Moe Thar Yeik Media

  • Home
  • Moe Thar Yeik Media

Moe Thar Yeik Media ပြည်သူ့မီဒီယာအဖြစ်(2021)ခု့နှစ်lမေလအတွ

ချောင်းဦးမြို့နယ် မှန်ချိုကျေးရွာမှ စစ်ကောင်စီကအာဏာသိမ်းပြီးမကြာမီကာလတွင် ဒလန်အဖြစ်သတ်မှတ်ခံထားရသူ ကိုကိုလေးဆိုသူ၏ဓာတ်ပု...
23/05/2023

ချောင်းဦးမြို့နယ် မှန်ချိုကျေးရွာမှ စစ်ကောင်စီကအာဏာသိမ်းပြီးမကြာမီကာလတွင် ဒလန်အဖြစ်သတ်မှတ်ခံထားရသူ ကိုကိုလေးဆိုသူ၏ဓာတ်ပုံပေါ်ထွက်လာပြီဖြစ်သည်။

လက်ရှိတွင် မန္တလေးတိုင်း/ကျောက်ဆည်ခရိုင်/ဂျိုစု့ရွာတွင်နေထိုင်နေကြောင်း သိရသည်။

14/10/2022

မှန်ချိုကျေးရွာတွင် စစ်ကောင်စီတပ်က အောက်တိုဘာလ(၁၄)ရက် ယနေ့ညနေ (၆)နာရီ ဝန်းကျင်ခန့်တွင် မှန်ချိုကျေးရွာ၏အရှေ့ဖျား ဆိုင်ကယ်ဝပ်ရှော့ဆိုင် နှင့် နေအိမ်များကိုစတင်မီးရှို့နေပြီဖြစ်ကြောင်း ကနဦးသိရသည်။

#မိုးသားရိပ်မီဒီယာ

မုံရွာ-မန္တလေးလမ်းပိုင်းနှင့် ချောင်းဦးတွင် စစ်ကောင်စီတပ်ဖွဲ့များ တိုက်ခိုက်ခံရပြီး ၂၈ ဦးသေဆုံးချောင်းဦး၊ ဇူလိုင် ၂၆စစ်က...
26/07/2022

မုံရွာ-မန္တလေးလမ်းပိုင်းနှင့် ချောင်းဦးတွင် စစ်ကောင်စီတပ်ဖွဲ့များ တိုက်ခိုက်ခံရပြီး ၂၈ ဦးသေဆုံး

ချောင်းဦး၊ ဇူလိုင် ၂၆

စစ်ကိုင်းတိုင်း မုံရွာ-မန္တလေး လမ်းပိုင်းနှင့် ချောင်းဦးတို့တွင် အကြမ်းဖက် စစ်တပ် ကင်းပုန်းနှင့် ယာဥ်တန်းများကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ယမန်နေ့ ဇူလိုင်လ ၂၅ ရက်နေ့တွင် မိုင်းဆွဲခြင်း၊ ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခြင်းကြောင့် စစ်သား ၂၈ ဦးသေဆုံးခဲ့ကြောင်း မြောင်မြို့နယ် တော်လှန်ရေးတပ် (MRA) တပ်ဖွဲ့ထံမှ သိရသည်။

မုံရွာမြို့ အခြေစိုက် အနောက်မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ထွက်လာသည့် စစ်ကား ၂၂ စီးသည့် ချောင်းဦး ဘောလုံးကွင်းထဲမှ စစ်သား ၅၀ ခန့်တင်ဆောင်ပြီး ကား ၁၆ စီးဖြင့် မြင်းမူဘက်ကို ထွက်ခွာလာစဥ် ဇူလိုင်လ ၂၆ ရက်နေ့တွင် ငါးယှန်ရွာအရှေ့ဘက်၌ မြောင်မြို့နယ် တော်လှန်ရေးတပ် (MRA) တပ်ရင်း ၅နှင့် Farmer Revolution Force (FRA - Chaung Oo) တပ်ဖွဲ့မှ ပဒေသာမိုင်းများဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၂၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

မုံရွာ-မန္တလေး လမ်းပိုင်းတွင် ဇူလိုင်လ ၂၅ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်၌ ချောင်းဦးမြို့မှ စစ်တပ် ယာဥ်တန်းအား လုံခြုံရေး ပေးရန် ထွက်ခွာလာသော အင်အား ၃၀ ပါ စစ်တပ် စစ်ကြောင်းကို ဂွေးပင်တော ကျေးရွာအနီး MRA စစ်ကိုင်းခရိုင် တပ်ရင်း ၅ မှ မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မုံရွာ-မန္တလေး လမ်းပိုင်း သရက်ခြံအတွင်းမှ စစ်တပ် ယာဥ်တန်းကို လုံခြုံရေးပေးရန် ကင်းပုန်းဝပ်နေသော စစ်သားများကို ဇူလိုင်လ ၂၅ ရက်နေ့ ညနေ ၅ နာရီ ၁၅ မိနစ်နှင့် ညနေ ၅ နာရီ ၃၀ မိနစ်တွင် ချောင်းဦးမှ ထွက်လာသည့် စစ်သား ၂၀ ကျော်ပါဝင်သည့် စစ်ကားများကို ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ပြီး စစ်သား ၆ ဦးသေဆုံးကာ ကား ၁ စီး ထိမှန်ခဲ့ကြောင်းသိရသည်။

ဓာတ်ပုံ-MRA

မုံရွာမြို့၊ ကန်သာယာကျွန်းတွင် "ရဲဘော် ကောင်းဆက်ဟိန်း စိတ်ဓာတ်စွဲကိုင်တိုက်ပွဲဝင်ကြ" စာတန်း ချိတ်ဆွဲချောင်းဦး၊ ဇူလိုင် ၂...
26/07/2022

မုံရွာမြို့၊ ကန်သာယာကျွန်းတွင် "ရဲဘော် ကောင်းဆက်ဟိန်း စိတ်ဓာတ်စွဲကိုင်တိုက်ပွဲဝင်ကြ" စာတန်း ချိတ်ဆွဲ

ချောင်းဦး၊ ဇူလိုင် ၂၆

မုံရွာမြို့ ကန်သာယာကျွန်းတွင် မုံရွာမြို့နယ် အခြေခံပညာ ကျောင်းသားများ သမဂ္ဂမှ တော်လှန်ရေး တိုက်ပွဲအတွင်း ကျဆုံးခဲ့သော ရဲဘော် ကောင်းဆက်ဟိန်း ကျဆုံးမှု ၁ နှစ်ပြည့်​နေ့အဖြစ် ယနေ့ ဇူလိုင်လ ၂၆ ရက်နေ့တွင် "ရဲဘော် ကောင်းဆက်ဟိန်း စိတ်ဓာတ်စွဲကိုင် တိုက်ပွဲဝင်ကြ" စာတန်း ချိတ်ဆွဲခဲ့ကြောင်း သိရသည်။

မြင်းမူတွင် စစ်တပ် မိုင်းရှာ စစ်ကြောင်းနှင့် ကင်းပုန်း ဖောက်ခွဲတိုက်ခိုက်ခံရပြီး စစ်သား ၁၅ ဦးသေဆုံး၊ မုံရွာမှ ထွက်လာသော...
26/07/2022

မြင်းမူတွင် စစ်တပ် မိုင်းရှာ စစ်ကြောင်းနှင့် ကင်းပုန်း ဖောက်ခွဲတိုက်ခိုက်ခံရပြီး စစ်သား ၁၅ ဦးသေဆုံး၊ မုံရွာမှ ထွက်လာသော စစ်တပ် ရေယာဥ်အုပ်စု တိုက်ခိုက်ခံရပြီး သင်္ဘော ၂ စီး မီးခိုးများထွက်ကာ ထိခိုက်မှုရှိ

ချောင်းဦး၊ ဇူလိုင် ၂၆

စစ်ကိုင်းတိုင်း မြင်းမူမြို့နယ်တွင် အကြမ်းဖက် စစ်တပ် မိုင်းရှာ စစ်ကြောင်းနှင့် ကင်းပုန်းများကို ဇူလိုင်လ ၂၅ ရက်နေ့တွင် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၁၅ ဦးသေဆုံးခဲ့ကြောင်း Black Eagle Defence Force-MMU အဖွဲ့ထံမှ သိရသည်။

ဇူလိုက်လ ၂၅ ရက်နေ့ နံနက် ၆ နာရီ ၂၁ မိနစ်တွင် မြင်းမူမြို့မှ မိုင်းရှင်းရန် ထွက်ခွာလာသော အင်အား ၂၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဂွေးပင်တောကျေးရွာနှင့် ဘိုးမင်းကြီးကင်းကျေးရွာ အကြားအရောက်တွင် MMU အဖွဲ့မှ မိုင်းအားတွေ့ရှိ၍ ဝမ်းသာအားရ “မိုင်းတွေ့ပြီ၊ မိုင်းတွေ့ပြီ” ဟု ထအော်ပြီး မိုင်းရှင်းရန် လုပ်ဆောင်စဥ် အသင့်စောင့်ဆိုင်းနေသော ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့ဝင်များမှ ပဒေသာ မိုင်း ၁၀ လုံး၊ တစ်ဖက်ပွင့်ပြောင်း ၁၂ လုံးတို့ဖြင့် ဖောက်ခွဲ တိုက်ခဲ့သောကြောင့် စစ်သား ၁၃ ဦး ပွဲချင်းပြီး သေဆုံးပြီး ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

နံနက် ၈ နာရီ ၃၀ မိနစ်ခန့်တွင် ဘိုးမင်းကြီးကင်း ကျေးရွာနှင့် အလ္လကပ္ပ ကျေးရွာအကြားတွင် ကင်းပုန်းဝပ်နေသော စစ်သား ၅ ဦးခန့်သည် ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များ ထောင်ထားသည့် မိုင်းကွင်း ပေါ်၌ ရှိနေစဥ် ဖောက်ခွဲ တိုက်ခိုက်ခံရပြီး စစ်သား ၂ ဦးသေဆုံးကာ ကျန်ရှိသော စစ်သားများ တပ်ပျက်ကာ ကြောက်လန့်တကြား ထွက်ပြေးသွားကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် မိုင်းရှာစစ်ကြောင်းနှင့် ကင်းပုန်းကို မြင်းမူမြို့ Black Eagle Defence Force-MMU (မြင်းမူ လင်းယုန်နက် ကာကွယ်ရေးအဖွဲ့) မှ ဦးဆောင်ပြီး People’s Defence Force Myinmu-MMU PDF၊Myinmu Civil Revolution Force-CRF Myinmu၊ Myinmu Lightning Guerrilla Force (မြင်းမူလျှပ်စီး ပြောက်ကျားအဖွဲ့)၊ မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့- CDSOM စသည့် ညီနောင် မဟာမိတ် ၅ ဖွဲ့ တို့မှ ပဒေသာမိုင်းများဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ မင်းဒေါက်ဆိပ်ကမ်းမှ ထွက်လာသော အကြမ်းဖက်စစ်ကောင်စီ၏ ရေယာဉ်အုပ်စုကို MDF special force နှင့် MDF အမျိုးသမီး ကွန်မန်ဒိုတပ်ဖွဲ့တို့က ဇူလိုင်လ ၂၄ ရက်တွင် ပစ်ခတ်တိုက်ခိုက်ရာ အပြန်အလှန်ပစ်ခတ်မှု မိနစ် ၅၀ ခန့်ဖြစ်ပွားပြီး စစ်ကောင်စီ၏ သင်္ဘော ၂ စီး မီးခိုးများထွက်ကာ ထိခိုက်ပျက်စီးမှုရှိကြောင်း သတင်းရရှိသည်။

ကုန်သင်္ဘော (ဖလပ်) ၇ စီးကို စစ်သင်္ဘော ၁ စီးနှင့် Speed Boat များ ဝန်းရံထားသော စစ်ကောင်စီရေယာဉ် အုပ်စုကို ကနီမြို့နယ်၊ ဆင်တော်ဝဲ အောက်ဘက်အနီးတွင် MDF က ၄၀ မမ များ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း စစ်ကောင်စီဘက်မှလည်း သင်္ဘောများ ရေလယ်တွင် ရပ်၍ ၆၀ မမ များ၊ စက်လက်များ၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားကြောင်း MDF က ထုတ်ပြန်ထားသည်။

တိုက်ခိုက်ပြီးနောက် MDF တပ်ဖွဲ့များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်းနှင့် အဆိုပါ ရေယာဉ်အုပ်စုကို တောင်ကိုးလုံး အရောက်တွင် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ထပ်မံတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

Photo - MDF တပ်ဖွဲ့ဝင်များ

ကိုဂျင်မီlကိုဖြိုးဇေယျာသော်အပါအဝင် လေးဦးကို အကြမ်းဖက်စစ်တပ်က တရားမဝင်ရက်ရက်စက်စက်သတ်ဖြတ်မှု့အပေါ် ပုံစံအမျိုးမျိုးဖြင့်ပ...
26/07/2022

ကိုဂျင်မီlကိုဖြိုးဇေယျာသော်အပါအဝင် လေးဦးကို အကြမ်းဖက်စစ်တပ်က တရားမဝင်ရက်ရက်စက်စက်သတ်ဖြတ်မှု့အပေါ် ပုံစံအမျိုးမျိုးဖြင့်ပြန်လည်တုန့်ပြန်သွားမည်ဖြစ်ကြောင်းChaung U Revolution Armyကကတိသစ္စာပြု့ထုတ်ပြန်

ချောင်းဦးlဇူလှိုင်၂၆

ဇူလှိုင်လ၂၅ရက်နေ့က ကိုဂျင်မီlကိုဖြိုးဇေယျာသော်lကိုလှမျိုးအောင်နှင့်ကိုအောင်သူရဇော်တို့အား အာဏာလု အကြမ်းဖက်စစ်ကောင်စီက ၎င်းတို့ပိုင်သတင်းစာများမှတစ်ဆင့် အဆုံးစီရင်ပြီးဖြစ်ကြောင်းကြေညာခဲ့ပြီးနောက် မတရားဥပဒေဖြင့်ရက်ရက်စက်စက်သတ်ဖြတ်မှု့အပေါ် ပုံစံအမျိုးမျိုးဖြင့်တော်လှန်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ချောင်းဦးမြို့နယ်အခြေစိုက် Chaung U Revolution Armyကသစ္စာပြု့ထုတ်ပြန်ထားပါတယ်။

အာဏာလု့ အကြမ်းဖက် ဖက်ဆစ် မင်အောင်လှိုင်ဦးဆောင်သည့် စစ်အုပ်စု့က ပြည်သူလူထု့အားလက်နက်အားကိုးဖြင့်ဖိနှိပ်ချုပ်ခြယ်ရက်စက်မှု့များကို နေ့စဉ်နှင့်အမျှဆိုသလို နိူင်ငံတစ်ဝန်းတွင် ပြောင်ပြောင်တင်းတင်းလုပ်ဆောင်လာနေခြင်းဖြစ်သည်။

ပြည်သူလူထု့တစ်ရပ်လုံးကလည်းအသိ သတိကပ်ကာ အရေးတော်ပုံအောင်သည်အထိသွေးအေးမသွားကြဘဲကူနိုင်တာကူ လှူနိုင်တာလှု ကလစ်နိူင်သူက ကလစ်ပြီး တော်လှန်ရေးကြီးအောင်မြင်သည်အထိတက်ညီလက်ညီပူးပေါင်းဆောင်ရွက်ကြဖို့ထုတ်ပြန်ချက်မှာတိုက်တွန်းထားပါတယ်။

ချောင်းဦးမြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့CRAကလည်း အရေးတော်ပုံအောင်မြင်သည်အထိ ပြည်သူတို့၏အသက်အိုးအိမ်စည်းစိမ်းများကို ကာကွယ်ကာ အကြမ်းဖက်စစ်အုပ်စု့အား နည်းလမ်းမျိုးစုံဖြင့် အရေးတော်ပုံအောင်မြင်သည်အထိ တော်လှန်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ကတိပြု့ထုတ်ပြန်ထားပါတယ်။

မုံရွာနှင့် စစ်ကိုင်းမှ ထွက်လာသော စစ်ကားများ မိုင်းဆွဲ တိုက်ခိုက်ခံရပြီး စစ်သား ၁၀ ဦးသေဆုံး============================...
25/07/2022

မုံရွာနှင့် စစ်ကိုင်းမှ ထွက်လာသော စစ်ကားများ မိုင်းဆွဲ တိုက်ခိုက်ခံရပြီး စစ်သား ၁၀ ဦးသေဆုံး
============================================

ချောင်းဦးlဇူလှိုင်၂၅

စစ်ကိုင်းတိုင်း မုံရွာနှင့် စစ်ကိုင်းမြို့နယ်များမှ ထွက်ခွာလာသော အကြမ်းဖက် စစ်တပ် ယာဥ်တန်းများကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ဇူလိုင်လ ၂၅ ရက်နေ့တွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၁၀ ဦးသေဆုံးခဲ့ကြောင်း မြောင်မြို့နယ် T.G.R တပ်ဖွဲ့ထံမှ သိရသည်။

ဇူလိုင်လ ၂၅ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် မုံရွာမှ ထွက်ခွာ လာသော စစ်ကား ၂၄ စီးပါ ယာဥ်တန်းကို ဂွေပင်တောရွာနှင့် ဘုန်းမကြီးကင်းရွာ အကြားတွင် မြောင်မြို့နယ် T.G.R ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ထုတ်လုပ်သော မိုင်း ၃ လုံး၊ Saw Bwar Gyi (MBTT) ထုတ် Mytel မမ ၂ လုံး ဖြင့် တိုက်ခိုက်ခဲ့ပြီး စစ်ကား ၂ စီး ထိမှန် ပျက်စီးကာ သေဆုံးသူ အရေအတွက်ကို အတည်မပြု နိုင်သေးကြောင်း သိရသည်။

ညနေ ၃ နာရီ ၃၀ မိနစ်တွင် စစ်ကိုင်းမြို့မှ ထွက်ခွာ လာသော စစ်ကား ၁၂ စီးကို နတ်ရေကန်နှင့် ငွေပင်တော အကြားတွင် မြောင်မြို့နယ် T.G.R ပြည်သူ့ကာကွယ်ရေးတပ် ထုတ်လုပ်သော မိုင်း ၃ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၁၀ ဦး သေဆုံးကာ ချောင်းဦးမြို့ဘက်သို့ ထွက်ခွာ သွားကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မြောင်မြို့နယ်T.G.Rပြည်သူ့ကာကွယ်ရေးတပ်၊ Saw Bwar Gyi (MBTT)၊ 11Brother၊ ဗိုလ်တောက်ထွန်း (MBTT)နှင့် မြောင်မြို့နယ် (T.G.R) ပြည်သူ့ကာကွယ်ရေးတပ် Myaung People's Defense Force (T.G.R) တပ်ဖွဲ့တို့က တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

25/07/2022

အချိန်တစ်ခု့လည်းရောက်ခဲ့ပြီးပြီဆိုတော့ ကျတော်တို့ပြန်ပြီးသတင်းတွေ လည်ပတ်နိူင်အောင်ကြိုးစားပါ့ဦးမယ်။

အခြေအနေအချို့ကြောင့်ရပ်နားထားခဲ့ရတာပဲဖြစ်ပါတယ်။

#မိုးသားရိပ်မီဒီယာ

23/04/2022

Breaking News -အင်းမကျေးရွာမီးရှို့ခံနေရ

မိုးသားရိပ်lဧပြီ(23)ရက်

ချောင်းဦးမြို့နယ် အင်းမကျေးရွာရှိပြည်သူတို့၏နေအိမ်များကို ကင်မွန်းတော်ကျေးရွာမှ ပျူစောထီးများနှင့်အကြမ်းဖက်စစ်ကောင်စီတပ်သားတို့ပူးပေါင်း၍ယနေ့မနက်(10)နာရီမီနစ်(50)ခန့်ကစလို့မီးတင်ရှို့နေကြောင်းဒေသခံများထံက ကနဦးသိရသည်ll

"မီးကတအားများနေတယ် စောစောပိုင်းက နှစ်နေရာရှို့နေတာ အဝေးကမြင်နေရတာကိုက မီးခိုးလုံးကအရမ်းများနေတယ် လေကတိုက်ဆိုတော့ တော်တော်လောင်နေပြီ ကင်မွန်းတော်ကခွေးတွေလာရှို့နေတာ"လို့ဒေသခံတစ်ဦးကပြောသည်ll

ယခု့လက်ရှိ ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ချောင်းဦး PDFကလည်း မုံရွာ-ချောင်းဦး-မြင်းမူလမ်းပိုင်းlမုံရွာ-အမြင့်လမ်းပိုင်းlချောင်းဦး-အမြင့်လမ်းပိုင်းlချောင်းဦး-ပခုက္ကူလမ်းပိုင်းများကို အရေးပေါ်ယာယီပိတ်ထားကြောင်းကြေညာထားသည်ll

ဓာတ်ပုံ-CJ

#မိုးသားရိပ်မီဒီယာ

စစ်ကိုင်းဘက်မှဆင်းလာသည့်အကြမ်းဖက်စစ်ကောင်စီကားများ မိုင်းဆွဲတိုက်ခိုက်ခံရlစစ်သား(10)ဦးထက်မနည်းသေဆုံး===================...
20/04/2022

စစ်ကိုင်းဘက်မှဆင်းလာသည့်အကြမ်းဖက်စစ်ကောင်စီကားများ မိုင်းဆွဲတိုက်ခိုက်ခံရlစစ်သား(10)ဦးထက်မနည်းသေဆုံး
===============================-=

မိုးသားရိပ်lဧပြီ(20)ရက်l2022

ဧပြီလ(19)ရက် နေ့လည်(2)နာရီခန့်တွင် စစ်ကိုင်းဘက်မှမုံရွာဘက်သို့ ဆင်းလာသည့် အကြမ်းဖက်စစ်ကောင်စီကားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား(10)ဦးထက်မနည်းသေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရရှိသွားကြောင်း MMUPDFကသတင်းထုတ်ပြန်ပါတယ်ll

အင်အားအပြည့်ပါ စစ်ကောင်စီကားငါးစီးကို ထီးဆောင်းနှင့် နဘဲကြူးဇရပ်ကြားတွင် မြန်မာနှစ်သစ်ကူးလက်ဆောင်အဖြစ် အညာအုန်းသီး(20)ဖြင့်တည့်ခင်းဧည့်ခံခဲ့ရာ (4)စီးထိထိမိမိ ထိခိုက်ခဲ့ပြီး စစ်သား(10)ယောက်ထက်မနည်း သေဆုံးခဲ့ကာ အများအပြားဒဏ်ရာရရှိခဲ့တာဖြစ်တယ်လို့ MMUPDF ကထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ll

အဆိုပါစစ်ဆင်ရေးကို MMUPDF မှဦးဆောင်၍ BEDF-MMUl BHFMl CRFl မြင်းမူလျှပ်စီးပြောက်ကျားတပ်ဖွဲ့တို့မှပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးရဲဘော်များအနေဖြင့် အထိခိုက်ကျဆုံးမရှိဆုတ်ခွာနိူင်ခဲ့ကြောင်းသိရပါတယ်ll

#မိုးသားရိပ်မီဒီယာ

ချောင်းဦးမြို့မှထွက်ခွာသည့်အကြမ်းဖက်ကားနှစ်စီးအဝေးထိန်းမိုင်းဖြင့်တိုက်ခိုက်ခံရl(8)ယောက်သေ (4)ယောက်ဒဏ်ရာပြင်းထန်ရ------...
18/04/2022

ချောင်းဦးမြို့မှထွက်ခွာသည့်အကြမ်းဖက်ကားနှစ်စီးအဝေးထိန်းမိုင်းဖြင့်တိုက်ခိုက်ခံရl(8)ယောက်သေ (4)ယောက်ဒဏ်ရာပြင်းထန်ရ
--------------------------------------------------------------------

မိုးသားရိပ်lဧပြီ(18)ရက်l2022

ဧပြီလ(17)ရက်နံနက်ပိုင်းက ချောင်းဦးမြို့မှထွက်ခွာသွားသည့်အကြမ်းဖက်စစ်ကောင်စီကားနှစ်စီးကို CHU LDFနှင့်မဟာမိတ်အဖွဲ့များက ချောင်းဦးမြို့နှင့်ငါးယှန်ရွာကြားတွင် အဝေးထိန်းစနစ်ဖြင့်မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း CHU LDFကသတင်းထုတ်ပြန်ပါတယ်ll

အဆိုပါတိုက်ခိုက်မှု့တွင် အကြမ်းဖက်တပ်သားအပြည့်ပါသည့် အံစာတုံးကားမှာ လုံးဝပျက်ဆီးသွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား(8)ဦးနေရာတွင်သေဆုံးကာ (4)ဦးဒဏ်ရာအပြင်းထန်ရရှိသွားကြောင်းထုတ်ပြန်ချက်တွင်ဖော်ပြထားပါတယ်ll

#မိုးသားရိပ်မီဒီယာ

09/03/2022

မတ်လ(9)ရက်

မဘသဘုန်းကြီးဦးဆောင်သောပျူစောထီးများနှင့်အကြမ်းဖက်စစ်ခွေးများသည် ချောင်းဦးမြို့နယ် ဆီပုဂံရွာကိုမီးရှို့ဖျက်ဆီးခဲ့ပြီးနောက် ညနေပိုင်းတွင်ခွေးခြံရှိရာ ကံကြီးကုန်းရွာအတွင်းသို့ပြန်ဝင်သွားခဲ့ပြီး ယနေ့ညတွင် ကံကြီးကုန်းရွာ၌အခြေ ချတပ်စွဲထားကြောင်းသိရသည်ll

Address


Website

Alerts

Be the first to know and let us send you an email when Moe Thar Yeik Media posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your business to be the top-listed Media Company?

Share