01/11/2021
မြန်မာနိုင်ငံရဲ့ MLBB အသင်းကြီး ၄ သင်း ပြန်လည် ပါဝင်လာမဲ့ LOD ပွဲကြီး
ဒီပွဲမှာ မြန်မာနိုင်ငံ MLBB ရဲ့ အသင်းကြီးတွေ
ဖြစ်တဲ့ AI, Falcon Esports, Genesis Esports နဲ့ RM Esportsတို့လဲ ပါဝင်ယှဥ်ပြိုင်ကြမှာဖြစ်ပြီး
QUALIFIER STAGE ကို NOV 15 ရက်နေ့မှ
18 ရက်နေ့ထိ၊
GROUP STAGE ကို NOV 25 ရက်နေ့မှ 28 ရက်နေ့ထိ၊
PLAYOFFS STAGE ပွဲစဥ်တွေကိုတော့
DEC 3 ရက် နေ့မှ 5 ရက်နေ့ထိ ဆော့ကစားကြရမှာပဲ ဖြစ်ပါတယ်ရှင်။
နောက်ဆုံးတွေ့ခဲ့ကြတဲ့ Royal Cup ပွဲ မှာ
AI နဲ့ Falcon Esportsကတော့ ပြိုင်ဆိုင်မှုပြင်းထန်ခဲ့ပြီး 1st runner up နဲ့ကျေနပ်ခဲ့ရတဲ့ AI အတွက်လဲ ဒါက ပြန်လည်ချေပမယ့်ပွဲ တစ်ပွဲ ဖြစ်လာမလား?
Falcon Esports အတွက်ပဲ အောင်မြင်မှု
နောက်တစ်ခု ဖြစ်သွားမလား?
ဒါမှမဟုတ် တခြား ဘယ်အသင်းတွေက ချန်ပီယံဆုကြီးကို ဆွတ်ခူးသွားနိုင်ကြမှာလဲ?
အသင်းကြီးတွေ ကျားလားနဂါးလားမေးကြတော့မယ့်ပွဲဖြစ်တဲ့အတွက် အတူတူစောင့်ကြည့်ရမယ့် ပွဲကြီးပွဲကောင်းတပွဲ ပါပဲပရိသတ်ကြီးရေ!