𝖲 𝖢 𝖮 𝖴 𝖳 𝖭 𝖤 𝖶 𝖲

  • Home
  • 𝖲 𝖢 𝖮 𝖴 𝖳 𝖭 𝖤 𝖶 𝖲

𝖲 𝖢 𝖮 𝖴 𝖳 𝖭 𝖤 𝖶 𝖲 BREAKING NEWS

ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ သဲဖြူကျေးရွာမှာ စစ်ကောင်စီတပ်က ထောင်ထားတဲ့ မိုင်းပြန်နင်းမိလို့ ပေါက်ကွဲတာ...
02/09/2025

ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ သဲဖြူကျေးရွာမှာ စစ်ကောင်စီတပ်က ထောင်ထားတဲ့ မိုင်းပြန်နင်းမိလို့ ပေါက်ကွဲတာကြောင့် ဒုတပ်ရင်းမှူးတယောက် သေဆုံးခဲ့ပြီး နောက်ထပ် ၄ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

“စစ်ကြောင်းထိုးဖို့ စထွက်ခဲ့ရင်း သဲဖြူကျေးရွာမှာ ကိုယ့်တပ်က ထောင်ထားတဲ့ မိုင်းကိုပြန်နင်းမိပြီး သေဆုံးသွားတာ။ ဆေးရုံတင်ပို့နေတုန်း သွေးထွက်အရမ်းလွန်ပြီး ဆုံးသွားတာ”
အပြည့်အစုံ ကွန်မန့်မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။
#သာပေါင်း #စစ်တပ် #မိုင်းနင်းမိ #ဒုတပ်ရင်းမှူး

အမေလုပ်တဲ့သူက အိမ်နားက အပင်အောက်မှာ ခေါက်မုန့်ရောင်းတယ်။ အဖေလုပ်တဲ့သူက အရင်က လက်သမားခေါင်းဆောင်၊ ဒါပေမယ့် အိပ်ရာထဲမှာ လေ...
31/08/2025

အမေလုပ်တဲ့သူက အိမ်နားက အပင်အောက်မှာ ခေါက်မုန့်ရောင်းတယ်။ အဖေလုပ်တဲ့သူက အရင်က လက်သမားခေါင်းဆောင်၊ ဒါပေမယ့် အိပ်ရာထဲမှာ လေဖြတ်နေတာကြာပြီ။ သားတယောက်ပဲရှိတယ်။ ပန်းရံလုပ်တာ။ တဲလေးတလုံးပိုင်တယ်။ စုစုပေါင်း သုံးယောက်ပဲ ရှိတဲ့မိသားစုမှာ သားက ငွေနေ့တိုင်းအပ်တော့ ဆင်းရဲပေမယ့် ပြေလည်တယ်ဆိုပါတော့။

တရက်ကျတော့ သူ့သားလေးကို အလုပ်ကပြန်လာတာကို ပေါ်တာဆွဲပါလေရော။ ကောင်းကောင်းအဆွဲမခံလို့ဆိုပြီး ရိုက်နှက်ထားကြတယ်။ စစ်ထဲမထည့်ပေးစေချင်ရင် သိန်းတရာနဲ့ ရွေးပါလို့ သူ့အိမ်ကို အကြောင်းကြားတယ်။ ခေါက်မုန့်ရောင်းနေတဲ့ အဖွားအိုကြီးနဲ့ လေဖြတ်နေတဲ့ အဖိုးကြီးမှာ ဘယ်လောက်တောင် သောကများနေလိုက်လိမ့်မလဲ ခင်ဗျားတို့ စဉ်းစားကြည့်ပေါ့။ ပြန်မရွေးရင် စစ်ထဲထည့်မယ့် အပြင် ရှေ့တန်းရောက်ရင်လည်း လူသားဒိုင်းလုပ်ပြီး မိုင်းကွင်းထဲပါ ဖြတ်ခိုင်းမှာလို့ပါ ထည့်ပြောသေးတယ်။

ကြံရာမရတဲ့ အဆုံး သူတို့ တဲအိမ်ကို ရက်ပိုင်းအတွင်း ဖယ်ပေးပါ့မယ်လို့ ကတိအပါအဝင် ဗိုက်နာတဲ့ဈေး သိန်းတရာနဲ့ ရောင်းလိုက်ရတယ်။ ပိုက်ဆံသိန်းတရာ ကို လာယူတာ သူတို့ရပ်ကွက်အုပ်ကြီးရယ်၊ အပိုင်ရဲစခန်းမှုးရယ် နှစ်ယောက်တူတူ လာယူတယ်။ ရက်ပိုင်းအတွင်း ပြန်လွှတ်ပေးပါ့မယ်လို့ ပြောပြီး ပြန်သွားတယ်။

ဒါပေမယ့် ပြန်မလွှတ်တဲ့အပြင် စစ်ထဲပါသွင်းလိုက်တယ်။ ပိုက်ဆံပြန်တောင်းတော့ ဆိုင်ရာပိုင်ရာတွေကို ပေးပြီးပြီမို့ ပိုက်ဆံက သူတို့ဆီမှာလည်း မရှိတော့ဘူးလို့ ပြောတယ်။

အခုတော့ လုပ်ကျွေးမယ့် သားတယောက်မရှိတော့တဲ့ သက်ကြီးရွယ်အို စုံတွဲလေးဟာ နေ့ခြင်းညခြင်း နေစရာမရှိတော့တဲ့အခြေအနေ ဖြစ်သွားပြီ။

ဘာအခုမှ ကြောက်ပါပြီလဲ 😂🥹
31/08/2025

ဘာအခုမှ ကြောက်ပါပြီလဲ 😂🥹

31/08/2025

ခေါင်းညစ်ပတ်စေးထန်းနေတဲ့ Far သည် နိုရာကိုရော ကြည့်ကောင်းနေသလား စကစ

ရွာသူမှ နတ်သမီး အယောင် ဇွတ်ဟန်ဆောင်မှုဖြစ်ပွားTelegram မှာ သူ့ရဲ့ HD တွေ ပွထနေတာလို့သိရ
31/08/2025

ရွာသူမှ နတ်သမီး အယောင် ဇွတ်ဟန်ဆောင်မှုဖြစ်ပွား

Telegram မှာ သူ့ရဲ့ HD တွေ ပွထနေတာလို့သိရ

31/08/2025

၂၉-၈-၂၀၂၅ ရက်နေ့ ည ၉:၃၀ ခန့်၌ စုပေါင်း ၅၃ အရက်အေးဂျင့်ဆိုင်ဘေး၌ အရက်သောက်နေသူအားလုံးကို စကမ မှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရသည်။

30/08/2025

ဆိုက်ကားသမားတွေ ပျောက်တဲ့အမှု
👇👇

30/08/2025

မြန်မာကို ကမ္ဘာက
တဖြည်းဖြည်း သိလာပါပြီ။

ပျက်စီးဖို့လွယ်တဲ့ တိုင်းပြည်"

သွေးခွဲလို့ကောင်းတဲ့ တိုင်းပြည်"

ဆင်ခြင်တုံတရား နည်းပါးတဲ့ တိုင်းပြည်"

ငွေပေးရင် အကုန်လုပ်တဲ့ တိုင်းပြည်"

တစ်ယောက်ရှိရင် တစ်ယောက်
မနာလိုတဲ့ တိုင်းပြည်"

စည်းမဲ့ကမ်းမဲ့ နေတဲ့ တိုင်းပြည်"

ပြောချင်ရာပြော ယုံချင်ရာယုံတဲ့ တိုင်းပြည်"

ပညာတတ်ဆိုတာ ဟန်ပဲရှိပြီး
အဆံမရှိတဲ့ တိုင်းပြည်"

ကိုယ့်ရေ ကိုယ့်မြေ မချစ်တတ်ပဲ နိုင်ငံတကာ
အထင်ကြီး ကျွန်စိတ်ဝင်နေတဲ့ တိုင်းပြည်"

ကိုယ်က မကူညီနိုင်ပဲ ကူညီနေတဲ့သူတွေကို
အမျိုးမျိူးအပုပ်ချနေတဲ့ တိုင်းပြည်"

ဒီလို လူတွေ အများဆုံးရှိတဲ့ ဒီတိုင်းပြည် ဒီနိုင်ငံ.

ကမ္ဘာက မသိတာ မဟုတ် အထင် မကြီးတာပါ။

ကိုယ့်မျက်ချေး ကိုယ်မမြင်
သူများမျက်ချေးပဲ မြင်တတ်တဲ့
ဒီတိုင်းပြည် မတိုးတက်တာ ဘာဆန်းလဲ"

အသိပညာ ဝမ်းစာ မရှိ ရေသာခို အချောင်လိုက်
လှေကြုံစီးချင်တဲ့လူက ခပ်များများရယ်"

(Life's a short) ဘဝဆိုတာ တိုတိုလေးပါ
ကိုယ်ပိုင်ဥာဏ်နဲ့ ဖောက်ထွက် ကြည့်ကြပါ။
သူများစကားနဲ့ လမ်းဆုံးနေတာ
ဘဝတစ်ခုလုံး ရေစုန် မျောနေတာပါပဲ"

နိုင်ငံခြားကို အထင်ကြီး
နိုင်ငံခြားလို နေချင်နေတဲ့ သူတွေကို
အကြံလေးတော့ ပေးပါရစေ...

ကမ္ဘာ့နိုင်ငံတွေကို လေ့လာကြပါဦး
Liberal တို့ Democracy တို့
ဘယ်လောက် အော်အော်
နောက်ဆုံးတော့ သူတို့နိုင်ငံရဲ့
(Patriotism) မျိုးချစ်စိတ်နဲ့
(National Interest) အမျိုးသား
အကျိုးစီးပွားပေါ်မှာပဲအခြေခံကြတာပါပဲ "

ဒီ နိုင်ငံမှာတော့
ဘာလုပ်လုပ် အကောင်းမြင်ဝါဒ နည်းကြတာကိုး"

ရုပ်ပိုင်းဆိုင်ရာ တိုးတက်တာနဲ့
စိတ်ဓာတ်ပိုင်းဆိုင်ရာ ပျက်စီးတာ
သပ်သပ်စီနဲ့ တစ်ခြားစီပါ။

🙄🙄🙄🙄🙄🙄🙄🙄

မူရင်းတင်ပြသူ

Edit ​
တိုင်းပြည်ကောင်းစားရေး
အတွက်
ရိုးသားကြိုးစားစွာ အလုပ်လုပ်ရင်း
ကူညီထောက်ပံ့နေသူများ
မပါဝင်ပါ

ထိရဲရင် ထိကြည့်ဆိုလို့တဲ့
30/08/2025

ထိရဲရင် ထိကြည့်ဆိုလို့တဲ့

ရန်ကုန်လေဆိပ်တွင် အကောက်ခွန်ဝန်ထမ်းများ ငွေညှစ်ခြင်းအပြင် ကော်ဖီထုပ်များပါ သိမ်းယူနေ30 Aug 2025 By Ba La / MPA နိုင်ငံခြ...
30/08/2025

ရန်ကုန်လေဆိပ်တွင် အကောက်ခွန်ဝန်ထမ်းများ ငွေညှစ်ခြင်းအပြင် ကော်ဖီထုပ်များပါ သိမ်းယူနေ

30 Aug 2025 By Ba La / MPA

နိုင်ငံခြားမှ အလည်အပတ်နှင့် အလုပ်လုပ်ပြီး ပြန်လာသူများကို ရန်ကုန်လေဆိပ်၌ စစ်ကော်မရှင် လက်အောက်ခံ အကောက်ခွန်ဦးစီးဌာန ဝန်ထမ်းများက နည်းမျိုးစုံအကြောင်းပြကာ ငွေညှစ်မှုများပြုလုပ်သည့်အပြင် ပြည်ပမှသယ်လာသည့် ကော်ဖီထုပ်များကိုပါ သိမ်းယူနေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူများထံမှ စုံစမ်းသိရှိရသည်။

စစ်ကော်မရှင်က လေဆိပ်မှတင်သွင်းမည့် ပြည်ပသွင်းကုန်များကို ပိတ်ပင်ပြီးနောက် ယခုလနောက်ဆုံးပတ်မှ စတင်ကာ အကောက်ခွန်ဝန်ထမ်းများက အထက်ပါအတိုင်းဆောင်ရွက်နေခြင်းဖြစ်ကြောင်း ရန်ကုန်မြို့တွင်နေထိုင်သည့် ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတစ်ဦးကပြောသည်။

"ပြီးခဲ့တဲ့ရက်ပိုင်းက ပြည်ပကနေ ခွင့်ရလို့ အိမ်ပြန်ချိန် လေဆိပ်မှာ ကော်ဖီထုပ်တွေကို စစ်ဆေးပြီးတော့ ဘာလို့ ငါးထုပ်တောင်သယ်လာတာလဲ၊တစ်ယောက် နှစ်ထုပ်ဆိုလောက်ပြီဆိုပြီး သုံးထုပ်ကို ကာစတန်က ယူထားလိုက်တယ်လေ" ဟု ၎င်းကပြောသည်။

28/08/2025

လေဆိပ်မှာ ပြည်ပက ပြန်ဝင်လာတဲ့ပြည်သူတွေဆီမှ cosmetics တွေကို စကစ custom ဓားပြတိုက်လုယူထားတယ် ပြန်မပေးဘူး

ပေါ်တင် ခိုးထားတာဟေ့

26/08/2025

ပခုက္ကူ- မကွေးတိုင်း ⚠

9:44pm(26 Aug)

ပခုက္ကူ (101) မှ Paramotor (2) စီး အနောက်‌ေမြာက်ဘက်သို့ပျံတက်။

⚠️ပေါက် ကမ္မ ရေစကြို မြိုင်သတိပြု


သတင်းပို့ရန်



📌

Address


Website

Alerts

Be the first to know and let us send you an email when 𝖲 𝖢 𝖮 𝖴 𝖳 𝖭 𝖤 𝖶 𝖲 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your business to be the top-listed Media Company?

Share