Lawka Ahla - လောကအလှမီဒီယာ

  • Home
  • Lawka Ahla - လောကအလှမီဒီယာ

Lawka Ahla - လောကအလှမီဒီယာ မြန်မာစာတန်းထိုးဇာတ်လမ်းတွေတင်ပေးမယ်နော်

2024 ရဲ့ နှစ်ကုန်ပိုင်းမှာ အသစ်ထွက်ရှိထားတဲ့ ဗီယက်နမ်ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ဒီဇာတ်ကားထဲမှာတော့ လူကုထံအသိုင်းအဝိုင်းကြား ...
30/05/2025

2024 ရဲ့ နှစ်ကုန်ပိုင်းမှာ အသစ်ထွက်ရှိထားတဲ့ ဗီယက်နမ်ဇာတ်ကားတစ်ကားဖြစ်ပါတယ်။

ဒီဇာတ်ကားထဲမှာတော့ လူကုထံအသိုင်းအဝိုင်းကြား လူကုထံမိသားစုကြားထဲက အရှုပ်အရှင်းတွေကို ထုံးစံအတိုင်းတွေ့ရမှာပဲဖြစ်ပါတယ်။ဒီဇာတ်ကားထဲမှာတော့ မိသားစုတစ်စုကြောင်းကို အခြေခံပြီးရိုက်ကူးထားတာပါ။မိသားစုဝင်တွေထဲမှာဆိုရင် မိဘနှစ်ဦးဖြစ်သူ လင်မယား၊ သားဖြစ်သူတစ်ယောက်၊ သမီးဖြစ်သူတစ်ယောက်နဲ့ မိခင်ဖြစ်သူရဲ့ အဖေ အဘိုးတစ်ယောက်ပါပါတယ်။ ဇာတ်လမ်းအကျဉ်းဖခင်ဖြစ်သူ ဒင်ခုံးသွာဟာ ယောက္ခထီးရဲ့ ဗိုမျိုးဆက်ပိုင် လုပ်ငန်းစုကြီးကိုအမွေခံဖို့ အလားအလာရှိနေတဲ့သူတစ်ယောက်ပါ။နောက်ကွယ်က ဇနီးဖြစ်သူကလည်း သူအသက်ငယ်စဉ်က ချွတ်ခြုံခဲ့တဲ့အမျိုးသားကို ဒီကနေ့ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်အောင် ပံ့ပိုးပေးခဲ့သူပါ။သားဖြစ်သူကလည်း ငယ်ငယ်ရွယ်ရွယ်နဲ့ပညာတတ်ပြီး အပျော်အပါးခုံမင်သူပါ။ သမီးဖြစ်သူကတော့ အိမ်ရဲ့အဝေးမှာ ပညာတော်သင်ဖို့အတွက်ထွက်သွားတာ ၆ နှစ်တောင်ရှိပါပြီ။လူထုအမြင်အပေါ်ယံမှတော့ အားလုံးပြီးပြည့်စုံ​နေပေမယ့်လည်း လေထဲကအိမ်၊ ဖန်နဲ့ဆောက်ထားတဲ့အိမ် ဆိုသလိုပဲ နောက်ကွယ်မှာ ရိုက်ခတ်မှုအကြီးစားတွေပြည့်နှက်နေခဲ့ပါတယ်။တစ်ချိန်က ပြီးပြည့်စုံတဲ့အိမ်အထောင်အတွက် အစွမ်းကုန်ကြိုးပမ်းခဲ့တဲ့ ဇနီးအတွက် ခင်ပွန်းဖြစ်သူမှာ သစ္စာတရားပျက်ပြားမှုရှိခဲ့ပါတယ်။

ဒါ့အပြင် ဖခင်ဖြစ်သူရဲ့ ကျန်းမာရေးကပိုဆိုးလာပြီး ဆုံးလုနီးနီးဖြစ်သွား၊ သားဖြစ်သူမှာလည်း ဒီကနေ့ခေတ်မှု woke mindset လို့ခေါ်တဲ့ ကိုယ့်ရဲ့မျိုးရိုးဗီဇကိုဆန့်ကျင်တဲ့ identity crisis ဖြစ်ပြီးလိင်တူအမျိုးသားသူငယ်ချင်းကိုချစ်နေ၊ သမီးဖြစ်သူကလည်း တကယ်တမ်တော့ ဖခင်ရဲ့ ရမ္မက်မြူထူမှုတွေကို နာကျည်းပြီး အိမ်ကနေဝေးနိုင်သထက်ဝေးအောင်ထွက်ပြေးသွားတာကို သိလိုက်ရတဲ့အခါမှာတော့…

ကြည့်ရန်နှိပ်ပါ >>> https://tinyurl.com/36uxdc4n

ဒီလေယာဉ်ပျက်ကျတဲ့ဖြစ်ရပ်ရဲ့ အထူးခြားဆုံးအချက်က လူသားစားခဲ့ကြတဲ့ အချက်ပဲ။ နှင်းတောထဲ အချိန်တစ်ခုထိ ရိက္ခာမရှိ နေလာရင်း ဘာ...
29/05/2025

ဒီလေယာဉ်ပျက်ကျတဲ့ဖြစ်ရပ်ရဲ့ အထူးခြားဆုံးအချက်က လူသားစားခဲ့ကြတဲ့ အချက်ပဲ။ နှင်းတောထဲ အချိန်တစ်ခုထိ ရိက္ခာမရှိ နေလာရင်း ဘာမှမရှိတော့တဲ့အချိန် သူတို့ရွေးချယ်မှုက သေသွားတဲ့လူတွေကို စားဖို့ဖြစ်လာခဲ့တဲ့နောက် ဒီဖြစ်ရပ်ကို အဲဒီအချက်ကပဲ ပိုထူးခြားသွားစေခဲ့တယ်။ ဒီဖြစ်ရပ်ကနေ ရှင်ကျန်တဲ့သူ၁၆ယောက်ရှိတယ်။ ဒီထဲက ၁၅ယောက်နဲ့ ဒါရိုက်တာက စကားပြောခွင့်ရခဲ့သလို သူတို့ကိုရုံမတင်ခင် ကြိုလည်းပြခဲ့တယ်။ ဒီဖြစ်ရပ်အပေါ် ဒါရိုက်တာရဲ့အမြင်တွေက အဲဒီလူတွေဆီကလာတော့ ဒီဖြစ်ရပ်ရဲ့ အကျည်းတန်ခြင်းတွေကို ဒါရိုက်တာက သူတို့ရဲ့လုပ်ရပ်ကောင်းတွေနဲ့ပဲ ပြန်ဖုံးသွားခဲ့တယ်။ လူသားစားတဲ့ အခန်းတွေပါနေပေမဲ့ ဒီကိုဦးတည်မသွားခင် ပြသွားတဲ့အရာတွေရော နောက်မှာပြတဲ့အရာတွေရော၊ Narrative တွေရောက ဒီအကျည်းတန်ခြင်းကို စွ့န်လွှတ်အနစ်နာခံခြင်းအသွင်နဲ့ပဲ လူသားစားတာကို လူသားဆန်ဆန်ပြသွားတယ်။ ဒီလိုပြတာကိုကပဲ ဒီကားကို ထူးခြားစေတယ်။ ဒီလေယာဉ်တစ်စီးလုံးကလူတွေထဲက ခရီးသည်၄၀မှာ ရက်ဂီဘောလုံးအသင်းက လူ၁၉ယောက်ပါသလို ကျန်တဲ့လူတွေကလည်း သူတို့နဲ့ပတ်သက်ရာပတ်သက်ကြောင်းတွေဆိုတော့ ဒီလိုပြန်စားလိုက်တာက တော်တော်တော့ ခေါင်းကျိန်းစရာကောင်းပေမဲ့ အကျိုးနဲ့အကြောင်းနဲ့ပဲ လူသားဆန်အောင်ပြထားတယ်။ ရှင်သန်ချင်စိတ်တွေ၊ ရဲဝံ့မှုတွေ၊ ယုံကြည်ချက်တွေ၊ စွန့်လွှတ်ခြင်းတွေ၊ လူသားဆန်မှုတွေနဲ့ ဖြစ်ရပ်က ရက်စက်သလို ကားကလည်း Survival ကားပေမဲ့ တော်တော်လေး လူသားဆန်နေတယ်။ ဒီလိုထူးသွားလို့ပဲ အော်စကာ Shortlist ထဲ ဝင်သွားသလားတော့မသိဘူး။

ဒီမှာကြည့်နော် >>> https://tinyurl.com/36uxdc4n

Red Notice ဆိုတဲ့အဓိပ္ပါယ်ကတော့ အင်တာပိုလ်(နိုင်ငံတကာရဲတပ်ဖွဲ့)ကနေကမ္ဘာ့အလိုရှိဆုံး ဝရမ်းအဆင့်အနေနဲ့ ထုတ်ပြန်ရတဲ့ ရာဇဝတ်...
28/05/2025

Red Notice ဆိုတဲ့အဓိပ္ပါယ်ကတော့ အင်တာပိုလ်(နိုင်ငံတကာရဲတပ်ဖွဲ့)ကနေ
ကမ္ဘာ့အလိုရှိဆုံး ဝရမ်းအဆင့်အနေနဲ့ ထုတ်ပြန်ရတဲ့ ရာဇဝတ်ကောင်ပဲဖြစ်ပါတယ်။
ဒီရုပ်ရှင်မှာတော့ သူခိုးနှစ်ယောက်ပေါ့။ သူတို့ ခိုးချင်တာကတော့ ကလီယိုပက်ထရာရဲ့ ဥပါပဲ။
ဟုတ်ပါတယ် အီဂျစ်ဘုရင်မ ကလီယိုပက်ထရာ ပိုင်ဆိုင်ခဲ့တဲ့ ရတနာဥ သုံးလုံးကို အပြိုင်အဆိုင်ခိုးယူကြမှာပါ။
တစ်လုံးက ပြတိုက်မှာရှိတယ်၊ တစ်လုံးက အရမ်းအန္တရာယ်ကြီးတဲ့လူတစ်ယောက်လက်ထဲမှာ ရှိပြီး၊နောက်ဆုံးတစ်လုံးကတော့ ဘယ်မှာရှိလဲဆိုတာ ဘယ်သူမှ မသိကြပါဘူး။
အဲဒီရတနာဥသုံးလုံးကို ရရင် ဒေါ်လာ သန်း ၃၀၀ ပေးမယ့် ဘီလီယံနာကြီးတစ်ယောက်က အသင့်စောင့်ကြိုနေပါပြီ။
ဒီတော့ ဥတွေကို deadpool နဲ့ wonder woman တို့ တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုဉာဏ်များပြီးလုကြမလဲ။
စုံထောက်ကြီး the rock ကရော ဘယ်လိုလိုက်ဖမ်းမလဲဆိုတာကို ကြည့်လိုက်ရအောင်။

ဒီမှာကြည့်လိုက် >>> https://tinyurl.com/36uxdc4n

မင်းသား Mark Wahlberg ၊ Transporter မင်းသား Jason Statham ၊ Mad Max: Fury Road ဇာတ်ကားထဲက မင်းသမီး Charlize Theron တို့အ...
26/05/2025

မင်းသား Mark Wahlberg ၊ Transporter မင်းသား Jason Statham ၊ Mad Max: Fury Road ဇာတ်ကားထဲက မင်းသမီး Charlize Theron တို့အပြင် အခြားသော နာမည်ကြီးသရုပ်ဆောင်များစွာ ပါဝင်ထားတဲ့ နာမည်ကျော်ရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်။ Professional သူခိုးတွေရဲ့ စနစ်ကျနမှုတွေကို မြင်တွေ့ရမှာဖြစ်ပြီးလူ့စိတ်ရဲ့အလင်းအမှောင်နဲ့ ချစ်ခြင်းမေတ္တာတွေအကြောင်းကို ရှုမြင်ခံစားရမှာပါ…လှည့်ကွက်အများအပြားနဲ့ဇာတ်ကားမို့လို့ ဇာတ်လမ်းအကျဉ်းကို မိတ်ဆက်မပေးချင်ပါဘူး…။မကြည့်ရသေးရင် သေချာပေါက်ကြည့်သင့်တဲ့ဇာတ်ကားဖြစ်ပြီး ကြည့်ပြီးသွားရင်လဲထပ်ကြည့်လို့ မပျင်းစေရဘူးဆိုတဲ့အကြောင်းပဲ မိတ်ဆက်ပေးချင်ပါတယ်….။Action, Crime, Thriller အမျိုးအစားထဲမှာတော့ ကျွန်တော်အကြိုက်ဆုံးဇာတ်ကားတစ်ကားဖြစ်ပြီးသတိရတိုင်းပြန်ကြည့်မိတဲ့ဇာတ်ကားပါ။

ဒီမှာကြည့်နော် >>> https://tinyurl.com/36uxdc4n

The Wolf of Wall Street ဆိုတာက ဖြစ်ရပ်မှန်အတ္ထုပ္ပတ္တိကိုပြန်ရိုက်ထားတာ…အခုထိ သက်ရှိထင်ရှားရှိနေသေးတဲ့ Jordan Belfort ဆိ...
26/05/2025

The Wolf of Wall Street ဆိုတာက ဖြစ်ရပ်မှန်အတ္ထုပ္ပတ္တိကိုပြန်ရိုက်ထားတာ…အခုထိ သက်ရှိထင်ရှားရှိနေသေးတဲ့ Jordan Belfort ဆိုတဲ့ဆရာသမား စတော့ရှယ်ယာဈေးကွက်မှာ ဘယ်လိုတွေ လူလည်ဖျံကျပုံ…အချိန်တိုအတွင်း ငွေတွေဒလဟောဝင်ပြီး ဘယ်လိုတွေချမ်းသာသွားပုံ…ချမ်းသာလွန်ပြီး ဘာတွေဆက်ဖြစ်သွားပုံစတဲ့ သူ့ဘဝဇာတ်ကြောင်းကိုရိုက်ထားတာ…မင်းသား လီယိုနာဒိုက Jordan Belfort နေရာကနေ သရုပ်ဆောင်ထားပြီး ဇာတ်ကားရဲ့နောက်ဆုံးပိုင်းမှာ Jordan Belford ကိုယ်တိုင်လဲ ဝင်ရိုက်ထားသေးတယ်။မင်းသမီးက Margot Robbie …သိတဲ့အတိုင်း ဒီဇာတ်ကားမှာရှယ်ဟော့တာ..သူများလင်ယူထားတဲ့ အငယ်အနှောင်းပုံစံနဲ့ ဟော့တယ် ထိတယ်မိတယ်ပေါ့။သူမက အဲ့ကာလက တက်သစ်စမင်းသမီးပဲရှိသေးပေမယ့် ဒီဇာတ်ကားမှာ အဟော့ခန်းတွေ အဖော်အချွတ်ခန်းတွေပါမကျန် ဇာတ်နဲ့ကျရာဇာတ်ရုပ်ကို ပီပြင်စွာရိုက်ကူးသရုပ်ဆောင်ခဲ့တာကြောင့် တခါထဲ နာမည်ကြီးမင်းသမီးတန်းဝင်သွားပါတယ်။မင်းသားလီယိုနာဒိုကတော့ ပြောမနေနဲ့တော့…သူ့ကြောင့်ပဲ ဒီရုပ်ရှင်ကား ဒီလောက်ကောင်းသွားတာ...

ကြည့်ရန်နှိပ်ပါ >>> https://tinyurl.com/4tajhphw

မင်းသားကြီး Kevin Costnerနဲ့ Woody Harrelsonတို့အဓိကပါဝင်ထားသည့်အပြင် IMDbလည်းအကောင်းဆုံးအနေအထားမှာရှိနေသည့် မှုခင်းဇာတ်...
25/05/2025

မင်းသားကြီး Kevin Costnerနဲ့ Woody Harrelsonတို့အဓိကပါဝင်ထားသည့်အပြင် IMDbလည်းအကောင်းဆုံးအနေအထားမှာရှိနေသည့် မှုခင်းဇာတ်ကားမို့ကားကောင်းတစ်ကားဖြစ်ပါကြောင်း
ရှေးယခင်က ရိန်းဂျိန်းတွေဟာဖမ်းမိတဲ့သူတွေကို တရားဝင်သတ်ဖြတ်ပိုင်ခွင့်ရှိသည်..အုပ်ချုပ်ရခက်သည့်ရိန်းဂျားတွေဟု ယူဆက အဖွဲ့ကိုဖျက်သိမ်းခဲ့ခြင်းဖြစ်သည်..ယ္ခုအခြေအနေမှာတော့ ကျန်ရှိနေသေးသည့် အတော်ဆုံး(၂)ယောက်ကိုခေါ်သုံးဖို့ဖြစ်လာသည်…

အဓိက သူတို့ဖမ်းရမယ့်တရားခံက ဝရမ်းပြေးလင်မယား(၂)ယောက်ဖြစ်သည်....
ကြည့်ရန်နှိပ်ပါ >>> https://tinyurl.com/4tajhphw

𝐏𝐮𝐛𝐥𝐢𝐜 𝐄𝐧𝐞𝐦𝐢𝐞𝐬 (2009) ဇာတ်ကားဟာ 1903 ခုနှစ်က နာမည်ကျော် ဘဏ်ဓားပြတစ်ဦးဖြစ်တဲ့ John Dillinger အကြောင်းကို ဖြစ်ရပ်မှန်ရိုက်...
24/05/2025

𝐏𝐮𝐛𝐥𝐢𝐜 𝐄𝐧𝐞𝐦𝐢𝐞𝐬 (2009) ဇာတ်ကားဟာ 1903 ခုနှစ်က နာမည်ကျော် ဘဏ်ဓားပြတစ်ဦးဖြစ်တဲ့ John Dillinger အကြောင်းကို ဖြစ်ရပ်မှန်ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ မင်းသားကြီး Johnny Depp အဓိကပါဝင်ရိုက်ကူးထားပြီး စိတ်ဝင်စားဖွယ်ကောင်းသော အက်ရှင် Crime ရုပ်ရှင်အမျိုးအစားဖြစ်ပြီး IMDB rating 7.0 ရရှိထားသော ရုပ်ရှင်ကားတစ်ကားလည်းဖြစ်ပါတယ်။

ဒီမှာကြည့်နော် >>> https://tinyurl.com/4tajhphw

442အကယ်​၍ သင်​ဟာ Single Father တစ်​​ယောက်​ဖြစ်​ပြီး သင့်က​လေးအိပ်​ဖို့အတွက်​ ​ကျောတစ်​ခင်းစာ​တောင်​မဖန်​တီး​ပေးနိုင်​​တေ...
24/05/2025

442အကယ်​၍ သင်​ဟာ Single Father တစ်​​ယောက်​ဖြစ်​ပြီး သင့်က​လေးအိပ်​ဖို့အတွက်​ ​ကျောတစ်​ခင်းစာ​တောင်​မဖန်​တီး​ပေးနိုင်​​တော့ဘူးဆိုရင်​…သင့်ရင်​​သွေးကိုစွန့်လွှတ်လိုက်​​မှာပါလား? ? ?Chris Gardner ဆိုတဲ့ လူတစ်​​ယောက်​​က​တော့ မိမိရဲ့သား​လေးလက်​ကိုဆွဲပြီး ဘဝရဲ့အခက်​ခဲဆုံးအချိန်​​တွေကိုဖြတ်​​ကျော်​ပြီးလို့ အခုဆို Millionaire တစ်​​ယောက်​​တောင်​ဖြစ်​လို့​နေပါပြီ။

သင့်ဘဝကို သင်​ခက်​ခဲလှပြီလို့ထင်​​နေရင်​ တကယ့်ဖြစ်​ရပ်​မှန်​ဘဝကိုအ​ခြေခံပြီးရိုက်​ကူးထားတဲ့ ဒီဇာတ်​ကား​လေးကို အချိန်​​ပေးပြီးကြည့်ကြည့်လိုက်​ပါဒီကား​လေးကြည့်ပြီး အရင်​ဦးဆုံး ခံစားမိမှာက​တော့ ဖခင်​တစ်​​​ယောက်​ရဲ့​မေတ္တာ ဘယ်​​လောက်​ နက်​ရှိုင်းတယ်​ဆိုတာပါပဲ…ဘဝရဲ့အဆိုးဆုံးအ​ခြေအ​နေတစ်​ခုမှာ​တောင်​ သားဖြစ်​သူကို လက်​လွှတ်​မခံခဲ့တဲ့ ဖခင်​တစ်​​ယောက်​ရဲ့ ​မိဘ​မေတ္တာ…ကျွန်​​တော်​တို့ ​တော်​​တော်​များများ ​ငွေကိုသည်းကြီးမည်းကြီးရှာ​နေကြချိန်​မှာ ​ပျော်​ရွှင်​မှုဆိုတာဘာလဲ ဘယ်​လိုအရာက မိမိကို​ပျော်ရွှင်​​စေတာလဲ မ​တွေးမိကြတာများပါတယ်​…ဒီဇာတ်​ကား​လေးက​နေ ​တော်​ရုံသတိပြုမိဖို့ခဲယဉ်းတဲ့ဖခင်​တစ်​​ယောက်​ရဲ့ချစ်​ခြင်းမေတ္တာရယ်​…​​

​ပျော်​ရွှင်​မှုဆိုတာ ကြိုးစားသူတိုင်းအတွက်​ အလှမ်းမ​ဝေးဘူးဆိုတာရယ်​…
ဘဝဆိုတာ ​”ဘုံလုံတစ်​လှည့် ငါးပျံတစ်​လှည့်” ဖြစ်​​တယ်​ဆိုတာ စိတ်​ကူးယဉ်​သက်​သက်​မဟုတ်​ပဲလက်​​တွေ့မှာပါ တကယ်​ရှိတယ်​ဆိုတာ တို့ကို…သာမန်​အ​ရောင်းသမား(Saleman) ​လေးဘဝက​နေ သန်းကြွယ်​သူ​ဌေးတစ်​​ယောက်​ဖြစ်​လာသည်​အထိ ခက်​ခက်​ခဲခဲ ရုန်းကန်​လှုပ်​ရှားခဲ့ရသူ Chris Gardner ရဲ့ဘဝကို​ inspired လုပ်​ပြီး ရိုက်​ကူးထားတဲ့ “The Pursuit of Happyness” ဆိုတဲ့ကား​လေးမှာ အထင်​အရှား​တွေ့ကြရမှာပါ…ဒီဇာတ်​ကား​လေးကို​တော့ Director Gabriele Muccino ကရိုက်​ကူးထားပြီးကျွန်​​တော်​တို့ရုပ်​ရှင်​ကြိုက်​သူ​တွေအားလုံးနဲ့

ရင်းနှီးပြီးသားဖြစ်​တဲ့ မင်းသားကြီး Will Smith ကသရုပ်​​ဆောင်​ထားပါတယ်​…ထူးခြားမှုအ​နေနဲ့က ဒီဇာတ်​ကားထဲမှာ Chris Gardner(Will Smith) ရဲ့ သား​နေရာက​နေ သရုပ်​​ဆောင်​ထားသူက​တော့Will Smith ရဲ့ သားအရင်းဖြစ်​သူ Jaden Smith ပဲဖြစ်​ပါတယ်

ကြည့်မယ်ဆို ဒီမှာနှိပ်ပါ >>> https://tinyurl.com/4tajhphw

crd to CM:

သောကြာနေ့ညမှာ positive vibe လေးရတဲ့ဇာတ်လမ်းလေးကြည့်ရအောင်လား... ဇနီးသည်ဆုံးသွားပြီးနောက်မှာ move on မလုပ်နိုင်ဘဲ အဓိပ္ပါ...
23/05/2025

သောကြာနေ့ညမှာ positive vibe လေးရတဲ့ဇာတ်လမ်းလေးကြည့်ရအောင်လား...

ဇနီးသည်ဆုံးသွားပြီးနောက်မှာ move on မလုပ်နိုင်ဘဲ အဓိပ္ပါယ်မဲ့သွားတဲ့ဘဝကြီးကို အထီးကျန်ကျန်ဖြတ်သန်းနေရတဲ့ အော့တိုဆိုတဲ့အဘိုးကြီးတစ်ယောက်ရဲ့ နေ့စဉ်ဘဝနဲ့စပါတယ်။ သူ့အတွက်တော့ သူ့ဇနီးသည်ကသာ ရှင်သန်ခြင်းရဲ့အဓိပ္ပါယ်၊ သူ့ရဲ့အရာရာဖြစ်ခဲ့ပြီး ဇနီးသည်မရှိတော့တဲ့ သူ့ဘဝကြီးက ဗလာနတ္ထိပါပဲ။ ဒါကြောင့် ဇနီးသည်နောက်ကိုလိုက်ဖို့ ပြင်ဆင်နေတဲ့အချိန်မှာပဲ ဘေးအိမ်ကို အိမ်နီးချင်းအသစ်တွေပြောင်းလာခဲ့ပြီး သူ့ဘဝကလည်း ပြောင်းလဲသွားပါတော့တယ်။

ဒီဇာတ်ကားက အခု (၂၀၂၃) နှစ်စကမှ digital version ထွက်ရှိထားတဲ့ အသစ်စက်စက်ဇာတ်ကားတစ်ကားဖြစ်ပြီး IMDb rating 7.4 အထိရရှိထားတာမို့ ဝေဖန်ရေးဆရာတွေ စိတ်ကြိုက်တွေ့ခဲ့တဲ့ ဇာတ်ကားတစ်ကားလို့ ပြောလို့ရပါတယ်။

အဓိကဇာတ်ဆောင်အနေနဲ့ကလည်း Forrest Gump, The Terminal အဲဒီလိုဇာတ်ကားတွေမှာ ကျရာဇာတ်ရုပ်ကို ပီပီပြင်ပြင်သရုပ်ဆောင်နိုင်တာကြောင့် နာမည်ကြီးတဲ့ မင်းသားကြီး Tom Hanks က ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်ကားက အနိမ့်အမြင့်အတက်အကျတွေ အများကြီးမပါဘဲ အေးအေးငြိမ်ငြိမ်လေးနဲ့ လူတစ်ယောက်က နောက်ထပ်လူတစ်ယောက်ကိုချစ်တယ်ဆိုတာ ဒီဟာပါလားလို့ သဘောပေါက်သွားအောင် သေချာလေးရိုက်ပြသွားတာမျိုးပါ။

ကြည့်ရန်နှိပ်ပါနော် >>> https://tinyurl.com/4tajhphw

The Outlaws တဲ့ ..မြန်မာလိုဆိုရင်တော့ဝရမ်းပြေးတွေပေါ့ဗျာ…၂၀၁၇ အောက်တိုဘာထဲမှာထဲမှာထွက်ထားတဲ့ကိုရီးယားအက်ရှင်ကားတစ်ကားပါန...
23/05/2025

The Outlaws တဲ့ ..မြန်မာလိုဆိုရင်တော့ဝရမ်းပြေးတွေပေါ့ဗျာ…၂၀၁၇ အောက်တိုဘာထဲမှာထဲမှာထွက်ထားတဲ့

ကိုရီးယားအက်ရှင်ကားတစ်ကားပါနာမည်ကြီးမင်းသားတွေဖြစ်ကြတဲ့ Train to Busan ထဲက Ma Dong-Seok နဲ့ Yoon Kye-sang, Jo Jae-yoon စသူတို့ ပါဝင်သရုပ်ဆောင်ထားပြီး ဇာတ်လမ်းကိုတော့ ၂၀၀၄ ခုနှစ် ကိုရီးယားနိုင်ငံ ဆိုးလ်မြို့က ရပ်ကွက်တစ်ခုမှာဖြစ်ပွားတဲ့ လူဆိုးဂိုဏ်းတွေရဲ့ ရာဇဝတ်မှုတွေကိုအခြေခံရိုက်ကူးထားပါတယ်ဇာတ်လမ်းကို ဟာဂျီဝန်ဆိုတဲ့ ဆိုးလ်မြို့က ရပ်ကွက်လေးတစ်ခုရဲ့ဈေးထဲမှာဖြစ်တဲ့လူမိုက်တွေရဲ့ရန်ပွဲလေးတစ်ခုနဲ့အစပြုထားပါတယ်…ဒီဒေသတစ်ဝိုက်ကိုတာဝန်ယူရတာက ရဲစုံထောက် မား နဲ့အဖွဲ့ဖြစ်ပြီး အနားတစ်ဝိုက်ကလူမိုက်တွေက စုံထောက်မားကို ချစ်ခင်လေးစားကြပုံ…

ကြည့်ချင်နှိပ်လိုက်နော် >>> https://tinyurl.com/4tajhphw

ဒီရုပ်ရှင်ဇာတ်ကားဟာ 1932 ခုနှစ်ကထွက်ခဲ့တဲ့ The Mummy ဇာတ်ကားကို Remark ပြန်လုပ်ထားတာဖြစ်ပြီး ခေတ်သစ် Mummy ဇာတ်ကားတွေ နှ...
22/05/2025

ဒီရုပ်ရှင်ဇာတ်ကားဟာ 1932 ခုနှစ်ကထွက်ခဲ့တဲ့ The Mummy ဇာတ်ကားကို Remark ပြန်လုပ်ထားတာဖြစ်ပြီး ခေတ်သစ် Mummy ဇာတ်ကားတွေ နှိုးထလာစေဖို့ အစပျိုးခဲ့တဲ့ ကနဦးဇာတ်ကားလဲဖြစ်ခဲ့ပါတယ်။မင်းသား Brendan Fraser နဲ့ မင်းသမီးချောလေး Rachel Weisz တို့ကို Mummy ဇာတ်ကားတွေနဲ့ တွဲဖက်မှတ်မိစေတဲ့အထိ သူတို့နှစ်ယောက်အတွဲက လိုက်ဖက်လွန်းခဲ့ပါတယ်။လွန်ခဲ့သော နှစ်ပေါင်းသုံးထောင်ခန့်က ချစ်လျှက်နဲ့ မပေါင်းခဲ့ကြရတဲ့ချစ်သူနှစ်ဦး…

အီဂျစ်ဘုရင်တို့ရဲ့ ရှေးဟောင်းကျိန်စာများကြားမှာ မြေစာပင်ဖြစ်ခဲ့ရတဲ့ ချစ်သူ
နှစ်ဦးအကြောင်းကိုအစပြုလို့….. ဒီဖက်ခေတ် စာကြည့်တိုက်မှူးမိန်းကလေးတစ်ယောက်နဲ့ ကြေးစားစစ်သားကြီး အိုကော်နယ်တို့ရဲ့ စိတ်ဝင်စားဖွယ်ရာစွန့်စားခန်းများအကြောင်းနဲ့ ရှေးဟောင်းကျိန်စာများနိုးထလာတဲ့အခါ ကြောက်မက်ဖွယ်ရာ အဖြစ်ဆိုးများနောက်ဆက်တွဲပါလာပုံတို့ကို စိတ်ဝင်စားဖွယ်တင်ဆက်ထားတာပါ။

ကြည့်ရန်နှိပ်ပါ >>> https://tinyurl.com/4tajhphw

crd to CM

ထီပေါက်ပြီးမှ ပျောက်သွားတဲ့ထီလက်မှတ်နောက်ကို လိုက်ရှာကြတဲ့ ထိုင်းဟာသဇာတ်လမ်းလေး....ထိုင်းဇာတ်ကားတွေအတိုင်းပဲ အတင်းလုပ်ရီ...
22/05/2025

ထီပေါက်ပြီးမှ ပျောက်သွားတဲ့ထီလက်မှတ်နောက်ကို လိုက်ရှာကြတဲ့ ထိုင်းဟာသဇာတ်လမ်းလေး....
ထိုင်းဇာတ်ကားတွေအတိုင်းပဲ အတင်းလုပ်ရီခိုင်းတာတွေလည်းပါပေမယ့် ပေါ့ပေါ့ပါးပါးကြည့်လို့တော့ကောင်းတဲ့ဇာတ်ကားတစ်ကားပါ...

ကြည့်ရန်နှိပ်နော် >> https://tinyurl.com/4tajhphw

Address


Website

Alerts

Be the first to know and let us send you an email when Lawka Ahla - လောကအလှမီဒီယာ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share