Naypyidaw Post

  • Home
  • Naypyidaw Post

Naypyidaw Post Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Naypyidaw Post, Media, .

နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က စက်သ...
24/03/2026

နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က စက်သုံးဆီသုံးစွဲမှုများလျှော့ချနိုင်ရန် မီးရထားများတိုးချဲ့ပြေးဆွဲခြင်း၊ ဘတ်စ်ကားလိုင်းများ ပုံမှန်ပြေးဆွဲနိုင်ရေးတို့ကို စဉ်းစားဆောင်ရွက်ရန် မှာကြားလိုက်သည်။

မတ် ၂၄ ရက်က ကျင်းပသည့် စက်သုံးဆီဖူလုံရေးနှင့် စနစ်တကျသုံးစွဲရေးအစည်းအဝေးတွင် ၎င်းက အရှေ့အလယ်ပိုင်းဒေသပဋိပက္ခကြောင့် ဆီသုံးစွဲမှုလျှော့ချရန်နှင့် ပြည်သူခရီးသွားလာမှုအဆင်ပြေစေရေး အများပြည်သူသုံးသယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ချောမွေ့စေရန် ဆောင်ရွက်သွားရမည်ဟု ပြောကြားသည်။

လက်ရှိတွင် မော်တော်ယာဉ်နှင့် ဆိုင်ကယ်များကို စုံ/မ အလှည့်ကျစနစ်၊ QR Code ဖြင့်ဆီဖြည့်စနစ်တို့ ဆောင်ရွက်ထားပြီး ဗုဒ္ဓဟူးနေ့တိုင်း အစိုးရရုံးများကို နေအိမ်မှအလုပ်လုပ်ရန် ထုတ်ပြန်ထားကြောင်း၊ သင်္ကြန်ပွဲတော်ကိုလည်း စက်သုံးဆီကန့်သတ်ချက်များကြောင့် အကြပ်အတည်းမဖြစ်စေလိုကြောင်း ယာယီသမ္မတက မှာကြားခဲ့သည်။

#သတင်း #ယာယီသမ္မတ #ဗိုလ်ချုပ်မှူးကြီး #မင်းအောင်လှိုင် #နေပြည်တော်

နိုင်ငံတော်ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ခါးကျီးပေါင်းရောဂါကြောင့် အာရုံကြောညပ်ခြင်း (Lumbar spondylosi...
23/03/2026

နိုင်ငံတော်ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ခါးကျီးပေါင်းရောဂါကြောင့် အာရုံကြောညပ်ခြင်း (Lumbar spondylosis with Spinal Stenosis) ဝေဒနာခံစားခဲ့ရရာ မတ်လ ၂၀ ရက်တွင် အိန္ဒိယပါရဂူများနှင့် တပ်မတော်ဆေးတပ်ဖွဲ့တို့ ပူးပေါင်း၍ အမှတ်(၂) တပ်မတော်ဆေးရုံကြီး (ခုတင် ၁၀၀၀) နေပြည်တော်၌ အရေးပေါ်ခွဲစိတ်ကုသမှု ၂ နာရီကြာ ပြုလုပ်ခဲ့ရာ အောင်မြင်ခဲ့သည်။

လက်ရှိတွင် နိုင်ငံတော်ယာယီသမ္မတသည် နိုင်ငံ့တာဝန်နှင့် တပ်မတော်တာဝန်များကို ကျန်းမာစွာ ထမ်းဆောင်လျက်ရှိကြောင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့မှ မတ်လ ၂၃ ရက်တွင် ထုတ်ပြန်သည်။

#သတင်း #ယာယီသမ္မတ #ဗိုလ်ချုပ်မှူးကြီး #မင်းအောင်လှိုင် #နေပြည်တော်

မတ် ၁၈ ရက်နေ့တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ...
18/03/2026

မတ် ၁၈ ရက်နေ့တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ယူခရစ် ဘွန်တန်နွန်ဒါ (General Ukris Boontanondha) ဦးဆောင်သည့် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့အား နေပြည်တော်ရှိ ရုံးအမှတ်စဉ် (၁၈) ဧည့်ရိပ်သာ၌ လက်ခံတွေ့ဆုံခဲ့သည်။

တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား ရှည်လျားကောင်းမွန်သော သံတမန်ဆက်ဆံရေးနှင့် ချစ်ကြည်ရင်းနှီးမှုများကို ပြန်လည်သုံးသပ်ခဲ့ကြပြီး နှစ်နိုင်ငံလုံးတွင် ရွေးကောက်ပွဲများ အောင်မြင်စွာ ကျင်းပပြီးစီးကာ လွှတ်တော်အစည်းအဝေးများ ကျင်းပနေမှု အခြေအနေများကို အထူးအလေးပေး ဆွေးနွေးခဲ့ကြသည်။

ထို့အပြင် နှစ်နိုင်ငံတပ်မတော်များအကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်ရေး၊ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ တရားမဝင်ကုန်သွယ်မှုနှင့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး၊ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ ညစ်ညမ်းမှု လျှော့ချရေး၊ အွန်လိုင်းငွေကြေး လိမ်လည်မှု ပူးပေါင်းတိုက်ဖျက်ရေး၊ တပ်မတော်နှစ်ရပ်အကြား လေ့ကျင့်ရေး ပူးပေါင်းဆောင်ရွက်မှုနှင့် မြန်မာ-ထိုင်း အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေး (HLC) ကျင်းပရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။

ဤတွေ့ဆုံပွဲသည် နှစ်နိုင်ငံနှင့် နှစ်နိုင်ငံတပ်မတော်များအကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုခိုင်မာတောင့်တင်းလာစေရန် ရည်ရွယ်ကြောင်း သတင်းရရှိသည်။

#သတင်း #ယာယီသမ္မတ #ဗိုလ်ချုပ်မှူးကြီး #မင်းအောင်လှိုင် #နေပြည်တော်

နိုင်ငံတကာအရေးအခင်းများကြောင့် ဖြစ်ပေါ်နေသော လောင်စာဆီအခက်အခဲကို ကျော်လွှားနိုင်ရေးအတွက် စနစ်တကျ ကြပ်မတ်ဆောင်ရွက်ရန်နှင့...
10/03/2026

နိုင်ငံတကာအရေးအခင်းများကြောင့် ဖြစ်ပေါ်နေသော လောင်စာဆီအခက်အခဲကို ကျော်လွှားနိုင်ရေးအတွက် စနစ်တကျ ကြပ်မတ်ဆောင်ရွက်ရန်နှင့် ပြည်သူများအနေဖြင့် ဝိုင်းဝန်းပူးပေါင်းပါဝင်ကြရန် နိုင်ငံတော်ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုက်တွန်းပြောကြားလိုက်သည်။

ယနေ့တွင် ကျင်းပသည့် ၂၀၂၁-၂၀၂၅ ကာလအတွင်း နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်မှုများအား ပြန်လည်သုံးသပ်ဆွေးနွေးပွဲ၌ ၎င်းက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

လက်ရှိ ကမ္ဘာ့နိုင်ငံများနည်းတူ မြန်မာနိုင်ငံ၌လည်း လောင်စာဆီ အခက်အခဲဖြစ်ပေါ်လျက်ရှိရာ ယင်းအခက်အခဲကြောင့် မလိုလားအပ်သော လောင်စာဆီသုံးစွဲမှုများကို အတတ်နိုင်ဆုံး လျှော့ချနိုင်ရေး အခြားနိုင်ငံများနည်းတူ နည်းလမ်းရှာဖွေ ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်ယာယီသမ္မတက ပြောကြားသည်။

ထိုသို့ဆောင်ရွက်ရာတွင် တာဝန်ရှိသူများက စနစ်တကျ ကြပ်မတ်ဆောင်ရွက်ရမည်ဖြစ်သလို ပြည်သူများအနေဖြင့်လည်း ပူးပေါင်းပါဝင်ကြရန် လိုအပ်ကြောင်း ၎င်းက တိုက်တွန်းခဲ့သည်။

လောင်စာဆီသုံးစွဲမှု လျှော့ချရေး မူဝါဒတစ်ရပ်အနေဖြင့် လျှပ်စစ်စွမ်းအင်သုံး ယာဉ် (EV) များ အသုံးပြုရေးနှင့် လျှပ်စစ်ရထားများ ပြေးဆွဲနိုင်ရေးတို့ကို ယခင်ကတည်းက စီမံဆောင်ရွက်ခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ထို့ပြင် အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးစနစ် (Public Transportation) ကို အားပေးဆောင်ရွက်ခဲ့ကာ ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စေရေးနှင့် ကုန်စည်စီးဆင်းမှု လွယ်ကူလျင်မြန်စေရေးတို့အတွက် ရထားလမ်းများ အဆင့်မြှင့်တင်ခြင်း၊ ရထားခရီးစဉ်များ တိုးချဲ့ပြေးဆွဲခြင်းတို့ကိုလည်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယင်းသို့ဆောင်ရွက်မှုများကြောင့် ယခုအခါ ရန်ကုန်-မန္တလေး ရထားလမ်းတွင် ရထားများကို တစ်နာရီလျှင် ကီလိုမီတာ ၁၀၀ အထိ မောင်းနှင်နိုင်ပြီဖြစ်ကြောင်း နိုင်ငံတော်ယာယီသမ္မတက ပြောကြားခဲ့သည်။

နိုင်ငံတကာလေကြောင်းခရီးစဉ်များမှတစ်ဆင့် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးမြင့်လာစေရန်အတွက်လည်း ပုသိမ်၊ လားရှိုး၊ ကျိုင်းတုံ၊ တာချီလိတ်၊ မိုင်းဆတ်၊ ညောင်ဦး၊ ထားဝယ်၊ မြိတ် အပါအဝင် လေဆိပ်များကို အဆင့်မြှင့်တင်ပေးလျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

#သတင်း #ယာယီသမ္မတ #ဗိုလ်ချုပ်မှူးကြီး #မင်းအောင်လှိုင် #နေပြည်တော်

မတ် ၆ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် အမျိုးသားစီမံကိန်းကော်မရှင် အစည်းအဝေး (၁/၂၀၂၆)၌ အမျိုးသားစီမံကိန်းကော်မရှင်ဥက္ကဋ္ဌ၊ န...
07/03/2026

မတ် ၆ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် အမျိုးသားစီမံကိန်းကော်မရှင် အစည်းအဝေး (၁/၂၀၂၆)၌ အမျိုးသားစီမံကိန်းကော်မရှင်ဥက္ကဋ္ဌ၊ နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လာမည့်ရွေးကောက်ပွဲရလဒ်အရ ဖွဲ့စည်းမည့်အစိုးရသည် ပြည်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရမည်ဟု ပြောကြားလိုက်သည်။

"စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး တိုးတက်ကောင်းမွန်ရေးနဲ့ တည်ငြိမ်အေးချမ်းရေးဟာ ပြည်သူအားလုံးရဲ့ လိုလားချက်တွေဖြစ်တာကြောင့် ရွေးကောက်ပွဲရလဒ်အရ ပေါ်ပေါက်လာမယ့် အစိုးရအနေနဲ့ ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးရပါမယ်"ဟု ၎င်းက ပြောကြားခဲ့သည်။

လာမည့်အစိုးရသစ်အား နိုင်င့်တာဝန်များ လွှဲပြောင်းပေးအပ်ရာတွင် ၂၀၂၁ ခုနှစ်မှစတင်၍ အကောင်အထည်ဖော်ခဲ့သည့် စီမံကိန်းများနှင့် လုပ်ငန်းများ ပြီးပြတ်အောင် ဆောင်ရွက်ပေးရန်နှင့် ယခင်က အကောင်အထည်ဖော်ဆဲ စီမံကိန်းများကိုလည်း စနစ်တကျ လွှဲပြောင်းပေးရန် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မှာကြားခဲ့သည်။

နိုင်ငံတော်၏ အနာဂတ်အတွက် ပညာရေးကဏ္ဍတွင် ခေတ်မီပြီး အရည်အသွေးမြင့်မားသည့် စနစ်တစ်ရပ် ဖြစ်ပေါ်လာစေရန် အခြေခံကောင်းများ ချမှတ်ပေးထားပြီးဖြစ်ရာ ယင်းတို့အား ဆက်လက်ထိန်းသိမ်းကာ ပညာရေးကဏ္ဍ ပိုမိုတိုးတက်အောင် မြှင့်တင်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ကျန်းမာရေးကဏ္ဍတွင်လည်း ဝန်ဆောင်မှုကောင်းများ ရရှိရေး၊ အခြေခံအဆောက်အအုံများ တိုးတက်ရေး၊ ဆေးဝါးနှင့် စက်ကိရိယာများ ပြည့်စုံစွာရရှိရေးနှင့် အခြေခံကျန်းမာရေးစောင့်ရှောက်မှု ရရှိရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိကြောင်း ၎င်းက ဆိုသည်။

ထို့ပြင် အတည်ပြုပြီးဖြစ်သည့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်းကို အကောင်အထည်ဖော်ရာတွင် လွှတ်တော်အသီးသီး၏ သဘောတူညီချက်ဖြင့် ဆောင်ရွက်ရမည်ဖြစ်ပြီး စီမံကိန်းဆိုင်ရာ အင်္ဂါရပ်များနှင့် ညီညွတ်စေရန် အဆင့်ဆင့် ကြီးကြပ်ဆောင်ရွက်သွားရမည်ဖြစ်ကာ ခေတ်ကာလအလိုက် ကြုံတွေ့ရသည့် အားနည်းချက် အားသာချက်များကို သင်ခန်းစာယူပြီး လက်တွေ့ကျကျ ပေါင်းစပ်ဆောင်ရွက်နိုင်ရန်၊ ပြည်သူများ၏ ဖွံ့ဖြိုးမှုလိုအပ်ချက်များ ပြည့်မီစေရန်နှင့် နောင်တွင် တာဝန်ယူမည့်အစိုးရထံ စနစ်တကျ လွှဲပြောင်းပေးနိုင်ရေးတို့အတွက် ဆောင်ရွက်ရမည်ဟု နိုင်ငံတော်ယာယီသမ္မတက မှာကြားခဲ့သည်။

#သတင်း #ယာယီသမ္မတ #ဗိုလ်ချုပ်မှူးကြီး #မင်းအောင်လှိုင် #နေပြည်တော်

မြန်မာနိုင်ငံတွင် လက်ရှိ၌ ရက် ၄၀ စာ ခန့် အရန်စက်သုံးဆီ သိုလှောင်ထားရှိပြီး စက်သုံးဆီတင်သင်္ဘောများ ထပ်မံဆိုက်ကပ်လာတော့မည...
04/03/2026

မြန်မာနိုင်ငံတွင် လက်ရှိ၌ ရက် ၄၀ စာ ခန့် အရန်စက်သုံးဆီ သိုလှောင်ထားရှိပြီး စက်သုံးဆီတင်သင်္ဘောများ ထပ်မံဆိုက်ကပ်လာတော့မည်ဖြစ်ကြောင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

လက်ရှိအချိန်တွင် ပြည်တွင်း၌ ဓာတ်ဆီ ဂါလံသန်း ၆၀ နှင့် ဒီဇယ်ဆီ ဂါလံသန်း ၇၀ နီးပါး သိုလှောင်ထားရှိပြီး ဖြစ်သည်။ ထို့အပြင် ဆိပ်ကမ်းတွင် ရောက်ရှိဆိုက်ကပ်ထားသော်လည်း ဆီမချရသေးသည့် သင်္ဘော ၂ စင်းနှင့် ဝယ်ယူပြီး လမ်းခရီးစဉ်တွင် ရောက်ရှိနေသည့် ဆီတင်သင်္ဘော ၁၄ စင်းတို့မှာလည်း ရက်ပိုင်းအတွင်း ဆက်လက်ဆိုက်ကပ်လာမည်ဖြစ်ကာ စက်သုံးဆီဖူလုံရေးအတွက် အခက်အခဲမရှိကြောင်း ၎င်းက ဆိုသည်။

မြန်မာနိုင်ငံ၏ နေ့စဉ်စက်သုံးဆီသုံးစွဲမှုမှာ ဓာတ်ဆီ ၁.၅ သန်းဂါလံ၊ ဒီဇယ်ဆီ ၁.၇ သန်းဂါလံခန့်ရှိပြီး စုစုပေါင်း တစ်ရက်လျှင် စက်သုံးဆီ ၃.၂ သန်းဂါလံခန့် သုံးစွဲနေကြောင်း သိရသည်။

မတ် ၃ ရက်က ထုတ်ပြန်ခဲ့သည့် စက်သုံးဆီခြိုးခြံချွေတာသုံးစွဲရေး ညွှန်ကြားချက်နှင့် ပတ်သက်၍လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ရှင်းလင်းပြောကြားသည်။ အဆိုပါထုတ်ပြန်ချက်သည် ပြည်တွင်း၌ အရန်စက်သုံးဆီမရှိခြင်းကြောင့် ထုတ်ပြန်ခြင်းမဟုတ်ဘဲ ကမ္ဘာ့လောင်စာဆီအခက်အခဲကို မြန်မာနိုင်ငံအနေဖြင့် စနစ်တကျဖြတ်သန်းနိုင်ရန်နှင့် ရေရှည်ဖြစ်ပေါ်လာနိုင်သည့် အခြေအနေများအတွက် ကြိုတင်တွက်ဆကာ ခြိုးခြံချွေတာရေး ရည်ရွယ်ချက်ဖြင့်သာ ထုတ်ပြန်ခြင်းဖြစ်ကြောင်း ၎င်းက ရှင်းလင်းပြောကြားခဲ့သည်။

#သတင်း #စက်သုံးဆီ #အစ္စ‌ရေး #အမေရိကန် #အီရန် #နေပြည်တော်

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့သို့ ရောက်ရှိနေသည့် နိုင်ငံတော် ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဖေဖော်ဝါရီ...
28/02/2026

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့သို့ ရောက်ရှိနေသည့် နိုင်ငံတော် ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဖေဖော်ဝါရီ ၂၇ ရက်တွင် မြို့ပြဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးစဉ် ရှေးဟောင်းသမိုင်းဝင် ပြင်ဦးလွင်ဘူတာနှင့် ကလောဘူတာတို့အား စနစ်တကျ ထိန်းသိမ်းရန် မှာကြားခဲ့သည်။

ဘူတာရုံများသည် သမိုင်းဝင် အမွေအနှစ်များဖြစ်သည့်အတွက် ဘူတာအဆောက်အဦးများ မပျက်စီးရစေရေး၊ ဘူတာနယ်နိမိတ်အတွင်း သန့်ရှင်းသာယာလှပပြီး ခရီးသွားပြည်သူများအတွက် စိတ်ချမ်းမြေ့ဖွယ် ပတ်ဝန်းကျင် ဖန်တီးပေးရန် ၎င်းက ညွှန်ကြားခဲ့သည်။

မြို့ပြဖွံ့ဖြိုးတိုးတက်ရေးနှင့် စိမ်းလန်းစိုပြေရေးတို့ကို ဖော်ဆောင်ခြင်းဖြင့် ပြည်တွင်းပြည်ပ ခရီးသွားများကို ဆွဲဆောင်နိုင်ပြီး အမျိုးသားဝင်ငွေ တိုးတက်လာစေမည်ဖြစ်ကြောင်း၊ အထူးသဖြင့် ပြင်ဦးလွင်ဘူတာမှ ဂုတ်ထိပ်တံတားသို့ ပြေးဆွဲနေသော ရထားခရီးစဉ်သည် ဒေသဗဟုသုတနှင့် သဘာဝအလှတရားများကို ခံစားခွင့်ရရှိစေသည့်အတွက် ခရီးသည်များ ဘေးကင်းလုံခြုံစွာ လိုက်ပါစီးနင်းနိုင်ရေး ဆောင်ရွက်ရန်လည်း မှာကြားခဲ့သည်။

ထို့ပြင် ပြင်ဦးလွင်မြို့၏ မြို့ပြဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် မြေယာအကျိုးရှိစွာ အသုံးချနိုင်ရေးအတွက် စနစ်တကျ တွက်ချက်အကောင်အထည်ဖော်ရန်နှင့် အနီးစခန်းလေဆိပ် အဆင့်မြှင့်တင်ရေးလုပ်ငန်းများကိုလည်း အနာဂတ် ခရီးသွားလာမှု၊ ကုန်စည်ကူးသန်းရောင်းဝယ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအလားအလာများကို မျှော်မှန်း၍ ရေရှည်အကျိုးရှိစေရေး ဆောင်ရွက်ရန် မှာကြားခဲ့သည်။

ယာယီသမ္မတသည် ပြင်ဦးလွင်ဘူတာနယ်မြေအတွင်း ဆောင်ရွက်နေသော မြို့ပြဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ ရပ်ကွက်ကြီး (၈)၊ (၁၀) နှင့် ပဒေသာမြို့သစ်ရှိ လမ်းများတွင် လမ်းချဲ့ခြင်း၊ လမ်းပြုပြင်ခြင်း၊ ရေမြောင်းတူးဖော်ခြင်းနှင့် ကတ္တရာခင်းခြင်း လုပ်ငန်းများကိုလည်း ကြည့်ရှုစစ်ဆေးခဲ့သည်။

#သတင်း #ယာယီသမ္မတ #ဗိုလ်ချုပ်မှူးကြီး #မင်းအောင်လှိုင် #နေပြည်တော်

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့၌ တည်ဆောက်ထားသည့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစနစ် ပါဝင်သော သုမင်္ဂလာအဆင့်မြ...
27/02/2026

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့၌ တည်ဆောက်ထားသည့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစနစ် ပါဝင်သော သုမင်္ဂလာအဆင့်မြင့်ဈေးကို ယနေ့ ဖေဖော်ဝါရီ ၂၇ ရက် နံနက်ပိုင်းက စတင်ဖွင့်လှစ်ခဲ့သည်။

ဈေးဖွင့်ပွဲသို့ နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ခဲ့ပြီး ဈေး၏ဖွင့်လှစ်ရေးဆိုင်းဘုတ်အား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ မန္တလေးတိုင်းဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဈေးအဆောက်အဦးသစ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။

အဆိုပါ ဈေးသစ်ကြီးကို RC အမျိုးအစား (၆)ထပ် အဆောက်အဦအဖြစ် တည်ဆောက်ထားပြီး စက်လှေကား (၁၂)စင်း၊ ဓာတ်လှေကား (၆)စင်း၊ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစနစ်၊ လုံခြုံရေးစနစ်၊ မီးဘေးကာကွယ်ရေးစနစ်နှင့် သဘာဝဘေးဒဏ်ခံနိုင်မှုစနစ်များ ထည့်သွင်းတည်ဆောက်ထားသည်။

ဈေးအတွင်းတွင် Supermarket၊ ကုန်ခြောက်ဆိုင်များ၊ အဝတ်အထည်နှင့် အလှကုန်ပစ္စည်းဆိုင်များ၊ စားသောက်ဆိုင်များ၊ ကလေးကစားကွင်း၊ ရုပ်ရှင်ရုံများ၊ အားကစားကွင်းတစ်ခုနှင့် ယာဉ်ရပ်နားရန်နေရာတို့ ပါဝင်သည်။

သုမင်္ဂလာအဆင့်မြင့်ဈေးအား ပြင်ဦးလွင်မြို့၏ လူနေထူထပ်မှုနှင့် ခရီးသွားလာမှု များပြားလာခြင်းနှင့်အညီ အဆင့်မြင့် ဈေးဝယ်စင်တာတစ်ခု ဖြစ်ပေါ်လာစေရန်၊ ဒေသထွက်ကုန်များ တစ်နေရာတည်းတွင် စုစည်းရောင်းချနိုင်ရန်နှင့် တောင်ပေါ်မြေပြန့် ကုန်စည်စီးဆင်းမှု ကောင်းမွန်လာစေရန် ရည်ရွယ်၍ တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#သတင်း #ယာယီသမ္မတ #ဗိုလ်ချုပ်မှူးကြီး #မင်းအောင်လှိုင် #နေပြည်တော် #မန္တလေး

နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှို...
25/02/2026

နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ထိုင်းဘုရင့်တပ်မတော် လေတပ်ဦးစီးချုပ် Air Chief Marshal Sakesan Kantha နှင့် ယနေ့နံနက်ပိုင်းက တွေ့ဆုံခဲ့သည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပခဲ့မှု အခြေအနေနှင့် မကြာမီကျင်းပမည့် လွှတ်တော်အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ခဲ့ပြီး ကြီးမားသည့် ကန့်ကွက်မှုများမရှိခြင်း၊ နိုင်ငံရေးအစိုးရများ ပြောင်းလဲသည့်တိုင် တပ်မတော်သည် ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာရေးအတွက် ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရှင်းလင်းပြောကြားခဲ့သည်။

ထို့ပြင် နှစ်နိုင်ငံနှင့် တပ်မတော်နှစ်ရပ်ကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ကောင်းမွန်လျက်ရှိမှု၊ လေ့ကျင့်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ၊ ချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန်သွားရောက်လျက်ရှိမှု နှင့် ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားမည့် အခြေအနေများကိုလည်း ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

#သတင်း #ယာယီသမ္မတ #ဗိုလ်ချုပ်မှူးကြီး #မင်းအောင်လှိုင် #နေပြည်တော်

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့၌ တည်ဆောက်လျက်ရှိသည့် ဟွေထိုက်ရေအားလျှပ်စစ်စီမံကိန်း၏ ...
17/02/2026

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့၌ တည်ဆောက်လျက်ရှိသည့် ဟွေထိုက်ရေအားလျှပ်စစ်စီမံကိန်း၏ အကောင်အထည်ဖော်ဆောင်ရွက်နေမှုကို ယနေ့တွင် နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် ငြိမ်းချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

ကြည့်ရှုစစ်ဆေးပြီးနောက် နိုင်ငံတော်ယာယီသမ္မတက အဆိုပါစီမံကိန်းသည် ဒေသ၏လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအထောက်အကူပြုနိုင်သည့်အတွက် စနစ်တကျ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ရန် မှာကြားခဲ့သည်။

ယင်းစီမံကိန်းအား မိုးရာသီမတိုင်မီ လိုအပ်သည့် အခြေခံအုတ်မြစ် (Foundation) လုပ်ငန်းများ အချိန်မီပြီးစီးရေး၊ လျှပ်စစ်ဓာတ်အားလိုင်းများ ကြိုတင်သွယ်တန်းခြင်းနှင့် ဓာတ်အားဖြန့်ဖြူးရေး အစီအမံများ ကြိုတင်ရေးဆွဲထားရှိရေးတို့ကိုလည်း အလေးထားဆောင်ရွက်ရန် ၎င်းက ထည့်သွင်းမှာကြားခဲ့သည်။

ဆက်လက်၍ နိုင်ငံတော်ယာယီသမ္မတသည် အဆိုပါစီမံကိန်း၏ ပုံစံငယ်နှင့် ဓာတ်အားပေးစက်ရုံ တည်ဆောက်နေမှု အခြေအနေများကိုလည်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဟွေထိုက်ချောင်းပေါ်တွင် ၂၀၂၃ ခုနှစ်မှ စတင်တည်ဆောက်နေသည့် အဆိုပါစီမံကိန်းသည် တပ်ဆင်အင်အား (၄) မဂ္ဂါဝပ် ရှိပြီး စီမံကိန်းပြီးစီးပါက နှစ်စဉ် လျှပ်စစ်ဓာတ်အား (၂၀.၃၈၁) သန်း ကီလိုဝပ်နာရီ ထုတ်လုပ်နိုင်မည်ဖြစ်ကာ လဟယ်မြို့နှင့် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာအုပ်စု (၁၂) ရွာ၊ အိမ်ထောင်စု (၁,၇၁၈) စုအား လျှပ်စစ်မီး ဖြန့်ဖြူးပေးနိုင်မည်ဖြစ်သည်။

#သတင်း #ယာယီသမ္မတ #ဗိုလ်ချုပ်မှူးကြီး #မင်းအောင်လှိုင် #စစ်ကိုင်းတိုင်း #နေပြည်တော်

ရန်ကုန်မြို့၏ အထင်ကရအမှတ်အသားအဖြစ် တည်ဆောက်ထားသော မြန်မာ-ကိုရီးယားချစ်ကြည်ရေး (ဒလ) တံတားကို ဖေဖော်ဝါရီ ၆ ရက် နံနက်ပိုင်း...
06/02/2026

ရန်ကုန်မြို့၏ အထင်ကရအမှတ်အသားအဖြစ် တည်ဆောက်ထားသော မြန်မာ-ကိုရီးယားချစ်ကြည်ရေး (ဒလ) တံတားကို ဖေဖော်ဝါရီ ၆ ရက် နံနက်ပိုင်းက ဖွင့်လှစ်ခဲ့သည်။

နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ခဲ့ပြီး ကမ္ပည်းမော်ကွန်းကို ဖွင့်လှစ်ပေးခဲ့သည်။

အရှည် ၆,၁၂၇ ပေရှိ တံတားကြီးကို ကိုရီးယားနိုင်ငံမှ ချေးငွေ (အမေရိကန်ဒေါ်လာ ၁၅၇.၈၃၃ သန်း) နှင့် နိုင်ငံတော်အစိုးရဘဏ္ဍာငွေ (အမေရိကန်ဒေါ်လာ ၃၀.၃၄၁ သန်း) စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၈၈.၁၇၄ သန်းဖြင့် ၂၀၁၉ ခုနှစ်က စတင်တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

တံတားသည် ယာဉ်လမ်း ၄ လမ်း၊ လူသွားလမ်း ၂ ဘက် ပါရှိပြီး သောက်သုံးရေပိုက်လိုင်းများ တပ်ဆင်ထားသည်။

တံတားဖွင့်လှစ်ပြီးချိန်တွင် ရန်ကုန်မြို့မှ ဒလ၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်နှင့် ဧရာဝတီတိုင်းရှိ မြို့များသို့ သွားလာရေး လွယ်ကူမြန်ဆန်လာမည် ဖြစ်ပြီး ဒေသ၏ စီးပွားရေး၊ လူမှုရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ကဏ္ဍများ တိုးတက်လာမည်ဟု မျှော်မှန်းထားသည်။

#သတင်း #ယာယီသမ္မတ #ဗိုလ်ချုပ်မှူးကြီး #မင်းအောင်လှိုင် #ရန်ကုန် #ဒလတံတား

နိုင်ငံတော်ယာယီသမ္မတ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သိပ္ပံနှင့် နည်းပညာကဏ္ဍကို နိုင်ငံတော်၏ အနာဂတ်အင်အားအဖြစ် ရှုမ...
05/02/2026

နိုင်ငံတော်ယာယီသမ္မတ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သိပ္ပံနှင့် နည်းပညာကဏ္ဍကို နိုင်ငံတော်၏ အနာဂတ်အင်အားအဖြစ် ရှုမြင်ကြောင်း ပြောကြားခဲ့သည်။

သိပ္ပံ၊ နည်းပညာနှင့် ကွန်ပျူတာ တက္ကသိုလ်များ၏ အရည်အသွေး မြှင့်တင်ပေးနေခြင်းသည် နိုင်ငံတော် အတွက် အနာဂတ်အင်အားကို တည်ဆောက်ခြင်းဖြစ်သည်ဟု ဆိုသည်။ နေပြည်တော်ရှိ Naypyitaw State Academy နှင့် Naypyitaw Polytechnic University တို့ကို ကမ္ဘာ့အဆင့်မီဖွင့်လှစ်ခြင်းနှင့် တိုင်းဒေသကြီးအသီးသီးတွင် Polytechnic University များ တည်ထောင်ခြင်းသည် အဆင့်မြင့် အင်ဂျင်နီယာနှင့် သုတေသနပညာရှင်များ မွေးထုတ်ရန် အရေးပါသော ခြေလှမ်းများဖြစ်သည်ဟု ထောက်ခံပြောကြားခဲ့သည်။

ယခုလုပ်ဆောင်နေသော ပြုပြင်ပြောင်းလဲမှုများသည် နောင်နှစ်ပေါင်းများစွာအတွက် နိုင်ငံတော်၏ လူမှုစီးပွားဖွံ့ဖြိုးရေး အုတ်မြစ်ကောင်းများ ဖြစ်လာမည်ဟု မျှော်မှန်းသည်။ ရန်ကုန်တက္ကသိုလ်၏ သမိုင်းဝင်အဆောက်အအုံများ ထိန်းသိမ်းခြင်း၊ သင်ကြားရေးနှင့် သုတေသနများကို နိုင်ငံတကာစံနှုန်းများနှင့်အညီ အဆင့်မြှင့်တင်ခြင်းတို့ဖြင့် မျိုးဆက်သစ်များအတွက် ဂုဏ်ယူဖွယ် ပညာရေး ပတ်ဝန်းကျင်ကောင်း တည်ဆောက်သွားမည်ဟု ကတိပြုခဲ့သည်။

ယနေ့ (ဖေဖော်ဝါရီ ၅ ရက်) နံနက်ပိုင်းတွင် ရန်ကုန်တက္ကသိုလ်၌ ကျင်းပသည့် ဂုဏ်ထူးဆောင်ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုပါရဂူဘွဲ့ အပ်နှင်းခြင်းအခမ်းအနားတွင် ပြောကြားခြင်းဖြစ်သည်။

#သတင်း #ယာယီသမ္မတ #ဗိုလ်ချုပ်မှူးကြီး #မင်းအောင်လှိုင် #နေပြည်တော် #နည်းပညာ

Address


Website

Alerts

Be the first to know and let us send you an email when Naypyidaw Post posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Want your business to be the top-listed Media Company?

Share