Jupiter Fav Person

  • Home
  • Jupiter Fav Person

Jupiter Fav Person Jupit3r:P

20/02/2024

ကျွန်တော်ဟာ
ဘာမှမတက်နိုင်တော့ တဲ့အခါ
ရယ်ပဲ ရယ်နေလိုက်တော့တယ်
အနည်းဆုံးတော့
ကိုယ်ပြိုလဲတာ ဘယ်သူမှမသိတော့ဘူးပေါ့။
#စစ်ငြိမ်း

18/02/2024

အချိန်တွေကြာရင်
တဖြည်းဖြည်းမေ့သွားမှာပါလို့ပြောကြတယ်.
တကယ်တမ်းကျတော့
တဖြည်းဖြည်းပျောက်ကွယ်နေတာက ငါ့ရဲ့ဖြစ်တည်မှုတွေ။


:

18/02/2024

ချစ်တတ်အောင်သင်ပေးခဲ့ပြီးမှ
မဖြစ်နိုင်ဘူးထင်လို့တဲ့လားကွား
ပြောတက်လိုက်တာ။

ဘဝရဲ့ လမ်းသစ်စရမဲ့ အချိုးအကွေ့ကိုခုပဲရောက်တယ်ခုပဲ လမ်းတွေပျောက်နေတယ်။Jupiter:
15/02/2024

ဘဝရဲ့ လမ်းသစ်စရမဲ့ အချိုးအကွေ့ကိုခုပဲရောက်တယ်
ခုပဲ လမ်းတွေပျောက်နေတယ်။

Jupiter:

15/02/2024

ဘယ်လမ်းကိုပဲ ကျွန်တော် ရွေးရွေး
နှစ်ကြိမ်သေရမည့် လမ်းတော့
ကျွန်တော် မရွေးပါဘူး

ကိုယ်ယုံကြည်ရာဟာ
ကိုယ့်ကိုးကွယ်ရာပါပဲ
မင်းရော ငါရော မြင်ရတဲ့ ငရဲ
ဘယ်ရပ်ဝန်း ပိုလှသလဲ
ငါတို့ နှလုံးသား ပဲ အသိဆုံးဖြစ်မှာပါ

ဘဝပေးပြီး တိုက်ရမည့် စစ်မှာ
မင်းသေလဲ အရေးမကြီးဘူး
ငါသေလဲ အရေးမကြီးဘူး
လူသားဆန်ဖို့သာ ဝင်တိုက်ရမည့် စစ်မှာ
လူသားဆန်ဆန်တော့ သေဆုံး ချင်တယ် ။

#ဒဿ 2024

မင်းတို့မှန်တယ်အဲ့လိုအာချောင်ခဲ့မိတဲ့ ငါတို့ပဲမှားတာ🤣 #ကြိုက်လို့saveလာတာ
13/02/2024

မင်းတို့မှန်တယ်
အဲ့လိုအာချောင်ခဲ့မိတဲ့ ငါတို့ပဲမှားတာ🤣

#ကြိုက်လို့saveလာတာ

12/02/2024

ပြန်မလာနဲ့ ငါ့ကောင်
နိုင်ငံခြားသွားသူ ငါ့သူငယ်ချင်းအကြောင်း
----------------------------------------

( ၁ )

ဆန်တန်းစီ
ဆီတန်းစီ
ဓါတ်ဆီတန်းစီတဲ့ ဘဝကရုန်းထွက်ဖို့
Passport ရုံးမှာ တန်းစီတဲ့ ငါ့သူငယ်ချင်း

လက်ဖဝါးအရွယ် စာအုပ်အနီလေးမှာ
လယ်ယာ၊ ကျွဲနွား၊ အိမ်ဝိုင်းစာချုပ် ထည့်ထားတယ်
နေ့ပြန်တိုး၊ လပြန်တိုး၊
နှစ်ပြန်တိုး၊ စစ်ပြန်တိုးတွေ ထည့်ထားတယ်

လက်ဖဝါးအရွယ် စာအုပ်အနီလေးမှာ
အဖေ့ မျှော်လင့်ချက် ရှိတယ်
အမေ့ မျက်ရည် ရှိတယ်
နောက်ပြီး....
အချစ်လက်ဖဝါးလေး လွှတ်ခဲ့ရတာရှိမယ်

PV နဲ့သွားသွား
PT နဲ့သွားသွား
ရောက်ဖို့က အရေးကြီးတယ်။

PS နဲ့သွားသွား
PE နဲ့သွားသွား
ဒီနိုင်ငံနဲ့ ဝေးဖို့ အရေးကြီးတယ်။

သွား...ငါ့ကောင်
နောက်ပြန်မကြည့်စတမ်း
ခပ်ပြတ်ပြတ် လှမ်း ငါ့ကောင် ။

( ၂ )

ငါ့သူငယ်ချင်း နိုင်ငံခြားသွားမယ့်နေ့က
သူ့အမေဟာ
အိမ်အောက်က မြေကြီးခဲလေး နှုတ်
ထမီအထက်ဆင်နဲ့ ထုပ်လို့
ဘယ်ဒေသရောက်ရောက်
ကိုယ့်မြေမှာနေသလို သဘောထား...တဲ့

မင်းအမေရဲ့ ဇာတိမာန်ကို နားလည်ပါရဲ့
သို့ပေမယ့်
ဒီမြေမှာ တမ်းတစရာ ဘာများရှိလို့လဲ

ဘုရင် ဖြစ်ချင်သူတွေ အပေါဆုံးက ဒီနိုင်ငံ
မင်းမဲ့စရိုက် အများဆုံးလည်း ဒီနိုင်ငံ

ဓါတ်ကြိုးတွေ အရှုပ်ဆုံးက ဒီနိုင်ငံ
မီးမလင်းဆုံးလည်း ဒီနိုင်ငံ

ညောင်စေ့လောက် လျှပ်စစ်မီးရပြီး
ညောင်ပင်လောက် မီတာခဆောင်ရတဲ့နိုင်ငံ

ဝင်ငွေက ဆောင်းညအင်္ဂါလို
ကုန်ဈေးနှုန်းကျ ဘဝသံသရာလို

ဒီနိုင်ငံဟာ
ဘုရားမမြင်အောင်
မာရ်နတ် ဖွက်ထားတဲ့ အရပ်ပါကွာ ။

( ၃ )

ပြန်မလာနဲ့ ငါ့ကောင်
ဖုန်းတစ်လုံးအတွက် လူသတ်ရဲတဲ့နိုင်ငံ
ဆိုင်ကယ်တစ်စီးအတွက် လူသတ်ရက်တဲ့နိုင်ငံ

မူးယစ်ဆေးကို
ခေါင်းကိုက်ပျောက်ဆေးလို လွယ်တဲ့နိုင်ငံ

ဆိုင်ကယ်စီးရင် ဦးထုပ်မဆောင်းကြသလို
Night out ထွက်ရင်လည်း ဦးထုပ်မဆောင်းတဲ့နိုင်ငံ

ကိုယ့်အသက်ကိုယ် ဖက်နဲ့ထုပ်ရင်း
ငါ...အသေချာမှာလိုက်မယ်
ပြန်မလာနဲ့ ငါ့ကောင်ရေ ။

( ၄ )

တစ်ခါတစ်လေ
ရွှေတိဂုံ၊ ပုဂံ၊ အင်းလေး၊ မုံရွာ
ထိုးမုန့်နဲ့ ဟာလဝါကို လွမ်းချင်လွမ်းပေါ့

ပြန်တော့မလာနဲ့ ငါ့ကောင်

ပိုင်ရှင်မဲ့ အလောင်းတွေ
မိဘမဲ့ ကလေးတွေ
လက်သည်မပေါ်တဲ့ ရာဇဝတ်မှုတွေ
နတ်နဂါးပူးကပ်သူနဲ့ မီးပွိုင့်မှာတောင်းစားသူတွေ
အလွန်ပေါတဲ့နိုင်ငံ

ဒီအရပ်ဟာ
လောလောဆယ် ပန်းတွေမပွင့်နိုင်တဲ့ ဖုန်းဆိုးမြေ ။

( ၅ )

ဓါတ်ငွေ့နဲ့လျှပ်စစ်ကို
တရုတ်ပြည်ရောင်းပြီး
တရုတ်ထုတ် ဘထ္ထရီနဲ့အင်ဗာတာ ပြန်ဝယ်ရတဲ့နိုင်ငံမှာ

နောက်ဆို
ထိုင်းသနပ်ခါးကို ငါတို့ဝယ်ရတော့မယ်
ထိုင်းသင်္ကြန်ဟာ အမွေနှစ်စာရင်းဝင်သွားပြီ

ဖြစ်နိုင်ရင်
သံလွင်မြစ်နဲ့ ဧရာဝတီကိုတောင်
နောက်ပြန်စီးခိုင်းချင်တဲ့ အိမ်နီးချင်းတွေကြား
ငါတို့ဟာ တူနာငါးလို တစ်လွှာခြင်းဖဲ့စားခံနေရ ။

( ၆ )

ပြန်မလာနဲ့ ငါ့ကောင်

ဒုက္ခတွင်းထဲ ပြန်လာမယ့်အစား
ပြည်ပမှာ ပျားလိုရှာ၊ ခြလိုစုပြီး
မိသားစုကို ထောက်ပံ့
မိသားစုနဲ့ ဝေးနေတဲ့ကောင်တွေကို ထောက်ပံ့
အိမ်ကို ထောက်ပံ့
အိမ်မရှိတော့တဲ့ လူတွေကို ထောက်ပံ့

ပြန်မလာနဲ့ ငါ့ကောင်

ဒီဖုန်းဆိုးမြေဟာ
ဘယ်မီးလှုံလှုံ မနွေးတဲ့အရပ်
ဘယ်ပန်းစိုက်စိုက် မမွှေးတဲ့အရပ်

" ဒီနိုင်ငံဟာ
ဘုရားမမြင်အောင်
မာရ်နတ် ဖွက်ထားတဲ့ အရပ်ပါကွာ ”

ဆန်းကျော်စွာဝင်း

12/02/2024

ဟာသတော့ ဟာသပဲ
ဒါပေမဲ့
လူငယ်တွေရဲ့ ရယ်စရာမကောင်းတဲ့ဟာသတွေ😌

28/01/2024

အောင်မြင်သွားတဲ့သူတွေပြောပြတဲ့
အကြောင်းအရာတွေကိုနားထောင်ဖို့ထက်

ကျရှုံးခဲ့ရတဲ့သူတွေပြောပြတဲ့
အတွေ့ကြုံကိုပိုနားထောင်သင့်တယ်။

26/01/2024

ကိုယ်လာခဲ့တဲ့ လမ်းဟာ
ကြမ်းလေလေ
ကိုယ့်ပုံပြင်က ပြောလို့ကောင်းလေလေပါပဲ.....

ဦးဘုန်း(ဓာတု)

21/01/2024

ဘဝအတွက်မကောင်းဘူး

11/09/2022

Address


Website

Alerts

Be the first to know and let us send you an email when Jupiter Fav Person posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share