Berry Blink

Berry Blink Life is temporary

03/07/2025

#ချစ်စွာသောညီမတို့ #ခွေးမေမေမဖြစ်ရအောင်
အစဆုံးဖတ်သေချာဖတ်ပါ
********* *************""***†****************

တရုတ်ပြည်မှာ အလုပ်သွားလုပ်
မယ်ဆိုရင်- - -

၁။စစ်မှန်သောဗီဇာပါရဲ့လား
၂။သင်အားကိုးလောက်တဲ့မိတ်
ဆွေရှိရဲ့လား။
၃။သူတို့စကား ကို နားလည်ရဲ့
လား။

၄။ကိုယ်လုပ်နိုင်တဲ့အလုပ်ဟုတ်
ရဲ့လား။
၅။တနေ့ လုပ်ချိန်ဆယ်နာရီလုပ်
နိုင်ရဲ့လား။
၆။သင်ထမင်းစားတိုင်းဝက်ဆီနဲ့
ချက်ထားတဲ့ဟင်းကိုစားနိုင်ရဲ့
လား။

၇။အအေးလှနျ အပူလွန် ဒဏ်ကို
ခံနိုင်ရဲ့လား။
၈။သူတို့ဖမ်းချင်လျှင် သင်ကိုင်
ဆောင်ထားတဲ့ နေထိုင်ခွင့်စာ
အုပ်ကို ဆုပ်ဖြဲပြီးဖမ်းပါလိမ့်
မယ်။
၉။တရုတ်ပြည်မှာ မိန်းမစျေးကြီး
တဲ့အတွက် သင့်ကိုစျေးပေါပေါနဲ့ဝယ်
ပြီး တိတ်တိတ်ပုန်း
မယားအဖြစ် သုံးနှစ်သို့မဟုတ်
ငါးနှစ် ပြုလုပ်စေပါလိမ့်မယ်။

၁၀။သင့်ကိုသူတို့စိတ်တိုင်းကျအ
အသုံးချပြီးပြီ ဆိုရင်တော့
လျှော့စျေးနဲ့ တဆင့်ရောင်း
ချပါလိမ့်မယ်။

***ခွေးသားပေါက်လုပ်ငန်း***
တကယ်လို့သင်သာ ခွေးသား
ပေါက်လုပ်ငန်းကိုရောက်သွားခဲ့
မယ်ဆိုရင်။

ရောက်ရောက်ခြင်း သင်ပျော်ရွှင်သွားအောင်ပြုလုပ်ပေးမှာပါ။
ငါ့မိဘမွေးချင်းတောင် ဒီလောက်မကောင်းနိုင်ဘူးလို့ အထင်ရောက်စေမှာပါ။
*ကျနော်တို့ ချစီးမဲ့ ကတ္တီပါ ဖိနပ်*
လေးကို တိုက်ချွတ်သလိုမျိုးပေါ့။
အစားကောင်းအသောက်
ကောင်းတွေကျွေးမယ်။
ရောက်စမှာတော့ သင့်အလုပ်ကရေချိုးမယ် စားမယ်သောက်မယ်အလှပြင်မယ်ပေါ့ဗျာ။

*သင်သာရုပ်လှသူ လုံးကြီး
ပေါက်လှ တောင့်တောင့် ဖြောင့်
ဖြောင့်ကြီး ဖြစ်နေမယ်ဆိုရင်
တော့ သူတို့အကြိုက်ပေါ့။
သင်ရွှင်ရွှင်လန်းလန်းရှိတဲ့နေ့မှာ
လုပ်ငန်းစရပါတော့မယ် (အပြု
သဘောနဲ့ရေးမှာဖြစ်လို့နည်းနည်းတော့ကြမ်းပါမယ်)
အလုပ်စမဲ့နေ့မှာသင်သာ သူတို့
သဘောကျမဲ့ ရုပ်မျိုးဖြစ်မယ်ဆိုရင် သူဌေးကိုယ်တိုင်ကသင်နဲ့အတူတခုခု သောက်ချင်သောက်မယ် သင့်ကိုချစ်လို့ ခင်လို့ အရေးပေးတဲ့ ပုံစံမျိုးပါ။

သင်သူဌေးနဲ့ အတူရှိနေလို့သင်
ဂုဏ်ယူနေတဲ့အချိန်မှာ စံနစ်တ
ကျ စီမံ အကွက်ချထားတဲ့ သူဌေးရဲ့ တိုက်ကွက်တွေက
စိပ်သည်ထက်စိပ်လာတော့မှာပါ.သင်စားလိုက် သောက်လိုက်
တိုင်း မ ဟိုမုန်းဆေးတွေက သင့်ခန္တာသွေးထဲမှာ ပျံ့နှံ့နေပါ
လိမ့်မယ် မိနစ်ပိုင်းအတွင်းမှာပဲ
*သင်* ဆိုတဲ့ မိန်းမပျိုလေးဟာ
မြှုံးချက်ဝင်ငါး ပိုက်မိသားနှယ်
မလူးသာမလွန့်သာနဲ့ တရုတ်ဆို
တဲ့ သူကောင့်သားရဲ့ အချစ်တု
ရင်ခွင်မှာ သူပြုသမျှ နုရပါတော့မယ်။သင်ကတော့ ဆေးအရှိန်နဲ့တက်ကြွပြီး တသက်
လုံးပေါင်းရတော့မဲ့ ချစ်လင်
တယောက်လို အပြုံးမပျက် ခရီးဆက်နေမိမှာပါ။

*သင်တမှေးတရေးရလို့*
နိုးထလာပြီဆိုမှ အပျိုစင်ဆိုတဲ့
သင့်ဘဝ ပြန်မရတော့ပါလား
ဆိုတဲ့အသိ နဲ့ ငါမချစ်သော လောဘတဏှာရူး ကြောင့် ငါ့ဘ
ဝ ပျက်ရပါပေါ့လားလို့ မျက်ရည်ကျလို့ သင့်ဘဝရဲ့ နိဒါန်းကို စတင်ရပါတော့မယ်။

*အဲဒီနေ့ကစပြီး*
သင့်ကိုသူဌေးကသဘောကျခဲ့
မယ်ဆိုရင်တောင် သူ သင့်ရဲ့သံဝါသကို လိုချင်မှ လာချင်တဲ့ အချိန် လာပါလိမ့်မယ်။ တယောက်ယောက်ကိုအကူအညီတောင်းဖို့ဝေး ဆက်သွယ်ဖို့ ဖုန်းလေးတောင် ပေးမကိုင်တာ
သူတို့နည်းဗျူဟာပါ။

ထွက်ပြေးဖို့ ကြိုးစားမယ်ဆိုရင်
တော့လုံခြုံရေး cctv တွေက
အသံပေးစံနစ်တွေကြောင့် သင်
ဘာလုပ်တယ်ဆိုတာ သူတို့သိ
နေမှာပါ။ ဇွတ်လုပ်ရင် အနှိပ်
စက်ခံရဖိ့ုရှိပါတယ်။
*ဒီလိုနဲ့ မထူးဇာတ်ကို ခင်းရင်း*
သင့်မှာ သူနဲ့ရတဲ့ ကိုယ်ဝန်ကို
လွယ်လိုက်ရပြီဆိုရင်တော့ သူ
တို့အတွက် လာဘ်ကြီးရတော့မှာမို့အကျေနပ်ကြီး ကျေနပ်နေကြမှာပါ။
အဲလိုချိန်မှာ ဝါသနာပါတဲ့
အားကစားတခုခုကိုတောင် လုပ်စေမှာမဟုတ်ပါဘူး။
သင့်ကိုယ်ဝန်မရင့်ခင် သူ့အလို
ကျ အပျော်တော်ဆက်ရမှာဖြစ်ပြီးကိုယ်ဝန်ရင့်လာရင်တော့ သက်သာအနေအထားနဲ့ ကလေးမွေးဖို့ သူ့မိန့်ခွန်းတွေကိုနာခံမှတ်သားရပါလိမ့်မယ်။

*နေ့စေ့လို့ မွေးပြီဆိုရင်တော့
အမေရေ ဘယ်လောက်တတ
ဖေးမမဲ့သူမရှိ သင့်ပါးစပ်ထဲကို
အဝတ်စထည့်လို့ သင်တယောက်ထဲ ညှစ်အား
ပေးပါလေတော့ တကယ်လို့
မိန်းကလေးမွေးမယ်ဆိုရင် စွန့်
ပစ်မှာဖြစ်ပြီး ယောက်ျားလေး
မွေးမယ်ဆိုရင် တနေရာမှာမွေးကြမှာပါ။ ဒါကလည်း
ကလေးကိုချစ်လို့မဟုတ်ပါဘူး
သုံးနှစ်သားလောက်ဆိုစျေး
ကောင်းကောင်းနဲ့ရောင်းစားဖို့ပါ။
ကိုယ်မွေးတဲ့ကလေးကိုမှနို့တိုက်မွေးမြူခွင့်မရရှာလေသောမိခင်တယောက်ဖြစ်တဲ့ * သင်* ကတော့ နင့်ကလေးအဖတ်မတင်ရှာဘူးဆိုတဲ့ မုသားကိုယုံသည်ဖြစ်စေ
မယုံသည်ဖြစ်စေ ကြားရပါလိမ့်
မယ်။
သင်ကတော့ ကိုယ်ဝန်ရကတဲကမိခင်စိတ် မေတ္တာ အဟုန်နဲ့
သားတည်းဟူသောချစ်ခြင်းတွေပေါင်းစပ်ပြီး ကောင်းမြတ်တဲ့နို့ချိုတွေ တိုက်ကျွေးဖို့အသင့်ဖြစ်နေပြီပေါ့ မရှိတော့တဲ့သင့်ရဲ့သားကိုသတိရနေချိန်မှာ သင့်ကိုကြင်နာေယာင် ဆောင်ထားတဲ့မြန်မာသို့မဟုတ် မြန်မာစကားကောင်းကောင်းပြောနိုင်သူ အမျိုးသမီးတယောက်က ညီမလေးရယ် မင်းကိုငါသနားလိုက်ထာကွယ်
မင်းနို့တွေတင်းနေလိုက်ထာ ဒီတိုင်းဆိုမလွယ်ဘူး ညှစ်ချလို့လည်းရမှာမဟုတ်ဖူး
ဒီလိုလုပ်ပါလား မင်းနို့တွေတင်းတာလျော့သွားအောင် ငါမွေးထားတဲ့ခွေးလေး နှစ်ကောင် သူ့တို့မှာ အမေမရှိ
ရှာတော့ဘူး သနားပါတယ်

တိုက်းေလိုက်ပါကွယ် အဲဒီလိုစပြီး နေ့စဉ်နို့တိုက်ရင်း သင်ဟာလူကမွေးတဲ့ ခွေးအမေလုံးလုံးဖြစ်ရပါမယ်။

*သင်ကတော့တဖက်မှာခွေးသားပေါက် အမြောက်အများနဲ့
စီးပွားရှာနေတဲ့သူတို့လုပ်ရပ်ကို
မြင်ခွင့်ရမှာ မဟုတ်ပါဘူး။
*ဒါပေမဲ့ရောင်းမထွက်တဲ့ခွေးလေးတွေကိုတော့ ဒီလိုပဲ နို့တိုက်နေရဦးမှာပါ။

သူတို့လုပ်ရပ်ကိုရိပ်မိတော့လည်းသင့်မှာပြောရေးဆိုခွင့်မရှိပါဘူး။

*ဒီလိုနဲ့ သင်နို့မထွက်တော့ဘူး
ဆိုရင် လုပ်ငန်းကို တစ်ကပြန်စ
ရပါမယ်။
သူတို့ကိုအပျော်တော်ဆက်ရင်း
သင် နို့ထွက်အောင်လုပ်ဆောင်
ရပေဦးမယ်။

ဘယ်လောက်ကြာကြာလည်း
ဆိုတော့ သင်နို့စားနွားမကြီးလို
အသုံးတဲ့နေသရွေ့လေ။

သင်နို့ထွက်မကောင်းတော့ဘူး
ဆိုရင်တော့ သင့်ကိုဒီအလုပ်မခိုင်းတော့ပါဘူးသင်မျက်ချောင်မကျအောင်ဂရုစိုက်မယ် ဒီထက်သက်သာတဲ့အလုပ်ပြောင်းပေးမယ်လို့ပြောပြီး လူပွဲစားတွေက လာကြည့်ကြပါလိမ့်မယ်။

တခါတခါ ကားနဲ့လိုက်ပြချင်ပြ
ရမယ်။သူတို့အရောင်းအဝယ်ဖြစ်ထာနဲ့ သင်မပျော်တဲ့ ခွေးအိမ်ကနေ လွတ်ပါလေပြီ။
*ဘဝသစ်လေးပေါ့*

မယားသေတဲ့လူလား
လူပျိုကြီးလား
မယားကြာလား
သင့်မှာစောဒကတက်ခွင့် မရှိပါ
ဘူး။
ဖြတ်သွားဖြတ်လာရဲတွေ ကို
ကြောက်တတ်အောင် ပြောဆို
ထားပါလိမ့်မယ်။
ဒီလိုနဲ့ သူမကြိုက်တဲ့နေ့ နွားများလိုလက်ပြောင်းကြပါဦးမယ်။

သင်အသက်ကြီးလို့ အသုံးမတဲ့
တော့တဲ့အချိန်ကျတော့ လမ်းပေါ် မှာအမှတ်တမဲ့ ရဲဖမ်း
ခံရအောင်ဂွင်ဆင်ပါလိမ့်မယ်။
*အဲလို ရဲဖမ်းခံရရင် သင်ဝမ်း
သာပါလေတော့ တရုတ်ရဲက
သင့်ကို တရားမဝင် နေထိုင်သူ
အဖြစ် သတ်မှတ် အချုပ်ခန
ချပြီး မြန်မာနယ်စပ်ကို ပို့ပေးပါလိမ့်မယ်။

ဒီချိန်မှာနိုင်ငံခြားက ပြန်လာတဲ့
သင့်ကိုလူမှု ကယ်ဆယ်ရေး
(မူဆယ်)ကကူညီပြီး အခမဲ့စံနစ်နဲ့ မိဘရပ်ထံပြန်ပို့
ပေးကြတော့မှာပါ။

သင်ကတော့မြန်မာတွေရဲ့ မေတ္တာကို ဒီချိန်မှာ ပိုမိုသိလာ
ပါလိမ့်မယ်။

နိုင်ငံခြားကပြန်လာတဲ့ သင့်ဆီ
ကိုဆွေမျိုးတွေ လာတွေ့တဲ့အ
ချိန်မှာ သင့်ရဲ့ ပြစရာကတော့
ခွေးလေးတွေကိုနို့တိုက်စဉ်က
ကုတ်ရာခြစ်ရာ ထင်ခဲ့တဲ့ သင့်ရင်ဘတ်က လက်
သည်းရာတွေပါပဲ။

ဒီအဖြစ်အပျက်တွေ အမှန်ရှိခဲ့
ပါတယ်ဆိုတာ ရှမ်းပြည်နယ်တနေရာ က ခွေးအမေ
အရိုးစေတီလေးကသက်သေ
ပေါ့ဗျာ။

မြန်မာ့ လူငယ်အမျိုးသမီးတွေ
ဆင်ခြင်ကြပါ။

မူဆယ် မဂ္ဂဇင်း မှ မှီငြမ်းပါသည်။
မူလစာရေးသူကိုမမှတ်မိတာ
တောင်းပန်အပ်ပါသည်။

Credit ...
#အထွေထွေဗဟုသုတ
#ခွေးမေမေမဖြစ်ရအောင်

03/07/2025
03/07/2025
15/04/2025
15/04/2025

ခိုးချိုးချင်အုံး ဟမ် Side lane tower တေ ခိုးချင်တာ လိုက်ရိုက်တော့ ပတ်ပြေးတာ ခွေးပြေးဝက်ပြေး ဖိနပ်တောင်မပါဘူး ပြေးရတာ🤣🤣🤣

ဘယ်သူက ဖုန်းပေးကိုင်လို့ ဆော့နေတဲ့ စောက်ခလေးလဲတော့မသိဘူးRankမှာ ဆေးလာထိုးနေလို့ custom ခေါ် ဆုံးမပေးလိုက်တယ် ဒါတောင်မအေဘ...
15/04/2025

ဘယ်သူက ဖုန်းပေးကိုင်လို့ ဆော့နေတဲ့ စောက်ခလေးလဲတော့မသိဘူး
Rankမှာ ဆေးလာထိုးနေလို့ custom ခေါ် ဆုံးမပေးလိုက်တယ် ဒါတောင်မအေဘေးလေးက Mid only မဆော့ဘဲ ဘေးက side lane တေလာခိုးချိုးနေသေး မအေဘေး စောက်ခလေး🫩🫩

15/04/2025
UAB pay account လေးဖွင့်မိပါတယ် သူလည်း Kpay နဲ့တူတူဘဲ ဘာမှမထူးဘူးဒဏ်ရာတေလာလာ ဆွနေ🥲
28/02/2025

UAB pay account လေးဖွင့်မိပါတယ်
သူလည်း Kpay နဲ့တူတူဘဲ ဘာမှမထူးဘူး
ဒဏ်ရာတေလာလာ ဆွနေ🥲

12/02/2025
06/01/2025

Address


Website

Alerts

Be the first to know and let us send you an email when Berry Blink posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Berry Blink:

  • Want your business to be the top-listed Media Company?

Share