Bar Nyar Thar Ya Kar - ဘာညာသာရကာ

  • Home
  • Bar Nyar Thar Ya Kar - ဘာညာသာရကာ

Bar Nyar Thar Ya Kar - ဘာညာသာရကာ ဘာညာသာရကာဟာ Lifestyle content တွေကနေတစ်ဆင့် mental wellbeing ဆီသို့ခေါ်ဆောင်သွားပေးမယ့် media outlet တစ်ခုပါ။

ကိုယ့်မှာ ဖြစ်ချင်တဲ့အိပ်မက်တွေ၊ ရောက်ရှိချင်တဲ့ ရည်မှန်းချက်ပန်းတိုင်တွေရှိရင် အဲဒီအိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ ချက...
19/03/2025

ကိုယ့်မှာ ဖြစ်ချင်တဲ့အိပ်မက်တွေ၊ ရောက်ရှိချင်တဲ့ ရည်မှန်းချက်ပန်းတိုင်တွေရှိရင် အဲဒီအိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ ချက်ချင်းစတင်ပါ။

ရည်မှန်းချက်တွေ၊ အိပ်မက်တွေဆိုတာ စိတ်ကူးယဉ်နေရုံနဲ့ မလုံလောက်ပါဘူး။

အဲ့ဒီအိပ်မက်တွေအတွက် ကြိုးစားအားထုတ်ဖို့လည်း လိုအပ်ပါသေးတယ်။

အိပ်မက်တစ်ခုကို လက်တွေ့အကောင်အထည်ဖော်တဲ့ လမ်းကြောင်းဟာ အမြဲတမ်းတော့ ချောမွေ့နေမှာ မဟုတ်ပါဘူး။

အတားအဆီးတွေ၊ အခက်အခဲတွေ မလွဲမသွေ ကြုံတွေ့ရမှာပါပဲ။

ဒါပေမဲ့ ဒီအတားအဆီးတွေကိုသာ ကျော်လွှားနိုင်ရင် ကိုယ့်ရဲ့ အိပ်မက်တွေကို လက်တွေ့အကောင်အထည်ဖော်နိုင်ပါပြီ။

နိုင်ငံရေးလောကတစ်ခုလုံးကို လှုပ်လှုပ်ခတ်ခတ်ဖြစ်စေတဲ့ ပြောင်းလဲမှုတွေ လုပ်ဆောင်ခဲ့ပြီး ညနေခင်းမှာပဲ ကပွဲကို ပြုံးပြုံးရွှ...
22/01/2025

နိုင်ငံရေးလောကတစ်ခုလုံးကို လှုပ်လှုပ်ခတ်ခတ်ဖြစ်စေတဲ့ ပြောင်းလဲမှုတွေ လုပ်ဆောင်ခဲ့ပြီး ညနေခင်းမှာပဲ
ကပွဲကို ပြုံးပြုံးရွှင်ရွှင် တက်ရောက်နေတဲ့ Trump။
(လုပ်ချင်တာ လုပ်ထားပြီးရင် အလှဆုံးပြုံးနေတတ်သူဆိုတာ သူမှ သူအစစ်နော် 😋)

၁။ တခြားသူတွေရဲ့ ပျော်ရွှင်မှုအတွက် မင်းမှာ တာဝန်မရှိပါဘူး။ သူတို့ မပျော်ရင် မပျော်သလို နေပါစေ။ ၂။ မင်းရဲ့ ရွေးချယ်မှုတွ...
20/01/2025

၁။ တခြားသူတွေရဲ့ ပျော်ရွှင်မှုအတွက် မင်းမှာ တာဝန်မရှိပါဘူး။ သူတို့ မပျော်ရင် မပျော်သလို နေပါစေ။
၂။ မင်းရဲ့ ရွေးချယ်မှုတွေကို လူအများနားလည်အောင်လုပ်ဖို့ မင်းမှာ တာဝန်မရှိပါဘူး။ သူတို့ ထင်ချင်ရာ ထင်ပါစေ။
၃။ တခြားသူတွေရဲ့ စိတ်ခံစားချက်တွေကို စီမံခန့်ခွဲနေဖို့ မင်းမှာ လုံးဝတာဝန်မရှီပါဘူး။ သူတို့ ခံစားချက်နဲ့ သူတို့ နေပါစေ။
၄။ မင်းရဲ့ တန်ဖိုးကို မမြင်နိုင်တဲ့သူတွေကို သက်သေပြနေဖို့ မင်းမှာ တာဝန်မရှိပါဘူး။ မင်းကို ကြိုက်သလို လျှော့တွက်ကြပါစေ။
၅။ လူတိုင်းမျှော်လင့်ထားသလို ဖြစ်တည်ပေးဖို့ မင်းမှာ တာဝန်မရှိပါဘူး။ မင်းကို သူတို့ စိတ်ပျက်ချင် ပျက်သွားကြပါစေ။
၆။ မင်းပတ်ဝန်းကျင်က လူတွေနဲ့ အရာအားလုံးကို နေရာတကာ လိုက်စီမံခန့်ခွဲပေးဖို့ မင်းမှာ တာဝန်မရှိပါဘူး။ သူတို့ ဖြစ်ချင်သလို ဖြစ်ကြပါစေ။
၇။ မင်းမထိန်းချုပ်နိုင်တဲ့အရာတွေ (တခြားသူတွေရဲ့ စိတ်ခံစားချက်၊ သဘောထား၊ လုပ်ရပ်) တွေအပေါ်မှာ မင်း အချိန်နဲ့ ခွန်အားတွေ ဖြုန်းတီးနေတာကို ရပ်လိုက်ပါ။ မင်းထိန်းချုပ်နိုင်တဲ့ အရာတစ်ခုတည်းအပေါ်မှာပဲ အာရုံစိုက်ထားပါ။

ဒီဆောင်းပါးလေးကို နှစ်သက်သဘောကျတယ်ဆိုရင်
မျှဝေပေးသွားပါဦး။

အောင်မြင်မှုဆိုတာကို ဘယ်လိုသတ်မှတ်ကြလဲ?ငွေကြေး၊ ဂုဏ်သတင်း၊ တာဝန်ယူ ထမ်းဆောင်နိုင်မှု ဒါမှမဟုတ် တခြားသော ကိုယ်ပိုင်သတ်မှတ...
16/01/2025

အောင်မြင်မှုဆိုတာကို ဘယ်လိုသတ်မှတ်ကြလဲ?

ငွေကြေး၊ ဂုဏ်သတင်း၊ တာဝန်ယူ ထမ်းဆောင်နိုင်မှု
ဒါမှမဟုတ် တခြားသော ကိုယ်ပိုင်သတ်မှတ်ချက်တွေနဲ့ တိုင်းတာတတ်ကြပါတယ်။

ဒါပေမဲ့ အရေးအကြီးဆုံးကတော့ ကိုယ့်ရဲ့
အောင်မြင်မှုပန်းတိုင်ကို လျှောက်လှမ်းနေတဲ့ခရီး
တလျှောက်က တိုးတက်လာတဲ့ Progress တိုင်းကို အသိအမှတ်ပြုပြီး ဂုဏ်ယူတတ်ဖို့ပါပဲ။

တကယ်တော့ အောင်မြင်မှုဆိုတာ ကိုယ့်ရည်မှန်းချက်
ပန်းတိုင်ကို ရောက်နိုင်ဖို့ တစ်ခုတည်းမဟုတ်ပါဘူး။ လမ်းခရီးမှာ ရင်ဆိုင်ကြုံတွေ့ရတဲ့ စိန်ခေါ်မှုတိုင်းကို ကျော်လွှားပြီး ကိုယ့်ရဲ့ တိုးတက်မှုတွေကို
အသိအမှတ်ပြုဖို့လည်း လိုပါသေးတယ်။

ကိုယ့်ဘဝမှာ လုပ်ခဲ့မိတဲ့ အမှားတွေကနေ သင်ခန်းစာယူပါ။ ဘယ်သူတစ်ဦးတစ်ယောက်ကမှ ပြိုင်ပွဲတိုင်းမှာ အနိုင်မရရှိနိုင်ပါဘူး။ အဓိကကတော့ လုပ်မိတဲ့အမှားတွေကနေ သင်ခန်းစာယူပြီး ဘဝကို ပိုမိုကောင်းမွန်အောင် ကြိုးစားတတ်ဖို့ပါပဲ။

ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်ပါ။
ကိုယ့်လုပ်ဆောင်နိုင်စွမ်းကို ယုံကြည်ပါ။
ယုံကြည်မှုသာရှိရင် အရာရာကို ရင်ဆိုင်
ကျော်လွှားနိုင်ပါလိမ့်မယ်။

ပျော့ညံ့တဲ့ ယောက်ျားတွေဟာ အမျိုးသမီးတွေအပေါ်ပဲ အာရုံစိုက်တယ်။အမျိုးသမီးတွေကတော့ စိတ်ဓာတ်ခိုင်မာတဲ့၊ strong ဖြစ်တဲ့ ယောက်...
08/01/2025

ပျော့ညံ့တဲ့ ယောက်ျားတွေဟာ အမျိုးသမီးတွေအပေါ်ပဲ အာရုံစိုက်တယ်။

အမျိုးသမီးတွေကတော့ စိတ်ဓာတ်ခိုင်မာတဲ့၊ strong ဖြစ်တဲ့ ယောက်ျားတွေပေါ်ပဲ အာရုံစိုက်တယ်။

Strong ဖြစ်ပြီး စိတ်ဓာတ်ခိုင်မာတဲ့ယောက်ျားတွေကတော့ သူတို့ရဲ့ ရည်မှန်းချက်ပန်းတိုင်ပေါ်ပဲ အာရုံစိုက်တယ်။

ဒါကြောင့် အမျိုးသားတို့ရေ အများရဲ့ ဂရုစိုက်စရာ၊ အာရုံစိုက်စရာက ကိုယ်ဖြစ်လာတဲ့အထိ ကိုယ့်ရည်မှန်းချက်ပန်းတိုင်တွေအပေါ်ပဲ အာရုံစိုက်ပြီး ကြိုးစားပါ။

Oprah ဟာ သူမ ငယ်စဉ်လေးကတည်းက အလွန်အမင်းဆင်းရဲနွမ်းပါးမှုတွေကြားမှာ ကြီးပြင်းခဲ့ရပါတယ်။ အနိုင်ကျင့်စော်ကားမှုတွေကို ရင်ဆိ...
02/01/2025

Oprah ဟာ သူမ ငယ်စဉ်လေးကတည်းက အလွန်အမင်းဆင်းရဲနွမ်းပါးမှုတွေကြားမှာ ကြီးပြင်းခဲ့ရပါတယ်။
အနိုင်ကျင့်စော်ကားမှုတွေကို ရင်ဆိုင်ခဲ့ရသလို စိန်ခေါ်မှုတွေအများကြီးနဲ့လည်း တွေ့ကြုံခဲ့ရတာပေါ့။

ဒါပေမဲ့ သူမဟာ သူမရဲ့ ငယ်စဉ်ဘဝက အရမ်းခက်ခဲပင်ပန်းတယ်ဆိုပြီး ကြိုးစားမှုတွေကို ရပ်တန့်မပစ်ပါဘူး။
သူမရဲ့ အိပ်မက်တွေနောက်ကို မဆုတ်မနစ် ဇွဲရှိရှိနဲ့
ကြိုးစားလိုက်ခဲ့ပါတယ်။

ရုပ်မြင်သံကြား reporter တစ်ဦးအဖြစ်နဲ့ စတင်လုပ်ကိုင်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ သူမဟာ Talk show တစ်ခုရဲ့ ပဲ့ကိုင်ရှင်ဖြစ်လာခဲ့ပြီး ဘီလီယံပေါင်းများစွာတန်တဲ့ အင်ပါယာတစ်ခုကိုလည်း
တည်ထောင်နိုင်ခဲ့ပါတယ်။

အတိတ်က ကိုယ့်ရဲ့အနာဂတ်ကို အဆုံးအဖြတ်
မပေးနိုင်ပါဘူး။
ကြိုးစားအားထုတ်မှုနဲ့ စိတ်ဓာတ်ခိုင်မာမှုကသာ အရာရာကို ပြောင်းလဲပစ်နိုင်တာပါ။

နှစ်သစ်မှာ ကမ္ဘာသူ၊ ကမ္ဘာသားအားလုံးစိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေလို့ဆုတောင်းမေတ္တာပို့သလိုက်ပါ...
31/12/2024

နှစ်သစ်မှာ ကမ္ဘာသူ၊ ကမ္ဘာသားအားလုံး
စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေလို့ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။❤️🎉

နာမည်ကျော် Harry Potter စီးရီးရဲ့ စာရေးသူ J.K. Rowling ဟာ Harry Potter ကား နာမည်မကြီးခင်မှာ အခက်အခဲပေါင်းများစွာကို ရင်ဆ...
30/12/2024

နာမည်ကျော် Harry Potter စီးရီးရဲ့ စာရေးသူ J.K. Rowling ဟာ Harry Potter ကား နာမည်မကြီးခင်မှာ အခက်အခဲပေါင်းများစွာကို ရင်ဆိုင်ခဲ့ရပါတယ်။

သူမဟာ လူမှုဖူလုံရေးပေါ်မှာ မှီတင်းနေထိုင်နေရတဲ့ Single mother တစ်ယောက်ဖြစ်ခဲ့ပြီး
သူမရဲ့ စာမူတွေကို Harry Potter အဖြစ် မထုတ်ဝေနိုင်ခင်မှာ ထုတ်ဝေသူတွေဆီက ၁၂ ကြိမ်တိုင်တိုင်တောင် ငြင်းပယ်ခံခဲ့ရပါတယ်။

ဒီကနေ့မှာတော့ Harry Potter ဟာ ဘယ်အချိန်မဆို ရောင်းနေရတဲ့ အရောင်းရဆုံးစာအုပ်တွေအနက်မှ စာအုပ်စီးရီးတစ်ခုဖြစ်နေပါပြီ။

“တခြားဘယ်သူကမှ မယုံကြည်ရင်တောင် ကိုယ့်အိပ်မက်တွေကို ကိုယ်ကိုယ်တိုင်တော့ ယုံကြည်ပါ။”

၂၀၂၅ မှာ ပေါင်းသင်းဆက်ဆံရေး ကောင်းစေဖို့ ရည်မှန်းချက်လေးရှိတယ်ဆိုရင် ဒါလေးအရင်ကြည့်ပါ....
30/12/2024

၂၀၂၅ မှာ ပေါင်းသင်းဆက်ဆံရေး ကောင်းစေဖို့ ရည်မှန်းချက်လေးရှိတယ်ဆိုရင် ဒါလေးအရင်ကြည့်ပါ....

"How to win friends and influence people" by Dale Carnegie00:00 - Introduction01:42 - သင်ခန်းစာ ၁ - ဝေဖန်တာ၊ရှုတ်ချတာ၊အပြစ်တင်တာ‌‌တွေမလုပ်ပါနဲ့။03:38 - သင်ခန...

ချစ်ခြင်းမေတ္တာ၊ ဉာဏ်ပညာနဲ့ ဥစ္စာစီးပွား ဘက်စုံတိုးတက်ပြီး နေအိမ်ကို ကောင်းခြင်းတွေ ဆိုက်ဆိုက် မြိုက်မြိုက်ရောက်လာပါစေ ခ...
25/12/2024

ချစ်ခြင်းမေတ္တာ၊ ဉာဏ်ပညာနဲ့ ဥစ္စာစီးပွား ဘက်စုံတိုးတက်ပြီး နေအိမ်ကို ကောင်းခြင်းတွေ ဆိုက်ဆိုက် မြိုက်မြိုက်ရောက်လာပါစေ ခင်ဗျာ။ 🎄

လူအချင်းချင်း ပေါင်းသင်းဆက်ဆံရေးမှာ စကားပြောဆိုတတ်ဖို့က အရေးကြီးတယ်ဆိုပေမယ့် ဒီလိုအချိန်တွေမှာတော့ ဆိတ်ဆိတ်နေခြင်းက ထောင...
17/12/2024

လူအချင်းချင်း ပေါင်းသင်းဆက်ဆံရေးမှာ စကားပြောဆိုတတ်ဖို့က အရေးကြီးတယ်ဆိုပေမယ့် ဒီလိုအချိန်တွေမှာတော့ ဆိတ်ဆိတ်နေခြင်းက ထောင်တန်ပါလိမ့်မယ်။

၁။ စိတ်တိုဒေါသထွက်နေချိန်မှာ ဘာစကားမှမပြောဘဲ တိတ်တိတ်နေပါ။

၂။ ကိုယ့်စကားကို ဘယ်သူကမှ အလေးအနက် တန်ဖိုးမထားရင် ဆက်မပြောဘဲ တိတ်ဆိတ်နေလိုက်ပါ။

၃။ တစ်ဖက်လူရဲ့ စကားကို သေချာနားထောင်ချင်ရင် ကြားဖြတ်ပြောတာမျိုး လုံးဝမလုပ်ဘဲ နှုတ်ဆိတ်နေပါ။

တခြားဘယ်လိုအချိန်တွေမှာကော တိတ်တိတ်နေသင့်သေးတယ် ထင်လဲ…?

Address


Alerts

Be the first to know and let us send you an email when Bar Nyar Thar Ya Kar - ဘာညာသာရကာ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Bar Nyar Thar Ya Kar - ဘာညာသာရကာ:

  • Want your business to be the top-listed Media Company?

Share