်။ တောင်ကုတ်မြို့ စာပေအင်အားစုက အသင့်စောင့်ကြိုနေသဖြင့် တွေ့ဆုံပွဲလေး ခဏလုပ်သည်။ နေ့လယ်စာထမင်းကို တောင်ကုတ်မှာပဲ စားသောက်ကြပြီးခရီးဆက်ခဲ့ကြသည်။ နေဝင်ရီ တရောအချိန်တွင် သံတွဲမြို့သို့ရောက်ရှိကြပြီး ဆရာ မောင်မြထွေး(ပင်လယ်) (ရွှေချိုအောင်ငပလီ)က အသင့်ကြိုနေသည်။ Kyaw (Myanmar)ဟိုတယ်တွင် တည်းခိုကြသည်။ ဦးတင်ထွန်း (ထက်/အုပ်-ငြိမ်း) ဇနီး ဒေါ်ခင်မိုးရီတို့ ထမင်းဟင်းချက်ပြီးကြိုနေသဖြင့် ညနေစာကို ငပလီမှာပဲသုံးဆောင်ဖြစ်ကြသည်။ ဦးတင်ထွန်းမှာ သရက်တောင်ရွာတွင်(ထက်/ပြ) တာဝန်ထမ်းဆောင်ခဲ့ပြီး ဒေါ်ခင်စန်းရီမှာ သရက်တောင်ရွာသူ ကျောင်းသားဟောင်းပင် ဖြစ်သည်။ ဦးတင်ထွန်းမှာ သရက်တောင်ရွာ ကန်တော့ခံပင်ဖြစ်သည်။

၄-၁-၂၀၂၃

နံနက် ၆ နာရီတွင် အိပ်ရာမှထကြပြီး မဇင်းရွာသို့ သွားကာနာမည်ကြီး ငပလီကောက်ညှင်းထုပ်များကို အိမ်ပြန်လက်ဆောင်ဝယ်ခဲ့ကြသည်။ သံတွဲမြို့မှ ဆက်လက်ထွက်ခွာလာရာ ဂွမြို့နယ် ကျိန္တလီမြို့သို့ အရောက်တွင် ဦးတင်အောင်မြင့် (လက်ထောက် မြို့နယ်ပညာရေးမှူး-ငြိမ်း) ဇနီး ဒေါ်ခင်လေးမူ (ထက်/အုပ်-ငြိမ်း)တို့က ရခိုင်မုန့်တီချက်ပြီး ကြိုနေကြသည်။ (ဦးတင်အောင်မြင့်မှာ သရက်တောင်ရွာ ကန်တော့ခံပင်ဖြစ်သည်။)

၄-၁-၂၀၂၃ ရက် ည ၈ နာရီတိတိတွင် စာရေးသူတို့အဖွဲ့ ရန်ကုန်မြို့ကြီးသို့ ပြန်လည်ရောက်ရှိခဲ့ကြသည်။ အသွားအပြန် ငါးရက်တိတိကြာမြင့်ခဲ့ပါသည်။ အောင်မြင်ခြင်းနှင့်အတူ ကျန်းကျန်းမာမာပြန်လာကြသည့် ကန်တော့ခံ ဆရာ ဆရာမများကိုလည်း အိမ်အရောက်ပို့ပေးလိုက်ကြသည်။

သရက်တောင်ရွာ မြတ်ဆရာပူဇော်ပွဲကြီး အောင်မြင်ချောမောစွာ ပြီးမြောက်ခဲ့ကြသဖြင့် “အဟောသုခံ အဟောသုခံ အဟောသုခံ”ဟူ၍ မုဒိတာပွားလိုက်ရပါသည်။ ကျန်းမာချမ်းသာကြပါစေ။ ။

ကျွန်းစဉ်မြေ စောခက် (ရိုးမအလင်္ကာ)

မြန်မာ့အလင်း
(၂၁-၇-၂၀၂၃)

ဝိုင်းနာစကေ သမပလိုက်ကတ်။https://www.facebook.com/photo.php?fbid=792377716237076&set=a.142603147881206&type=3&mibextid=Ni...
30/11/2023

ဝိုင်းနာစကေ သမပလိုက်ကတ်။
https://www.facebook.com/photo.php?fbid=792377716237076&set=a.142603147881206&type=3&mibextid=Nif5oz

တိုက်ပွဲများနှင့်အတူ လက်နက်ကြီးများပစ်ခတ်မှုရှိနေ၍ ပြည်သူများ ထွက်ပြေးနေရချိန်တွင် ရခိုင်က အခြေခံပညာကျောင်းများကို မပျက်မကွက်ဖွင့်လှစ်သင်ကြားရန် ပြည်နယ်ပညာရေးမှူးညွှန်ကြား

နိရဉ္စရာ၊ နိုဝင်ဘာ ၂၉/၂၀၂၃

ရခိုင်ပြည်နယ်မှ မြို့နယ် အချို့တွင် တိုက်ပွဲများ ဖြစ်ပွားနေပြီး တစ်ခြား တစ်ဖက်တွင်လည်း စစ်ကောင်စီ အကြမ်းဖက်စစ်တပ်က လက်နက်ကြီးများဖြင့် မြို့ထဲ ရွာထဲ ပစ်ခတ်နေသဖြင့် ရခိုင်ပြည်သူ အများအပြားကြောက်လန့် ထွက်ပြေးနေရချိန်တွင် အခြေခံပညာကျောင်းများ မပျက်မကွက် ဖွင့်လှစ် သင်ကြားရန် ပြည်နယ်ပညာရေးမှူးက စာထုတ် ညွှန်ကြားလိုက်သည်ဟု သိရသည်။

အဆိုပါစာသည် နိုဝင်ဘာ ၂၃ ရက် ရက်စွဲဖြင့် ပြည်နယ်ပညာရေးမှူး ဦးဘထွီးစိန်က လက်မှတ်ရေးထိုးပြီး ခရိုင်၊ မြို့နယ်သို့ ညွှန်ကြားထားခြင်းဖြစ်ကြောင်း ပညာရေး အသိုင်းအဝိုင်းက ပြောကြားသည်။

စာထဲတွင် "ရခိုင်ပြည်နယ်အတွင်း မြို့နယ်များရှိ အခြေခံပညာကျောင်းအားလုံး ဖွင့်လှစ်ထားရှိပြီး အချို့သောမြို့နယ်များတွင် လတ်တလောအခြေအနေအရ အခြေခံပညာကျောင်းများ၌ ဆရာ၊ ဆရာမများနှင့် ကျောင်းသား/သူများ ကျောင်းတက်ရောက်ပညာသင်ကြားမှုရှိစေရေးအတွက် မြို့နယ် ပညာရေးမှူးများက အခြေခံပညာကျောင်းအုပ်ကြီးများအား အထူးကြပ်မတ် ဆောင်ရွက်သွားရန် အကြောင်းကြားပါသည်"ဟု ဖော်ပြထားသည်။

အလားတူ ခရိုင်ပညာရေးမှူးများအနေဖြင့် မိမိရုံးအပါအဝင် မြို့နယ် ပညာရေးမှူး ရုံးများ၊ အခြေခံ ပညာကျောင်းများရှိ ဝန်ထမ်းများအားလုံး ကျောင်း/ရုံးများ၌ မပျက်မကွက် တက်ရောက် စေရေး အလေးထား ကြီးကြပ်ဆောင်ရွက်ရန်နှင့် ရုံးလုပ်ငန်းများ ပုံမှန်ဆောင်ရွက်စေရန်လည်း စာထဲတွင် ဖော်ပြထားသည်။

ရခိုင်မှတိုက်ပွဲဖြစ်ပွားသည့် မြို့နယ်များတွင် လက်ရှိအခြေနေအရ စာသင်ကျောင်း များအား အစိုးရ ညွှန်ကြားချက်ဖြင့် တရားဝင်ပိတ်ထားသည် မဟုတ်သော်လည်း ဒေသခံများသည် စစ်ဘေး ရှောင်နေရသည့်အတွက် ကျောင်းများကို ယာယီ ပိတ်ထားရသည်ဟု မြောက်ဦးမြို့နယ်၊ (------) ရွာမှ မူလတန်းပြကျောင်းဆရာမ တစ်ဦးက နိရဉ္စရာကိုပြောသည်။

"ခုချိန်မှာ အသက်ထက် ဘာတစ်ခုမှအရေးမကြီးဘူး။ ကျောင်းတက်ခိုင်းချင်ရင် ပညာရေးမှူးနဲ့ သက်ဆိုင်ရာတွေ ကျမတို့ကိုလုံခြုံအောင်လုပ်ပေးရမယ်။ သူတို့ကိုယ်တိုင် ကွင်းဆင်းလေ့လာပြီးမှ တက်ခိုင်းရမယ်"ဟု ပြောသည်။

ယင်းအပြင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည် နိုဝင်ဘာ ၁၃ ရက်မှစ၍ မြို့နယ် အနှံ့အပြားတွင် စစ်ကောင်စီက လက်နက်ကြီးများဖြင့် ရမ်းသန်း ပစ်ခတ်မှု များလည်း ရှိလာခြင်းကြောင့် ကျောင်းနေသည့် ကလေးငယ်များ အပါအဝင် ကျောင်းဆရာ/ဆရာမများသည်လည်း တိုက်ပွဲရှောင်နေရသည်ဟု ပုဏ္ဏားကျွန်းမြို့နယ်၊ ----- အထက်တန်းကျောင်းမှ ကျေးရွာမှ ကျောင်းဆရာ တစ်ဦးက နိရဉ္စရာကိုပြောသည်။

"လက်နက်ကြီးနဲ့ နေ့တိုင်းလိုလိုပစ်တယ်။ ဘယ်ကျောင်းကိုတက်ရဲပါ့မလဲ။ ပြည်နယ် ပညာရေးမှူးလည်း အခြေအနေကို သိမှာပါ။ နေပြည်တော်က ခိုင်းရင် ရခိုင်က ဘယ်ဝန်ထမ်းမဆို သူတို့ ညွှန်ကြားတဲ့ အတိုင်း လိုက်လုပ်ရတာပါပဲ "ဟု ပြောသည်။

ယင်းအပြင် စစ်တွေမြို့တွင်လည်း လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်မှုများ ရှိလာသဖြင့် မိဘများမှာစိုးရိမ်၍ သားသမီးများကို ကျောင်းမလွှတ်ရဲကြဟု စစ်တွေမြို့နယ်၊ ကျေးတောရွာမ ကျေးရွာမှ ဒုတိယတန်းကျောင်းသား မိခင်တစ်ဦးက နိရဉ္စရာကိုပြောသည်။

"ခုအခြေနေက စစ်တွေမှာလည်း ပိုဆိုးလာတယ်။ မနေ့ကလည်း လက်နက်သံတွေ ကြားတယ်။ ဒီအခြေနေမှာ ကျောင်းဖွင့်ရင်တောင် ကလေးကိုကျောင်းမပို့နိုင်ပါဘူး" ဟုပြောသည်။

အဆိုပါကိစ္စနှင့်ပက်သက်ပြီး ပြည်နယ်ပညာရေးမှူးဦးဘထွီးစိန်နှင့် ပြည်နယ် ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးဒေါက်တာထွန်းထွန်းသိန်းတို့ကို ဖုန်းဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပါ။

ရခိုင်တွင် အခြေခံပညာစာသင်ကျောင်းပေါင်း ၃၀၀၀ ကျော်ရှိပြီး လက်ရှိ တိုက်ပွဲများကြောင့် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ မအီ၊ ရမ်းဗြဲဘက်တို့မှ ကျောင်းများ ရာနှင့် ချီပိတ်ထားကြောင်း သိရသည်။ (NN-11)

သရက်တောင်ရွာမှ MPT ဖုန်းလိုင်းမမိခြင်းမှာ တာဝါတိုင်၌ စက်ထဲသို့ထည့်ရမည့်ဆီသည် လူ၏ဝမ်းထဲသို့ဝင်သွားသောကြောင့်ဖြစ်ပါသည်။အရေ...
19/11/2023

သရက်တောင်ရွာမှ MPT ဖုန်းလိုင်းမမိခြင်းမှာ တာဝါတိုင်၌ စက်ထဲသို့ထည့်ရမည့်ဆီသည် လူ၏ဝမ်းထဲသို့ဝင်သွားသောကြောင့်ဖြစ်ပါသည်။အရေးကြုံလာလျှင် တစ်ခါဘယ်တော့မှ ဖုန်းလိုင်းမမိသော တိုင်ဖြစ်ပါသည်။
ဤဟာသည် MPT သရက်တောင်တာဝါတိုင် ဖုန်းလိုင်းခဏခဏပြတ်တောက်နေရခြင်း အကြောင်းအရင်းဖြစ်ပါသည်။

ဝိုင်းဝန်းကူညီဆောင်ရွက်ကတ်ပါမယ်     သရက်တောင်ရွာသူရွာသူရွာသားများသည် ရပ်ဝေးမှ သရက်တောင်ရွာအတွက် တာဝန်လာရောက်ထမ်းဆောင်ကြသ...
28/10/2023

ဝိုင်းဝန်းကူညီဆောင်ရွက်ကတ်ပါမယ်
သရက်တောင်ရွာသူရွာသူရွာသားများသည် ရပ်ဝေးမှ သရက်တောင်ရွာအတွက် တာဝန်လာရောက်ထမ်းဆောင်ကြသော ပညာရေး၊ကျန်းမာရေးဝန်ထမ်းများအတွက် ၎င်းတို့၏ စား၊ဝတ်‌၊နေရေး အဆင်ပြေစေရန်အတွက် အမြဲတစိုက်မတ်မတ်ကြိုးပမ်းလာခဲ့ကြပါသည်။
ဤသို့ကြိုးပမ်းလာခဲ့ရာတွင် အချိန်အခါနှင့်လိုက်လျောညီထွေရှိအောင်ပြုပြင်ဆောင်ရွက်ချက်များလည်းရှိခဲ့ပါသည်။ ယနေ့အချိန်ကာလတွင်
အထက-သရက်တောင်၌ ကျောင်းအုပ်ဆရာကြီးနေအိမ်ဟူ၍ အယင်ကတည်ဆောက်ပေးဖူးပါသည်။ယင်းအဆောင်မှာ ကျောင်းခြံဝန်းကိုဖြောင့်တန်းအောင်ပြုလုပ်သည့်အခါ ခြံစည်းရိုးနှင့်မလွတ်၍ ဖြိုဖျက်ခဲ့ရပါသည်။ဖြိုဖျက်ခ့ဲသည့်အ‌ေဆာင်မှာလည်း‌ေမျှာတိုင်များဖြင့်ယာယီ‌ေဆာက်လုပ်ထား‌ေသာအ‌ေဆာင်သာဖြစ်ပါသည်။ယနေ့ထိဆိုလျင် ကျောင်းအုပ်ဆရာကြီးနေအိမ် မရှိခဲ့သည်မှာ အချိန်ကာလ ၇ နှစ်ခန့်ပင်ရှိခဲ့ပါပြီ။သို့ဖြစ်ပါ၍ ရွာသူ၊ရွာသားများနှင့် ဆရာ၊ဆရာမများသည် ကျောင်းအုပ်ကြီးနေအိမ်ရရှိရန် အထူးအလေးပေးကြိုးပမ်းလျှက်ရှိပါသည်။ ကမ်းထောင်းကြီး၊ရေခေါင်းချိန်၊တပ်ရာ၊ပေါက်တူးတောင်၊စိတ္တရရွာများ၌ပင် ကျောင်းအုပ်ကြီးအိမ်(သို့)ကျောင်းအုပ်ကြီးအဆောင်များရှိနှင့်ပြီးဖြစ်ပါသည်။သရက်တောင်ရွာ၌လည်း ဤကဲ့အဆောင်မရှိသည်မှာ ရွာအတွက်အလွန်ဘဲသိမ်ငယ်စရာဖြစ်လှပါသည်ဟု ခံစားမိပါသည်။
သို့ဖြစ်ပါ၍ ဤအဆောင်ဆောက်လုပ်ရန် ကနဦး
ရန်ပုံငွေ ကျပ်သိန်း ၅၀ ခန့်ရှိပြီးဖြစ်ပါသည်။(သူငယ်တန်းကျောင်းဆောင်ဟောင်းကို လေလံပစ်ရောင်းချထားသည့်ငွေ) စုစုပေါင်းခန့်မှန်းခြေကုန်ကျစရိတ်မှာ ကျပ်သိန်း ၁၅၀ ခန့်ဖြစ်ပါသည်။
၁၀၀ ခန့်လိုပါသေးသည်။
ယင်းလက်ရှိငွေကို တိုးပွားလာစေရန်အတွက် မိဘ/ဆရာအသင်းကော်မတီဝင်များ၊ပညာရေးလေ့လာလိုက်စားသူများနှင့် ဆရာ/မများပူးပေါင်းပြီး သရက်တောင်ရွာတွင် ယခုနှစ်ပထမဆုံး ကပြဖျော်ဖြေမည်ဇာတ်ကို ငှားရန်စီစဉ်ထားပါသည်။
ရွာသူ/သားများအနေဖြင့် မိမိကျေးရွာ အထကကျောင်းအတွက် ဆရာကြီးအဆောင်လည်းဖြစ်မြောက်အောင်အားပေးကူညီရင်း ၊ပထမဆုံးဖျော်ဖြေမည့်ဇာတ်ရဲ့အရသာကိုလည်းခံစားရင်း ဇာတ်လက်မှတ်များကို ဝယ်ယူအားပေးကြပါလို့ တိုက်တွန်းနှိုးဆော်ပါသည်။

သရက်တောင်ရွာလုံးကျွတ်လုံးကျွတ်မြတ်ဆရာ ပူဇော်ပွဲအတွက် ဂုဏ်ယူဖွယ်မှတ်တမ်းတစ်ခု၊💙💚💛🧡❤️
18/09/2023

သရက်တောင်ရွာလုံးကျွတ်လုံးကျွတ်မြတ်ဆရာ ပူဇော်ပွဲအတွက် ဂုဏ်ယူဖွယ်မှတ်တမ်းတစ်ခု၊💙💚💛🧡❤️

အထက-သရက်တောင်၊ မြေပုံမြို့နယ်၊ ရခိုင် ရဲ့ဝါဆိုသင်္ကန်းဆက်ကပ်လှူဒန်းပွဲအခမ်းအနား
26/08/2023

အထက-သရက်တောင်၊ မြေပုံမြို့နယ်၊ ရခိုင် ရဲ့ဝါဆိုသင်္ကန်းဆက်ကပ်လှူဒန်းပွဲအခမ်းအနား

ရွှေရောင်မြေ လူမှုကူညီရေးအသင်း(ကထက) မှ သရက်တောင်ရွာရှိ ဘုန်းတော်ကြီးကျောင်း၊အထက သရက်တောင်၊လခွဲ၊သရက်တောင်(မြောက်)၊နယူးစတာ...
08/08/2023

ရွှေရောင်မြေ လူမှုကူညီရေးအသင်း(ကထက) မှ သရက်တောင်ရွာရှိ ဘုန်းတော်ကြီးကျောင်း၊အထက သရက်တောင်၊လခွဲ၊သရက်တောင်(မြောက်)၊နယူးစတား ကိုယ်ပိုင်အထက်တန်းကျောင်းနှင့်သွေးလွန်တုတ်ကွေးရောဂါခံစားခဲ့ရသောနေအိမ်ပတ်ဝန်းကျင် တို့ကို ခြင်နိုင်ဆေးပါသည့်မီးခိုးမှုတ်စက်များဖြင့် ခြင်များကိုလာ‌ေရာက်ရှင်းလင်းပေးပါသည်။
(ရွှေရောင်မြေအသင်းကို သရက်တောင်ရွာကိုယ်စား အထူးပင်ကျေးဇူးတင်ပါရယ်။)

12/05/2023

စနေနေ့မနက်ပိုင်းအတွင်းမာမြေနိမ့်မာရောက်နိန်လူတိအမြင့်ပိုင်းသို့အပြီးအစီးပြောင်းထားနိုင်ဖို့သင့်ပါရယ်။

03/05/2023

ကဆုန်လပြည့်ဗုဒ္ဓနေ့ဝယ်

11/04/2023

တစ်ဦးချင်းအကောင်းဆုံးဆုတံဆိပ်များ

၁။ဂိုးသွင်းအများဆုံးဆု
ကျော်လင်းထွန်း(9) သရက်တောင်FC. 7 ဂိုး

၂။အကောင်းဆုံးဂိုးသမားဆု
သားသား(1) စိတ္တရ FC

၃။နောက်တန်းအကောင်းဆုံးဆု
ကျော်လင်းဌေး(5) Cyclone FC

၄။ကွင်းလယ်အကောင်းဆုံးဆု
ဝါသနာ(ဖြိုးမင်းဇော်)(10) ရေကောင်းချိန်FC

၅။ရှေ့တန်းအကောင်းဆုံးဆု
ဖြိုးဝေထွန်း(7) သင်းပေါင်းချောင်း(က)FC

၆။ပွဲစဉ်တလျှောက်လုံးအကောင်ဆုံးကစားသမားဆု
နေလင်းဇော်(11) သင်းပေါင်းချောင်း(က)FC

ဆုပေးပွဲအခမ်းအနားပုံရိပ်အချို့
11/04/2023

ဆုပေးပွဲအခမ်းအနားပုံရိပ်အချို့

10/04/2023

ကျန်အချက်အလက်တိကိုတဖြည်းဖြ ည်းတင်ပီးပါမယ်

10/04/2023
3rd Place (တတိယနေရာလုပွဲ)9-4-2023. 3:30 pm                    စိတ္တရ FC 4-1 ရေကောင်းချိန် FCလင်းထက်ဝင်း(17) 24',77'.    ...
09/04/2023

3rd Place (တတိယနေရာလုပွဲ)
9-4-2023. 3:30 pm

စိတ္တရ FC 4-1 ရေကောင်းချိန် FC

လင်းထက်ဝင်း(17) 24',77'. နေလင်းဖြိုး(7) 10'
ကိုကိုလှိုင်(9). 28',82'

Statistics

47% ဘောလုံးပိုင်ဆိုင်မှု 53 %
6 ပြစ်ဒဏ် 5
1 ထောင့်ကန်ဘော 4
10 ဂိုးကန်သွင်းမှု 15
5 ဂိုးပေါက်တည့်မှု 5
1 လူစားလဲမှု 3
2 အဝါကဒ် 0
0 အနီကဒ် 0
142 ဘောလုံးထိတွေ့မှု 163
MOTM-NO

Address


Website

Alerts

Be the first to know and let us send you an email when The'rettaung Media posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share