New Feed

New Feed Art

05/11/2025
05/11/2025
05/11/2025

ဒါနဆိုတာ တကယ်တော့ .. အလောဘပဲ နော်။

ပစ္စည်းပေါ်မှာ တွယ်တာမှုကို စွန့်လွှတ်ရတာ၊

“ထောင်မြင် ရာစွန့်” ဆိုတာ မလုပ်နဲ့ပေါ့။
အတွေး ထဲမှာ မထားနဲ့ပေါ့။

“လုပ်သင့်လို့ လုပ်တယ်”လို့ပဲ ထား၊

ဒါနကောင်းမှုကုသိုလ်ဆိုတာ လုပ်ကို လုပ်ရ မယ်။
ဘုရားအစရှိတဲ့ သူတော်ကောင်းတွေ ကျင့်သွား တဲ့လမ်းစဉ် ဖြစ်တယ်။လုပ်ရမယ်ဒါ တစ်ခု။

နောက်တစ်ခုက “အေး - တို့က စီးပွါးရှာနေ မယ်၊ဘုရားတရားတော်တွေကို ကျက်မှတ်နေကြ တဲ့သံဃာတွေက စီးပွါးမရှာရဘူး။တို့အနေနဲ့ တာဝန် ဝတ္တရားအရ လုပ်ကို လုပ်ရမယ်၊

(သို့မဟုတ်) မြတ်စွာဘုရားဟောတဲ့တရားတွေကို မပျောက်ပျက် အောင် ကျက်မှတ်ထိန်းသိမ်းနေတဲ့ ဒီလိုသံဃာတွေ ကို လှူဒါန်းထောက်ပံ့ပေးမှ သာသနာဆိုတာ တည်တံ့နိုင်တယ်။
သာသနာတည်မှ မြတ်စွာဘုရား ရဲ့အဆုံးအမတရားတွေ ကြားနာရမယ်။
ဒီအခွင့် အရေးတွေ တို့ရဲ့သားမြေးစဉ်ဆက် ဘယ်သူမှ မပျောက်ပျက်အောင် တို့ပြည်တို့ရွာ တို့သာသနာ မှာ တို့လုပ်သင့်တယ်”ဆိုပြီးတော့ လှူတဲ့အလှူမျိုး။

နောက်တစ်နည်းက “မြတ်စွာဘုရားသာသနာ အရှည်တည်ပါစေ၊ အရှည်တည်မှ လူတွေ ဘုရား အဆုံးအမရပြီးတော့ လိမ္မာယဉ်ကျေးကြမှာ ဖြစ်တယ်၊ စိတ်နှလုံးတွေ နူးညံ့ကြမှာ ဖြစ်တယ်”လို့ ဆိုတဲ့

ချီးမြှောက်လိုတဲ့ စိတ်ဓာတ်ကလေးနဲ့ လှူဖို့ လိုတယ် တဲ့။

"ဒီဒါနအကျိုးကို နောင်ဘဝ ငါခံစားမယ်”ဆိုရင်တော့ Give and Take ဖြစ်သွားမယ်နော်။

တဏှာကို တစ်ဖက်ကစွန့်ပြီး တစ်ဖက်က ယူတာ ဖြစ်နေတယ်နော်၊ အဲဒါကို “အပေးအယူ’လို့ ခေါ် တယ်နော်။

အပေးသက်သက် မဟုတ်ဘူး၊ အယူပါ ပါလာတာ။

အယူနဲ့ တွဲဖက်လာတာ၊ Give and Take ပေါ့။

‘အပေးအယူ’ လုပ်တယ်၊

မင်္ဂလာဈေးထဲ မှာ နေ့တိုင်း အပေးအယူလုပ်ကြတယ်၊ဒီက ကုန် ပစ္စည်း ပေးလိုက်၊ ဟိုက ပိုက်ဆံယူလိုက်၊ တစ်ဖက် က ပိုက်ဆံကို ယူလိုက်၊ တစ်ဖက်က ကုန်ပစ္စည်း ပေးလိုက်နော်၊ အပေးအယူဆိုတာ အရောင်းအဝယ် ပဲလေ၊ ပေးတယ်ယူတယ်, အရောင်းအဝယ်လုပ်တာ မျိုး ဖြစ်သွားပြန်ရော။

အဲဒီလို မဖြစ်အောင် မွန်မြတ်တဲ့ဒါနမျိုးဖြစ်အောင် ကြိုးစားအားထုတ်ကြဖို့ လိုအပ် တယ်ပေါ့။
အရေးကြီးဆုံးက စိတ်နေသဘောထားပဲ။

ဒါနဆိုတာ ပိုက်ဆံချမ်းသာမှ လုပ်လို့ရတယ် လို့လည်း မတွက်လေနဲ့။

ကိုယ်စားနေတဲ့အထဲက လှူတာလည်း ဒါနပဲနော်။

တစ်နေ့ကိုထမင်းတစ်လုပ် လျှော့စားလို့ ပိန်တဲ့သူ မရှိပါဘူး၊ တချို့ ဝိတ်တောင် ချနေတယ်၊ အဲဒီဝိတ်ချတဲ့အထဲကလည်း လှူလို့ ရ တာပဲ။

အဲဒီတော့ ဒါနကောင်းမှုဆိုတာ လုပ်တတ် ရင် ဖြစ်ပါတယ်။

မြတ်စွာဘုရားက ဘယ်လောက်ထိ ဟောထား တုန်းဆိုတော့ ကိုယ့်ရဲ့စားကြွင်းစားကျန် အိုးခွက်ကလေး ဘာလေး ဆေးတာ ကြောတာကအစ သွန်တဲ့ အခါမှာ

“တိရစ္ဆာန်လေးတွေ စားကြပါစေ” လို့ အာရုံ ပြုလိုက်ပါတဲ့။

အဲဒီဒါနရဲ့အကျိုးက ကိုယ့်ဆီ ရောက်တာပဲ။

ဝစ္ဆဂေါတ္တသုတ်မှာ ဟောထားတယ်။

ဝစ္ဆဂေါတ္တသုတ်ဟာ အင်္ဂုတ္တရနိကာယ်မှာ ရှိတယ်။

မြတ်စွာဘုရားက ဒါနနဲ့ပတ်သက်ပြီး အဲဒီလောက် ထိအောင် ဟောထားတာနော်။
အဲဒီတော့ ဒါနဖြစ်ဖို့ ဆိုတာ ပိုက်ဆံချမ်းသာမှ ဖြစ်တာ မဟုတ်ဘူး။

ပိုက်ဆံချမ်းသာမှ ဒါနလုပ်နိုင်တာ မဟုတ်ဘူး။

အားလုံး လုပ်နိုင်ကြတယ်၊ကောင်းပြီ - ဒါနဆိုတာ လုပ်မိ အောင် လုပ်ပါ၊ ကိုယ့်အတိုင်းအတာအရ ဒါနဆိုတာ လုပ်ရမယ်။

ကဲ အဲဒီဒါနကို အခြေခံတဲ့ သမထဝိပဿနာ ကျတော့ ဘယ်လိုကျင့်မှာတုန်း။

အခု နှစ်စဉ်နှစ်တိုင်း စာသင်တိုက်ကြီးတွေက သံဃာတွေကို လှူတယ်, တန်းတယ်၊ စိတ်ထဲအာရုံထဲ ကြည်နူးတယ်၊ မလှူခင် ကလည်း “လှူမယ်”ဆိုပြီး ဝမ်းသာနေကြတယ်။

လှူနေတဲ့အချိန်မှာလည်း ဝမ်းသာ၊ လှူပြီးတဲ့နောက်မှာ လည်း ဝမ်းသာ၊ ဝမ်းသာမှု ၃-ရပ် ပြည့်စုံပြီဆိုရင် ဒီဒါနဟာ အောင်မြင်တဲ့ဒါန ဖြစ်တယ်။

လှူတာတန်းတာကို စိတ်ထဲအာရုံထဲမှာ မှတ် ထားပြီးတော့ တစ်နေ့ကို တစ်ခါပဲဖြစ်စေ နှစ်ခါဖြစ်စေ

အိပ်ရာဝင်အိပ်ရာထလေးမှာ “တို့ ဘယ်တုန်းက ဒါန ကောင်းမှုတွေ လုပ်တယ်" ဆိုတာ

ကိုယ်လုပ်တဲ့ဒါန တွေကို တစ်နေ့မဟုတ် တစ်ခါမဟုတ် အကြိမ်ကြိမ်ကိုယ့်စိတ်ထဲမှာ ဝမ်းသာအားရ

ဖြစ်သည်ထိအောင် အထပ်ထပ် ဆင်ခြင်သုံးသပ်တာကို စာဂါနုဿတိ ကမ္မဋ္ဌာန်းလို့ ခေါ်တာပဲ။

သမထကျင့်စဉ်တစ်ခု ဖြစ် လာတယ်နော်။

အဲဒီပေါ်မှာ စိတ်ကလေးငြိမ်လာပြီး လို့ ရှိရင် သမထ ဖြစ်လာတာ။

အဲဒါကို “ ဒါန အခြေခံတဲ့ သမထ”လို့ ခေါ်တယ်။

အဲဒီလို သမာဓိ ရပြီး ပီတိတွေ ဖြစ်လာသည်ထိအောင် ဆင်ခြင် စဉ်းစား၊အဲဒါက သမထဘာဝနာ။

ဝိပဿနာဖြစ်အောင်ကျတော့ စဉ်းစားလို့ လွယ်တယ်။

အေး "တို့လှူတဲ့ဆွမ်း မရှိတော့ဘူး”
အခု ကျောင်းလှူရင်လည်း “ကျောင်းလှူတာ၊ဟို တဖြည်းဖြည်းနဲ့ ပြောင်းလဲသွားပြီ”

အဝတ်သင်္ကန်း လှူရင်လည်း “အဝတ်သင်္ကန်းဆိုတာ တစ်နှစ် ဝတ်ရုံ လိုက်တယ်ဆိုရင် တစ်နှစ်အတွင်းမှာပဲ ဟောင်းနွမ်း သွားတယ်”

တစ်ခုစီ ဒီလို စဉ်းစားကြည့်ပြီး “ဘယ် အရာမှ မမြဲဘူး၊

တို့ အဲဒီတုန်းက ဖြစ်ခဲ့တဲ့စေတနာ တွေကလည်း သင်္ခါရသဘောအရ ပျက်စီးသွားပြီ၊

အကြောင်းတိုက်ဆိုင်လို့ ဖြစ်လာတဲ့သဘာဝတရား တွေဟာ ဖြစ်ပြီးရင် ပျက်သွားတာပဲ။

တို့လှူတဲ့ဆွမ်း ခဲဘွယ် ဘောဇဉ် ချိုချဉ်အရသာဆိုတဲ့ သဘာဝတရား တွေဟာ ဖြစ်ပြီးရင် ပျက်တတ်တဲ့ သဘာဝတရားတွေ ဖြစ်သောကြောင့် အနိစ္စ၊

မမြဲတဲ့အန္တရာယ်ကြီးက အမြဲတမ်းနှိပ်စက်နေလို့ ဒုက္ခ၊ (ဒုက္ခဆိုတာ အရပ် ထဲမှာ အရောင်းအဝယ် မကောင်းလို့ ညည်းတဲ့ဒုက္ခ မဟုတ်ဘူး)၊

မမြဲတဲ့သဘောတရားကြီးက နှိပ်စက်နေ လို့ ဒုက္ခ၊

အဲဒီလို နှိပ်စက်နေတာကို ကိုယ်က ဘာမှ မတတ်နိုင်လို့ အနတ္တ” လို့

ဒီသဘောလေးတွေကို ဆင်ခြင်စဉ်းစားခြင်းအားဖြင့် ဒါနကနေ ဆင့်ပွါးပြီး တော့ ဝိပဿနာတရား ဖြစ်လာတယ်။

အဲဒီကနေတစ်ဆင့် အဆင့်မြင့်မြင့် ဆင်ခြင် ရင် ဘယ်လိုဆင်ခြင်မတုန်း၊

“တို့ လှူခဲ့တဲ့တန်းခဲ့တဲ့ ဆွမ်းတွေဆိုတာ ရုပ်တရားတွေပဲ၊

ရုပ်တရားတွေ ဆိုတာ ဖြစ်ပြီး ပျက်သွားတာပဲ၊

အလှူခံပုဂ္ဂိုလ် ရဟန်းသံဃာတွေဟာလည်း ရုပ်နာမ်တရားတွေပဲ၊

အဲဒီတော့ ရုပ်တရား နာမ်တရားကလွဲလို့ ဘာမှ မရှိ ဘူး၊

အားလုံးဟာ ရုပ်တရားနာမ်တရားဆိုတာ ဖြစ်ပြီး ရင် ပျက်သွားတတ်တဲ့သဘောတွေပဲ” လို့ ဆင်ခြင်ရ မယ်။

ဒါနစေတနာဆိုတာက နာမ်တရားလေးပဲ၊

ဒါ ကလည်း ဖြစ်လာပြီးတဲ့နောက် ပျက်သွားတာ၊

အလှူခံပုဂ္ဂိုလ်ဆိုတဲ့ အာရမ္မဏပစ္စည်း၊
အလှူဝတ္ထု ဆိုတဲ့ အာရမ္မဏပစ္စည်း၊

အဲဒါကို အကြောင်းပြုပြီး တော့ သဒ္ဓါတို့ အလောဘတို့ ဆိုတဲ့ ဒီတရားတွေ ပေါင်းစုပြီး ဖြစ်ပေါ်လာတတ်တယ်။

အဲဒါတွေက အာရမ္မဏပစ္စည်းရဲ့အကျိုးတရားတွေပဲလို့-အကြောင်း နဲ့အကျိုးကို ဆင်ခြင်စဉ်းစားလိုက်ရင်လည်း ဒါ ဝိပဿနာလမ်းကြောင်းပေါ် ရောက်လာတာပဲ။

“ဘယ်အရာမှ မမြဲဘူးအားလုံးဟာ ဖြစ်ပြီးတဲ့နောက် ပျက်သွားတာချည်းပဲ”လို့ ဆင်ခြင်သုံးသပ်နိုင်တယ်။

နောက်ဆုံး အနီးကပ် ဆင်ခြင်သုံးသပ်ချင်ရင် တော့ ဒါနကောင်းမှုကို ဆင်ခြင်သုံးသပ်တဲ့အခါ ပီတိ တွေ ဖြစ်လာတယ်။

အဲဒီဖြစ်လာတဲ့ပီတိကိုပဲ ဆင်ခြင် တာ၊

“ဪ - စိတ်ထဲမှာ အခုလို လှိုက်လှိုက် လှိုက်လှိုက်နဲ့ ဝမ်းသာလာတာဟာ ပီတိပါလား၊

ဒီ ပီတိတရားဟာ အာရုံကို အကြောင်းပြုပြီး အာရုံနဲ့ စိတ် နှစ်ခုပေါင်းစပ်လာလို့ ဖြစ်လာတာပါလား” လို့

အကြောင်းတရားကို ဆင်ခြင်တယ်၊ မမြဲတဲ့သဘော အနိစ္စလို့ ဆင်ခြင်တယ်။

ဒီမမြဲမှုဟာ အမြဲဒုက္ခပေး နေလို့ အနှောက်အယှက်ပေးနေလို့ ဒုက္ခ၊ ကိုယ် ဘာမှ မတတ်နိုင်လို့ အနတ္တလို့ဆိုတဲ့

ဒီသဘော တရားတွေကို ဆင်ခြင်တယ်၊ဒါ ဝိပဿနာလမ်း ကြောင်းပေါ် ရောက်သွားတယ်။

အဲဒီတော့ ဒါနကို အခြေခံပြီးတော့ သမထ ကို ကျင့်လို့ ရတယ်၊ ဝိပဿနာကို ကျင့်လို့ ရတယ်။

ဝိပဿနာကျင့်ခြင်းအားဖြင့် ဘယ်အထိအောင် ရောက်သွားနိုင်တုန်း?

ကိုယ့်ပါရမီရှိသည့် အားလျော် စွာ ဝိပဿနာဉာဏ် အဆင့်ဆင့်တက်ပြီး နောက်ဆုံး သောတာပတ္တိမဂ် သောတာပတ္တိဖိုလ်

အဲဒီကနေ ဝိပဿနာတိုးမြှင့်လိုက်တဲ့အခါ သကဒါဂါမိမဂ် သကဒါဂါမိဖိုလ်၊

ဝိပဿနာကို အဆင့်မြှင့်ရင် အနာဂါမိမဂ် အနာဂါမိဖိုလ်

အမြင့်ဆုံးကျင့်နိုင်ပြီ ဆိုလို့ရှိရင်

အရဟတ္တမဂ် အရဟတ္တဖိုလ်ဆိုတဲ့ မဂ်အဆင့်ဆင့် တိုးမြင့်သွားတယ်။

နောက်ဆုံး နိဗ္ဗာန်ဆိုတာကို အပြည့်အဝရရှိကြရမှာ ဖြစ်တယ် ။

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ နန္ဒမာလာဘိဝံသ

“ဒါနအခြေခံတဲ့ သမထဝိပဿနာ”တရားတော်မှ

#ပါချုပ်ဆရာတော် #တရားမှတ်စု

05/11/2025
26/06/2023

မိတ်ဆွေကောင်းတော့ ရှားပါတယ်။

I have reached 1.5K followers! Thank you for your continued support. I could not have done it without each of you. 🙏🤗🎉
26/06/2023

I have reached 1.5K followers! Thank you for your continued support. I could not have done it without each of you. 🙏🤗🎉

MY WISH —————Starting from this Myanmar New year, 1385, in any life, may I never meet bala (fools),fools also never meet...
17/04/2023

MY WISH
—————
Starting from this Myanmar New year, 1385,
in any life, may I never meet bala (fools),
fools also never meet me and
may I never be a worthless fool.

ကျန်ုပ်ဆုတောင်း
————————
မြန်မာနှစ်ဦး ၁၃၈၅ - ခုနှစ်မှစ၍
ကျန်ုပ် သည် ဘဝဆက်တိုင်းမှာ
လူမိုက် ဟူသမျှနှင့် မဆုံတွေ့ပါရစေနှင့်။
လူမိုက်ဟူက ကျန်ုပ်ကို မတွေ့ပါစေနှင့်၊
ကျန်ုပ် ကိုယ်တိုင်လည်း လူမိုက်မဖြစ်ပါ
ရစေနှင့်။

မမ ပတ်ထနာ
—————
ဣတော ပဋ္ဌာယ နာဟံ ဟိ၊
ဗာလေဟိ သင်္ဂမော ဘဝေ၊
န ဗာလာ သင်္ဂမာ မယာ၊
နာမှိ ဗာလော ဘဝါဘဝေ။

Nandamalabhivamsa
17.4.23

တပေါင်းလပြည့်မြတ်ဗုဒ္ဓပြည်တော်၀င်အခါတော်နေ့================ယနေ့သည်တပေါင်းလပြည့်မြတ်ဗုဒ္ဓပြည်တော်၀င်အခါတော်နေ့ဖြစ်ပါသည်။ဘ...
05/03/2023

တပေါင်းလပြည့်
မြတ်ဗုဒ္ဓပြည်တော်၀င်အခါတော်နေ့
================
ယနေ့သည်တပေါင်းလပြည့်
မြတ်ဗုဒ္ဓပြည်တော်၀င်အခါတော်နေ့ဖြစ်ပါသည်။ဘုရားရှင် ပြည်တော်၀င်ရန် စတင်ကြွလှမ်းသောနေ့ ဖြစ်သဖြင့်တပေါင်းလပြည့်နေ့ကို
မြတ်ဗုဒ္ဓပြည်တော်၀င်အခါတော်နေ့ဟုသတ်မှတ်ခေါ်ဝေါ်ကြသည်။

မြတ်ဗုဒ္ဓပြည်တော်၀င်အခါတော်နေ့ဖြစ်ပေါ်လာပုံ


မဟာသက္ကရာဇ် ၁၀၃ ခုနှစ် အခါကာလက မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ဝေဠုန်၀န်ကျောင်းတော်၌ သီတင်းသုံးကာ အင်္ဂတိုင်းနှင့် မဂဓတိုင်းမှ ဒကာ ဒကာမများအား တရားရေအေးတိုက်ကျွေးလျက်ရှိသည်။ ထိုသတင်းကို ခမည်းတော် သုဒ္ဓေါဒနမင်းကြီး ကြားသိသောအခါ သားတော်ဘုရားကို ဖူးတွေ့ချင်နေသည်။ ထို့ကြောင့် အမတ်တယောက်အား အခြွေအရံတထောင်နှင့်အတူ စေလွှတ်၍ ပင့်ခိုင်း၏။

ထိုအမတ်သည် ဗုဒ္ဓထံ ရောက်လာရာမှ တရားတော်ကိုနာရ၍ အခြွေအရံတို့နှင့်အတူ ရဟန်းပြုသွားသည်။ သုဒ္ဓေါဒနမင်းကြီးထံ ဘုရားရှင်ကြွရောက်တော်မူရန် မပင့်ဖြစ်ချေ။ မင်းကြီးလည်း နောက်ထပ် အမတ်တို့ကို အခြွအရံ တထောင်စီဖြင့် ကိုးကြိမ်တိုင်အောင် စေလွှတ်ခဲ့သည်။
သို့သော် အားလုံး ရဟန်းပြု၍ နေကြပြန်သည်။
ဆယ်ကြိမ်မြောက်တွင်မူ ဗုဒ္ဓဘုရားရှင်နှင့် ဖွားဖက်တော်ဖြစ်သော ကာဠုဒါယီအမတ်ကို စေလွှတ်သည်။ ကာဠုဒါယီအမတ်သည်လည်း ရှေးက အမတ်များနှင့်နည်းတူပင် နောက်ပါများနှင့်တကွ ရဟန်းပြုပြန်သည်။ ဘုရားပင့်ရန်သွားသူ အမတ်များသည် ဘုရားရှင်နှင့် တွေ့၍ တရားနာရသောအခါ ဧဟိဘိက္ခူ ရဟန်းများ ဖြစ်ကုန်ကြပြီး ကပိလ၀တ်သို့ မပြန်ကြတော့။ နောက်ဆုံးအသုတ်ကို ကာဠုဒါယီအမတ်ကြီး ခေါင်းဆောင်၍ သွားသည့်အခါတွင်လည်း ဘုရားရှင်၏ တရားနာရပြီးနောက် ကာဠုဒါယီအမတ်ကြီး ရဟန္တာဖြစ်သွားပါသည်။
သို့ရာတွင် ခရီးလမ်းပန်းသာယာသော တပေါင်းလအချိန်သို့ ရောက်သောအခါတွင်ကား လမ်းခရီးသာယာပုံ တပေါင်းအလှကို ဂါထာပေါင်း ၆၀-ဖြင့် ဖွဲ့နွဲ့ကာ ကပိလ၀တ်ပြည်သို့ ကြွပါမည့်အကြောင်း ဘုရားရှင်အား လျှောက်ထားတောင်းပန်သည်။
ဗုဒ္ဓဘုရားရှင်လည်း လက်ခံကာ တပေါင်းလပြည့်နေ့၌ ကပိလ၀တ်ပြည်သို့ ကြွတော်မူခဲ့သည်။
ဘုရားရှင် ကပိလ၀တ်နေပြည်တော်သို့ ကြွတော်မူခြင်းကြောင့် နိဂြောဓာရုံကျောင်းကြီး ပေါ်ပေါက်လာသည်။ ဂါထာ ၁၀၀၀-ဖြင့် တန်ဆာဆင်အပ်သော ဝေဿန္တရာဇာတ်တော်ကြီးကို ဟောတော်မူခဲ့သည်။ ခမည်းတော် သုဒ္ဓေါဒနမင်းကြီးသည်လည်း
မဟာဓမ္မပါလဇာတ်တော်ကြီးကို ကြားနာရသဖြင့်
အနာဂါမ် တည်ခဲ့သည်။ နောင်အခါ အရဟတ္တဖိုလ် တည်သွားသည်။
ဗုဒ္ဓဘုရားရှင် ကပိလ၀တ်ပြည်သို့ ကြွရောက်တော်မူ၍ တရားဟောတော်မူသဖြင့် မိထွေးတော် ဂေါတမီသည်လည်း သောတာပန်တည်သည်။
ယသော်ဓရာကို အကြောင်းပြု၍ စန္ဒကိန္နရီ ဇာတ်တော်ကိုလည်း ဘုရားဟောတော်မူခဲ့သည်။
ညီတော်နန္ဒမင်းသား ရဟန်းပြုဖြစ်သည်။
သားတော်ရာဟုလာ သာမဏေဘ၀သို့ ရောက်ရှိသည်။ သာကီ၀င်မင်းသားတထောင် ရဟန်းဘောင်သို့ ရောက်ရှိသည်။ ဆွေမျိုးတို့ ဘုရားရှင်ကို ကြည်ညိုစေရန် ဆောင်ရွက်ရာ၌ အထူးအောင်မြင်သဖြင့် ကာဠုဒါယီမထေရ်အား ကုလပ္ပသာဒ ဧတဒဂ်ဘွဲ့ ချီးမြှင့်တော်မူခဲ့သည်။

မြတ်စွာဘုရားရှင် ကပိလဝတ်ပြည်တော်ပြန်ခရီး ကြွရောက်တော်မူခြင်းဖြင့် သာသနာ့သမိုင်းမှာ ကောင်းသော အကျိုးဆက်များ

မြတ်စွာဘုရားရှင် ကပိလဝတ်ပြည်တော်ပြန်ခရီး ကြွရောက်တော်မူခြင်းဖြင့် သာသနာ့သမိုင်းမှာ ကောင်းသော အကျိုးဆက်များကား....,​
-ဖခင်သုဒ္ဓေါဓနမင်းကြီးစသော ဆွေတော်မျိုးတော် သာကီဝင်မင်းအပေါင်းတို့သည် မြတ်စွာဘုရားရှင်နှင့် သံဃာတော်များ သီတင်းသုံးတော်မူစေရန်အတွက် ဆောက်လုပ်ထားသော နိဂြောဓာရုံကျောင်းတော်ကြီး ပေါ်ပေါက်လာခြင်း။
-သာကီဝင်မင်းမျိုးတို့၏ မာန်စွယ်ကို ပယ်ရှားသောအားဖြင့် ပေါက္ခရဝဿမိုးကိုရွာသွန်းစေပြီး ထိုပေါက္ခရဝဿမိုးကို အကြောင်းပြု၍ ဝေဿန္တရာဇာတ်တော်ကို ဟောကြားတော်မူခြင်း၊
-ဆွမ်းပင့်ဖိတ်သူ ဒကာများမရှိခဲ့ပါလျှင် အိမ်စဉ်မပြတ် လှည့်လည်ဆွမ်းခံရပ်ခြင်းသည် ဗုဒ္ဓဝံသ ဗုဒ္ဓအနွယ်ဝင် ဖြစ်သော ရှေးရှေးဘုရားရှင်တို့၏ အနွယ်စဉ်ဆက်မှ ဆင်းသက်လာသောအကျင့်မြတ်ဖြစ်ကြောင်းကို (၂)ဂါထာဖြင့် မြတ်စွာဘုရားရှင်မှ ခမည်းတော် သုဒ္ဓေါဓနမင်းကြီးကို ဟောတော်မူခြင်းကြောင့် ပထမဂါထာဖြင့် သုဒ္ဓေါဓနမင်းကြီး သောတာပန်တည်ခြင်း၊
ဒုတိယဂါထာဖြင့် သကဒါဂမ်တည်ခြင်း၊ မိထွေးတော်ဂေါတမီမှာ သောတာပန်တည်ခြင်း၊ မဟာဓမ္မပါလဇာတ်တော်ကို ဟောကြားတော်မူပြီး ဖခင်ကြီးအား အနာဂါမ်တည်စေခြင်း၊ နောင်သောအခါ အရဟတ္တဖိုလ်တည်ခြင်း။
-ယသောဓရာမိဖုရားကို အကြောင်းပြု၍ စန္ဒကိန္နရီဇာတ်ကို ဟောကြားတော်မူခြင်း၊
-ဇနပဒကာလျာဏီ၏ နန္ဒမင်းသားကို ရဟန်းပြုပေးခြင်း၊
-သားတော်ရာဟုလာ အမွေတောင်းခံခြင်းကို အကြောင်းပြု၍ လောကုတ္တရာအမွေ ပေးသည့်အနေဖြင့် သာမဏေဘောင်သို့ သွတ်သွင်းခြင်း၊ မိဘတို့ ခွင့်မပြုသော သားကို ရဟန်းပြုမပေးရဟူသော သိက္ခာပုဒ်ကို ပညတ်ခြင်း။
-သာကီဝင်မင်း မင်းသားတစ်ထောင် ရဟန်းပြုခြင်း၊ ထိုသာကီဝင်မင်း မင်းသားတစ်ထောင်မှ ထင်ရှားကျော်ကြားသည့် အနုရုဒ္ဓ၊ အာနန္ဒ၊ ဘဒ္ဒိယ၊ ကိမိလ၊ ဘဂု၊ ဒေဝဒတ္တ(ဒေဝဒတ်) ၇ဦးတို့သည် မြတ်စွာဘုရားရှင် သီတင်းသုံးတော်မူရာ ဝေဠုဝန်ကျောင်းတော်သို့ လိုက်ပါသွား၍ ဒုတိယဝါကပ်တော်မူခြင်း၊ ထိုဝါတွင်း၌ပင် ထို(၇)ဦးထဲမှ အရှင်ဘဒ္ဒိယသည် ဝိဇ္ဇာသုံးပါး ပဋိသမ္ဘိဒါလေးပါးနှင့်တကွ ရဟန္တာဖြစ်ခြင်း၊
အရှင်အနုရုဒ္ဓါကား ဒိဗ္ဗစက္ခု အဘိဉာဏ်ကို ရခြင်း၊ အရှင်အာနန္ဒာကား သောတာပန်ဖြစ်ခြင်း၊ အရှင်ဘဂု၊ အရှင်ကိမိလ အရှင်ဥပါလိတို့သည်နောင်သောအခါ ရဟန္တာဖြစ်ခြင်း၊ အရှင်ဒေဝဒတ်ကား ပုထုဇဉ်၏ အဘိဉာဏ်တန်ခိုးဖြင့် ပြည့်စုံခြင်း၊
-အရှင်သာရိပုတ္တရာလျှောက်ထား၍ ဗုဒ္ဓဝင်ဒေသနာတော်ကို ဟောကြားခြင်း။
-ကာဠုဒါယီမထေရ်က ဆွေမျိုးတို့အား မြတ်စွာဘုရားရှင်ကို ကြည်ညိုစေရန် စွမ်းဆောင်ရာ၌ အမြတ်ဆုံးဘွဲ့ ကုလပ္ပသာဒ ဧတဒဂ်ဘွဲ့ကို ချီးမြင့်တော်မူခြင်း စသော အကျိုးဆက်တို့ပင်တည်း။
တပေါင်းလပြည့်နေ့သည် ဘုရားရှင် ပြည်တော်၀င်ရန် စတင်ကြွလှမ်းသောနေ့ ဖြစ်သဖြင့်လည်း ထိုနေ့ကို အကြောင်းပြု၍ သာသနာတော်၌ ထူးခြားသော ဖြစ်ရပ်ကြီးများ ပေါ်ထွန်းခဲ့သည်။ ထို့ပြင် မဟာသက္ကရာဇ် ၁၀၃-ခု တပေါင်းလပြည့်
ဗုဒ္ဓဟူးနေ့တွင် သိကြားမင်း၊ ဥက္ကလာပမင်းကြီး
တပုဿနှင့်ဘလ္လိက ကုန်သည်ညီနောင်တို့ကြီးမှူး၍
ရွှေတိဂုံစေတီတော်ကြီး တည်ထားခဲ့သည်ဟု
သမိုင်းကဆိုသည်။ ဤကား တပေါင်းလကို အကြောင်းပြု၍ သာသနာတော်၌ ထူးခြားသော မှတ်တိုင်ကြီးများ ပေါ်ထွန်းလာခဲ့ခြင်း ဖြစ်ပေသည်။
ကိုးကား/Wikipedia, ဒေါက်တာ အရှင်ဝိမလဝံသ (နာလန္ဒာတက္ကသိုလ်)

၂၀၂၂ မင်းနဲ့အတူ ကောင်းခြင်း ဆိုးခြင်း​တွေ ​ပျော်ရွှင်ခြင်း ဝမ်းနည်းခြင်း​တွေ အဆင်​ပြေခြင်း မ​ပြေခြင်း​တွေအားလုံးကိုချန်ထ...
31/12/2022

၂၀၂၂ မင်းနဲ့အတူ ကောင်းခြင်း ဆိုးခြင်း​တွေ
​ပျော်ရွှင်ခြင်း ဝမ်းနည်းခြင်း​တွေ
အဆင်​ပြေခြင်း မ​ပြေခြင်း​တွေအားလုံးကို
ချန်ထားခဲ့ပြီ ...နေခဲ့​တော့ ၂၀၂၂ ​ရေ။

ငါတို့ ဆက်ပြီးသွား​နေပြီ ၂၀၂၃ ဆီ ကို​​​လေ
​ငြိမ်းချမ်းခြင်းတွေ….
ပျော်ရွှင်ခြင်း​တွေ ..
အေးချမ်းခြင်းတွေ…
ကျန်းမာခြင်း​တွေ ..
အဆင်​ပြေခြင်း​တွေ….အ​ကောင်းဆုံး​​တွေကို ​
ကြိုးစားဖြတ်သန်းရင်ဆိုင်မျှော်လင့်ရင်း​ပေါ့ ။

Address


Website

Alerts

Be the first to know and let us send you an email when New Feed posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your business to be the top-listed Media Company?

Share