Midnight Whispers: Horror from Myanmar

  • Home
  • Midnight Whispers: Horror from Myanmar

Midnight Whispers: Horror from Myanmar သန်းခေါင်ယံမှာ ပဲ့တင်ထပ်မယ့် အမှောင်ယံပုံပြင်များ။ Horror from Myanmar.

05/07/2026

အရေးပေါ်ကုတင် အမှတ် ၄
သေဆုံးသွားတာ ကိုယ်တိုင်မသိရှာတဲ့ သူနာပြုမလေး

07/06/2026

ညသန်းခေါင် ၃ နာရီမှာ မျက်စိမှိတ်တက်ရင် ၁၃ ထစ်မြောက်ကို ရောက်သွားတတ်တဲ့ လှေကား... အဲဒီလှေကားထိပ်မှာ စောင့်နေတာက လူမဟုတ်တဲ့ အရာတစ်ခုဆိုရင်ရော?

ရာသီဥတုကလည်း မိုးအုံ့အုံ့နဲ့ ကျောချမ်းစရာ ဇာတ်လမ်းလေးတွေ ဖတ်ချင်စရာ ဖြစ်နေတာနဲ့... ဒီနေ့မှာတော့ "အဝေးပြေးလမ်းမပေါ်က ခရီး...
25/05/2026

ရာသီဥတုကလည်း မိုးအုံ့အုံ့နဲ့ ကျောချမ်းစရာ ဇာတ်လမ်းလေးတွေ ဖတ်ချင်စရာ ဖြစ်နေတာနဲ့... ဒီနေ့မှာတော့ "အဝေးပြေးလမ်းမပေါ်က ခရီးသည်" ဆိုတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ကို မျှဝေပေးလိုက်ချင်ပါတယ်။

ကဲ... စလိုက်ရအောင်... 🚘⛈️

ကျွန်တော့်မှာ ကိုယ်ပိုင် Light Truck ကားလေးတစ်စီးရှိတော့ နယ်တွေကို ကုန်ပစ္စည်း လိုက်ပို့ပေးရတဲ့ အလုပ်လုပ်တယ်။ တစ်ခါက မန္တလေးကနေ ရန်ကုန်ကို အပြန်၊ အမြန်လမ်းပေါ်မှာ မဟုတ်ဘဲ လမ်းဟောင်းအတိုင်း ညဘက်ကြီး တစ်ယောက်တည်း မောင်းလာခဲ့တာ။ အချိန်က နေဝင်ပြီးမှောင်နေပြီ။

လမ်းတစ်နေရာ အရောက် ကားမီးရောင်ထဲမှာ လမ်းဘေးကနေ လက်တားနေတဲ့ လူတစ်ယောက်ကို လှမ်းမြင်လိုက်ရတယ်။ နယ်ဘက်ဆိုတော့ လမ်းကြုံလိုက်ချင်တဲ့ ရွာသားတစ်ယောက်ယောက် နေမှာပါဆိုပြီး ကားကို ရပ်ပေးလိုက်တယ်။ သူက မျက်နှာချင်းဆိုင် မကြည့်ဘဲ ရှေ့တည့်တည့်ကိုပဲ စိုက်ကြည့်ပြီး "ဆရာ... ရှေ့က ရွာနားအထိပဲ လိုက်ပါရစေ" တဲ့။ စိတ်ထဲတော့ တစ်မျိုးဖြစ်သွားသေးတယ်။ ဒါပေမဲ့ ကျွန်တော်လည်း အဖော်ရပါတယ်လေ ဆိုပြီး ခေါ်ခဲ့လိုက်တာပေါ့။

ကားပေါ်တက်လာတာ အသက် ၄၀ ကျော်လောက်ရှိမယ့် အမျိုးသားတစ်ယောက်။ သူက ခေါင်းပေါင်း အစုတ်ကြီး ပတ်ထားပြီး အဝတ်အစားတွေက ညစ်ပတ်ပေရေနေတယ်။ ကျွန်တော်လည်း ကားကို ဆက်မောင်းရင်း ပျင်းပျင်းရှိတာနဲ့ စကားစမြည် လှမ်းပြောမိတယ်။
"အစ်ကိုက ဘယ်ရွာကလည်း ဘာအလုပ်လုပ်လဲပေါ့"

သူက ပြန်မဖြေဘူး။ ရှေ့ကိုပဲ စိုက်ကြည့်ပြီး ငြိမ်နေတယ်။ ကျွန်တော်လည်း စိတ်ထဲ တစ်မျိုးကြီး ဖြစ်သွားတာနဲ့ စကားဆက်မပြောတော့ဘဲ အာရုံပြောင်းဖို့ ကားရေဒီယိုကို ဖွင့်လိုက်တယ်။ အဲဒီအချိန်မှာ... ဘေးက ခရီးသည်ဆီကနေ အီး... အီး... နဲ့ လည်ချောင်းထဲကနေ အသံညှစ်ပြီး ငိုသံလိုလို၊ ညည်းသံလိုလို အသံကြီး ထွက်လာတယ်။

"အစ်ကို... နေမကောင်းလို့လား" ဆိုပြီး ကျွန်တော် သူ့ဘက်ကို လှည့်ကြည့်လိုက်တဲ့အချိန်မှာ... သူပြောလိုက်တဲ့စကားကြောင့် ကျွန်တော့်တစ်ကိုယ်လုံး သွေးခဲသွားမတတ် လန့်သွားတယ်။

"ငါ့ခေါင်း ‌‌ပျောက်နေလို့ ရှာပေးစမ်းပါ" တဲ့

သွားပြီ။ ငါတော့ သွားပြီး သရဲခြောက်ခံရပြီ ဆိုတာ သိိိိိိိိိိလိုက်တယ်။

ကျွန်တော် ကြောက်လန့်တကြားနဲ့ ဘရိတ်ကို ဆောင့်နင်းပစ်လိုက်တယ်။ ကားက လမ်းဘေးထိုးရပ်သွားပြီး အရှိန်ကြောင့် အရှိန်ပြင်းပြင်း တုန်ခါသွားခဲ့တယ်။ ကျွန်တော် ကားတံခါးကို ဖွင့်ပြီး အပြင်ကို ပြေးထွက်ဖို့ လုပ်တဲ့အချိန်မှာပဲ... ဘေးက ခရီးသည်က ရုတ်တရက် ငြိမ်ကျသွားတယ်။

သူက ကျွန်တော့်ဘက်ကို ဖြည်းဖြည်းချင်း လှည့်လာတယ်။ အဲဒီအချိန်မှာ... ကားထဲက မီးရောင်မှိန်မှိန်အောက်မှာ မြင်လိုက်ရတာက... သူ့ရဲ့ လည်ပင်းပေါ်မှာ ခေါင်း ရှိမနေတော့ဘူးဗျာ! စောစောကအထိ ခေါင်းပေါင်းကြီးနဲ့ မြင်နေရတဲ့ ခေါင်းက အလိုလို ပျောက်ကွယ်သွားပြီး လည်ပင်းပြတ်ကြီးပဲ ကျန်တော့တာ။

ကျွန်တော် အော်ဟစ်ပြီး ကားပေါ်ကနေ လမ်းမပေါ် ပြေးဆင်းခဲ့တော့တယ်။ အဝေးကနေ ကုန်တင်ကားကြီးတစ်စီး မောင်းလာတာတွေ့လို့
လမ်းလယ်ခေါင်ကနေ အသက်လုပြီး တားခဲ့ရတယ်။ ကားသမားတွေ ဆင်းလာပြီး ကျွန်တော့်ကားကို သွားစစ်ပေးတဲ့အချိန်မှာတော့... ဘေးခုံမှာ ဘယ်သူမှ မရှိတော့ဘူး။

နောက်မှသိရတာက လွန်ခဲ့တဲ့ တစ်လက အဲဒီလမ်းပေါ်မှာ ကားအက်ဆီးဒင့်ဖြစ်ပြီး ခေါင်းပြတ် ‌ေxဆုံးသွားတဲ့ သူတစ်ယောက် အမြဲ ခြောက်လှန့်နေကြောင်းသိရတယ်။ ခုအချိန်ထိ ညဘက် ကားမောင်းဖို့ကို မဝံ့မရဲဖြစ်နေတုန်းပါပဲ။

မိတ်တွေတို့ အမှန်တကယ်ကြုံတွေ့ ခဲ့တဲ့အဖြစ်အပျက်တွေကို မျှဝေပေးချင်တယ်ဆိုရင် cb မှာဖြစ်စေ၊ ကွန်းမန့်မှာဖြစ်စေ မျှဝေပေးခဲ့နိုင်ပါတယ်ခင်ဗျာ။ #လမ်းဟောင်းပေါ်ကလမ်းကြုံခရီးသည်

19/05/2026

တောလိုက်မုဆိုးနဲ့ ကြတ်ရွာ... 🏕️💀

ရှေးလူကြီးတွေ ပြောပြောနေတတ်တဲ့ တောနက်ထဲက "ကြတ်ရွာ" ဆိုတာကို ကြားဖူးကြမှာပါ။ တောလိုက်ရင်း မတော်တဆ ရောက်သွားတတ်ပြီး၊ နောက်တစ်ခါ ပြန်ရှာရင် ဘယ်တော့မှ ပြန်ရှာမတွေ့တော့တဲ့ လျှို့ဝှက်ဆန်းပြားတဲ့ နေရာမျိုး။

မိတ်ဆွေရော ဒီလိုထူးဆန်းတဲ့ အရာတွေကြုံ ဖူးလား။ မျှဝေခဲ့လို့ရပါတယ်။

11/05/2026

သူလျှို လား? ဒါမှမဟုတ် အစီအစဉ်ရှိရှိ xတ်ဖြတ်ခံရတာလား? သေမင်းတောင်ကြားက ဖြစ်ရပ်မှန်ပဟေဠိ (Isdal Woman Case)

ဆယ်စုနှစ် ၅ ခုကျော်ကြာတဲ့အထိ အခုထိ ဘယ်သူမှ တိတိကျကျ မသိရသေးတဲ့ ပဟေဠိတစ်ခု...

09/05/2026

တိုးတိုးနေ... သူသိသွားလိမ့်မယ်! 🤫 ဈေးပေါပေါနဲ့ငှားလို့ ရတဲ့ အိမ်ဟောင်းကြီးထဲမှာ ကျွန်တော်တစ်ယောက်တည်း မဟုတ်ဘူး...

07/05/2026

အဖွားကတော့ မသိဘဲစောင့်နေခဲ့တယ် 😭

07/05/2026

ဒီရာသီဥတုနဲ့တော့ သရဲတောင်အဆင်မပြေ ​🥵

ည ၁၁ နာရီခွဲ။ မြို့ပြင်လမ်းမဟောင်းက မှောင်ရိပ်ကျနေပြီး လမ်းဘေးက သစ်ပင်ကြီးတွေက လေတိုးသံကြောင့် တရှဲရှဲနဲ့ မြည်နေတယ်။ အော...
06/05/2026

ည ၁၁ နာရီခွဲ။ မြို့ပြင်လမ်းမဟောင်းက မှောင်ရိပ်ကျနေပြီး လမ်းဘေးက သစ်ပင်ကြီးတွေက လေတိုးသံကြောင့် တရှဲရှဲနဲ့ မြည်နေတယ်။ အောင်ကို တစ်ယောက်တည်း ဆိုင်ကယ်ကို အရှိန်ပြင်းပြင်း မောင်းနေပေမဲ့ စိတ်ထဲမှာ တစ်မျိုးကြီး လေးလံနေသလိုပဲ။

သူ့ပခုံးပေါ်မှာ တစ်စုံတစ်ခုက ဖိထားသလို လေးလံနေတာ တစ်လမ်းလုံးပဲ။ "ဒီနေ့ အလုပ်ထဲမှာ ပင်ပန်းလို့ ဖြစ်မှာပါ" လို့ သူကိုယ်သူ ဖြေသိမ့်နေပေမဲ့ ဆိုင်ကယ် နောက်ကြည့်မှန်ထဲကို ကြည့်လိုက်တိုင်း သူ့ရဲ့ အနောက်ဘက် ခုံလွတ်ပေါ်မှာ မှောင်မည်းမည်း အရိပ်တစ်ခု ကပ်ပါလာသလို ခံစားနေရတယ်။

ရုတ်တရက် လမ်းဘေးက မီးတိုင်တစ်ခုအောက် အရောက်မှာတော့ အောင်ကို ကျောစိမ့်သွားတယ်။ နောက်ကြည့်မှန်ထဲမှာ မြင်လိုက်ရတာက သူ့ပခုံးပေါ်ကို တင်ထားတဲ့ ဖြူဖျော့ဖျော့ လက်ချောင်းရှည်ကြီးတွေ။ အဲဒီလက်တွေက လက်သည်းအမည်းရောင်တွေနဲ့ဖြစ်ပြီး အရေပြားတွေက ပုပ်အက်နေသလိုပဲ။

သူ ကြောက်ကြောက်လန့်လန့်နဲ့ ဆိုင်ကယ်ကို ရပ်လိုက်ချင်ပေမဲ့ ခြေထောက်တွေက တုန်ယင်နေပြီး ဘရိတ်ကို မနင်းမိဘူး။ အဲဒီအချိန်မှာပဲ သူ့နားနားကနေ အေးစက်စက် အသက်ရှူသံတစ်ခုနဲ့အတူ တိုးတိုးလေး ကပ်ပြောသံ ထွက်လာတယ်...

"မြန်မြန်မောင်းပါ... ငါ အိမ်ပြန်ချင်လှပြီ..."

အောင်ကိုဟာ ကြောက်အားလန့်အားနဲ့ "ငါ အမြန်ဆုံး အိမ်ပြန်ရောက်မှ ဖြစ်မယ်" ဆိုတဲ့ စိတ်တစ်ခုတည်းနဲ့ ရှေ့မှာမြင်ရတဲ့ လမ်းကြားတစ်ခုထဲကို အတင်းကွေ့ဝင်လိုက်ပါတယ်။ သူ့စိတ်ထဲမှာတော့ ဒါဟာ သူ့ရပ်ကွက်ထဲက လမ်းလို့ပဲ ထင်နေတာပါ။

ခဏအကြာမှာတော့ ရှေ့မှာ မီးရောင်တလင်းလင်းနဲ့ လူတချို့ သွားလာနေတဲ့ အိမ်တစ်အိမ်ကို မြင်လိုက်ရတယ်။ "တော်သေးတာပေါ့... လူတွေရှိတဲ့ဆီ ရောက်ပြီ" လို့ ဝမ်းသာအားရတွေးပြီး အဲဒီအိမ်ရှေ့မှာ ဆိုင်ကယ်ကို ဝုန်းခနဲ ရပ်လိုက်ပါတယ်။ အနောက်က အအေးဓာတ်ကလည်း ရုတ်တရက် ပျောက်ကွယ်သွားသလို ခံစားလိုက်ရတယ်။

သူ ဆိုင်ကယ်ပေါ်က ဆင်းပြီး အိမ်ထဲကို အပြေးအလွှား ဝင်သွားတဲ့အချိန်မှာပဲ အိမ်ရှေ့မှာ ထောင်ထားတဲ့ ဆိုင်းဘုတ်တစ်ခုကို တွေ့လိုက်ရလို့ ခြေလှမ်းတွေ တုန့်ခနဲ ရပ်သွားပါတယ်။ အဲဒါက... "နာရေး" ဆိုတဲ့ ဆိုင်းဘုတ်ကြီးပါ။

အိမ်ထဲမှာ လူတွေက ငြိမ်သက်နေကြပြီး အားလုံးက အောင်ကို့ကို ထူးထူးဆန်းဆန်း လှည့်ကြည့်နေကြတယ်။ အောင်ကိုလည်း ကြောင်တောင်တောင်နဲ့ အိမ်အလယ်က အခေါင်းရှိရာဘက်ကို ကြည့်လိုက်မိတယ်။ အခေါင်းရှေ့မှာ ချိတ်ထားတဲ့ ဓာတ်ပုံကို မြင်လိုက်ရတဲ့အချိန်မှာတော့ အောင်ကို့တစ်ကိုယ်လုံး သွေးသားတွေ ခဲသွားသလို တုန်ရင်သွားပါတော့တယ်။

အဲဒီဓာတ်ပုံထဲက လူဟာ... ခုနက သူ့ဆိုင်ကယ်အနောက်ကနေ အိမ်ပြန်ချင်တယ်လို့ ကပ်ပြောခဲ့တဲ့၊ ပုပ်အက်နေတဲ့ လက်ချောင်းပိုင်ရှင် အမျိုးသားကြီးရဲ့ ရုပ်ပုံဖြစ်နေလို့ပါပဲ။

အဲဒီအချိန်မှာပဲ အနောက်ကနေ လူတစ်ယောက်က အောင်ကို့ပခုံးကို လာပုတ်ပြီး တိုးတိုးလေး ပြောလိုက်တယ်...

"ညီလေး... ကျေးဇူးတင်ပါတယ်ကွာ။ အခုမှပဲ အိမ်ပြန်ရောက်တော့တယ်" တဲ့။

အမှန်ကတော့ အဲဒီ ဦးလေးက ခုနတင် ဆိုင်ကယ်မှေxက်ပြီး ဆုံးသွားတာ။ သူ့ခန္ဓာကိုယ်ကိုပဲ လူနာတင်ကားနဲ့ သယ်လာပြီး၊ ဝိညာဉ်က လမ်းမှာ ကျန်ရစ်နေခဲ့တာ။ အောင်ကိုဟာ သူ့အိမ်ကို ပြန်တာမဟုတ်ဘဲ ကွယ်လွန်သူရဲ့ ဝိညာဉ်ကို နာရေးအိမ်အထိ မသိဘဲ လိုက်ပို့ပေးမိခဲ့တာ ဖြစ်ပါတော့တယ်။

05/05/2026

မအိပ်ကြသေးဘူးလား

Address


Alerts

Be the first to know and let us send you an email when Midnight Whispers: Horror from Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Want your business to be the top-listed Media Company?

Share