Myanmar Cele Fans

  • Home
  • Myanmar Cele Fans

Myanmar Cele Fans သုတရသမျိုးစုံကို ဖတ်ရှုဖို့ like and follow စို့ ဗဟုသုတရဖွယ်များကို ရသစုံလင်စွာ တင်ဆက်ပေးသွားမည်

ခဝဲသီး စိုက်ပျိုးနည်း===============ခဝဲသီး စိုက်ပျိုးပြုစုနည်း မေးမြန်းထားတဲ့ သီးနှံ ပရိသတ်များအတွက် မျှဝေပေးလိုက်ပါတယ်ခ...
08/09/2025

ခဝဲသီး စိုက်ပျိုးနည်း
===============
ခဝဲသီး စိုက်ပျိုးပြုစုနည်း မေးမြန်းထားတဲ့ သီးနှံ ပရိသတ်များအတွက် မျှဝေပေးလိုက်ပါတယ်ခင်ဗျာ။
ခဝဲကို မြန်မာနိုင်ငံ ဒေသအနှံ့အပြားမှာ စိုက်ပျိုးကြပြီး အပင်ပုမျိုးနဲ့ အပင်ရှည်မျိုးဆိုပြီးရှိပါတယ်။ ရောဂါပိုး မွှားဒဏ်ခံပြီး ဒေသနဲ့ ကိုက်ညီတဲ့မျိုးကို ထိန်းသိမ်းစိုက်ပျိုးဖို့ လိုအပ်ပါတယ်။ အပင်ပုမျိုးဟာ အမြီးပိုင်းက တုတ်ပြီး အဖျားပိုင်းကို ရှူးသွားပါတယ်။ အရှည်မျိုးကတော့ တစ်ပေအရွယ်အစားခန့်ရှိပြီး တစ်ဖြောင့်ထဲ သေးသွယ်သွားပါတယ်။
မိုးရာသီ ဇွန်၊ ဇူလိုင်၊ သြဂုတ်လတွေမှာ အစိုက်များပြီး စက်တင်ဘာ၊ အောက်တိုဘာလတွေမှာ ခူးဆွတ်ကြပါ တယ်။ မြေပြန့်ဒေသတွေမှာ ဆောင်းနဲ့ နွေရာသီမှာလည်း စိုက်ပျိုးကြပြီး ရေကိုတော့ ဝအောင် ပေးနိုင်ဖို့ လိုပါတယ်။ ဆောင်းရာသီမှာ အောက်ခြေမှ ငါးပေအထိ အသီးအပွင့်တွေကို ခြွေပြီးမှ အပေါ်က ကျန်တဲ့ အသီးတွေကို ယူသင့်ပါတယ်။ မိုးဒဏ်ခံနိုင်ပြီး စင်တင်စနစ်၊ ဝါးတန်းထိုးစနစ်နဲ့ စိုက်ပျိုးတာများပါတယ်။
ခဝဲကို အစေ့မှ တိုက်ရိုက်စိုက်ပျိုးကြပါတယ်။ မျိုးစေ့ကို အညှောင့်ဖောက်ပြီး စိုက်ဘောင်ပေါ်မှာ တစ်ပေကြား လက်မဝက်ခန့်မြှုပ်ပြီး စိုက်ရမှာဖြစ်ပါတယ်။ စိုက်ဘောင်ကို နှစ်ပေအကျယ်၊ တစ်ပေအမြင့်ဆွဲပြီး တစ်ဘောင်နဲ့ တစ်ဘောင် (၅)ပေခြားဆွဲရပါတယ်။ တစ်ဧကမှာ အပင်ဦးရေ ၈၀၀၀ ခန့်ရအောင် စိုက်ပျိုးရမှာပါ။ စင်ပေါ်ကို မရောက်ခင်ကြားဝါးတန်းတွေကို တစ်ပေခြား ကန့်လန့်ဖြတ် ချည်ပေးရမှာဖြစ်ပါတယ်။
ခဝဲတစ်ဧက စိုက်ပျိုးဖို့အတွက် နွားချေးဆွေး လှည်း (၁၀-၂၀)စီး၊ ပုလဲ (၁-၂)အိတ်၊ တီစူပါ (၂-၄)အိတ်၊ ပို တက်ရှ် မြေသြဇာ (၁၂)အိတ်ထည့်ပေးပြီး သဘာဝမြေဆွေး၊ ကြက်ချေး၊ နွားချေး၊ တီစူပါမြေသြဇာတွေကို ရောပြီး စိုက်ဘောင်အတွင်း သမအောင်မွှေပြီးထည့်သွင်း အသုံးပြုရမှာဖြစ်ပါတယ်။ အသီးစသီးချိန်မှာ ပို တက်ရ်ှနဲ့ နွားချေးဆွေးတွေကို ရောပြီး ဘောင်အောက်ခြေမှ ဘောင်ထပ်ပြီး အစာထပ်ကျွေးရမှာဖြစ်ပါတယ်။
မြေဆီလွှာအစိုဓာတ်အမြဲရှိနေဖို့လိုအပ်ပြီး ဘောင်ပေါ်ရေလျှံမတက်အောင် သတိထားပြီး ရေသွင်းဖို့ လိုပါတယ်။
အပင်သက်တမ်း (၇၅-၈၀)ရက်ရှိတဲ့အခါ အသီးကို ခူးဆွတ်နိုင်မှာဖြစ်ပြီး အဲဒီထက်အချိန်ပိုကြာသွားရင် ရင့် သွားပြီဖြစ်ပြီး အမျှင်ပါစားလို့မကောင်းတော့ပါ။
တစ်ဧကမှ ခဝဲသီး ၂၀၀၀၀-၃၀၀၀၀ တောင့်ထွက်နိုင်ပါတယ်။
#ခဝဲသီးစိုက်ပျိုးနည်း
စိုက်ပျိုးရေး နှင့် အထွေထွေဗဟုသုတ

"အရမ်းရိုးရှင်းတဲ့ နည်းလေးတစ်ခု ပြောပြမယ် 🌱ဒီနည်းကို သိပြီးကတည်းက ကျွန်တော် ဆန်ဆေးရေကို ဘယ်တော့မှ မလွှင့်ပစ်တော့ပါဘူး။ အ...
14/08/2025

"အရမ်းရိုးရှင်းတဲ့ နည်းလေးတစ်ခု ပြောပြမယ် 🌱
ဒီနည်းကို သိပြီးကတည်းက ကျွန်တော် ဆန်ဆေးရေကို ဘယ်တော့မှ မလွှင့်ပစ်တော့ပါဘူး။ အိမ်က ဟင်းသီးဟင်းရွက်ခြံအတွက် တကယ့်ကို အဖိုးတန်တဲ့အရာ ဖြစ်လာပါတယ်။

ဘာလို့လဲဆိုတော့ ဆန်ဆေးရေကို အချိုမှုန့်နဲ့ M-150 အချိုရည်တို့နဲ့ ရောပြီးတော့ အပင်တွေကို လောင်းလိုက်တဲ့အခါ... အပင်တွေက စိမ်းစိုလာပြီး၊ အသီးတွေ အခိုင်လိုက်သီးကာ အသီးတွေကလည်း များလွန်းလို့ မခူးနိုင်အောင်ကို ဖြစ်လာတယ်။ 😄

ကျွန်တော် ငရုတ်သီး၊ သံပုရာ၊ ခရမ်းသီး၊ ပဲတောင့်ရှည်၊ ဂေါ်ဖီထုပ်၊ ကြက်သွန်မြိတ်၊ နံနံပင် အစရှိတဲ့ အပင်အမျိုးမျိုးနဲ့ စမ်းသပ်ခဲ့ပါတယ်။ အပင်တိုင်းက သန်မာပြီး အရွက်တွေက အရောင်တောက်ကာ ပန်းပွင့်တွေကလည်း ပွင့်ပြီး အကိုင်းအခက်တွေက သန်မာလာတယ်။

ပြုလုပ်ပုံကအရမ်းကိုလွယ်ကူပါတယ်။
• ဆန်ဆေးရေကို ၁.၅ လီတာဗူးထဲ ထည့်ပါ။
• အချိုမှုန့် စားပွဲတင်ဇွန်း ၂ ဇွန်း ထည့်ပါ။
• M-150 အချိုရည် စားပွဲတင်ဇွန်း ၃-၅ ဇွန်းလောက် ထည့်ပါ။
• ရောစပ်ပြီး သိမ်းထားပါ။

အသုံးပြုတဲ့အခါ ဗူးထဲက အရည်တစ်ခွက်ကို ရေ ၁၂ လီတာလောက်နဲ့ ရောပြီး အပင်တွေကို မနက်တိုင်း ၃ ရက်ကနေ ၅ ရက်ခြားတစ်ခါ လောင်းပေးပါ။ ဒီလိုလုပ်ပေးခြင်းအားဖြင့် အမြစ်ကို သန်မာစေပြီး အရွက်ကို စိမ်းလန်းကာ အပင်တွေ ပိုမိုမြန်ဆန်စွာ ကြီးထွားလာစေပါတယ်။

ဒီလိုလောင်းပေးတဲ့အတွက် ငရုတ်သီးပင်တွေဆို အကိုင်းအခက်တွေ ကျိုးကျလုနီးပါးကို အသီးတွေ သီးလာတယ်။ သံပုရာပင်မှာဆိုရင်လည်း အလုံးတွေ ပြည့်နေပြီး ခရမ်းသီးနဲ့ ပဲတောင့်ရှည်ပင်တွေက အရမ်းကို အသီးသီးတယ်။ ဂေါ်ဖီထုပ်တွေက အရွက်တွေ အလွန်ထူလာတယ်။ ကြက်သွန်မြိတ်နဲ့ နံနံပင်တွေကလည်း ပိုမိုမွှေးပျံ့ပြီး အရသာလည်း ပိုကောင်းလာတယ်။

ဒီနည်းလမ်းက မြေဩဇာဖိုးလည်း သက်သာပြီး အိမ်မှာ လွယ်လွယ်ကူကူ ကိုယ်တိုင်ပြုလုပ်လို့ရပါတယ်။ စမ်းလုပ်ကြည့်လိုက်ပါ၊ သဘောကျသွားမှာပါ။ 🪴

သတ်သတ်လွတ်မြေပဲဆန်ချက်နည်းလေးလည်း သိမ်းထားအုံးမှပါ...😋ဒါလေးကတော့ အညာဒေသမှာ ချက်လေ့ချက်ထရှိတဲ့ ဟင်းတစ်မည်ပါ။ မုန်လာဥဖြူလှ...
06/08/2025

သတ်သတ်လွတ်မြေပဲဆန်ချက်နည်းလေးလည်း သိမ်းထားအုံးမှပါ...😋

ဒါလေးကတော့ အညာဒေသမှာ ချက်လေ့ချက်ထရှိတဲ့ ဟင်းတစ်မည်ပါ။ မုန်လာဥဖြူလှိုင်လှိုင်ပေါ်ချိန် မုန်လာချဉ်တည်ပြီး မြေပဲဆံချက်လေးနဲ့ တွဲဖက်စားတဲ့အခါ ရိုးရှင်းပြီး ထမင်းမြိန်စေတဲ့ ဟင်းလျာလေးပါ...

ပါဝင်ပစ္စည်းများ
မြေပဲဆံ(အစိမ်း) - ၅ ကျပ်သား
ကြက်သွန်နီ - ၁ ဥ
ကြက်သွန်ဖြူ - ၁ ဥ
ကိုင်းခရမ်းချဉ်သီး - ၄ လုံး
ဆီ - ၅ ကျပ်သား
ငရုတ်အရောင်တင်မှုန့် - စတီးဇွန်း ၂ ဇွန်း
ဆား - အနည်းငယ်
နနွင်း - အနည်းငယ်

ချက်နည်း
မြေပဲဆံကို ညက်ညက်ထောင်းထားပါ။ ကိုင်း ခရမ်းချဉ်သီး၊ ကြက်သွန်နီ/ဖြူကို လှီးထားပါ။ ဆီပူလာလျှင် ကြက်သွန်ဖြူ/နီ၊ နနွင်း ဆီသတ်ပါ။ ခပ်နွမ်း နွမ်းဖြစ်လာလျှင် အရောင်တင်မှုန့်ထည့်ပါ။ ကိုင်းခရမ်း ချဉ်သီးထည့်ပြီး လိပ်လာသည်အထိ ဆီသတ်ပါ။ ကိုင်းခရမ်းချဉ်သီးလိပ်လာလျှင် မြေပဲဆံထည့်ပါ။
ဆား ထည့်ပါ။ ရေနွေး အနည်းငယ်ချင်းလိုက်ပြီး အိထွေးပြီး ဆီပြန်လာသည်အထိ ချက်ပါ။

Crd

- ဆန်ဆေးရေ နဲ့ စပါးလင်- စိမ်ပြီး သောက် တာ- တစ်ညနဲ့ တစ်မနက် - ၂ ခွက်သောက်ရုံရှိသေး တယ်- ကျောက် ကျလာတယ် - အဖေ့ဆီက ဘာပဲဖြစ်...
05/08/2025

- ဆန်ဆေးရေ နဲ့ စပါးလင်
- စိမ်ပြီး သောက် တာ
- တစ်ညနဲ့ တစ်မနက်
- ၂ ခွက်သောက်ရုံရှိသေး တယ်
- ကျောက် ကျလာတယ်
- အဖေ့ဆီက ဘာပဲဖြစ်ဖြစ်
- ဆေ၊းနည်းမျှဝေပေးတာပါ
* လက်တွေ့ တစ်ရက်နဲ့တစ်ည အောင့် တာ မခံနိုင် လို့ ဆေးရုံပြတာ ၂.၁.၁၈ ရက်နေ့ဆေးရုံမှာ လေဆာနဲ့ ချေဖို့ချိန်းထား ပြီးသား ကို မိတ်ဆွေတစ်ယောက်က ညွှန်လို့ သောက်ကြည့်တာပါ
* ဆေနည်းညွှန်တဲ့ ကို အသေး လေးလဲ ကျေး ဇူး အရမ်း တင်ပါတယ် သူ့မိတ်ဆွေတုန်းက လဲ ဘန် ကောက် သွားဖို့ လုပ် ပြီးသား ပါ ဆန်ဆေးရေကို ဆန်တအိုးကြီး ဆေးစရာ မလိုပါခင်ဗျာ
* လက်တစ်ဆုက်လောက်ကို ဂိုင်း ဖန်ခွက်ကြီး ထဲ ထည့်ဆေး ၂ ကြိမ်မြောက် လောက်က ရေက်ုယူ စပါးလင်ကို လက်လေးဆစ်ခန့် ၂ ပင်လောက်ယူပါးပါးလှီးပြီး နာရီဝက်လောက်စိမ်ပြီးရင် သောက်ပါ တစ်နေ့သုံးကြိမ် ပါ လူတိုင်းနဲ့တော့ ကျချင်မှ ကျမှာ ပါ တချို့က ငါးပြေမနဲ့ ဇောင်းခါးသီး ချက်စားကြသလို တချို့က ကျောက်ကွဲ ရွက် စားကြပါတယ်
တစ်ပတ် အတွင်း ဘီပိုး လုံးဝပျောက်
စေမယ့် နည်းလမ်းကောင်း
တကယ်ကောင်းမွန်ပြီး ငွေကြေးအမြောက်အမြား ကုန်ကျစရာမလိုသည့် နည်းလမ်းလေးဖြစ်လို့ တစ်ဆင့်မျှဝေ တင်ပြပေးလိုက်ပါတယ်။ Share လုပ်ကာ မျှဝေပေးခြင်းဖြင့် အာယုဒာန ကုသိုလ်ယူနိုင်ကြပါသည်။
ရောဂါကုထုံး

(၁) စပါးလင် လိုအပ်ပါတယ်။

(၂) စပါးလင်ကို ရေစင်အောင်ဆေးကြောပါ။

(၃) ပြုတ်လိုက်ပါ။

(၄) ၎င်းစပါးလင်ပြုတ်ရေကို လက်ဖက်ရည်ခွက်ဖြင့် တစ်နေ့ ၃ ကြိမ် သောက်ပေးပါ။

တစ်ပတ်ကြာသည့်အခါတွင် B ပိုး ပျောက်ကင်းသွားတာကို တွေ့ရပါလိမ့်မည်။

အိမ်ရှင်မများ နေ့စဉ်ဟင်းလျာများ ချက်ပြုတ်ကြရာတွင် အသုံးပြုသော စပါးလင်အပင်သည် ဟင်းလျာအတွက် သာမက လူတိုင်းကျန်းမာရေးအတွက်လည်း အထောက်အကူပြု အသုံးဝင်လျက်ရှိသည်။

စပါးလင်သည် မြန်မာနိုင်ငံ နေရာမရွေး စိုက်ပျိုးပေါက်ရောက်နိုင်သော အပင်ဖြစ်သည်။ ယင်းအပင်သည် မြက်မျိုးအနွယ်ဝင်အပင်ဖြစ်ပြီး ဟင်းစား စပါးလင်နှင့် စပါးလင်မွှေးဟူ၍ နှစ်မျိုး နှစ်စားရှိသဖြင့် စပါးလင်မွှေးသည် ဟင်းစားစပါးလင်ထက်ပို၍ အရွက်ကြီးကာ ရှည်လျားခြင်းကြောင့် စီးပွားရေးစျေးကွက်များ၌ ပို၍မျက်နှာပန်းလှကြောင်း၊ မြန်မာနိုင်ငံမှထွက်ရှိသော စပါးလင်သည် ရနံ့မွှေးပျံ့ရုံသာမကသည့်အပြင် ဆေးစွမ်းလည်း ထက်မြက်ကြောင်း သိရသည်။

ကျန်းမာချမ်းသာလို့ပျော်ရွှင်ကြပါစေခင်ဗျာ🙏

သင့်မိတ်ဆွေတွေလည်းသိစေရန်ပြန်လည်မျှဝေခြင်းဖြင့်ကျန်းမာရေး ကုသိုလ်ယူပေးပါ။

ကျန်းမာရေးဗဟုသုတများကိုနေ့စဉ်နှင့်အမျှတင်ဆက်ပေးနေတာကြောင့် page ကိုfollowလုပ်ထားပါ။

#ကျန်းမာရေး #ဗဟုသုတ #စာပေ
#နွယ်မြက်သစ်ပင်ဆေးဖက်ဝင်
#မေတ္တာဖြင့်ပြန်လည်မျှဝေပါသည်
#လေးစားစွာဖြင့်မူရင်းရေးသားသူကို
ေးပါတယ်

အဆီကြိတ်ကို (လုံးဝ)နိုင်နင်းတဲ့   #သြဇာသီးခြောက် သြဇာသီးအခြောက်ကို တွေ့ရင် ခူးသိမ်းထားပါ။ လူ့ခန္တာကိုယ်က အဆီကြိတ်ကို ရေန...
04/08/2025

အဆီကြိတ်ကို (လုံးဝ)နိုင်နင်းတဲ့ #သြဇာသီးခြောက်

သြဇာသီးအခြောက်ကို တွေ့ရင် ခူးသိမ်းထားပါ။ လူ့ခန္တာကိုယ်က အဆီကြိတ်ကို ရေနဲ့ နေ့စဉ်သွေးလိမ်းပေးပါ။ မာနေတဲ့အဆီကြိတ်ဟာ တစ်ရက်တခြားပျော့လာပါလိမ့်မယ်။

သြဇာသီးအခြောက်ကို သွေးလိမ်းနေစဉ် အတွင်းမှာ အဆီတိုးစေတဲ့ အစာတွေကို ရှောင်ပေးဖို့ လိုပါမယ်။

နေ့စဉ်မပျက် လိမ်းခဲ့ရင်အဆီကြိတ်ဟာ သေးပြီး ပျောက်ကွယ်သွားပါလိမ့်မယ်။

ဘယ်နှစ်ရက် လိမ်းရမယ်ဆိုတာတော့ အတိအကျ ပြောဖို့ ခက်ပါတယ်။ အဆီကြိတ် အကြီးအသေးအပေါ် ကွာနိုင်ပါတယ်။

ကျန်းမာချမ်းသာလို့ပျော်ရွှင်ကြပါစေခင်ဗျာ🙏

သင့်မိတ်ဆွေတွေလည်းသိစေရန်ပြန်လည်မျှဝေခြင်းဖြင့်ကျန်းမာရေး ကုသိုလ်ယူပေးပါ။

ကျန်းမာရေးဗဟုသုတများကိုနေ့စဉ်နှင့်အမျှတင်ဆက်ပေးနေတာကြောင့် page ကိုfollowလုပ်ထားပါ။

#မူရင်းရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။
( ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ )
#ကျန်းမာရေး
Crd

ပုန်းရည်ကြီးတောင်အဲ့လောက်မဲနေရင်ပုဂံညောင်ဦး သူတွေဆိုအ မ လေး 🤭။ဖက်ကြီးထဲက ငါးချဥ်တောင်သေးသေးလေး ပါရင်ပဲခူးသူတွေဆိုအ မ လေ...
15/07/2025

ပုန်းရည်ကြီးတောင်
အဲ့လောက်မဲနေရင်
ပုဂံညောင်ဦး သူတွေဆို

အ မ လေး 🤭။

ဖက်ကြီးထဲက ငါးချဥ်တောင်
သေးသေးလေး ပါရင်
ပဲခူးသူတွေဆို

အ မ လေး 🤭။

ဒူးရင်းသီးတောင်
အဲ့သလောက် အနံ့ပြင်းရင်
မော်လမြိုင်သူတွေဆို

အ မ လေး 🤭။

ရခိုင်မုန့်တီတောင်
ဒီလောက်စပ်ပြဲလန်နေရင်
စစ်တွေ/သံတွဲသူတွေဆို

အမလေး 🤭

ကျုံးကြီးတောင်
အဲ့သလောက်ကျယ်ရင်
မန္တလေးသူတွေဆို

အ မ လေး 🤭။

ဂျေဒိုးနတ်တောင်
ငါးရက်ကျော်ရင် မှိုတက်တာ
ရန်ကုန်သူတွေဆို

အမလေး🙈

မြေပဲယို၊ နှမ်းယို မှာတောင်
အဲ့လောက် အစိပြူးနေရင်
မကွေးသူတွေဆို

အ မ လေး 🤭။

ယောလုံချည်တောင်
အဲ့လောက် အမွှေးရှုပ်ရင်
ယောသူတွေဆို

အ မ လေး 🤭။

ခရက်ဒစ်ပေးပါတယ် 🤪

ဒယ်အိုးနီ ဒယ်အိုးပြာ အသုံးပြုသူ များ သိထားရမည့် အချက် (၇) ချက် မိတ်ဆွေကောင်းတို့ အိမ်အများစုမှာ ဒယ်နီ ဒယ်ပြာ ဒယ်ခရမ်း တိ...
05/07/2025

ဒယ်အိုးနီ ဒယ်အိုးပြာ အသုံးပြုသူ များ သိထားရမည့် အချက် (၇) ချက်

မိတ်ဆွေကောင်းတို့ အိမ်အများစုမှာ ဒယ်နီ ဒယ်ပြာ ဒယ်ခရမ်း တို့ကို တော်တော်များများ အသုံးပြုကြမှာပါ။

အလုံးပေါင်းမနည်း ပျက်လိုက် ဝယ်လိုက်နဲ့ ကျွမ်းကျင်စွာ သုံးနေကြတဲ့သူတွေရှိသလို ဝယ်ပြီးတာနဲ့ စနစ်တကျ တန်းသုံးတတ်တဲ့ လူတွေလည်း တော်တော်များများ တွေ့ရပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော့် မိတ်ဆွေကောင်းတွေအတွက် အသုံးတဲ့ စေမယ့် အချက်လေးတွေ ကြှနျတောျထပျထည့ျေ ပးလိုက်ပါတယ်။

1. ဒယ်နီအများစု အားလုံးနီးပါးမှာ မီးဆွဲအား 2000W ရှိပြီး မီးအတိုး အလျော့ လုပ်လို့ ရတာကြောင့် Extension Cord (ကြိုးခွေအဝိုင်းများ)နှင့် လုံး၀ မသုံးသင့်ပါဘူး။

2. အခုနောက်ပိုင်း ထွက်သမျှ ဒယ်နီတွေမှာ Auto cut-off system (အလိုလျောက်မီးဖြတ်ပေးတဲ့စနစ်) ပါလို့ အတိုးအလျော့ ဘုလေးကို အဆုံးထိမထားပဲ လိုသလို ချိန်သုံးရင် *ချက်နေရင်း ဆီပူမယ် ကြံရင်း အိုးက မပူတောရင်း* အဲလိုဖြစ်တတ်ပါတယ်။

ဒါကြောင့် ကိုယ်က ဟင်းချက်နေရင်း အမြဲတမ်း အိုးကို ပူစေချင်တယ် ဆိုရင် အတိုးအလျော့ ဘုလေးကို အဆုံးထိ တင်ထားရင် အဆင်ပြေပြီး Auto cut-off system (အလိုလျောက်မီးဖြတ်ပေးတဲ့စနစ်) ကလည်း အလုပ်မလုပ်တော့ပါဘူး။

Knowledge
ဒယ်အိုးနီ ဒယ်အိုးပြာ အသုံးပြုသူ များ သိထားရမည့် အချက် (၇) ချက်
March 24, 2019 admin
မိတ်ဆွေကောင်းတို့ အိမ်အများစုမှာ ဒယ်နီ ဒယ်ပြာ ဒယ်ခရမ်း တို့ကို တော်တော်များများ အသုံးပြုကြမှာပါ။

အလုံးပေါင်းမနည်း ပျက်လိုက် ဝယ်လိုက်နဲ့ ကျွမ်းကျင်စွာ သုံးနေကြတဲ့သူတွေရှိသလို ဝယ်ပြီးတာနဲ့ စနစ်တကျ တန်းသုံးတတ်တဲ့ လူတွေလည်း တော်တော်များများ တွေ့ရပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော့် မိတ်ဆွေကောင်းတွေအတွက် အသုံးတဲ့ စေမယ့် အချက်လေးတွေ ကြှနျတောျထပျထည့ျေ ပးလိုက်ပါတယ်။

1. ဒယ်နီအများစု အားလုံးနီးပါးမှာ မီးဆွဲအား 2000W ရှိပြီး မီးအတိုး အလျော့ လုပ်လို့ ရတာကြောင့် Extension Cord (ကြိုးခွေအဝိုင်းများ)နှင့် လုံး၀ မသုံးသင့်ပါဘူး။

2. အခုနောက်ပိုင်း ထွက်သမျှ ဒယ်နီတွေမှာ Auto cut-off system (အလိုလျောက်မီးဖြတ်ပေးတဲ့စနစ်) ပါလို့ အတိုးအလျော့ ဘုလေးကို အဆုံးထိမထားပဲ လိုသလို ချိန်သုံးရင် *ချက်နေရင်း ဆီပူမယ် ကြံရင်း အိုးက မပူတောရင်း* အဲလိုဖြစ်တတ်ပါတယ်။

ဒါကြောင့် ကိုယ်က ဟင်းချက်နေရင်း အမြဲတမ်း အိုးကို ပူစေချင်တယ် ဆိုရင် အတိုးအလျော့ ဘုလေးကို အဆုံးထိ တင်ထားရင် အဆင်ပြေပြီး Auto cut-off system (အလိုလျောက်မီးဖြတ်ပေးတဲ့စနစ်) ကလည်း အလုပ်မလုပ်တော့ပါဘူူး။

ဒီနေရာမှာ အကြံပေးချင်တာက ဘုကို အဆုံးထိထားပြီး ဟင်းချက်ပြီးရင် ခလုတ်ပိတ် ပလပ်ဖြုတ်ပါ။ ဒါဆို ဘုကို အတိုးအလျော့မကစားပဲ အဆုံးမှာပဲ ထားခိုင်းတဲ့ သဘောဖြစ်ပါတယ်။ ကောင်းကျိုးက ဘု ပျက်ခြင်း ကျိုးခြင်းမှ ကင်းဝေးနိုင်ပါပြီ။ မီးဆွဲအား ရှိနိုင်ပေမယ့် ကိုယ်က ခိုင်ခံ့သော အထိုင်နဲ့ သုံးတယ်ဆိုရင် ဘာမှ စိတ်ပူစရာ မရှိပါဘူးနော်။

3. ဂျိုးကပ်တဲ့ အကြောင်းလေး ပြောပေးချင်ပါတယ်။

ရိုးရိုး အိုးဖြူဖြစ်ဖြစ် non-stick မကပ်တဲ့ အိုးမည်းဖြစ်ဖြစ် ဂျိုးကပ်တယ်လို့ ခဏ ခဏ ကျွန်တော်တို့ဆိုင်မှ ဝယ်သူကောင်းတွေဆီမှ အမြဲကြားရပါတယ်။ တကယ်တော့ အဓိက ဒီအချက်ကြောင့်ပါပဲ။ထမင်းပေါင်းအိုးတွေရဲ့ ထုံးစံမှာ တစ်ခါ သိုးဖူးသွားရင် ဘယ်လောက်ဆေးဆေး နောက်ပိုင်း အသိုးလွယ်တာမျိုးကို ကြားဖူး တွေ့ဖူူးကြမှာပါ။ ဒါလည်း ဒီသဘောပါပဲ

အိုးဖြူဆို ကြော်လှော်တဲ့အခါ ကိုယ်က တစ်ခြား အလုပ်လုပ်နေလို့ ပစ်ထားမိပြီး ကပ်သွားပြီ ဆိုရင် နောက်ပိုင်းလည်း ဘယ်လောက်ဆေးဆေး ကပ်ဖို့ အားသာနေပါပြီ ။ (ချွင်းချက်အနေနဲ့ တစ်ခါတစ်လေ အိုးက မီးမညီတာမျိုးကြောင့်လည်း ဖြစ်တတ်ပါတယ်)

4. နောက်တစ်ချက်က Non-Stick အိုးပါ။ မကပ်တဲ့အိုးဆိုပြီး ဘာလို့ကပ်လဲ။ ဒါကကျတော့ ဒီလိုပါ။ non-stickအိုးကို သုံးတဲ့ အချိန်မှာ တော်တော်များများက ထုံးစံအတိုင်း စတီးဇွန်း သံဇွန်းနဲ့ သုံးကြတာများပါတယ်။(ကျွန်တော့်အမေအပါအဝင်ပေါ့) အဲဒီတော့ မွှေရင်း ခြစ်မိတဲ့ အခါကျတော့ Non-Stick ကနေ မ Non-Stick ဖြစ်လာတဲ့သဘောဖြစ်ပြီး အားရပါးရကပ်တော့တာပါပဲ။

တကယ်တော့ Non-Stick က သစ်သား ယောက်မ(သို့မဟုတ်) သူနဲ့တွဲသုံးရတဲ့ ဇွန်းတွေ ယောက်မတွေ ရှိပါတယ်။ အဲဒါလေးတွေနဲ့ဆို ရေရှည် အဆင်ပြေစွာသုံးနိုင်ပါတယ်။ (city mart, ocean တွေမှာ ဝယ်လို့ရနိုင်သလို ကျွန်တော်တို့လည်း တွဲရောင်းပေးဖို့ စီစဉ်နေကြပါပြီ)။

5. နောက် အိုးကပ်တာပြောရင်း တစ်ဆက်တည်း အိုးမှာကပ်နေတဲ့ ဟင်းတွေ ထမင်းတွေကို ဘယ်လို လွယ်ကူအောင်ခွာမလဲ ဆိုတဲ့နည်းလေးပါ ပြောပေးပါ့မယ်။ လွယ်ပါတယ်။ ကပ်နေတဲ့ အိုးထဲကို ရေအနည်းငယ် ချိန်ထည့်ပြီး ပလပ်ပြန်ထိုး ခလုတ်ဖွင့်ပြီး ရေဆူတဲ့အထိ ထားလိုက်ရုံပါပဲ .. ဒါဆို ကပ်နေတာတွေ အကုန် သူ့အလိုလို ကွာလာတာတွေ့ ရပါလိမ့်မယ်။

6. ဒါဆိုတစ်ဆက်တည်း ဆေးကြောပုံနဲ့ ဆေးကြောပြီးနောက်ပိုင်း ဘယ်လို ရေရှည်ခံအောင်လုပ်ရမလဲဆိုတာလေးပြောပေးပါ့မယ်။ ဆေးတာကတော့ အဓိက အိုးတစ်ခုလုံးကို မဆေးမိဖို့ပါပဲ။ အိုးအထဲပိုင်းထဲရေထည့် ဆပ်ပြာနဲ့ဆေးပြီးရင် အိုးအပြင်ကို ရေစိုဖော့ဖတ်လေးနဲ့ တိုက်ပေးရင်အထူးအဆင်ပြေပါတယ်နော်။

အိုးကို စိတ်ကြိုက်ဆေးကြောပြီးပြီဆိုတာနဲ့ မီးပလပ်ပြန်ထိုး ခလုတ်ဖွင့်ပြီး အိုးမှာရှိနေ ကပ်နေတဲ့ ရေစက်လေးတွေ အငွေ့ပြန်သွားတဲ့ အထိ အပူပေးထားပါ။ ခြောက်သွေ့သွားပြီဆို ပြန်ပိတ်ထားလိုက်ပါ။ ဒါဆို နောက်တစ်ခါ ချက်ဖို့အတွက် အဆင်သင့်ဖြစ်သလို ဓာတ်လိုက်မှာ ကိုလည်းတွေးကြောက်နေစရာ မလိုတော့ဘူးပေါ့။

7. သြော် ဓာတ်လိုက်တယ် ဆိုလို့ ဒယ်နီကို ချက်တဲ့အချိန် သုံးတဲ့ဇွန်းက လက်ကိုင်ကိုင်း ကော်(သို့မဟုတ်)သစ်သား ဖြစ်ဖို့ကို အကြံပေးချင်ပါတယ်။

တစ်ချို့ ဒယ်နီတွေက ဆေးကြောနည်းအလွဲ(သို့မဟုတ်) သုံးတာကြာရင် earth (အက်) ဝင်တတ်ပြီး ဓာတ်လိုက်တတ်လို့ အန္တရာယ်မများပေမယ့် အမှတ်တမဲ့လန့်နိုင်တာမို့ ကျွန်တော် မိတျဆှကေောငျးေ တွ မဖြစ်ရလေအောင် အထူး အကြံပေးလိုက်ရပါတယ်။

ကဲ ဒီလောက်ဆို အိမ်ရှင်မ အိမ်ရှင်ထီးများ ဒယ်နီအိုးတွေကို ဘယ်လို သတိထားသုံးရမလဲ၊ ဘာတွေဘယ်လို ကာကွယ်ရမယ်၊ ဘယ်လိုတာရှည်ခံအောင် သုံးရမယ် ဆိုတာတွေကို သိသွား တတ်သွားပြီလို့ အထူး ယုံကြည်ပါတယ်။

ခုရေးသားထားတဲ့ အကြောင်းရာတွေက မိတ်ဆွေ သူငယ်ချင်း ကောင်းများအတွက် အကျိုးကျေးဇူးတစ်ခုရတယ်ဆိုရင်ပဲ ကျေနပ်ပါပြီ။ မိတ်ဆွေလိုပဲ အခြားမိတ်ဆွေကောင်းများလည်း သိခွင့်ရအောင် share လုပ်ပေးလိုက်ပါဦး လို့ တိုက်တွန်း ချင်ပါတယ်။

Credit: မူရင်းရေးသားသူ

ဘဝ ဆိုတာ...မဖြစ်နိုင်ခြင်း ဆိုတဲ့ နောက်ကွယ်မှာဖြစ်အောင် လုပ်ချင်တဲ့ တံခါး ပေါက်လေး ရှိတယ်။ဆုံးရှုံးခြင်း ရဲ့ နောက်ကွယ်မှ...
04/07/2025

ဘဝ ဆိုတာ...

မဖြစ်နိုင်ခြင်း ဆိုတဲ့ နောက်ကွယ်မှာ
ဖြစ်အောင် လုပ်ချင်တဲ့
တံခါး ပေါက်လေး ရှိတယ်။

ဆုံးရှုံးခြင်း ရဲ့ နောက်ကွယ်မှာ
တဖန် အောင်မြင် ဖို့အတွက်
မျှော်လင့်ချက်တွေ ရှိတယ်။

နာကျင်ခြင်း ရဲ့ နောက်ကွယ် မှာ
မခံချင် စိတ်တွေ ရှိတယ်။

အနိမ်ခံ ဘဝ ရဲ့ နောက်ကွယ် မှာ
ခံပြင်းစိတ် နဲ့ ကြိုးစားချင်
စိတ်တွေ ရှိတယ်။

စွန့်လွှတ်မှု ရဲ့ နောက်ကွယ် မှာ
တမ်းတ ငိုကြွေး ခြင်းတွေ ရှိတယ်။

အစွန့်လွတ်ခံ ရခြင်းရဲ့ နောက်ကွယ် မှာ
အရာရာကို နားလည် သွားနိုင်တဲ့
ဘဝ သင်ခန်းစာတွေ ရှိတယ်။

ဘဝဆိုတာ
ကိုယ့်ဒူးကိုယ်ချွန် ရမယ်။
ကိုယ့်လမ်း ကိုယ်လျှောက် ရမယ်။
ကိုယ့်သမိုင်း ကိုယ် ရေးရမယ်။

တကယ်တော့ ဘဝဆိုတာ
အားကိုးရှာဖို့ ရောက်လာတာ မှ
မဟုတ်တာပဲ

ကိုယ်ဖောက် ရမဲ့ လမ်း အတွက်
သင်ခန်းစာယူဖို့ ရောက်လာ ကြတာပါ

အဲဒီ တော့
ဘဝမှာ လဲကျသွားရင်
အားတင်းထား၊

ဘာလို့ လဲကျသွားလဲ ...
သင်ခန်းစာယူ၊

ရအောင် ပြန်မတ်တပ် ရပ်
အောင်မြင်ဖို့ အတွက် ဆက်လျှောက်၊
အဲဒါ ဘဝ ပါပဲ သူငယ်ချင်း ..

Crd 💪💪

လိုအပ်သူများ shareထားပါအဲကွန်းလေးတွေ အိမ်မှာသုံးနေပေမဲ့ ရီမုဒ်လေးတွေကို သေချာမသုံးတတ်ကြဘူး ဟုတ်တယ်ဟုတ် 😊ဒါပေမဲ့ သိထားဖို...
25/03/2025

လိုအပ်သူများ shareထားပါ
အဲကွန်းလေးတွေ အိမ်မှာသုံးနေပေမဲ့ ရီမုဒ်လေးတွေကို သေချာမသုံးတတ်ကြဘူး ဟုတ်တယ်ဟုတ် 😊
ဒါပေမဲ့ သိထားဖို့ ကအရမ်းအရေးကြီးပါတယ်ဒီနေ့ အဲကွန်း ရီမုဒ်လေးရဲ့ အသုံးပြုပုံလေးပြောပြပေးပါ့မယ်
ပထမဆုံးပြောမယ်ခလုတ်လေး က On / Of ခလုတ်လေးပါ သူကတော့ အဖွင့် အပိတ်ခလုတ်လေးပါ ဒီခလုတ်လေးကိုတော့ အများစုကသိကြပါတယ်
နောက်တစ်ခုက Mode ဆိုတဲ့ ခလုတ်လေးပါ ဒီခလုတ်လေးကတော့ အရမ်းအရေးပါပါတယ် ဒီခလုတ်လေးကိုကောင်းကောင်းမသုံးတတ်လို့ အဲကွန်းပြင်ဆိုင်ပို့မိတဲ့ အဖြစ်မျိုးကြုံဖူးတဲ့သူတွေအများကြီးကြုံဖူးပါတယ်
Mode ဆိုပြီး အပြည့်အစုံရေးမထားရင် M ဆိုတဲ့ သင်္ကေတလေး ပါပါတယ် အဲဒါလေးကဘာတွေလုပ်ဆောင်လဲဆိုတော့ အဆင့်ငါးဆင့်လုပ်ဆောင်ပါတယ်
ပထမတစ်ချက်နှိပ်ရင် Auto ဆိုပြီးပေါ်လာပါတယ်
Auto အနေအထားမှာဆိုရင် အခန်းအပူချိန်-ပန်ကာလည်နှုန်း- Outdoor unit အဖွင့်အပိတ်နဲ့လည်ချိန်တွေကို အဲကွန်းထဲက Processor ကသူဟာသူ အလုပ်ပေးပါလိမ့်မယ်
ဒုတိယတစ်ချက်နှိပ်ရင် Cool ဆိုပြီးပေါ်လာပါလိမ့်မယ်
Cool အနေအထားမှာဆိုရင် အဲကွန်းက အေးနေပါလိမ်မယ်
ဒီအချိန်မှာ Out door unit တခုလုံး အလုပ်လုပ်နေပါလိမ့်မယ်။သုံးစွဲသူက နှိပ်ထားတဲ့ အခန်းအပူချိန် အောက် မရောက်မချင်း အဲကွန်းက လည်နေပါလိမ့်မယ်
တတိယတစ်ချက် နှိပ်ရင် Dry ဆိုပြီးပေါ်လာပါလိမ့်မယ်
Dry mode မှာလည်းအဲကွန်းက အေးနေပါမယ်။ ဒီအချိန်မှာ အေးရုံသာမက အခန်းတွင်းက ရေငွေ့ပမာဏကိုလည်း Cool နှိပ်ထားချိန်ထက် ပိုပြီး လျှော့ချပေးပါလိမ့်မယ်။
စတုတ္ထတစ်ချက်နှိပ်ရင် Heat ဆိုပြီးပေါ်လာပါလိမ့်မယ်
Heat ဆိုတာကိုနှိပ်ထားပြီး ချိန်ထားမယ်ဆိုရင်တော့ အဲကွန်းက အပူအအေးနှစ်မျိုး သုံးလို့ရတဲ့ ဟာဆိုရင်တော့ အခန်းတွင်းက Info or က အပူကွိုင်ဖြစ်သွားပြီး Outdoor unit က အအေးကွိုင်အဖြစ် ပြောင်းပြန်အလုပ်လုပ်ပေးပါလိမ့်မယ်။
နောက်ဆုံးတစ်ချက်နှိပ်ရင်တော့ Fan ဆိုပြီးပေါ်လာပါလိမ့်မယ်
Fan ဆိုတဲ့ အနေအထားမှာနှိပ်ထားပြီး ချိန်ထားရင်တော့ အဲကွန်း Outdoor ကအလုပ်မလုပ်ပဲ Indoor ပန်ကာပဲ အလုပ်လုပ်ပါလိမ့်မယ်။ အခန်းတွင်းမအေးတော့ပါ။ ပန်ကာချည်းသာ လည်နေလို့ဖြစ်ပါတယ်
တချို့ဆို ရီမုတ်ကွန်ထရိုးမှာ ဒီအခြေအနေကို နှိပ်ထားပြီး အဲကွန်းမအေးလို့ဆိုပြီး ပြင်တဲ့သူတွေ လှမ်းခေါ်တော့ လမ်းစရိတ်ကုန်တာမျိုး ရှိတတ်ပါတယ်။
Temp လို့ရေးထားတဲ့ အခန်းရဲ့လေထု အပူချိန်ကို ကိုယ်လိုသလိုချိန်ဖို့ ဘယ် ညာ မြှားနှစ်ခု နဲ့ရေးထားတဲ့ အပူချိန်ချိန်ညှိခလုပ်ပါ။ အခန်းရဲ့ အပူချိန်ကို ကိုယ့်အတွက် သက်သောင့်သက်သာဖြစ်စေမည့် အပူချိန် အနည်းအများကို ချိန်ရာမှာ သုံးပါတယ်။ နှိပ်တဲ့အချိန်မှာ အဲကွန်း Indoor ရဲ့ ဆင်ဆာနေရာ ကိုချိန်ပြီး နှိပ်ဖို့လိုပါတယ်။ လူတစ်ယောက်အတွက် သက်သောင့်သက်သာဖြစ်တဲ့ အပူချိန်က ရာသီအလိုက်မှာရှိတဲ့ ပတ်ဝန်းကျင်အပူချိန်လိုက်လို့ နေ့ညလိုက်လို့ အပြောင်းအလဲရှိပါတယ်။ အဲကွန်းဖွင့်ထားပေမယ် သတိရမနေစေပဲ ကိုယ့်အတွက် ချမ်းမှန်း ပူအိုက်မှန်း သိမနေစေတဲ့ အပူချိန်ကတော့ အကောင်းဆုံးပါပဲ။
Fan လို့ရေးထားတဲ့ အဲကွန်း Indoor ရဲ့အထဲက ပန်ကာ အမြန်နှုန်းကိုချိန်တဲ့ခလုပ်တခု ပါ ပါလိမ့်မယ်။ သူရဲ့အသုံးက..ပန်ကာ အမြန်နှုန်းကို အမြန်(Hi)၊ အလည်အလတ်(M)၊ အနှေး(L) ချိန်ပေးရာမှာသုံးပါတယ်။ တစ်ချက်နှိပ်ရင် တမျိုးပြောင်းပါတယ် H-M-Lအစဉ်လိုက် ပြောင်းနေပါလိမ့်မယ်။ အများစု ရီမုတ်တွေမှာတော့ မှန်ပြင်ထဲမှာ အတုံးအကြီး ၊အလတ်၊ အသေး ပြောင်းသွားတဲ့ပုံစံနဲ့ ပြပါလိမ့်မယ်။ ညအိပ်ချိန်တွေမှာတော့..အနှေး (L) မှာထားခြင်းဖြင့် ဆူညံမှုကို သက်သာစေနိုင်ပါတယ်။
Swing ဆိုတာကို တချက်ချင်းစီ နှိပ်ပြီး အဲကွန်း Indoor Unit ရဲ့ ရှေ့က Louvre ကို အပေါ်အောက် ကစားတာနဲ့ ကိုယ်ကြိုက်တဲ့နေရာမှရပ်ဖို့စောင့်ပြီး နှိပ်လိုက်တာနဲ့ အသေရပ်သွားဖို့ လုပ်နိုင်ပါတယ်။
Timer ဆိုတဲ့ ခလုပ်နဲ့ အပူချိန် အတိုးအလျော့ မြှားတွေနဲ့ ပေါင်းစပ်နှိပ်ပြီးအဲကွန်း ကိုကြိုက်တဲ့အချိန်မှာ ပိတ်ဖို့ ကြိုက်တဲ့အချိန်မှာ ပြန်လည်စေဖို့ အချိန်သတ်မှတ် ပေးထားနိုင်ပါတယ်။ Turbo ဆိုတဲ့ ခလုပ်ပါခဲ့ရင်တော့ အဲကွန်း Indoor fan ကို အရှိမြန်မြန် နဲ့လည်ဖို့ ဖြစ်သွားပါလိမ့်မယ်။
အဲကွန်း ရီမုတ် ကိုနှိပ်တဲ့အခါ Indoor unit ရဲ့ ဆင်ဆာ ကို သေချာချိန်ပြီး နှိပ်မှာသာ ကိုယ်လိုချင်တဲ့ ချိန်ဆမှုကို ရမယ်လို့ သတိပေးချင်ပါတယ်။ ရီမုတ်အလုပ်လုပ်ရင် အဲကွန်းကနေ တီ ဆိုတဲ့အသံလေးက နှိပ်လိုက်တိုင်း ကြားနေရတတ်ပါတယ်။

လွယ်ကူမြန်ဆန်တဲ့ ကြွက်ပြေးနည်း
21/02/2025

လွယ်ကူမြန်ဆန်တဲ့ ကြွက်ပြေးနည်း

ကြွက်ပြေးနည်း အိမ်မှာ အခုတလော ကြွက်ပေါလို့ တအားကိုစိတ်ညစ်နေရပါတယ်။ ဒါပေမဲ့ ဒီနည်းလေး တွေ့လို့ လုပ်ကြည့်တာ ...

😂
05/10/2024

😂

လက်မလည်အောင် ဈေးရောင်းကောင်းစေမယ့် အဆောင်ပြုလုပ်နည်း
11/08/2024

လက်မလည်အောင် ဈေးရောင်းကောင်းစေမယ့် အဆောင်ပြုလုပ်နည်း

Knowledgeလက်မလည်အောင် ဈေးရောင်းကောင်းစေမယ့် အဆောင်ပြုလုပ်နည်း August 11, 2024 - by admin - Leave a Comment ဈေးရောင်းကောင်းချင်သော မိတ်ဆွေမ.....

Address


Alerts

Be the first to know and let us send you an email when Myanmar Cele Fans posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your business to be the top-listed Media Company?

Share