Rakko’s Days on Earth

  • Home
  • Rakko’s Days on Earth

Rakko’s Days on Earth Medical Student👨‍⚕️ Aquarist🐠 Thalassophile🌊 Nemophilist🌲 Environmentalist🌍

Mendel’s Lawနဲ့ Punnett Square ပြန်သင်ရတော့ ငါး၂ကောင်လောက် မှန်ကန်ထဲထည့် မိတ်လိုက်ခိုင်းပြီး ောက်ကြီးောက်ကျယ်နဲ့Genetics...
10/03/2026

Mendel’s Lawနဲ့ Punnett Square ပြန်သင်ရတော့ ငါး၂ကောင်လောက် မှန်ကန်ထဲထည့် မိတ်လိုက်ခိုင်းပြီး ောက်ကြီးောက်ကျယ်နဲ့Genetics (မျိုးရိုးဗီဇ) အကြောင်း ဆရာကြီးလာလုပ်တဲ့ တောသားတစ်သိုက်ကိုတောင် သတိရမိသေး 😂 တယောက်ဆို F0တွေဘာတွေပါလာလိုက်သေးတာ သူဘယ်လောက်တတ်ပါတယ်ပေါ့ 😜

လွန်ခဲ့တဲ့ ၉နှစ်ကလည်း တစ်ခါသင်ရတယ်
လွန်ခဲ့တဲ့ ၇နှစ်ကလည်း တစ်ခါသင်ရတယ်
အခုလည်းသင်ရပြန်ပြီ :3

Rakko’s Days on Earth

ဒီနေ့ထဲ လူလတ်ပိုင်းတစ်ယောက် နှာခေါင်းမှာဝက်ခြံပေါက်လို့ လက်နဲ့ထိရာကနေဆေးရုံတက်ရပြီး အသက်ဆုံးရှုံးလိုက်ရတယ် ဆိုတာလေးတွေ့လ...
14/07/2025

ဒီနေ့ထဲ လူလတ်ပိုင်းတစ်ယောက် နှာခေါင်းမှာဝက်ခြံပေါက်လို့ လက်နဲ့ထိရာကနေဆေးရုံတက်ရပြီး အသက်ဆုံးရှုံးလိုက်ရတယ် ဆိုတာလေးတွေ့လို့ စေတနာနဲ့သတိလေးပေးပါရစေ။

မျက်နှာမှာ နှာခေါင်းအလယ်ရိုးကနေ ပါးစပ်အစွံ၂ဖက် ၃နေရာကိုဆက်ပြီး ဆွဲလိုက်ရင်ရတဲ့ တြိဂံကို
🔺Danger Area of Face (သို့မဟုတ်) Maxillofacial Death Pyramid🔺လို့ခေါ်ပါတယ်။ တိုက်ရိုက်ဘာသာပြန်ရင်တော့ “မျက်နှာပေါ်ကအန္တရာယ်များတဲ့တြိဂံ” သို့မဟုတ် “မျက်နှာပေါ်ကthayစေနိုင်တဲ့ပိရမစ်”ပေါ့။

ဘာလို့ဆရာဝန်တွေ မျက်နှာမှာအနာဖြစ်ရင်၊ဝက်ခြံပေါက်ရင်မကိုင်ခိုင်းလဲဆက်ရှင်းပါမယ်။

ဒီတြိဂံမှာရှိတဲ့ မျက်နှာပေါ်ကသွေးပြန်ကြောတွေဟာ ဦးနှောက်ထဲကအရေးပါတဲ့ သွေးပြန်ကြောကြီးတစ်ခု Cavernous sinus ကိုတိုက်ရိုက်ဆက်သွယ်ထားပါတယ်။ ဒါ့အပြင် ဒီသွေးပြန်ကြောတွေမှာ အခြားသွေးပြန်ကြောတွေမှာလို “အဆို့ရှင်”တွေမပါပါဘူး။ ဆိုတော့ ဒီမျက်နှာပေါ်မှာဝက်ခြံ၊အနာပေါက်တဲ့အခါ ကိုယ့်လက်နဲ့ကိုင်မိရင်၊ညှစ်မိရင် (လက်ညစ်ပတ်လို့ ပိုးရှိနေတဲ့အခါ) ရောဂါပိုးက ဦးခေါင်းခွံထဲက သွေးပြန်ကြောကြီးဆီတိုက်ရိုက်ရောက်ပါတယ်။ ဒီအခါမှာ
‼️သွေးခဲပြီးသွေးကြောပိတ်ခြင်း၊
‼️ဦးနှောက်အမြှေးပါးယောင်ခြင်း၊
‼️ဦးနှောက်ပြည်တည်ခြင်း ကနေတဆင့် အသက်ဆုံးရှုံးတဲ့အထိဖြစ်နိုင်ပါတယ်။

“ငါတော့ဝက်ခြံထွက်လည်းညှစ်တာပဲ၊ဘာမှမဖြစ်ဘူး”ဆိုတဲ့သူတွေကိုတော့ ဘာမှမပြောလိုပါဘူး။ ဘာမှမဖြစ်ရင်တော့ကောင်းတာပေါ့၊ ဖြစ်ရင်တော့ကိုယ်ပဲခံရမှာပါ။ ဆိုတော့ မျက်နှာမှာအမြဲဝက်ခြံပေါက်တတ်တဲ့သူတွေ လက်မယားမိကြဖို့သတိပေးရင်း

Rakko’s Days on Earth

“ကြက်မဲ”ဂယက်လေးတွေ့လို့ ပြောပြပါဦးမယ်ဟော့ပေါ့ဆိုင်တွေ၊ BBQဆိုင်တွေမှာရောင်းတဲ့ ကြက်မဲဆိုတာ ဘယ်ကဘယ်လိုစလို့ အဲ့လိုခေါ်ကြလ...
09/06/2025

“ကြက်မဲ”ဂယက်လေးတွေ့လို့ ပြောပြပါဦးမယ်

ဟော့ပေါ့ဆိုင်တွေ၊ BBQဆိုင်တွေမှာရောင်းတဲ့ ကြက်မဲဆိုတာ ဘယ်ကဘယ်လိုစလို့ အဲ့လိုခေါ်ကြလဲတော့မသိဘူး

သေချာတာကြက်မဲအစစ်မဟုတ်မှန်းတော့လူတိုင်းသိပြီးသားနေမှာပါ၊ အသားတမျိုးမျိုးကိုအကုန်ရောကြိတ်ထည့်ထားရုံပါပဲ

“ကြက်မဲ”အစစ်ဆိုတာ ပုံထဲကလို တစ်ကိုယ်လုံးမဲတူးနေရပါမယ်၊ အရေခွံကအစ အသား၊အရေခွံအကုန်မဲပါတယ်။

စ-ားလိုက်ရင် သာမန်ကြက်သားထက်ပိုကျစ်ပါတယ်။ တောကြက်တွေလိုပေါ့။ တောကြက်တွေထက်လည်းပိုကျစ်ပါတယ်။ အတိအကျပြောရရင်။ Geneticsကောင်းပါတယ်။ တ-ရုပ် လူမျိုးတွေ ဆေးဖက်ဝင်တဲ့စွပ်ပြုတ်လုပ် သေ-ာက်ကြတာများပါတယ်။

ကျွန်တော့်အတွက်တော့အသားကျစ်တာကလွဲရင်အရသာသိပ်တောာ့မထူးလှပါဘူး၊ အသားဓာတ်တော့ပိုများမှာပေါ့၊ Organicဆိုတော့။ တစ်ကောင်ကိုလည်းသိန်းနဲ့ချီတန်ပါတယ်။

အဲ့လိုကြက်အစစ်မျိုးတော့ဘယ်ဟော့​
ပေါ့ဆိုင်မှထည့်ထားပေးမယ်တော့မထင်ပါဘူး။

ငြင်းမနေကြပါနဲ့၊ စ-ားချင်တဲ့သူကစ-ား၊မ စ-ားချင်တဲ့သူက မစ-ားနဲ့ပေါ့😁

ပုံကတော့မြင်ဖူးအောင်ထည့်ပေးထားတာပါ၊ ပုံထဲကကောင်ကတော့Beforeနဲ့
ဟင်းခွက်ထဲကတော့ Afterပါ :3

Rakko’s Days on Earth

အိမ်ကလူ - နင့်ပိုက်ဆံတွေဘယ်ရောက်ကုန်လဲMe - 👉👈Bucephalandra sp. “Brownie Ghost”Luwidgia sp. whiteLuwidgia Tornadoပုံနဲ့စာ...
11/05/2025

အိမ်ကလူ - နင့်ပိုက်ဆံတွေဘယ်ရောက်ကုန်လဲ
Me - 👉👈

Bucephalandra sp. “Brownie Ghost”
Luwidgia sp. white
Luwidgia Tornado

ပုံနဲ့စာ - Aqua Shangri-La - အက်ကွာရှန်ဂရီလာ

06/05/2025

တစ်ကောင်တည်းပျင်းနေမှာစိုးလို့ အတူဆော့လို့ရအောင်အဖော်ထည့်ပေး 🥰🥰 #ပုစွန်ဘူဖေး

⚠️ This video contains footage of live-feeding which may be unpleasant to some viewers.

Qualityဆိုပြောစရာမလိုတဲ့ Netleaအပင်ကန်မီးတွေရပါမယ် (100%ပါကင်အသစ်ဈေးတွေဖြစ်ပါတယ်)💡Netlea N5 Series - အတိုးအလျှော့လုပ်လို...
25/04/2025

Qualityဆိုပြောစရာမလိုတဲ့ Netleaအပင်ကန်မီးတွေရပါမယ် (100%ပါကင်အသစ်ဈေးတွေဖြစ်ပါတယ်)

💡Netlea N5 Series - အတိုးအလျှော့လုပ်လို့ရ
✅ 40cm 50W (400000ကျပ်)
✅ 60cm 60W (450000ကျပ်)
✅ 90cm 100W (620000ကျပ်)

💡AT5s Series - အတိုးအလျှော့လုပ်လို့ရ
✅ 30cm 35W (380000ကျပ်)
✅ 40cm 35W (430000ကျပ်)
✅ 45cm 50W (480000ကျပ်)
✅ 60cm 60W (530000ကျပ်)
✅ 80cm 92W (580000ကျပ်)
✅ 90cm 95W (630000ကျပ်)

🎉PageကိုLike/Followလုပ်ပြီး ယခုပိုစ့်ကိုမျှဝေပေးထားရင်တော့ 𝟯% 𝗢𝗳𝗳 𝗗𝗶𝘀𝗰𝗼𝘂𝗻𝘁 ရရှိမှာဖြစ်ပါတယ်။🎊

⏰ ကြာချိန် : ၂ပတ်-၄ပတ်ဝန်းကျင်
🚚: ထိုင်း🇹🇭နဲ့ မြန်မာ🇲🇲ကိုပို့ပေးပါတယ်။

ဒါ့အပြင် Weekaqua၊ Maxspectမီးတွေ၊ တွဲလောင်းချိတ်တွေ၊ ငါးကန်/အပင်ကန်သုံးဆေးတွေ၊ Filterတွေ၊ ကိရိယာတွေ၊ ငါးစာတွေကိုပါ ပုံပြပေးတာနဲ့ရှာဝယ်ပေးပါတယ်။

“ပစ္စည်းချင်းတူရင်တောင် ဈေးသက်သာစေရမည်”

Aqua Shangri-La - အက်ကွာရှန်ဂရီလာ
https://www.facebook.com/aquashangrila

Aqua Shangri-La - အက်ကွာရှန်ဂရီလာ သည် Rakko’s Days on Earth၏မိတ်ဖက် ငါးနှင့်ငါးဆက်စပ်ပစ္စည်းအရောင်းဆိုင် ဖြစ်သည့်အတွက် ယုံကြည်စိတ်ချစွာဝယ်ယူအားပေးနိုင်ပါတယ်ခင်ဗျ။

#尼特利

အပင်ကန်လုပ်၊ ပြန်ဖျက်၊ ငါးရံ့ကန်ပြောင်း။ကန်နောက်တစ်ကန်လက်ဆောင်ရ၊ အပင်ကန်ပြန်လုပ်။ဒီတခါတော့အရင်းအနှီးနည်းနည်းများတယ်။မြှေ...
22/04/2025

အပင်ကန်လုပ်၊ ပြန်ဖျက်၊ ငါးရံ့ကန်ပြောင်း။
ကန်နောက်တစ်ကန်လက်ဆောင်ရ၊ အပင်ကန်ပြန်လုပ်။
ဒီတခါတော့အရင်းအနှီးနည်းနည်းများတယ်။
မြှောက်ပေးတဲ့သူရှိလို့ Netleaတွေချည်းချလိုက်ရတာ။

ဒီလတော့ ရေနဲ့ထမင်းပဲ။ 🥲

Native Species Conservation & Identification ကျွန်တော့်မိတ်ဆွေ ကိုယ်တိုင်မြေပြင်ဆင်းပြီး ငလျင်ဘေးအတွက် လူအား၊ငွေအား၊ရိက္...
31/03/2025

Native Species Conservation & Identification ကျွန်တော့်မိတ်ဆွေ ကိုယ်တိုင်မြေပြင်ဆင်းပြီး ငလျင်ဘေးအတွက် လူအား၊ငွေအား၊ရိက္ခာအားအကုန်တတ်နိုင်သလောက်ကူညီနေပါတယ်။
မိတ်ဆွေတို့လည်း ၁၀၀-၂၀၀ကစလို့တတ်နိုင်သလောက် စိတ်ချလက်ချပါဝင်ကူညီနိုင်ပါတယ်။ ကိုယ်တိုင်က မြေပြင်မှာမကူနိုင်၊မကယ်နိုင်တဲ့အခါ ကူညီနေတဲ့သူတွေကိုတတ်နိုင်တဲ့ဘက်က ထောက်ပံ့ပေးလိုက်ကြရအောင်လား

KBZ Payရော Wave Payရော AYA Payရော အဆင်ပြေပါတယ်။
နာမည် - Win Paing Oo
နံပါတ် - 09771612471

Kpayမှာအပေါ်က အကောင့်ကပြည့်နေရင်

Myint Myat Saing Wam 09954883923
Mya Bhone Maw 09779085304
ကို ထည့်လှူလို့ရပါတယ်ခင်ဗျာ။

Japan နိုင်ငံမှ ပါဝင်ချင်တယ်ဆိုရင် ဒီကို လွှဲပေးလို့ရပါတယ် ခင်ဗျာ။

14040-64360141
ハ- セイン パイ

Original Post - https://www.facebook.com/share/1FKigdb7kG/?mibextid=wwXIfr

15/01/2025

သာမန်ကြည့်လိုက်ရင်တော့ အောက်ချင်းငှက်အကြီးက သူ့အကောင်ပေါက်လေးတွေကိုအစာကျွေးနေတာပါ။ ဘာမှတော့မထူးဆန်းနေပါဘူး။သေချာဆက်ကြည့်ရင်တော့ သူ့အသိုက်ရှိရာအပင် ပတ်ပတ်လည်မှာ ကြိုးတားထားပြီး ဘယ်သူမဆိုကျူးကျော်ဝင်ရောက်နှောင့်ယှက်ရင် အရေးယူခံရမယ်ဆိုတဲ့ ဥပဒေနဲ့ကာကွယ်ပေးထားတာကိုမြင်ရပါလိမ့်မယ်။နိုင်ငံကောင်းတော့ တိရစ္ဆာန်တောင်မှ လုံခြုံမှုအပြည့်နဲ့ တိရစ္ဆာန်အခွင့်အရေးအပြည့်အဝနဲ့နေထိုင်ခွင့်ရ၊ ထိန်းသိမ်းစောင့်ရှောက်ခံထားရတာပဲ။နိုင်ငံမကောင်းရင် ဘာဖြစ်လဲဆိုတော့ ဒီလိုရှားပါးတိရစ္ဆာန် အ ေ-သတွေကို ဈေးဗန်း/ အရှင်တွေကို မှောင်ခိုဈေးထဲတွေ့ရတာပေါ့ဗျာ။ Rakko’s Days on Earth

Address


Website

Alerts

Be the first to know and let us send you an email when Rakko’s Days on Earth posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Want your business to be the top-listed Media Company?

Share