
22/04/2024
နာအောင်ပြောတတ်လွန်းလို့ ထိန်းထားတာကို
ဒီကောင်က 'အ'တယ် မပြောတတ်ဘူးလို့ ထင်နေကြတယ်။
ပေါက်ကွဲရင် သူများနဲ့မတူလို့ ထိန်းနေတာကို
သူက အားနာတတ်တယ် နိုင်လို့ရတယ်ဖြစ်ပြန်ရော
အကြောတင်းလွန်းလို့ ထိန်းပြီး ပြုံးပြတာကို
သူတို့ကိုယ်သူတို့ ဟုတ်လှပြီ ထင်နေပြန်ရော
နည်းနည်းလိမ်ရင် များများသိလွန်းလို့
မသိချင်ယောင်ဆောင်နေတာကို
လိမ်လို့ကောင်းတယ်ဆိုပြီး ပျော်နေပြန်ရော
သနားလို့ ပေါင်မုန့်ပေးကျွေးတာကို
နွားနို့ပါ အဆစ်တောင်းချင်ကြတယ်။