TSO Burma Channel

  • Home
  • TSO Burma Channel

TSO Burma Channel Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from TSO Burma Channel, .

09/09/2022
31/07/2022
ကျွန်တော် အလုပ်ကပြန်လာတဲ့တစ်နေ့ လမ်းက ဓာတ်တိုင်မှာ စာရွက်အဟောင်းလေး တစ်ရွက်ကပ်ထားတာကိုတွေ့လို့ဖတ်မိလိုက်တယ်။မသေမသပ် လက်ေ...
09/07/2022

ကျွန်တော် အလုပ်ကပြန်လာတဲ့တစ်နေ့
လမ်းက ဓာတ်တိုင်မှာ စာရွက်အဟောင်းလေး တစ်ရွက်ကပ်ထားတာကိုတွေ့လို့
ဖတ်မိလိုက်တယ်။

မသေမသပ် လက်ရေးလေးနဲ့ ခုလိုရေးထားတယ်။

"ကျွန်မ လမ်းသွားရင်း ငွေ ၅၀၀၀
ကျပျောက်သွားလို့ပါ။
တစ်ယောက်ယောက်များတွေ့ခဲ့ရင်
ဒီလိပ်စာအတိုင်း ကျေးဇူးပြု၍
လာပေးစေလိုပါတယ်။

ကျွန်မက မျက်စိလည်းကောင်းကောင်း
မမြင်တဲ့အတွက် ပိုက်ဆံကိုပြန်ရှာဖို့လည်း အဆင်မပြေလို့ပါ။

ကျွန်မကို ကူညီပြီး ပြန်ရှာပေးပါနော်" ဆိုပြီး အောက်နားမှာတော့ လိပ်စာတစ်ခု
ရေးထားတယ်။

ကျွန်တော်လည်း စိတ်ဝင်စားတာနဲ့
စာထဲကလိပ်စာအတိုင်း သွားကြည့်မိတယ်။
အဲဒီလိပ်စာမှာ အဖွားအိုတစ်ယောက်
နေပါတယ်။အဖွားက မျက်စိမမြင်ရပါဘူး။အနားကိုကျွန်တော်ရောက်သွားမှ
အဖွားက "ဘယ်သူလဲ" လို့ မေးတယ်။

"ကျွန်တော် အဖွားကျပျောက်သွားတဲ့
ငွေ ၅၀၀၀ ကောက်ရထားလို့
လာပြန်ပေးတာပါ" လို့ ပြောလိုက်တယ်။

ကျွန်တော့်စကားကိုကြားတာနဲ့
အဖွားက မျက်ရည်ကျပါတယ်။

"မင်းနဲ့ဆိုရင် အဖွားကို ငွေ ၅၀၀၀
လာပေးတာ အယောက် ၄၀ကျော်သွားပြီ။ဓာတ်တိုင်မှာ စာကပ်ထားတာတွေ့လို့တဲ့..

အဖွားဘာစာမှ ရေးပြီးမကပ်ခဲ့ပါဘူး
စာလည်း မရေးတတ်ပါဘူး။
အဲ့လိုရေးပေးမယ့် သားသမီးတွေလည်း
အနားမှာ မရှိပါဘူးကွယ်" တဲ့..

အဖွားကို သနားမိတာနဲ့ အဖွားလက်ထဲကို ငွေ ၅၀၀၀ ထည့်ပေးလိုက်ပါတယ်။

အဖွားက ပါးစပ်က တတွတ်တွတ်နဲ့
ဆုတွေအများကြီး ပေးတယ်။

ပြီးတော့ အဖွားက ကျွန်တော်မပြန်ခင်
ခုလို မှာလိုက်ပါသေးတယ်။

"သားပြန်သွားရင် အဲဒီဓာတ်တိုင်ပေါ်က
စာရွက်ကို စုတ်ဖြဲလိုက်ပါသားရယ်။
အဖွားမရေးတဲ့စာကြောင့် လူတွေကို
ဒုက္ခမရောက်စေချင်ဘူး"

ကျွန်တော် အဖွားဆီက ပြန်လာတော့
တစ်လမ်းလုံး စဉ်းစားလာမိတယ်။
ဒီစာကို ဘယ်သူကရေးပြီး ကပ်ခဲ့တာလဲ..
အရင်လူတွေကိုလည်း အဖွား ဒီလိုပဲ
ပြောခဲ့မှာ သေချာတယ်။
ဒါပေမယ့် ဘာလို့စာရွက်ကို မဖြဲခဲ့ကြတာလဲ။အဖွားကိုဒါနပြုဖို့ စဉ်းစားပြီးလုပ်သွားတဲ့သူရဲ့လုပ်ရပ်ကိုလည်း ကျေးဇူးတင်နေမိတယ်။

တဆက်တည်းမှာပဲ တခြားသူတွေကို
ကူညီဖို့ဆိုတာ နည်းလမ်းတွေအများကြီး
ရှိပါလား ဆိုတာကိုလည်း အသိတစ်ခု
ရလိုက်တယ်.စဉ်းစားတတ်ဖို့ပဲ လိုတာပါ

ဒီလိုနဲ့ ကိုယ်အတွေးနဲ့ကိုယ်
လမ်းလျှောက်နေလိုက်တာ လူတစ်ယောက်ရဲ့ခေါ်သံကြားမှ အတွေးစပြတ်သွားတယ်။

သူက ကျွန်တော့်ကို အခုလိုမေးတယ်။

"နောင်ကြီး ဒီလိပ်စာကိုသိလားဗျ။
ဒီလိပ်စာရှင်ရဲ့ငွေ ၅၀၀၀ ကိုကျွန်တော်
ကောက်ရထားလို့သွားပြန်ပေးချင်လို့ပါ"

(ဗန်းမော်သိန်းဖေ)

Love Death+RobotsThree Robots'လူသားတွေက ကမ္ဘာကြီးကို ကယ်တင်ဖို့ အလုံအလောက်ရှိရက်နဲ့ ဘာလို့ရှောင်ပြေးဖို့ပဲ ရွေးချယ်ခဲ့တာလ...
07/07/2022

Love Death+Robots
Three Robots
'လူသားတွေက ကမ္ဘာကြီးကို ကယ်တင်ဖို့ အလုံအလောက်ရှိရက်နဲ့ ဘာလို့ရှောင်ပြေးဖို့ပဲ ရွေးချယ်ခဲ့တာလဲ'
စီးရီးတစ်ခုလုံးထဲက သဘောအကျဆုံး အပိုင်း၊
အကောင်းဆုံးလို့ရွေးချယ်ဖို့က မတူညီမှုတွေစုထားတဲ့အတွက် ခက်ခဲပါလိမ့်မယ်။
ဒီအပိုင်းမှာ လူသားမျိုးနွယ်ပျက်သုဉ်းသွားတဲ့ ကမ္ဘာကြီးကို စက်ရုပ်၃ကောင်လေ့လာရေးထွက်လာတာပါ၊
Season 3ခုထွက်ရှိထားတဲ့အထဲမှာ 1နှငိ့2မှာ ပါလာပါတယ်။
လူသားတွေရဲ့အတ္တ အာဏာနဲ့ပိုက်ဆံဟာ လူသားမျိုးနွယ်ကို ပျက်ဆီးသွားစေခဲ့တဲ့အကြောင်းကို စက်ရုပ်၃ကောင် စကားပြောခန်းနဲ့ တင်ဆက်သွားတဲ့ဇာတ်လမ်းတိုလေးပါ၊
တွေးစရာတစ်ခုက robot တွေ AIကြောင့် စက်ရုပ်တော်လှန်ရေးဖြစ်ပီး လူသားမျိုးနွယ်ပျက်သုန်းတဲ့အချိနိမှာ နောက်ဆုံးကျန်ခဲ့တာ ကြောင် အဖြစ်နဲ့ဖော်ပြထားတယ်။
ကြောင်တွေဟာ တိရစ္ဆာန်တွေထဲမှာ အချီးမြှောက်ခံရဆုံး အဖြစ်နဲ့ဖော်ပြချင်တာလားတော့ ဇာတ်ဆရာပဲသိနိုင်မှာပေါ့နော်။
ကြည့်ပီးရင် တစိမ့်စိမ့်တွေးကျန်စေမယ့် ဇာတ်လမ်းအတိုလေးပါ၊
Review အဖြစ်နဲ့ ရေးစရာ အထွေအထူးမမြင်တဲ့အတွက် ဖန်သားပြင်ပေါ်မှာ ကြည့်ဖို့တိုက်တွန်းရင်း.

Moti ကို သင်တန်းတွေ စာတွေ ဇာတ်ကားတွေကရနိုင်ပေမယ့်Self-Moti ဖြစ်ဖို့က အဓိကလိုအပ်ချက်ပါ၊Depression ဆိုတာ Motiရဲ့ရန်သူပါပဲ၊...
06/07/2022

Moti ကို သင်တန်းတွေ စာတွေ ဇာတ်ကားတွေကရနိုင်ပေမယ့်
Self-Moti ဖြစ်ဖို့က အဓိကလိုအပ်ချက်ပါ၊
Depression ဆိုတာ Motiရဲ့ရန်သူပါပဲ၊
Dရန်ကလွတ်အောင် လုပ်သင့်တဲ့အချက်လေး ၄ ချက်ကို တင်ပေးလိုက်ပါတယ်😊

Hi-EveryoneMoti မိုတီလို့ခေါ်ကျတယ်မလား၊စိတ်အားတက်စရာ အကြောင်းအရာလေးတွေ၊ခုခေတ်လို D ဝင်စရာ အခြေအနေကြီးမှာMoti က အိုဗာတင်းတ...
23/06/2022

Hi-Everyone
Moti မိုတီလို့ခေါ်ကျတယ်မလား၊
စိတ်အားတက်စရာ အကြောင်းအရာလေးတွေ၊
ခုခေတ်လို D ဝင်စရာ အခြေအနေကြီးမှာ
Moti က အိုဗာတင်းတစ်ခွက်
အရက်ကြိုက်တဲ့သူအတွက်ဆို ဝီစကီတစ်ခွက်၊
စာပေတွေ ဗီဒီယိုတွေ ပြန်ကြားခဲ့ရတာတွေ
ဘယ်သူကဘယ်လိုမျိုးလုပ်နိုင်ခဲ့တယ်ဆိုတာမျိုး
မြင်ရ ကြားရ သိရတဲ့အခါ
ငါကော ဘာလို့မဖြစ်နိုင်ရမလဲ ဆိုပီး စိတ်အားတက်ခဲ့ဖူးတယ် ဟုတ်😊
ပျော်ရွှင်မှုဆိုတာ Inner က လာတယ်ဆိုတဲ့စကားလိုပဲ
မိုတီဆိုတာကလဲ Inner ကပဲလာတယ်၊
စိတ်အားတက်စရာလေးတွေဟာ
စိတ်ဓာတ်ကျစရာလေးတွေ ဖယ်တတ်ရင် ရလာမယ့်အရာမျိုး
ကျနော့်ရဲ့ ဒီ page လေးကနေ
ဖြတ်သန်းခဲ့တဲ့ ဘဝတစ်လျှောက် ရိုလာကိုစတာ စီးခဲ့ရတဲ့
ဘဝအတွေ့အကြုံလေးအပြင်ကို
Self Moti လေးရှင်သန်ကြီးထွားဖို့
စိတ်ပိုင်းရုပ်ပိုင်း လေ့ကျင့်ခန်းလေးတွေကို တင်ဆက်ပေးသွားမှာပါ၊
သူငယ်ချင်းတွေအတွက်လဲ စိတ်ပိုင်းဆိုင်ရာမဟုတ်ပဲ
ဘဝရဲ့ ဖြစ်နိုင်ခြေရှုထောင့်တွေကို လေ့လာဆွေးနွေးပေးဖို့
ဒီpage လေးကို ဖန်တီးခဲ့တာဖြစ်ပါကြောင်း

Address


Website

Alerts

Be the first to know and let us send you an email when TSO Burma Channel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share