Thayetchaung People News

  • Home
  • Thayetchaung People News

Thayetchaung People News Need Democracy

ခရီးသွားမိဘပြည်သူများထံသို့ မေတ္တာရပ်ခံချက်စာအမှတ်။ ။ ၀၄၉/၂၀၂၃ရက်စွဲ။ ။ ၁ရက်၊နိုဝင်ဘာလ၊၂၀၂၃ ခုနှစ်                      ...
01/11/2023

ခရီးသွားမိဘပြည်သူများထံသို့ မေတ္တာရပ်ခံချက်
စာအမှတ်။ ။ ၀၄၉/၂၀၂၃
ရက်စွဲ။ ။ ၁ရက်၊နိုဝင်ဘာလ၊၂၀၂၃ ခုနှစ်

ထားဝယ်ခရိုင် ၊ သရက်ချောင်းမြို့နယ်အတွင်း ခရီးသွားမိဘပြည်သူများခင်ဗျား…
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ နှင့် အကြမ်းဖက်စစ်ကောင်စီတပ်တို့မှာ စစ်ရေးအလွန်တင်းမာနေပြီး တိုက်ပွဲများဖြစ်ပွါးနေသည်မှာ မိဘပြည်သူများအသိပင်ဖြစ်သည်။သို့ဖြစ်ပါသောကြောင့်မိဘပြည်သူများအနေဖြင့် စကစတပ်များနှင့် အတူယှဉ်တွဲသွားလာနေမှုများကို မလုပ်ဆောင်ကြရန် မေတ္တာရပ်ခံအပ်ပါသည်။အကယ်၍ စကစယာဉ်များနှင့် အတူယှဉ်တွဲသွားလာမှုများကြောင့် ထိခိုက်ဆုံးရှုံးမှုများ ဖြစ်ပွါးလာပါက ကျွန်ပ်တို့ကာကွယ်ရေးတပ်အဖွဲ့များက တာဝန်ယူဖြေရှင်ပေးမည်မဟုတ်ကြောင်းနှင့် သွားလာသူများ၏ တာဝန်သာဖြစ်ကြောင်း အသိပေးထုတ်ပြန်အပ်ပါသည်။

ခရီးသွား မိဘပြည်သူများအနေဖြင့် သရက်ချောင်းမြို့နယ် မြိတ်-ထားဝယ် ပြည်ထောင်စုလမ်းမကြီးအား အသုံးပြု၍ ခရီးသွားလာခြင်းအား မနက်(၅:၀၀)နာရီမှ ည(၇း၀၀)နာရီအထိသာ သွားလာပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။နောက်ထပ်ကြေငြာချက်မထုတ်ပြန်မှီကာလအထိ ဤထုတ်ပြန်ချက်အတိုင်း လိုက်နာပူးပေါင်းဆောင်ရွက်ပေးပါရန် မိဘပြည်သူများ၏ လုံခြုံရေးကိုရှေးရှု၍မေတ္တာရပ်ခံပန်ကြားအပ်ပါသည်။

မိဘပြည်သူများအနေဖြင့် စစ်အာဏာရှင်တော်လှန်ရေးအတွင်း ပူးပေါင်းဆောင်ရွက်ပေးနိုင်ကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

#သရက်ချောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့_ပကဖ

သရက်ချောင်းမြို့မရဲစခန်းတိုက်ခိုက်ခံရပြီ ရဲတပ်သားနှင့်စစ်ကောင်စီတပ်သား ၅ဉီး​ေ.သ ၆ဉီးဒဏ်ရာရ     တနင်္သာရီတိုင်းဒေသကြီး ၊ ...
29/10/2023

သရက်ချောင်းမြို့မရဲစခန်းတိုက်ခိုက်ခံရပြီ ရဲတပ်သားနှင့်စစ်ကောင်စီတပ်သား ၅ဉီး​ေ.သ ၆ဉီးဒဏ်ရာရ

တနင်္သာရီတိုင်းဒေသကြီး ၊ ထားဝယ်ခရိုင် ၊ သရက်​ချောင်းမြို့နယ်၊ သရက်ချောင်းမြို့မရဲစခန်းနှင့် ထားဝယ်မြို့နယ် ရောင်းမော်ကျေးရွာရှိပျူစောထီးစခန်းငယ်တို့ကို ၂၀၂၃ ခုနှုစ်၊အောက်တိုဘာလ၊ ၂၅ရက်၊ နံနက် ၅း၃၀ နာရီတွင် သရက်ချောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)အဖွဲ့ဝင်အဖွဲ့များ နှင့် မဟာမိတ်ပူးပေါင်းတပ်အဖွဲ့များမှ တစ်ပြိုင်တည်း လက်နက်ကြီး လက်နက်ငယ်များဖြင့် ပ.စ်ခ.တ်တို.က်ခိုက်ခဲ့သည်။

သရက်ချောင်းမြို့မရဲစခန်းတွင် နှစ်ဖက်ပြန်လှန်ပစ်ခတ်မှု ၃၀မိနစ်ခန့်အကြာပစ်ခတ်ခဲ့ပြီး သရက်ချောင်းမြို့ပေါ်ရှိစစ်ကောင်စီတပ်ရင်းများမှ လက်နက်ကြီးများဖြင့်ပြန်လည်ပစ်ခတ်မှုကြောင့် မဟာမိတ်ပူးပေါင်းတပ်အဖွဲ့များမှ ပြန်လည်ဆုတ်ခွာခဲ့ရသည်။ထိုတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သား ၆ဦး​ေ.သ ၅ဦး ဒဏ်ရာရရှိခဲ့ပြီး ပြည်သူ့ကာကွယ်ရေး ရဲဘော် ၁ဦး ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့သည်။

စစ်ကောင်စီတပ်များ၏ လက်နက်ကြီးများ ရမ်းသန်း ပ.စ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူနေအိမ်သို့ကျရောက်ပေါက်ကွဲကာ ပြည်သူ ၃ဦး အထိခိုက် ဒဏ်ရာရရှိခဲ့သည်။

အဆိုပါတို.က်ခိုက်မှုတွင် သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)အဖွဲ့ဝင်အဖွဲ့များဖြစ်သော ထားဝယ်နဂါးတပ်ခွဲ(၂)၊ဒေါင်းမင်းစစ်ဆင်ရေး၊သရက်ချောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးပြောက်ကျားတပ်အဖွဲ့၊ထားဝယ်တောင်ပိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့၊ထားဝယ်လူငယ်လက်ရုံးတပ် နှင့်မဟာမိတ်ဖြစ်သော Dawei Defense Team နှင့် ထားဝယ်ပူးပေါင်းစစ်ကြောင်းတို့မှ အတူပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ကြေညာထားသည်။

04/08/2023

ထားဝယ်မြို့နယ်နှင့် ၁.၅မိုင်ခန့် အကွာအဝေးရှိ စော်ဝရွာအနီးရှိ ရွှေဂူတံတားဂိတ်စခန်း နှင့် ရောင်းမော်ကျေးရွာတွင် ယတြာချေရန် လူစုနေသော ဗျူစောထီးတို့ကို ထားဝယ်တောင်ပိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ နှင့် ထားဝယ်လူငယ်လက်ရုံးတပ်တို့မှ ပ*စ်ခတ် တို*က်ခိုက်ခဲ့သည့် Video ဖိုင်

ရေလယ်ကျွန်းတပ်ပေါင်းစုက ပစ်ခတ်လို့  MG 6 ပြောက်ကျားတပ်ရင်းမှူး ဗိုလ်ကျော်လင်းထွန်း ကျဆုံးရေစကြို၊ ဩဂုတ် ၄၊ ၂၀၂၃၊၊မကွေးတိ...
04/08/2023

ရေလယ်ကျွန်းတပ်ပေါင်းစုက ပစ်ခတ်လို့ MG 6 ပြောက်ကျားတပ်ရင်းမှူး ဗိုလ်ကျော်လင်းထွန်း ကျဆုံး

ရေစကြို၊ ဩဂုတ် ၄၊ ၂၀၂၃၊၊

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်း၊ ကန်ဦးရွာစာသင်ကျောင်းအနီးမှာ မြင်းခြံခရိုင်တပ်ရင်း ၅ MG 6 ပြောက်ကျားတပ်ဖွဲ့ကို ရေလယ်ကျွန်းတပ်ပေါင်းစုအဖွဲ့က ဒီနေ့ မနက် ၉ နာရီခန့်မှာ ရုတ်တရက်ပစ်ခတ် တိုက်ခိုက်ခဲ့တာကြောင့် MG 6 ပြောက်ကျားတပ်ဖွဲ့မှ တပ်ရင်းမှူး ဗိုလ်ကျော်လင်းထွန်း ကျဆုံးခဲ့တယ်လို့ အပစ်ခံလိုက်ရတဲ့ တပ်ရင်း ၅ မှ တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

"ကျနော်တို့ MG 6 ပြောက်ကျားတပ်က မြင်းခြံတပ်ရင်းက ဧည့်သည်နဲ့ စကားပြောနေချိန် သုံးဖွဲ့ဝိုင်း ပစ်တာ။ ရေလယ်ကျွန်း‌တပ်ပေါင်းစုနဲ့ မြေတော်ကတပ်တို့ ပါပါတယ်။ ကျနော်တို့ တပ်ရင်းမှူးလုပ်ကြံခံ လိုက်ရပါတယ်။ တပ်ရင်းမှူးရဲ့ အလောင်းကိုလည်း ကောက်လို့ မရသေးပါဘူး။ တပ်ရင်းမှူးရဲ့ကားကို မောင်းပေးတဲ့သူကိုလည်း ဆက်သွယ်လို့မရပါဘူး။ ခုလိုဖြစ်နေတာတွေကို MOD, NUG အနေနဲ့ ဘယ်လိုဖြေရှင်းပေးမလဲဆိုတာ သိချင်ပါတယ်" လို့ MG 6 တပ်ဖွဲ့၀င် ရဲဘော်တဦးက မြေလတ်အသံကို ပြောပါတယ်။

အဆိုပါပစ်ခတ်ခံရတဲ့ဖြစ်စဉ်တွင် သေဆုံးသွားတဲ့ တပ်ရင်းမှူးဟာ မြင်းခြံခရိုင်တပ်ရင်း ၅ မှ တပ်ရင်းမှူး ဗိုလ်ကျော်လင်းထွန်းဖြစ်ပြီး လက်ရှိမှာ MG 6 တပ်စွဲအခြေချတဲ့ရွာကို ရေလယ်ကျွန်းတပ်ပေါင်းစုက ကင်းချထားပြီး လှုပ်ရှားမှုကို စောင့်ကြည့်နေလို့ တပ်ရင်းမှူးအလောင်းကို သယ်ယူနိုင်ခြင်း မရှိသေးဘူးလို့ သိရပါတယ်။

MG 6 တပ်ရင်းဟာ တော်လှန်ရေးစချိန်ကတည်းက မကွေးတိုင်းထဲမှာ အခြေချပြီး တိုက်ပွဲများဖော်ဆောင်နေတဲ့ တပ်ဖွဲ့ဖြစ်ပြီး လက်ရှိတိုက်ခိုက်ခံရတာနဲ့ပတ်သက်လို့ ဘာကြောင့် တိုက်တယ်ဆိုတာ မသိသေးဘူးလို့ မြင်းခြံခရိုင်တပ်ရင်း ၅ MG 6 တပ်ဖွဲ့က ဆိုပါတယ်။

မြင်းခြံခရိုင်တပ်ရင်း ၅ MG 6 ပြောက်ကျားတပ်ရင်းမှူး လုပ်ကြံခံရတာနဲ့ပတ်သက်လို့ မြေလတ်သတင်း ဌာနက ရေလယ်ကျွန်းတပ်ပေါင်းစုအဖွဲ့ထံ ဖုန်းဆက်သွားမေးမြန်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

“MG 6 ပြောက်ကျားတပ် မြင်းခြံခရိုင်တပ်ရင်း ၅ နဲ့ ရေစကြို ပကဖလက်အောက်ခံအဖွဲ့တွေနဲ့ ပစ်ခတ်နေတာလို့ ကျနော်တို့ကြားထားတယ်။ MG 6 ခေါင်းဆောင်တော့ သေသွားပြီ။ ဘယ်လိုမျိုး ပြဿနာစဖြစ်တာလည်းတော့ ကျနော်တို့မသိဘူး။ အဲဒီအဖွဲ့က တော်လှန်ရေးစကတည်းက မကွေးတိုင်းထဲမှာ တိုက်နေကြတာ။ နေကြတာလည်းကြာပြီ။ တခြားအဖွဲ့အစည်းတွေနဲ့ ပြဿနာဖြစ်တာတွေလည်း မရှိပါဘူး” လို့ ဒေသခံတဦးက ပြောပါတယ်။

မြင်းခြံမြို့ ကိုယ်စားပြု MG 6 ပြောက်ကျားတပ်ရဲ့ ခေါင်းဆောင် ဗိုလ်ကျော်လင်းထွန်းဟာ အသက် ၂၆ နှစ်အရွယ်ရှိပြီး မြင်းခြုံမြို့၊ အမှတ် ၆ ရပ်ကွက်ကဖြစ်ပါတယ်။ မြင်းခြံမြို့ပေါ်က လူထုဆန္ဒပြပွဲတွေကို စစ်တပ်က အကြမ်းဖက်ဖြိုခွင်းတာတွေလုပ်လာတဲ့အခါ ကိုကျော်လင်းထွန်းဟာ ရပ်ကွက်မှာ ခံတပ်တခုဆောက်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို Air gun၊ Gas gun တွေက စတင်တော်လှန်ခဲ့ပါတယ်။

သူတို့ရဲ့ ရပ်ကွက်ခံတပ်စခန်းအဖြိုခံလိုက်ရတဲ့နောက်မှာတော့ ကိုကျော်လင်းထွန်းဟာ မြင်းခြံကိုယ်စားပြုတဲ့ MG6 ပြောက်ကျားတပ်ကို စတင်ဖွဲ့စည်းခဲ့ပြီး လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကို စတင်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာတော့ မြို့ပေါ်မှာကျန်ခဲ့တဲ့ မိဘတွေနဲ့ပါ အဆက်အသွယ်မရတော့ဘဲ မိသားစုရဲ့ ပိုင်ဆိုင်မှုတွေအားလုံးပါ ချိတ်ပိတ်ခံလိုက်ရပါတယ်။

သတင်း - ဒိန်းဂျား၊ စာတည်း - လင်းဇေ

#မြေလတ်အသံ
#မကွေး #ရေလယ်ကျွန်း #ဗိုလ်ကျော်လင်းထွန်း #လုပ်ကြံ #မြင်းခြံ #သတင်း /

30/07/2023

ရံပုံငွေကံစမ်းမဲရောင်းအားမြှင့်တင်ရေးစကားဝိုင်း

23/07/2023

တိုက်ပွဲသတင်းထုတ်ပြန်ကြေညာချက်

ရက်စွဲ ။ ။ ၂၃ရက် ၊ ဇူလှိုင်လ ၊ ၂၀၂၃ ခုနှစ်

#ထားဝယ်လူငယ်လက်ရုံးတပ်
#သရက်ချောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့_ပကဖ
#ဒေါင်းညီနောင်စစ်ကြောင်း

ထားဝယ်ခရိုင် ၊ သရက်ချောင်းမြို့နယ်တွင် တော်လှန်ရေးလူငယ်များနှင့် ပြည်သူလူထုများပူးပေါင်းကာ ၂၃ရက် ၊ ဇူလှိုင်လ ၊ ၂၀၂၃ ခုနှ...
23/07/2023

ထားဝယ်ခရိုင် ၊ သရက်ချောင်းမြို့နယ်တွင် တော်လှန်ရေးလူငယ်များနှင့် ပြည်သူလူထုများပူးပေါင်းကာ ၂၃ရက် ၊ ဇူလှိုင်လ ၊ ၂၀၂၃ ခုနှစ်တွင် ကျဆုံးသွားသော အာဇာနည်သူရဲကောင်းများအား အလေးပြုချင်းနှင့် သူရဲကောင်းတို့သွေး ဘယ်တော့မှမခန်းခြောက်ဘူးဟေ့ ဘန်နာဖြင့် အကြမ်းမဖက်သပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့သည်။

ဓာတ်ပုံ - သရက်ချောင်းမြို့နယ်သပိတ်ကော်မတီ

19/07/2023

***19 July မမေ့နိုင်***
ဗိုလ်ချုပ်အောင်ဆန်း နှင့်တကွ ကျဆုံးခဲ့ရသော အာဇာနည်ဖခင်ကြီးများ နှင့် နွေဉီးတော်လှန်ရေးအတွင်းကျဆုံးခဲ့သော အာဇာနည်သူရဲကောင်းများအား အလေးပြုခြင်း နှင့် ပန်းခွေချခြင်းများကို သရက်ချောင်းမြို့နယ်ခြေစိုက် ထားဝယ်လူငယ်လက်ရုံးတပ် နှင့် ထားဝယ်နဂါးတပ်ခွဲ(၂) ရဲဘော်များ ပူးပေါင်းကာ ၁၉ရက် ၊ ၇လ ၊ ၂၀၂၃ ခုနှစ်တွင် ပြုလုပ်ခဲ့သည်။

#အာဇာနည်နေ့ဒို့မမေ့
ေ့နိုင်
#ထားဝယ်လူငယ်လက်ရုံးတပ်
#ထားဝယ်နဂါးတပ်ခွဲ၂

ရငဲရွာက နေအိမ်တွေကိုစစ်ကောင်စီတပ် မီးထပ်ရှို့နေတနင်္သာရီတိုင်းမ်၊ ဇွန် ၂၆သရက်ချောင်းမြို့နယ်၊ ရငဲရွာမှာတပ်စွဲထားတဲ့ စစ်က...
26/06/2023

ရငဲရွာက နေအိမ်တွေကိုစစ်ကောင်စီတပ် မီးထပ်ရှို့နေ

တနင်္သာရီတိုင်းမ်၊ ဇွန် ၂၆

သရက်ချောင်းမြို့နယ်၊ ရငဲရွာမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ရွာထဲကနေအိမ်တွေကို မီးထပ်ရှို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုမနက် ၈နာရီခွဲလောက်မှာ ရွာထဲကမီးခိုးတွေကို စမြင်ရတာဖြစ်ပြီး ရငဲရွာရဲ့ အင်းဘူးအပိုင်းနဲ့ ရွာလယ်ပိုင်းဘက်က ထွက်လာတာလို့ ဒေသခံတွေ ပြောပြချက်အရ သိရပါတယ်။

အခုမနက်မီးရှို့ခံထားရတဲ့နေအိမ်ကတော့ ၃ ဆောင်ခန့်ရှိပြီလို့ ​​ဒေသခံကပြောပါတယ်။

"အခုထိမီးခိုးတွေထွက်နေတုန်းပဲ။ သူတို့ကရွာထဲကတိုက်တွေပေါ်မှာနေတာ။ ဘယ်သူ့အိမ်တွေအရှို့ခံထားရလဲတော့မသိသေးဘူး။ ရွာထဲမှာလည်းတယောက်မှမရှိဘူး" လို့​ဒေသခံတစ်ဦးက အခုမနက် ၉နာရီခွဲဝန်းကျင်မှာ ပြောပါတယ်။

ရငဲရွာကဒေသခံတွေဟာ အခုလ ၈ ရက်နေ့စစ်ကောင်စီစစ်ကြောင်းဝင်တဲ့အချိန်ကစလို့ ရွာလုံးကျွတ် စစ်ဘေးရှောင်နေရတာဖြစ်ပါတယ်။

စစ်ကောင်စီတပ်က ရငဲရွာကမြွေတောင်နဲ့ ရွာထဲမှာတပ်စွဲနေထိုင်နေပြီး ရွာထဲကနေအိမ်တွေကိုဖျက်ဆီးတာ၊ ပစ္စည်းတွေခိုးယူတာတွေပြုလုပ်ထားသလို ရွာထဲပြန်ပြီး နေအိမ်က ပစ္စည်းလာယူတဲ့ ရွာခံတွေကို ဝင်ခွင့်မပေးဘူးလို့ သိရပါတယ်။

"အိမ်တွေမှာလည်းကုန်ပြီ။ အမျိုးမျိုးဖျက်ဆီးပြီးလုပ်ချင်သလိုလုပ်ထားတယ်တဲ့။ မနေ့ကဆိုရင် ဘုန်းကြီးကားတောင်ရွာထဲအဝင်မခံဘူး" လို့ ဒေသခံနောက်ထပ်တစ်ဦးက ပြောပါတယ်။

အခုလ ၁၁ ရက်နေ့နဲ့ ၁၆ရက်နေ့တွေမှာလည်း ရငဲရွာကနေအိမ် ၅ဆောင်ကိုစစ်ကောင်စီတပ်က မီးရှို့ခဲ့တာကြောင့် လက်ရှိအချိန်ထိ ရငဲရွာမှာ မီးရှို့ခံရတဲ့ နေအိမ် ၈ ဆောင်ခန့်ရှိပြီဖြစ်ပါတယ်။

The Tanintharyi Times

ရုပ်သံ - ရွာထဲက မီးခိုးတွေထွက်နေတာကို အဝေးက လှမ်းမြင်နေရတဲ့ မြင်ကွင်း။ (ပေးပို့)

(တနင်္သာရီတိုင်းမ်သတင်းဌာနရဲ့သတင်းတွေကို ဖတ်ရှုနိုင်နားဆင်နိုင်ဖို့ https://www.youtube.com/c/TheTanintharyiTimes မှာ Subscribe လုပ်ပါ)

သရက်ချောင်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်သားများမှ  နည်းမျိုးစုံဖြင့် ခြိမ်းခြောက်၍ ခိုးယူ/လုယူပါ ပစ္စည်းများကို ပြည်သူပိုင...
16/06/2023

သရက်ချောင်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်သားများမှ နည်းမျိုးစုံဖြင့် ခြိမ်းခြောက်၍ ခိုးယူ/လုယူပါ ပစ္စည်းများကို ပြည်သူပိုင်ကားများဖြင့် သယ်ယူစေသည့်အခါ ကားသမားများအ​​ဖြင့် မသယ်ဆောင်ပေးရန် သရက်ချောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ထုတ်ပြန်

ထားဝယ် ၊ ၁၆ရက် ဇွန်လ ၂၀၂၃ ခုနှစ်

အကြမ်းဖက်ကောင်စီတပ်သားများသည် တနင်္သါရီတိုင်းဒေသကြီး သရက်ချောင်းမြို့နယ်ရှိ မင်းဒပ် ၊ သိမ်ကုန်း ၊ ဝဲရစ် ၊ ကမြိုင် ၊ ရငဲ ၊ ကျွဲမင်းကုန်း ၊ ကျောက်ခမောက် နှင့် ကနက်သီရိကျေးရွာများသို့ ၈ရက် ၊ ဇွန်လ ၊ ၂၀၂၃ ခုနှစ် မှ စစ်ကြောင်းထိုးဝင်ရောက်လျက်ရှိသည်။

ထိုသို့ဝင်ရောက်စဉ်တွင် အများပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်ကို နည်းမျိုးစုံဖြင့် ​​ခြိမ်းခြောက်၍ လူသတ်ခြင်း ၊ ပြည်သူပစ္စည်းဉစ္စာများကို ခိုးယူ/လုယူခြင်းများပြုလုပ်နေပြီး အဆိုပါ ခိုးရာ/လုရာပါ ပစ္စည်းများကို အများပြည်သူပိုင်ခရီးသွားကားများဖြင့် သယ်ဆောင်ခိုင်းနေသည်ဟု သိရှိရပါသည်။

သို့အတွက်ကြောင့် ခရီးသွားကားပိုင်ရှင်များအနေဖြင့် စစ်ကောင်စီတပ်များခိုင်းစေသည့်အတိုင်း မလုပ်ဆောင်ပဲ ငြင်းဆိုကြရန် မိမိတို့အနေဖြင့် ပန်ကြားတိုက်တွန်းပါသည်။

အကယ်၍ခိုင်းစေသည့်အတိုင်း လုရာ/ခိုးရာပါ ပစ္စည်းများကို သယ်ဆောင်ပေးသည်ဟု သိရှိရပါက ကားပိုင်ရှင်အား စစ်ကောင်စီအားပေးမှုဖြင့် အရေးယူသွားမည်ဖြစ်ကြောင်းလည်း တစ်ပါတည်းအသိပေးအပ်ပါသည်ဟု သရက်ချောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) မှ ထုတ်ပြန်ကြေညာထားသည်။

ပုံစာ - သရက်ချောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)

သရက်ချောင်းတွင် စစ်ကောင်စီသားများနှင့် ပျူစောထီးတို့တပ်စွဲထားသည့် ကာကင်းစခန်းအား ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့များမှ မီ...
15/06/2023

သရက်ချောင်းတွင် စစ်ကောင်စီသားများနှင့် ပျူစောထီးတို့တပ်စွဲထားသည့် ကာကင်းစခန်းအား ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့များမှ မီးရှို့ဖျက်ဆီး ၊ စစ်သုံးပစ္စည်းအချို့ သိမ်းဆီးရမိ

ထားဝယ် ၊ ၁၅ရက် ဇွန်လ ၂၀၂၃ ခုနှစ်

ထားဝယ်ခရိုင် ၊ သရက်ချောင်းမြို့မှ အရှေ့မြောက်ဘက် (၂)မိုင်အကွာဧရိယာတွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်သားများ နှင့် ပျူစောထီးတို့၏ ကာကင်းစခန်းအား ၁၂ရက် ၊ ဇွန်လ ၊ ၂၀၂၃ခုနှစ် နံနက် ၅နာရီ ၃ဝမိနစ်တွင် သရက်ချောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ) အဖွဲ့ဝင်တပ်ဖွဲ့များမှ ဝင်ရောက်စီးနင်းတိုက်ခိုက်သိမ်းပိုက်ခဲ့သည်။
ကာကင်းစခန်းသိမ်းတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်သားများ နှင့် ပျူစောထီးများမှာ ထွက်ပြေးသွားခဲ့သည်။အကြမ်းဖက်စစ်ကောင်စီတပ်သားများ နှင့် ပျူစောထီးများနေထိုင်ရာ အဆောက်အအုံများကို မီးရှို့ဖျက်ဆီးနိုင်ခဲ့ပြီး စခန်းအတွင်းရှိ စကားပြောစက် (၂)လုံး အပါအဝင် စစ်အသုံးဆောင်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့သည်။
ဆိုပါကာကင်းစခန်းသိမ်းတိုက်ပွဲကို သရက်ချောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ) အဖွဲ့ဝင်တပ်ဖွဲ့များဖြစ်သော ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့ ၊ ထားဝယ်နဂါးတပ်ခွဲ(၂) ၊ ထားဝယ်တောင်ပိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ သရက်ချောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးပြောက်ကျားတပ်အဖွဲ့တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရပ်ရွာနေပြည်သူလူထုများ နှင့် လုံးဝ(လုံးဝ) မသက်ဆိုင်ကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်ဟု သရက်ချောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)မှ ထုတ်ပြန်ထားသည်။

ပုံစာ - သရက်ချောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)

မိဘပြည်သူများခင်ဗျား..... ကျွန်ပ်တို့ ပြည်သူ့ကာကွယ်ရေးတပ်များ နှင့် အကြမ်းဖက်စစ်ကောင်စီတပ်တို့မှာ စစ်ရေးအလွန်တင်းမာနေပြီ...
15/06/2023

မိဘပြည်သူများခင်ဗျား..... ကျွန်ပ်တို့ ပြည်သူ့ကာကွယ်ရေးတပ်များ နှင့် အကြမ်းဖက်စစ်ကောင်စီတပ်တို့မှာ စစ်ရေးအလွန်တင်းမာနေပြီး တိုက်ပွဲများ နေ့စဉ်ရက်ဆက်ဖြစ်ပွားနေသည်မှာ မိဘပြည်သူများ အသိပင်ဖြစ်သည်။သို့ဖြစ်ပါ၍ မိဘပြည်သူများအနေဖြစ် အောက်ဖော်ပြပါ အချက်များအား လိုက်နာပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

၁။ အကြမ်းဖက်စစ်ကောင်စီတပ်သားများအား သယ်ယူပို့ဆောင်းပေးခြင်းမပြုလုပ်ရန်။
၂။အကြမ်းဖက်စစ်ကောင်စီ ထုတ်ကုန်ပစ္စည်းများ၊ စားနပ်ရိက္ခာများအား သယ်ယူပို့ဆောင်ပေးခြင်း မပြုလုပ်ရန်။
၃။အကြမ်းဖက်စစ်ကောင်စီတပ်၏ လက်နှက်ခဲယမ်းများ သယ်ယူပို့ဆောင်ပေးခြင်း မပြုလုပ်ရန်။
၄။နံနက် ၆း၀၀ နာရီ မှ ည ၉း၀၀ နာရီထိသာ သွားလာကြရန်။
အထက်ပါဖော်ပြပါအချက်များအား ပူပေါင်းလိုက်နာခြင်းမရှိဘဲ ဖောက်ဖျက်ကျူးလွန်ပါက ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းထုတ်ပြန်ကြေညာအပ်ပါသည်။

မိဘပြည်သူများအနေဖြစ် စစ်အာဏာရှင်တော်လှန်ရေးအတွင်း ပူးပေါင်းပါဝင်ပေးကြပါရန် ထပ်မံမေတ္တာရပ်ခံပန်ကြားအပ်ပါသည်ဟု သရက်ချောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်အဖွဲ့(ပကဖ) မှထုတ်ပြန်ကြေညာထားပါသည်။

ပုံစာ-သရက်ချောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်အဖွဲ့(ပကဖ)

Address


Website

Alerts

Be the first to know and let us send you an email when Thayetchaung People News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Thayetchaung People News:

Shortcuts

  • Address
  • Alerts
  • Contact The Business
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share