B.m Gmaing

B.m Gmaing Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from B.m Gmaing, Gaming Video Creator, .

12/12/2024

🐊🐊🐘🐘🐘🐘

12/05/2024

🥰🥰🥰🥰

21/04/2024

ကိုယ့်ရဲ့ဖြစ်တည်မှုအပေါ် အားမငယ်ပါနဲ့
*************************************

လူတိုင်းက ပြည့်စုံတဲ့လူတွေ မဟုတ်ကြပါဘူး ။ တချို့ အတွင်း စိတ်မလှပင်မဲ့ အပြင်ပိုင်းအသွင်အပြင်ကတော့ အရမ်းကို စွဲမက်စရာကောင်းပါတယ် ။ တချို့ကလည်း အပြင်ပိုင်းအသွင်ပြင်က ကြည့်ချင်စရာ အားကျစရာ မရှိပင်မဲ့ အတွင်းစိတ်ကလေးက အရမ်းကို လေးစားဖို့ကောင်းတဲ့သူတွေလည်း ရှိပါတယ် ။ ကိုယ့်ရဲ့ အားနည်းချက်တွေကို အားသာချက်အဖြစ် မပြောင်းလဲနိုင်ရင်တောင် ကိုယ့်ရဲ့ဖြစ်တည်မှုတိုင်းကို အားမငယ်ပါနဲ့ ။ လူတိုင်းမှာ အားနည်းချက် ကိုယ်စီ ရှိကြပါတယ် ။ ရုပ်ဆိုးလို့ အသားရေမလှလို့ အရပ်ပုလို့ ဉာဏ်ရည်မမှီလို့ ဆင်းရဲလို့ ပညာမတတ်လို့ စသဖြင့် ဘာလိုညာလိုနဲ့
ကံမကောင်းစွာ ဖြစ်ပေါ်လာတဲ့ ဖြစ်တည်မှုတွေအပေါ် သင်ဝမ်းနည်းစရာ အရှုံးပေးစရာ အားငယ်စရာ သိမ်ငယ်သွားစရာမလိုပါဘူး ။ ကိုယ့်ရဲ့ ဖြစ်တည်မှုတွေကို အရှိကိုအရှိအတိုင်း ချပြရဲတဲ့သတ္တိ လက်ခံရဲတဲ့သတ္တိတွေကလည်း လူတိုင်းမှာမရှိတဲ့ စိတ်စွမ်းအားတွေမို့ လက်ခံတတ်အောင်ကြိုးစားပြီး ပြောင်းလဲနိုင်တယ် ဆိုတာလေးကို အကောင်ထည်ဖော်နိုင်အောင် လုပ်ဆောင်ကြည့်ပါ ။ နုံချာတဲ့ဘဝနဲ့ ဖြတ်သန်းရင်း သေသွားရမယ်လို့ ဘယ်သူကမှ ကိုယ့်ကိုအမိန့်ပေးလို့ မရပါဘူး ။ ဒါကိုပဲ တချို့က ဘာကြောင့် ကိုယ့်ဘာသာ ဒီဘဝရောက်သွားအောင်လို့ လက်လျော့ရင်း နေနေရတာလဲ ။ ကိုယ် ပြောင်းလဲချင်ရင် ဘယ်သူကမှ တားလို့မရပါဘူး ။ ဘဝကို အားငယ်မှုတွေနဲ့ အဆုံးမသတ်လိုက်ပါနဲ့ ။ တချို့သော ဘဝပေးကံတွေက သင် တောင်းဆိုလိုဖြစ်ခဲ့တာမှမဟုတ်တာ ။ စိတ်ဓာတ်မကျပါနဲ့ ။ သင် အဲ့လောက်မညံ့ပါဘူး ။ မနက်ဖြန်ဆိုတာကို တွေ့မြင်နေသ၍ သင်ကံကောင်းနေတုန်းပဲဆိုတာ သတိရပါ ။

#ကိုယ့်ကိုယ်ကိုယ်စီမံခန့်ခွဲခြင်း

MK Book Store & စင်္ကာပူ

21/04/2024

မင်းမရှိရင် မဖြစ်ဘူးဆိုတဲ့အခြေအနေဟာ ကမ္ဘာမှာ တကယ်မရှိဘူး။
မယုံရင် ဆက်ဆံရေးတစ်ခုကနေ ဘယ်သူ့ကိုမှ ဘာမှမပြောဘဲ

မင်းတိတ်တိတ်လေး စွန့်ခွာသွားကြည့်လိုက်။
မင်းထွက်သွားခါစမှာတော့
မင်းကိုသတိရတာတွေ ဘာတွေဖြစ်ကောင်းဖြစ်လိမ့်မယ်။

အချိန်ကာလတစ်ခုရောက်တဲ့အခါမှာတော့
အားလုံးက ပုံမှန်လိုပဲ။ မင်းမရှိလည်း သူတို့
အဆင်ပြေနေလိမ့်မယ်၊ ဒါမှမဟုတ်
မင်းနေရာမှာ အခြားတစ်ယောက်ရှိနေလိမ့်မယ်။

"မင်းမရှိလို့မဖြစ်ဘူး"ဆိုတာ
စကားလုံးသက်သက်ပဲ၊ တကယ်မရှိဘူး။
မင်းမရှိလည်း အရာရာဟာသူ့နည်းသူ့ဟန်နဲ့ ပုံမှန်လည်ပတ်နေမှာပဲ။

#အကြည်တော်
MK Book Store & စင်္ကာပူ

21/04/2024

" ယနေ့ အကြိုက်ဆုံးစာ"
"စာများများ ဖတ်ပါ "

(၁) မပျင်းပါနဲ့ ပျင်းရိနေတာက အချိန်ကုန်စေပါတယ်။
စိတ်ကူးယဉ်မနေပါနဲ့။ လုပ်စရာရှိတာ အခုပဲ ထလုပ်လိုက်ပါ။

(၂) ဘ၀ရဲ့စိန်ခေါ်မှုတွေကို ရှောင်ဖို့မကြိုးစားပါနဲ့ ။

ဘ၀ကို ပုံပြင်စာအုပ်တစ်အုပ်လို့ သဘောထားပါ။
တစ်ချို့စာမျက်နှာတွေ မရှိဘူးဆိုရင် အဓိပယ်ရှိမှာ
မဟုတ်ပါဘူး။ဘာကိုမှမကျော်ပဲ တစ်မျက်နှာချင်းလှန်
ဖတ်သွားရင် ဘ၀ရဲ့ရသကို ခံစားရမြာပါ။

(၃) တသမတ်တည်း မလျှောက်လှမ်းပါနဲ့
အသံရင်းမြစ် ဖြစ်ဖို့ကြိုးစားပါ။
ပဲ့တင်သံအဖြစ်ကို ကျေနပ်မနေပါနဲ့။
ကိုယ်ပိုင်စိတ်ကူးအိပ်မက်အသစ်တွေကို
ဖော်ဆောင်ဖို့ သတ္တိမွေးပါ။

(၄) အချိန်ကောင်းကို စောင့်မနေပါနဲ့။
အချိန်နဲ့အမျှ ဖြစ်ချင်တာတွေရော မဖြစ်ချင်တာတွေပါ
ဖြစ်ပျက်နေကြတာဖြစ်ပါတယ်။ အချိန်ကောင်းကိုစောင့်
မနေပါနဲ့။ ပြီးပြည့်စုံတဲ့ အချိန်ဆိုတာ မရှိပါဘူး။
လုပ်စရာရှိတာကို လုပ်ဖြစ်အောင်လုပ်ပါ။

(၅) ဟန်မဆောင်ပါနဲ့ ။
လူတွေဘယ်လိုထင်မြင်ယူဆမလဲဆိုတာကို တွေးပူပြီး
ကိုယ့်ကိုယ်ကို လိမ်ညာဟန်ဆောင်မနေပါနဲ့။
ဒီလိုစိုးရိမ်နေမယ်ဆိုရင် သင်ဟာ သင်မဟုတ်တော့ပါဘူး။
ပတ်၀န်းကျင်က ပုံသွင်းတာကိုလက်မခံပါနဲ့။
ကိုယ်ပိုင်ယုံကြည်ချက်နဲ့ ရပ်တည်ပါ။

(၆) ပင်ကိုယ်စရိုက်ကို မဖုံးကွယ်ပါနဲ့ ။
တစ်ခါတရံမှကျင့်၀တ်သိက္ခာတွေကို ဂရုစိုက်နေမယ့်အစား ပင်ကိုယ်စရိုက်ကို ဖော်ထုတ်ပြတတ်ဖို့လိုပါတယ်။
ဒါက လူသားတွေရဲ့ သဘာ၀ပါ။

(၇) အရာအားလုံးကို မတတ်သာလို့ လုပ်နေရတာမျိုး
မဖြစ်ပါစေနဲ့။
ဘ၀ဆိုတာ ရတောင့်ရခဲအခွင့်ထူးတစ်ခုပါ။
ဘ၀အတွက်လုပ်ဆောင်ရမှာတွေကို အာရုံစိုက်တတ်မယ်
ဆိုရင် ပျော်ရွှင်မှုနဲ့ အကျိုးသက်ရောက်မှုတွေကို ရရှိမှာဖြစ်ပါတယ်။

(၈) အားလုံးကိုတစ်ခါတည်းနဲ့ အောင်နိုင်ဖို့ မကြိုးစားပါနဲ့၊
မိုင်ထောင်ချီဝေးတဲ့ခရီးကို ခြေတစ်လှမ်းနဲ့ စရတာဖြစ်ပါတယ်။ ဒါ့ကြောင့် တစ်လှမ်းစီပဲ လှမ်းနိုင်ဖို့ ကြိုးစားပါ။

(၉) အတိတ်ပြဿနာတွေကို အာရုံစိုက်မနေပါနဲ့။
အတိတ်ကို အတိတ်မှာပဲထားခဲ့ပါ။ ဘ၀မှာ စမ်းသပ်မှုကို
ကျော်ဖြတ်ပြီးမှ သင်ခန်းစာကို သိနိုင်တာဖြစ်ပါတယ်။
အတိတ်ကအမှားကို သင်ခန်းစာယူနိုင်ရင် လုံလောက်ပါပြီ။

(၁၀) ဘာဖြစ်နိုင်မလဲ သိပ်မတွေးပါနဲ့ ။
အခွင့်အလမ်းတွေက ဖြစ်ချိန်တန်ရန် ဖြစ်လာပါလိမ့်မယ်။
တွေးပူမနေပါနဲ့

(၁၁) အရေးမပါတဲ့ကိစ္စတွေကြောင့် အာရုံနောက်မခံပါနဲ့
ကောင်းတာတွေရရှိကြုံတွေ့ဖို့ အချိန်ကိုစောင့်ရတာလို့ သထားပါ။ အကောင်းဆုံးပဲလုပ်ပါ။
ခြေလှမ်းတိုင်းကို အသိအမှတ်ပြုပါ
အရာ အားလုံးကို မေ့ထားပါ။

(၁၂) ဘာကိုမြ စွဲမြဲဆုပ်ကိုင်ထားဖို့ မကြိုးစားပါနဲ့ ။
ဘ၀ကပြောင်းလဲနေပါတယ်။
ဘယ်အရာမှမတည်မြဲဘူးဆိုတာ အမှတ်ရပါ။

(၁၃) လက်ရှိပျော်ရွှင်မှုကို လစ်လျူမရှုပါနဲ့ ။
အခုရှိနေတာကိုမှ အသိအမှတ်မပြုရင်
လမ်းဆုံးရင်လည်း ရွာတွေမှာမဟုတ်ပါဘူး။
အနာဂတ်ကိုအများကြီး မျှော်လင့်ပြီး
လက်ရှိဘ၀ကို အလဟဿမဖြစ်ပါစေနဲ့။

(၁၄) အယူချည်းပဲမဖြစ်ပါစေနဲ့ ။
ငွေကြေးဥစ္စာပစ္စည်း အရမ်းရှိတယ်ဆိုရင် ချမ်းသာမှုကို ဝေမျှပါ။ မရှိဘူးဆိုရင် နှလုံးသားကို ဝေမျှပါ။
ပေးနိုင်သမျှ ပေးကမ်းစွန့်ကြဲပါ။

(၁၅) တစ်စုံတစ်ယောက်က ကိုယ်စားလုပ်
ပေးတာကို စောင့်မနေပါနဲ့။
ဘယ်သူ့ကိုမှ အားကိုးနေစရာမလိုပါဘူး။
ပြောစရာရှိတာပြောပါ။ လုပ်စရာရှိတာလုပ်ပါ။
အတွေးနဲ့ ခံစားချက်တွေကို ဖုံးကွယ်မထားပါနဲ့။

(၁၆) အမှန်ဖြစ်ဖို့ အမြဲကြိုးစားမနေပါနဲ့ ။
အမှန်တရားဆီကို သွားဖို့လမ်းကြောင်းတွေအများကြီးရှိပါတယ်။တစ်ခါတစ်ရံ အမှန်ကိုသက်သေပြဖို့ထက်
အရှုံးပေးလိုက်တာက နှလုံးအေးပါတယ်။

(၁၇) မသိသေးပဲ အကဲမဖြတ်ပါနဲ့ ။
အခြားလူတွေကို ရုပ်ရည်သွင်ပြင်နဲ့ အမူအကျင့်ကိုကြည့်ပြီး ကိုယ့်အတွေးနဲ့ကိုယ် အကဲဖြတ်တာကို လျှော့ပါ။
ပိုချစ်ခင်တတ်အောင် ကြိုးစားပါ။

(၁၈) အမုန်းကိုလည်း စွဲမြဲမနေပါစေနဲ့ ။
တစ်ခုဒါမှမဟုတ် တစ်ယောက်ယောက်ကို မေ့လိုက်ချင်ရင်
မမုန်းလိုက်မိပါစေနဲ့။ မုန်းမိတဲ့အရာဟာ နှလုံးသားကို
အချိန်တိုင်းထိုးဆွနေတတ်ပါတယ်။ မမုန်းပါနဲ့။ ခွင့်လွှတ်လိုက်ပါ။

(၁၉) အချစ်ကိစ္စတွေမှာ အဓိပ္ပာယ်မဲတာတွေ သိပ်မတွေးပါနဲ့
ဘယ်လိုအခြေအနေမျိုးပဲဖြစ်ဖြစ် အကြွင်းမဲလက်ခံ
ပေးတာကို အားလုံးက လိုချင်ကြပါတယ်။
ပြန်ပေးဖို့တော့ ဘာကြောင့် ခက်နေကြတာပါလဲ။
အများကြီးမစဉ်းစားပါနဲ့။
ပျော်ရွှင်မှုချင်းထပ်တူကျရင် အချစ်စစ်ပါပဲ။

(၂၀) အရင်းနှီးဆုံးမိတ်ဆွေတွေကို ပစ်မထားပါနဲ့ ။
အမြဲတမ်းဆက်သွယ်နေပါ။ သူတို့အတွက် တိုက်ခိုက်ပါ။
သူတို့ကလည်း သင့်အတွက် တိုက်ခိုက်ပေးပါလိမ့်မယ်။
အရင်းနှီးဆုံးမိတ်ဆွေတွေဟာ ဘ၀နဲ့ ယုံကြည်မှုကို
တွဲကပ်ပေးနိုင်တဲ့ ကော်တစ်မျိုးဖြစ်ပါတယ်။

မိမိ တန်ဖိုးထားပေးရင် ထားပေးသလောက် အကျိုးကျေးဇူးရလာဒ်တွေနဲ့ ဘယ်တော့မှ မိမိအပေါ်ကို သစ္စာမဖောက်သောအရာဆိုရင် စာအုပ် စာပေတွေပါပဲ မိတ်ဆွေ..
ဘဝအတွက် ခွန်အားဖြစ်စေဖို့ စာများများ ဖတ်ပါ မိတ်ဆွေ--------


#လူငယ်တွေအောင်မြင်ဖို့

MK Book Store & စင်္ကာပူ

မေမ့နဲ🫡🫡🫡🫡
21/04/2024

မေမ့နဲ🫡🫡🫡🫡

♣ စာနာတယ် သနားတယ်နဲ့ …
♣ နှိမ်ချသွားတတ်တဲ့ သူတွေရှိမယ် ။

♣ ကူညီတယ် ကူညီတယ်နဲ့ …
♣ အခွင့်အရေး ယူသွားတတ်တဲ့ သူတွေရှိမယ် ။

♣ ချီးကျူးတယ် ချီးကျူးတယ်နဲ့ …
♣ အပုပ်ချသွားတတ်တဲ့ သူတွေရှိမယ် ။

♣ လောကကြီးထဲမှာ …
♣ နှုတ်ဖျားက ပျားသကာလိုချို နေပေမဲ့
♣ အတွင်းသဘောက …
♣ ပုပ်ပွနေတတ်ကြတာကို သင်သိထားပါ ။

♣ ဘဝသင်ခန်းစာဆိုတာ …
♣ ကိုယ်တိုင်ကြုံတွေ့ ဖြတ်သန်းဖူးမှ
♣ သိတာဆိုပေမဲ့ ကြိုတင်သိရှိထားတော့
♣ စိတ်ဆင်းရဲတဲ့ ဒုက္ခခံစားရမှုတွေကို
♣ ရှောင်ရှားနိုင်ပါလိမ့်မယ် ။

♣ ဒါကြောင့် နှုတ်ခမ်းဖျာက
♣ စကားတွေမှာ သာယာပြီး
♣ လူတိုင်းကိုလည်း လွယ်လွယ်မချစ်နဲ့ ။
♣ လူတိုင်းကိုလည်း အထင်မကြီးနဲ့ ။
♣ လူတိုင်းကိုလည်း အယုံမလွယ်နဲ့ ။
♣ လူတိုင်းကိုလည်း အားမကိုးမိစေနဲ့ ။

♣ လူဆိုတာ အားနည်းချက်ကိုမှ
♣ ချနင်းသွားတတ်ကြတယ် ။

♣ မြေပျော့ရင် ခြေရာကျန်သလို
♣ စိတ်ပျော့ရင် တစ်သက်လုံး
♣ ဒဏ်ရာထင်ကျန် နေတတ်တယ် ။

♣ မိမိအားနည်း အခက်အခဲများကို
♣ ဘယ်တော့မှ ထုတ်ဖော်မပြပါနဲ့ ။

♣ အမြဲတမ်း
♣ စိတ်ဓာတ်မာကျော ရဲရင့်သူဖြစ်နေပါစေ ။

♣ မိမိဘဝကို မိမိကိုယ်တိုင်
♣ လျှောက်လှမ်းကြရာမှာ
♣ မိမိကိုယ်ကိုအားကိုးပါ။ ယုံကြည်ပါ ။

♣ ရဲရင့်ပါ ဇွဲလုံလ ဝီရိယထားပါ ။
♣ စိတ်ဓါတ်မာကျောပါ ။
♣ ဘယ်အရာကိုမှ တွေးမကြောက်ပါနဲ့ ။

♣ ဖြစ်ပျက်ပြီးခဲ့သမျှ အရာတွေကို
♣ ပြန်လှည့်မကြည့်ပါနဲ့ ။

♣ မိမိရပ်နေတဲ့ ခြေအစုံ နေရာတိုင်းမှာ
♣ မိမိသွေးသား စိတ်ဝိဉာဏ်တို့
♣ တည်ကြည် ခိုင်မြဲနေပါစေ ။

♣ မိမိဘဝကို ကိုယ့်အားကိုယ်ကိုး
♣ ကိုယ့်စိတ်နဲ့ ကိုယ်ရှင်သန်ပါ ။]

✍✍

27/03/2024
25/03/2024

😂😂😂

Address


Website

Alerts

Be the first to know and let us send you an email when B.m Gmaing posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share