Myanmar Press Freedom In-Depth

  • Home
  • Myanmar Press Freedom In-Depth

Myanmar Press Freedom In-Depth Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Myanmar Press Freedom In-Depth, News & Media Website, .

To monitor journalists’ safety and media freedom situation in Myanmar

To provide information and trusted sources for local Journalists and International Organizations

အကျဉ်းကျ သတင်းထောက်များ၏ ထောင်ဝင်စာအတွက် တစ်ဦးလျှင် ထိုင်းဘတ်ငွေ ၆၀၀၀ နှုန်း ကူညီပံ့ပိုးပါမည်===========================...
03/06/2022

အကျဉ်းကျ သတင်းထောက်များ၏ ထောင်ဝင်စာအတွက် တစ်ဦးလျှင် ထိုင်းဘတ်ငွေ ၆၀၀၀ နှုန်း ကူညီပံ့ပိုးပါမည်
=========================================

MPFI-D အနေဖြင့် လက်ရှိ အကျဉ်းထောင်များတွင် ဖမ်းဆီး အကျဉ်းချခံနေရသော သတင်းထောက်များအတွက် ထောင်ဝင်စာအဖြစ် တစ်ဦးလျှင် ထိုင်းဘတ် ၆၀၀၀ နှုန်းဖြင့် (စုစုပေါင်း သတင်းထောက် ၂၀ မှ ၂၅ ဦးခန့်) ကူညီပံ့ပိုး မည်ဖြစ်ပါသည်။

ထောင်ဝင်စာခက်ခဲနေသော သတင်းထောက်များ မိသားစုများအနေဖြင့် ဆက်သွယ်နိုင်ပြီး ယခု ဇွန်လအတွင်း ကူညီသွားမည်ဖြစ်ပါသည်။

MPFI-D သည် သတင်းသမားများအတွက် အရေးပေါ် ထောက်ပံ့ကြေးများရရှိရေး ကူညီလျှောက်ထားဆောင်ရွက်ပေးလျက်ရှိသည်။

MPFI-D အဖွဲ့အနေဖြင့် စစ်အာဏာရှင် စနစ်ကြောင့် ကျဆုံးခဲ့ရသော သတင်း ထောက် ၂ ဦး၏ မိသားစု ၂ စုအတွက် မိသားစု တစ်စုလျှင် ဘတ် ၄၅၀၀၀ ဖြင့် ဘတ် ၉၀၀၀၀ ကူညီခဲ့ပြီး အခြားသော အကျဉ်းကျခံသတင်း ထောက်များ၏ ထောင်ဝင်စာအတွက်လည်း တတ်စွမ်းသမျှ ကူညီပံ့ပိုးလျက်ရှိသည်။

မြန်မာသတင်းသမားများ ဖမ်းဆီးခံရမှုအခြေအနေ
29/12/2021

မြန်မာသတင်းသမားများ ဖမ်းဆီးခံရမှုအခြေအနေ

စစ်ကောင်စီက အလွတ်တန်းသတင်းဓာတ်ပုံဆရာ ကိုစိုးနိုင်ကို စစ်ကြောရေးတွင် သတ်ဖြတ်ပြီး သတင်းသမား ၄၁ ဦးကို ဖမ်းဆီးထား၊ သတင်းသမား...
23/12/2021

စစ်ကောင်စီက အလွတ်တန်းသတင်းဓာတ်ပုံဆရာ ကိုစိုးနိုင်ကို စစ်ကြောရေးတွင် သတ်ဖြတ်ပြီး သတင်းသမား ၄၁ ဦးကို ဖမ်းဆီးထား၊ သတင်းသမားများနှင့် သတင်းဌာနများကို စစ်တပ်က ပစ်မှတ်ထား အကြမ်းဖက်လာ

By MPFI-D/ 23-12-2021

အကြမ်းဖက်စစ်ကောင်စီသည် မြန်မာနိုင်ငံတွင် သတင်းလွတ်လပ်ခွင့်ကို ပိတ်ပင်ပြီး သတင်းသမားအများအပြားကို တရားလက်လွတ် ညှဉ်းပန်းနှိပ်စက် ဖမ်းဆီးသတ်ဖြတ်လျက်ရှိရသည်။

ဒီဇင်ဘာလ ၂၃ ရက်နေ့အထိ MPFI-D က ရရှိထားသော သတင်းအချက် အလက်များအရ သတင်းသမား ၄၂ ဦး အဖမ်းခံရပြီး ၁ ဦးမှာ စစ်ကြောရေးတွင် စစ်တပ်က သတ်ဖြတ်လိုက်သဖြင့် သေဆုံးသွားရသည်။

စစ်ကောင်စီသည် သတင်းသမားများနှင့် သတင်းဌာနများကို ပစ်မှတ်ထား အကြမ်းဖက် သတ်ဖြတ်မှုများကို ဆက်လက် ကျူးလွန်ရှိသည်ကို တွေ့ရှိရသည်။

အလွတ်တန်းသတင်းဓာတ်ပုံဆရာ ဦးစိုးနိုင်ကို စစ်တပ်က ဖမ်းဆီးပြီးနောက် စစ်ကြောရေးတွင် ကျဆုံးBy MPFI-D / 14-12-2021ရန်ကုန်တွင် ...
14/12/2021

အလွတ်တန်းသတင်းဓာတ်ပုံဆရာ ဦးစိုးနိုင်ကို စစ်တပ်က ဖမ်းဆီးပြီးနောက် စစ်ကြောရေးတွင် ကျဆုံး

By MPFI-D / 14-12-2021

ရန်ကုန်တွင် အလွတ်တန်းသတင်းဓာတ်ပုံဆရာ ဦးစိုးနိုင်ကို စစ်တပ်က ဒီဇင် ဘာလ ၁၀ ရက်နေ့တွင် ဖမ်းဆီးပြီးနောက် ယနေ့ စစ်ကြောရေးတွင် ကျဆုံးသွားသည်။

အကြမ်းဖက်စစ်ကောင်စီက သတင်းသမားများနှင့်သတင်းထောက်များကို ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ခြင်းကို MPFI-D အနေဖြင့် အပြင်းအထန်ရှုတ်ချပြီး ဦးစိုးနိုင်၏ ကျန်ရစ်သူ မိသားစုနှင့်အတူ ထပ်တူ ဝမ်းနည်းကြေကွဲရပါကြောင်း ဖော်ပြအပ်ပါသည်။

သတင်းသမား ကိုအောင်မျိုးထက်ကို ပုဒ်မ ၅၀၅ (က) ဖြင့် စစ်ကောင်စီက ထောင် ဒဏ် ၂ နှစ်ချမှတ်By MPFI-D/ 2-12-2021စစ်ကိုင်းတိုင်း၊...
02/12/2021

သတင်းသမား ကိုအောင်မျိုးထက်ကို ပုဒ်မ ၅၀၅ (က) ဖြင့် စစ်ကောင်စီက ထောင် ဒဏ် ၂ နှစ်ချမှတ်

By MPFI-D/ 2-12-2021

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် ဖမ်းဆီးခံရသော သတင်းသမား ကိုအောင်မျိုးထက်ကို ပုဒ်မ ၅၀၅ (က) ဖြင့် ထောင်ဒဏ် ၂ နှစ် စစ်ကောင်စီတရားရုံးက ချမှတ်လိုက်ကြောင်း သိရှိရသည်။

နိုဝင်ဘာလ ၃၀ ရက်နေ့တွင် ကန့်ဘလူမြို့နယ်တရားရုံးက အမိန့်ချမှတ်လိုက်ခြင်းဖြစ်ပြီး ကိုအောင်မျိုးထက်ကို ဧပြီလ ၂၀ ရက်နေ့တွင် လက်ဖက်ရည်ဆိုင်နေစဉ် စစ်တပ်က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ကိုအောင်မျိုးထက်သည် The Voice နှင့် တနင်္သာရီဂျာနယ်တို့တွင် သတင်းသမားအဖြစ် အလုပ်လုပ်ကိုင်ခဲ့ပြီး ISP-Myanmar တွင် သုတေသနအယ်ဒီတာအဖြစ် အလုပ်လုပ်နေသူဖြစ်သည်။

MPFI-D အနေဖြင့် ကိုအောင်မျိုးထက်ကို စစ်တပ်က ထောင်ဒဏ်ချမှတ်ခြင်းကို ကန့်ကွက်ပြီး သတင်းသမား အားလုံး အမြန်ဆုံးပြန်လွှတ်ပေးရန် တောင်းဆိုသည်။

အမေရိကန်ဂျာနယ်လစ် Danny Fenster ကို စစ်ကောင်စီက ထောင်ဒဏ် ၁၁ နှစ်ချမှတ်By MPFI-D / 12-11-2021အမေရိကန်ဂျာနယ်လစ် Danny Fens...
12/11/2021

အမေရိကန်ဂျာနယ်လစ် Danny Fenster ကို စစ်ကောင်စီက ထောင်ဒဏ် ၁၁ နှစ်ချမှတ်

By MPFI-D / 12-11-2021

အမေရိကန်ဂျာနယ်လစ် Danny Fenster ကို အကြမ်းဖက်စစ်ကောင်စီတရားရုံးက ထောင်ဒဏ် ၁၁ နှစ်ချမှတ်လိုက်ကြောင်း ရိုက်တာက သတင်းဖော်ပြသည် ။

ယနေ့ နိုဝင်ဘာလ ၁၂ ရက်နေ့တွင် စစ်ကောင်စီတရားရုံးက ထောင်ဒဏ်ချမှတ်လိုက်ခြင်းဖြစ်ပြီး Danny Fensterကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ၊ ဗီဇာစည်းကမ်းချိုးဖောက်မှု ၊အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ၊ တရားမဝင် အ သင်း ဆက်သွယ်မှုများဖြင့် ဖက်ဆစ်စစ်ကောင်စီက တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီက သတင်းမီဒီယာများကို ထိန်းချုပ်ရေးနှင့် သတင်းသမား အသက် အရွယ်ကန့်သတ်ရေး မူဝါချမှတ်ပြီး ရုပ်သံဥပဒေတွင် ဒဏ်ငွေအစာ...
02/11/2021

စစ်ကောင်စီက သတင်းမီဒီယာများကို ထိန်းချုပ်ရေးနှင့် သတင်းသမား အသက် အရွယ်ကန့်သတ်ရေး မူဝါချမှတ်ပြီး ရုပ်သံဥပဒေတွင် ဒဏ်ငွေအစား ထောင် ဒဏ်များ ပြင်ဆင်

By MPFI-D / 2-11-2021

မြန်မာနိုင်ငံတွင် လုံခြုံရေးနှင့် ဥပဒေစိုးမိုးရေး ပျက်ပြားနေမှုသည် ပြည်တွင်းပြည်ပ မီဒီယာများနှင့် အွန်လိုင်းမီဒီယာများကြောင့် ဖြစ်ပြီး မီဒီယာများကို ချေမှုန်း ထိန်းချုပ်ရန် ပြည်ထဲရေးဝန်ကြီးဌာနနှင့် ပြန်ကြားရေးဝန်ကြီးဌာနကို မင်းအောင်လှိုင်က ညွှန်ကြားထားကြောင်း သိရှိရသည်။

စက်တင်ဘာလ ၂၈ ရက်နေ့ ကျင်းပပြုလုပ်ခဲ့သည့် စစ်ကောင်စီ၏ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး ကော်မတီအစည်းအဝေး အမှတ် ၅ / ၂၀၂၁ တွင် မင်းအာင်လှိုင်က ပြောဆိုညွှန်ကြားခြင်းဖြစ်ကြောင်း ၊ အဆိုပါ ညွှန်ကြားချက်ကို ယခုအခါ ပြည်နယ်၊ တိုင်း စစ်ကောင်စီများနှင့် ဝန်ကြီးဌာနများအားလုံးကိုစာအမှတ် ၅၁၁ (၁၈၃) /၁၂ / ဖြင့် သိရှိလိုက်နာရန် ညွှန်ကြားလာခြင်းဖြစ်ကြောင်း သိရှိရသည်။

နိုင်ငံတွင် လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေး ပျက်ပြားနေမှုသည် ပြည်တွင်းပြည်ပ မီဒီယာများနှင့် အွန်လိုင်းမီဒီယာများကြောင့် ဖြစ်ကြောင်း၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့်ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် မီဒီယာများကို ထိန်းချုပ် ချေမှုန်းနိုင်ရေး ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ထို့ပြင် သတင်းထောက်များ၏ အသက်အရွယ်နှင့်ပတ်သက်၍ စဉ်းစားသုံးသပ်သွားရန်လည်း မင်းအောင်လှိုင်က ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီသည် ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းချိန်မှစတင်ပြီး သတင်းမီဒီယာ ၉ ခုကို လုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင်များ ရုပ်သိမ်းထားခဲ့ပြီးဖြစ်သည်။

အလားတူ မင်းအောင်လှိုင်သည် ရုပ်မြင်သံကြားနှင့်အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေကို ပြင်ဆင်လိုက်ပြီး ထပ်မံပြင်ဆင်သည့်ဥပဒေတွင် ငွေဒဏ်များအစား ထောင်ဒဏ်များကို ထည့်သွင်းလိုက်ခြင်းဖြစ်သည်။

မင်းအောင်လှိုင်က နိုဝင်ဘာလ ၁ ရက်နေ့တွင် ရုပ်မြင်သံကြားနှင့်အသံထုတ်လွှင့်ခြင်းဆိုင်ရာဥပဒေကို ပြင်ဆင်လိုက်ပြီး အဆိုပါဥပဒေတွင် ထောင်ဒဏ်များထပ်တိုးပြင်ဆင်ထားသည့်အပြင် အင်တာနက်မှတစ်ဆင့်ထုတ်လွှင့်သည့်ရုပ်သံများပါ အကျုံးဝင်ကြောင်း ဖော်ပြထားသည်။

၂၀၁၅ ခုနှစ်၊ ဩဂုတ်လတွင် ပြည်ထောင်စုလွှတ်တော်ကပြဋ္ဌာန်းခဲ့သည့် ရုပ် မြင်သံကြားနှင့်အသံထုတ်လွှင့်ခြင်းဆိုင်ရာဥပဒေ၌ ငွေဒဏ်များသာချမှတ်ရန်နှင့် အင်တာနက်မှတစ်ဆင့်ထုတ်လွှင့်သည့် ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်မှုများ အကျုံးဝင်ခြင်းမရှိစေရဟု ပြဋ္ဌာန်းထားခြင်းကို မင်းအောင်လှိုင်က ပြင်ဆင်လိုက်ခြင်း ဖြစ်သည်။

မင်းအောင်လှိုင် ပြင်ဆင်သည့်ဥပဒေတွင် ထောင်ဒဏ်နှင့်ငွေဒဏ်များပါ ထပ်တိုးပြင်ဆင်သည့်အပြင် ဥပဒေပုဒ်မ ၂ ပုဒ်မခွဲ (က) ရုပ်မြင်သံကြားနှင့်အသံထုတ်လွှင့်သည့်အစီအစဉ်များကို အများပြည်သူကတိုက်ရိုက်ဖမ်းယူ ရရှိနိုင်စေရေးအတွက် မြေပြင်အခြေစိုက်ရုပ်မြင်သံကြားနှင့် ရုပ်သံထုတ်လွှင့်စက်များ၊ မြေပေါ်မြေအောက် ဆက်ကြောင်းကြိုးများ၊ ဂြိုဟ်တုများမှတစ်ဆင့်ထုတ်လွှင့်ခြင်း (သို့မဟုတ်) အခြားနည်းပညာတစ်ရပ်ရပ်ကို အသုံးပြု၍ ထုတ်လွှင့်ခြင်းကိုဆိုလိုကြောင်း ပြဋ္ဌာန်းထားသည်။

မင်းအောင်လှိုင်ပြင်ဆင်လိုက်သည့်ဥပဒေအရ အခြားနည်းပညာတစ်ရပ်ရပ်ကို ထည့်သွင်းထားခြင်းကြောင့် အင်တာနက်အသုံးပြုထုတ်လွှင့်ခြင်းများ အကျုံးဝင်ကြောင်း သိရှိရသည်။

ရုပ်မြင်သံကြားနှင့်အသံထုတ်လွှင့်ခြင်းဆိုင်ရာဥပဒေ အခန်း ၁၃ ပြစ်မှုနှင့် ပြစ်ဒဏ်များအောက်တွင်ရှိသည့် ဥပဒေပုဒ်မ ၉၅ တွင် “ငွေကျပ်သိန်းသုံးရာမှကျပ်သိန်းငါးရာအထိ” ဆိုသည့်စကားရပ်အစား အနည်းဆုံးသုံးနှစ်မှ အများဆုံးငါးနှစ်အထိ ထောင်ဒဏ်ဖြစ်စေ အနည်းဆုံးကျပ်သိန်း ၃၀၀ မှ ကျပ်သိန်း ၅၀၀ အထိငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးကိုဖြစ်စေ” ဟု လည်းကောင်း၊

ပုဒ်မ ၉၇ တွင် “ငွေဒဏ်ကျပ်သိန်း ၅၀ မှကျပ်သိန်း ၁၀၀ အထိ” စကားရပ်အစား “ အနည်းဆုံး ခြောက်လမှ အများဆုံးတစ်နှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံးကျပ်သိန်း ၅၀ မှ အများဆုံး ကျပ်သိန်း ၁၀၀ အထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးကိုဖြစ်စေ” ဟု လည်းကောင်း

ပုဒ်မ ၉၈ တွင် “ ငွေဒဏ်ကျပ်သိန်း ၁၀၀ မှ ကျပ်သိန်း ၃၀၀ အထိ” စကားရပ်ကို “ အနည်းဆုံး တစ်နှစ်မှ သုံးနှစ်အထိ ထောင်ဒဏ်ဖြစ်၊ အနည်းဆုံးကျပ်သိန်း ၁၀၀ မှ ကျပ်သိန်း ၃၀၀ အထိငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးကို ဖြစ်စေ” ဟု လည်းကောင်း

ပုဒ်မ ၉၉ တွင် “ ငွေဒဏ်ကျပ်သိန်း ၃၀၀ မှ ကျပ်သိန်း ၅၀၀ အထိ” စကားရပ်ကို “ အနည်းဆုံး သုံးနှစ်မှ အများဆုံးငါးနှစ်အထိထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံးငွေဒဏ်ကျပ်သိန်း ၃၀၀ မှ ကျပ်သိန်း ၅၀၀ အထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးကိုဖြစ်စေ” ဟု အစားထိုးထား ပြင်ဆင်ထားသည်။

ပုဒ်မ ၉၉ ၏ နောက်ဆက်တွဲ (က) အဖြစ် ပုဒ်မ ၁၀၆ အရထုတ်ပြန်သည့်နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ အမိန့်ကြော်ငြာစာများ၊ ညွှန်ကြားချက်များနှင့်လုပ်ထုံးလုပ်နည်းတစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကိုအနည်းဆုံးတစ်နှစ်မှ အများဆုံးငါးနှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံးကျပ်သိန်း ၁၀၀ မှ အများဆုံးကျပ်သိန်း ၅၀၀ အထိ ငွေဒဏ်ချမှတ်ရမည့်အပြင် ပြစ်မှုနှင့် သက်ဆိုင်သည့်ပစ္စည်းများကို ပြည်သူ့ဘဏ္ဍာအဖြစ်သိမ်းဆည်းရမည်ဟု ပြဋ္ဌာန်းထားသည့်အပြင် ပုဒ်မ (၁၀၅-က) ဖြည့်စွက်ချက်အရ ရဲအရေးယူပိုင်ခွင့်ရှိသော ပြစ်မှုများအဖြစ်သတ်မှတ်ထားကြောင်း သိရှိရသည်။

စစ်ကောင်စီက ပိတ်ပင်ထားသော ပုဂ္ဂလိက သတင်းမီဒီယာများ၏ စာရင်းBy MPFI-D / 01-11-2021အကြမ်းဖက်စစ်ကောင်စီက  ပုဂ္ဂလိက သတင်းမီဒီ...
01/11/2021

စစ်ကောင်စီက ပိတ်ပင်ထားသော ပုဂ္ဂလိက သတင်းမီဒီယာများ၏ စာရင်း

By MPFI-D / 01-11-2021

အကြမ်းဖက်စစ်ကောင်စီက ပုဂ္ဂလိက သတင်းမီဒီယာများကို သတင်းလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင်များ ပိတ်ပင်လျက်ရှိရာ ယနေ့အထိ ပိတ်ပင်ခံရသော မီဒီယာ စုစုပေါင်း ၉ ခုအထိရှိလာပြီဖြစ်သည်။

စစ်ကောင်စီက မတ်လ ၈ ရက်နေ့တွင် ရန်ကုန်အခြေစိုက် သတင်းဌာနများဖြစ်သည့် Myanmar Now၊ DVB၊ 7 Days၊ Mizzima နှင့် ခေတ်သစ် သတင်းဌာန ၅ ခုကိုလည်းကောင်း ၊ ဧပြီလ (၂၀) ရက်နေ့တွင် ရှမ်းပြည်နယ်အခြေစိုက် Tachileik News Agency (တာချီလိတ်သတင်းအေဂျင်စီ) ကို လည်းကောင်း၊ ဧပြီလ (၂၉) ရက်နေ့တွင် ကချင်ပြည်နယ်အခြေစိုက် မြစ်ကြီးနားဂျာနယ်နှင့် The 74 Media တို့ကိုလည်းကောင်း အသီးသီး လိုင်စင်များပိတ်သိမ်းခဲ့သည်။

သင်္ကန်းကျွန်းပို့စ်သတင်းဌာန အယ်ဒီတာမထက်ထက်နှင့် သတင်းထောက် ကိုဝေလင်းယုတို့ကို ဖောက်ခွဲရေးဥပဒေပုဒ်မများဖြင့် အမှုဖွင့်By...
27/10/2021

သင်္ကန်းကျွန်းပို့စ်သတင်းဌာန အယ်ဒီတာမထက်ထက်နှင့် သတင်းထောက် ကိုဝေလင်းယုတို့ကို ဖောက်ခွဲရေးဥပဒေပုဒ်မများဖြင့် အမှုဖွင့်

By MPFI-D/ 27-10-2021

ရန်ကုန်အခြေစိုက် သင်္ကန်းကျွန်းပို့စ်သတင်းဌာနမှ အယ်ဒီတာမထက်ထက်နှင့် သတင်းထောက်ကိုဝေလင်းယုတို့ကို ယနေ့အောက်တိုဘာလ ၂၇ ရက်နေ့တွင် ရုံးထုတ်ပြီး ဖောက်ခွဲရေးဆိုင်ရာဥပဒေပုဒ်များဖြင့် အမှုဖွင့်ထားကြောင်း သိရှိရသည်။

"ဖောက်ခွဲရေး ပုဒ်မ င နဲ့ တရားရုံးတင်တယ်ပြောတယ်" ဟု မိသားစုနှင့်နီးစပ်သူတစ်ဦးက MPFI-D သို့ ပြောဆိုသည်။

အယ်ဒီတာ မထက်ထက်နှင့် သတင်းထောက် ကိုဝေလင်းယုတို့ကို ရန်ကုန်မြို့တွင် စက်တင်ဘာ ၁၁ ရက်နေ့ညပိုင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များကဖမ်း ဆီး သွားခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီသည် သတင်းသမားများကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) အပြင် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေတို့ဖြင့်လည်းကောင်း၊ ဖောက် ခွဲရေးဆိုင်ရာ ဥပဒေများဖြင့် လည်းကောင်း ထပ်မံ အရေးယူလာခြင်းဖြစ်သည်။

မန္တလေးမြို့အခြေစိုက် Channel Mandalay သတင်းဌာနတွင် သတင်း ထော က်ချုပ် ကိုဝင်းနိုင်ဦးကို ပုဒ်မ ၅၀၅ (က) အစား အကြမ်းဖက်တိုက်ဖျက် ရေး ပုဒ်မ ၅၂ (က) ၊ ဇေယျာတိုင်းမ်သတင်းဌာန အယ်ဒီတာချုပ် စောရန်ပိုင် အပါ အဝင် သတင်းထောက် ဒီမြတ်ငြိမ်း၊ ပြည့်ဖြိုးအောင်၊ ဝဏ္ဏအောင်၊ ငြိမ်းဇော်လင်း တို့ကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(က) အပြင် အကြမ်း ဖက်တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ (က) (ဂ) ဖြင့် ထပ်မံအမှုဖွင့်ထားကြောင်း သိရှိရသည်။

စစ်ကောင်စီက ပြည်တွင်းသတင်းဌာနတစ်ခုဖြစ်သည့် Delta News Agency ကို လုပ်ငန်းလိုင်စင် ပိတ်သိမ်းBy MPFI-D / 25-10-2021အကြမ်းဖ...
25/10/2021

စစ်ကောင်စီက ပြည်တွင်းသတင်းဌာနတစ်ခုဖြစ်သည့် Delta News Agency ကို လုပ်ငန်းလိုင်စင် ပိတ်သိမ်း

By MPFI-D / 25-10-2021

အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီက ပြည်တွင်းသတင်းဌာနတစ်ခုဖြစ်သည့် Delta News Agecy ကို အောက် တိုဘာ ၄ ရက်နေ့တွင် ပိတ်သိမ်းလိုက်ကြောင်း သိရှိရသည်။

ဧရာဝတီတိုင်း Delta News Agency ကို ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၄ ရက် နေ့တွင် လုပ်ငန်းလိုင်စင်သိမ်းလိုက်ရာ စစ်ကောင်စီက လုပ်ငန်းလိုင်စင်သိမ်းလိုက်သည့် ပုဂ္ဂလိကသတင်းဌာန (၉) ခုရှိလာပြီဖြစ်ကြောင်း သိရှိရသည်။

“Delta News Agency သည် ပြည်သူများဆန္ဒနှင့်အညီ ရွေးကောက်တင် မြှောက် ပြီး ဒီမိုကရေစီစနစ်အရ တရားဝင်အာဏာအပ်နှင်းထားသည့် အစိုး ရအဖွဲ့၏ ပြန်ကြားရေးဝန်ကြီးဌာနတွင်သာ ဥပေဒနှင့်အညီ တရားဝင်မှတ်ပုံတင်ခဲ့သည်။ ယခုစာပေးပို့လာသော အဖွဲ့အစည်းသည် ပြည်သူများဆန္ဒနှင့်အညီ ရွေး ကောက်တင်မြောက်ထားသည့် အစိုးရတရပ်ကို လက်နက်အားကိုးဖြင့် အာဏာ
သိမ်းပုန်ကန်သည့် အကြမ်းဖက်အဖွဲ့အစည်းတရပ်မှ ဖွဲ့စည်းပေးထားသော ဝန်ကြီးဌာနအမည်ခံ အဖွဲ့အစည်း ဖြစ်သောကြောင့် လူကြီးမင်းများ အနေဖြင့် ကျွန်ုပ်တို့ Delta News Agency ကို ပိတ်သိမ်းပိုင်ခွင့် လုံးဝ(လုံးဝ) မရှိကြောင်း သိစေအပ်သည် “ဟု Delta News Agency တည်ထောင်သူ ဦးစိုးရက စစ်ကောင်စီ၏လိုင်စင်ပိတ်သိမ်းမှုနှင့်ပတ်သက်၍ လူမှုကွန်ရက်တွင် တုံ့ပြန်ရေးသားထားသည်။

စစ်ကောင်စီက မတ်လ ၈ ရက်နေ့တွင် ရန်ကုန်အခြေစိုက် သတင်းဌာနများဖြစ်သည့် Myanmar Now၊ DVB၊ 7 Days၊ Mizzima နှင့် ခေတ်သစ် သတင်းဌာန ၅ ခုကိုလည်းကောင်း ၊ ဧပြီလ (၂၀) ရက်နေ့တွင် ရှမ်းပြည်နယ်အခြေစိုက် Tachileik News Agency (တာချီလိတ်သတင်းအေဂျင်စီ) ကို လည်းကောင်း၊ ဧပြီလ (၂၉) ရက်နေ့တွင် ကချင်ပြည်နယ်အခြေစိုက် မြစ်ကြီးနားဂျာနယ်နှင့် The 74 Media တို့ကိုလည်းကောင်း အသီးသီး လိုင်စင်များပိတ်သိမ်းကြောင်း စစ်ကောင်စီက ကြေညာခဲ့သည်။

ပုသိမ်တွင် မြစ်မခသတင်းထောက်ဟောင်း ကိုမျိုးမင်းထွန်းကို ဖမ်းဆီးပြီး  စစ်တပ်က စစ်ကြောရေးတွင် စစ်ဆေးနေBy MPFI-D / 23-10-202...
23/10/2021

ပုသိမ်တွင် မြစ်မခသတင်းထောက်ဟောင်း ကိုမျိုးမင်းထွန်းကို ဖမ်းဆီးပြီး စစ်တပ်က စစ်ကြောရေးတွင် စစ်ဆေးနေ

By MPFI-D / 23-10-2021

ဧရာ၀တီတိုင်း၊ ပုသိမ်မြို့နယ်တွင် မြစ်မခသတင်းထောက်ဟောင်း ကိုမျိုးမင်းထွန်းကို အောက်တိုဘာလ ၂၂ ရက်နေ့ နေ့လယ်ပိုင်းတွင် နေအိမ်မှ လာရောက် ဖမ်းဆီးသွားကြောင်း ကိုမျိုးမင်းထွန်း၏ မိတ်ဆွေက ပြောသည်။

"သူက မြစ်မခက ထွက်ထားတာလည်း ကြာနေပြီ။ သတင်းထောက်လည်း မလုပ်တော့ဘူး။ သတင်း ထောက်ဟောင်းတော့ မှန်တယ်။ အဲဒါ ဘာလို့ ဖမ်းတာလဲမသိဘူး။ အခု ကျနော်သိသလောက် ပုသိမ် စစ်ကြောရေးမှာလို့ ပြောတယ်။ မိသားစုနဲ့လည်း တွေ့ခွင့်မရဘူး။ ဘာအမှုနဲ့ ဖမ်းမှန်းလဲမသိဘူး" ဟု ကိုမျိုးမင်းထွန်း၏ မိတ်ဆွေက ဆိုသည်။

ကိုမျိုးမင်းထွန်းသည် မြစ်မခသတင်းဌာနတွင် အကြီးတန်းသတင်းထောက်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး အောက်တိုဘာလ ၂၂ ရက်နေ့ နေအိမ်သို့ လာရောက်ဖမ်းဆီးရာတွင် စစ်ကား ၁၀ စီးကျော် စစ်အင်အား ၅၀ ဖြင့် ၀ိုင်းဖမ်းသွားခြင်းဖြစ်သည်ဟု သိရှိရသည်။

MPFI-D အနေဖြင့် မတရားဖမ်းဆီး သတင်းသမားများ၊ ဂျာနယ်လစ်များကို ခြွင်း ချက်မရှိ ချက်ချင်း ပြန်လွှတ်ပေးရန်နှင့် သတင်းလွတ် လပ် ခွင့် အပြည့် အ၀ အာမခံ ပေးရန်၊ သတင်းမီဒီယာများအားလုံးကို သတင်းလုပ် ငန်းများ လွတ် လပ်စွာ လုပ်ကိုင်ခွင့်ပေးရန် စဉ်ဆက်မပြတ် တောင်းဆိုသည်။

နိုင်ငံတစ်ဝန်း သတင်းမီဒီယာသမား ၁၀၁ ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး ၆၆ ဦး ပြန်လည် လွတ်မြောက်ကာ ၃၅ ဦး ဆက်လက်ဖမ်းဆီးခံ ထား...
21/10/2021

နိုင်ငံတစ်ဝန်း သတင်းမီဒီယာသမား ၁၀၁ ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး ၆၆ ဦး ပြန်လည် လွတ်မြောက်ကာ ၃၅ ဦး ဆက်လက်ဖမ်းဆီးခံ ထားရ

By MPFI-D / 21-10-2021

မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီလ ၁ ရက်နေ့ အကြမ်းဖက်စစ်ကောင်စီက အာဏာ သိမ်းယူပြီးနောက် သတင်းသမား စုစုပေါင်း ၁၀၁ ဦး အဖမ်းခံခဲ့ရကာ ၆၆ ဦး ပြန်လည်လွတ်မြောက်ခဲ့ပြီး ၃၅ ဦးမှာ ဆက်လက် ဖမ်းဆီးခံထားရဆဲဖြစ်သည်။

Address


Website

Alerts

Be the first to know and let us send you an email when Myanmar Press Freedom In-Depth posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your business to be the top-listed Media Company?

Share