KPG Update News

  • Home
  • KPG Update News

KPG Update News Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from KPG Update News, Media/News Company, .
(1)

20/08/2025

🚨

12/08/2025

ကျောက်ပန်းတောင်းမြို့နယ် ဘုရားကြီးကုန်း ကျောင်းစု နယ်တကြောကို PDF နယ်မြေဟာဆိုကာ စစ်တပ်က စစ်ကြောင်းထိုးလာသဖြင့် အနီးအနားရှိရွာသူရွာသားများ စစ်ရှောင်ကာ လွတ်ရာထွက်ပြေးနေရကြောင်းသတင်းရရှိထားသည်။
စစ်ကြောင်းထိုးနေသည်မှာ ရက်အနည်းငယ်မျှကြာပြီးဖြစ်သော်လည်း ယမန်နေ့ညက ပိုမိုဆိုးရွားလာခြင်းဖြစ်ကြောင်း၊
ရွာထဲမှာ သက်ကြီးရွယ်အိုများနှင့် တိရိစ္ဆာန်များသာ ကျန်ခဲ့ကြောင်း၊
စစ်တပ်ရဲ့ထုံးစံအတိုင်း အိမ်တွေထဲဝင်မွှေကြောင်းနှင့် တိရိစ္ဆာန်များကို သတ်ဖြတ်နေကြကြောင်း ထပ်လောင်းသိရှိရသည်။

19.7.2025 တွင်ကျရောက်သော (၇၈)နှစ်မြောက် အာဇာနည်နေ့အားဂုဏ်ပြုအပ်ပါသည်။ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်များအားနှင့်သူရဲက...
19/07/2025

19.7.2025 တွင်ကျရောက်သော
(၇၈)နှစ်မြောက် အာဇာနည်နေ့အားဂုဏ်ပြုအပ်ပါသည်။
ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်များအားနှင့်
သူရဲကောင်းများအား KPG Update News မှလေးစားစွာဂါရဝပြုအပ်ပါသည်။

14/06/2025

12.6.2025 ရက်နေ့
လွန်ခဲ့သော ၂ ရက်ခန့်က ချောက်မြို့နယ် စမ်းစုရွာသစ်မှာ ပုပ္ပါးဘက်မှ စခများ နယ်ကျော်၍ အဖမ်းအဆီးလုပ်သွားကြောင်းသတင်းရရှိ။

ဖြစ်စဉ်ကတော့ “ ပိုက်ဆံသိန်း၉၀လိုလို့ ၃ ယောက်ဖမ်းမှာဆိုပီး လာဖမ်းတာပါ ဖမ်းပြီးနောက် လူတစ်ယောက်ကိုသိန်း ၃၀ ကျပ်ဖြင့် လာရွေးခိုင်းကြောင်း၊ ဂွေးပင်ရဲစခန်းကို သွားထုတ်ခိုင်းတာလည်း သူတို့က ပုပ္ပါးဘက်ကတပ်ကလို့ပြောတယ် ပိုက်ဆံပေးရင်တော့ရတယ်လို့”ပြောကြားခဲ့ကြောင်း သတင်းရရှိထားပါတယ်

အဖမ်းခံရသူများအနက် တစ်ယောက်ကိုတော့ သိန်း ၃၀ နဲ့ပြန်ရွေးခဲ့ကြောင်း သိရှိရ။

13/06/2025

KPG မြို့ပေါ်နှင့်ရွာဘက်ရှိ ပြည်သူများအနေနှင့် သတိထားကြပါ။

ယနေ့ သတင်းရရှိချိန် 4:30 PM တွင် ကျောက်ပန်းတောင်း အိုင်ယားတောင်ရွာဘက် စခများဖောကားတစီး၊ ဒွါဘယ်ကပ်တစ်စီးဖြင့် ရွာသားများကို လိုက်ဖမ်းနေကြောင်း၊
ဝန်မင်းကန်ကျေးရွာနဲ့ အိုင်ယားတောင်ကျေးရွာတွေမှာ ဖောကားတွေနဲ့ ဆိုင်ကယ်တွေလာဖမ်းနေကြောင်း သတင်းရရှိပါတယ်။
စခတွေ ဒုက္ခပေးနေတာလည်း ကြာလှပါပြီ။ အဲတာတောင် သတိနဲ့မနေရင်တော့ မတက်နိုင်ဘူးဗျာ။

သတင်းက မတင်ဖြစ်တာပါခင်ဗျာ။ KPG မြို့ပေါ်မှာလည်း အနည်းနဲ့အများ စစ်မှုထမ်းတဲ့ထဲရောက်ကုန်ကြပါပြီ။ တစ်ချို့ဆို ရှေ့တန်းမှာ တိုက်ရတဲ့အနေအထားထိကို ရှိပါတယ်။ ဂရုစိုက်ကြပါဗျာ

31/05/2025

ကပတ ရဲစခန်းထဲ အုတ်တွေသဲတွေသံတွေ သယ်နေတာ ဘာလို့လဲဗျာ 😁

29/05/2025

29.5.2025
2:00 Pm

လက်ပံပြားကိုဖြတ်၍ကျောက်ပန်းတောင်းဘက်သို့ စခကားအစီး ၂၀ ဦးတည်မောင်းလာကြောင်း သတင်းရရှိ ။

3:16 Pm

စခကား ၁၆ စီး ကပတကိုဖြတ်၍ ညောင်ဦးဘက်သို့ မောင်းသွားကြောင်း

19.3.2025 (2 cases)‼️‼️9:00 AM ကျောက်ပန်းတောင်းမြို့ အရှေ့ဘက် ကပတ-မိတ္ထီလာလမ်း တောင်နီတောင်အနီးတွင် ဆိုင်ကယ်တစ်စီး အရှိန...
19/03/2025

19.3.2025 (2 cases)‼️‼️

9:00 AM

ကျောက်ပန်းတောင်းမြို့ အရှေ့ဘက် ကပတ-မိတ္ထီလာလမ်း တောင်နီတောင်အနီးတွင် ဆိုင်ကယ်တစ်စီး အရှိန်လွန် တိမ်းမှောက်ခဲ့ပြီး ဆိုင်ကယ်တစ်ခြား လူတစ်ခြားဖြင့် မလှုပ်မယှက် အနေအထားဖြင့် တွေ့ရှိရသည်ကိုသတင်းရရှိ။ ဆိုင်ကယ်မတော်တဆဖြစ်သူ၏ မိဘဆွေမျိုးများသိရှိစေရန်။

10:15 Am

ကျောက်ပန်းတောင်းမြို့ အထက-၂ အနီး ဆေးရုံကုန်းနားတွင် ဆိုင်ကယ်မောင်းလာသောအမျိုးသမီးကို နောက်ကနေဆိုင်ကယ်ဖြင့် ဖြတ်တိုက်ပြီး ဖုန်းတစ်လုံး ( Samsung Galaxy A 10s) နှင့် ပိုက်ဆံအိတ် ( ၄ သိန်းခန့်ပါဝင်) ကို လုပြေးသွားကြောင်းသတင်းရရှိ။ လူကြီးမိဘများလည်း တစ်ယောက်တည်းအပြင်ထွက်ရင် သတိလေးနှင့်ထွက်ကြပါခင်ဗျာ

Crd- photos and news



10/03/2025

10.3.2025

ကျောက်ပန်းတောင်းမြို့နယ် မိထ္ထီလာဘက်အထွက် မြိုင်သာယာကျေးရွာကို စခများမှ စစ်ကြောင်းထိုးနေကြောင်းသတင်းရရှိ။
ထို့ပြင် ထွေအုပ် သန်းဇော် အသတ်ခံရမှူ၏ နောက်ဆက်တွဲ သတင်း - စစ်ခွေး ၃၀ ခန့် ပုပ္ပါး အရှေ့ဘက် လွန်အိုင် ဘိုတဲ ရွာဘက်သို့ ရောက်ရှိနေ။ ခန့်မှန်း ၃၀ လောက်ရှိပြီး လမ်းတလျောက်ကင်းပုန်းဝပ်ထားနိုင်ခြေရှိ။

10/03/2025

9.3.2025

ယမန့်နေ့ညက ကျောက်ပန်းတောင်း ထွေအုပ်က သန်းဇော်ကို ရှင်းလိုက်ကြောင်း သတင်းရရှိပါတယ်။ စကစလက်အောက်တွင် ချမ်းသာလာပြီး အိမ်ဝိုင်းတွေ ကားတွေဝယ်ထားသေးကြောင်း ထပ်လောင်းသိရှိရ

07/03/2025

6.3.2025 { 5:30 Pm }

ယမန်နေ့ ကျောက်ပန်းတောင်းမြို့နယ် လွတ်လပ်ရေးရက်ကွက် နယ်မြေ ၁၃ အနီးတွင် ညနေ 5:30 ခန့်က လူငယ် ၇ ယောက်ကို စခများမှ စစ်မှုထမ်းအတွက်ဖမ်းခေါ်သွားကြောင်းသိရသည်။ ဖမ်းခံရသူများကို ဆက်လက်စုံစမ်းနေ။ နာမည်များသိရှိရရင် ထပ်မံတင်ပေးသွားပါ့မယ်

14/02/2025

❗️❗️
14.2.2025
ကျောက်ပန်းတောင်းမြို့ အ.ထ.က. (၂) ထဲတွင် စခ ၇၀ ခန့် စခန်းချနေကြောင်းသတင်းရရှိသည်။ ၅ ရက်ခန့် စခန်းချမည်ဟုတ်ထပ်မံသိရှိရ။ အဖမ်းအဆီးများရှိလာနိုင်ခြင်းကြောင့် သတိထားကြပါခင်ဗျာ။

Address


Website

Alerts

Be the first to know and let us send you an email when KPG Update News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to KPG Update News:

  • Want your business to be the top-listed Media Company?

Share