14/10/2025
တောင်မဲသင်းကျေးရွာထဲက သောင်းကျန်းသူများကို မောင်းထုတ်ပြီးနောက် ဒေသခံပြည်သူများ နေရပ်သို့ ပြန်လာနိုင်ခဲ့
--------------------------------------------------
အထူးဒေသ(၆)၊ အောက်တိုဘာ (၁၅)ရက်၊ ၂၀၂၅
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ လုံးပျဉ်ကျေးရွာအုပ်စု၊ တောင်မဲသင်းကျေးရွာသည် လွန်ခဲ့သည့် ၂၀၂၃ ခုနှစ်ကတည်းက အကြမ်းဖက်သောင်းကျန်းသူများ ဝင်ရောက်လာခဲ့တာကြောင့် ပင်လောင်းမြို့နယ်၊ နန်းထာရွာနှင့် ပင်ခွန်ရွာ စသည့် ကျေးရွာထဲကို စစ်ဘေးရှောင်နေရပြီး အကြမ်းဖက်သောင်းကျန်းသူများ နယ်မြေကျူးကျော်ပြီး တိုက်ပွဲများဖော်ဆောင်ခဲ့ခြင်းကြောင့် စီးပွာရေး၊ ပညာရေး၊ စိုက်ပျိုးရေးတွေလည်း အကုန်လုံးအခက်အခဲကြုံခဲ့ရပါသည် ။
ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF) ပူးပေါင်းအဖွဲ့တို့ဟာ ၂၀၂၁ ခုနှစ် မေလ (၂၁)ရက်နေ့မှာ ညောင်ရွှေမြို့နယ်၊ အွိုင်ထီရီး တာဝန်ခံဆရာလာကို အကြောင်းမဲ့ စတင်သတ်ဖြတ်ခဲ့ပြီး ၂၀၂၃ ခုနှစ် မတ်လမှာတော့ ပင်လောင်းမြို့နယ်၊ လုံးပျဉ်ကျေးရွာအုပ်စု၊ နန်းနိမ်းကျောင်းထိုင်ဆရာတော်အပါဝင် ရွာသားများ (၃၀)ကျော်ကိုသတ်ဖြတ်ခဲ့ပါသည် နောက်ပြီး ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ (၂၅)ရက်နေ့မှာတော့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့ထဲကို နယ်မြေကျူးကျော်ဝင်ရောက်လာပြီး တိုက်ပွဲဖော်ဆောင်ကာ ဖေဖော်ဝါရီ (၂၈)ရက်နေ့မှာတော့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ စငေါဝ်းကျေးရွာအုပ်စု၊ နမ်းဟူးကျေးရွာနှင့် ပင်လျဲမ်ကျေးရွာ၊ ပင်လျဲမ်ဘုန်းကြီးကျောင်းတို့ကို မီးရှို့ဖျက်ဆီးခဲ့ပါသည် ။
အထူးဒေသ(၆)၊ ပအိုဝ်းနယ်မြေအတွင်းမှာ အတူယှဉ်တွဲနေထိုင်ကြသည့် ညီနောင်တိုင်းရင်းသားများအားလုံးသည် တည်ငြိမ်အေးချမ်းခြင်းကိုလိုလားကြသည့်အတွက် စည်းလုံးညီညွတ်စွာဖြင့် တတ်နိုင်သည့်ဖက်ကနေ ပါဝင်ကူညီကြပြီး ၂၀၂၅ ခုနှစ် မေလ ကနေစတင်ပြီး အထူးဒေသ(၆) နယ်မြေထဲကို ကျူးကျော်နေထိုင်ကြသည့် အကြမ်းဖက်သောင်းကျန်းသူများကို နိုင်ငံတော်နှင့် ပအိုဝ်းအမျိုးသားတပ်မတော်(PNA)ပူးပေါင်းပြီး နယ်မြေရှင်းလင်းရေးတွေကို ဆောင်ရွက်ထားနိုင်ခဲ့ပြီး ယခုအခါ တောင်မဲသင်းကျေးရွာက ဒေသခံပြည်သူများလည်း နေရပ်ကို ပြန်လာနေနိုင်ခဲ့ပြီဖြစ်ပါသည် ။
ပအိုဝ်းအမျိုးသားတပ်မတော်(PNA)
သတင်းနှင့်ပြန်ကြားရေး
09-661113755
09-696666652