Zawzawtun

Zawzawtun about

29/03/2022
27/03/2022

-WHITE-

ရောက်ရှိနေကြ စာတိုလေးတွေပျောက်ရှသွားရတဲ့အပေါ်
ခင်ဗျားရော ဘယ်လိုခံစားရပါသလဲ။
မနက်လင်းတိုင်း ဖုန်းဆက်နှိုးနေကြ
အသံလေးကိုတော့ဖြင့်
မေ့ပစ်လိုက်ပြီထင်ပါတယ်။
Message၁စောင်လောက်ပဲဖြစ်ဖြစ်
အမှတ်မရှိ မှားပို့ချင်သေးပေမယ့်
ကျနော့်မှာပြောစရာစကားတွေမရှိတော့ပြန်ဘူး။
(တကယ်က ပြောစရာစကားတွေသိပ်များနေတာ)
လွမ်းရပါတယ် ခင်ဗျားရေ....။
သိပ်လွမ်းရပါတယ် ...။
ဒီတခါတော့ တကယ်မေ့ပစ်လိုက်တော့မယ်လို့ပြောရင်း
ကျနော့်မှာ တကယ်ကြီးလွမ်းရပါတယ်။

စာရွက်ကြားက ကျနော်တို့အတိတ်တွေထွက်ကျလာတယ်။
Active nowလေးကို မမြင်ချင်ယောင်ဆောင်ဖို့က
ကျနော့်အတွက်တော့ အသေအလဲပါပဲ။
ဒီနေ့လည်း ကျနော်တို့မတွေ့ကြပြန်ဘူးနော်။
ခင်ဗျားအသံလေးကို မကြားရလို့
ကျနော့်မှာရေဓာတ်ခမ်းခြောက်လာပါပြီ။
ခင်ဗျားကို စိတ်ထဲကထုတ်နိုင်ပါပြီလို့ယုံကြည်ထားသမျှ
Ph ringtoneသံကြားတိုင်း ဆောက်တည်ရာမရ
ပြိုလဲသွားရပါပြီ။
ခင်ဗျားရေ...ဘယ်ထောင့်ချိုးမှာကတည်းက
ကျနော်တို့ ပျောက်ရှခဲ့ကြတာပါလိမ့်။

စကားမစပ်...
နားမလည်နိုင်တဲ့ ပြောင်းလဲမှုတွေကိုတော့
နာကြည်းနေမိမှာပဲ။
အဖြူ ရောင် အင်္ကျီလေးဝတ်ပြီး
ကျနော့်ဘဝထဲက ပြေးထွက်သွားတဲ့ခင်ဗျားကိုလည်း
အရူးအမူး ချစ်မိသွားတော့မှာပဲ။

ဝမ်းနည်းစရာပါ။
နင်းခြေခံလိုက်ရတဲ့ လီလီတွေ
ထပ်မပြုံးတတ်တော့ဘူးတဲ့။

18/03/2022
16/03/2022

ထုတ်သာမပြမိတာ တစ်ခါတစ်ခါ
တစ်ယောက်ထဲ အားငယ်ရတဲ့
အခိုက်အတန့်တွေက ကိုယ့်မှာ အများကြီးပဲ။

အမြဲလို အထီးကျန်နေခဲ့ရတဲ့ လူသားတစ်ယောက်
ဖြစ်ခဲ့ရတာမို့ ကိုယ့်ရဲ့ခံစားချက်တွေကို
နားလည်နှစ်သိမ့်ပေးနိုင်မယ့် တစ်စုံတစ်ယောက်ကို
အမြဲလိုလို လိုချင်ခဲ့မိတာ။

" ကိုယ့်ရဲ့ဖြစ်တည်မှုတိုင်းကို ဘယ်တော့မှ
ပျင်းရိမသွားတဲ့ လူသားလေး
ကိုယ့်အပေါ်ဆိုရင်
ဘယ်တော့မှ စိတ်ပျက်မသွားဘဲ
လိုအပ်နေတဲ့အချိန်တိုင်း ရှိနေပေးတာမျိုးလေး "

အဲ့ဒီ့သူဟာ ကိုယ်ချစ်တဲ့သူတစ်ယောက်
ဟုတ်ချင်လည်း ဟုတ်မယ် ။
ကိုယ့်ရဲ့သူငယ်ချင်းလည်း ဖြစ်ချင်ဖြစ်မယ်ပေါ့။

ဘ၀မှာ ကိုယ့်ရဲ့ emotion အတက်အကျနဲ့
ပတ်သက်လာရင် ‌ ဘေးမှာ အမြဲနားလည်နှစ်သိမ့်ပေးနိုင်မဲ့ တစ်စုံတစ်ယောက်ကို လိုချင်ခဲ့မိပါတယ်။

ကိုယ့်ရဲ့ dark side တွေကို ဟားတိုက်မရယ်မောပဲ
အားနည်းချက်အဖြစ်အသုံးမချမဲ့သူ။

ကိုယ့်ရဲ့စိတ်ခံစားချက်ကို အစကနေ အဆုံးထိ
သိနေတာမို့ ရယ်ရယ်မောမော ခွင့်လွှတ်ပေးနိုင်မယ့်သူ။

ကိုယ်တစ်ကယ်ကို လိုအပ်နေပါတယ်။

#ခဲတံ

16/03/2022

ဖြတ်သန်းရတဲ့ ဘဝချင်းမတူတော့
တချို့တွေက ကိုယ်ချင်းမစာတတ်ဘူး

ဒုက္ခတွေနဲ့ မကြုံဘူးကြလို့
ပူလောင်မှုဆိုတာကိုလည်း မခံစားတတ်ကြဘူး

လောကဓံရဲ့ ရိုက်နှက်မှု မခံဖူးတော့
ခက်ခဲသူတွေရဲ့ ဘဝကို နားမလည်ကြဘူး

ငွေရှိတဲ့သူတွေက ငွေမရှိသူတွေရဲ့ ခံစားချက်ကို အရေးမစိုက်တတ်ကြဘူး

ဂုဏ်ရှိသူက ဂုဏ်မဲ့သူတွေကို အထင်အမြင်သေးကြတယ်

လူတွေတော့ လူတွေပါပဲ
ပညာ၊ ဂုဏ်၊ စည်းစိမ်တွေကြောင့် အဆင့်အတန်းခွဲခြားခံကြရတယ်

ချမ်းသာသူတွေကသာ သီလရှိတယ် ထင်ကြတယ်
စိတ်ကောင်းရှိတယ် ထင်ကြတယ်
ဒါ‌တွေဟာ ပုံပန်းသွင်ပြင်ကို အကဲဖြတ်ပြီး အဆင့်အတန်းခွဲခြားကြတာပါ

ပုံပန်းသွင်ပြင်ကို ကြည့်ပြီး လူတစ်ယောက်ရဲ့ ဖြစ်တည်မှု စိတ်နေစိတ်ထားကို လက်လွတ်စပယ်တန်ဖိုးမဖြတ်မိပါစေနဲ့

လူတစ်ယောက်စီတိုင်းဟာ ချမ်းသာသည် ဖြစ်စေ
ဆင်းရဲသည်ဖြစ်စေ တစ်ဦးနဲ့တစ်ဦး စိတ်ဓာတ်ချင်း မတူနိုင်ပါဘူး

ပြီးတော့ ဖြတ်သန်းရတဲ့ ဘဝချင်းမတူတော့
ခံစားမှုချင်းလည်း မတူနိုင်ပါဘူး

အသက်ရှိစဉ် အချိန်အတွင်းတော့
အချင်းချင်းလေးစားမှုရှိကြပါ
တစ်ဦးနဲ့တစ်ဦး ရိုသေကြပါ၊ စိတ်ကောင်းမွေးကြပါ
အထက်တန်းဆန်တဲ့ စိတ်ဓာတ်ရှိအောင် ကြိုးစားကြပါ

ᴴ ᴬ ᴺ ᴾ ᴴ ʸ ᴼ 🦋
ᴾ ᴴ ᴼ ᵀ ᴼ ᶠ ᴿ ᴼ ᴹ ᴾ ᴵ ᴺ ᵀ ᴱ ᴿ ᴱ ˢ ᵀ

18/02/2022

Address


Website

Alerts

Be the first to know and let us send you an email when Zawzawtun posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Zawzawtun:

  • Want your business to be the top-listed Media Company?

Share