21/08/2025
မအလ ဆီမှာ စစ်မှု့ထမ်းရမှာကြောင့် မပြန်ရဲဘူး
********************************************
✅Case လေး ပြင်ချင်လို့ပါ၊ သူတို့ Case က မစုံလို့ ထပ်ထည့်ချင်လို့ ရောက်လာတဲ့ သူ အများစုကို နားထောင်ကြည့်လိုက်ရင် ၇၀ ရာခိုင်းနှုန်းလောက် တူညီကြတဲ့ အရာ တခုရှိတယ်။ အဲ့ဒါ ဘာလဲဆိုတော့ စစ်မှုထမ်းဖို့ နာမည် ထွက်တယ်, ဒါမှ မဟုတ် စစ်မှု့ထမ်းရမှာ စိုးလို့ ပြန်ရင် အန္တရယ်ရှိမှာ စတာ တွေထည့်ချင်လို့ပါ ပြောကြတယ်။
✅မြန်မာ ပြည် အခြေအနေအရ ဒါမှန်တယ် စစ်တပ်ထဲ ဝင်သွားရရင် အန္တရယ် ရှိတယ်၊ သို့ပေမဲ့ စစ်ထဲဝင်ရမှာ မို့ ပြန်ရင် အန္တရယ် ရှိပါတယ်ဆိုတာလောက်နဲ့တော့ မလုံလောက်ဘူး၊ ထည့်တာ အဆီအငေါ် မတည့်ရင် ကိုယ့် ရဲ့ Case ကို ပြန်ဆွဲချ သလို ဖြစ်သွားနိုင်တယ်။ ဒါကြောင့် တချို့ အကြောင်းအရာတွေက အမြင်နှစ်ခွ ရှိတယ်ဆိုရင် သေသေချာချာ မတင်ပြနိုင်ရင် မထည့်တာက ပိုပြီးကောင်းတယ်၊ အဆီအငေါ် မတည့်ပဲ ထည့်လိုက်မိရင် ကိုယ့်အတွက် ကောင်းကျိုးထက် ဆိုးကျိုးက ပိုများစေ နိုင်ပါတယ်။
✅ဒီနှစ်ပိုင်းထဲမှာ A ကျတဲ့ သူ ၇၀-၈၀ ရာခိုင်းနှုန်းလောက်ရဲ့ feedback တွေ သုံးသပ်ကြည့်ရင် ပြန်ရင် စစ်မှုထမ်းရမှာ လို့ပြောတယ် ဒါကြောင့် ပြန်လို့ မရဘူးလို့ ဖြေခဲ့တယ် ဆိုတဲ့ အဖြေတွေ အများကြီး တွေ့ရတယ်၊ Legal Practice အရ ပြောရင် နားရှုပ်မှာစိုးလို့ ရိုးရိုးလေးပဲ ပြောမယ် ပြန်ရင် စစ်မှုထမ်းရမှာ စိုးလို့ ပြန်လို့ မရပါဘူးဆိုတဲ့ အဖြေက ဘယ်လိုမှ A ပေးလို့ မရတဲ့ Reason ဖြစ်တယ်။ အမေရိကမှာလဲ စစ်ထဲဝင်ရတာပဲ တခြားနိုင်ငံတွေမှာလဲ စစ်ထဲဝင်ရတာပဲ ဒါကို အန္တယ်ရယ်ရှိတယ်လို့ မယူဆ နိုင်ဘူး မလုံလောက်ဘူး။
✅ဒါပေပမဲ့ တဖက်က ကြည့်ရင် မြန်မာပြည်မှာ စစ်မှုထမ်းတဲ့ အထဲ ပါသွားရင် အန္တရယ်ရှိတာ အမှန်ပဲ ဘယ်နား အသက်ပြောက်သွားမလဲ တောင် မသိဘူး။ အဲ့တော့ မထည့်ရဘူးလားဆိုရင် သေသေချာချာ အန္တရယ် ရှိတဲ့ အခြေအနေ ကို တင်ပြနိုင်ရင် ထည့်ပါ၊ ရောင်ရောင်ဝါးဝါးနဲ့တော့ သွားမထည့်ပါနဲ့ ကိုယ့်အတွက် အကျိုးမရှိပဲ ဆိုးကျိုးပဲ ဖြစ်စေ နိုင်ပါတယ်။
✅ကျော်ကြီး တို့ Team မှာ အင်တာဗျူး Practice လုပ်တဲ့ အခါလဲမှာ ဒီလို အကြောင်းအရာတွေ အထူးဂရုစိုက်ခိုင်းရပါတယ်၊ ဒါတောင် စစ်တပ်ထဲ ဝင်ရမှာ စိုးလို့ ပြန်မရပါဘူး ဖြေခဲ့မိတဲ့ ကလေးတွေရှိသေးတယ်။ ဒါကြောင့် သေသေချာချာ Practice လုပ်ကြဖို့ နဲ့ အမြင် နှစ်ခွ ဖြစ်နိုင်မဲ့ အဖြေမျိုးတွေ ဂရုစိုက် ပြင်ဆင် ဖြေကြဖို့ တိုက်တွန်းချင်ပါတယ်။
____________________________________________
⚠️Disclaimer: This is just for knowledge-sharing purposes and should not be construed as legal advice.
#အမေရိကား