Choon Thway -Natmauk

  • Home
  • Choon Thway -Natmauk

Choon Thway -Natmauk Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Choon Thway -Natmauk, News & Media Website, .

22/11/2022

ငယ်ဂုဏ်တွေမောက်ခဲ့ချိန်က လူတစ်ယောက်ရဲ့အချစ်စစ်နဲ့ တန်ဖိုးကို အလေးမထားခဲ့မိတော့ နောင်တတွေအကြိမ်ကြိမ်ရခဲ့မိတယ် ----

😐😯
ချွန်းသွေး

20/11/2022

ရင့်ကျက်လာလို့လားမသိပါဘူးဗျာ
ဘယ်လောက်ချောချော ဘယ်လောက်လှလှ
တဏှာစိတ်နဲ့ မကြည့်တက်တော့ဘူး
ကိုယ် ချစ်တဲ့သူကိုပဲ အချိန်တွေပိုပေးဖြစ်တယ်
ချစ်သူရေ မင်းရောက်ရာအရပ်မှာ ပျော်ပါစေပေါ့

😍😍

16/11/2022

😐😐 မင်းကိုမုန်းတယ်😐😐

တစ်ခြားသူဆီကနေ မင်းအဆင်ပြေနေကြောင်းအသံတွေကြားရတော့ ငါဝမ်းသာမိတယ်

မင်းနဲ့အတူသွားဖိုရည်ရွယ်ထားတာတွေ မင်းချစ်သူနဲ့ သွားတာတွေ ကြားရတော့ ငါပျော်ရွှင်မိတယ်

မင်းအဆင်ပြေနေတာတွေအားလုံးအတွက် ငါဝမ်းသာပါတယ် အချစ်ဆိုတာ ပိုင်ဆိုင်ရမှ အချစ်မဟုတ်မှန်း ငါသိခဲ့ရပါပြီ

မင်းမဟုတ်တဲ့ တစ်ခြားတစ်ယောက်နဲ့ ငါအိုမင်းမသွားချင်ဘူးဆိုတဲ့ စကားကိုလည်း ငါပြန်ရုတ်သိမ်းခဲ့ပါပြီး

မင်းကို အရမ်းချစ်ခဲ့တယ် ဒါပေမယ့်မုန်းတယ်

ချွန်းသွေး

01/10/2022

လိုချင်ယုံမျှဖြင့် အောင်မြင်မှု့ မရနိုင်
ရူးသွပ်စွာ ကြိုးစားမှ ရနိုင်မည်

23/09/2022

Good Morning ~~~~

စိတ်ချမ်းသာမှုဆိုတာ......

ဝေဖန်မှု့ကိုခံနိုင်ရည်ရှိတဲ့ကောင်၊သရော်တာကိုခံနိုင်ရည်ရှိတဲ့ကောင်တွေက အမြင့်ကိုရောက်မှာပဲ
ပတ်ဝန်းကျင်ကို ဂရုစိုက်နေရင် ဘုရားမှာတောင်းစားနေရလိမ့်မယ်
တစ်ခါတလေ ကိုယ်မှန်တယ်ထင်ရင် လုပ်ချပစ်လိုက် ဒါဟာအကောင်းဆုံးထွက်ပေါက်ပဲ
လူဆိုတာ အကုန်လုပ်ဖူးရမယ်
လုပ်ဖူးပြီးဆိုမှ ကောင်းတာမကောင်းတာ ရွေးပြီးလုပ်သင့်မလုပ်သင့်စဥ်းစာရမယ်
စိတ်ချမ်းသာတယ်အကျိုးရှိတယ်ဆိုရင်တော့လုပ်ပေါ့

14/09/2022

* လူဆိုတာ အမြဲတမ်း ဆာလောင်နေရမယ်
* အမြဲရူးသွပ်နေရမယ်
* ကိုယ့်လုပ်ရပ်တိုင်းကို တာဝန်ယူတတ်ရမယ်
* မလျော့တဲ့ဇွဲလုံလနဲ့ အသက်ဆက်ရမယ်
* ကိုယ့်ဘက်ကသာ အဆင်သင့်ဖြစ်နေပါစေ မမြင်နိုင်တဲ့အခွင့်အရေးတွေ မင်းဆီကိုရောက်လာလိမ့်မယ် (ဥပမာ ဂျပန်သွားချင်တဲ့ လူတစ်ယောက်က ဂျပန်ကို အကြောင်းအမျိုးမျိုးကြောင့် သွားခွင့်မရစေဦးတော့ ဂျပန်ကုမ္ပဏီ တွေမှာ အလုပ်ရတာ ဂျပန်စာပြန်သင်ပေးရတာ ဂျပန်နဲ့ပတ်သက်တဲ့ကိစ္စတစ်ခုခု လုပ်ရတာတွေက အခွင့်အရေးအနေနဲ့ ပေါ်လာလိမ့်မယ်)
* သေချာတယ် ဇွဲမလျော့နဲ့
ဒီအချက်တွေသာ မင်းသေချာလုပ်
တစ်နေ့မှာ မင်းသေချာပေါက်နေရာတစ်ခု ရောက်လိမ့်မယ်

မေတ္တာဖြင့်
ချွန်းသွေး(နတ်မောက်)

11/09/2022

အရာရာဟာကောင်းဖို့ဖြစ်လာတာပါ

အလုပ်လုပ်ရတာအဆင်မပြေလို့ အလုပ်ရှင်နဲ့ အလုပ်ကိုအပြစ်တင်နေပြီလား
အလုပ်လက်မဲ့တွေကို အားနာလိုက်ပါ
အလုပ်အပေါ်မှာဘာခံစားချက်မှမထားပဲ အကောင်းဆုံးနဲ့ အသေသပ်ဆုံးဖြစ်အောင်လုပ်ပေးပါ ဘယ်သူ့အပေါ်မှအပြစ်မတင်ပါနဲ့

ကိုယ်ချစ်ရတဲ့ သူက ပစ်သွားပြီလား
အချစ်​ရေးထက် စားဝတ်နေရေးကိုရုန်းကန်နေရသူတွေကိုအားနာပါ
ကိုယ့်ကိုမချစ်လို့ပစ်သွားတာကို လိုက်ပြီးခံစားမနေပါနဲ့ ဘဝကအချိန်မရှိဘူး သိပ်တိုတောင်းလွန်းတယ် (ဖောက်ပြန်တက်တဲ့လူတွေက ဗီဇပါလာပြီးသားမို့ နောက်တစ်ယောက်နဲ့လည်း ဖောက်ပြန်မှာပါပဲ စိတ်မပူနဲ့)
ဒါပေမယ့် မင်းကို တန်ဖိုးထားအချိန်ပေးတဲ့သူတွေကိုတော့ သိပ်ပြီးဂရုစိုက်လိုက်ပါ မင်းဘဝပျော်စရာကောင်းလာလိမ့်မယ် မင်းကချစ်ပြီး မင်းကိုမချစ်တဲ့သူကိုအချိန်ပေးပြီး လွမ်းနေတာ ဆွေးနေတာ မင်းအချိန်တွေကိုဖြုန်းတီးရာရောက်တယ် မင်းအတွက်တန်ဖိုးထားတဲ့သူတွေကို နှစ်ဆဂရုစိုက်ပေးလိုက်ပါ ဒီကမ္ဘာပေါ်မှာ အပျော်ဆုံးလူသားကမင်းဖြစ်လာလိမ့်မယ်

ကမ္ဘာပေါ်မှာမင်းတစ်ယောက်ထဲပြဿနာတွေရှုပ်ထွေးပွေလီနေတာမဟုတ်ဘူး လူတိုင်းမှာ ပြဿနာတွေနဲ့မို့ ဘာကိုမှ အကြားကြီးမခံစားပါနဲ့ အရာရာဟာခဏလေးပါ မင်းမှာရှိတဲ့မာနတွေ ချထားပြီး လူတွေနဲ့ သဟဇာတဖြစ်အောင်နေပါ (အချိန်မရွေးဘာမဆိုဖြစ်သွားနိုင်လို့လေ)
အရာရာဟာကောင်းဖို့ဖြစ်လာတာပါ
ဒီနေ့ကစပြီး ဘဝမှာကြုံတွေ့လာမယ့်အခတ်အခဲတွေကို အကောင်းဆုံးပြင်ဆင်ပြီး အရာရာကိုရင်ဆိုင်လိုက်ပါ အအေးချမ်းဆုံးလူတွေကတောင် မင်းလောက်အေးချမ်း မှာမဟုတ်ဘူး

မေတ္တာဖြင့်
Motivation ပေးခြင်းမျှသာ
ချွန်းသွေး(နတ်မောက်)

11/09/2022

ဖွင့်သာမပြောတာနော်
အကောင့်ထဲမှာ ကြိုက်နေတဲ့လူတွေမှ အများကြီး

11/09/2022

ဘယ်တော့များမှ
သေချာတဲ့အချစ်စစ်တစ်ခုကို
တွေ့နိုင်မှာလည်း 😑😑

10/09/2022

အချစ်စစ်ကိုငတ်တဲ့သူက တကယ်ကိုအချစ်နဲ့လွဲတက်တယ် 😔

  တစ်ခုခိုင်မြဲဖို့ဆိုတာကသစ္စာရှိယုံ မေတ္တာရှိယုံမျှဖြင့်မဟုတ်ဘဲ အားနေတဲ့အချိန်တောင် ဖွန်မကြောင်တတ်တဲ့ သူမျိုးကသာ ကိုယ့်...
08/08/2022

တစ်ခုခိုင်မြဲဖို့ဆိုတာက

သစ္စာရှိယုံ မေတ္တာရှိယုံမျှဖြင့်မဟုတ်ဘဲ

အားနေတဲ့အချိန်တောင် ဖွန်မကြောင်တတ်တဲ့

သူမျိုးကသာ ကိုယ့်ဘဝအတွက် တကယ့်

ဖြစ်လာမှာပါ

အကောင်းဆုံး Relationship ဖြစ်လာမှာပါ

Address


Website

Alerts

Be the first to know and let us send you an email when Choon Thway -Natmauk posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your business to be the top-listed Media Company?

Share