SouthernPost

SouthernPost News

သရက်ချောင်းမှာ စစ်ကောင်စီတပ်ဖွဲ့တွေ ထပ်မံစစ်ကြောင်းထိုးလာမယ့် သတင်းကြောင့် အရပ်သားထောင်နဲ့ချီ ဘေးလွတ်ရာကို ထွက်ပြေးတိမ်း...
24/06/2023

သရက်ချောင်းမှာ စစ်ကောင်စီတပ်ဖွဲ့တွေ ထပ်မံစစ်ကြောင်းထိုးလာမယ့် သတင်းကြောင့် အရပ်သားထောင်နဲ့ချီ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြစဉ်။

ဓာတ်ပုံ - CJ

သံဖြူဇရပ်မှာ ရိုဟင်ဂျာလူမျိုး ၄၀ ဦးဖမ်းဆီးခံရသံဖြူဇရပ်၊ ဖေဖော်ဝါရီလ ၁၉မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ဝဲကလိကျေးရွာအနီး ...
19/02/2023

သံဖြူဇရပ်မှာ ရိုဟင်ဂျာလူမျိုး ၄၀ ဦးဖမ်းဆီးခံရ

သံဖြူဇရပ်၊ ဖေဖော်ဝါရီလ ၁၉

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ဝဲကလိကျေးရွာအနီး ကွင်းအမှတ် (၉၀၂)မှာ ပုန်းအောင်းနေတဲ့ ရိုဟင်ဂျာလူမျိုး ၄၀ ဦးဖမ်းဆီးခံလိုက်ရတယ်လို့ သိရပါတယ်။

​ေဖဖော်ဝါရီလ ၁၉ ရက်နေ့
မနက် ၁၁ နာရီကျော်ခန့်မှာ ဝဲကလိကျေးရွာကို လှေနဲ့ရောက်လာပြီး ပုန်းအောင်းနေတဲ့ ရိုဟင်ဂျာတွေကို စစ်ကောင်စီအဖွဲ့က လာရောက်ဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။

"သူတို့က လှေနဲ့လာပြီး မော်လမြိုင်ကနေတဆင့် မလေးရှားသွားမယ့်သူတွေဖြစ်နိုင်တယ်။ စကစ အဖွဲ့တွေ လာဖမ်းသွားမှာ သူတို့တွေရောက်နေတာကို သိရတယ်။ ဘယ်နေ့ကတည်းက ရောက်ပြီး ပုန်းနေလဲ မသိရဘူး"လို် ဒေသခံတစ်ဦးက Southern Post ကိုပြောပါတယ်။

ဖမ်းဆီးခံရသူတွေထဲမှာ ကျား ၂၅ဦး၊ မ ၁၂ ဦး၊ ကလေး ၃ ဦး စုစုပေါင်း ၄၀ ဦး ပါဝင်တယ်လို့ သိရပါတယ်။

ဖမ်းဆီးခံရသူတွေကိုတော့ စစ်ကောင်စီအဖွဲ့တွေက သံဖြူဇရပ်မြိုဘက်ကို ဖမ်းခေါ်သွားတယ်လို့ဆိုပါတယ်။

အပစ်ရပ်ထိုးထားတဲ့ DKBA အမှတ် ၂ စစ်ကွပ်ကဲရေးနည်းဗျူဟာမှူး၊ ဗိုလ်မှူးကြီးစောအေဝမ်းရဲ့ နေအိမ်ကို စစ်ကောင်စီက တိုက်လေယာဉ်နဲ့...
21/01/2023

အပစ်ရပ်ထိုးထားတဲ့ DKBA အမှတ် ၂ စစ်ကွပ်ကဲရေးနည်းဗျူဟာမှူး၊ ဗိုလ်မှူးကြီးစောအေဝမ်းရဲ့ နေအိမ်ကို စစ်ကောင်စီက တိုက်လေယာဉ်နဲ့ ဗုံးကြဲ

မော်လမြိုင်၊ ဇန်နဝါရီ၊ (၂၁)

ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့၊ ပြောင်မထိန်ကျေးရွာအုပ်စု၊ ကြိမ်ချောင်းကျေးရွာရှိ DKBA (ဒေါနအနောက်ခြမ်း)၊ အမှတ် ၂ စစ်ကွပ်ကဲရေးနည်းဗျူဟာမှူး၊ ဗိုလ်မှူးကြီးစောအေဝမ်းရဲ့ နေအိမ်ကို ဇန်နဝါရီ ၂၁ ရက်၊ မနက်(၁)နာရီခန့်မှာ စစ်ကောင်စီက ဂျက်ဖိုက်တာ တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှု မဖြစ်ပွားခင် မိနစ်ပိုင်းအလိုမှာ ဗိုလ်မှူးကြီးစောအေဝမ်းနဲ့ မိသားစုဝင်တွေ၊ နေအိမ်ခြံဝင်းမှာနေထိုင်သူတွေက ကြိုတင်ထွက်ပြေးခဲ့တာကြောင့် လူအထိအခိုက်မရှိဘူးလို့ သိရပါတယ်။

ဒါပေမယ့် ဗိုလ်မှူးကြီးစောအေဝမ်းနေအိမ်နဲ့ ဘုရားကျောင်းဆောင်အပါအဝင်၊ အနီးဝန်းကျင်ရှိ အဆောက်အအုံတွေနဲ့ အလုပ်သမားတန်းလျားတွေ ဗုံးထိမှန် ပျက်စီးခဲ့တဲ့အပြင်လေယာဉ်ပေါ်က ပွိုင့်ဖိုက်စက်လက်နဲ့ပါ ပစ်ခတ်ထားတာ ကြောင့် နေအိမ်တခုလုံးပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) ဟာ NCA ငြိမ်းချမ်းရေးစာချုပ်မှာ လက်မှတ်ရေးထိုးထားခဲ့တဲ့အဖွဲ့တစ်ခုဖြစ်ပြီး စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့ မကြခဏသွားရောက်တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်နေတာလည်း ဖြစ်ပါတယ်။

သတင်း - Southern Post
ဓါတ်ပုံ - Crd

17/12/2022

ရေးက ရော်ဘာမှိုင်းရုံမီးလောင်နေ

ရေး၊ ဒီဇင်ဘာလ ၁၇

မွန်ပြည်နယ်၊ ရေးမြို့၊ အဏ္ဏဝါရပ်ကွက် အရှေ့ပိုင်းရှိ ဒေါ်ခင်မေ ရော်ဘာမှိုင်းရုံကနေစတင်ပြီး ဒီဇင်ဘာလ ၁၇ ရက်နေ့ ည ၇ နာရီကျော်မှာ မီးလောင်မှုဖြစ်ပွားနေတယ်လို့ သိရပါတယ်။

မီးလောင်းမှုနဲ့ပတ်သက်ပြီး ဆုံးရှုံးမှုအ​ခြေနေကို မသိရသေးဘဲ မီးသတ်တပ်ဖွဲ့က ငြိမ်းသတ်နေတယ်လို့ သိရပါတယ်။

ရန်ကုန်-မော်လမြိုင်ရထားလမ်းပိုင်းမှာ ကုန်တင်ရထားတွဲ မိုင်းခွဲခံရသထံု၊ ဒီဇင်ဘာ ၁၄ရန်ကုန်-မော်လမြိုင်ရထားလမ်းပိုင်း၊ သထုံမ...
14/12/2022

ရန်ကုန်-မော်လမြိုင်ရထားလမ်းပိုင်းမှာ ကုန်တင်ရထားတွဲ မိုင်းခွဲခံရ

သထံု၊ ဒီဇင်ဘာ ၁၄

ရန်ကုန်-မော်လမြိုင်ရထားလမ်းပိုင်း၊ သထုံမြို့နယ် သိမ်ဆိပ်နဲ့ဒုံးဝန်းဘူတာကြားမှာ ဒီဇင်ဘာ ၁၃ ရက် ညပိုင်းက ကုန်တင်ရထားတစ်စင်း မိုင်းခွဲခံလိုက်ရတယ်လို့ သိရပါတယ်။

အဲဒီည ၇ နာရီ ခွဲခန့်မှာ မော်လမြိုင်ဘက်ခြမ်းကနေ ရန်ကုန်ဘက်ကို ထွက်ခွာလာတဲ့ ကုန်တင်ရထားတွဲကို လက်နက်ကိုင်အဖွဲ့တစ်ခုက မိုင်းထောင်ဖောက်ခွဲခဲ့တယ်လို့ဆိုပါတယ်။

မိုင်းခွဲခံရလို့ ရထားတွဲ ၃ တွဲပျက်စီးခဲ့ပြီး တွဲပေါ်ပါ ကုန်ပစ္စည်းတွေပါ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

"လမ်းခင်းကျောက်တွေနဲ့ မျက်နှာကျက်တွေ တင်လာတဲ့ ရထားတွဲလို့ သိရတယ်။ မိုင်းထိလို့ ရထားတွဲတွေလဲ ရထားလမ်းဘေးကျ တွဲပေါ်ပါ မျက်နှာကျက်တွေလဲ ပျက်စီးတယ္"လို့ ေဒသခံတစ်ဦးက Southern Post ကိုပြောပါတယ်။

ကုန်တွဲရထား မိုင်းခွဲခံရလို့ မော်လမြိုင်မြို့ရှိ မော်လမြိုင်ဘူတာမှ ည ၈ နာရီတွင် ထွက်ခွာမည့် အမှတ် ၈၂ အစုန် မော်လမြိုင်- ရန်ကုန် လေအိတ်အမြန်ရထားမှာ ထွက်ခွာနိုင်ခြင်း မရှိခဲ့ဘူးလို့ဆိုပါတယ်။

ရန်ကုန်-မော်လမြိုင် ရထားမှာ နေ့စဉ် မနက်တစ်ကြိမ်၊ ညတစ်ကြိမ် အစုန်၊အဆန် ပြေးဆွဲလေ့ရှိကြောင်း သိရပါတယ်။

ရန်ကုန်မှ မော်လမြိုင်မြို့ကို ကားလမ်းနဲ့ သွားပါက ပဲခူးတိုင်းအတွင်းရှိ နာမည်ကျော် ညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ ယာဉ်များ အစစ်ဆေးခံရန် နာရီနဲ့ ချီကာ စောင့်ဆိုင်းရမှုကြောင့် ခရီးသည်
တေွအနေနဲ့ရထားလမ်းပိုင်းကို ပိုမိုအားကိုးကာ သွားလာရတယ်လို့ သိရပါတယ်။

ဒီဇင်ဘာလ ၁၄ ရက်နေ့ထိ
ရထားလမ်းပိုင်းကို ပြန်လည်ပြုပြင်နိုင်ဖို့ ရထားခရီးစဥ်အားလုံးကို ရပ်နားထားရတယ်လို့ သိရပါတယ်။

မော်လမြိုင် မြေနီကုန်းက နေအိမ် မီးလောင်လို့ အိမ် ၂ လုံးပျက်စီးမော်လမြိုင်၊ ဒီဇင်ဘာလ ၁၄မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မြေ...
14/12/2022

မော်လမြိုင် မြေနီကုန်းက နေအိမ် မီးလောင်လို့ အိမ် ၂ လုံးပျက်စီး

မော်လမြိုင်၊ ဒီဇင်ဘာလ ၁၄

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မြေနီကုန်းပိုင်း ဇေယျာမြိုင်၀င်တဲ့ဘက်ခြမ်း အပေါ်စု ရထားလမ်းဘေးက နေအိမ် ဒီဇင်ဘာလ ၁၄ ရက်နေ့ နေ့လည်ပိုင်းက မီးလောင်လို့ နေအိမ် ၂ လုံးဆုံးရှုံးသွားတယ်လို့ သိရပါတယ်။

နေ့လည် ၁ နာရီ ၁၅ မိနစ်ခန့်မှာ ရထားလမ်းဘေးနေအိမ်တစ်လုံးကနေ မီးစတင်လောင်ကျွမ်းခဲ့တာပြီး လက်ရှိအချိန်ထိ နေအိမ် ၂ လုံးမီးလောင်ပျက်စီးသွားပြီး မီးထိန်းထားနိုင်ပြီဖြစ်တယ်လို့ ဆိုပါတယ်။

မီးလောင်ကျွမ်းမှုဟာ ဘယ်ကနေ စတင်လောင်တယ်ဆိုတာမသိရသေးဘဲ မီးသတ်နဲ့ပြည်သူတွေ ဝိုင်းဝန်း​ငြိမ်းသတ်နေတုန်းဖြစ်တယ်လို့ သိရပါတယ်။

ဘီးလင်း တိုးဂိတ်ဟောင်းအနီး စစ်ကားမိုင်းဆွဲခံရဘီးလင်း၊ ဒီဇင်ဘာလ ၁၃မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်း တိုးဂိတ်ဟောင်းမှာ ပေ...
13/12/2022

ဘီးလင်း တိုးဂိတ်ဟောင်းအနီး စစ်ကားမိုင်းဆွဲခံရ

ဘီးလင်း၊ ဒီဇင်ဘာလ ၁၃

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်း တိုးဂိတ်ဟောင်းမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး စစ်ကားတစ်စီးလည်း မိုင်းထိခဲ့ကြောင်း သိရပါတယ်။

ဒီဇင်ဘာလ ၁၂ ရက်နေ့ ည ၇
နာရီခွဲကျော်က ဘီးလင်းကနေ သထုံဘက်အထွက် တိုးဂိတ်အဟောင်းမှာ ပေါက်ကွဲမှုတစ်ကြိမ် ဖြစ်ပွားခဲ့ကာ ပေါက်ကွဲမှုအပြီး ဂိတ်စောင့်စစ်သားတွေက ပြန်လည်ပစ်ခတ်မှုရှိခဲ့တယ်လို့ ဆိုပါတယ်။

"ညက ဒေါက်ရပ်နဲ့ တိုးဂိတ်ကြားမှာ စကစ ကာစတန်းမိုင်းဆွဲခဲ့ရတယ်။ ကားတော့မိုင်းထိပြီး လူထိခိုက်တာတော့မသိရဘူး။ အဲနေရာက မကြာခဏ စစ်ကားတွေ မိုင်းဆွဲခံရတယ်"လို့ ဒေသခံတစ်ဦးက Southern Post ကိုပြောပါတယ်။

ဒီဇင်ဘာလ ၁၂ ရက်နေ့၊ မနက် ၇ နာရီ မိနစ် ၅၀ လောက်ကလည်း ရန်ကုန်-မော်လမြိုင်လမ်းမကြီး၊ ဘီးလင်းမြို့မှာ ကျိုက်ထိုဘက်ကနေ ဘီးလင်းဘက်လာတဲ့ စစ်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရကာ စစ်ကားမထိဘဲ နောက်နေ လိုက်လာတဲ့ စည်ပင်အမှိုက်သယ်ကားထိပြီး ယာဥ်မောင်းဒဏ်ရာရသွားတာဖြစ်ပါတယ်။

စစ်ကောင်စီကားတန်းတွေနဲ့ဘီးလင်းတိုးဂိတ်ဟောင်းနားက စစ်ကောင်စီဂိတ်ဟာ မကြာခဏတိုက်ခိုက်ခံရလို့ စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးတာတွေရှိနေတာဖြစ်ပါတယ်။

ဓာတ်ပုံ၊ စစ်ကောင်စီကားတန်းပုံဟောင်း

ရေး-သံဖြူဇရပ်ကားလမ်းမှာ ဟိုက်ဂျက်နဲ့ကုန်တင်ကားတိုက် ၁ ဦးသေ၊ ၁၀ ဦးဒဏ်ရာရရေး၊ ဒီဇင်ဘာလ ၁၂မွန်ပြည်နယ်၊ ရေးမြို့နယ်၊ မော့က...
12/12/2022

ရေး-သံဖြူဇရပ်ကားလမ်းမှာ ဟိုက်ဂျက်နဲ့ကုန်တင်ကားတိုက် ၁ ဦးသေ၊ ၁၀ ဦးဒဏ်ရာရ

ရေး၊ ဒီဇင်ဘာလ ၁၂

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ မော့ကနင်းကျေးရွာ ရေး-သံဖြူဇရပ်ကားလမ်းမှာ ဒီဇင်ဘာလ ၁၂ ရက်နေ့ မနက်ပိုင်းက ဟိုက်ဂျက်နဲ့ကုန်တင်ကားတိုက်မိပြီး၁ ဦးသေ၊ ၁၀ ဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ယနေ့ မနက် ၆ နာရီခွဲခန့်မှာ သံဖြူဇရပ်ဘက်ကနေ ရေးဘက်ကို ဆင်းလာတဲ့ ဟိုက်ဂျက်ယာဥ်နဲ့ ေရးဘက်ကနေ သံဖြူဇရပ်ဘက်ကိုလာတဲ့ ကုန်တင်ကားတို့ တိုက်မိပြီး ဟိုက်ဂျက်ယာဥ်မှာ တိ်မ်းမှောက်သွားခဲ့တယ်လို့ သိရပါတယ်။

"သံဖြူဇရပ်ဘက်ကလာတဲ့ ဟိုက်ဂျက်ယာဥ်မှာက လူများတယ်။ ဟိုဘက်က ကားက ရာဘာသားတွေ တင်လာတဲ့ကားလို့ပြောတယ်။ တိုက်တာ။ လးသေဆုံးတာ။ ဒဏ်ရာရတဲ့သူတွေများတယ်"လို့ ဒေသခံတစ်ဦးက Southern Post ကိုပြောပါတယ်။

ယာဥ်တိုက်မှုကြောင့် ဟိုက်ဂျက်ယာဥ်ပေါ်ပါ ကျား ၂ ဦး၊ မ ၉ ဦးအနက် မ ၁ ဦးသေဆုံးသွားပြီး ကျန် ၁၀ ဦးမှာ ဒဏ်ရာတွေ ရရှိသွားတယ်လို့ဆိုပါတယ်။

ဒဏ်ရာရရှိသူတွေအနက် ဒဏ်ရာပြင်းထန်သူ ၇ ဦးကို မော်လမြိုင်ဆေးရုံကို ပို့ထားရပြီး ကျန်သူတွေကိုတော့ လမိုင်းဆေးရုံကို တင်ပို့ထားရတယ်လို့ သိရပါတယ်။

ကြံခိုင်ရေးပါတီအမာခံတဦး ပစ်သတ်ခံရလို့ သေဆုံးရေဖြူ၊ ဒီဇင်ဘာလ ၁၂တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ပုဂေါဇွန်းကျေးရွာမ...
12/12/2022

ကြံခိုင်ရေးပါတီအမာခံတဦး ပစ်သတ်ခံရလို့ သေဆုံး

ရေဖြူ၊ ဒီဇင်ဘာလ ၁၂

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ပုဂေါဇွန်းကျေးရွာမှာ ကြံခိုင်ရေးပါတီအမာခံတဦး ဒီဇင်ဘာလ ၁၂ ရက်နေ့ မနက်ပိုင်းကပစ်သတ်ခံရလို့ သေဆုံးသွားတယ်လို့ သိရပါတယ်။

ယနေ့ မနက် ၈ နာရီခန့်မှာ ပုဂေါဇွန်းရွာသား ဦးနေလင်းဦး(ခ)နွန်မှတ်ကိုအမျိုးသား ၄ ဦးက ​နေအိမ်ရှေ့မှာ
့သေနတ်နဲ့ဝိုင်းပစ်ခဲ့တယ်လို သိရပါတယ်။

"နေအိမ်ကနေ ခေါ်ချပြီး ပစ်သွားတာ။ သေနတ်သမားက ၄ ယောက် ဘယ်အဖွဲ့ကဆိုတာကတော့ မသိရဘူး။ သူက
အရင်ရွေးကောက်ပွဲကာလကတော့ ကြံခိုင်ရေးပါတီဝန်းရံအားပေးသူပေါ့။ "လို့ ဒေသခံတစ်ဦးက Southern Post ကိုပြောပါတယ်။

သေနတ်နဲ့ပစ်ခံရလို့ ဦးနေလင်းဦး(ခ)နွန်မှတ်ဟာ ဦးခေါင်းနဲ့ဗိုက်မှာ သေနတ်ဒဏ်ရာ ၃ ချက်ရရှိပြီးသေဆုံးသွားတယ်လို့ ဆိုပါတယ်။

အဲဒီပစ်ခတ်မှုကိုတော့ ဘယ်အဖွဲ့က ဘာကြောင့်လုပ်ဆောင်သွားတယ်ဆိုတာ မသိရသေးပါဘူး။

ရေဖြူမြိူ့နယ်ထဲမှာ စစ်ကောင်စီသတင်းပေး၊ ဒလန်၊ ပျူစောထီးနဲ့ စွန်ရဲအဖွဲ့ဆိုသူတွေဟာ မကြာခဏပစ်သတ်ခံနေရတာဖြစ်ပါတယ်။

လူကြီးကား ရိုက်နေကြတဲ့ တရုတ် ၃၀ ဦး ထိုင်းမှာ ဖမ်းခံရပတ္တယား၊ ဒီဇင်ဘာလ ၁၂ထိုင်းနိုင်ငံအရှေ့ပိုင်း ချွန်ဘူရီခရိုင်၊ ပတ္တယ...
12/12/2022

လူကြီးကား ရိုက်နေကြတဲ့ တရုတ် ၃၀ ဦး ထိုင်းမှာ ဖမ်းခံရ

ပတ္တယား၊ ဒီဇင်ဘာလ ၁၂

ထိုင်းနိုင်ငံအရှေ့ပိုင်း ချွန်ဘူရီခရိုင်၊ ပတ္တယားမြို့ရှိ ကွန်ဒိုတိုက်ခန်းတစ်ခုမှာ လူကြီးကားရိုက်ကူးနေတဲ့ တရုတ်လူမျိုး ၃၀ ဦးကို ပြီးခဲ့တဲ့ရက်က နယ်မြေရဲတပ်ဖွဲ့က စီးနင်းဖမ်းဆီးခဲ့တယ်လို့ နယ်မြေခံသတင်းပေ့ချ်တစ်ခုက ဖော်ပြထားတယ်လို့ သိရပါတယ်။

အဲဒီတရုတ်လူမျိုးတွေဟာ ၂၄ နာရီပတ်လုံး လူကြီးဇာတ်ကားရိုက်နေလို့ ပတ်ဝန်းကျင်က တိုက်ကြားတာကြောင့် ရဲတပ်ဖွဲ့က ဖမ်းဆီးတာဖြစ်တယ်လို့ ဆိုပါတယ်။

ဇာတ်ကားရိုက်ကူးနေချိန်မှာ ဂရု(ပ်) မှတဆင့် တိုက်ရိုက်ထုတ်လွှင့်ပေးနေပြီး ကြည့်ရှုသူတွေက ဝင်ကြေးပေးဆောင်ပြီးမှ ကြည့်ရှု့လို့ ရတယ်လို့လည်း သျရပါတယ်။

ကားနဲ့ဝင်တိုက်မိလို့ ဆိုင်ကယ်စီးလာတဲ့ မိသားစုဝင် ၃ ဦးသေဆုံး မြိတ်၊ ဒီဇင်ဘာလ ၁၁တနင်္သာရီတိုင်းဒေသကြီး၊  မြိတ်မြို့၊ ရွှေ...
11/12/2022

ကားနဲ့ဝင်တိုက်မိလို့ ဆိုင်ကယ်စီးလာတဲ့ မိသားစုဝင် ၃ ဦးသေဆုံး

မြိတ်၊ ဒီဇင်ဘာလ ၁၁

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ ရွှေဘေးလမ်းမကြီး ရတနာဂုဏ်ရည်ကျောင်းရှေ့မှာ ဒီဇင်ဘာ ၁၀ ရက်နေ့ ည က ကားနဲ့ဆိုင်ကယ်ကို ဝင်တိုက်မိခဲ့လို့ ဆိုင်ကယ်စီးလာတဲ့ မိသားစုဝင် ၃ ဦးလုံး သေဆုံးသွားတယ်လို့ သိရပါတယ်။

အဆိုပါည ၇ နာရီခန့်မှာ အိမ်စီးကားတစ်စီးဟာ ရွှေဘေးလမ်းမကြီးအတိုင်းမောင်းနှင်လာစဥ် ရှေ့မှာ သွားနေတဲ့ကားကို ကျော်အတက် လမ်းတဖက်လြမ်းကို ရောက်သွားပြီး ဆန့်ကျင်ဘက်လာတဲ့ ဆိုင်ကယ်ကို ဝင်တိုက်မိခဲ့တယ်လို့ ဆိုပါတယ်။

"ကားက သူရှေ့က သွားနေတဲ့ ကားကိုကျော်တက်တာ။ အရှိန်လွန်ပြီး လမ်းတထက်ခြမ်းရောက်သွားပြီး တဖက်ယာဥ်ကြောကလာတဲ့ ဆိုင်ကယ်ကို တိုက်လိုက်တာ မိသားစု ၃ ဦးလုံးသေဆုံးသွားတယ်"လို့ ဒေသခံတစ်ဦးက Southern Post ကိုပြောပါတယ်။

ယာဥ်တိုက်မှုဖြစ်တဲ့နေရာမှာပဲ လင်မယားနှစ်ယောက်စလုံး ပွဲချင်းပြီး ဆုံးသွားကာ ကလေးကတော့ ဆေးရုံမှာ ကုသနေတုန်း ည ၁၂ နာရီလောက်က ဆုံးသွားတယ်လို့ သိရပါတယ်။

သေဆုံးခဲ့သူတွေသာ အသက် ၃၇ နှစ်အရွယ် ဦးစိုးမင်း၊ ဒေါ်အေးငယ်နဲ့ အသက် ၈ နှစ်အရွယ်
သားဖြစ်သူ မောင်စည်းလုံးညီ တို့ဖြစ်တယ်လို့ဆိုပါတယ်။

ယာဥ်တိုက်မှုကျူးလွန်ခဲ့တဲ့ ကိုယ်ပိုင်ကားမောင်းနှင်သူကိုလည်း ဖမ်းဆီးရမိထားပြီး ယာဥ်မဆင်မခြင်မောင်းနှင်မှုနဲ့ အမှုဖွင့် အရေးယူထားတယ်လ

ကလိန်အောင် ရဲစခန်းက နယ်ထိန်းရဲ နေအိမ်ပစ်ခတ်တိုက်ခိုက်ခံရ၊နေအိမ်နဲ့ ကားပျက်စီး၊ ရဲ ၁ ဦး အပြင်းအထန် ဒဏ်ရာ ရရှိကံပေါက်၊ဒီဇ...
11/12/2022

ကလိန်အောင် ရဲစခန်းက နယ်ထိန်းရဲ နေအိမ်ပစ်ခတ်တိုက်ခိုက်ခံရ၊နေအိမ်နဲ့ ကားပျက်စီး၊ ရဲ ၁ ဦး အပြင်းအထန် ဒဏ်ရာ ရရှိ

ကံပေါက်၊ဒီဇင်ဘာလ ၁၁

တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ်၊ကလိန်အောင်မြို့မှာ ဒီဇင်ဘာလ ၁၀ ရက်နေ့ညက ကလိန်အောင် ရဲစခန်းက နယ်ထိန်းရဲ နေအိမ်ပစ်ခတ်တိုက်ခိုက်ခံရ၊နေအိမ်နဲ့ ကားပျက်စီး၊ ရဲ ၁ ဦး အပြင်းအထန် ဒဏ်ရာ ရရှိသွားတယ်လို့ သိရပါတယ်။

အဆိုပါ ည ၇ နာရီခန့်အချိန်က နယ်ထိန်းရဲတပ်ကြပ်ကြီး ရဲဝင်းထွန်း ရဲ့ အမှတ် ၂ ရပ်ကွက်မှာရှိတဲ့ နေအိမ်ကို SPRING DHAMNA ​ကလိန်အောင် ပြည်သူ့ကာကွယ်ရေးတပ်မှ သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

"လက်နက်ကိုင်အဖွဲ့တွေ လာပစ်ချိန် ရဲဝင်းထွန်းက အိမ်မှာ မရှိဘူး။ ရဲတပ်သားတစ်ယောက်တော​ြ ရှိနေတယ်။ သူလဲ ပစ်ခံလိုက်ရတယ်။ သေတော့မသေဘူး ဒဏ်ရာရသွားတယ်"လို့ ဒေသခံတစ်ဦးက Southern Post ကိုပြောပါတယ်။

အဆိုပါပစ်ခတ်မှုကြောင့် ရဲဝင်းထွန်းရဲ့လုပ်ဖော်ကိုင်ဖက် တစ်ဦး အပြင်းအထန် ဒဏ်ရာရရှိပြီး ကလိန်အောင်မြို့ ဆေးရုံမှ တစ်ဆင့် ထားဝယ်မြို့ဆေးရုံကို ညတွင်းချင်း ပို့ဆောင်ထားရတယ်လို့ ဆိုပါတယ်။

ပစ်ခတ်မှုပြီးမှာတော့ စစ်ကောင်စီတပ်ဖွဲ့တွေ လာရောက်စစ်ဆေးခဲ့တာတွေရှိခဲ့တယ်လို့ သိရပါတယ်။

Address


Website

Alerts

Be the first to know and let us send you an email when SouthernPost posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to SouthernPost:

  • Want your business to be the top-listed Media Company?

Share