လူထုလက်ရုံး စာစဉ်

  • Home
  • လူထုလက်ရုံး စာစဉ်

လူထုလက်ရုံး စာစဉ် Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from လူထုလက်ရုံး စာစဉ်, Newspaper, .

စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး အထွေထွေသပိတ်တပ်ပေါင်းစုရှစ်လေးလုံးလူထုအရေးတော်ပုံ (၃၅) နှစ်မြောက်နေ့အထိမ်းအမှတ် သဝဏ်လွှာနေ့စ...
08/08/2023

စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး အထွေထွေသပိတ်တပ်ပေါင်းစု
ရှစ်လေးလုံးလူထုအရေးတော်ပုံ (၃၅) နှစ်မြောက်နေ့အထိမ်းအမှတ် သဝဏ်လွှာ
နေ့စွဲ ။ ။ ဩဂုတ်လ ၈ ရက်၊ ၂၀၂၃ ခုနှစ်။
၁၉၈၈ ခုနှစ်တွင် ပေါ်ပေါက်ခဲ့သော ရှစ်လေးလုံးလူထုအရေးတော်ပုံသည် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၈ ရက်နေ့ တွင် (၃၅) နှစ်မြောက်ပြီဖြစ်ပေသည်။ သို့သော်လည်း လွန်ခဲ့သည့် ၃၅ နှစ်ကာလကတည်းက လူထုလူတန်းစား အသီးသီးတို့ တောင်းဆိုတိုက်ပွဲဝင်ခဲ့သည့် တောင်းဆိုချက်များသည် အာဏာသိမ်းစစ်အုပ်စု အဆက်ဆက်၏ ယုတ်မာ ရိုင်းစိုင်းမှု၊ လူမဆန်စွာ ဖိနှိပ်မှုများကြောင့် ယနေ့အချိန်အထိ တစိုးတစိမျှ မရရှိနိုင်သေးပေ။
ယနေ့လက်ရှိ နွေဦးတော်လှန်ရေးသည် အမှန်စင်စစ်အားဖြင့် ရှစ်လေးလုံးလူထုအရေးတော်ပုံကြီး၏ နောက် ဆက်တွဲအရေးတော်ပုံတရပ်ဖြစ်သလို၊ ရှစ်လေးလုံးလူထုအရေးတော်ပုံသည် နွေဦးတော်လှန်ရေး၏ အရင်းခံရာ ရေသောက်မြစ်လဲ ဖြစ်သည်ဟု ကျွန်ုပ်တို့ ရှုမြင်သည်။
ခေတ်အဆက်ဆက် မတရားအာဏာသိမ်းစစ်အုပ်စုအနေဖြင့် လူထုလိုလားတောင်းဆိုချက်များကို လုံးဝ လစ်လျူရှုပြီး အကြမ်းဖက်ရက်စက်စွာ နှိမ်နင်းခြင်းနည်းနာကိုသာ အစဉ်တစိုက် အဖန်တလဲလဲအသုံးပြုလျက် ရှိသည်။ သို့သော် ခေတ်အဆက်ဆက် လူထုဆန့်ကျင်ခုခံမှု ( Civil Resistance Movement ) များသည် စစ်အုပ်စု၏ အဆိုပါနည်းနာများကို ရင်ဆိုင်အံတုလျက် စစ်အုပ်စု၏ အရှိုက်ကို တရစပ်ထိုးနှက်လျက်ရှိသည်မှာ အထင်အရှား ပေါ်လွင်လျက်ရှိပေသည်။ မတရားမှုကို ခုခံတွန်းလှန်သည့် လူထု၏စိတ်ဓာတ်သည် ပို၍ ခိုင်မာအားကောင်းလျက် ရှိကြောင်း ယနေ့ လူထုတော်လှန်ရေးပုံရိပ်များက သက်သေခံလျက်ရှိပေသည်။
ရှစ်လေးလုံးစိတ်ဓာတ်ဆိုသည်မှာ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနှင့် စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးပင် ဖြစ်သည်။ နွေဦးတော်လှန်းရေး၏ စိတ်ဓာတ်ဆိုသည်မှာ ရှစ်လေးလုံးစိတ်ဓာတ်ကို ပိုမိုအားကောင်း မြင့်မားအောင် လွှင့်တင်လျက် ဒီမိုကရေစီရေး၊ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးနှင့် တန်းတူရေးနှင့်ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံ သည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုထူထောင်ရေးတို့ပင် ဖြစ်ပေသည်။ ထို့ကြောင့် မိမိတို့အားလုံးအနေဖြင့် ဒီမို ကရေစီရေး၊လူ့အခွင့်အရေး၊ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ထူထောင်နိုင်ရေး အတွက် မဝေးတော့သော ပြည်သူ့အောင်ပွဲကို ရယူနိုင်ရန် မဆုတ်မနစ် ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း သန္နိဌာန်ပြုအပ်ပါသည်။
စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး အထွေထွေသပိတ်တပ်ပေါင်းစု

စာမူဖိတ်ခေါ်ခြင်း📝"လူထုလက်ရုံး" တော်လှန်ရေး စာစဉ် အတွဲ(၄) အမှတ်(၅) အတွက် စာမူဖိတ်​ခေါ်ခြင်း___________________          ...
08/08/2023

စာမူဖိတ်ခေါ်ခြင်း
📝"လူထုလက်ရုံး" တော်လှန်ရေး စာစဉ်
အတွဲ(၄) အမှတ်(၅) အတွက် စာမူဖိတ်​ခေါ်ခြင်း
___________________
စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး အထွေထွေသပိတ်တပ်ပေါင်းစုမှ ဦးစီးထုတ်​ဝေ​သော​ လူထုလက်ရုံးတော်လှန်ရေး စာစဉ်သို့ စာမူများ​ပေးပို့နိုင်​ပါသည်​။
📭​ပေးပို့ရန်​လိပ်စာ-
fb page- လူထုလက်ရုံး စာစဉ်[email protected]
​ပေးပို့ရမည့်နေ့ရက်​- (၈.၈.၂၀၂၃) မှ (၂၀.၈.၂၀၂၃)အထိ ။
[ ကဗျာ ၊​ဆောင်းပါး ၊ အက်ဆေး၊ ပေးစာ၊ ကာတွန်းများကို​ပေးပို့နိုင်​
ပါသည် ]
( မှတ်​ချက်​။ စစ်အာဏာရှင်စနစ်ကိုဆန့်ကျင်နေသည့် လူပုဂ္ဂိုလ်အဖွဲ့အစည်းများအား တိုက်ခိုက်သည့်စာမူများ၊ လူမျိုးရေးအစွန်းရောက်သည့်စာမူများ၊ ဘာသာရေးအစွန်းရောက်သည့်စာမူများ၊ လူမျိုးကြီးဝါဒကိုင်စွဲ၍ ရေးသားသည့်စာမူများအပြင် မိမိတို့ချမှတ်ထားသည့် မူဝါဒများနှင့် မကိုက်ညီသည့် စာမူများအားထည့်သွင်းစဉ်းစားမည်မဟုတ်ပါ။ )
"
----------------------------------------------------------------------------------
လူထုလက်ရုံးစာစဉ်
အယ်​ဒီတာအဖွဲ့
#လူထုလက်ရုံး #စာစဉ် #မန္တလေး

စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးအထွေထွေသပိတ်ကော်မတီ General Strike Committee - GSC နှင့်စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးအထွေထွေသပိ...
08/08/2023

စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးအထွေထွေသပိတ်ကော်မတီ General Strike Committee - GSC နှင့်
စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးအထွေထွေသပိတ်တပ်ပေါင်းစု တို့၏
၈လေးလုံး အရေးတော်ပုံ (၃၅)နှစ်ပြည့် ပူးတွဲထုတ်ပြန်ချက်

၈လေးလုံးအရေးတော်ပုံသည် ယနေ့တွင် (၃၅) နှစ်ပြည့်ပြီဖြစ်သည်။ ၈လေးလုံး အရေးတော်ပုံသည် လွတ်လပ်ရေးရပြီးသည့် နောက်ပိုင်း လူထုလှုပ်ရှားမှုများထဲမှ အရေးပါသည့် လှုပ်ရှားမှု တခုဖြစ်ခဲ့သည်။ ယနေ့တိုင် သမိုင်းတလျှောက် တော်လှန်လူထု၏ နိုင်ငံရေးတောင်းဆိုမှုဖြစ်သည့် စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး တနည်း စစ်သုံးစစ်ဖြစ်သည့် စစ်အုပ်ချုပ်ရေး၊ စစ်ဗျူရိုကရေစီနှင့် စစ်အုပ်စု အပြီးတိုင်ပျက်စီးရေးကို အရှိန်ပြင်းစွာဖြင့် တောင်းဆိုတိုက်ပွဲဝင်လျက်ရှိနေသည်။ ဤသို့တောင်းဆို တိုက်ပွဲဝင်နေရာတွင် ၈လေးလုံးအရေးတော်ပုံတွင်းမှ အားသာချက်များကို ဆုပ်ယူရန်လိုအပ်သလို အားနည်းချက်များကိုလည်း ထပ်မံမဖြစ်ပွားဖို့အတွက်လည်း သင်ခန်းစာရယူနိုင်ရေးမှာ အရေးကြီးသည်။
စစ်အာဏာရှင်အနေဖြင့် လူထု၏ နိုင်ငံရေးတောင်းဆိုချက်များကို ဂရုမစိုက်ဘဲ ၎င်းတို့ပုံဖော်လိုသည့် နိုင်ငံရေးပြောင်းလဲမှုကိုသာ သွားလိုသည်ကို အကြိမ်ကြိမ် ပြသလျက်ရှိသည်။ ယခုအခါတွင်လည်း ၈၈/ ၉၀ ကာလများကဲသို့ လူထုအား တော်လှန်ရေးအရှိန်အဟုန် လျော့နည်းစေရန် ကြိုးစားလျက်ရှိသည်။ ထိုကာလများက အမှားသင်ခန်းစာများကို ရယူ၍ တိုက်ပွဲဆက်လက်ဆင်နွှဲသွားနိုင်ရေး သတိထားဆင်ခြင်နိုင်ဖို့အတွက် အရေးကြီးသည်။ ယနေ့တော်လှန်ရေးကာလ၏ တောင်းဆိုချက်မှာ စစ်အာဏာရှင်စနစ်ပြီးတိုင်ပျက်စီးရေးမှတပါး အခြားမရှိသည့်အတွက် စစ်အာဏာရှင်တို့ လေသံပစ်နေသည့် စေ့စပ်ရေးဆွေးနွေးပွဲများနှင့် အတုအယောင်ရွေးကောက်ပွဲတို့ကို ပြတ်သားစွာဆန့်ကျင်ဖို့ လိုအပ်သည်။
စစ်အာဏာရှင်စနစ်အပြီးတိုင်ပျက်စီးရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက် နိုင်ရေးတို့အတွက် မိမိတို့အနေဖြင့် ၁၉၄၈ခုနှစ်မှသည် ယနေ့ ၂၀၂၁ခုနှစ် နွေဦးတော်လှန်ရေးအထိ သမိုင်းတလျှောက်မှ လိုအပ်ချက်များကို နမူနာယူ၍ တော်လှန်ရေးပန်းတိုင်သို့ ဖေးကူ ထူမ,ရင်း ချီတက်ကြရန် တိုက်တွန်းလျက် ဤထုတ်ပြန်ချက်အား ထုတ်ပြန်လိုက်သည်။
"မပြီးဆုံးသေးတဲ့ ၈လေးလုံး လူထုလွတ်မြောက်ရေး ဒို့အတူရုန်း"

စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးအထွေထွေသပိတ်ကော်မတီ General Strike Committee - GSC
စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးအထွေထွေသပိတ်တပ်ပေါင်းစု

"မင်းတို့စစ်ဖိနပ်အောက်မှာ ငါဘယ်တော့မှ ဒူးမထောက်ဘူး"ဟု ကြွေးကြော်ရင်း စစ်အာဏာရှင်စနစ်ကို ပြတ်ပြတ်သားသား တွန်းလှန်တိုက်ပွဲ...
26/06/2023

"မင်းတို့စစ်ဖိနပ်အောက်မှာ ငါဘယ်တော့မှ ဒူးမထောက်ဘူး"ဟု ကြွေးကြော်ရင်း စစ်အာဏာရှင်စနစ်ကို ပြတ်ပြတ်သားသား တွန်းလှန်တိုက်ပွဲဝင်ခဲ့သော ရဲဘော် အာဇာနည် ဆလိုင်းတင်မောင်ဦး အား ဦးညွတ် အလေးပြုအပ်ပါသည်။

စစ်အာဏာရှင်စနစ် အမြစ်ပြတ်ကျဆုံးပါစေ။

📢📢စာမူဖိတ်ခေါ်ခြင်း📝"လူထုလက်ရုံး" တော်လှန်ရေး စာစဉ် အတွဲ(၄) အမှတ်(၅) အတွက် စာမူဖိတ်​ခေါ်ခြင်း___________________        ...
26/06/2023

📢📢စာမူဖိတ်ခေါ်ခြင်း

📝"လူထုလက်ရုံး" တော်လှန်ရေး စာစဉ်

အတွဲ(၄) အမှတ်(၅) အတွက် စာမူဖိတ်​ခေါ်ခြင်း

___________________

စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး အထွေထွေသပိတ်တပ်ပေါင်းစုမှ ဦးစီးထုတ်​ဝေ​သော​ လူထုလက်ရုံးတော်လှန်ရေး စာစဉ်သို့ စာမူများ​ပေးပို့နိုင်​ပါသည်​။

📭​ပေးပို့ရန်​လိပ်စာ-
fb page- လူထုလက်ရုံး စာစဉ်
[email protected]

​ပေးပို့ရမည့်နေ့ရက်​- (၂၆.၆.၂၀၂၃) မှ (၆.၇.၂၀၂၃)အထိ ။

[ ကဗျာ ၊​ဆောင်းပါး ၊ အက်ဆေး၊ ပေးစာ၊ ကာတွန်းများကို​ပေးပို့နိုင်​
ပါသည် ]

( မှတ်​ချက်​။ စစ်အာဏာရှင်စနစ်ကိုဆန့်ကျင်နေသည့် လူပုဂ္ဂိုလ်အဖွဲ့အစည်းများအား တိုက်ခိုက်သည့်စာမူများ၊ လူမျိုးရေးအစွန်းရောက်သည့်စာမူများ၊ ဘာသာရေးအစွန်းရောက်သည့်စာမူများ၊ လူမျိုးကြီးဝါဒကိုင်စွဲ၍ ရေးသားသည့်စာမူများအပြင် မိမိတို့ချမှတ်ထားသည့် မူဝါဒများနှင့် မကိုက်ညီသည့် စာမူများအားထည့်သွင်းစဉ်းစားမည်မဟုတ်ပါ။ )
"
----------------------------------------------------------------------------------

လူထုလက်ရုံးစာစဉ်
အယ်​ဒီတာအဖွဲ့

30/04/2023

📢အနူးအညွတ် တောင်းပန်းခြင်း

လူထုလက်ရုံး တော်လှန်ရေးစာစဉ်အား လစဉ်ထုတ်ဝေရန် အခက်အခဲဖြစ်နေပါသဖြင့် စာစဉ် ဖတ်ရှုသူ စာဖတ်ပရိသတ်များနှင့် စာမူရှင်များ အား အနူးအညွတ် တောင်းပန်အပ်ပါသည်။

ပြန်လည်ထုတ်ဝေနိုင်မည့် ရက်ကို စာမူရှင်များနှင့် စာဖတ် ပရိသတ်များအား ပြန်လည် အကြောင်းပြန်ပါမည်။

အရေးတော်ပုံအောင်ရမည်။
စစ်အာဏာရှင်စနစ်မုချကျဆုံးရမည်။

အယ်ဒီတာအဖွဲ့
လူထုလက်ရုံးတော်လှန်ရေးစာစဉ်

လူထု လက်ရုံး စာစဉ် အတွဲ(၄) အမှတ်(၄) ထွက်ရှိလို့လာပါပြီ။ဆောင်းပါး---------------------အကြမ်းဖက်ဖိနှိပ်လာလျှင် အကြမ်းဖက်တေ...
16/03/2023

လူထု လက်ရုံး စာစဉ်
အတွဲ(၄) အမှတ်(၄) ထွက်ရှိလို့လာပါပြီ။

ဆောင်းပါး
---------------------
အကြမ်းဖက်ဖိနှိပ်လာလျှင်
အကြမ်းဖက်တော်လှန်တာ တရားတယ်
ဆလိုင်းတင်

ကဗျာ
---------------
လက်ယက်ကုန်းက ခေါင်းလောင်းသံ
လရောင်လွှမ်း

ဓားတလက်၏ သမိုင်း
ခင်မောင်သက်

ရှာရှေမီဒီ(၃)
မြနှင်းခက်ဝေ

ခေတ်ဆိုးစနစ်ပျက်ကို ဖျက်ပေးမယ့် Delete ခလုတ်
မီးငှက်

ဝတ်ထုတို
---------------
မရှိမဖြစ်ရဲဘော်..........မင်းဘုဏ်းလူ(၅၀၅)

လူထုလက်ရုံးစာစဉ်အား မိမိ ပတ်ဝန်းကျင်ရှိ လူထု ထံသို့ ဖြန့်ဝေပေးခြင်း ဖြင့် တော်လှန်ရေး တွင် တဖက်တလမ်း မှ ပါဝင်အားဖြည့် ကူညီနိုင်ပါသည်။

Pdf file download link-

https://drive.google.com/file/d/16kzOYYHb18DTuglrID98ZZd6ntYXkaC9/view?usp=drivesdk

အယ်ဒီတာအဖွဲ့
လူထုလက်ရုံး
တော်လှန်ရေး စာစဉ်

📢📢စာမူဖိတ်ခေါ်ခြင်း📝"လူထုလက်ရုံး" တော်လှန်ရေး စာစဉ် အတွဲ(၄) အမှတ်(၄) အတွက် စာမူဖိတ်​ခေါ်ခြင်း___________________        ...
02/03/2023

📢📢စာမူဖိတ်ခေါ်ခြင်း

📝"လူထုလက်ရုံး" တော်လှန်ရေး စာစဉ်

အတွဲ(၄) အမှတ်(၄) အတွက် စာမူဖိတ်​ခေါ်ခြင်း

___________________

စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး အထွေထွေသပိတ်တပ်ပေါင်းစုမှ ဦးစီးထုတ်​ဝေ​သော​ လူထုလက်ရုံးတော်လှန်ရေး စာစဉ်သို့ စာမူများ​ပေးပို့နိုင်​ပါသည်​။

📭​ပေးပို့ရန်​လိပ်စာ-
fb page- လူထုလက်ရုံး စာစဉ်
[email protected]

​ပေးပို့ရမည့်နေ့ရက်​- (၂.၃.၂၀၂၃) မှ (၁၄.၃.၂၀၂၃)အထိ ။

[ ကဗျာ ၊​ဆောင်းပါး ၊ အက်ဆေး၊ ပေးစာ၊ ကာတွန်းများကို​ပေးပို့နိုင်​
ပါသည် ]

( မှတ်​ချက်​။ စစ်အာဏာရှင်စနစ်ကိုဆန့်ကျင်နေသည့် လူပုဂ္ဂိုလ်အဖွဲ့အစည်းများအား တိုက်ခိုက်သည့်စာမူများ၊ လူမျိုးရေးအစွန်းရောက်သည့်စာမူများ၊ ဘာသာရေးအစွန်းရောက်သည့်စာမူများ၊ လူမျိုးကြီးဝါဒကိုင်စွဲ၍ ရေးသားသည့်စာမူများအပြင် မိမိတို့ချမှတ်ထားသည့် မူဝါဒများနှင့် မကိုက်ညီသည့် စာမူများအားထည့်သွင်းစဉ်းစားမည်မဟုတ်ပါ။ )
"
----------------------------------------------------------------------------------

လူထုလက်ရုံးစာစဉ်
အယ်​ဒီတာအဖွဲ့

လူထု လက်ရုံး စာစဉ် အတွဲ(၄) အမှတ်(၃) ထွက်ရှိလို့လာပါပြီ။ဆောင်းပါး---------------------စနစ်ဟောင်းကိုမလို စနစ်သစ်ကို တို့တတ...
16/02/2023

လူထု လက်ရုံး စာစဉ်
အတွဲ(၄) အမှတ်(၃) ထွက်ရှိလို့လာပါပြီ။

ဆောင်းပါး
---------------------
စနစ်ဟောင်းကိုမလို စနစ်သစ်ကို တို့တတွေကြိုဆိုနေ----ဆလိုင်းတင်

ပင်လုံနေ့-----ချစ်စုမ

ကဗျာ
---------------
မဝေးတဲ့အောင်ပွဲ
သီရိချို

မြန်မာ့နွေဦးတော်လှန်ရေးရဲ့ ငုယင်ဗန်ထရွိုင်းတွေ
လရောင်လွှမ်း

တပ်မတော်ဆိုတာ ပစ်ရင် မိုးပေါ်ထောင်မပစ်ဘူး
စကောလယ်တော

ဝတ္ထုတို
---------------
စနစ်ကိုကြောက်၍ စစ်ကိုတိုက်သည်။
မင်းဘုဏ်းလူ(၅၀၅)

လူထုလက်ရုံးစာစဉ်အား မိမိ ပတ်ဝန်းကျင်ရှိ လူထု ထံသို့ ဖြန့်ဝေပေးခြင်း ဖြင့် တော်လှန်ရေး တွင် တဖက်တလမ်း မှ ပါဝင်အားဖြည့် ကူညီနိုင်ပါသည်။

Pdf file download link

https://drive.google.com/file/d/1ejTP4RB0rd-pjP0BUBc-fZOui6bbiD4u/view?usp=drivesdk

အယ်ဒီတာအဖွဲ့
လူထုလက်ရုံး
တော်လှန်ရေး စာစဉ်

📢📢စာမူဖိတ်ခေါ်ခြင်း📝ပြည်ထောင်စုနေ့တွင် ထွက်ရှိမည့်"လူထုလက်ရုံး" တော်လှန်ရေး စာစဉ် အတွဲ(၄) အမှတ်(၃) အတွက် စာမူဖိတ်​ခေါ်ခြ...
05/02/2023

📢📢စာမူဖိတ်ခေါ်ခြင်း

📝ပြည်ထောင်စုနေ့တွင် ထွက်ရှိမည့်
"လူထုလက်ရုံး" တော်လှန်ရေး စာစဉ်

အတွဲ(၄) အမှတ်(၃) အတွက် စာမူဖိတ်​ခေါ်ခြင်း

___________________

စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး အထွေထွေသပိတ်တပ်ပေါင်းစုမှ ဦးစီးထုတ်​ဝေ​သော​ လူထုလက်ရုံးတော်လှန်ရေး စာစဉ်သို့ စာမူများ​ပေးပို့နိုင်​ပါသည်​။

📭​ပေးပို့ရန်​လိပ်စာ-
fb page- လူထုလက်ရုံး စာစဉ်
[email protected]

​ပေးပို့ရမည့်နေ့ရက်​- (၅.၂.၂၀၂၃) မှ (၁၁.၂.၂၀၂၃)အထိ ။

[ ကဗျာ ၊​ဆောင်းပါး ၊ အက်ဆေး၊ ပေးစာ၊ ကာတွန်းများကို​ပေးပို့နိုင်​
ပါသည် ]

( မှတ်​ချက်​။ စစ်အာဏာရှင်စနစ်ကိုဆန့်ကျင်နေသည့် လူပုဂ္ဂိုလ်အဖွဲ့အစည်းများအား တိုက်ခိုက်သည့်စာမူများ၊ လူမျိုးရေးအစွန်းရောက်သည့်စာမူများ၊ ဘာသာရေးအစွန်းရောက်သည့်စာမူများ၊ လူမျိုးကြီးဝါဒကိုင်စွဲ၍ ရေးသားသည့်စာမူများအပြင် မိမိတို့ချမှတ်ထားသည့် မူဝါဒများနှင့် မကိုက်ညီသည့် စာမူများအားထည့်သွင်းစဉ်းစားမည်မဟုတ်ပါ။ )
"
----------------------------------------------------------------------------------

လူထုလက်ရုံးစာစဉ်
အယ်​ဒီတာအဖွဲ့

လူထု လက်ရုံး စာစဉ်အတွဲ (၄) အမှတ်(၂) ထွက်ရှိလို့လာပါပြီ။ဆောင်းပါးကဏ္ဌ_______________မြန်မာနိုင်ငံတော်သမိုင်း နှင့် လူမျို...
16/01/2023

လူထု လက်ရုံး စာစဉ်
အတွဲ (၄) အမှတ်(၂) ထွက်ရှိလို့လာပါပြီ။

ဆောင်းပါးကဏ္ဌ
_______________
မြန်မာနိုင်ငံတော်သမိုင်း နှင့် လူမျိုးကြီးဝါဒ
ဆလိုင်းတင်

လူမျိုးစုပြဿနာ ဖြေရှင်းဖို့ လူမျိုးကြီးဝါဒဖယ်ရှားရမယ်
ဆူးခက်

ဝတ်ထုတို
_________
ဝါးလုံး‌ ကို RPG ဖြစ်စေချင်သော ကလေးငယ်
မင်းဘုဏ်းလူ(၅၀၅)

ကဗျာကဏ္ဌ
___________
ဒဏ်ရာ -------- ညိုမြနွယ်

ထိုင်းမှာ ကိုမှိုင်းမပျော်ပါဘူး --------ဆလိုင်းတင်

ကြယ်များပွင့်ရာ ------ TT

လူထုလက်ရုံးစာစဉ်အား မိမိ ပတ်ဝန်းကျင်ရှိ လူထု ထံသို့ ဖြန့်ဝေပေးခြင်း ဖြင့် တော်လှန်ရေး တွင် တဖက်တလမ်း မှ ပါဝင်အားဖြည့် ကူညီနိုင်ပါသည်။

အယ်ဒီတာအဖွဲ့
လူထုလက်ရုံး
တော်လှန်ရေး စာစဉ်

05/01/2023
📢📢စာမူဖိတ်ခေါ်ခြင်း📝"လူထုလက်ရုံး" တော်လှန်ရေး စာစဉ် အတွဲ(၄) အမှတ်(၂) အတွက် စာမူဖိတ်​ခေါ်ခြင်း___________________        ...
05/01/2023

📢📢စာမူဖိတ်ခေါ်ခြင်း

📝"လူထုလက်ရုံး" တော်လှန်ရေး စာစဉ်

အတွဲ(၄) အမှတ်(၂) အတွက် စာမူဖိတ်​ခေါ်ခြင်း

___________________

စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး အထွေထွေသပိတ်တပ်ပေါင်းစုမှ ဦးစီးထုတ်​ဝေ​သော​ လူထုလက်ရုံးတော်လှန်ရေး စာစဉ်သို့ စာမူများ​ပေးပို့နိုင်​ပါသည်​။

📭​ပေးပို့ရန်​လိပ်စာ-
fb page- လူထုလက်ရုံး စာစဉ်
[email protected]

​ပေးပို့ရမည့်နေ့ရက်​- (၅.၁.၂၀၂၃) မှ (၁၄.၁.၂၀၂၂၃)အထိ ။

[ ကဗျာ ၊​ဆောင်းပါး ၊ အက်ဆေး၊ ပေးစာ၊ ကာတွန်းများကို​ပေးပို့နိုင်​
ပါသည် ]

( မှတ်​ချက်​။ စစ်အာဏာရှင်စနစ်ကိုဆန့်ကျင်နေသည့် လူပုဂ္ဂိုလ်အဖွဲ့အစည်းများအား တိုက်ခိုက်သည့်စာမူများ၊ လူမျိုးရေးအစွန်းရောက်သည့်စာမူများ၊ ဘာသာရေးအစွန်းရောက်သည့်စာမူများ၊ လူမျိုးကြီးဝါဒကိုင်စွဲ၍ ရေးသားသည့်စာမူများအပြင် မိမိတို့ချမှတ်ထားသည့် မူဝါဒများနှင့် မကိုက်ညီသည့် စာမူများအားထည့်သွင်းစဉ်းစားမည်မဟုတ်ပါ။ )
"
----------------------------------------------------------------------------------

လူထုလက်ရုံးစာစဉ်
အယ်​ဒီတာအဖွဲ့

လူထု လက်ရုံးစာစဉ် အတွဲ(၄) အမှတ်(၁) ထွက်ရှိလို့လာပါပြီ။✓✓ကဗျာ✓✓✓ လမ်းညွှန်    ညိုမြနွယ်✓မြစ်နှစ်မြစ်ကြားက ရေလည်ကျွန်းသား ...
15/12/2022

လူထု လက်ရုံးစာစဉ် အတွဲ(၄) အမှတ်(၁) ထွက်ရှိလို့လာပါပြီ။

✓✓ကဗျာ✓✓

✓ လမ်းညွှန်
ညိုမြနွယ်

✓မြစ်နှစ်မြစ်ကြားက ရေလည်ကျွန်းသား
ဆလိုင်းတင်

✓အခက်မဝေတော့တဲ့ကျောင်း
ဖားစည်မောင်ထူး

✓လွတ်ငြိမ်း
AY

✓ခေတ်သစ်မော်ကွန်း
မင်းဘုဏ်းလူ(၅၀၅)

✓ဒေါင်းကမဲ့ပွဲ
မြတ်ဘုန်းနွယ်

✓လွတ်လပ်‌ ရေး
မီးငှက်
-----------------------------------------------------------------------------

✓✓ဆောင်းပါး✓✓

✓ရင်ကြားစေ့ခြင်း နှင့် လူထု ရည်မှန်းချက်ကဘာလဲ
မောင်ထွန်းယဉ်

✓အာဏာရှင်ကိုတော်လှန်ရင်း အာဏာကိုသတိပြု
နွေးနွေးထား

အယ်ဒီတာအဖွဲ့
လူထုလက်ရုံး စာစဉ်

အောက်ပါလင့် မှ တဆင့် လူထု ထံသို့ ဖြန့်ဝေပေးခြင်းဖြင့် တော်လှန်ရေး တွင် တဖက်တလမ်း မှ ပါဝင် နိုင်ပါသည် ။

https://drive.google.com/file/d/121-juH0P_0YVu8d0XaGgHMIwr-Kp_W5l/view?usp=drivesdk

03/12/2022

စာမူလိုအပ်ချက်များကြောင့်
လူထုလက်ရုံးစာစဉ် အတွဲ(၄) အမှတ်(၁)အား
၁၅.၁၂.၂၀၂၂ ရက်နေ့တွင် ထုတ်ဝေမည်ဖြစ်ကြောင်း
စာဖတ်ပရိသတ်များ၊ စာမူပေးပို့ထားသူ ကလောင်ရှင်များအား အသိပေးအကြောင်းကြားအပ်ပါသည်။

03/12/2022

ဒဂုံတက္ကသိုလ်ကျောင်းသား(၇)ဦးအား သေဒဏ်ချမှတ်ခြင်းအပေါ် သဘောထားထုတ်ပြန်ကြေညာချက်

စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးအထွေထွေသပိတ်တပ်ပေါင်းစု

📢📢စာမူဖိတ်ခေါ်ခြင်း📝"လူထုလက်ရုံး" တော်လှန်ရေး စာစဉ် အတွဲ(၄) အမှတ်(၁) အတွက် စာမူဖိတ်​ခေါ်ခြင်း___________________        ...
26/11/2022

📢📢စာမူဖိတ်ခေါ်ခြင်း

📝"လူထုလက်ရုံး" တော်လှန်ရေး စာစဉ်

အတွဲ(၄) အမှတ်(၁) အတွက် စာမူဖိတ်​ခေါ်ခြင်း

___________________

စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး အထွေထွေသပိတ်တပ်ပေါင်းစုမှ ဦးစီးထုတ်​ဝေ​သော​ လူထုလက်ရုံးတော်လှန်ရေး စာစဉ်သို့ စာမူများ​ပေးပို့နိုင်​ပါသည်​။

📭​ပေးပို့ရန်​လိပ်စာ-
fb page- လူထုလက်ရုံး စာစဉ်
[email protected]

​ပေးပို့ရမည့်နေ့ရက်​- (၂၆.၁၁.၂၀၂၂) မှ (၃၀.၁၁.၂၀၂၂ )အထိ ။

[ ကဗျာ ၊​ဆောင်းပါး ၊ အက်ဆေး၊ ပေးစား၊ ကာတွန်းများကို​ပေးပို့နိုင်​
ပါသည် ]

( မှတ်​ချက်​။ စစ်အာဏာရှင်စနစ်ကိုဆန့်ကျင်နေသည့် လူပုဂ္ဂိုလ်အဖွဲ့အစည်းများအား တိုက်ခိုက်သည့်စာမူများ၊ လူမျိုးရေးအစွန်းရောက်သည့်စာမူများ၊ ဘာသာရေးအစွန်းရောက်သည့်စာမူများ၊ လူမျိုးကြီးဝါဒကိုင်စွဲ၍ ရေးသားသည့်စာမူများအပြင် မိမိတို့ချမှတ်ထားသည့် မူဝါဒများနှင့် မကိုက်ညီသည့် စာမူများအားထည့်သွင်းစဉ်းစားမည်မဟုတ်ပါ။ )
"
----------------------------------------------------------------------------------

လူထုလက်ရုံးစာစဉ်
အယ်​ဒီတာအဖွဲ့

Address


Website

Alerts

Be the first to know and let us send you an email when လူထုလက်ရုံး စာစဉ် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share